ရုပ်သေးရုပ်၏ ပုံပြင် ၁
Vol. 80 Ch. 791
ကျုပ်နာမည် ဆာဘတ်ဇာတဲ့ဗျ ဒီနာမည်ကို ကျုပ်သခင်က မကြိုက်တာတောင် သခင်မဒွန်နာက အတင်းပေးခဲ့တာပေါ့
ကျုပ်သခင်ကတော့ ဘယ်ကြိုက်ပါ့မလဲ ရုပ်သေးရုပ်တွေမှာ နာမည်မရှိဘူးလို့ သူက ထင်နေတာကိုး
သခင်တခါကပြောဖူးတယ် ရုပ်သေးရုပ်တွေမှာ နာမည်ရှိလာရင် ကျုပ်တို့အကြားမှာ အတ္တမာနတွေများလာလိမ့်မယ်တဲ့လေ
အိုး ဒါနဲ့ မေ့တော့မလို့ ကျုပ် သခင်နာမည်က သခင် ခရစ်စတိုဖယ် လန်းစဖော့ ရော်ဂျာလို့ခေါ်တယ် ကျုပ်ကတော့ သခင်ရော်ဂျာလို့ ခေါ်တယ် သခင်မဒွန်နာဟာ သူ့ရဲ့သမီးပေါ့
သခင်ရော်ဂျာဆိုတာ ရုပ်သေးရုပ်တွေကို ထုတ်လုပ်တဲ့စီးပွားရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ လုပ်ငန်းရှင်ကြီး။ တချိန်တည်းမှာလဲ သူဟာ ရုပ်သေးရုပ်တီထွင်တဲ့နေရာမှာ ညဏ်ကြီးရှင်တယောက် ဖြစ်နေသေးလေရဲ့
ဟုတ်တယ်ဗျ သူဟာ ရုပ်သေးရုပ်တီထွင်သူပဲ အာကင်င်နာပညာရှင်မဟုတ်ဘူး။
တခြားအာကင်နာတွေကလဲ သူ့က်ို ရုပ်သေးရုပ်အာကင်နာပညာရှင်လို့ပဲ သတ်မှတ်ထားကြတာပေါ့ ဒါပေမဲ့ ဒါကို ကျုပ်သခင်က ဒေါသတကြီးကို ငြင်းဆန်ထားတယ် သူက ပြောတယ်ဗျ အာကင်နာပညာရှင်တွေဟာ သဘာဝတရားကြီးရဲ့ လျှို့ဝှက်ချက်တွေကို လိုက်လံရှာဖွေနေသူတွေဖြစ်တဲ့အတွက် ငွေကြေးထက် အများကြီး တန်ဖိုးရှိသတဲ့ သူဟာ စီးပွားရေးသမားသာ ဖြစ်တဲ့အတွက် သူ့ကို အာကင်နာပညာရှင်ရယ်လို့ သတ်မှတ်ခြင်းငှာ မထိုက်တန်ဘူးတဲ့ သူ့အနေနဲ့ကတော့ အာကင်နာပြည်ကြီးမှာ အအောင်မြင်ဆုံး စီးပွားရေးပညာရှင်တဦး ဖြစ်လာဖို့ကိုပဲ ရည်ရွယ်ပါသတဲ့
သခင်ရော်ဂျာရဲ့ ကြီးမြတ်တဲ့ရည်မှန်းချက်က အဆုံးမရှိနိုင်တဲ့ ဒုက္ခတွေကိုပဲ ယူဆောင်လာဟန်တူပါတယ် အာကင်နာပညာရှင်အများစုက သူ့ကို မကြိုက်ကြတော့ဘူးလေ တဖက်မှာလည်း ရုပ်သေးရုပ်တည်ဆောက်တဲ့ပညာက တဖက်ကမ်းခတ်နေလေတော့ အာကင်နာပညာရှင်တွေဟာ သူ့ဆီက ရုပ်သေးရုပ်တွေကို အတင်းအကြပ် ဝယ်ယူကြတော့တာပဲ
ကျုပ်ကိုယ်တိုင်ဟာလဲ ဒီလိုရောင်းချဖို့ ဖန်တီးခံလိုက်ရတဲ့ ရုပ်သေးရုပ်ပါပဲ သခင်မဒွန်နာဆီ ရောက်သွားတာကတော့ မတော်မဆလို့ပဲ ဆိုရမယ်ထင်တယ်
