← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း၅၂- နတ်ဘုရား အသွင်ပြောင်းလဲခြင်း နယ်ပယ် ဓားသမား...

~“ ခန္ဓာသန့်စင် သိုင်းပညာ ဟုတ်လား ”

သုန်းကုန်းမင်ယွဲ့က အံ့ဩတကြီး ပြန်မေးပြီးနောက် ပြောစရာစကားပျောက်သွား

သည့်ပုံနှင့်

“ တောင်ထိပ်သခင်မက နင့်ကိုအခုထိမပေးရသေးဘူးလား ”

လုရီအံ့ဩသွားကာ မသေမချာမေးလိုက်သည်။

“ တောင်ထိပ်သခင်မက ပေးတာလား ”

“ ဒါပေါ့။ ကောင်းကင်ဘုံတာအိုကန့်သတ်ချက်ကို ဖောက်ထွက်မယ်ဆိုရင် စိတ်ဝိဉာဉ်ကျင့်ကြံရေးရော၊ ကိုယ်ခန္ဓာခွန်အားရောက အားနည်းနေလို့မရဘဲ အဆက်မပြတ်တိုးတက်နေမှရမှာလေ။ ဒါကြောင့် တောင်ထိပ်သခင်မက ငါ့ကို ခန္ဓာသန့်စင်သိုင်းပညာ ပေးထားတယ် ”

လုရီ၏မျက်နှာမှာ မဲ့ရှုံ့သွားကာ

“ ဒါဖြင့် ငါကကျ‌တော့ ဘာလို့ မရသေးတာလဲ ”

တောင်ထိပ်သခင်မက သူ့ကို မကြိုက်တာများလား။

လုရီမှာ သူ့ဘဝသူ စတင်သံသယဝင်လာရသည်။

သုန်းကုန်းမင်ယွဲ့ ခေါင်းကို စောင်းကာ

တစ်ခဏမျှ စဉ်းစားရင်း

“ ကြည့်ရတာ သခင်မက မေ့သွားတာ

ဖြစ်မှာ ”

လုရီမှာ ခေါင်းခြောက်သွားရ၏။

“ မေ့တယ် ဟုတ်လား ”

ဒါက ဘယ်လို ဆင်ခြေဆင်လက်မျိုးလဲ။

“ ဟုတ်တယ် ၊ လုရီ..နင် တောင်ထိပ်သခင်မရဲ့ ပင်ကိုယ်ပုံစံကို တွေ့ပြီးပြီ

မလား။ သူက မကြာခဏ မေ့တတ်တယ် ”

ကာလနဂါးကဲ့သို့ အိပ်ချင်နေသည့်ပုံစံကို ပိုင်ဆိုင်ထားသော တောင်ထိပ်သခင်မ၏ ပုံစံကိုတွေးမိသည့် လုရီမှာ သူမ၏ရှင်းပြချက် ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။

လုရီ ကူကယ်ရာမဲ့စွာ

“ ဒါဖြင့် ငါ အခုဘာလုပ်ရမလဲ ”

ဒုန်ကုန်မင်းယွီကပြုံးလိုက်ကာ ပြောသည်။

“ မပူပါနဲ့ ၊ ငါ နင့်ကို သိုင်းကျမ်းဆောင်ဆီ ခေါ်သွားပေးမယ်။ အဲ့ကနေတစ်အုပ်ရွေးလိုက်ပေါ့ ”

လုရီအံ့ဩသွားကာ

“ အဲ့လိုဆို အဆင်ပြေပါ့မလား ”

ကျင့်ကြံရေးစွမ်းရည်တွေနှင့် ပတ်သတ်ပြီး တိမ်ဖြူဂိုဏ်းတွင် တင်းကြပ်သည့်စည်းမျဉ်းများ ရှိသည်ကို လုရိသိသည်။

ဂိုဏ်းအပြင်ဘက်မှ သိုင်းပညာကိုရရှိလာတာက ကိစ္စတစ်ခုဖြစ်ပြီး ဂိုဏ်းအတွင်းကနေ ရယူဖို့ဆိုလျှင် တာဝန်တွေကို ပြီးအောင်လုပ်ပြီး ဂိုဏ်းမှ လိုအပ်သည့်နေရာတွေကို အကျိုးပြုပြီး ရလာမည့်ဂိုဏ်းအမှတ်တွေနှင့်လဲလှယ်ဖို့လိုသည်။ တခြားသော အကြောင်းများကြောင့် ကျင့်ကြံရေးစွမ်းရည်တွေကို ရယူရန်မှာ အတော်လေးခဲယဉ်းလှသည်။

ထို့ကြောင့် ခန္ဓာကိုယ်သန့်စင်သိုင်းပညာကို ယခုလိုတိုက်ရိုက်ရယူနိုင်သည်ဟု ကြားလိုက်ရသည့်လုရိမှာ ယုံကြည်ရခက်နေသည်။

သုန်းကုန်းမင်ယွဲ့က အေးဆေးလူလူဖြင့် လက်ကိုဝှေ့ယမ်းကာ

“ ကိစ္စမရှိပါဘူး စိတ်မပူပါနဲ့ အငယ်တန်းအစ်ကို။ ကိစ္စတစ်ခုခုရှိရင် ငါ့ကိုရှာပါလို့ တောင်ထိပ်သခင်မက ပြောထားတယ်မလား။ အခြေအနေတွေကို ငါ ရှင်းပြလိုက်တာနဲ့ သူတို့က ကျိန်းသေပေါက် နင့်ကို ပေးမှာပဲ။ နင်က လင်းလောင် တောင်ထိပ်သခင်ရဲ့ စာရင်းသွင်းတပည့်၊ ပြီးတော့ တောင်ထိပ်သခင်မရဲ့မျက်နှာက တိမ်ဖြူဂိုဏ်းမှာ အရေးပါတယ်လေ ”

သုန်းကုန်းမင်ယွဲ့က ဖျောင်းဖျ၏။

ဒါကို ကြားသည့်အခါ လုရီ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီလေ ”

ဒါက သိုင်းပညာစနစ်ကို ရဖို့ အမြန်ဆုံးနည်းလမ်းမို့ လုရီ ငြင်းမနေတော့။

“ ဒါဖြင့် သွားရအောင် ”

သုန်းကုန်းမင်ယွဲ့ ပြုံးကာ ပြောလိုက်သည်။

တိမ်ဖြူဂိုဏ်း၏ သိုင်းကျမ်းဆောင်သည်

ရင်းမြစ်ခန်းမဆောင်နှင့် ကွာခြားသည်။ တောင်ထိပ် တစ်ခုစီတွင် ရင်းမြစ်ခန်းမဆောင်တစ်ခုစီရှိပြီး

သိုင်းကျမ်းဆောင်မှာမူ တစ်ခုတည်းသာရှိသည်။၎င်းက တိမ်ဖြူပင်မ ထောင်ထိပ််၏ ဘေးနား တောင်ထိပ်နေရာတွင် တည်ရှိသည်။

လုရီတို့နှစ်ဦးမှာ ခန်းမဆောင်တွေကိုဖြတ်ကျော်သွားပြီးနောက် စာအုပ်သိမ်းဆည်းဆောင်ရှိရာ တိမ်ဖြူတောင်ထိပ်ဘေးရှိ တောင်ထိပ်နေရာငယ်၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။

ငါးထပ်မြင့်သော အဆောက်အဦးကြီးတစ်ခုဖြစ်ပြီး အပြင်ဘက်တွင် အတော်အတန်ကြီးမားသော ရင်ပြင်ကျယ် တစ်ခု ရှိသည်။

ကျင့်ကြံသူများ ဓားဖြင့်ပျံသန်းလာကြပြီး ရင်ပြင်တွင် ဆင်းသက်ကာ သိုင်းကျမ်းဆောင်အတွင်းသို့ ဝင်ထွက်သွားလာနေကြသည်မှာ အသက်ဝင်လှသည်။

ကျင့်ကြံသူအများစုမှာ ခွန်အားမြှင့်တင်ရန်ဖို့လိုအပ်သည့် ကျင့်ကြံရေးသိုင်းပညာရရန်အတွက် ဂိုဏ်းတာဝန်တွေလုပ်ဆောင်ဖို့ ကြိုးပမ်းကြရသည်။

