← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း ၅၈ -စစ်ဆေးရေး မျှော်စင် ၁၂ထပ်...

~[တာဝန်]

စစ်ဆေးရေးမျှော်စင် ဒုတိယထပ်သို့တက်ပါ။

ဆုလာဘ် : နှစ်တစ်ရာ စိတ်ဝိဉာဉ် နှင်းစက် ၂စက်

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ

လုရီ မျက်လုံးများကို ပင့်တင်လိုက်သည်။

တကယ်ပဲ ဆုတွေ ရှိနေတာပဲ ။

ဒီလိုဆိုလျှင် အထပ်တွေ ဆက်တိုက်တက်နေသရွေ့ ပေးလာမည့် ဆုတွေက ပိုကောင်းလာမည် ဖြစ်ပြီး ကံကောင်းလျှင် ပစ္စည်းကောင်း တစ်ချို့ပါ ရနိုင်သေးသည်။

မေးစရာ ရှိသည်က စစ်ဆေးရေး မျှော်စင်ရှိ တာဝန်များမှာ ထပ်ခါထပ်ခါ လုပ်၍

ရသလားဆိုသည်ပင်။ လုပ်၍ ရလျှင်တော့ အတော် ကောင်းလိမ့်မည်။

လုရီ ရွှင်မြူးစွာ တာဝန်ကို လက်ခံလိုက်သည်။

ထိုအချိန်မှာပဲ သူ့ရှေ့တွင် အဖြူရောင်အလင်းတန်း တစ်ခု ပေါ်လာပြီး အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ပေါ်လာ၏။

ထိုလူငယ်၏ ကျင့်ကြံရေးအဆင့်မှာ ချီသန့်စင် နယ်ပယ် အဆင့် တစ်မျှသာ ရှိပြီး အားနည်းသည်။

မျက်နှာသေနှင့် ထိုကောင်ကလေးဟာ

ပေါ်ပေါ်လာချင်း ဓားရှည်ကို ထုတ်ပြီး

လုရီအား တိုက်ခိုက်တော့သည်။

ချီသန့်စင် နယ်ပယ် အဆင့်တစ်ကလေးမို့ သူ့ အရှိန်မှာလည်း သိပ်မမြန်ဘဲ လုရီဓားဆွဲထုတ်လိုက်ရုံဖြင့်ပင် ထိုကောင်လေး၏ ဂုတ်ပေါ်သို့ကျသွားကာ ကောင်လေး၏

ပုံရိပ်မှာ အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားသည်။

အခန်းလွတ်ကြီး၏ တစ်ဖက်တွင် ဒုတိထပ်သို့တက်သော လှေကားပေါ်လာ၏။

ပထမထပ်ရှိပြိုင်ဘက်ကို တိုက်ခိုက်နိုင်ခဲ့ပြီမို့ လုရီ ဒုတိယအလွှာဆီ ဦးတည်လိုက်သည်။

ဒုတိယထပ်သို့တက်နေရင်း တတိယထပ်အတွက် တာဝန်ပေးလိုက်သည်။

[တာဝန်]

စစ်ဆေးရေးမျှော်စင်၏ တတိယထပ်သို့တက်ပါ။

ဆုလာဘ် : နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက် သုံးစက်။

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ

သေချာပေါက် လုရီလက်ခံလိုက်သည်။

ထို့နောက် လုရီ ဆက်တက်သွားရာ နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက် ပမာဏမှာ အထပ်သစ်သို့ရောက်တိုင်း တိုး၍လာသည်။

ကြုံတွေ့ခဲ့ရသော ပြိုင်ဘက်များမှာ ရိုးရိုးချီကျင့်ကြံရေးသမားများဖြစ်သည်မို့ အခြေခံမခိုင်မာဘဲ ထူးခြားသည့် သိုင်းနည်းစနစ်များလည်း မရှိပေ။

လုရီအတွက်မူ ထိုသူတို့အား ဓားတစ်ချက်လွှဲရုံနှင့်ပင် ကိုင်တွယ်လို့ရသည်။

ထို့နောက် ဆယ်ထပ်မြောက်သို့ရောက်သည့်အခါ စိတ်ထဲက ရေရွတ်လိုက်သည်။

“ ၁၁ထပ်မြောက်ကို တက်ချင်တယ် ”

[တာဝန်]

စစ်ဆေးရေးမျှော်စင်၏ ၁၁ထပ်မြောက်သို့တက်ပါ။

ဆုလာဘ်: အဆင့်မြင့်မှော်အသုံးအဆောင် ငါးမျက်ဆံ ဆွဲပြား

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ

ဆုကိုကြည့်ပြီး လုရီကြောင်သွားသည်။

မှော်အသုံးအဆောင် ကိုမှ အဆင့်မြင့်မှော်အသုံးအဆောင်တဲ့လား။

သူတွေးထားသည့် ဆုထက်ပင် များနေသေးသည်။

လုရီ စိတ်လှုပ်ရှားစွာ တာဝန်အား လက်ခံလိုက်သည်။

ထို့နောက် လုရီရှေ့တွင် ပြိုင်ဘက်ပေါ်လာ၏။

၁၀ထပ်မြောက်တွင် ပေါ်လာသော ပြိုင်ဘက်မှာ ချီသန့်စင် နယ်ပယ် အဆင့်၁၀ သို့ ရောက်နေသူ ဖြစ်ရာ ရှေ့အထပ်က ပြိုင်ဘက်များနှင့် ယှဉ်လျှင် တည်ငြိမ်သည့် အရှိန်အဝါ ရှိပြီး အနည်းငယ် ဖြုံစရာကောင်းသည်။

မိုးပြာရောင်ဝတ်ရုံ ဝတ်ထားသည့် ထိုလူမှာ ခြေထောက်ကို ခုန်လိုက်ရာ အလင်းတန်းသဖွယ် ပြောင်းသွားပြီး လုရီဆီ ချက်ချင်းပြေးဝင်လာသည်။

ဝှစ် !