ဒီလိုနဲ့ သခင်ရော်ဂျာဟာ ရုပ်သေးရုပ်တည်ဆောက်ရေးလုပ်ငန်းရှင်ကြီးဘဝနဲ့ ပိုပြီးပိုပြီး ကြွယ်ဝချမ်းသာလာပါတော့တယ် တရက်မှာတော့ ဖောက်သည်တယောက်ဟာ ခုခံရေးရုပ်သေးရုပ်တွေ တည်ဆောက်ပေးဖို့ အမှာပါးလာတယ် ဒီလိုရုပ်သေးရုပ်တည်ဆောက်ရတာဟာ အလွန်လက်ဝင်တဲ့အတွက် သခင်ရော်ဂျာဟာ စိတ်ရောကိုယ်ပါနှစ်ပြီး တည်ဆောက်ခဲ့ရတာပေါ့ နောက်ဆုံးရုပ်သေးရုပ်တည်ဆောက်ပြီးတဲ့အချိန်မှာပဲ ဘယ်ကပေါ်လာမှန်းမသိတဲ့ ဝိညာဥ်စားသုံးခြင်းနတ်ဆိုးသားရဲတကောင်ဟာ သခင့်ရဲ့အလုပ်ရုံကို ဝင်ရောက်တိုက်ခိုက်တော့တာပဲဗျို့
နတ်ဆိုးသားရဲလဲသေ အလုပ်ရုံကလဲ အတော်ကို ပျက်စီးသွားလေရဲ့ ရုပ်သေးရုပ်ငါးဆယ်မှာ နှစ်ဆယ်ကလဲ ရစရာကို မရှိတော့ဘူး ပျက်စီးသွားတဲ့ ရုပ်သေးရုပ်ထဲမှာ ကျုပ်လဲပါတာပေါ့ နောက်တနေ့လဲကျရော ကျုပ် အမှိုက်ပုံကို ရောက်သွားရော
တကယ်တော့ ကျုပ်ရဲ့ပုံပြင်က ဒီနေရာမှာ အဆုံးသတ်သွားသင့်တာပေါ့ ဒါပေမဲ့ သခင်မဒွန်နာက ကျုပ်ကို ဘဝသစ်တခု ပေးခဲ့တယ်လေ ဖြစ်ချင်တော့ အဲဒီအချိန်မှာ သခင်မဒွန်နာဟာ ရုပ်သေးရုပ်တည်ဆောက်တဲ့အတတ်ပညာကို လေ့လာနေတာဗျ ကျုပ်ဟာ သူ့ လေ့ကျင့်ဖို့ အကောင်းဆုံးအခွင့်အရေးလို့ သူ့စိတ်ထဲမှာ တွေးထင်သွားဟန်တူတယ် သူပဲ ကျုပ်ကို အမှိုက်ပုံထဲကဆွဲထုတ်ပြီး ပြန်တည်ဆောက်တော့တာပဲ နောက်ဆုံးတော့ သခင်မဒွန်နာအောင်မြင်သွားတယ် ကျုပ်ကို အသက်ပြန်သွင်းနိုင်ခဲ့တယ်လေ ဒါပေမဲ့ဗျာ သခင်ကြီးရော်ဂျာက သခင်မလက်ထဲကနေ ကျုပ်ကို ပြန်ယူသွားပြန်ရော ကျုပ်ကိုရောင်းပြီး သူ ဆုံးရှုံးထားတာ နည်းနည်းလောက်ပြန်ကာမိရင် မဆိုးဘူးဆိုတဲ့ အတွေးနဲ့ပေါ့
သခင်ရော်ဂျာရဲ့လုပ်ရပ်ကြောင့် သခင်မဒွန်နာရဲ့ နာကျင်မှုကို ကျုပ် ခံစားမိနေတယ်
ဟုတ်တယ်ဗျ သခင်မဒွန်နာက သူ နာကျင်ရကြောင်း ကျုပ်ကို ပြောပြခဲ့တာမဟုတ်ဘူး သူ့နာကျင်မှုကို ကျုပ် ခံစားမိနေခဲ့တာ ဒါက ဘာမှန်းသာမသိသာ တခုခုတော့ တခုခုပဲဗျာ
တနည်းအားဖြင့် ဒါဟာ မှတ်ညဏ်တွေ ခံစားချက်တွေဗျ သတင်းအချက်အလက်တွေ မဟုတ်ဘူး
ဝိညာဥ်စားသုံးခြင်းနတ်ဆိုးဟာ ကျုပ်ရဲ့ သတ္တုကိုယ်ထည်ကို ဖျက်ဆီးပစ်ခဲ့တယ်ဆိုပေမဲ့ တစုံတခုသော ဖြစ်တည်မှုအသစ်တခုက ကျုပ်ဆီမှာ ဖြစ်တည်လာသလိုလိုပါပဲ