လုရီနှင့် သုန်းကုန်းမင်ယွဲ့တို့ ရင်ပြင်မှ

ဖြတ်သွားသည့်အခါ အချို့သော ဂိုဏ်းသားများက သုန်းကုန်းမင်ယွဲ့အား မှတ်မိကြပြီး အံ့ဩတကြီးနှုတ်ဆက်ကြသည်။

လင်းလောင် တောင်ထိပ် သခင်မ၏ စာရင်းသွင်းခံတပည့်တစ်ယောက်အနေဖြင့် တိမ်ဖြူဂိုဏ်းရှိ သုန်းကုန်းမင်ယွဲ့၏ နေရာမှာ အတော်လေးတော့ အရေးပါသည်။

သူမဘေးနားရှိ လုရီမှာလည်း လူအများကြီး၏ စူးစိုက်ကြည့်ခြင်းကို ခံနေရလေသည်။

လုရီကို သိကြသူများက ခေါင်းညိတ်နှုတ်ဆက်ကြပြီး မသိသေးသည့်လူများကမူ သိချင်နေကြသည်။

နှစ်ဦးသားဝင်သွားသည့်အခါ တံခါးပေါက်နားတွင် ထိုင်နေသော ပိန်ပိန်ပါးပါး ဆံပင်ဖြူအရှည်နှင့် အကြီးအကဲတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုအကြီးအကဲအိုကြီး၏ ပုံစံမှာ သာမန်လူနှင့်တူသော်လည်း လုရီကတော့ သာမန်လူဟုမထင်ပေ။ သိုင်းကျမ်းဆောင်လို အရေးကြီးသည့်နေရာတွင်ရှိသည့် လူက ဘယ်လိုလုပ် သာမန်အစောင့်တစ်ယောက် ဖြစ်နိုင်မည်နည်း။

သေချာပေါက် အားကောင်းသော အကြီးအကဲတစ်ဦးဖြစ်ပေလိမ့်မည်။

ဝင်လာသည့် သူတို့နှစ်ဦးကိုကြည့်ပြီး အကြီးအကဲက မျက်ခုံးပင့်ကာ အပြုံးဖြင့်နှုတ်ဆက်သည်။

“ မိန်းကလေး မင်ယွဲ့ပါလား။ ဘာကြောင့်လာခဲ့တာလဲ ”

မင်းယွီမှာ အကြီးအကဲဝမ်ကို တွေ့တုန်းကထက် ပိုမိုရိုကျိုးသောပုံဖြင့် ပြုံးကာဆိုသည်။

“ နှုတ်ဆက်ပါတယ် အကြီးအကဲမင်။ ကျွန်မရဲ့ အငယ်တန်းအစ်ကိုက ခန္ဓာသန့်စင်သိုင်းပညာစာအုပ်ရွေးဖို့လိုတဲ့အတွက် လာခဲ့တာပါ ”

ဒါကိုကြားသည့်အခါ အကြီးအကဲမျက်လုံးပင့်ပြီး လုရီအားကြည့်လာသည်။

“ အငယ်တန်းအစ်ကိုဟုတ်လား။ လင်းလောင်တောင်ထိပ်သခင်မက နောက်ထပ် စာရင်းသွင်းတပည့်တစ်ယောက်ကို လက်ခံလိုက်တာလား ”

အဓိကဝင်ပေါက်သို့ ဝင်နေထွက်နေကြသော ဂိုဏ်းသားများမှာ လုရီအားအံ့ဩတကြီး ကြည့်လိုက်ကြပြီး တီးတိုးပြောကုန်ကြသည်။

“ ဘာ။ လင်းလောင် တောင်ထိပ်သခင်မက နောက်ထပ် စာရင်းသွင်းတပည့်တစ်ယောက်ကိုလက်ခံတယ်ပေါ့ ”

“ ဒီကောင်လေးက ဘယ်သူလဲ။ ငါတစ်ခါမှမြင်ဖူးပါဘူး ပြီးတော့ ဒီကောင်လေးကို လင်းလော်တောင်ထိပ်သခင်မက မျက်စိကျတယ်ပေါ့လေ ”

“ အင်း ငါဒီကောင်လေးကိုသိတယ်။ သူ့နာမည်က လုရီ အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲမှာ ပထမရတဲ့လူထင်တယ် ”

“ အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲမှာ ပထမရတဲ့လူဟုတ်လား။ အပြင်ဆောင်ဂိုဏ်းဆိုတာ ဘယ်လိုနေရာမျိုးမလို့လဲ။ အဲ့လိုနေရာမျိုးကလူတစ်ယောက်က ဘယ်လိုလုပ် လင်းလော်တောင်ထိပ်သခင်မျက်စိကျတာကို ခံရတာလဲ။ ဖြစ်နိုင်လို့လား ”

“ ဟုတ်တယ် အပြင်ဆောင်ဂိုဏ်းက ပါရမီရှင်ဘယ်နှယောက်ကိုများ လင်းလော်တောင်ထိပ်သခင်မက သဘောကျဖူးလို့လဲ။ ဒီကောင်လေးက တကယ်ပဲ အပြင်ဆောင်ဂိုဏ်းကလား ”

“ အကြီးအကဲတစ်ယောက်ဆီက ကြားလာတာတော့ဒီကောင်လေးရဲ့ နားလည်တတ်မြောက်နိုင်စွမ်းက တော်တော်မြင့်တယ်ဆိုပဲ။ အပြင်ဆောင်ဂိုဏ်းရဲ့ သိုင်းပညာနဲ့ နည်းစနစ်တွေအကုန်လုံးကို တတ်ကျွမ်းပြီးတဲ့အပြင် ဓားရည်ရွယ်ချက်စွမ်းအင်ကိုပါ နားလည်တယ်တဲ့ ”

ထိုစကားကြောင့် ဂိုဏ်းသားအများစုဟာ တစ်ခဏ တိတ်ဆိတ်ကုန်ကြပြီးနောက် အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်ကြသည်။

“ သူကအခုမှ ချီကျင့်ကြံရေးလောကမှာပဲ ရှိသေးတာမလား။ ချီကျင့်ကြံရေးအဆင့်နဲ့ ဓားရည်ရွယ်ချက်စွမ်းအင်ကို တတ်မြောက်ထားတယ်ဆိုတော့ မအံ့ဩတော့ပါဘူး … ”

“ အခုခေတ်လူငယ်တွေကတော့ တကယ့်ကိုပြိုင်ဆိုင်မှုပြင်းထန်တာပဲ။ တိမ်ဖြူဂိုဏ်းက စီနီယာအစ်မ လျုနင်ရွှမ်းလိုမျိုး ငယ်ရွယ်တဲ့ ပါရမီရှင်တစ်ယောက်ကို

သိပ်မကြာခင်မှာပဲ မွေးထုတ်ပေးနိုင်တော့မယ်ထင်တယ် ”

“ ဒါကသတင်းကောင်းပဲ…”

လူတိုင်းက အသံနိမ့်နိမ့်ဖြင့် တီးတိုးပြောနေကြသည့်အချိန်တွင် ဒုန်ကုန်းမင်းယွီက နှုတ်ခမ်းတို့ကိုကွေးလိုက်ကာ အပြုံးတစ်ခုဖြင့်ထောက်ခံသည်။

“ အမှန်ပဲ ”

လုရီကလည်း အကြီးအကဲမင်အား ရိုကျိုးစွာဖြင့် နှုတ်ဆက်လိုက်သည်။

“ အကြီးအကဲမင်ကို တပည့်လုရီ နှုတ်ဆက်ပါတယ် ”

ဘေးနားရှိစကားသံတွေကို ကြားနေရသည့် အကြီးအကဲမင်၏ မျက်လုံးထဲတွင် အံ့ဩရိပ်တစ်ချို့ ဖြတ်ပြေးသွားပြီး လုရီကို စူးစမ်းသလိုကြည့်ကာ ခေါင်းညိတ်ပြီးနောက် နွေးနွေးထွေးထွေးဆိုသည်။

