← Chapters

သံမဏိ၏ အောင်မြင်မှု

Vol. 79 Ch. 789

သံမဏိ၏ အောင်မြင်မှု

Vol. 79 Ch. 789

လေသည်ပြင်းပြင်းထန်ထန် တိုက်ခတ်နေ၏။

တိမ်တိုင်ကျားသစ်သည် တောင်ကုန်း၏ အခြေတွင် ထိုင်လျက်ရှိသည်။ သူ့ပတ်ပတ်လည်တွင် အဆန်းတကြယ်နိုင်လှသော မူလပုံစံကွက်များ ရှိနေ၏။ အဆိိုပါ ပုံစံကွက်များမှာ မြင်ရသည်မှာ ရှုပ်ထွေးလှပေသည်။

ပုံစံကွက်၏ အလယ်တွင်ထိုင်နေသည့် တိမ်တိုက်ကျားသစ်၏ ကိုယ်ခန္ဓာသည်အလင်းချောင်းကြီးပမာ စူးစူးရှရှ တောက်ပနေ၏။ တကိုယ်လုံးရှိ မူလစွမ်းအင်များအား တိမ်တိုက်ကျားသစ် နှိုးဆွဖော်ထုတ်နေခြင်းပင်။

စုချန်း၊ ကျူးချန်းဟွန်၊ ဖန်အန်းယာနှင့် ဓားအစေခံဆယ့်နှစ်ယောက်တို့မှာကား တိမ်တိုက်ကျားသစ်ကို နောက်ခပ်လှမ်းလှမ်းမှနေ၍ စိတ်လှုပ်ရှားစွာနှင့် စောင့်ကြည့်နေကြ၏။

ပထမဆုံးအကြိမ် စမ်းသပ်ခြင်းဖြစ်၍ စုချန်း စိတ်လှုပ်ရှားနေခြင်းမှာ မှားတော့မမှား။ ကျန်လူများကား ထူးကဲဆန်းကြယ်ဖြစ်ရပ်များ ပေါ်ပေါက်လာမည်ကို သက်သေခံနေသကဲ့သို့ ရှိလေသည်။

သူတို့သည် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ သာမာန် ချီစွမ်းအားပညာရှင်တဦး ဝင်ရောက်သွားသည့်ဖြစ်ရပ်တွင် သက်သေများ ဖြစ်လာကြပေလိမ့်မည်တည်း။

တကယ်တော့ လူသားသမိုင်းတွင် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ပထမဆုံး ဝင်ရောက်နိုင်ခဲ့သူမှာ စုချန်းပင် ဖြစ်သည်။ သို့သော် စုချန်း၏ နည်းလမ်းကိုကား လူတိုင်း မသုံးနိုင်။ ထို့ကြောင့် တိမ်တိုက်ကျားသစ်သည်သာ ဤဖြစ်စဥ်အတွက် ပထမဆုံး တရားဝင်အောင်မြင်သူ ဖြစ်လာပေလိမ့်မည်တည်း။

ကြည့်နေရင်းနှင့်ပင် မူလပုံစံကွက်ကြီးသည် အရောင်တဖြတ်ဖြတ် တောက်ပလာ၏။ တိမ်တ်ိုက်ကျားသစ်၏ မူလစွမ်းအင်သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိလာ၏။

"စစမ်း"

စုချန်း၏ အော်သံထွက်ပေါ်လာလေသည်။ တချိန်တည်းမှာပင် မူလစွမ်းအင်ပုံစံကွက်ဆီမှ စူးရှတောက်ပေသော အလင်းရောင်များ တဟုန်ထိုး ထွက်ပေါ်လာ၏။

အဆိုပါပုံစံကွက်၏ ဖိအားအောက်တွင် တိမ်တိုက်ကျားသစ်သည် စုချန်း သင်ကြားပေးထားသည့့်နည်းလမ်းအတိုင်း စတင်လုပ်ဆောင်တော့၏။ သူသည် မူလစွမ်းအင်များကို နှိုးဆွပြီး ကြာပန်းအုတ်မြစ်ပုံစံတခု ဖွဲ့စည်းနိုင်ရန် ကြိုးစားတော့သည်။

