← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း ၄၉ - အသီးအပွင့်တွေရဲ့မှတ်တမ်း...,

~ဂိမ်းကိုယ်ထည်မှာ ပေါ်နေသည့် ပြီးဆုံးပြီးသား တာဝန်တို့အား လုရီကြည့်လိုက်သည်။

[တာဝန်]

လင်းလောင် တောင်ထိပ်ဝင်ခွင့် စာမေးပွဲအား အောင်မြင်အောင် လုပ်ရန်။ ( ပြီးဆုံး )

လင်းလောင် တောင်ထိပ်သခင်မကို တွေ့ဆုံပါ။ ( ပြီးဆုံး )

လင်းလောင် တောင်ထိပ်သခင်မ၏ စာရင်းသွင်းတပည့် ဖြစ်လာအောင်လုပ်ပါ။ ( ပြီးဆုံး )

လင်းလောင်တောင်ထိပ် သခင်မအတွက် ယွီလန်း ကိတ်မုန့်နှင့် ဝိုင် သွားဝယ်ပါ။ ( ပြီးဆုံး )

စုစုပေါင်း တာဝန်လေးခု ဖြစ်ပြီး ဆုများမှာလည်း ရက်ရောလှသည်။

ဆုတစ်ခုပြီး တစ်ခု လုရီ လက်ခံလိုက်သည်။

ဝင်ခွင့်စာမေးပွဲအတွက် ဆုလာဘ်များမှာ ရေစိတ်ဝိဉာဉ်နှင်းစက်နှင့် စိတ်ဝိဉာဉ်ဖြူခါးပတ် တို့ဖြစ်သည်။ လုရီတွင် မိုးကြိုးစိတ်ဝိဉာဉ် ဆေးလုံး ရှိသည့်အတွက်

ရေစိတ်ဝိဉာဉ်နှင်းစက်အား ထိန်းသိမ်းရမခက်တော့ပေ။

ဝင်ခွင့်စာမေးပွဲအတွက် ဆုလာဘ်များမှာ ရေစိတ်ဝိဉာဉ်နှင်းစက်နှင့် စိတ်ဝိဉာဉ်ဖြူခါးပတ် တို့ဖြစ်သည်။ လုရီတွင် မိုးကြိုးစိတ်ဝိဉာဉ် ဆေးလုံး ရှိသည့်အတွက် ရေစိတ်ဝိဉာဉ်နှင်းစက်အား ထိန်းသိမ်းရမခက်တော့ပေ။

ထိုရေစိတ်ဝိဉာဉ် နှင်းစက်အား ထည့်ပေါင်းပြီး သူ၏အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ကျင့်စဉ်တွင် ထည့်သုံးလျှင် မိုးကြိုးစွမ်းရည်နှင့် ရေသိုင်းပညာ နှစ်ခုစလုံး၏ အစွမ်းကို တိုးမြှင့်နိုင်သည်။

သိုလှောင် လက်စွပ် ပိုင်ဆိုင်ထားပြီ ဖြစ်ရာ ရရှိလာသည့် ဆုများအား လက်စွပ်ထဲတွင် တိုက်ရိုက် ပေါ်လာအောင် လုပ်လိုက်နိုင်သည်။ လက်စွပ်ထဲတွင် အခဲ ဖြစ်သွား

သည့် ရေစိတ်ဝိဉာဉ် နှင်းစက်ကို ကြည့်ပြီး လုရီ စိတ်ကျေနပ်သွားသည်။

အနာဂတ်တွင် သိုင်းပညာ တာဝန်များကို ယခုထက် သိုသိုသိပ်သိပ် လုပ်ဆောင်ရမည်ဖြစ်ပြီး ဘယ်သူမှ မြင်‌၍ မဖြစ်ပေ။

စိတ်ဝိဉာဉ်ဖြူ ခါးပတ်မှာ ခါးတွင် ဝတ်ဆင်နိုင်ပြီး ဝတ်ဆင်ထားသူ၏ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးကာ အရှိန်ကိုတိုးမြှင့်ပေးသည်။ အလွန်ကောင်းမွန်သည့် မှော်အသုံးအဆောင်ဖြစ်သည့်အတွက် လုရီဝမ်းသာစွာပင် ခါးတွင် ပတ်လိုက်သည်။

ယခုဆိုလျှင် လုရီအနေဖြင့် တာဝန်လုပ်ဆောင်ပြီး ရရှိထားသည့် အဆင့်မြင့်မှော် ခရမ်းကျောက်စိမ်းခေါင်းလောင်း၊ အလယ်အလတ်တန်းစား တိမ်စီးဆင်းမှော်ဖိနပ် နှင့် စိတ်ဝိဉာဉ်ဖြူခါးပတ်အပါအဝင် မှော်အသုံးအဆောင် ခြောက်ခုကို ပိုင်ဆိုင်ထားလေသည်။

အဆင့်နိမ့်မှော်ဓားရှည်မှာ အဘိုးကြီးလုက သူ့အား ဝယ်ပေးထားသည်မို့ နဂိုကထဲက သူ့အပိုင် ဖြစ်၏။ နောက်ထပ် အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲမှ ပေးသည့် အဆင့်နိမ့်ရတနာ အဝါရောင်လောက ဒိုင်းကာ မှာမူ ခုခံရန်သုံးသည့် မှော်အသုံးအဆောင်ပင်။

အရွယ်အစားအားဖြင့် သေးသော်လည်း အစွမ်းမှာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်အထိပြည့်မီသည်။

နောက်ဆုံးလက်နက်မှာ လင်းလောင်တောင်ထိပ်သခင်မမှ လက်ဆောင်

ပေးသည့် အဆင့်မြင့် မှော်အသုံးအဆောင်

စိတ်ဝိဉာဉ်စိမ်း ဓားရှဝိဉာဉ်စိမ်းဓားရှည်ဃ အဖိုးကြီးလု ဝယ်ပေးထားသော အဆင့်နိမ့်မှော်ဓားရှည်မှာ အငြိမ်းစားယူလို့ ရပြီ။

လုရီ ထိုအဆင့်နိမ့် မှော်ဓားရှည်အား သိုလှောင် လက်စွပ်၏ အောက်ဆုံးတွင်

မညှာမတာ ထိုးထည့်ထားလိုက်သည်။

ကျင့်ကြံရေးရတနာတွေ အကုန်လုံးကို မရရှိသေးသော်လည်း ယခု ရရှိထားသည်များမှာ လုံလောက်သည်မို့ လုရီ အတော်အတန်တော့ ကျေနပ်ပါသည်။

လင်းလောင် တောင်ထိပ်သခင်မအား တွေ့ဖို့သွားရောက်သည့်အတွက် ပေးသည့် ဆုလာဘ်မှာ နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက်များဖြစ်သည်။

ညီကို ကျန့်ဖန့်နှင့် တိုက်ခိုက်တုန်းက ရရှိခဲ့သည့်နှင်းစက်အချို့လည်း ကျန်သေးသော်လည်း နောက်ထပ်ရရှိသည့်အတွက် သူစိတ်ကျေနပ်မိသည်။

နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက်တွေကို အသုံးပြုပြီး ကျင့်ကြံလျှင် အဆင့်မြင့်ချီ သိပ်သည်းဆေးများအား သုံးရန်မလိုအပ်တော့ပေ။

ဤကျင့်ကြံရေး ရင်းမြစ်များမှာ တန်ဖိုးကြီးလှပြီး တိမ်ဖြူဂိုဏ်းတစ်ခုလုံးတွင် သူ့အား မျက်နှာသာအပေးခံရဆုံးဟုပင် ထင်ရပေသည်။

ကံကောင်းသည်မှာ လုရီ၏ သဘာဝအရ နှိမ့်ချတတ်သောစိတ်ထားကြောင့် ထိုအကြောင်းအရာများအား မည်သူမျှ မသိပါ။

မဟုတ်လျှင် အခြားသော ဂိုဏ်းသားများ၏ မနာလိုအားကျခြင်းကို ခံရလိမ့်မည်ပင်။

သိုလှောင်လက်စွပ်ထဲသို့ နှစ်တစ်ရာစိတ်

ဝိဉာဉ်နှင်းစက်တို့အား သိုလှောင်လိုက်သည်။

လင်းလောင် တောင်ထိပ်သခင်မ၏ စာရင်းသွင်းတပည့် ဖြစ်ရသည့်အတွက် ရရှိသည့် ဆုလာဘ်တို့မှာ အံ့ဖွယ်ကောင်းလောက်အောင်စျေးကြီးပြီး မြင်ဖူးသမျှထဲတွင် အရက်ရောဆုံးဖြစ်ကာ အပြင်ဆောင်ပြိုင်တွင် ပထမနေရာအတွက် ရရှိသောဆုများထက်ပင် သာလွန်သည်။