ထို့နောက် အားပြင်းသည့် ဓားအလင်းတန်းတစ်ခု ဖြတ်သွားပြီး မိုးပြာရောင် ဝတ်ရုံနှင့်လူမှာ တောင့်ခဲသွားကာ မကြာခင်မှာပဲ ပျောက်ကွယ်သွားတော့သည်။

ချက်ချင်း အနိုင်ယူလိုက်နိုင်တာပဲ။

လုရီ၏ လက်ရှိ ခွန်အားနှင့်ဆိုလျှင် ချီ

အဆင့်၁၀ ရှိသူများအား အနိုင်ယူဖို့ လွယ်ကူလွန်းသည်။

ထို့နောက် အသစ် ပေါ်လာသော လှေကားဆီသို့ တက်ကာ ၁၁ထပ်မြောက်ဆီ ဦးတည်လိုက်သည်။

ထိုအချိန်မှာပဲ မျှော်စင်အပြင်ဘက် မြေကွက်လပ်တွင် ဂိုဏ်းသားများ ပိုစုရုံးလာကြကာ စာရင်းအပြောင်းအလဲကို

ကြည့်ရှုနေကြသည်။

အထူးသဖြင့် လျိုနင်ရွှမ်း၊ သုန်းကုန်းမင်ယွဲ့နှင့် လုရီတို့ဝင်သွားသည့်အချိန်တွင် ပိုပြီးသိလိုစောဖြင့် စစ်ဆေးရေးစာရင်းအား ကြည့်နေကြလေသည်။

ဂိုဏ်းသားတစ်ယောက် အထပ်တစ်ခုတက်သွားသည်နှင့် စာရင်းရှိနာမည်များမှာလည်း ချက်ချင်းပြောင်းလဲသွားသည်။

ထိုအချိန််မှာပဲ လုရီ၏အမည်မှာ ထိပ်တန်းအဆင့် ၁၀၀ တွင် ပါနေပြီး အဆင့်၉၂ ချိတ်နေသည်။

စာရင်းအား အနီးကပ်ကြည့်ရှုနေကြသော ဂိုဏ်းသားများမှာ ထိုပြောင်းလဲမှုအား ချက်ချင်းသတိပြုမိကြသည်။

“ ကြည့်ဦး လုရီစာရင်းထဲမှာပါနေတယ် ”

“ ဟုတ်လား၊ သူ ၁၁ထပ်အထိရောက်သွားပြီပေါ့ ”

“ မြန်လိုက်တာ ”

“ ဟုတ်ပ ဘယ်လောက်မှမကြာသေးဘဲ ၁၁ထပ်အထိ တက်သွားတာ ဆိုတော့ တစ်ထပ်တစ်ထပ်မှာ အချိန်ရော ယူရဲ့လားကွ ”

“ ဟူး.. ကြည့်ရတာ ချီသန့်စင်နယ်ပယ်

အဆင့်၁၀ သမားတွေလည်း သူ့ဒဏ်ကို

မခံနိုင်ကြပုံပဲ ”

“.. အဲ့ကောင်လေးက ချီအဆင့် ၈ မှာပဲရှိသေးတာမလား ”

လူအုပ်ကြီးမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရှော့ရကုန်ကြသည်။

သူတို့ ပြောနေစဉ်မှာ လုရီ၏ အဆင့်မှာတက်သွားကာ ၁၄ထပ်သို့ပင် ရောက်လာခဲ့သည်။

လူအုပ်ကြီး “????”

ရင်ပြင်တွင် လေထုမှာ ငြိမ်သက်နေပြီး အကြီးအကဲရွှမ်သည်ပင် စာရင်းအားကြည့်ကာ အံ့ဩနေသည်။

သူက နှုတ်ခမ်းမွေးတို့အား သပ်လိုက်ကာရယ်ပြီး

“ ဒီကောင်လေးက တစ်ခုခုတော့တစ်ခုခုပဲ… လင်းလောင် ရဲ့ အကဲဖြတ်နိုင်စွမ်းက တကယ်ကိုမဆိုးဘူးပဲ ”

ထို့နောက်လူအုပ်ကြီးမှာ ဆူညံသွားသည်။

“ နေ နေ နေပါဦး.. တကယ်ကြီးလား။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ပထမအဆင့်ရှိတဲ့ ကျင့်ကြံသူတောင် သူ့ကို မတားနိုင်ဘူးပေါ့ ”

“အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို

ဒီလောက် မြန်မြန် အနိုင်ယူနိုင်တယ်ဆိုတော့ ဘယ်လောက်တောင် အားကြီးတာလဲ။ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲကွ ”

“ …… ”

ကြောင်အသွားသည့် လူအုပ်ကြီးမှာ လုရီပြသနေသည့် ခွန်အားကို နားလည်နိုင်စွမ်း

မရှိကြတော့။

လုရီ၏ ခွန်အားအကြောင်းကို သိကြသော ကျန့်ဖန်၊ ပိုင်ယွီလုံနှင့် လင်းဝမ်အာတို့လိုလူများပင် အတော်လေး အံ့ဩနေကြရသည်။

ပိုင်ယွီလုံက ယပ်တောင်ကို ခေါက်လိုက်ပြီး နှုတ်ခမ်းများအား မဲ့ကာ ဆိုသည်။

“ ဟူးး… လူတွေကို နှိုင်းယှဉ်လို့ကို မရဘူးပဲ။ အငယ်တန်းညီကို လုရီနဲ့ ငါနဲ့ ကွာခြားချက်က ပိုပိုကြီးလာပြီ၊ နောက်ဆို သူ့နောက်ကျောတောင် ငါတို့မြင်ရတော့မှာမဟုတ်ဘူး ”

လင်းဝမ်အာမှာလည်း မျက်လုံးများ ကျုံ့ကာ နှုတ်ခမ်းကို ဖိကိုက်၍ စိတ်ဓာတ်ကျနေသော အသံဖြင့်

“ အငယ်တန်းမောင်လေးလုရဲ့ အရည်အချင်းက အံ့မခန်းပဲ။ ဒီအချိန်ကာလအတွင်းမှာ ကြောက်စရာကောင်းအောင်တိုးတက်လာလိုက်တာ ”

ကျန့်ဖန်က ပြုံးကာ မှတ်ချက်ချသည်။

“ ဒီကောင်လေးရဲ့ အရည်အချင်းက

တကယ့်ကိုအံ့မခန်းပဲ၊ အခုဆိုဒီစစ်ဆေးရေးပြီးတာနဲ့ အငယ်တန်းညီကိုလုရဲ့ အရည်အချင်းကို ဘယ်သူမှ သံသယမဝင်နိုင်လောက်တော့ဘူး ဒါကကောင်းတဲ့အရာလို့ပြောရမယ် ”

....

လူတိုင်း ‌ပြောဆိုနေကြတုန်းမှာပဲ လုရီမှာ ၁၂ထပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

အခန်းလွတ်ထဲတွင် အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်၏ ပုံရိပ်က လုရီရှေ့တွင် ပေါ်လာ၏။

သူ့ပြိုင်ဘက်များ၏ ဝတ်စားပုံများမှာ တူညီနေသည် ဖြစ်ရာ အချို့သော ဂိုဏ်းများမှ တူညီဝတ်စုံများ ဖြစ်ရမည်ဟု လုရီသတိပြုမိလိုက်သည်။

ထို့ကြောင့် ဤစစ်ဆေးရေးမျှော်စင်ကြီးမှာ တိမ်ဖြူဂိုဏ်း အကြီးအကဲတို့၏ အမွေအနှစ်များသာမက မူရင်း ဂိုဏ်း၏ အမွေအနှစ် ရတနာများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရမည်။

သို့သော် ဒါတွေဟာ သူ့အတွက် အရေးမပါပေ။

အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်က

စိတ်ဝိဉာဉ် စွမ်းအင်တို့ကို ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်လိုက်သည်။