ကြာပန်းအုတ်မြစ်ဖန်တီးခြင်းဟူသည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် ပထမဆုံး လုပ်ဆောင်ရမည့် အရာဖြစ်သည်။ တိမ်တိုက်ကျားသစ်၏ ကြာပန်းအုတ်မြစ်မှာ ပုံသဏ္ဍာန်ပေါ်လွင်ခြင်းမရှိသေးသည့်တိုင် စုချန်း၏ နည်းလမ်းမှာ လက်သင့်ခံဖွယ်ရာရှိကြောင်း ကျူးချန်းဟွန်နှင့် ဖန်အန်းယာတို့နှစ်ယောက်လုံး နားလည်လိုက်ကြလေသည်။

"မင်း ဒါကိုလုပ်နိုင်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး"

ကျူးချန်းဟွန် သက်ပြင်းချရင်း ရေရွတ်လိုက်၏။

"နောက်ဆုံးတော့ လူသားမျိူးနွယ်တရပ်လုံး လျှောက်ရမဲ့လမ်းကို မင်း ခင်းပေးနိုင်လိုက်ပြီ"

"ဒါ အစပဲ ရှိပါသေးတယ်ဗျာ"

စုချန်းက အေးဆေးတည်ငြိမ်သောလေသံနှင့် ပြန်ပြောလိုက်လေသည်။

စုချန်း၏ စကားမှာ အကြွင်းမဲ့ မှန်ကန်၏။ အနာဂတ်ခရီးလမ်းသည် အတိုင်းမသိ ရှည်လျားလွန်းနေသေးသည် မဟုတ်ပါလား။ ရှေ့တွင် ဘာတွေစောင့်ကြိုနေမည်ကို မည်သူမှမသိ။ သို့သော် စုချန်းကတော့ ဤတွေ့ရှိမှုသည် အဆုံးသတ်မဟုတ်သေးဟု တထစ်ချ ယုံကြည်ထား၏။

ကြည့်နေရင်းနှင့်ပင် တိမ်တိုက်ကျားသစ်၏ ကြာပန်းအုတ်မြစ်သည် တဖြည်ဖြည်း ရုပ်လုံးပေါ်လာ၏။ သူ့တကိုယ်လုံးမှလည်း အလင်းရောင်များ အလျံတညီးညီး ထွက်ပေါ်နေလေသည်။ တိမ်တိုက်ကျားသစ်ကား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး အမှန်တကယ် ဖြစ်သွားလေပြီ။

တိမ်တိုက်ကျားသစ်၏ အောင်မြင်မှုသည် လူတိုင်းအတွက် လမ်းသစ်ဖောက်ပေးလိုက်သည့်နှယ် ရှိလေ၏။

နောက်ထပ်အလှည့်ကျသူများမှာကား ဓါးအစေခံဆယ့်နှစ်ဦးပင် ဖြစ်လေသည်။

ပို၍ မြန်ဆန်စေရန် စုချန်းက မူလပုံစံကွက်အား နောက်ထပ်နှစ်ကွက်တိတိ ပွားယူလိုက်၏။ ထို့ကြောင့် တကြိမ်လျင် သုံးဦးကျစီ ဖြစ်သွားလေသည်။ မျက်စေ့တမှိတ်အတွင်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဆယ့်သုံးဦးတိတိ ပေါ်ပေါက်လာသည်ကိုကြည့်ရင်း ဖန်အန်းယာတို့ မျက်လုံးပြူးနေကြ၏။

ဤနှုန်းထားအတိုင်းသာဆိုပါက သိပ်မကြာမီ အလင်းတုန်ခါခြင်းနယ်ပယ်၏ တန်ဖိုးသည် များစွာ လျော့ကျသွားဖွယ်ရာ ရှိနေပေသည်။

စုချန်းကလည်း ကျူးချန်းဟွန်တို့ ဘာတွေးနေမှန်း နားလည်၏။ ထို့ကြောင့် သူက ရှင်းပြလိုက်ပြန်သည်။