အခြေခံ အုတ်မြစ်တည်ထောင်ခြင်းအဆင့် ဖုံးကွယ်အသက်ရှူစွမ်းရည်၊

ထိပ်တန်းအဆင့် ပျံသန်း‌ရေး မှော်လှေ၊ နှစ်တစ်ထောင် စိတ်ဝိဉာဉ်နှင်းစက် ၊

ထို့အပြင် မီး ဝိဉာဉ်နှင်းစက် စသည်တို့မှာ ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်

သူသည် အချီကြီး ပွသည်ဟု ဆိုရမည်။

တခြားဆုတွေကို ထည့်ပြောစရာတောင်မလို.. ထိပ်တန်းအဆင့် ပျံသန်း‌ရေး မှော်လှေ တစ်ခုတည်းနှင့်တင် သာမန်အဆင့်နိမ့်ရတနာ တစ်ခုထက် များစွာ အဖိုးတန်သည်။

ရွှေအူတိုင် ကျင့်ကြံသူတွေထဲတွင်တောင် ထိုသို့ ပျံသန်း‌ရေး မှော်အသုံးအဆောင်များအား ပိုင်ဆိုင်သူ အနည်းငယ်သာ ရှိသည်။

ထိုမှော်လှေမှာ လက်ဖဝါးအရွယ် အပြာရောင်လှေကလေးဖြစ်ပြီး စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် အသက်သွင်းမှသာ အရွယ်အစား ကြီးမားလာမည် ဖြစ်သည်။ ထိုလှေအား ကြီးမားအောင်် လုပ်ပြီး

ရွှက်လွှင့်ကာ နေထိုင်နိုင်သည်။

အဆင့်မြင့်ပျံသန်း မှော်လက်နက်တွေ၏ အရှိန်မှာ အလွန် လျင်မြန်သည် ဖြစ်ရာ

ရွှေအူတိုင် နယ်ပယ် ကျင့်ကြံသူများပင် လိုက်မီရန် ခဲယဉ်း၏။ အထူးသဖြင့် တောင်ထိပ်သခင်မ ချီးမြှင့်ခဲ့သော မိုင်ထောင်ချီ အဆောင်လက်ဖွဲ့နှင့် ပေါင်းစပ်လိုက်လျှင် ပိုခဲယဉ်းသွားမည်ပင်။

ရွှေအူတိုင် နယ်ပယ် ကျင့်ကြံသူတစ်ယောင်လက်ထဲမှ ထွက်ပြေးလျှင်တောင် သူ့အား ဖမ်းမိဖို့ခက်ခဲမည်ဟု လုရီ ခံစားလိုက်ရသည်။

အခြေတည် ဝိဉာဉ်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်တောင် သူ့အနေဖြင့်

အရမ်းကြီးတော့… အင်း ၊မဟုတ်သေး၊

နည်းနည်းတော့ ကြောက်မိမည်ပင်။

ရုတ်ချည်းဆိုသလို သူ့အတွေးတွေမှာ ပြဿနာရှိနေမှန်း လုရိီ သဘောပေါက်မိလိုက်၏။

နောက်ဆုံးတွင် သူသည် ချီအဆင့်၈ သာရှိသေးသူတစ်ဦးဖြစ်ပြီး သူ့အနေအထားနှင့် အခြေတည် ဝိဉာဉ်အဆင့် သခင်များအား မည်သို့ ဖြတ်ကျော်နိုင်မည်နည်း။

အဓိပ္ပာယ်မရှိလှပေ။

အနာဂတ်မှာ သူသည် ဒီလို အတွေးတွေကို တွေးလို့ မဖြစ်။

သူ့ ပြိုင်ဘက်များမှာ သူ့ကဲ့သို့ အသစ်ရောက်လာသော ချီကျင့်ကြံသူများသာ ဖြစ်နိုင်သည်။

လုရီ နှလုံးသားထဲကနေ ဆင်ခြင်လိုက်သည်။

ဒါ့အပြင် ယခု ရှိနေသော နှစ်တစ်ထောင် စိတ်ဝိဉာဉ်နှင်းစက် ငါးစက်နှင့် ချီ အဆင့်၈ သို့ဖောက်ထွက်ခဲ့စဉ်က ရရှိခဲ့သော နှစ်တစ်ထောင်နှင်းစက်တို့ ပေါင်းစပ်လိုက်လျှင် စုစုပေါင်း ခြောက်စက် ရှိနေပြီဖြစ်ရာ နှစ်တစ်ရာစိတ်ဝိဉာဉ် နှင်းစက်တွေထက် များစွာ အဖိုးတန်လှသည်။

လုရီမှာ မိုးကြိုးစိတ်ဝိဉာဉ်ဆေးလုံးနှင့် ရေဝိဉာဉ်နှင်းစက်တို့ ရှိနေပြီးသားဖြစ်ရာ

မီးဝိဉာဉ် အမျိုးအစားကို ထပ်မံရရှိလိုက်ခြင်းက သူ၏ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်၏ ကျင့်ကြံရေးအုတ်မြတ်အတွက် ပိုမို အားကောင်းစေသည်။

နောက်ဆုံးဆုလာဘ်ဖြစ်သော အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်၏ “ဖုံးကွယ်အသက်ရှူ” စွမ်းရည်၏ အချင်အလက်တို့ကို စုပ်ယူပြီးနောက် နားလည်သဘောပေါက်သွားသည်။

အတိတ်မေ့စွမ်းရည်ကဲ့သို့ပင် ဤစွမ်းရည်မှာလည်း ရှားပါးစွမ်းရည်ဖြစ်ကာ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ပြီး တစ်ဖက်ကလည်း ကျင့်ကြံရေးအဆင့်ကို ဝှက်ထားနိုင်သည့်အတွက် အခြားသောပြိုင်ဘက်များ မခန့်မှန်းနိုင်အောင် ကာကွယ်ပေးထားသည်။

အသက်ကြီးသည့် ကျင့်ကြံသူများအတွက် မရှိမဖြစ်စွမ်းရည်ဟု ပြောလို့ရသည်။ လုရီ အသက်မကြီးသေးသော်လည်း ထို ဖုံးကွယ်အသက်ရှုစွမ်းရည်အား နှစ်သက်သည်။

အတိတ်မေ့စွမ်းရည်ကို ဦးစားပေးပြီး ထိုစွမ်းရည်အား မြန်မြန်အဆင့်တက်အောင် ကျင့်ကြံရမည်ဟု တွေးထားလိုက်သည်။

ဆုလာဘ်များမှာ လုရီအားအလွန်စိတ်ကျေနပ်စေပြီး အကုန်နီးပါး ရယူပြီးသည့်နောက် နောက်ဆုံးဆုလာဘ်ကို စတင်လက်ခံလိုက်သည်။

လင်းလောင်သခင်မအတွက် ယွီလန်းကိတ်မုန့်နှင့် ဝိုင်ဝယ်ပေးခြင်းအတွက် ရရှိလာသည့် ဆုလာဘ်မှာ လုရီပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။

စိတ်ဝိဉာဉ်အစားအစာချက်ပြုတ်ခြင်းစွမ်းရည်နှင့် စိတ်ဝိဉာဉ်ဝိုင်ဖျော်နည်း စွမ်းရည်တို့မှာ မှော်ဆေးပညာ၏ အခွဲဟု ပြောနိုင်ပါသည်။

လုရီအတွက်မူ စွမ်းရည်အသစ်တွေပိုရလာခြင်းက ဝန်ထုတ်ဝန်ပိုး မဖြစ်စေပေ။ ဆုလာဘ်တွေက ပိုကောင်းလာသည့်အတွက် ထိုစွမ်းရည်တို့အား သူ

အားလပ်သည့် အချိန်တွင် စမ်းကြည့်လို့ရသည်။ ဒီလောက် အဆင်ပြေပြေနှင့် ရလိမ့်မယ်ဟု ဘယ်သူကဘတွေးထားခဲ့မှာလဲ။

နောက်ဆုံးဆုများအား လက်ခံပြီးနောက် လုရီ၏စိတ်ထဲသို့ အချက်အလက်များ ပင်လယ်ကြီး၏ ဒီရေအလျင်ဖြင့် စုပြုံတိုးဝင်လာသည်။

အချက်အလက်များမှာ စိတ်ဝိဉာဉ်အစားအစာချက်ပြုတ်ခြင်း နှင့် ဝိုင်ဖျော်ခြင်း နည်းအတွက် အခြေခံအသိပညာဗဟုသုတများဖြစ်ပြီး အချို့သော လက်မှုပညာအချို့ကိုလည်း နားလည်စေသည်။