နောက်နှစ်တချို့အကြာမှာတော့ တလက်ကတလက်ပြောင်းရင်း ကျုပ်ဟာ နီဂိုဆိုတဲ့သခင်ရဲ့ သက်တော်စောင့် ဖြစ်လာခဲ့တယ် သခင်နီဂိုဟာ ရတနာမုဆိုးလို့ဆိုရမယ် သူဟာ တိုက်ကြီးတလျှောက် လျှောက်သွားရင်း ရတနာရနိုင်တဲ့နေရာမှန်သမျှကို သက်စွန့်ဆံဖျား လိုက်လံရှာဖွေတတ်တဲ့သူမျိုး ကျုပ်ကတော့ တလမ်းလုံးမှာ သူ့ကို ကာကွယ်ပေးရတာပေါ့
သူ့ကြောင့်မို့လို့ပဲ ကျုပ်ဟာ ဒီကမ္ဘာလောကကြီးက နေရာအမျိုးမျိုးကို ရောက်ဖူးခဲ့တော့တာပေါ့ အဆုံးမရှိကျယ်ပြောတဲ့ ကန္တာရတွေ မုန်တိုင်းထန်တဲ့ပင်လယ်တွေ အေးခဲလှတဲ့ကျတ်တီးမြေတွေ အစုံပါပဲ ဒါကြောင့်မို့လို့လဲ ကျုပ်ရဲ့သတ္တုကိုယ်ထည်ဟာ ကြွပ်ဆတ်ဆတ်ဖြစ်လာခဲ့တော့တာပါပဲ တနေ့မှာတော့ ကျုပ်သခင်ဟာ ထူးဆန်းတဲ့နေရာတခုကို စေလွှတ်ခဲ့တယ် အဲဒီနေရာလဲရောက်ရော သူ့ကလေးကို ကာကွယ်လိုတဲ့စိတ်နဲ့ နှင်းနတ်ဆိုးဟာ ဝိညာဥ်ဆိုးတကောင်နဲ့ အသည်းအသန်တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်
သာမာန်အားဖြင့် နှင်းနတ်ဆိုးအနေနဲ့ နိုင်စရာအကြောင်းမရှိပေမဲ့ သူ့ရဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး နောက်ဆုံးမှာ ဝိညာဥ်ဆိုး ထွက်ပြေးသွားရတယ်ဗျ
ဒီအချိန်မှာပဲ ရုတ်တရက်ပေါ်လာတဲ့သခင်ဟာ နှင်းနတ်ဆိုးကိုသတ်ပြီး သူ့ကလေးကို ယူဖို့ ကျုပ်ကို အမိန့်ပေးလာတယ် နှင်းနတ်ဆိုးရဲ့ တောင်းပန်နေတဲ့မျက်လုံးကို မြင်တာနဲ့ ဘာကြောင့်မှန်းမသိ ကျုပ် တမျိုးကြီး ဖြစ်သွားတယ်
ပြီးတာနဲ့ သခင့်အမိန့်ကို ကျုပ် ငြင်းဆန်လိုက်တယ်
ဘာလို့အဲဒီလို ငြင်းဆန်မိတာလဲ ကျုပ် မသိဘူး ကျုပ်ဟာ ရုပ်သေးရုပ်လေဗျာ သခင်ခိုင်းရင် လုပ်ရမှာပဲ ခုတော့ ကျုပ် ငြင်းလိုက်မိပြီ
ပြီးတာနဲ့ ကျုပ် တခါတည်း လှည့်ထွက်လာခဲ့တယ် ကျုပ်သခင်ကတော့ အကြီးအကျယ် ဒေါသထွက်ရင်း ကျန်ခဲ့လေရဲ့
ဒီလိုနဲ့ ထိန်းချုပ်အူတိုင်ပျက်စီးသွားလို့ သခင်ရဲ့အမိန့်ကို ငြင်းဆန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျုပ် သခင်ရော်ဂျာဆီ ပြန်ရောက်လာခဲ့ပြန်တယ်
ပြောရမယ်ဆိုရင်တော့ ကျုပ်ဟာ သခင်ရော်ဂျာရဲ့ မအောင်မြင်တဲ့ တီထွင်မှုပေါ့ဗျာ
သခင်ရော်ဂျာဟာ ကျုပ်ခေါင်းကိုဖွင့်တယ် လိုတဲ့ပြင်ဆင်မှုတွေလုပ်တယ် ပြီးတာနဲ့ ရောင်းချလိုက်ပြန်တယ်