“ ချီကျင့်ကြံရေးလောကမှာတင် ဓားစိတ်ဆန္ဒကို တတ်မြောက်ထားတယ်ဟုတ်လား။ တကယ်ကို အသိအမှတ်ပြုခံရလောက်ပါပေတယ်။ ကျုပ်ငယ်ငယ်တုန်းကထက်တောင် အများကြီးတော်နေမှတော့ အဲ့မိန်းကလေးရဲ့ မျက်စိကျတာကိုခံရတာ မဆန်းတော့ပါဘူး။ အချိန်ရှိရင် ကျုပ်ဆီလာလည်ပါဦး။ ဒီအဖိုးကြီးမှာ ဓားစိတ်ဆန္ဒနဲ့ ပတ်သတ်တဲ့ အတွေးအမြင်တွေရှိတယ် ”

ထိုစကားများကြောင့် လုရီတစ်ယောက်တည်း အံ့ဩသွားရသည်

မဟုတ်ဘဲ ဘေးနားရှိတပည့်များကပါ တိတ်ဆိတ်သွားကြသည်။ ထို့နောက် လုရီအား အားကျသည့် မျက်လုံးများဖြင့်ကြည့်ကာ

“ ရှီးးး… ပါရမီရှင်တွေကတော့ တကယ်မတူဘူးပဲ.. အခုမှရောက်လာတာကို အကြီးအကဲမင်ရဲ့ အာရုံစိုက်တာကို ခံနေရပြီ ”

“ သေစမ်း ငါလည်းဘာလို့ ဓားနှစ်လက် သိုင်းပါရမီရှင် မဖြစ်ရတာလဲ ”

“ အကြီးအကဲမင်က နတ်ဘုရားအသွင် ပြောင်းလဲခြင်းနယ်ပယ် ဓားသမားတစ်ယောက်ပဲ။ သူ့ရဲ့ ဓားစိတ်ဆန္ဒက ကောင်းကင်ဘုံအဆင့်အထိရောက်ပြီး အရမ်းကြောက်စရာကောင်းတယ်ပြောကြတယ်။ ဒီလိုအကြီးအကဲမင်ဆီက သင်ပြမှုကိုရတာ.. ဒီကောင်လေးအတော် ကံကောင်းတာပဲ ”

စီနီယာအစ်ကိုအစ်မတွေ၏ စကားသံကို ကြားနေရသော လုရီခင်ဗျာ မှင်သက်သွားရပြန်သည်။

ဆိုတော့ အကြီးအကဲမင်က နတ်ဘုရားအသွင် ပြောင်းလဲခြင်းနယ်ပယ်ရှိတဲ့ ဓားရေးကျင့်ကြံတဲ့ တကယ့်အကောင်ကြီးပေါ့။

စီနီယာအစ်ကိုအစ်မတွေ သူ့ကိုကြည့်ပြီး

မဖုံးနိုင်မကွယ်နိုင်လောက်အောင် ဆွေးနွေးနေကြသည်မှာ မထူးဆန်းတော့ပေ။

အကြီးအကဲမင်က အရှိန်အဝါကြီးနေတာကိုး…

လုရီအံ့အားသင့်နေတုန်းမှာပဲ သုန်းကုန်းမင်ယွဲ့က လုရီဝတ်ရုံလက်ကို ဆွဲကာအသိဝင်အောင်ပြန်လုပ်လိုက်ပြီး အကြီးအကဲမင်းအား ချိုသာစွာ ပြုံးပြရင်း ပြောသည်။

“ အကြီးအကဲမင်က အငယ်တန်းအစ်ကိုအတွက် အခုလိုစဉ်းစားပေးတာ တကယ်ကံကောင်းတာပါပဲ။ အကြီးအကဲဆီ သူ

မကြာခဏ လာလည်မှာပါ ”

အသိပြန်ဝင်လာသည့် လုရီမှာ ခန္ဓာကိုယ်ကိုပြင်ကာ ချက်ချင်းပြောလိုက်သည်။

“ လုရီ အကြီးအကဲမင်ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ အကြီးအကဲမင်ဆီက ဓားနှစ်လက်သိုင်းနဲ့ပတ်သတ်ပြီး လမ်းညွှန်မှုကို ခံယူဖို့မကြာခဏ လာလည်ပါ့မယ် ”

အကြီးအကဲမင်က ခေါင်းကိုဖြည်းညှင်းစွာညိတ်လိုက်ပြီး ပြောသည်။

“ မင်းက အဲ့မိန်းကလေးရဲ့ စာရင်းသွင်းတပည့်ဆိုတော့ သေချာပေါက်ဝင်လို့ရပါတယ်။ ဒါပေမဲ့ဒီတစ်ခါတော့ ပထမထပ်မှာ ဝင်ရွေးပါ ”

ဒုန်ကုန်းမင်းယွီက ပြုံးပြကာ

“ ကျေးဇူးတင်ပါတယ် အကြီးအကဲမင် ”

“ မင်ယွဲ့လေးကတော့ ဝင်လို့မရဘူး။ ဒီမှာနေခဲ့ပြီး ဒီက အဖိုးကြီးနဲ့စကားပြောပေးပါ ”

သုန်းကုန်းမင်ယွဲ့မှာ ပြောရမဲ့စကားရပ်သွားပြီး

“ သွားပြီးရွေးတော့ အငယ်တန်းအစ်ကို ”

လုရီက ခေါင်းညိတ်လိုက်သည်။

“ ကောင်းပါပြီ ”

ထို့နောက် အရှိန်အဝါကြီးမားသည့်

ခန္ဓာသန့်စင်သိုင်းပညာအား ရှာတွေ့ဖို့

မျှော်လင့်ချက် အပြည့်ဖြင့် သိုင်းကျမ်းဆောင်အတွင်းသို့ ဝင်သွားလေတော့သည်။

--------------

အခန်း ၅၃ - တာဝန်အသစ် လမ်းကြောင်းများ...

~သိုင်းကျမ်းဆောင်အတွင်းသို့ ဝင်သွား

သည့် လုရီမှာ သစ်သားစင်တို့ စီတန်းနေသော ခန်းမကျယ်ကြီးထဲသို့ ရောက်ရှိသွားသည်။ စင်တစ်ခုစီတွင် အမျိုးအစားစုံလင်​သော သိုင်းပညာ နည်းစနစ်နာမည်များကို ရေးထိုးထားသည့် သစ်သားပြားများ

ရှိနေသည်။

စာအုပ်များကို သိုင်းပညာနှင့် ကျင့်ကြံရေးစနစ်ဟူ၍ လုပ်ဆောင်ချက် အပေါ်အခြေခံပြီး အမျိုးအစားအမျိုးမျိုးခွဲကာ ရှာဖွေရလွယ်ကူစေရန် စီထားပေးသည်။

စာအုပ်တန်း တစ်ခုချင်းစီ၏ ရှေ့တွင်

တပည့်များမှာ သိုင်းပညာနှင့် ကျင့်ကြံရေးစနစ်များကို ရေးထွင်းထားသော သစ်သားပြားကို ဖတ်ရှုကာ ရှာဖွေနေကြသည်။

ခန်းမဆောင်တစ်ခုလုံးတိတ်ဆိတ်နေပြီး လူတိုင်း သိုင်းပညာနှင့် ကျင့်ကြံရေးစနစ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာနေကြပေသည်။

လုရီအခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ကာ ရေရွတ်လိုက်သည်။

“ ခန္ဓာသန့်စင်ကျင့်ကြံရေးစနစ်ကို ရွေးဖို့လိုတယ် ”

[တာဝန်]

ခန္ဓာသန့်စင်ကျင့်ကြံရေးစနစ်အား ရွေးချယ်ပါ။

ဆုလာဘ် : ထိပ်တန်းအဆင့် ဆေးဝါလုံး အလုံး ၁၀၀ / ပြီးပြည့်စုံခြင်း အဆင့်

ဆေးဝါလုံး ၁၀ လုံး

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ။

လုရီ စိတ်ထဲတွင် ရွှင်မြူးသွားရသည်။ သိုင်းပညာစနစ် ကျမ်းတစ်အုပ်ကို ရွေးပေးရုံနှင့် ရသည့်ဆုတွေက ဒါတွေပေါ့။