ထိုစွမ်းရည်နှစ်ခုမှာ မှော်ဆေးပညာ၏ အခွဲများဖြစ်ပြီး သက်ရှည်စေသော သက်ရောက်မှုကို အဓိကထားသည့်အပြင် ပိုမိုလျင်မြန်သော်လည်း အဆိပ်အတောက်ဖြစ်စေသော ရှေးဟောင်း မှော်ဆေးပညာနှင့် ကွဲပြားသည်။

စိတ်ဝိဉာဉ်အစားအစာ ချက်ပြုတ်ခြင်းစွမ်းရည်နှင့် ဝိုင်ဖျော်ခြင်းစွမ်းရည်မှာမူ

အသက်တာရှည်စေရုံသာ မဟုတ်ဘဲ အရသာကိုပါ အဓိကထားသည်ဖြစ်ရာ ခန္ဓာကိုယ်ထဲသို့ ညင်သာစွာ စီးဆင်းနိုင်သည်။

အဆင့်မြင့် စိတ်ဝိဉာဉ်အစားအစာနှင့် ဝိုင်တို့အား အဆင့်နိမ့်ကျင့်ကြံသူများပါ စားသုံးနိုင်စွမ်းရှိသည်။

နတ်ဘုရား အသွင် ပြောင်းလဲခြင်း နယ်ပယ် အစားအစာများကိုမူ အခြေတည် ဝိဉာဉ်ကျင့်ကြံသူများပင် စားသုံးနိုင်ကြပြီး ရွှေအူတိုင် ကျင့်ကြံသူများက အနည်းငယ် စားသုံးနိုင်သည်။

သို့သော် ၎င်းက လက်ခံသောက်သုံး၍ရသော မှော်ဆေးလုံးများ မဟုတ်ပေ။

နတ်ဘုရားအသွင် ပြောင်းလဲခြင်းမှော်ဆေးများအား အခြေတည်ဝိဉာဉ်အဆင့် ကျင့်ကြံသူများကို ပေးလိုက်လျှင် ပေါက်ကွဲပြီး သေစေနိုင်သည်အထိ မဖြစ်နိုင်သော်လည်း ထိခိုက်ဒဏ်ရာတော့ ရနိုင်သည်။

ရွှေအူတိုင်အဆင့် ကျင့်ကြံသူများ စားသုံးမိလျှင်တော့ မြင်၍ မကောင်းသည့်ပုံဖြင့် သေဖို့ များသည်။

အရေးကြီးသည့် အချက်မှာ စိတ်ဝိဉာဉ်စွမ်းအင်စားသောက်ဖွယ်ရာများမှာ သက်စောင့်ဆေးများထက် အဆိပ်အတောက်နည်းပါးသည်ဖြစ်ပြီး ပြီးပြည့်စုံသည့် သက်စောင့်ဆေးများလို အဆိပ်အတောက်

မပါသည်အထိ ကင်းစင်နိုင်သေးသည်။

ပြီးပြည့်စုံသည့် သက်စောင့်ဆေးများသည်ပင် အလွန် အဖိုးတန်ကာ ရှားပါးလှ၏။

သေချာပေါက် စိတ်ဝိဉာဉ် အစားအစာများတွင်လည်း ဆိုးကျိုးများ ရှိသည်။ မှော်သားရဲများနှင့် ကောင်းကင်ဘုံနှင့် မြေကြီး မှ ရတနာတို့မှ ရရှိသော ဆေးသက်ရောက်မှုသည် သက်စောင့်ဆေးများမှ ရရှိသော သက်ရောက်မှုနှင့် မယှဉ်နိုင်ဘဲ အလဟဿဖြစ်လေ့ရှိသည်။

ထို့ကြောင့် ကျင့်ကြံသူအများစုမှာ သက်စောင့်ဆေးများကိုပင် ရွေးချယ်လေ့ရှိကြသည်။ ဒါဖြင့် ကောင်းကင်ဘုံနှင့် မြေကြီးမှ ရတနာတို့သည်လည်း အလကားလား.. ဆိုသော် ..မဟုတ်ပါ။

ကျင့်ကြံသူများမှာ ပိုက်ဆံရှာနိုင်သော်လည်း ကျင့်ကြံရေးအတွက် သုံးရသည်က ပိုမိုကုန်ကျသည်။

အလွန်အမင်း ချမ်းသာကြွယ်ဝသူ မဟုတ်ပါက အဆင့်နိမ့် စိတ်ဝိဉာဉ်အစားအသောက်များကိုသာ

စိတ်ကျေနပ်ရုံ စားနိုင်ကြသည်။

စိတ်ဝိဉာဉ် အစားအသောက်တို့အား လွန်လွန်ကျူးကျူး စားနိုင်သည် ဆိုသည်မှာ အလွန်အမင်း ချမ်းသာကြွယ်ဝသည့် သဘောပင်။

အခြေခံ အချက်အလက်များအပြင်

စိတ်ဝိဉာဉ် အစားအသောက် ချက်ပြုတ်နည်းနှင့် ဝိုင်ဖျော်နည်း နည်းလမ်းများပါ ပါရှိပြီး ချီသန့်စင် နယ်ပယ်အတွက် ချက်ပြုတ်နည်းများလည်း ပါရှိသည်။

ထိုချက်ပြုတ်နည်းများအား ကြည့်ပြီး

လုရီ၏ မျက်လုံးတို့မှာ အံ့ဩမှုတို့ဖြင့်

ပြူးကျယ်သွားလေတော့သည်။

---------------

အခန်း ၅၀- တပည့်ရင်း ဖြစ်လာခြင်းအတွက် ဆုလာဘ်...

~စိတ်ဝိဉာဉ်အစားအစာ ချက်ပြုတ်နည်းမှာကျားရိုးဝိဉာဉ် ဂျင်ဆင်း စွပ်ပြုတ် ဖြစ်သည်။ အရိုးများကို သန်မာစေပြီး ခန္ဓာကိုယ်ရှိ ဒေါသများကို ထိန်းချုပ်ပေးသည်။ ကြာရှည်စွာ စားသုံးပါက ခန္ဓာကိုယ် ခွန်အားကို တိုးမြှင့်ပေးပြီး

ခန္ဓာသန့်စင် ပညာနှင့် ပေါင်းစပ်လိုက်လျှင် ရလဒ် ပိုမိုကောင်းလာစေသည်။

ကျင့်ကြံခြင်း မှော်ဆေးလုံးများနှင့် ဆင်သော်လည်း စိတ်ဝိဉာဉ် အစားအသောက်တို့မှာ ကျင့်ကြံခြင်း မှော်ဆေးလုံးများလို အဆိပ်အတောက် မရှိသည်မို့ ဆေးသက်ရောက်မှုမှာလည်း ပျော့သည်။

ကျင့်ကြံခြင်း မှော်ဆေးလုံးများနှင့်အတူ တွဲဖက်စားသုံးပါက ပျော်ရွှင်မှုကို နှစ်ဆတိုးစေ၏။

လုရီအား အံ့အားသင့်စေဆုံးမှာ

စိတ်ဝိဉာဉ်ဝိုင် ဖျော်စပ်နည်းပင်။

ထိုဖျော်စပ်နည်း၏ နာမည်မှာ သမာဓိ

ဝိဉာဉ်နှင်းစက်ဖြစ်ပြီး အလွန်ရှားပါးသောအမျိုးအစားဖြစ်ရာ သောက်သုံးပါက စိတ်ဝိဉာဉ်စွမ်းအားကို တိုးမြှင့်ပေးသည်။

သိထားသင့်သည်က ချီကျင့်ကြံရေးအဆင့်တွင် ကျင့်ကြံသူ၏ စိတ်ဝိဉာဉ် တိုးပါက

ကျင့်ကြံရေး အဆင့်သည်လည်း လိုက်ပါတိုးစေသည်။

တစ်နည်း ဆိုရသော် အခြေတည် ဝိဉာဉ်

ကျင့်ကြံခြင်း နယ်ပယ်အတွက် ဖြစ်ရာ ချီသန့်စင်နယ်ပယ် ကျင့်ကြံသူလေးများ သုံးဆောင်၍ မရပေ။

ကျင့်ကြံခြင်း မှော်ဆေးလုံးများတွင်

ချီသန့်စင်နယ်ပယ်ရှိ စိတ်ဝိဉာဉ်စွမ်းအင်အား တိုးတက်စေသည့် ဆေးဟူ၍ လုရီ

မကြားဖူးခဲ့ပါ။

သို့သော် ယခုဆိုလျှင် တခြားသော

နည်းလမ်းဖြင့် သူ၏ စိတ်ဝိဉာဉ်စွမ်းအား ကို တိုးအောင် လုပ်နိုင်ပြီ ဖြစ်သည်။

ကောင်းလိုက်တာ !