"ဓားအစေခံဆယ့်နှစ်ဦးဟာ ကျုပ်နောက်ကို လိုက်နေတာ ကြာလှပြီ ဒါကြောင့် သူတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းကို ကျုပ် အသေးစိတ် သိနေတယ် ဒါကြောင့်မို့လို့သာ သူတို့ တကြိမ်တည်းနဲ့အောင်မြင်အောင် ကျုပ် အကူအညီပေးနိုင်တာ ကျန်တဲ့လူတွေအနေနဲ့ ကျရှုံးနိုင်ချေကတော့ ရှိနေတုန်းပဲ"

အမှန်တကယ်လည်း စုချန်း၏နည်းလမ်းတွင် အောင်မြင်နိုင်ချေမှာ ၅၀ရာခိုင်နှုန်းသာ ရှိနေသည်မဟုတ်ပါလား။

"ဒီလောက်ကိုက ကြောက်စရာကောင်းလောက်အောင် လုံလောက်နေပါပြီကွာ"

ကျူးချန်းဟွန် သက်ပြင်းချရင်း ရေရွတ်လိုက်၏။

လူသားမျိုးစိတ်များ၏ သမိုင်းကား အကြီးအကျယ် ပြောင်းလဲသွားတော့မည်မှာ သေချာနေခဲ့လေပြီ။

"ဒီလောက်နဲ့ မကသေးဘူးဗျ"

စုချန်းက တဟဲဟဲ ရယ်မောလိုက်၏။ ထို့နောက် သူက သံမဏိအား လှမ်းကြည့်ရင်း စကားဆက်ပြန်သည်။

"ဒီနည်းလမ်းက တောင်ရိုးကမ်းပါးမျိုးစိတ်တွေအပေါ် ဘယ်လိုသက်ရောက်သလဲ ကျုပ် သိချင်သေးတယ်ဗျ"

သွေးဗီဇပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ မည်သည့် တောင်ရိုးကမ်းပါးမျိုးစိတ်မှ အလင်းတုန်ခါခြင်းနယ်ပယ်သို့ မရောက်ဖူး။

ဤတကြိမ်တွင် စုချန်း၏ ဆန္ဒမှာ သံမဏိအား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး ဖြစ်လာစေရန်ပင်။ ကုန်ကုန်ပြောရလျင် သံမဏိအား အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်တဦး ဖြစ်လာစေရန်အထိ စုချန်း ရည်စူးထား၏။

၎င်းမှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုတော်ထမ်းပေးခဲ့သည့်အတွက် သံမဏိအား စုချန်း ပေးအပ်လိုသည့်ဆုလာဘ်ပင်တည်း။

ထိုအချိန်တွင် သံမဏိသည် မူလပုံစံကွက်၏ အလယ်တွင်ထိုင်ရင်း များပြားလှသော မူလစွမ်းအင်များအား လှည့်ပတ်ကာ ကြာပန်းအုတ်မြစ်ဖန်တီးရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ သို့သော် သံမဏိကိုယ်တွင်းရှိ မူလစွမ်းအင်သိပ်သည်းမှုမှာ ကြာပန်းအုတ်မြစ်ဖန်တီးရန် မလုံလောက်ပဲ ဖြစ်နေလေသည်။ ထို့ကြောင့် သံမဏိထံမှ ထွက်ပေါ်နေသောအလင်းရောင်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ မြင်ရုံနှင့် ပြသနာတစုံတရာရှိနေမှန်း မြင်သာသော အခြေအနေပင်။

စုချန်းကလည်း သံမဏိ၏ ပြသနာကို ချက်ချင်းပင် သဘောပေါက်လိုက်သည်။ သံမဏိသည် ၎င်းကိုယ်တွင်းရှိနေပြီးသည့် မူလစွမ်းအင်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခြင်းကြောင့် ဤပြသနာတက်နေခြင်းပင်။

တနည်းအားဖြင့် ၎င်းမှာ တောင်ရိုးကမ်းပါးများ၏ မွေးရာပါပြသနာဟု ဆိုနိုင်လေသည်။ မူလစွမ်းအင်အား အာရုံခံနိုင်စွမ်းနည်းပါးခြင်း၊ ထိန်းချုပ်နိုင်စွမ်နည်းပါးခြင်းဟူသည် ၎င်းတို့ မွေးကတည်းက တွဲလျက်ပါလာသော အားနည်းချက်များပင် မဟုတ်ပါလား။