ထို့နောက် လက်ဟန်တစ်ခု ဖော်ထုတ်ကာ သူ့နောက်ကျောတွင် ဓားရှည်နှစ်လက်က အလိုလို လေပေါ် ပျံတက်လာသည်။

ထိုဓားရှည်များက လုရီထံ အလင်းအလျင်ဖြင့် ပစ်ခွင်းသည်။

ထက်ရှသော ချီဓားကို အာရုံခံမိသည့် လုရီမှာ စစ်မှန်လောက ပြန်လည် ရောက်ရှိခြင်းအဆင့် တိမ်ဖြူ ခြေလှမ်းသိုင်းဖြင့် နောက်သို့ စွေ့ခနဲ ဆုတ်လိုက်၏။

ဓားရှည်မှာ လုရီအား ခုတ်ပိုင်းတော့မလို ဖြစ်ပြီး ကျောက်ကြမ်းပြင်ပေါ်သို့ အားနည်းစွာ ပြုတ်ကျသွားသည်။

ဓားထိန်း စွမ်းရည်ပင်။

လုရီ မျက်ခုံးအစုံ ပင့်လိုက်မိသည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ ရောက်ရှိသည်နှင့် သိုင်းပညာများနှင့် ကျင့်ကြံရေးစနစ်များမှာ ချီသန့်စင် နယ်ပယ်ထက် ပိုအားကောင်းလာ၏။

သာမန်ချီကျင့်ကြံသူတစ်ယောက်ဆိုလျှင် ဤအရှိန်နှင့် ဓားထိန်းစွမ်းရည်အား ခုခံရန်ခဲယဉ်းလှသည်။

သို့သော်လုရီမှာ သာမန်ချီကျင့်ကြံသူလေးမဟုတ်ပေ။

သူ့ဓားရှည်၌ ဓားချီများ လွှမ်းခြုံပြီးနောက် ရှည်ထွက်ကာ ပြင်းထန်သော ဓားစိတ်ဆန္ဒပေါ်လာပြီး လုရီ၏ အရှိန်အဝါမှာလည်း ကြေက်မက်ဖွယ် ကောင်းလာသည်။

လုရီ ဓားရှည်အားဆွဲထုတ်ကာ အဝေးရှိ အစိမ်းရောင်ဝတ်ရုံဝတ် လူငယ်အားရွယ်လိုက်ပြီး ဓားချီများအား မီတာအကွာအဝေးတစ်ခုအထိ ပြန့်နှံ့စေကာ မြေပြင်တွင် တိမ်ဖြူပုံစံများပေါ်စေပြီး လွှမ်းခြုံစေလိုက်၏။

ထို့နောက် ချက်ချင်းပဲ ဓားမြူထုမှာ ရွှေရောင် ဖြာထွက်လာသည်။

အုန်းးးးးး!!

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွယ်သံကြီးနှင့်အတူ အစိမ်းရောင်ဝတ်ရုံဝတ် လူရွယ်၏ ဝတ်ရုံမှာ စုတ်ပြဲကုန်ပြီး သွေးတို့ဖြင့် ဖုံးလွှမ်းသွားကာ အားအင်

ချည့်နဲ့သွားသည်။

လုရီသည် ဤသို့ တစ်ချက်တည်းဖြင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ဒုတိယ အဆင့်ရှိ အစိမ်းရောင်ဝတ်ရုံဝတ် ထိုလူငယ်အား ဒဏ်ရာရရှိ စေသည်။

------------------

အခန်း ၅၉ : စစ်ဆေးရေးမျှော်စင်၏ ရက်ရောသော တာဝန်ဆုလာဘ်များ။

~ထိုလူငယ်မှာ အတော်အတန်ဒဏ်ရာရသွားသော်လည်း စစ်ဆေးမှု၏ အရိပ်တစ်ခုဖြစ်ရာ အသက်မဲ့နေသော လူသေတစ်ယောက်နှယ် အမူအရာ မပြောင်းလဲဘဲ ရှိနေသည်။

နောက်တစ်ကြိမ် လက်ဟန်ပြုလုပ်၍ မန္တန် ထုတ်ဖော်ကာ ဓားရှည်အား မတူညီသည့် ထောင့်များမှ ပစ်လွှတ်သည်။

ပြင်းထန်သော ချီဓားရှည်ကြောင့် လုရီ

ကြက်သိီးမွှေးညှင်း ထသွားသည်။ချက်ချင်းပဲ နေရာကနေ ရုတ်ချည်း ပျောက်ကာ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

သို့သော် ဓားရှည််မှာ လုရီနောက်သို့ အရိပ်သဖွယ်ကပ်ကာ လိုက်ပါလာပေသည်။

လုရီသည် သူ့ဓားဖြင့် အလျင်အမြန် ပြန်လည် ခုခံသည်။

ထိုအခွင့်အရေးကို လုရီ အမိအရဆုပ်ကိုင်ကာ ပြိုင်ဖက်ထံ ဓားတိမ်လှိုင်းများအား အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။

ပြိုင်ဘက်လူငယ်မှာ စိတ်ဝိဉာဉ်စွမ်းအင်တို့အား စီးဆင်းစေပြီး လက်ထဲရှိဓားရှည်ကို လှုံ့ဆော်နိုင်သေးသည်အထိ ခုခံနိုင်စွမ်းအနည်းငယ်ကျန်နေသေးသည်။

လုရီနှင့် ထိုလူငယ်တို့ တိုက်ခိုက်နေကြရင်း အခန်းလွတ်ထဲတွင် ပေါက်ကွဲသံတို့ ပျံ့နှံ့နေရာ ပတ်ဝန်းကျင်တွင်လည်း ပြတ်ရှရာတို့ချန်ထားခဲ့သည်။

နောက်ထပ်ဆယ်ချီခန့် တိုက်ခိုက်ပြီးသည့်အချိန်တွင် ထိုလူငယ်၏ ဝတ်ရုံမှာ တိမ်ဓားဖြူကြောင့် အစိတ်အစိတ်အမွှာမွှာပြဲထွက်သွားပြီး အဖြူရောင်အလင်းတန်းနှင့် အတူပျောက်ကွယ်သွားတော့သည်။

ထိုမှသာ လုရီမြေပေါ်သို့ခြေချပြီး လေပူများအား မှုတ်ထုတ်လိုက်ကာ အခြေခံထူထောင်ခြင်း ဒုတိယအဆင့် ကျင့်ကြံသူမှာ ပထမအဆင့်ကျင့်ကြံသူထက် များစွာ အားကောင်းကြောင်းတွေးလိုက်သည်။

ယခင်က ပထမအဆင့်ပြိုင်ဘက်မှာ လုရီ၏ ဓားခုတ်ရာ တစ်ခုကိုပင်မရှောင်နိုင်ခဲ့။

ယခုတိုက်ခိုက်လိုက်ရသည့် ပြိုင်ဘက်မှာမူ အနည်းဆုံး ဆယ့်နှစ်ချီထက်တော့ တိုက်ခိုက်လိုက်နိုင်သည်။