လုရီမှာ ဝမ်းမြောက်သွားပြီး သူ၏ခန္ဓာကိုယ်ကို အဆင့်မြှင့်ဖို့ အသင့်ပြင်လိုက်သည်။ ကောင်းကင်ဘုံတာအို ကန့်သတ်ချက်အား ဖောက်ထွက်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ကို အားမြှင့်ရမည့်အပြင် စိတ်ဝိဉာဉ်နှင့် ဝိဉာဉ်စွမ်းအင်တို့အား ချန်လှပ်ထားလို့မရပေ။

အခုဆိုလျှင် စိတ်ဝိဉာဉ်စွမ်းအင်အား

တိုးမြှင့်စေနိုင်မည့်နည်းလမ်းသူ့တွင် ရှိပြီဖြစ်သည်။

အခြားသော ရင်းမြစ်ပစ္စည်းများ ရရှိမလား ကြည့်ဖို့ ရင်းမြစ် ခန်းမသို့ သွားရန် လုရီအစီအစဉ် ဆွဲလိုက်သည်။

ချီကျင့်ကြံရေးလောကအတွက် ရင်းမြစ်ပစ္စည်းများမှာ ရှာဖို့ မခက်ခဲလောက်ပါ။

ကြိုတင်မျှော်လင့်နေသည့် လုရီတစ်ယောက် ဆုလာဘ်များအား ကုန်စင်အောင် ရယူပြီးသည့်အခါ စိတ်ကျေနပ်မှုအပြည့်ဖြစ်သွားသည်။

ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ကာ ကျင့်ကြံဖို့အတွက် မလောဘဲ ပြဿနာများကို တွေးတောချင့်ချိန်လျက် ရှိသည်။

အခုဆိုလျှင် သူ အတွင်းဂိုဏ်းသို့ ဝင်ခဲ့ပြီးပြီ။ နောက်ထပ်လုပ်စရာမှာ ကောင်းကင်ဘုံတာအို ကန့်သတ်ချက်အား ချိုးဖျက်ပြီး

လင်းလောင် တောင်ထိပ်သခင်မ၏

တရားဝင် တပည့်ရင်း ဖြစ်လာဖို့ပင်။

စာရင်းသွင်း တပည့်အဖြစ် ဖြစ်လာ

သည်နှင့် ထိုသို့ရက်ရောသော ဆုများကိုရလျှင် တပည့်ရင်းသာ ဖြစ်ခဲ့ပါက မည်သို့သော ဆုလာဘ်များ ရရှိမည်နည်း။

ဒါကို တွေးမိသည့် လုရိီမှာ စိတ်ထဲမှ ရေရွတ်လိုက်သည်။

...ငါ လင်းလောင် တောင်ထိပ်သခင်မရဲ့

တပည့်ရင်းဖြစ်ချင်တယ် ...

[တာဝန်]

လင်းလောင် တောင်ထိပ်သခင်မ၏ တပည့်ရင်းဖြစ်လာရန်။

ဆုလာဘ် : အလယ်အလတ်အဆင့်ရတနာကျောက်စိမ်းဝိဉာဉ် ဝတ်ရုံ၊ ဉာဏ်အလင်း

ပွင့် လက်ဖက်ရွက် ၃ရွက်

လက်ခံမည်လား: လက်ခံမည်/ လက်မခံပါ။

ဆုအရေအတွက်မှာ နည်းပါးသည် ထင်ရသော်လည်း လုရိီ အံ့ဩသွားရသည်။

ဒါက မှော်အသုံးအဆောင်ပဲ!

ထိုအသုံးအဆောင်မှာ အားကောင်းသော ရွှေအူတိုင်နှင့် အခြေတည် ဝိဉာဉ်အဆင့် ကျင့်ကြံသူတို့ ပိုင်ဆိုင်လေ့ရှိသော ထိပ်တန်းမှော်အသုံးအဆောင် ပစ္စည်းထက် ပိုတန်ဖိုးကြီးသည်။ တပည့်ရင်း ဖြစ်လျှင် ထိုပစ္စည်းအား သူ ရရှိနိုင်မည်လား။

ပြီးတော့ ထိုပစ္စည်းမှာ အလယ်အလတ်

အဆင့် မှော်အသုံးအဆောင်ပင်။

ဆုတစ်ခုတည်းနှင့် အဖိုးထိုက်တန်လွန်းမက ဖြစ်နေပြီကို ဉာဏ်အလင်းပွင့် လက်ဖက်ရွက်သုံးရွက်သာ ထည့်ပေါင်းလိုက်လျှင် ပြောစရာပင် မလိုတော့ချေ။

လုရီ တစ်ခါက ထိုဉာဏ်အလင်းပွင့်လက်ဖက်ရွက်တွေအကြောင်း စာအုပ်ထဲတွင် ဖတ်ဖူးသည်။ လက်ဖက်ရွက်တစ်ရွက်ဖြင့် တစ်နေ့လုံး နားလည်တတ်ကျွမ်းမှုကို မြှင့်တင်စေနိုင်ပြီး ကံကောင်းလျှင်

ရုတ်ချည်း ဉာဏ်အလင်းပွင့်နိုင်သေးသည်။ မကြာခဏအသုံးပြုပါက နားလည်တတ်မြောက်နိုင်စွမ်းကို အမြဲမြှင့်တင်ပေးနိုင်သည်။

ထိုပစ္စည်းမှာ အလွန်အဖိုးတန်သော ရှားပါးပစ္စည်းဖြစ်ပြီး အခြေခံ အုတ်မြစ်တည်ထောင်ခြင်းအဆင့် ဝိဉာဉ်ရည်လို ကောင်းကင်ရတနာနှင့်ပင် နှိုင်းယှဉ်၍မရချေ။

သုံးရွက်တောင်ပေးဦးမည်လား !

ပြီးဆုံးခဲ့သည့် တာဝန်တွေက သူ့ အစွမ်းအား တိုးမြှင့်ပေးနိုင်သော်လည်း အရေအတွက် ကန့်သတ်ထားသည်။

လုရီ၏ နားလည်တတ်မြောက်နိုင်စွမ်း

ပိုမြင့်လေလေ ကျင့်ကြံရေးစွမ်းရည်တွေကို ပိုနားလည်လာလေလေဖြစ်ပြီး

စွမ်းရည်အဆင့်ကိုမြှင့်တင်ဖို့အတွက် တာဝန်အနည်းငယ်သာ ပြီးဆုံးရန်လိုသည်။

ဂိမ်းကစားသလိုပင်။ ဂိမ်းဇာတ်ကောင်၏ ပင်ကိုယ်အရည်အချင်းတိုးတက်လာလျှင် ဖြတ်ကျော်ရသည့်အဆင့်တို့မှာလည်း ပိုမိုခက်ခဲလာတတ်သည့်အတွက် နားလည်တတ်မြောက်မှုမှာ အရေးကြီးသော အခြေခံအရည်အချင်းဟု ဆိုရမည်။

ဤဉာဏ်အလင်းပွင့် လက်ဖက်ရွက်နှင့်ဆိုလျှင် လုရီ၏ တာဝန်ပြီးဆုံးမှုနှင့် စွမ်းရည်အဆင့်မှာ သိသိသာသာ အဆင့်မြင့်သွားမည်ဖြစ်သည်။

လင်းလောင် တောင်ထိပ်သခင်မနှင့် ပတ်သတ်သည့် တာဝန်တွေမှာ ပေးဖူးသမျှတွေထဲ တကယ့်ကို ရက်ရောလှပေသည်။

သူသည် မြူးထူးစွာပင် တာဝန်ကိုလက်ခံလိုက်သည်။

ကောင်းကင်ဘုံတာအိုမှ ချမှတ်ထားသော ကန့်သတ်ချက်တွေအား ဖြတ်ကျော်ဖောက်ထွက်ဖို့ဆိုလျှင် အခြေခံတွေကို သေချာသိရှိတတ်ကျွမ်းရန်လိုအပ်သည်။

လုရီအတွက် ယခုလက်ရှိတွင် စိတ်ဝိဉာဉ်စွမ်းရည်အခြေခံမှာ ပူစရာမလိုဘဲ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေခံများကသာ ပြဿနာဖြစ်ကြောင်းခံစားလိုက်ရသည်။

စိတ်ပိုင်းဆိုင်ရာအခြေခံများမှာ စိတ်ဝိဉာဉ်ဝိုင်နှင့် သမာဓိစိတ်ဝိဉာဉ်နှင်းစက် တို့ရှိသေးရာ အဓိကပြဿနာမှာ ကိုယ်ခန္ဓာအခြေခံအတွက် လိုအပ်နေခြင်းဖြစ်သည်။