သို့သော် သံမဏိအနေနှင့် ၎င်းကို လက်ခံနိုင်ရန် ခက်ခဲနေသည်မှာ အမှာပင်။

တောင်ရိုးကမ်းပါးမျိုးစိတ်များအတွက် ကျင့်ကြံခြင်းလမ်းကြောင်းသစ်ဖောက်လုပ်ရန်ဟူသည် သံမဏိ အမြဲ မက်နေခဲ့သော အိပ်မက်ပင် ဖြစ်နေလေရာ လက်ရှိအခြေအနေကို လက်ခံရန် ခက်ခဲနေသည်မှာ ဆန်းတော့မဆန်းလှ။ တောင်ရိုးကမ်းပါးများအနေနှင့် ယခုထက် မြင့်မားသော အဆင့်အတန်းကို အဘယ်ကြောင့် မရောက်ရှိနိုင်ရမည်နည်း။

ကြာပန်းအုတ်မြစ် ဖန်တီးနိုင်စွမ်းမရှိမှန်း တွေ့ရလျင် သံမဏိ ကျယ်လောင်စွာ ထအော်လိုက်၏။

"သခင် မူလပုံစံကွက်ရဲ့စွမ်းအင်ကို ထပ်တိုးလိုက်စမ်းပါ"

"မူလပုံစံကွက်ရဲ့စွမ်းအင်ကို ထပ်တိုးမယ် ဟုတ်လား ဒါဆို အန္တရာယ်များတယ် မင်း တောင့်ခံနိုင်မှ ဖြစ်လိမ့်မယ်နော်"

အဆိုပါလုပ်ရပ်မျိုးသည် အန္တရာယ်များမှန်း မူလစွမ်းအင်ကျောင်းတော်တွင် နှစ်ခြင်းခံခဲ့ကတည်းက စုချန်း ကောင်းကောင်းသိထားသည်မဟုတ်ပါလား။

သို့သော် မူလစွမ်းအင်ကို အာရုံခံနိုင်စွမ်းနည်းပါးသည့် မျိုးစိတ်များအဖို့ ထိုနည်းလမ်းမှာ အကောင်းဆုံးရွေးချယ်စရာတခု ဖြစ်နေဆဲပင်။

ရေစီးကြောင်း၏ ဦးတည်ရာကို ထိန်းချုပိနိုင်စွမ်းမရှိပါက ရေများပိုဖြည့်တင်းပါဟူသော ဆိုရိုးစကား ရှိနေသည် မဟုတ်ပါလား။

သံမဏိ အံတင်းတင်းကြိတ်ရင်း ထပ်အော်လိုက်သည်။

"လုပ်လိုက်ဗျာ"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်"

ပြောပြောဆိုဆို သူက နောက်ထပ် မူလစွမ်းအင်ပုံစံကွက်တခုအား ထပ်မံနှိုးဆွလိုက်ပြန်သည်။ ပုံစံကွက်နှစ်ခု ပေါင်းစပ်လိုက်သောအခါ နှစ်ဆသော မူလစွမ်းအင်များ သံမဏိကိုယ်တွင်းသိူ့ တိုးဝင်လာပြန်၏။

သံမဏိကိုယ်ပေါ်မှ အလင်းရောင်သည် သိသိသာသာပင် တောက်ပလာ၏။ ကနဦးလုပ်ရပ်က အသုံးဝင်မှန်း သိသာနေလေသည်။ သို့သော် အဆိုပါအလင်းရောင်မှာ မတည်မငြိမ်ဖြစ်နေဆဲပင်။

ထိုအခါ သံမဏိက ထပ်မံအော်ဟစ်လိုက်ပြန်သည်။

"ကျုပ်တို့မျိုးစိတ်ရဲ့ မူလစွမ်းအင်အပေါ် အာရုံခံနိုင်စွမ်းဟာ လူသားတွေရဲ့ အာရုံခံနိုင်စွမ်းထက် လေးပုံတပုံပဲရှိတယ်လို့ သခင် တခါက ပြောဖူးတယ် ဒါကြောင့် ကျုပ်တို့ လေးဆတိတိ တိုးဖို့လိုမယ်နဲ့တူတယ်သခင်"