ကောင်းလိုက်တာ။

ဆုလာဘ်တွေက သိပ်မများသော်လည်း အလကားရသည်မို့ ဘယ်သူက မကြိုက်ဘဲနေမလဲ။

ပျော်ရွှင်သွားသည့် လုရီမှာ တာဝန်ကိုလက်ခံလိုက်ကာ ခန္ဓာသန့်စင်သိုင်းစနစ်ရှိသော နေရာသို့ စတင်ရှာဖွေလိုက်သည်။

မကြာခင်မှာပဲ ထိုသိုင်းပညာနှင့်သက်ဆိုင်သော ကျမ်းစာတန်းကို ရှာတွေ့ပြီး သစ်သားပေလွှာအချို့ရွေးချယ်လိုက်၏။

ချင်းကျိုးရှိ အဓိက ကျင့်ကြံရေး ဂိုဏ်း

တစ်ခု ဖြစ်သော တိမ်ဖြူဂိုဏ်းတွင် သိုင်းပညာနှင့် ကျင့်ကြံရေးစနစ်များမှာ

မရေမတွက်နိုင်လောက်အောင် ရှိသည် ဖြစ်ရာ ခန္ဓာသန့်စင်သိုင်းနှင့် ပတ်သတ်သည့် သစ်သားပေလွှာများမှာလည်း အထပ်လိုက်ပြည့်နေသည်။

ထိုနေရာတွင် ခန္ဓာသန့်စင်သိုင်း အားရှာဖွေနေသည့် ကျင့်ကြံသူဟူ၍ လုရီကလွဲပြီးမရှိချေ။

သူက “ ညှိုးခြောက်သစ်သားသိုင်းစနစ်” ဟုအမည်တပ်ထားသော သစ်သားပေလွှာကို ကိုင်ကာ စတင်ဖတ်ရှုလိုက်သည်။

“ ညှိုးခြောက်သစ်သားသိုင်းစနစ် ” မှာ အတွင်းခန္ဓာကိုယ်ကလီစာများအား မထိခိုက်စေဘဲ မိမိခန္ဓာကိုယ်အား ခြောက်သွေ့နေသောသစ်သားကဲ့သို့ မာကြောစေသည့်နည်းဖြစ်သည်။ ထပ်ပြောင်းပြောရလျှင် မီးကျင့်ကြံသူများနှင့် ကြုံလျှင်အလွယ်တကူ ရှုံးနိုင်သည်။

ဆိုးကျိုးများများသည်မို့ လုရီချက်ချင်းပဲ ပယ်လိုက်သည်။

ထို့နောက် “ မီးခိုးရောင်ကျောက်တုံးခန္ဓာ” သစ်သားပြားကို ရွေးချယ်လိုက်၏။

ထိုသိုင်းအား လေ့ကျင့်ပြီးသောအခါ ခန္ဓာကိုယ်ခုခံမှုမှာ ကျောက်တုံးသဖွယ် မာကြောလာသော်လည်း အရှိန်နှင့် ပြောင်းလဲမှုကို လျှော့ချပေးသည့် ဆိုးကျိုးရှိကြောင်း သိလိုက်ရသည်။

ဒီတစ်ခုသည်လည်း မမှန်သေးဟုထင်သောကြောင့် လုရီထပ် ပယ်လိုက်ပြန်သည်။

သူက ဒီထက်ပို ခြုံငုံပြည့်စုံသည့် ခန္ဓာသန့်စင်သိုင်းစနစ်မျိုးကို လိုချင်တာဖြစ်ပြီး အခုလိုသိသာသည့် အားနည်းချက်ရှိသော သိုင်းစနစ်များကို မကြိုက်ပေ။

လိုချင်သည့်သိုင်းစနစ်ကိုရသည်အထိ သစ်သားပြားအထပ်လိုက်ကို ရှာဖွေနေရင်းမောပန်းလာရသည်။ သို့သော်နောက်ဆုံးတွင် သူ၏လိုအပ်ချက်နှင့် ကိုက်ညီနိုင်သော သိုင်းစနစ်ကို တွေ့ရှိသွားသည်။

“ ကျောက်စိမ်းခန္ဓာသိုင်းနည်းစနစ် ”

ထိုစနစ်အားလေ့ကျင့်ပြီးချိန်တွင် အပြင်ခန္ဓာကိုယ်အပါအဝင် အရေပြား၊ ကြွက်သား၊ အရိုး၊ သွေးကြောစသည့် ကိုယ်တွင်းအင်္ဂါများမှာ ကျောက်စိမ်းကဲ့သို့ ပြောင်းလဲသွားပြီး အကုန်လုံးကို ခြုံငုံကောင်းမွန်စေသည်။

သို့သော် ဆိုးကျိုးမှာ လုပ်ဆောင်ချက်နှေးပြီး အရင်းအမြစ် အများကြီး အသုံးပြုရခြင်းပင်။ ထည့်လိုက်သည့် ပမာဏနှင့် ပြန်ရလာသော ပမာဏမှာ မျှတမနေ။

သာမန်လူများအတွက်ဆိုလျှင် ထို ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်အား ကြီးမြတ်သည့်အောင်မြင်မှု အဆင့်အထိရောက်အောင် ကျင့်ကြံနိုင်ရန်မှာ ဆယ်စုနှစ်တစ်ခုမျှ ကြာနိုင်သည်။

ဒါက ချီသန့်စင်နယ်ပယ် အဆင့်သိုင်းနည်းစနစ်ဆိုသည်ကို စိတ်ထဲတွင်မှတ်ထားဖို့လိုသည်။

ဆယ်စုနှစ်တစ်ခုကြာလျှင် အရည်အသွေးပြည့်မီသော အတွင်းဂိုဏ်းသားတစ်ယောက်အနေနှင့် ချီကျင့်ကြံရေးလောကမှ ဖောက်ထွက်ကာ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်လောကသို့ပင် ရောက်လောက်ပြီဖြစ်ရာ ဤ သိုင်းစနစ်သည် ဘယ်လိုလုပ်အသုံးဝင်တော့မည်နည်း။

ဒီစနစ်ကို လူအများကြီးကမရွေးလောက်ဟု လုရီဆင်ခြင်မိသည်။

သို့သော် ဒါက တခြားလူများ အတွက်ပင်။ လုရီလိုလူများမှာမူ ခန္ဓာသန့်စင်သိုင်းပညာအတွက် ရင်းမြစ်ရှားပါးခြင်းမှာ ပြဿနာမရှိလှ။ ပြီးပြည့်စုံခြင်း အဆင့် ဆေးဝါလုံး ရှိသည်။ ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်လည်း ရှိသည်။

ဒါ့အပြင် သူ တာဝန်တွေတောက်လျှောက်ပေးလျှင် တခြားသော သာမန်တပည့်တွေထက် ပိုမိုလျင်မြန်စွာကျင့်ကြံနိုင်သေးသည်။

ထို ခန္ဓာသန့်စင်သိုင်းပညာ အဆင့်မြင့်သွားသည်နှင့် လုရီ၏လုပ်ဆောင်နိုင်စွမ်းမှာ ပုံဖော်လို့တောင်မရသည်အထိ အဆင့်မြင့်သွားမည်ဖြစ်သည်။

ထို့နောက်လုရီ “ ကျောက်စိမ်းခန္ဓာကိုယ်သိုင်းစနစ် ” အားရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထို သစ်သားပြားစာအုပ်ကို ကိုင်ထားရင်း လုရီ ခန်းမထဲမှ ထွက်ကာ ဝင်ပေါက်ဆီပြန်ဦးတည်လာခဲ့သည်။

အကြီးအကဲမင်က တခြားဂိုဏ်းသား၏ လက်မှတ်ကိုစစ်ဆေးနေတုန်းမှာ

သုန်းကုန်းမင်ယွဲ့က ဘေးတွင် တိတ်တိတ်ကလေး ရပ်နေ၏။

လုရီ ထွက်လာသည်ကိုမြင်သည်နှင့် အကြီးအကဲမင်ရော ၊သုန်းကုန်းမင်ယွဲ့ပါ

လှည့်ကြည့်လာကြသည်။

သုန်းကုန်းမင်ယွဲ့က သူ့ဆီလျှောက်လာပြီး သိချင်စိတ်ဖြင့် မေးသည်။

“ အငယ်တန်းအစ်ကို ဆုံးဖြတ်ပြီးသွားပြီလား ”