အင်း.. မနက်ဖြန်ကျရင် စီနီယာညီမလေးကို မေးပြီး ချီသန့်စင်နယ်ပယ်က ခန္ဓာသန့်စင်သိုင်းစနစ်ကို လေ့ကျင့်ဖို့ ရှာဖွေရမယ်။

အစီအစဉ် ဆွဲလိုက်ပြီးနောက် လုရီ သည် တင်ပျဉ်ခွေ၍ စတင်ကျင့်ကြံလိုက်သည်။

မနက်တွင် အတွင်းဂိုဏ်းသို့ရောက်ကာ ဝင်ခွင့်စာမေးပွဲဖြေဆိုပြီးသည့်နောက် တောင်ထိပ်သခင်မနှင့် တွေ့ဆုံရသည်။

အခုဆိုလျှင် နေ့လယ်ခင်းပင် ရောက်နေပြီ။

လုရီ သူ၏ပုံမှန် ကျင့်ကြံရေးလုပ်ငန်းဖြစ်သည့် တိမ်ဖြူ ခြေလှမ်းသိုင်းကို ကျင့်ကြံလိုက်သည်။

တိမ်ဖြူ ခြေလှမ်းသိုင်း အဆင့်၉သို့ ရောက်ပြီးကထဲက လုရီနေ့စဉ် ကျင့်ကြံဖြစ်ပြီး

ကျင့်ကြံရေးမှာ နှေးကွေးနေသည်မို့ ဘယ်အချိန်အဆင့်၁၀ သို့တက်မလဲဆိုသည်ကို သူ မခန့်မှန်းနိုင်ပါ။

သို့သော် ကျင့်ကြံသူများမှာ လုံလောက်စွာ အသက်ရှည်ရှည်နေရသည့်အတွက် လုရီအနေဖြင့် အလျင်မလိုဘဲ နေ့စဉ်လေ့ကျင့်သွားဖို့သာ လိုသည်။

ကျင့်ကြံရေးအခန်းထဲတွင်

တိမ်ဖြူ ခြေလှမ်းသိုင်းကို လေ့ကျင့်ပြီး ညနေခင်းသို့ရောက်သည့်အခါ တိမ်ဖြူ

ချီ သန့်စင်သိုင်းကို ထပ်မံလေ့ကျင့်သည်။

နှစ်တစ်ရာ စိတ်ဝိဉာဉ်နှင်းစက်ကို ကျင့်ကြံရေးရင်းမြစ်အနေဖြင့် သုံးပြီး အဆင့်၉

ရှိသည့် တိမ်ဖြူ ချီသန့်စင်သိုင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ လုရီ၏ ကျင့်ကြံခြင်း အရှိန်မှာ အံ့ဩစရာကောင်းလောက်အောင် လျင်မြန်နေပြီး ချီအဆင့်၈ ကိုတောင်ဖောက်ထွက်တော့မလို ဖြစ်နေ၏။

သူ၏ ယခုကျင့်ကြံရေး အခြေအနေနှင့်ဆို ချီသန့်စင်နယ်ပယ် ၉ သို့ရောက်ရန် တစ်လမျှသာ ကြာလောက်မည်။ လုရီ၏

စိတ်ဝိဉာဉ်စွမ်းအင် အငွေ့ဖွဲ့နှုန်းအရည်အသွေးကြောင့် ကျင့်ကြံရေးအရှိန်မှာလည်း အဆမတန် လျင်မြန်လာရသည်။

ထိုနေ့ တစ်နေ့လုံး ကျင့်ကြံပြီးနောက် နောက်တစ်နေ့သို့ အလျင်အမြန် ရောက်ရှိသွားသည်။

လုရီ တရားထိုင်နေစဉ်မှာပဲ ဂူအပြင်ဘက်မှ သုန်းကုန်းမင်ယွဲ့၏ ချိုလွင်သောအသံကလေးကို ကြားလိုက်ရသည်။

“ အငယ်တန်းအစ်ကို...နင်..အထဲမှာလား ”

လုရီ မျက်လုံးကိုဖြည်းညင်းစွာ ဖွင့်လိုက်ရာ အဖြူရောင် စိတ်ဝိဉာဉ်အလင်းတန်းလေးတစ်ခု အလင်းပြန်သွားသည်ကို မြင်ရသည်။

သူ၏ ခန္ဓာကိုယ်မှာ နေရာကနေပျောက်သွားပြီး ခန်းမထဲတွင် ပြန်ပေါ်လာသည်။

ကျောက်တံခါးကို ဖွင့်လိုက်သည့်အခါ ကျစ်ဆံမြီးနှစ်ချောင်းကျစ်လျှက် ဝတ်ရုံဖြူနှင့်တောက်ပစွာ ရပ်နေသော

သုန်းကုန်းမင်ယွဲ့အား တွေ့လိုက်ရ၏။

“ ဒုတိယစီနီယာညီမလေးက ဒီကို

ဘာကြောင့် ရောက်လာတာလဲ။ အခုပဲ ငါ လာရှာတော့မလို့ ”

သုန်းကုန်းမင်ယွဲ့က ရယ်လျက်

“ နင်က အခု အတွင်းဂိုဏ်းကိုဝင်လာတာဆိုတော့ ကျင့်ကြံရေး ရင်းမြစ်တွေကိုအခုထိ မစုရသေးဘူးမလား။ တောင်ထိပ်သခင်မရဲ့ စာရင်းသွင်းတပည့်တွေအနေနဲ့ လတိုင်း ကန့်သတ်မထားတဲ့ ရင်းမြစ်တွေကို ရနိုင်တာမလို့ နင် မဖြုန်းတီးပစ်ဖို့ပဲ လိုတယ်။ အခု အရင်းအမြစ်တွေ စုရအောင် ခေါ်သွားပေးမလို့ ”

ဒါကို ကြားလိုက်ရသည့် လုရီ၏ မျက်လုံးတွေမှာ အရောင်တောက်သွားသည်။

ကျားရိုးဝိဉာဉ် ဂျင်ဆင်းစွပ်ပြုတ်နှင့်

သမာဓိ စိတ်ဝိဉာဉ် နှင်းစက်အတွက် လိုအပ်သည့် ပစ္စည်းတွေ ရှာဖို့ စီစဉ်ထားသည်မို့ အခုအချိန်မှာ အံကိုက်ပင်။

လုရီ ခေါင်းညိတ်ပြီး ပြုံးပြလိုက်ကာ

“ ဒါဆိုကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ် ဒုစီနီယာညီမလေး ”

“ ဘာလို့ ယဉ်ယဉ်ကျေးကျေးကြီးပြောနေတာလဲ ”

သုန်းကုန်းမင်ယွဲ့က သူ့ ရင်ဘတ်သူပုတ်လိုက်ကာ ရွှင်ရွှင်မြူးမြူးပြောသည်။

“ငါက နင့်ရဲ့ စီနီယာ ညီမလေးပါနော်။ အငယ်တန်း အစ်ကိုကို ဂရုစိုက်ပေးရမှာပဲဟာ။ တစ်ခုခု လိုအပ်တာ ရှိရင် ငါ့ဆီကိုသာလာလိုက် ”

လုရီမှာ သုန်းကုန်းမင်ယွဲ့၏ရင်ဘတ်ကို

ကြည့်လိုက်မိသည်။ အသက်၁၅နှစ်သာရှိသေးသော်လည်း သေချာဖွံ့ဖြိုးသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အရွယ်ရောက်နေသည့်သူမို့ ရင်ဘတ်ကိုအားဖြင့်ပုတ်တာကို မြင်လိုက်ရသည့်အခါ နာသွားမှာကို

လုရီစိုးရိမ်သွားမိသည်။

သူကပြုံးကာပြောသည်။

“ ကောင်းပြီလေ ဒါဆို ဟန်မဆောင်နေတော့ဘူး။ ဒုစီနီယာညီမလေးလည်း အခက်အခဲတစ်ခုခုရှိရင် ဒီကအငယ်တန်းအစ်ကိုကို လာရှာလို့ရပါတယ်။ ငါ သေချာပေါက် ကူညီပေးမယ် ”

သုန်းကုန်းမင်ယွဲ့က ခါးထောက်လိုက်ပြီး ခေါင်းကိုနောက်သို့စောင်းကာ ဂုဏ်ယူသည့်ဟန်ဖြင့် ပြောလာသည်။

“ စီနီယာညီမတစ်ယောက်အနေနဲ့ ငါ

မကိုင်တွယ်နိုင်တဲ့ အခက်အခဲဆိုတာ ဘယ်လိုလုပ်ရှိမှာလဲ။ စိတ်မပူပါနဲ့ အငယ်တန်းအစ်ကို ”

လုရီ ထိုကောင်မလေးအား စိတ်လိုလက်ရမြှောက်ပေးလိုက်သည်။

“ ဒုစီနီယာညီမလေးကတော့ တကယ့်ကို အနိုင်မခံအရှုံး မပေးတတ်တဲ့လူပဲ ”