အတော်လေးတော့ အထင်ကြီးစရာပင်။

အခုအချိန်တွင် လုရီမှာလည်း အားအတော်အတန်သုံးပြီးပြီ ဖြစ်သည်။

နောက်ဆုံးအနေဖြင့် တိမ်ဖြူဓားရှည် သိုင်းစနစ်နှင့် တိမ်ဖြူ ခြေလှမ်းသိုင်းအား စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း ကန့်သတ်ချက် ရောက်သည်အထိ အသုံးပြုလိုက်ရသည့်အပြင် ဓား စိတ်ဆန္ဒကိုပါ သုံးလိုက်ရသေးသည်။

ဤ အခြေအနေတွင် ထိုသိုင်းစနစ် နှစ်ခုအား အဆင့်၇ အထိ ရောက်အောင် မထုတ််သုံးပါက အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်၊ အဆင့်သုံးရှိ ကျင့်ကြံသူ တစ်ယောက်၏ အနိုင်ယူခြင်းကို ခံရနိုင်သည်။ သို့သော် သူ နိုင်မလား ဆိုသည်မှာလည်း ယခု မသေချာတော့။

စစ်ဆေးရေး မျှော်စင်အထပ်များ၏ ဆုလာဘ်များမှာ ရက်ရောလှသော်လည်း သိုင်းပညာစနစ်အား အဆင့်၇ ထက် ပိုသုံးရန် သူ မတွေးထားပါ။

စင်စစ်ဆိုသော် တိမ်ဖြူဂိုဏ်းအတွင်းတွင်သာ သူ လုံလုံခြုံခြုံနေနိုင်မည် ဖြစ်ပြီး တစ်နေရာထဲတွင်တော့ တစ်သက်လုံး မနေနိုင်လောက်ပေ။

အန္တရာယ်များသည်ကို မကြိုက်လှသော်လည်း တစ်နေရာထဲတွင်နေပြီး မစူးစမ်းမရှာဖွေဘဲ နေရမည်ကို လုရီမကြိုက်ပါ။

ဂိုဏ်းတွင် လစဉ်လုပ်ရမည့်အလုပ်များလည်းရှိသေးသည်။

အနာဂတ်တွင်ဖြစ်လာနိုင်သော အန္တရာယ်များအား ကိုင်တွယ်ရန်အတွက် သူ့လက်ထဲတွင် ဝှက်ဖဲတစ်ခု ကိုင်ထားမှသာ တော်ရာကျမည်။

တာဝန်ကြောင့် ရသည့် ဆုလာဘ်များမှာ အနာဂတ်တွင် မပျောက်ကွယ်ဘဲရှိနေမည်ဖြစ်ရာ အခုအချိန်တွင် အလျင်လိုဖို့

မလိုအပ်ပါ။

သူ၏ သိုင်းပညာစနစ်အား ဓားစိတ်ဆန္ဒနှင့် ပေါင်းစပ်ပြီး အများဆုံးအဆင့် ၆ အထိသာ ထုတ်သုံးမည်ဟု ကြံရွယ်သည်။

မလိုအပ်သရွေ့ အဆင့်၇ ကို ကျော်ပြီး ထုတ်သုံးမည် မဟုတ်ပေ။

လုရီ စိတ်အားရှင်းလိုက်ကာ တာဝန်

ထပ်ပေးလိုက်သည်။

“ ငါ ၁၃ထပ်ကို တက်မယ် ”

[တာဝန်]

စစ်ဆေးရေးမျှော်စင်၏ ၁၃ တက်သို့တက်ပါ။

ဆုလာဘ် : နှစ်တစ်ထောင် စိတ်ဝိဉာဉ်နှင်းစက်သုံးစက်

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ

မလက်ခံနိုင်စရာအကြောင်းပြချက် လုရီထံတွင်မရှိပါ။

သူသည် ပျော်ရွှင်စွာ တာဝန်အား လက်ခံလိုက်သည်။

ပြောစရာတောင် မလိုဘဲ စစ်ဆေးရေးမျှော်စင်နှင့် ပတ်သတ်သည့် တာဝန်များမှာ ရက်ရောလှပြီး ယခုဆို နှစ်တစ်ရာ

စိတ်ဝိဉာဉ်နှင်းစက်ထက် များစွာအားကောင်းသော နှစ်တစ်ထောင်

စိတ်ဝိဉာဉ်နှင်းစက်ကို ပေးလာသည်။

နှစ်တစ်ရာ စိတ်ဝိဉာဉ် နှင်းစက်တို့အား

ကျင့်ကြံရာတွင် အမြဲသုံးလေ့ရှိရာ သူ့အရည်အချင်းတို့ တဖြည်းဖြည်းတိုးတက်လာသည်ကို လုရီ ခံစားမိသည့်အပြင်

တိမ်ဖြူ ချီသန့့်စင်သိုင်းပညာမှာ အဆင့်၉ သို့ပင် ရောက်ကာ အရင်ကထက် များစွာတိုးတက်လာသည်။

နှစ်တစ်ထောင် စိတ်ဝိဉာဉ်နှင်းစက်များကိုသာ အသုံးပြုမည်ဆိုပါက လုရီ၏ အရည်ချင်းမှာ ယခင်ကထက် ပိုမို တိုးတက်လာပြီး ပိုပြီး သန်မာလာမည် ဖြစ်သည်။

သို့သော် သူ့ထံတွင် ရှိနေသည့် နှစ်တစ်ထောင်နှင်းစက် ပမာဏမှာ နည်းလွန်းနေသည်။ အထပ်၁၂ ထက်သို့ တက်တုန်းက ရရှိခဲ့သော နှင်းစက်၂စက်သာ ရှိသေးပြီး ယခု ရမည့် သုံးစက်နှင့်ဆို စုစုပေါင်းငါးစက်သာ ရှိသည်။

အရင်က ရရှိထားခဲ့သော နှစ်တစ်ထောင်စိတ်ဝိဉာဉ် နှင်းစက်တို့နှင့်ပေါင်းလျှင် ဆယ်စက်ခန့်မျှသာ ရှိမည် ဖြစ်ကာ လုရီ၏ ရည်ရွယ်ချက်မှာ အနာဂတ်တွင် ထိုနှစ်တစ်ထောင်နှင်းစက်ကိုသုံးကာ နေ့စဉ်ကျင့်ကြံနိုင်ဖို့ပင်။

တာဝန်ကိုလက်ခံပြီးနောက် လုရီ၁၃ ထပ်သို့တက်ခဲ့လိုက်သည်။

လုရီ ၁၃ထပ်သို့ရောက်သွားသည်နှင့် အပြင်ရှိ ချီသန့်စင်နယ်ပယ် စာရင်းမှာလည်း ပြောင်းလဲသွားသည်။

လုရီမှာ အချိန်တိုတိုနှင့် ဒုတိယနေရာသို့ရောက်ရှိသွားပြီး ပထမနေရာမှာ

သုန်းကုန်းမင်ယွဲ့ဖြစ်သည်။

ဒါကိုတွေ့သည့်အခါ လုရီ၏အဆင့်ကို ဆွေးနွေးနေကြသော ဂိုဏ်းသားများမှာ တစ်ဖန်တိတ်ဆိတ်သွားကြပြန်သည်။