လုရီ ခေါင်းညိတ်ကာ

“ ဟုတ်တယ် ဆုံးဖြတ်ပြီးသွားပြီ ”

အကြီးအကဲမင်ကပါ ပြုံးကာမေးသည်။

“ ဘယ်လိုသိုင်းနည်းစနစ်မျိုး ရွေးခဲ့လဲ ”

လုရီက သစ်သားပြားများအား စားပွဲပေါ်တွင်တင်ကာ

“ ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်ကို ရွေးခဲ့ပါတယ် အကြီးအကဲမင် ”

“ ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ် လား ”

သုန်းကုန်းမင်ယွဲ့က ခဏရပ်သွားကာ ဆက်ပြောလာသည်။

“ အဲ့ သိုင်းနည်းစနစ်က မခက်ဘူးလား အငယ်တန်းအစ်ကို။ ဒါကိုရွေးချင်တာ သေချာရဲ့လား ”

အကြီးအကဲမင်မှာလည်း အံ့ဩသွားပုံပေါ်သည်။ မျက်လုံးများကို ပင့်လိုက်ကာ

“ ဒီသိုင်းနည်းစနစ်က ခန္ဓာသန့်စင်သိုင်းမှာ အင်မတန် အရည်အချင်းရှိမှ ကျင့်ကြံနိုင်တာ။ ပြောရရင် ကျင့်ကြံကြတဲ့ တပည့်တွေက ဆယ်နှစ်လောက် ကျင့်ကြံပြီးတာတောင် အသေးစား အောင်မြင်မှု အဆင့်ပဲ ရလေ့ရှိကြတာနော်။ ဒါကို ရွေးမှာ သေချာပြီလား ”

လုရီ ခေါင်းညိတ် ပြုံးပြလိုက်၏။

“ သေချာပါပြီ ”

အကြီးအကဲမင်က

“ ဒီကောင်လေးက တကယ့်ကို ကြောက်စရာပဲ။ ဒီလိုမျိုး ယုံကြည်ချက်ရှိတယ်ဆိုတော့ ဒီက အဘိုးကြီးကလည်း တခြားနည်းမတိုက်တွန်းတော့ပါဘူး ”

သုန်းကုန်းမင်ယွဲ့မှာမူ လုရီအားကြည့်ကာ ဘာမှထပ်မပြောတော့။ သူတို့လို ပါရမီရှင်များတွင် ကိုယ်ပိုင်အတွေးများရှိတတ်ကြသည်မို့ လုရီ၏ရွေးချယ်မှုကို သူမ လေးစားပါသည်။

ထို့နောက် အကြီးအကဲမင်က သစ်သားပြားကိုယူပြီး သူ့လက်အား တချက်လှုပ်ရှားလိုက်ရာ ကျောက်စိမ်းပြား တစ်ခုပေါ်လာသည်။

“ ဒါက ကျောက်စိမ်းခန္ဓာကိုယ်သိုင်းစနစ်ရဲ့ တစ်ခါသုံး ကျောက်စိမ်းပြားပဲ။ ကောင်လေး ပြန်သွားရင် သုံးလို့ရတယ်။ ဒါ့အပြင် ဂိုဏ်းကပိုင်တဲ့ ကျင့်ကြံရေးစွမ်းရည်တွေနဲ့ သိုင်းစနစ်တွေကို ခွင့်ပြုချက်မရှိဘဲ တခြားလူတွေကို ပေးခွင့်မရှိဘူး။ ကတိပေးတဲ့အနေနဲ့ ကျမ်းကျိန်ရတယ် ”

လုရီ ခေါင်းညိတ်ကာ

“ ကျွန်တော် နားလည်ပါပြီ ”

ဒီလုပ်ဆောင်ချက်တွေကို သူ ယခင်အပြင်ဆောင်ဂိုဏ်းတွင် တိမ်ဖြူချီ သန့်စင်သိုင်းပညာ၊ တိမ်ဖြူဓားရှည် သိုင်းနည်းစနစ်နှင့် တိမ်ဖြူခြေလှမ်း သိုင်းစနစ်တို့ ကျင့်ကြံလာကထဲက ဖြတ်ကျော်ခဲ့ပြီးသားပင်။

ကျမ်းကျိန်ပြီးနောက် လုရီက ကျောက်စိမ်းပြားကို လက်ခံလိုက်ကာ သုန်းကုန်းမင်ယွဲ့

နှင့်အတူ ထွက်ခွာခဲ့သည်။

သုန်းကုန်းမင်ယွဲ့က ကြည်လင်စွာ ပြုံးကာ ဆို၏။

“ အငယ်တန်းအစ်ကို ဒီ ကျောက်စိမ်းခန္ဓာသိုင်းစနစ်ကအတော်လေး ခက်ခဲတာမလို့ မအောင်မြင်ခဲ့ဘူးဆိုရင် စောစောကထဲက တခြား သိုင်းနည်းစနစ်တစ်ခုကိုပြောင်းဖို့ စဉ်းစားပါ။ အချိန်မဖြုန်းပါနဲ့။ ငါတို့မှာ ကောင်းကင်ဘုံတာအို ကန့်သတ်ချက်ကို ဖြတ်ကျော်ဖို့လည်း ရှိသေးတာမလို့ အချိိန်သိပ်မရှိဘူး ”

သုန်းကုန်းမင်ယွဲ့၏ စေတနာစကားများကို ကြားလိုက်ရသည့် လုရီက လေးလေးနက်နက်ခေါင်းညိတ်လိုက်ကာ

“ငါ နားလည်ပါတယ်။ သတိပေးတဲ့အတွက် ကျေးဇူးပါ ဒုစီနီယာ ညီမလေး ”

သုန်းကုန်းမင်ယွဲ့က ဘာမှဆက်မပြောပဲပြုံးပြီးမေးသည်။

“ ဒါဖြင့် တခြားဘာလိုသေးလဲ ”

လုရီ တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် သူ့တွင် စိတ်ဝိဉာဉ်အစားအသောက်များ ချက်ပြုတ်ရန် ပစ္စည်းများ၊ ခန္ဓာသန့်စင်သိုင်းပညာ ထို့နောက်လိုအပ်သည့် ရင်းမြစ်များလည်း ရှိပြီဟု တွေးလိုက်သည်။

စဉ်းစားသလောက်ဆို ဘာမှထပ်မလိုတော့။ သည်းကြီးမည်းကြီး ကျင့်ကြံဖို့သာလိုတော့သည်။

“ ဒါအကုန်ပါပဲ။ ပြန်ရအောင် ”

“ ကောင်းပြီလေ ”သုန်းကုန်းမင်ယွဲ့

တက်ကြွစွာသဘောတူလိုက်သည်။

ထိုအချိန်မှာပဲ တစ်ခုခုကိုသတိရသွားသည့်နှယ် သူမက ဆက်ပြောလာသည်။

“ ဒါနဲ့ နင်က တောင်ထိပ်သခင်မရဲ့ စာရင်းသွင်းတပည့်တစ်ယောက်ဆိုပေမဲ့ လတိုင်းစစ်ဆေးရေးမျှော်စင်ကိုသွားပြီး ဂိုဏ်းတာဝန်တွေကို လုပ်ဖို့လိုတယ်နော်။ ကျင့်ကြံရေးပဲလုပ်နေပြီး အဲ့အချိန်ကိုမေ့နေမှာစိုးလို့ ”

နားထောင်ရင်း လုရီ ခေါင်းညိတ်ပြလိုက်သည်။

“ သိပါတယ် ”