“ သိလို့ ဝမ်းသာပါတယ် ”

ပျော်ရွှင်သွားသည့် မင်းယွီ၏ ခရမ်းရောင်မျက်လုံးကလေးများမှာ မှေးကျဉ်းသွားပြီး လခြမ်းကွေးလေး ထွက်ပေါ်လာသည်။

“ လာ၊ ရင်းမြစ်ခန်းမကို သွားရအောင် ”

လုရီ ခေါင်းညိတ်ကာ နောက်မှ လိုက်သွားလိုက်သည်။

အတွင်းစည်းဂိုဏ်းနှင့် အပြင်စည်းဂိုဏ်းမှာ ကွဲပြားသည်။ အပြင်စည်းဂိုဏ်းသားများအတွက် ရင်းမြစ်များကို အလုပ်ရုံခန်းမဆောင်က တညီတညာတည်းကိုင်တွယ်ပြီး အတွင်းစည်း ဂိုဏ်းတွင်မူ သက်ဆိုင်ရာ တောင်ထိပ်များမှ တစ်ဆင့် တစ်ယောက်ချင်းစီ ဖြန့်ဝေပေးပြီး အတွင်းဂိုဏ်းသား

တပည့်၊ ပင်မတပည့်နှင့် တပည့်ရင်းဆိုပြီး ကွာခြားမှု ရှိသည်။

လုရီအတွက်တော့ သေချာပေါက် စိတ်ပူစရာမရှိပါ။ လင်းလောင် တောင်ထိပ်သခင်မ၏ စာရင်းသွင်း တပည့် ဖြစ်သည်မို့ လိုအပ်တာမှန်သမျှ ယူဆောင်ခွင့်ရှိသည်။

ပင်မတပည့်တွေပင် မခံစားနိုင်သည့် အထူးအခွင့်အရေးပင်။

တောင်ထိပ်တိုင်း၏ ရင်းမြစ်ခန်းမဆောင်များမှာ ရင်းမြစ်များကို ဖြန့်ဝေဖို့ တာဝန်ရှိပြီး လင်းလောင် တောင်ထိပ် ရင်းမြစ်ခန်းမဆောင်မှာ တောင်၏ အလယ်တွင် တည်ရှိသည်။

တောင်အောက်သို့ ဆင်းသွားသည့်

သုန်းကုန်းမင်ယွဲ့နောက်သို့ လိုက်ရင်း မကြာမီမှာပဲ အတော်အတန် ကျယ်ဝန်းသည့် ရင်းမြစ်ခန်းမဆောင်ရှိရာ နန်းတော်ကို မြင်တွေ့လိုက်ရသည်။

---------------

အခန်း ၅၁ -စီနီယာညီမလေးရဲ့ ကောင်းမွန်သော အငယ်တန်းအစ်ကို...

~လုရီနှင့် သုန်းကုန်းမင်ယွဲ့ ကျောက်လှေကားတွေဆီ တက်သွားပြီးနောက် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ယောက် ခန်းမထဲမှ ထွက်လာသည်ကိုမြင်လိုက်ရသည်။

ထိုလူငယ်၏ ကျင့်ကြံရေးအဆင့်မှာ အလွန်နက်ရှိုင်းပြီး ရွှေအူတိုင်အဆင့်ဖြစ်သည်။

လုရီတို့ နှစ်ယောက်ကိုမြင်သည့်အခါ ထိုလူငယ်မှာ တစ်ခဏမျှ အံ့ဩသွားပြီး စိတ်လိုလက်ရပြုံးပြလာသည်။

“ အငယ်တန်းညီမလေး သုန်းကုန်းနဲ့ အငယ်တန်းညီလေး လုရီပဲ တိုက်ဆိုင်လိုက်တာ။ ရင်းမြစ်တွေစုဖို့ ရောက်လာကြတာလား ”

ထိုအခါ သုန်းကုန်းမင်ယွဲ့က ပြုံးပြခေါင်းညိတ်လိုက်ကာ

“ အစ်ကိုရှဲ့ပဲ။ အငယ်တန်းအစ်ကို ဒါက လင်းလောင် တောင်ထိပ်က အစ်ကို

ရှဲ့ထျန်းမင်ပဲ။ သူကအကြီးအကဲ

သုန်ဝမ်လျန်လက်အောက်က ပင်မတပည့်တစ်ယောက်လေ။ ကျွန်မတို့ တိမ်ဖြူဂိုဏ်းမှာ ရှိတဲ့ ရွှေအူတိုင်အဆင့် ထိပ်တန်းတပည့်ဆယ်ယောက်ထဲက တစ်ယောက်လေ။ သိပ်အားကြီးတာ ”

ရှဲ့ထျန်မင်းက ပြုံးလိုက်ပြီး

“ အငယ်တန်းညီမလေးက အစ်ကို့ကို မြှောက်လွန်းနေပြီ ”

ဒါကိုကြားသည့် လုရီမှာ ပြုံးပြလိုက်ကာ

“ ဒါဆို ဒါက စီနီယာအစ်ကို ရှဲ့ထျန်မင်းပေါ့ တွေ့ရတာဝမ်းသာပါတယ် ”

“ အငယ်တန်းညီလေး လုရိီရဲ့ မနေ့က တောင်ထိပ်ဝင်ခွင့်စာမေးပွဲက စွမ်းဆောင်ရည်က တကယ့်ကိုအထင်ကြီးလောက်စရာပဲ။ ညီလေးရဲ့ နားလည်တတ်ကျွမ်းမှုမျိုးရဲ့ တစ်ဝက်လောက်သာ အစ်ကို့မှာ ရှိခဲ့မယ်ဆိုရင် တစ်ခုခုတော့ဖြစ်နေလောက်ပြီ ”

လုရီမှာ ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။

“ အစ်ကိုရှဲ့က မြှောက်လွန်းနေပါပြီ၊ ကျွန်တော့်ရဲ့ နားလည်တတ်မြောက်နိုင်စွမ်းက အဲ့လောက်ကြီးတော့ အားမကောင်းသေးပါဘူး ”

ရှဲ့ထျန်းမင်က မတတ်နိုင်သည့်ပုံဖြင့်ရယ်ကာ

“ အငယ်တန်းညီလေးက သိပ်နှိမ့်ချလွန်းတယ်။ ဒါကိုမှ အားမကောင်းဘူးဆိုရင် ဘာကို အားကောင်းတယ်လို့ သွားပြောရမှာလဲ ”

...မဟုတ်ဘူး ကျွန်တော့်ရဲ့ နားလည်တတ်မြောက်နိုင်စွမ်းက အားကောင်းတာမဟုတ်ဘူး… ကျွန်တော့်ရွှေလက်ချောင်းကမှ အားကောင်းတာ။...

လုရီစိတ်ထဲကနေ ပြောနေပေမဲ့ မရှင်းပြနိုင်တဲ့အတွက် ပြုံးပဲပြုံးပြနိုင်တော့သည်။

“ အစ်ကိုရှဲ့ ပြောတာ မှန်ပါတယ် ”

ထိုအခါ ရှဲ့ထျန်းမင်က ရယ်လိုက်ပြီး

“ ကြည့်ရတာ နှစ်ယောက်သား အလုပ်များနေပုံပဲ ဒါဆို အစ်ကို အရင်သွားလိုက်ပါဦးမယ်။ ညီလေးလုရီကလည်း ကျင့်ကြံရေးနဲ့ပတ်သတ်ပြီး အခက်အခဲ တစ်ခုခုရှိရင်

အစ်ကို့ဆီက အကြံ လာယူလို့ ရပါတယ်။ အစ်ကို့ရဲ့ အရည်အချင်းက မင်းလောက်

မကောင်းတော့ပေမဲ့ ကျင့်ကြံရေးအဆင့်ကတော့ မနိမ့်တာမို့ ကူညီပေးနိုင်လောက်ပါရဲ့ ”

ရှဲ့ထျန်းမင်ဆီမှ ထိုသို့သောစကားများကို ကြားရလိမ့်မည်ဟု မထင်မှတ်ထားသော လုရီမှာ တစ်ခဏ ကြောင်အသွားရသည်။

ကြည့်ရတာ ဒီစီနီယာအစ်ကိုက လူကောင်းထင်တယ်။

လုရီက ခေါင်းညိတ်ပြီး ပြံးပြလိုက်ကာ

“ ဒါဖြင့် ကျွန်တော့်မှာ အခက်အခဲပေါ်လာရင် အစ်ကိုရှဲ့ကို ဒုက္ခပေးပါရစေ ”

“ ဟားဟား ဒုက္ခမဖြစ်ပါဘူး။ ကဲ၊ လုပ်စရာရှိတာလုပ်ကြဦး အစ်ကို သွားတော့မယ် ”