စုချန်း မျက်မှောင်ကုတ်လိုက်၏။

"လေးဆက သိပ်များလွန်းတယ် မင်း အချိန်မှီ ကြာပန်းအုတ်မြစ် မဖန်တီးနိုင်ရင် တကိုယ်လုံး ပေါက်ကွဲသွားလိမ့်မယ်"

"ဒါဆိုလဲ သေပလေ့စေတော့ သခင် ဒီအခွင့်အရေးကို အရမယူနိုင်မှတော့ ကျုပ် သခင်နောက်ကို ဆက်လိုက်ဖို့ မထိုက်တန်တော့ပါဘူး ကျုပ် သေဖို့ထိုက်တန်ပါတယ်"

စုချန်း တွေခနဲ ဖြစ်သွား၏။ သို့သော် သံမဏိ၏ ဆုံးဖြတ်ချက်ကို နားလည်သောကြောင့် နောက်ဆုံးတွင် သူ ခွင့်ပြုပေးလိုက်လေသည်။

"ကောင်းပြီလေ ဒါဆိုလဲ မင်းကို ကျုပ် ခွင့်ပြုပါတယ်"

ပြောပြောဆိုဆို သူက နောက်ထပ် မူလစွမ်းအင်ပုံစံကွက်နှစ်ခုကိုပါ ဆက်လက်နှိုးဆွလိုက်လေသည်။

မူလစွမ်းအင်ပုံစံကွက်လေးခု နှိုးဆွလိုက်သည်နှင့် သံမဏိတကိုယ်လုံး မူလစွမ်းအင်ပင်လယ်ပြင်အတွင်း နစ်မြုပ်သွားတော့သည်။ ထို့နောက် သူ့တကိုယ်လုံး ကွေးညွတ်လာ၏။ တချိန်တည်းမှာပင် သံမဏိ၏ နာကြင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

"သံမဏိ အားတင်းထားစမ်း ပြီးရင် မင်းရဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကြာပန်းအုတ်မြစ်ကို အမြန်ဆုံး ပုံဖော်ပေတော့"

စုချန်းကလည်း ဘေးမှနေ၍ အဆက်မပြတ် ညွှန်ကြားပေးနေ၏။

နောက်ဆုံးတွင် သံမဏိတကိုယ်လုံး ထူထည်း သိပ်သည်းသော အရောင်များ ထွက်ပေါ်လာပြီး သူ့နဖူးတွင် ကြာပန်းအုတ်မြစ် ပေါ်ပေါက်လာတော့သည်။

"ကြာပန်းအုတ်မြစ်က ကြီးလှချည်လား"

လူတိုင်း အံ့သြသွား၏။

"ဒါလဲ သိပ်တော့မဆန်းပါဘူး သူ့ကိုယ်တွင်းက မူလစွမ်းအင်ဟာ ကျုပ်တို့လိုအပ်တာထက် လေးဆတောင် ဖြစ်နေပြီ ပြီးတော့ တောင်ရိုးကမ်းပါးတွေဟာ အနုစိတ်လုပ်ငန်းတွေနဲ့ သိပ်ပြီ မသင့်တော်ဘူး ဒီတောင့် သူ့ရဲ့ ကြာပန်းအုတ်မြစ်ကလဲ သူများထက် ကြီးနေတာပဲပေါ့"

ဓားအစေခံတဦးက ရှင်းပြလိုက်၏။

"ဟာ ဒါဆို သူ့မူလစွမ်းအင်က အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်က်မှာ ရှိသင့်ရှိထိုက်တာထက် ပိုများနေပြီပေါ့ ဒါဆို အဆင့်ချင်းတူတူမှာတောင် သူ့အင်အားက ကျုပ်တို့ထက် ပိုသာနေတော့မှာပဲ"

"ဒါက ပုံမှန်ပါပဲဲလေ သူ့ပေးဆပ်ခဲ့ရတာနဲ့ဆိုရင် ဒါက ထိုက်တန်ပါတယ်"