အကြီးအကဲချုပ် သုကူးဖန်းက အတွင်းဂိုဏ်းရှိ စစ်ဆေးရေးမျှော်စင်အကြောင်းကို အကြမ်းဖျဉ်းရှင်းပြခဲ့ပြီးပြီ။ အတွင်းဂိုဏ်းသားတွေအနေနှင့် တစ်လတစ်ခါ ထိုမျှော်စင်သို့သွားပြီး ခွန်အား တိုးတက်လာမှု စစ်ဆေးဖို့ လိုအပ်၏။

ထို့အပြင် စစ်ဆေးရေးမျှော်စင်မှာ အတွင်းဂိုဏ်းတပည့်များကို ရင်းမြစ်ပေးသည်နှင့် ဆက်စပ်နေသေးသည်။

ပြောရလျှင် အတွင်းဂိုဏ်းသားတွေအနေ

နှင့် ကျင့်ကြံရေးရင်းမြစ်တွေ ရရှိဖို့လမ်းကြောင်းအနည်းငယ်သာရှိသည်။ တစ်ခုမှာ တောင်ထိပ်ကဖြန့်ဝေပေးသည်၊ တစ်ခုမှာ သူတို့၏အကြီးအကဲဆီမှ ဖြစ်သည်၊

နောက်တစ်ခုမှာ တာဝန်တွေကြောင့်ရသည့် ဆုဖြစ်ပြီး နောက်ဆုံး တစ်ခုကတော့ စစ်ဆေးရေးမျှော်စင်မှ ရရှိခြင်းပဲ ဖြစ်သည်။

တိမ်ဖြူဂိုဏ်းမှာ ဂိုဏ်းသားတွေ ရောက်ရှိနိုင်သည့် စစ်ဆေးရေးမျှော်စင်အလွှာအလိုက် ရင်းမြစ်များကိုခွဲဝေပေးပြီး စစ်ဆေးရေးအတွင်းရှိ လုပ်ဆောင်ချက်အရ အဆင့်များပါသတ်မှတ်ပေးသည်။

ထိုသို့သတ်မှတ်ပေးခြင်းဖြင့် ဂိုဏ်းသားများအား စိတ်အားထက်ကြွစေပြီး ပိုမိုမြင့်သော ကျင့်ကြံရေးအဆင့်များသို့ တက်လှမ်းနိုင်အောင် အထောက်အပံ့ပေး၏။

ဂိုဏ်းတာဝန်များမှာမူ အပြင်ဆောင်ဂိုဏ်းနှင့် အတွင်းဂိုဏ်းအတူတူပင်။

လူတစ်ယောက်လုပ်နိုင်သည့် တာဝန်အများဆုံးဟူ၍ သေချာမသတ်မှတ်ထားပေ။ အပြင်ဆောင်ဂိုဏ်းတွင် နေ့တိုင်းအလုပ်လုပ်နေလျှင်တောင် အဆင်ပြေ၏။ သို့သော် အနည်းဆုံး တစ်နှစ်လျှင်တစ်ခုတော့ ပြီးဖို့လိုသည်။

ထိုစည်းမျဉ်းမှာ အပြင်ဆောင်ဂိုဏ်းနှင့် အတွင်းဂိုဏ်းနှစ်ခုလုံးအတွက် အကြုံးဝင်ပြီး လုရီမှာ တာဝန်အချို့ကို လက်ခံပြီးသားဖြစ်သည်။

ဒီနှစ်တွင် ဂိုဏ်းတာဝန်တစ်ခုမှ မလုပ်ရသေးသည်မို့ မကြာခင်လုပ်ဖို့လိုသည်။

လုရီတွေးနေရင်းနှင့် အခြားသောအတွေးတစ်ခုဝင်လာ၏။ ဂိုဏ်းတာဝန်တွေကို လုပ်နေရင်း သူ့ကိုယ်သူတာဝန် ပြန်ပေးနိုင်မလား ဆိုသည်ပင်။

အလုပ်တစ်ခုအတွက် ဆုနှစ်ခါရသည်က အကြံကောင်း ဖြစ်သည်။

စစ်ဆေးရေး မျှော်စင်အလွှာတွေကို တက်သည့်အခါတွင်လည်း တစ်လွှာချင်းစီ အလိုက် သူ့ကိုယ်သူ တာဝန်တွေ မပေးနိုင်ပေဘူးလား။

တွေးရင် နယ်မြေအသစ် ရှာတွေ့သွားသလိုလုရီ၏ မျက်လုံးတို့မှာ အရောင်အဝါ တောက်ပလာရသည်။

ဉာဏ်ကောင်းလိုက်တာ !

အတွင်းဆောင်ဂိုဏ်းကို ဝင်ပြီးနောက်ပိုင်း သူလုပ်ဆောင်နိုင်သော တာဝန်တွေအများကြီးရှိမှန်း လုရီသဘောပေါက်သွားသည်။

ထို့နောက် ချက်ချင်း ပျော်ရွှင်သွား၏။

ယခုအချိန်တွင်တော့ သူ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ရမည် ဖြစ်ပြီး လကုန်သည့်အခါ စမ်းသပ်သည့်အနေဖြင့် စစ်ဆေးရေးမျှော်စင်သို့ အလည်သွားမည်။

--------------

အခန်း ၅၄ - စိတ်ဝိဉာဉ်အစားအသောက်ချက်ပြုတ်ရေး မိတ်ဆက်...

~လင်းလောင် တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် လုရီနှင့် သုန်းကုန်းမင်ယွဲ့မှာ အချင်းချင်း နှုတ်ဆက်လိုက်ကြပြီး

ဂူစံအိမ်ရှိရာသို့ ပြန်သွားကြသည်။

ဂူစံအိမ်သို့ ပြန်ရောက်သည်နှင့် လုရီ ပထမဆုံးလုပ်သည့်အရာမှာ စိတ်ဝိဉာဉ်အစားအစာ ချက်ပြုတ်ရေး စွမ်းရည်နှင့် စိတ်ဝိဉာဉ်ဝိုင် ဖျော်နည်း စွမ်းရည်ပင်။

ထိုစွမ်းရည်နှစ်ခုလုံး၏ အခြေခံနည်းစနစ်ကို ဆုအနေဖြင့် ရရှိခဲ့ပြီး ကျားရိုး

စိတ်ဝိဉာဉ် ဂျင်ဆင်း စွပ်ပြုတ်နှင့်

သမာဓိ စိတ်ဝိဉာဉ် နှင်းရည်မှာ အဆင့်၁ တွင်ရှိသည်။

မှော်စွမ်းရည်များကဲ့သို့ပင် အဆင့်မြှင့်ရန်အတွက် လုရီလေ့ကျင့်ရေးတာဝန်များကို ပေးအပ်ဖို့လိုသည်။

ဤသည်မှာ လုရီအတွက်မခက်ခဲလှ။

ချီသန့်စင်နယ်ပယ် ချက်ပြုတ်နည်းနှင့် ဖျော်စပ်နည်းလမ်းများမှာ သာမန်ချက်ပြုတ်ဖျော်စပ်နည်းများမှ မကွာခြားပေ။ လုရီ မပိုင်ဆိုင်သေးသည့် ကျင့်ကြံရေးရတနာများနှင့် ပိုမိုကောင်းမွန်သည့် ကိရိယာများကို အသုံးပြုလျှင် သေချာပေါက် ပိုကောင်းလိမ့်မည်။

ဂူစံအိမ်မှ ရရှိသည့် ပစ္စည်းကိရိယာများဖြင့် ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွတ်ပြုတ်နှင့် သမာဓိ စိတ်ဝိဉာဉ် နှင်းရည်ကို ပြုလုပ်ဖို့အစီအစဉ်ဆွဲလိုက်သည်။

လုရီ မီးဖိုချောင်သို့သွားပြီး တာဝန်ပေးလိုက်ကာ စတင် လေ့ကျင့်ချက်ပြုတ်တော့သည်။

လေ့ကျင့်နေတုန်းမှာပဲ ချက်ပြုတ်နည်းနှင့် ဖျော်စပ်နည်းမှာ တစ်ခုခုကွာခြားမှန်း သူသတိထားမိ၏။

စွပ်ပြုတ်ပြုလုပ်ရာ၌ ဟင်းရည်ကိုသာ သေချာလေးပြင်ဆင်ဖို့လိုပြီး တာဝန်ကိုတိုက်ရိုက်ပြီးဆုံးနိုင်သည်။