ရှဲ့ထျန်းမင်က ပြောပြောဆိုဆိုနှင့် အလင်းတန်း အသွင်ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။

ရှဲ့ထျန်းမင်၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ကာ လုရီ မှတ်ချက်ချလိုက်သည်။

“ အစ်ကိုရှဲ့က တော်တော်လေးသဘောကောင်းတာပဲ ”

ထိုအခါ သုန်းကုန်းမင်ယွဲ့က တခစ်ခစ်ရယ်ကာပြောလာ၏။

“ ငါတို့ လင်းလောင် တောင်ထိပ်က စီနီယာအစ်ကိုအစ်မတွေအားလုံး သဘောကောင်းကြပါတယ်။ တောင်ထိပ် ၁၂ခုထဲမှာ လင်းလောင် တောင်ထိပ်က အကောင်းဆုံးပတ်ဝန်းကျင်ပဲလေ။ အစ်ကိုတွေအစ်မတွေကလည်း တစ်သားတည်းစည်းလုံးကြတယ် ”

လုရီမျက်နှာမှာ ပြုံးယောင်သန်းသွားပြီး

“ အကောင်းဆုံးပဲပေါ့ ”

ကိုယ်ပိုင်အမြင်ရဆိုလျှင် သူသည်ထိုပတ်ဝန်းကျင်မျိုးကို နှစ်သက်၏။ သူက မကောင်းမကြံတတ်သလို ဘာမဟုတ်တာလေးနှင့်လည်း မငြင်းခုံတတ်သည့် လူတစ်ယောက်မို့ ဒီလိုဖော်ရွေသည့် လူများနှင့် မိတ်ဆွေဖွဲ့ရသည်ကို ကြိုက်မိသည်။

“ အထဲဝင်ရအောင် ”ဟု သုန်းကုန်းမင်ယွဲ့က နှိုးဆော်လိုက်သည်။

ထို့နောက် နှစ်ဦးသား ရင်းမြစ်ခန်းမဆောင်ဆီ ဝင်သွားလိုက်ကြသည်။

အရင်းအမြစ် ခန်းမဆောင်၏ အတွင်းဘက်ဟာ အလွန်ကျယ်ဝန်းလှပြီး ခန်းမတံခါးနားတွင် ဆံပင်ဖြူနှင့်သက်ကြီးလူတစ်ယောက် ကျောက်ထိုင်ခုံကိုမှီကာ ထိုင်လျက်ရှိသည်။ ခန်းမဆောင်၏ အတွင်းဘက်ဟာ အလွန်ကျယ်ဝန်းလှပြီး ခန်းမတံခါးနားတွင် ဆံပင်ဖြူနှင့်သက်ကြီးလူတစ်ယောက် ကျောက်ထိုင်ခုံကိုမှီကာ ထိုင်လျက်ရှိသည်။

ကျောက်ထိုင်ခုံမှာ လှုပ်ရမ်းနေပြီး ထိုဘေးတွင် လက်ဖက်ရည်အိုးတင်ထားသော စားပွဲငယ်တစ်ခုရှိ၏။

အကြီးအကဲကို မြင်သွားသည့် သုန်းကုန်းမင်ယွဲ့က ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။

“ အကြီးအကဲဝမ် ကျွန်မတို့ ရင်းမြစ်တွေယူဖို့လာခဲ့တာပါ ”

အကြီးအကဲဝမ်က သူမအားကြည့်ကာ ကြင်ကြင်နာနာပြုံးပြပြီး

“မင်ယွဲ့ပါလား၊ ဒီတစ်ခါ ဘာယူမလဲကွဲ့”

ထိုအခါ သုန်းကုန်းမင်ယွဲ့က ပြုံးပြီး လုရီအား လက်ညှိုးထိုးပြလိုက်ကာ

“ ဒီတစ်ခါတော့ ကျွန်မ မဟုတ်ဘဲ ဒီက ကျွန်မရဲ့ အငယ်တန်းအစ်ကို လုရီအတွက်ပါ။ ဒါနဲ့ တောင်ထိပ်သခင်မက ကျွန်မရဲ့ အငယ်တန်းအစ်ကိုကို စာရင်းသွင်းတပည့်အဖြသ် လက်ခံထားတယ်ဆိုတော့ နောက်ပိုင်းကျ ရင်းမြစ်အများကြီး ထုတ်ပေးပါနော် ”

အကြီးအကဲဝမ်မှာ ထိုစကားကိုကြားသည့်အခါ အံ့ဩတကြီးဖြင့် လုရီအားကြည့်လာသည်။

“ ကောင်လေးက မဆိုးဘူးပဲ။ ငါတို့တောင်ထိပ်သခင်မက အင်မတန် ဂျီးများတာ။ သူကမျက်စိကျတယ်ဆိုတော့ မင်းကလည်း မွေးရာပါစိတ်ဝိဉာဉ်ခန္ဓာကိုယ်ရှိတဲ့လူပဲလား ”

လုရီ အပြုံးဖြင့် ခေါင်းကိုခါလိုက်သည်။

“ မနောက်ပါနဲ့ အကြီးအကဲဝမ်။ ကျွန်တော့်မှာ သာမန်ခန္ဓာကိုယ်ပဲ ရှိတာပါ ”

ထိုစကားကို ကြားလိုက်ရသည့် အကြီးအကဲဝမ်မှာ ပိုလို့တောင် အံ့ဩသွားသည်။

“ ဒီလိုသာမန်ခန္ဓာကိုယ်နဲ့လူကို တောင်ထိပ်သခင်မက စာရင်းသွင်းတပည့်အနေနဲ့ လက်ခံတယ်ပေါ့။ ကြည့်ရတာ တခြားနယ်ပယ်မှာ အတော်လေး အားသန်မဲ့ပုံပဲ ”

“ ကျွန်မရဲ့ အငယ်တန်းအစ်ကိုမှာရှိတဲ့ နားလည်တတ်မြောက်နိုင်စွမ်းကတကယ်အားကောင်းတာ။ စီနီယာအစ်မ လျိုနင်ရွှမ်းထက်တောင် အားကောင်းသေးတယ်။ တောင်ထိပ်ဝင်ခွင့်စာမေးပွဲရဲ့ နားလည်မှုစစ်ဆေးခြင်း စာမေးပွဲမှာဆို နာရီဝက်ပဲကြာတယ် ”

သုန်းကုန်းမင်ယွဲ့မှာ ကိုယ့်အကြောင်းကိုယ်ပြောနေရသလိုမျိုး ဂုဏ်ယူနေသည့်အသံဖြင့် ကြွားဝါလိုက်သည်။

အကြီးအကဲဝမ်မှာ မျက်ခုံးတန်းများ မြောက်တက်သွားပြီး လုရီအား အံ့ဩသည့်အမူအရာဖြင့် ကြည့်ကာ

“ တကယ်ပဲ အခုခေတ်ကလေးတွေကတော့ အရင်ခေတ်မျိုးဆက်ကို တစ်ယောက်ပြီးတစ်ယောက် ကျော်တက်ကုန်ကြပြီပဲ။ ငါတို့လင်းလောင် တောင်ထိပ်ရဲ့ အနာဂတ်က မင်းတို့ လူငယ်လေးတွေအပေါ် မူတည်နေတာကွ”

အကြီးအကဲဝမ်က ခေါင်းကိုခါကာ စပ်စုတာကို ရပ်လိုက်သည်။

“ ကောင်လေး ဘာရင်းမြစ် လိုချင်တာလဲ။ ရင်းမြစ်ခန်းမထဲက ဘာမဆို ယူနိုင်တယ်.. ဒါပေမဲ့ တစ်ချို့ အဖိုးတန်တဲ့ ရင်းမြစ်တွေကိုတော့ ဘာအတွက် သုံးမယ်ဆိုတာရှင်းပြပြီးမှ ယူလို့ရနိုင်မယ်။ မဟုတ်ရင် တောင်ထိပ်သခင်မဆီ ရှင်းပြလို့မရဘဲနေလိမ့်မယ် ”

လုရီက နားလည်ကြောင်း ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကာ

“ ကျွန်တော် ကျင့်ကြံဖို့အတွက် ချီသန့်စင်ခြင်း နယ်ပယ် ကျင့်ကြံရေး ဆေးတွေနဲ့ ကိုယ်ခန္ဓာသက်စောင့်ဆေး နည်းနည်းလိုပါတယ်။ ပြီးတော့ သိပ်အဖိုးမတန်တဲ့ကျားရိုး၊ စိတ်ဝိဉာဉ်ဂျင်ဆင်းနဲ့ ဝိဉာဉ်ပြန့်ကျဲမြတ်တွေလို ပစ္စည်းတွေရောပဲ… ”