အထက်ပါအတိုင်း တယောက်က်တပေါက် ဝေဖန်နေကြချိန်တွင် သံမဏိ၏ ကြာပန်းအုတ်မြစ်မှာ တစထက်တစ ပုံပေါ်လာပြီ ဖြစ်သည်။ အဆိုပါကြာပန်းအုတ်မြစ်သည် လူသားများနှင့် မတူပဲ ရိုးရှင်း၏။ ပို၍ ကြီးမားနေ၏။ တောင်ရိုးကမ်းပါးမျိုးစိတ်များနှင့် လိုက်ဖက်အညီဆုံး ကြာပန်းအုတ်မြစ်ပုံစံဟုပင် ဆိုရပေတော့မည်။

သို့သော် သူ့ခံနိုင်ရည်မှာလည်း တဖြည်းဖြည်း လျော့ကျလာခဲ့လေပြီ။

သံမဏိ၏ တောင့်တင်းသန်မာလှသော ကိုယ်ခန္ဓာသည် ပြင်းထန်စွာ တုန်ယင်လာ၏။ သူ့ကိုယ်တွင်းအင်္ဂါများမှာလည်း မူလစွမ်းအင်ရိုက်ခတ်မှုကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေခဲ့လေပြီ။

မြင်ရသလောက် ကြာပန်းအုတ်မြစ်ဖန်တီးခြင်းလုပ်ငန်းစဥ် မပြီးဆုံးမီမှာပင် သံမဏိ လဲပြိုသွားတော့မည့်ဟန် ပေါ်နေ၏။

ထိုအခိုက်မှာပင် စုချန်းက ရုတ်တရက် ပြောလိုက်သည်။

"မင်း မသေရပါဘူးကွာ"

စကားဆုံးသည်နှင့် စုချန်းသည် သူ့လက်ကောက်ဝတ်အား ရုတ်တရက် လှီးဖြတ်လိုက်ရာ နီရဲသောသွေးများ သံမဏိကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။ ထိုအခါ အားကောင်းလှသော အသက်ဓာတ်စွမ်းအင်များ သံမဏိတကိုယ်လုံးသို့ ပျံနှံ့သွားတော့၏။

အသက်ဓာတ်ဆေးမင်ကို စုပ်ယူထားသော စုချန်း၏ သွေးတစက်သည် သက်စောင့်ဆေးတော်ကြီးနှင့် အတူတူပင်။ ထိုအကူအညီနှင့်ပင် သံမဏိသည် ကြာပန်းအုတ်မြစ်အား လက်စသတ်နိုင်လိုက်တော့၏။

"အောင်ပြီဟေ့ သူ အောင်မြင်သွားပြီ"

လူတိုင်း ဝမ်းသာအားရနှင့် ထအော်လိုက်ကြ၏။

သို့သော် သံမဏိကား ဝမ်းသာဟန်မတူ။

"မင်း ဘာဖြစ်နေတာလဲ"

စုချန်းက မေးခွန်းထုတ်လိုက်လေသည်။

သံမဏိ သက်ပြင်းချရင်း ပြန်ဖြေလိုက်၏။

"နောက်ဆုံးမှာတော့ ကျုပ် ရှုံးနိမ့်သွားတာပဲ သခင့့်ရဲ့ အကူအညီသာ မရရင် ကျုပ် ဒီနေရာမှာ သေမှာမုချပဲ ဒါကြောင့် ဒီနည်းလမ်းဟာ ကျုပ်တို့မျိုးစိတ်အတွက် အသုံးမတည့်နိုင်ဘူး သခင်"

စုချန်း မျက်မှောင်ကုတ်သွားလေသည်။

"ဒီနည်းလမ်းက တောင်ရိုးကမ်းပါးတွေအတွက် အသုံးမတည့်ဘူးလို့ ဘယ်သူကပြောတာလဲ ကျုပ်သာ မင်းတို့မျိုးစိတ်ရဲ့ အသက်စွမ်းအားကို ဆွဲဆန့်ပေးနိုင်မဲ့ ဆေးတမျိုး ဖော်စပ်နိင်ခဲ့ရင် ဒီနည်းလမ်းက အသုံးဝင်ပြီပေါ့ကွ မဟုတ်ဘူးလား"

စုချန်း၏ စကားကြောင့် သံမဏိ အလွန်ဝမ်းသာသွားလေသည်။

***

All Chapters