တပည့်ရင်းဖြစ်စေ၊ ပင်မတပည့်ဖြစ်စေ၊ အတွင်းဂိုဏ်းတပည့်ဖြစ်စေ ချီကျင့်ကြံရေးစာရင်းရှိ လုရီ၏ နာမည်ကိုကြည့်နေကြ၏။

လုရီ၏ကျင့်ကြံရေးအဆင့်မှာ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်၊ ရွှေအူတိုင်နယ်ပယ်နှင့် အခြေတည် ဝိဉာဉ်

နယ်ပယ်တို့ထက် များစွာ နိမ့်ကျသော်လည်း ချီသန့်စင်နယ်ပယ် အဆင့်၈ သမားအနေဖြင့် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အဆင့်နှစ်ရှိ လူကို အချိန်တိုအတွင်း တိုက်ခိုက်နိုင်ခြင်းသည် အလွန် အံ့ဩဖွယ်ကောင်းလှ၏။

အကြီးအကဲရွှမ်က မျက်လုံးများ မှေးကျဉ်းလိုက်ကာ သဘောတကျ ရယ်သည်။

“ တိမ်ဖြူဂိုဏ်းကတော့ တကယ့်နဂါးတစ်ကောင်ကြီးပြင်းလာတာကို မြင်ရတော့မယ်ထင်တယ် ”

အခြားသော ဂိုဏ်းသားတို့မှာလည်း စိတ်အားထက်သန်စွာ ဆွေးနွေးကြတော့သည်။

“ ၁၃ ထပ်တဲ့လား သေစမ်း သေစမ်း ”

“ အငယ်တန်းညီကို လုရီရဲ့ ခွန်အားက အရမ်းကြောက်ဖို့ကောင်းနေတာမဟုတ်ဘူးလား သူက အခုမှ ချီသန့်စင်နယ်ပယ်

အဆင့် ၈ မှာပဲရှိသေးတာလေ ”

“ လင်းလောင် တောင်ထိပ်သခင်မက စာရင်းသွင်းတပည့်အဖြစ်လက်ခံတာ မဆန်းတော့ပါဘူး။ ဒီလို ခွန်အားနဲ့ အရည်အချင်းလေးသာရရင် ကျေနပ်ပါပြီ ”

လေဝိဉာဉ်တောင်ထိပ်မှ ဂိုဏ်းသားတစ်ဦးကခေါင်းကိုခါကာ ပြောသည်။

နန်းကုန်းမိုယွီက ဘေးနားရှိ တိတ်ဆိတ်နေသော ဝမ်ထျန်းကျွင်းအား ကြည့်ကာ ပြောသည်။

“ ဘယ်လိုထင်လဲ။ ငါ့ရဲ့အငယ်တန်းညီကိုက တစ်ခုခုတော့ တစ်ခုခုပဲ ဟုတ်တယ်မလား ”

ဝမ်ထျန်းကျွင်း၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။

“ လုရီရဲ့ ခွန်အားကဘယ်လောက် အားကြီးကြီး အဲ့တာ သူလေ မင်းမှ မဟုတ်တာကို မင်းကဘာဖြစ်နေတာလဲ ”

ထိုအခါ နန်းကုန်းမိုယွီက ညစ်ကျယ်ကျယ် ပြုံးကာ

“ အငယ်တန်းညီကို လုရီနဲ့ငါက လင်းလောင် တောင်ထိပ်ကပဲဆိုတော့ ကံပါတယ်လေ။ အနာဂတ်မှာ ခဏခဏ တွေ့နိုင်တဲ့ အခွင့်အရေးရှိပြီး မိတ်ဆွေဖွဲ့နိုင်တယ်။ တခြားတောင်ထိပ်ကလူတွေကတော့ ငါတို့လောက် လွယ်ကူမှာ မဟုတ်ဘူး၊ အဟဲ ”

ဝမ်ထျန်းကျွင်းက နှာခေါင်း ရှုံ့ပြီး မျက်နှာကို တစ်ဖက်သို့ လှည့်ကာ ဘာမှ ပြန်မပြောတော့ချေ။

အခြားသော ကျင့်ကြံသူများဟာ လုရိလိုကြောက်စရာကောင်းသည့် အရည်အချင်းရှိသည့်လူနှင့် ခင်မင်လိုကြမည်မှာ သေချာသည်။

စာရင်းအား ကြည့်နေရင်းနှင့်ပင် သူရေရွတ်လိုက်သည်။

“ စစ်ဆေးရေးစာရင်းပေါ်ကို တက်သွားတဲ့ လုရီကိုမြင်ရတာ ဟိုးအရင်နေ့တွေတုန်း စီနီယာအစ်မ လျိုနင်ရွှမ်းကို သတိရစေတယ် ”

နန်းကုန်းမိုယွီက သက်ပြင်းမချခင် တိတ်ဆိတ်သွားသည်။

“ စီနီယာအစ်မ လျိုနင်ရွှမ်းရဲ့ အရည်အချင်းကလည်း တကယ့်ကို ပြိုင်စံရှားပဲ။ မထင်မှတ်ထားတာတွေဘာမှဖြစ်မလာခဲ့ဘူးဆိုရင် အငယ်တန်းညီကိုလုကလည်း အရှေ့ပိုင်းနယ်မြေတခွင်မှာ နာမည်ကြီးလာနိုင်တယ် ”

ပြောနေရင်း နန်းကုန်းမိုယွီအပါအဝင် တခြားသော လူငယ်များကပါ အားကျစွာကြည့်နေကြသည်။ ထိုကဲ့သို့သော လူတိုင်းသိကြသည့် နာမည်ကြီး ပါရမီရှင်တစ်ယောက် ဘယ်သူကမဖြစ်ဘဲ နေချင်မှာလဲ။

ထိုအချိန်တွင် ပိုင်ယွီလုံ၊ ကျန့်ဖန်နှင့် အခြားလူများမှာမူ တိတ်ဆိတ်နေကြသည်။

လင်းဝမ်အာက စာရင်းအား ကြည့်ရင်း

မပြုံးဘဲ မနေနိုင်သဖြင့် ပြုံးလိုက်ပြီး

“ အငယ်တန်းညီကို လုကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဒီနေ့ပြီးတာနဲ့ အတွင်းဂိုဏ်းမှာ သူ့ကို မသိတဲ့လူ ရှိမှာ မဟုတ်တော့ဘူး...”