လုရီ၏ တောင်းဆိုချက်ကိုနားထောင်ပြီး အကြီးအကဲဝမ်က ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်ကာ မေးလာသည်။

“ ဒီပစ္စည်းတွေကမရှားတာမို့ လက်ကျန်နည်းနည်းတော့ရှိပါတယ်။ ဒါပေမဲ့.. လူကလေး မင်းအတွက်ဆိုရင် ပုံမှန် ကျင့်ကြံရေးဆေးတွေကိုပဲ လိုတာမဟုတ်ဘူးလား။ ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲ။ မင်း မှော်ဆေး ဖော်စပ်တတ်တာလား ”

ထိုအခါ လုရီက ခပ်ရှက်ရှက်ဖြင့်ပြုံးကာ

“ ကျွန်တော် အပြင်ဆောင်ဂိုဏ်းမှာ ရှိနေတုန်းက စိတ်ဝိဉာဉ်အစားအစာ ချက်ပြုတ်တဲ့နည်းလမ်းနဲ့ ဝိုင်ဖော်စပ်တဲ့ နည်းလမ်းတွေကို ရခဲ့ပါတယ်။ အပြင်ဆောင်ဂိုဏ်းမှာက ဒီပစ္စည်းတွေကိုရှာဖို့ မလွယ်တာမလို့ အခုအခွင့်အရေးရတဲ့အတွက် စမ်းကြည့်ဖို့စဉ်းစားနေတာပါ ”

တိမ်ဖြူဂိုဏ်းတွင် အပြင်ဆောင်ဂိုဏ်းဖြစ်စေ၊ အတွင်းဂိုဏ်းဖြစ်စေ ဂိုဏ်းတာဝန်တစ်ခုကို ချွင်းချက်မရှိ တစ်နှစ်တစ်ခါ လုပ်ရပေသည်။ ဂိုဏ်း၏ပိုင်ဆိုင်မှုကို တိုးမြှင့်းရာလည်း ရောက်ပြီး ဂိုဏ်းအတွက် ဆောင်ရွက်ပေးသည့် လူများကိုလည်း ဆုချီးမြှင့်လေ့ရှိသည်။

လုရီအတွက် အပြင်ဆောင်ဂိုဏ်းတွင် တာဝန်လုပ်ရင်း ဆုရသည်မှာ ပုံမှန်ဖြစ်ပြီး လူတိုင်းတွင်လည်းအခွင့်အရေးရှိသည်။

အရင်က လင်းလောင် တောင်ထိပ်သခင်မ ပြောခဲ့သော သူ့တွင်ရှိသည့် ကံကောင်းမှုမှာ အပြင်ဆောင်ဂိုဏ်းတွင် တာဝန်တွေပြီးအောင်လုပ်ရင်း ရရှိခဲ့သည့်အခွင့်အရေးများ ဖြစ်သည်ဟု ယူဆနိုင်သည်။

လုရီ၏ရှင်းပြချက်ကို ကြားသည့်အခါ အကြီးအကဲဝမ် ရယ်ကာ

“ ဆိုတော့ ကိုယ်တိုင် စိတ်ဝိဉာဉ်အစားအသောက်နဲ့ ဝိုင်တွေကို ချက်မှာပေါ့။ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးပဲ ကလေး။ မင်းအောင်မြင်သွားရင် ဒီအဖိုးကြီးကိုလည်း ပေးမြည်းပါဦး ”

လုရီက ချက်ချင်း ရယ်လိုက်ကာ

“ သေချာတာပေါ့၊ ကျွန်တော်ကအကြီးအကဲဝမ်စားဖို့ ယူလာပေးပါ့မယ် ”

သုန်းကုန်းမင်ယွဲ့ကပါ တစ်ခစ်ခစ်ရယ်လိုက်ကာ

“ အငယ်တန်းအစ်ကို ..ငါလည်း မြည်းချင်တယ်နော် ”

လုရီက ပြုံးပြီး ခေါင်းညိတ်ရင်း

“ ကျွန်တော့်ရဲ့ စီနီယာညီမလေးကို မေ့ထားလို့ ဖြစ်ပါ့မလား ”

ထိုအခါမှပဲ သုန်းကုန်းမင်ယွဲ့က စိတ်ကျေနပ်သွားသည့်ပုံနှင့် ခေါင်းညိတ်ကာ မှပဲ သုန်းကုန်းမင်ယွဲ့က စိတ်ကျေနပ်သွားသည့်ပုံနှင့် ခေါင်းညိတ်ကာ

လုရီ ပုခုံးကို ပုတ်လိုက်သည်။

“ ငါ့ရဲ့ ချစ်လှစွာသော အငယ်တန်းအစ်ကို ဖြစ်ဖို့ထိုက်တန်တယ် ”

အကြီးအကဲဝမ်က ရယ်လိုက်ကာ

“ ဒီမှာခဏစောင့် ”

ဟုပြောပြီး ထရပ်ကာ အတွင်းတံခါးကိုဖြတ်ပြီး ခန်းမထဲသို့ဝင်သွားတော့သည်။

သိပ်မကြာခင်မှာပဲ အထုတ်ကြီးအထုတ်ငယ်တွေပိုက်ပြီး ပြန်လာသော အကြီးအကဲဝမ်က စားပွဲပေါ်တွင်ချလိုက်သည်။

“ ကလေး၊ မင်း ပစ္စည်းတွေရပြီ။ ချီသိပ်သည်းဆေးနဲ့ ကိုယ်ခန္ဓာသက်စောင့်ဆေးတွေအကုန်လုံးက ထိပ်တန်းအဆင့်တွေချည်းပဲ။ ဒါတွေက တိမ်ဖြူဂိုဏ်းမှာပဲ ရနိုင်တဲ့ အဆင့်အမြင့်ဆုံးအရည်အသွေးပဲ။ ချင်းကျိုးတစ်ခုလုံးအပြင် အရှေ့ပိုင်းနယ်မြေတစ်ခုလုံးမှာတောင် ပြီးပြည့်စုံတဲ့ သက်စောင့်ဆေးတွေက နည်းနည်းပဲရှိတာ.. တခြားပစ္စည်းတွေကိုတော့ မင်း လေ့ကျင့်လို့ရအောင် ဆယ်ယောက်စာ ယူလာပေးတယ် ”

စိတ်ဝိဉာဉ်အစားအသောက်များကို ချက်ပြုတ်ရသည်မှာ ဖိုထိုးသည်နှင့် တူသည်မို့ အရည်အချင်းရှိဖို့လိုအပ်ပြီး တစ်ခါတည်းကြိုးစားရုံနှင့် အောင်မြင်နိုင်သည့် အရာမဟုတ်ပေ။ အကြီးအကဲဝမ်သည်လည်း လုရီတစ်ခါတည်းနှင့် အောင်မြင်မည်ဟု တွေးထားပုံမရ။

ထိုရင်းမြစ်များမှာ များပြားသော်လည်း လင်းလောင် တောင်ထိပ်တစ်ခုလုံးရှိ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။

တောင်ထိပ်သခင်မထဲမှ စာရင်းသွင်း အသိအမှတ်ပြုခံထားရသော တပည့်တစ်ယောက်အနေဖြင့် အေးအေးဆေးဆေး ရယူနိုင်လေသည်။

“ အဟဲ၊ ကျေးဇူးတင်ပါတယ် အကြီးအကဲဝမ် “

“ အင်း သွားပြီး ကျင့်ကြံပေတော့ ”

အကြီးအကဲဝမ်က ပြုံးပြီးခေါင်းညိတ်ကာ ဆက်ပြောသည်။

“ ကလေး၊ မင်း တကယ်အောင်မြင်ခဲ့ရင် အဖိုးကြီးဆီယူလာခဲ့ပါဦး ”

လုရီ သွားပေါ်အောင်ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ သေချာပေါက် ယူလာပါ့မယ် ”

ထို့နောက် အရင်းအမြစ်များအား သိုလှောင် လက်စွပ်ထဲသို့ ထည့်ကာ သုန်းကုန်းမင်ယွဲ့နှင့်အတူ ပြန်လာခဲ့၏။

“ အငယ်တန်းအစ်ကို အခု အရင်းအမြစ်ပစ္စည်းတွေ ရပြီဆိုတော့ ငါ့ဆီက အကူအညီလိုတာ ရှိသေးလား ”

သုန်းကုန်းမင်ယွဲ့က ပြုံးပြကာ မေးသည်။

လုရီက

“ တကယ်တော့ ရှိသေးတယ် ဒုစီနီယာညီမလေး၊ ခန္ဓာသန့်စင်သိုင်းပညာကို ဘယ်လိုကျင့်ကြံရမလဲ ”

-----------------

All Chapters