သို့သော် သမာဓိ စိတ်ဝိဉာဉ် နှင်းရည် ဖျော်စပ်နည်းမှာမူ မတူဘဲ အပြည့်အစုံအချဉ်ဖောက်ရန်အတွက် ၁၅ရက်မျှ အချိန်လိုသည်။

ထိုသမာဓိ စိတ်ဝိဉာဉ် နှင်းရည် အပြည့်အဝပြုလုပ်ပြီးမှသာ တာဝန်ပြီးဆုံးသည်ဟု သတ်မှတ်သည်။

တာဝန်မပြီးဆုံးဘဲနှင့် ဆုလည်းရရှိစရာအကြောင်းမရှိပေ။

ထို့ကြောင့် သမာဓိ စိတ်ဝိဉာဉ် နှင်းရည် ဖျော်စပ်နည်းကို အချိန်တိုအတွင်း အဆင့်တက်ရန်မှာ လုရီအတွက် နည်းနည်း ခက်ခဲနေသည်။

ထို့ကြောင့် ထိုသမာဓိ စိတ်ဝိဉာဉ် နှင်းရည် ဆယ်ခုစာအတွက် ကုန်ကြမ်းများကို လုရီအကုန်သုံးပစ်လိုက်ပြီး တာဝန်ပြီးဆုံးသည်နှင့် ဆုယူဖို့စောင့်နေရုံသာ ရှိ၏။

စိတ်ဝိဉာဉ်အဆီအနှစ်ရည် ဆယ်ခုစာပြုလုပ်ခြင်းအတွက် ဆုလာဘ်မှာ

စိတ်ဝိဉာဉ်ဝိုင်ဖျော်စွမ်းရည် အဆင့်တစ်ခု တက်သွားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အချိန်၁၅ရက် မျှစောင့်ရသော်လည်း လက်ခံနိုင်ဖွယ်ရှိသည်။

ထိုကုန်ကြမ်းများကို အကုန်သုံးဖို့အတွက် လုရီတစ်မနက်လုံးအချိန်ယူလိုက်ရသည်။

သို့သော် ရမည့်ဆုကမူတန်လှသည်။

အချဉ်ဖောက်ရန် လိုသေးသော စိတ်ဝိဉာဉ်အဆီအနှစ် ကရား ဆယ် ကရားကို လုရီဘေးသို့ထားလိုက်ပြီး ကျာရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ် ဆယ်ယောက်စာကိုတော့ သိုလှောင်လက်စွပ်ထဲသို့ ထည့်ထားလိုက်သည်။

ပထမဆုံး ချက်ထားသော စွတ်ပြုတ်ကိုမြည်းကြည့်ရာ မဆိုးလှသော်လည်း အရသာ ရှိသည်ဟုလည်း မပြောနိုင်ပါ။

သို့သော် သူ၏စွပ်ပြုတ်ချက်စွမ်းရည်မှာ အဆင့်၁ ရှိနေပြီဖြစ်တဲ့အတွက် အရသာမှာသာမန်မျှ ဖြစ်သော်လည်း ဆေးအာနိသက်မှာ ပါဝင်ပစ္စည်းများကြောင့် ရှိနေတုန်းပင်။

တစ်ငုံမျှ သောက်လိုက်သည်နှင့် ခန္ဓာကိုယ်အတွင်း စိတ်ဝိဉာဉ်စွမ်းအင်များ လှည့်ပတ်သွားသည်ကို ခံစားလိုက်ရပြီး လက်ချောင်းနှင့် အရိုးများထဲထိ နွေးထွေးလာကာ ခန္ဓာကိုယ်သန်မာလာသည်ကို ရေးရေးမျှ သတိပြုမိလိုက်သည်။

သက်ရောက်မှုရှိသော်လည်း အရသာ

ကြောင့် ဒုတိယတစ်ငုံထပ်သောက်ရန် လုရီအတွက် ခဲယဉ်းနေသည်။ သူ၏ အရသာခံဖုများကို နှိပ်စက်နေသကဲ့သို့ပင်။

လုရီ သူ၏တိုးတက်မှုအရှိန်ကို အဆုံးသတ်လိုက်သည်။ ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွတ်ပြုတ် အဆင့်မြှင့်ဖို့အတွက်

ဘယ်နှရက်မှ အချိန်ယူရမည်မဟုတ်ပါ။ ထိုအခါမှ စားသုံးလျှင်လည်း နောက်မကျလောက်သေးဟု သူထင်သည်။

သို့သော် ကျန်သေးသည့် စွပ်ပြုတ်များကို

မဖြုန်းတီးနိုင်ပေ။ ကုန်ကြမ်းများကို ရင်းမြစ်ဆောင်မှ ထပ်မံ ထုတ်ယူနိုင်သော်လည်း ဖြုန်းတီးခြင်းမှာ ကောင်းမွန်

သည့် အကျင့် မဟုတ်ပါ။

တွေးနေရင်း တစ်ယောက်ယောက်ကိုပေးလိုက်တာ အကောင်းဆုံးနည်းဟု လုရီတွေးမိသည်။

သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေး

သည့် ဒုစီနီယာညီမလေးကိုတော့ သေချာပေါက်မပေးနိုင်ပါ။ အနည်းဆုံးတော့ အရသာကောင်းကောင်းလေးသာ ကျွေးချင်မိသည်။

တခြားတစ်ယောက်ယောက်ကို စဉ်းစားရမည်။

လုရီ၊ အကြီးအကဲမင်၊ အကြီးအကဲဝမ်၊

စီနီယာ အစ်ကို ရှဲ့ထျန်းမင်နှင့် ကျန့်ဖန်လို

သူနှင့်စကားပြောခဲ့ဖူးသော လူအချို့ကို စဉ်းစားလိုက်သည်။

အကြီးအကဲမင်..

အင်း..သူ့ကိုလည်း မပေးတာ..ကောင်းမည်။

နတ်ဘုရားအသွင် ပြောင်းလဲခြင်း စွမ်းအားရှိသော အကောင်ကြီးကြီးတစ်ယောက်ကို ဒီလို အဆင့်နိမ့်စိတ်ဝိဉာဉ်အစားအစာမျိုး ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ စော်ကားရာ ကျလိမ့်မည်။

အကြီးအကဲဝမ်ရော.. စိတ်ဝိဉာဉ်အစားအစာချက်လျှင် ပေးဖို့ လုရီအားပြောခဲ့သော်လည်း အရသာမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်မို့ လုရီ တုံ့ဆိုင်းနေမိသည်။

တောင်ထိပ်သခင်မက ရင်းမြစ်တွေ အလိုရှိသလောက် ယူနိုင်သည်ဟု ပြောထားသော်လည်း အနာဂတ်တွင် အကြီးအကဲဝမ်ဆီက ကုန်ကြမ်းအချို့ယူရမည်လည်းဖြစ်ရာ ပေးလိုက်တာကောင်းမည်ဟု စဉ်းစားမိသည်။ နောက်ထပ် ထပ်ချက်ဖြစ်လျှင် သူ့ရဲ့တိုးတက်မှုကို အကြီးအကဲဝမ်အား ပြ၍ ရသည်ပင်။

စီနီယာအစ်ကို ရှဲ့ထျန်းမင်.. ထိုလူနှင့် စကား အနည်းငယ်သာ ပြောဖူးပြီး မိတ်ဆွေလည်း မဟုတ်ပေ။ ထို့အပြင် ရွှေအူတိုင် နယ်ပယ် ကျင့်ကြံသူတစ်ယောက်အား ဤစွပ်ပြုတအားပေးလျှင်လည်း သိပ်အသုံးမဝင်သည်မို့ ဖယ်ထုတ်လိုက်သည်။

အကြိတ်အနယ်စဉ်းစားပြီးနောက် ကျန်နေသည့် ကိုးယောက်စာအား စီနီယာအစ်ကို ကျန့်ဖန်နှင့် အခြားလူများအား ပေးဖို့ဆုံးဖြတ်လိုက်သည်။ သူတို့အသုံးပြုမည်မှာ သေချာ၏။