ပုံမှန် တည်ငြိမ်နေကျ ကျန့်ဖန်၏ မျက်နှာမှာ အံ့ဩရိပ်တို့ သမ်းကာ

“ အငယ်တန်းညီကို လုရီရဲ့ခွန်အားက ငါမှန်းထားတာထက်ကို အများကြီး သာလွန်နေတာပဲ ”

ပိုင်ယွီလုံကလည်း စာရင်းအား ကြည့်ကာ ပြောသည်။

“ မင်းတို့တွေ ဘယ်လိုထင်ကြလဲ။ အငယ်တန်းညီကိုလုက စီနီယာညီမ

သုန်းကုန်းမင်ယွဲ့ကို ကျော်ပြီး အဆင့်တစ်ချိတ်မယ်လို့ ထင်လား ”

ချီသန့်စင်နယ်ပယ် စာရင်းတစ်ခုလုံးတွင် ၁၁ ထပ်အားကျော်ဖြတ်နိုင်သူ အပြင်ဆောင်ဂိုဏ်းသား အနည်းငယ်သာရှိပြီး အထူးသဖြင့် ထိုလူများမှာ အတွင်းဆောင်ဂိုဏ်းမှ ဖြစ်သည်မို့ ကိုင်တွယ်နိုင်ကြခြင်းပင်။

သို့သော် ၁၂ထပ်သို့ ရောက်နိုင်သူမှာ အခုထိအနည်းငယ်သာ ရှိသည်။

သုန်းကုန်းမင်ယွဲ့မှာ ၁၃ ထပ်သို့ရောက်ရှိနေပြီး လုရီမှာလည်း ၁၃ ထပ်သို့ ရောက်ရှိနေသည်။

နှစ်ယောက်စလုံး ၁၃ ထပ်သို့ရောက်ရှိနေသည်မို့ မည်သူက ပိုသန်မာသည် မည်သူက ပိုအားနည်းသည်ဟု ပြောရခက်နေသည်။

အခြားသော ဂိုဏ်းသားများလည်း

ပိုင်ယွီလုံ၏ အတွေးနှင့် ထပ်တူ ရှိကြသည်။

လူတိုင်းက ချီသန့်စင်နယ်ပယ် စစ်ဆေးမှု စာရင်းကို ကြည့်နေကြပြီး သုန်းကုန်းမင်ယွဲ့နှင့် လုရီ နှစ်ယောက်တွင် မည်သူက ဒီလ စစ်ဆေးရေး မျှော်စင်၏ အဆင့်တစ် ချိတ်မလဲ စိတ်ဝင်စားနေကြတော့၏။

-----------------

အခန်း ၆၀ -စစ်ဆေးရေး စာရင်း အဆင့် ၁...

~စစ်ဆေးရေး မျှော်စင်အတွင်းတွင်ဖြစ်သည်။

၁၃ထပ်သို့ ရောက်သွားသည့် လုရီမှာ ထူးထူးခြားခြား စိတ်ကျေနပ်နေသည်။

သူသည် ချီသန့်စင်နယ်ပယ် အဆင့်စာရင်းကို ကြည့်လိုက်သည့်အခါ သူ၏ ဒုစီနီယာညီမလေးမှာ ၁၃ထပ်သို့ ရောက်ရှိနေပြီး ယခုဆိုလျှင် သူပါ ရောက်ရှိလာပြီဖြစ်သည်။

တွေးနေရင်း လုရီ တစ်ခုခုကို သတိရသွားသည်။

သူ စစ်ဆေးရေးစာရင်း တာဝန်အား မပေးရသေးဘူးဆိုတာပင်။

လုရီစိတ်ထဲတွင်

...ငါ ချီသန့်စင်နယ်ပယ် စစ်ဆေးရေး စာရင်းရဲ့

အဆင့်၁ ဖြစ်ချင်တယ် ...

ဟု ကြွေးကြော်လိုက်၏။

[တာဝန်]

ချီသန့်စင်နယ်ပယ် စစ်ဆေးရေးစာရင်းတွင် အဆင့်၁ သို့တက်လှမ်းပါ။

ဆုလာဘ် : ထိပ်တန်းမှော်လက်နက် ဝိဉာဉ်ကျောက်စိမ်းမှန်၊ လေစိတ်ဝိဉာဉ်ရည် တစ်စက်၊ ကျပမ်း သိုင်းစနစ်အဆင့် +၁

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ

ဒီလောက်တောင်ရက်ရောတယ်ပေါ့

လုရိ ထို ထိပ်တန်းအဆင့်မှော်လက်နက်၊ ကောင်းကင်နှင့် မြေကြီး၏ ရတနာ ဝိဉာဉ်ရည်တို့ကို အံ့ဩတကြီးကြည့်လိုက်သည်။ တကယ့်ကို ကောင်းမွန်သည့် ပစ္စည်းများပင်။

ကျပန်းသိုင်းစနစ် အဆင့်၁ လည်းရှိသေးသည်။

လုရီ၏ တိမ်ဖြူခြေလှမ်း ၊ တိမ်ဖြူဓားရှည်သိုင်းစနစ်နှင့် တိမ်ဖြူ ချီသန့့်စင် သိုင်းပညာတို့မှာ အဆင့်၉ တွင်သာ ရှိနေခဲ့ရာ ဘယ်အချိန်တွင် အဆင့် ၁၀ ရှိရာသို့အဆင့်ရှိရာသို့ ရောက်မည်မှန်းမသိနိုင်။ မည်မျှလောက် ခက်ခဲမည် ဆိုသည်ကိုပင် မပြောနိုင်ပေ။

လပေါင်းများစွာ မကျင့်ကြံဘဲ နေလျှင်

အဆင့်တက်ဖို့ မဖြစ်နိုင်ဟု လုရီ သံသယဝင်မိသည်။

ဒီသိုင်းစနစ် တိုးမြှင့်ပေးမှုနှင့်သာဆိုလျှင် ထိုတိမ်ဖြူ သိုင်းပညာ စနစ်သုံးခုအား အားစိုက်ထုတ်စရာ မလိုဘဲ လပေါင်းများစွာ မကျင့်ကြံဘဲ နေနိုင်လိမ့်မည်။

ဒီတာဝန်အား သူ လက်ခံလိုက်သည်မှာ ကံကောင်းသည်။ မဟုတ်လျှင် လက်လွတ်လိုက်ရမည်ပင်။

လုရီနှလုံးသားမှ အပူလုံးကြီး ကျသွားတော့သည်။

ထို့နောက် ချက်ချင်းပဲတာဝန်အားလက်ခံလိုက်၏။

လုရီ၏ရှေ့တွင်တော့ ၁၃ထပ်၏ ပြိုင်ဖက်ပေါ်လာခဲ့ပြီဖြစ်သည်။

ဒီတစ်ခါလည်း အစိမ်းရောင်ဝတ်ရုံဝတ်ထားသော လူငယ်တစ်ယောက်ပင်။

ထိုလူငယ်မှာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထဲတွင် မန္တန်တစ်ခုရေးဆွဲလိုက်ပြီးနောက် တဝီဝီမြည်သော လေမုန်တိုင်းတစ်ခုကိုဖန်တီးလိုက်သည်။ ထို့နောက် ချွန်မြကာ တစ်ဝက်ဖောက်ထွင်းမြင်ရသောဓားမများမှာ လေထဲကနေ တစ်လက်ပြီးတစ်လက် လုရီဆီပျံဝဲလာသည်။

လေအခြေပြု ကျင့်ကြံသူပင်။

လုရီမှာ ကြီးမားပြင်းထန်သော ဓားမတို့၏ သိပ်သည်းမှုကို ခံစားရသဖြင့် တစ်ခဏမျှ ခေါင်းကျိန်းသွားရသည်။

ခန္ဓာကိုယ်အား ပြားချပ်အောင်လုပ်ကာ

ဝိဉာဉ်ခွဲလုပ်ပြီး လေတွင်ဝဲလာသော ဓားမတို့ကို ရှောင်ရှားနေရသည်။ ဓားမတို့မှာ စိတ်ဝိဉာဉ်တို့အား အစိတ်အစိတ်အမွှာမွှာဖြစ်အောင်လုပ်နိုင်သော်လည်း လုရီကမူ အနာတရမဖြစ်ဘဲ ရှိနေသည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း

အဆင့်၃ ကျင့်ကြံသူတစ်ယောက်၏ ခွန်အားမှာ အမှန်ပင်ကြီးမားလှသည်ဟု

လုရီ တွေးမိသွားသည်။

လေထဲမှ ပြန့်ကျဲလာသော ဓားမများ၏ တိုက်ခိုက်မှုသည် တစ်နည်းနည်းဖြင့် အန္တရာယ်ရှိ၏။

သူသာ ၁၂ထပ်တွင် အစွမ်းအကုန်ထုတ်သုံးခဲ့လျှင် ဒီတိုက်ခိုက်မှုတွေကို ခံနိုင်မည်မဟုတ်ဘဲ ချက်ချင်းရှုံးနိမ့်မည်ပင် ဖြစ်သည်။

ထိုသို့ တွေးတောမိသည့် လုရီမှာ အသက်ဝဝရှူလိုက်ပြီး ယခင်က အသုံးပြုခဲ့သော ဓားစိတ်ဆန္ဒထက် ပိုမိုပြင်းထန်သည့် အစွမ်းကို ထုတ်သုံးလိုက်ရာ အချင်းမီတာနှစ်ဆယ်လောက်အထိ ဓားတိမ်တို့ ဖုံးလွှမ်းသွားပေသည်။

ပိုင်ယွီလုံဆီက ဓားစိတ်ဆန္ဒကို အကုန် ရရှိပြီးသည့်နောက် အဓိက ပြိုင်ပွဲတုန်းကထက် များစွာ အားကောင်းလာသည်။

လုရီ ထုတ်သုံးနေသော ပြင်းထန်သည့် ဓားစိတ်ဆန္ဒအား စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်ရှိ တိမ်ဖြူဓားရှည်သိုင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ စွမ်းအင်မှာ နှစ်ဆ တိုးလာသည်။

လေဓားမများနှင့် တိမ်ဓားရှည်တို့ ထိခတ်မိကြပြီး ဓားတိမ်များမှာ တဖြည်းဖြည်းမပျောက်ကွယ်ခင် အဝေးသို့လွင့်ထွက်သွားသည်။

လုရီ အသက်ဝဝရှူကာ လေကိုဖြည်းဖြည်းချင်းရှူထုတ်လိုက်ပြီး စိတ်ဝိဉာဉ်စိမ်းဓားရှည်ကို ဝတ်ရုံစိမ်းဝတ်ပြိုင်ဘက်ဆီ ပစ်လွှတ်လိုက်ရာ ဓားတိမ်တို့မှာ တစ်ခန်းလုံးပျံ့နှံ့သွားပြီး ပြိုင်ဘက်ဆီသို့ ရောက်ရှိသွားသည်။

ထိုအချိန်မှာပဲ ထိုလူငယ်ဘေးရှိ လေမုန်တိုင်းမှာ ပိုမိုအားကောင်းလာပြီး အရှိန်မြှင့်ကာ နေရာမှ ပျောက်ကွယ်သွား၏။

လုရီလို တိမ်ဖြူခြေလှမ်းသိုင်းအား စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့် ရှိနေသော တစ်ယောက်အတွက်တောင် ထိုလှုပ်ရှားမှာမှာ လျင်မြန်လွန်းလှသည်။

လုရီ မျက်ခုံးပင့်လိုက်ပြီး စိတ်ဝိဉာဉ်စွမ်းအင်တို့ကို လှည့်ပတ်စေလိုက်ကာ ခန္ဓာကိုယ်မှာ မရွေ့လျားဘဲ ငြိမ်သက်သွားသည်။ ထို့နောက် ဓားတိမ်တို့မှာ ဝိဉာဉ်စိမ်းဓားရှည်သွားရာနောက်သို့ လိုက်ပြီး အခန်း၏ အရပ်မျက်နှာတစ်ခုလုံးစီ ပျံ့နှံ့သွားသည်။

ဓားတိမ်တို့မှာ အခန်း၏ ကြမ်းပြင်၊ နံရံတို့ထံတွင် တိမ်ပုံစံများ ဖြစ်ပေါ်စေသည်။

ဤသို့သော ထိုးစစ်ဆင်မှုကြောင့် ပြိုင်ဘက်မှာ ရှောင်ရှားရုံကလွဲပြီး ပြန်လည်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

သို့သော် လူငယ်၏ လှုပ်ရှားမှုများမှာ

မယုံကြည်နိုင်စရာကောင်းလောက်အောင် လျင်မြန်သောကြောင့် တိုက်ခိုက်မှုကို ခေါင်းမာစွာခုခံနိုင်နေသည်။

ဓားတိမ်တို့နှင့် ထိုလူငယ်အား မဖမ်းမိခင် အချိန်လေးမှာ လုရီ စိတ်ပူနေရသည်။

အဖြူရောင်အလင်းတန်းနှင့် တဖြည်းဖြည်းပျောက်ကွယ်သွားသော ထိုလူငယ်အား

ကြည့်နေရင်း ကိုယ်တွင်းရှိ စိတ်ဝိဉာဉ်စွမ်းအင်တို့ကို ခံစားမိသဖြင့် လုရီ စိတ်ထဲမှသက်ပြင်း ချလိုက်မိသည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အဆင့်၃ ကျင့်ကြံသူ တစ်ယောက်ပိုင်ဆိုင်သော ခွန်အားမှာ အလွန်ကြီးမားပြီး ပတ်ဝန်းကျင် အနေအထားသာ မကယ်လျှင် အနိုင်တိုက်နိုင်မည်မဟုတ်ပေ။

ထိုသူ၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်ပြီး ဖမ်းမမိနိုင်။

သို့သော် လုရီမှာ တိမ်ဖြူ ခြေလှမ်း

သိုင်းအဆင့်၇ ကိုထုတ်မသုံးရသေးပေ။ ပိုအဆင့်မြင့်သည့် သိုင်းပညာကိုသာ ထုတ်သုံးလျှင် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အဆင့် ၃ ကျင့်ကြံသူ