စီနီယာအစ်ကို ထျဲ့မန်မှာ ခန္ဓာသန့်စင်သိုင်းကို ကျင့်ကြံသူဖြစ်သည့်အတွက် ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်လိုသည်။ သွားပို့ရင်း သူနှင့်ပညာချင်းပါ ဖလှယ်ခဲ့လျှင် ပြီးပြည့်စုံသည့်ခန္ဓာသန့်စင်

သက်စောင့်ဆေး အချို့ပါ ဆုရနိုင်ပေသည်။

ထို့နောက် စီနီယာအစ်မ လင်းဝမ်အာနှင့် တိုက်ခိုက်စဉ်က ရခဲ့သော အတိတ်မေ့သိုင်းပညာမှာလည်း ကောင်းမွန်သည့်အရာတစ်ခုပင်။ သူမကိုလည်း ပို့ပေးရမည်။

စဉ်းစားပြီးနောက် စီနီယာအစ်ကို ထျဲ့မန်အတွက် သုံးယောက်စာ၊ စီနီယာအစ်ကို

ကျန့်ဖန်အတွက် နှစ်ယောက်စာ၊ စီနီယာအစ်ကို ပိုင်ယွီလုံအတွက် နှစ်ယောက်စာ၊

စီနီယာအစ်ကို လီယွင်နှင့် အစ်မ

လင်းဝမ်အာအတွက် တစ်ယောက်စာစီ ပို့ဖို့ဆုံးဖြတ်လိုက်တော့၏။

သူ ပျော်ရွှင်စွာ ဆုံးဖြတ်ချက် ချပြီးပြီဖြစ်သည်။

လုရီ စိတ်ထဲတွင်ကျေနပ်သွားရသည်။

သို့သော် လုရီ ဒီနေ့ အပြင်ထွက်ရန် အစီအစဉ် မရှိသေး။ ယခုမှ ရလာသော ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်အား လေ့ကျင့်ဖို့ လိုသည်။

လုရီသည် တစ်ခါသုံး ကျောက်စိမ်းပြားလေးကို ထုတ်ယူလိုက်ပြီး နဖူးတွင်တင်တာ ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်အား စုပ်ယူပြီးသည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းပြားမှာ ကျောက်စိမ်းမှုန့်များအဖြစ်ပြောင်းလဲသွားပြီး လေနှင့် တစ်စစီ လွင့်ပါသွားသည်။

လုရီ စိတ်ထဲက ပြောလိုက်၏။

...ငါ ..ကျောက်စိမ်းခန္ဓာ သိုင်းကို သေချာ လေ့လာမယ် ...

ထိုအခါ သူ့အသိစိတ်ပင်လယ်၌ စာသားများ ထင်ဟပ်လာတော့၏။

[တာဝန်]

ကျောက်စိမ်းခန္ဓာ သိုင်းစနစ်ကို ဖတ်ပါ။ (၀/၁)

ဆုလာဘ် : ကျောက်စိမ်းခန္ဓာ သိုင်းစနစ် တတ်မြောက်မှု တိုးလာခြင်း

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ

လုရီ၏ မျက်ခုံးအစုံ မြင့်တက်သွားရသည်။ ထိုသိုင်းက အတော်လေး ခက်ခဲသည်မှာ သေချာ၏။

အရိပ်ကိုးခု ဓားရှည် သိုင်းနည်းစနစ်အား ကျင့်ကြံစဉ်က တစ်ခါမျှ ဖတ်ရုံဖြင့် အခြေခံကို နားလည်နိုင်သည််။

သို့သော် ယခု ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်ကမူ တတ်မြောက်မှု တိုးလာရုံသာ ရှိသည်။

မည်သို့ပင် ဆိုစေကာမူ လုရီ တာဝန်အားပျော်ရွှင်စွာ လက်ခံလိုက်သည်။ ကိုယ်တိုင်နည်းနည်းချင်းစီ ကျင့်ကြံသွားရသည်က ပိုတောင် ကောင်းဦးမည်။

သိုင်းနည်းစနစ်အား တစ်ခါ ဖတ်ကြည့်ပြီးသောအခါ သူ၏ ခြေချောင်းလက်ချောင်း

နှင့် အရိုးများ နွေးထွေးလာကြောင်း ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်းရှိ

စိတ်ဝိဉာဉ် စွမ်းအင်တို့မှာလည်း ဖြည်းဖြည်းချင်း လှည့်ပတ်နေပြီး အသွေးအကြော၊ အရွတ်၊ အရိုးနှင့် ကိုယ်တွင်း

အဂ်ါများမှ အပြင်ထိပင် ပျံ့နှံ့နေ၏။

ထိုဖြစ်စဉ်မှာ အနည်းငယ်မျှ ကြာပြီးနောက် နွေးထွေးမှုမှာ ဖြည်းဖြည်းချင်း

ပျောက်ကွယ်သွားကာ ခန္ဓာကိုယ်မှာ အရင်ကထက်၂၀ ရာခိုင်နှုန်း သန်မာလာကြောင်း ခံစားလိုက်ရသည်။

လုရီ အပျော်လွန်သွားလေပြီ။ ထိုသိုင်းပညာအား သေချာ မတတ်မြောက်သေး

သည့်တိုင် ရရှိလာသော သက်ရောက်မှုမှာ သူ၏ ခန္ဓာ ခွန်အားအား သိသာစွာ တိုးမြှင့်ပေးနိုင်သည်။ ကျောက်စိမ်းခန္ဓာ

သိုင်းစနစ်အား အဆင့်၇နှင့် အထက်သာ ရောက်လျှင် ဘယ်လောက်တောင် တိုးတက်သွားမည်လဲ။

လုရီ တွေးကြည့်ဖို့တောင် ခက်ခဲ၏။

ထို့နောက် စီနီယာအစ်ကို ထျဲ့မန်နှင့်

လေ့ကျင့်ရင်း ရရှိလာသော ပြီးပြည့်စုံသည့်ခန္ဓာသက်စောင့်ဆေးလုံးများနှင့် ဒီနေ့ ရရှိလာသော ဆေးလုံးများကို ထုတ်လိုက်ကာ စတင် ရေရွတ်လိုက်သည်။

“ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်” ကိုဆယ်ကြိမ် လေ့ကျင့်မယ်။

[တာဝန်]

ကျောက်စိမ်းခန္ဓာကိုယ်သိုင်းစနစ် အား ဆယ်ကြိမ်လေ့ကျင့်ပါ။ (၀/၁၀)

ဆုလာဘ် : ကျောက်စိမ်းခန္ဓာကိုယ်သိုင်းစနစ် တတ်မြောက်မှု တိုးလာခြင်း

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ။

တိမ်ဖြူဓားရှည်နှင့် တိမ်ဖြူခြေလှမ်းသိုင်းတို့ထက် များစွာခက်ခဲသည်မှာ အမှန်ပင်။

သက်ပြင်းချကာ လုရီ ဆေးလုံးတို့အား သောက်သုံးလိုက်ပြီး ကျောက်စိမ်းခန္ဓာသိုင်းအား ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်လိုက်သည်။

ထို့နောက် တစ်နေ့လည်ခင်းလုံး ကျောက်စိမ်းခန္ဓာသိုင်းအား လေ့ကျင့်ပြီးနောက် ညတွင် တိမ်ဖြူ ချီသန့်စင်သိုင်းအား ဆက်လေ့ကျင့်တော့သည်။

နောက်နေ့မနက်တွင် လုရီ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကာ တံခါး အပြင်ဘက်သို့ ခြေလှမ်းလိုက်၏။

အရင်းအမြစ် ခန်းမဆောင်သို့ သွားကာ အကြီးအကဲဝမ်အား ကျားရိုးစိတ်ဝိဉာဉ်

ဂျင်ဆင်းစွပ်ပြုတ် ပေးပြီးနောက် စွပ်ပြုတ်ကို အဆင့်မြှင့်ရန်အတွက် ကုန်ကြမ်းပစ္စည်းအချို့ ထပ်ယူလာရမည်ဟု အစီအစဉ်

ချလိုက်ထားပေသည်။

--------------

All Chapters