တစ်ယောက်ဆိုလျှင်လည်း သူ အလွယ်တကူ အနိုင်ယူနိုင်သည်။

အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ၁၄ ထပ်မြောက်လှေကားပေါ်လာရာ လုရီသည် နှုတ်ခမ်းတို့ကို တွန့်ချိုးကာ တက်သွားလိုက်သည်။

စစ်ဆေးရေး မျှော်စင် အပြင်ဘက်ရှိ လူတို့မှာလည်း ချီသန့့်စင်နယ်ပယ် အဆင့်စာရင်းအား တိတ်ဆိတ်စွာ ကြည့်နေကြသည်။

တိတိကျကျ ပြောရလျှင် စာရင်းပေါ်ရှိ နာမည်နှစ်ခုကို အာရုံစိုက်နေကြခြင်းဖြစ်သည်။

သုန်းကုန်းမင်ယွဲ့က တစ် ဖြစ်၍ လုရီက

အဆင့်နှစ် ဖြစ်နေသည်။

သုန်းကုန်းမင်ယွဲ့မှာ ထိုစာရင်း၏ နံပါတ်တစ်နေရာကို သုံးနှစ်ကျော်ကြာသည်အထိ အပိုင်သိမ်းထားနိုင်ခဲ့သူ ဖြစ်ရာ မည်သူမျှစိန်မခေါ်နိုင်ကြပေ။

သို့သော် ဒီနေ့မှာမူ ကွဲပြားသည်။

လုရီ၏ ပထမဆုံး အတွေ့အကြုံဆိုသော်လည်း သုန်းကုန်းမင်ယွဲ့နှင့် အဆင့်တူစွာ ၁၃ထပ်သို့တက်ပြီး ဒုတိယ နေရာကို ယူထားနိုင်သည်မှာ အတော်လေးကို ကြမ်းသည်ဟုပင် ပြောရမည်။

အခုဆိုလျှင် သုန်းကုန်းမင်ယွဲ့နှင့် လုရီ ဘယ်သူက ပိုသာမလဲ ဆိုသည်ကို လူတိုင်း သိချင်နေကြသည်။

အချိန် ကြာသွားသည်နှင့် လူအုပ်ကြီးမှာ တိတ်ဆိတ်လာသည်။

ထိုအချိန်မှာပဲ စာရင်းမှာ ပြောင်းသွားပြီး

လုရီ၏ နာမည်မှာ ဒုတိယနေရာကနေ ပထမသို့ ပြောင်းသွားပြီး

သုန်းကုန်းမင်ယွဲ့၏ နာမည်မှာ အောက်သို့ ရောက်သွားသည်။

လုရီ ၁၄ထပ်။

လူတိုင်း မျက်လုံးပြူးကုန်ကြလေပြီ။

“ သူ တက်သွားပြီကွ။ တကယ်ကြီး တက်သွားပြီကွ ”

“ ၁၄ထပ်ဟုတ်လား။ အငယ်တန်းညီကို

လုရီက အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အဆင့်၃ ကျင့်ကြံသူကို အနိုင်ယူနိုင်ခဲ့တာပဲ ”

“ မယုံနိုင်စရာကောင်းလိုက်တာ။ ချီသန့်စင်နယ်ပယ် အဆင့် ၈ ပဲ ရှိတဲ့လူက ဒီလောက်တောင် ကြောက်စရာကောင်းတာလား ”

“ ပါရမီရှင်ဆိုတာ ဒီလိုမျိုး ဖြစ်ရမယ် ”

“…..”

အစက လုရီကို မသိခဲ့ကြသော လူများ၏ စကားသံများ မရပ်မနား ထွက်ပေါ်လာကြသည်။ ကျန့်ဖန်လို သိနှင့်နေပြီးသား သူတွေကတော့ ကြောင်အနေဆဲပင်။

ပိုင်ယွီလုံက အဆင့်တစ် ချိတ်သွားသည့်

လုရီ၏ စာရင်းကို ကြည့်ကာ ယပ်တောင်ခပ်ခြင်းကို ရပ်ပစ်လိုက်သည်။

ထျဲ့မန်၊ လင်းဝမ်အာ နှင့် အခြားလူများမှာမူ တိတ်ဆိတ်နေ၏။

ကျန့်ဖန်က အလန့်တကြားပြောသည်။

“ အငယ်တန်းညီကိုလုရီက တကယ့်ကိုကြောက်စရာပါလား။ ဒီစစ်ဆေးရေးစာမေးပွဲပြီးတာနဲ့ စီနီယာအစ်မ လျိုနင်ရွှမ်းရဲ့နောက်ကနေ တိမ်ဖြူဂိုဏ်းမျိုးဆက်သစ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာတော့မှာပဲ ”

ကျန့်ဖန်က သက်ပြင်းချကာ ဆက်ပြောသည်။

“ အငယ်တန်းညီကိုလုရဲ့ အရည်အချင်းက ဒီလောက်အထိ လူသိထင်ရှားမြင့်သွားတာ ကောင်းတဲ့အရာလားဆိုတာတော့ ငါမပြောတတ်တော့ဘူး ”

ကျန့်ဖန်ယုံကြည်ထားသည်က ကျင့်ကြံရေးလမ်းတွင် အန္တရာယ်များစွာရှိသည်မို့ အန္တရာယ်ကို ရှောင်ရန်အရည်အချင်းစစ်အား ဖုံးကွယ်ထားလေ့ရှိကြသည်။

လုရီကို ပါရမီရှင်တစ်ယောက်အတွက်ဆို ထိုနည်းလမ်းအား ကျန့်ဖန်

ငြင်းပယ်ရပေလိမ့်မည်။

ကျန့်ဖန်သက်ပြင်းချလိုက်ကာ လုရီအတွက် စိတ်ပူနေမိသည်။ ဂိုဏ်းအတွင်းတွင် မည်သည့်အန္တရာယ်မှမဖြစ်နိုင်သော်လည်း အပြင်ဘက်ရှိ မကောင်းသောလူများနှင့်တွေ့ပါက လုရီ၏ နာမည်ကြီးမှုမှာ ကောင်းမွန်သည့်အရာတစ်ခုမဟုတ်…

ထိုကိစ္စနှင့်ပတ်သတ်ပြီး အငယ်တန်းညီကိုလုကို ပြောပြဖို့ အခွင့်အရေးရအောင်လုပ်ရမည်။ လုရီ၏ အရည်အချင်းမှာ ပြိုင်စံရှားသော်လည်း အတွေ့အကြုံကမူ နုနယ်သေးသည်။

လူအုပ်ကြီး ပွက်လောရိုက်နေကြတုန်းမှာပဲ စစ်ဆေးရေး မျှော်စင်တံခါးပွင့်လာပြီး ဖြူဖျော့နေသောမျက်နှာနှင့် လုရီမှာ လေထဲနေ မြေကြီးပေါ်သို့ ငြင်သာစွာ သက်ဆင်းလာခဲ့သည်။

----------------

All Chapters