ဒီတကြိမ်မှာ ကျုပ်ရဲ့သခင်သစ်က အဆန်ဆိုတဲ့ ကျွန်ပိုင်ရှင်တဦးပဲ သခင်အဆန်ဟာ ကျွန်ပေါင်းသုံးသောင်းလောက်ထိ ပိုင်ဆိုင်တယ် အဲဒီထဲမှာ သတ်ဖြတ်သူတွေ လူသားတွေ ပင်လယ်လူသားမျိုးစိတ်တွေ လူပျံတော်တွေ တောင်ရိုးကမ်းပါးတွေ စသဖြင့် မျိုးစိတ်အသီးသီး ပါဝငိတယ် သူ့ရဲ့အလုပ်ကတော့ ကျွန်တွေကို စုစည်းတယ် လေ့ကျင့်တယ် ပြီးတော့ အာကင်နာပညာရှင်တွေဆီ ပြန်ရောင်းတယ်
နောက်သုံးလအကြာမှာ ထိန်းချုပ်အူတိုင်ပျက်သွားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျုပ် သခင်ရော်ဂျာဆီ ပြန်ရောက်သွားပြန်တယ် ကျုပ် ဘာလုပ်မိသလဲဆိုတော့ ကျွန်တသောင်းကျော်ကို ဘာအမိန့်မှမပါပဲဲ လွှတ်လိုက်မိတာ အဲဒီထဲမှာ လူသား ကုရွှန်းချန်လဲ ပါသွားတယ် နောက်ပ်ိုင်းပြန်သိရသလောက် အဲဒီလူဟာ လူသားတော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာသတဲ့ဗျ
ဒီတကြိမ်မှာတော့ သခင်ရော်ဂျာဟာ ကျုပ်ကို လုံးဝအယုံအကြည်မရှိတော့ဘူး ပြန်လဲမပြင်ပေးတော့ပဲ တစစီဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တော့တယ်
ဒီတကြိမ်ကျုပ်ကို ကယ်တင်လိုက်ပြန်တာကလဲ သခင်မဒွန်နာပဲ ဖြစ်နေပြန်ပါတယ် သူပြောတဲ့စကားကို ကျုပ် ခုထိ မှတ်မိနေသေးတယ်
"နင် အမိန့်တွေ ဘယ်လိုဖောက်ဖောက် ငါကတော့ ဂရုမစိုက်ဘူး နင်ဟာ ငါ့ရဲ့ပထမဆုံး တီထွင်မှုဖြစ်တဲ့အတွက် ငါ တန်ဖိုးထားတယ် ဘာပဲဖြစ်ဖြစ် မှန်ကန်တာတခုကို ငါ လုပ်ခဲ့မိတယ် ထင်တာပဲ"
ဒီလိုနဲ့ ကျုပ် သခင်မဒွန်နာဘေးကို ထပ်ရောက်သွားပြန်တယ်
အဲဒီနေ့ရက်တွေဟာ ကျုပ်ဘဝရဲ့ အပျော်ဆုံးနေ့ရက်တွေပဲ
သခင်မဒွန်နာဘေးမှာ ကျုပ် လေးနှစ် နေခဲ့တယ်
ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ လေးနှစ်လဲဗျာ
သခင်မရဲ့အမိန့်ကို ကျုပ် တကြိမ်တခါလေးတောင် မဖောက်ဖျက်ခဲ့ဖူးဘူး
သခင်မဒွန်နာဟာ သိပ်ကိုကြင်နာတတ်တယ် သူများတွေကို ဂရုစိုက်တတ်တယ် တခုခုဆိုးဝါးတာတွေ ဖြစ်လာပြီဆိုရင် သခင်မဟာ ငိုတော့တာပဲ
သခင်မ ဒီလိုငိုပြီဆိုရင် ကျုပ် ဝမ်းနည်းလာရော ဟုတ်တယ်နော် ခင်ဗျားတို့ ဒီခံစားမှုကို ဝမ်းနည်းတယ်လို့ ခေါ်တယ်မလား
ကျုပ် သခင်မဒွန်နာကို ပျော်စေချင်တယ် တကယ်လဲ အချိန်အများစုမှာ သူ ပျော်နေခဲ့ပါတယ်
ဒါပေမဲ့ တခါတလေကျပြန်တော့လဲ သူ ရှိုက်ကြီးတငင်ငိုပြီး ကျုပ်ကို ရင်ဖွင့်နေတတ်တယ် သူ့နှလုံးသားထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာပေါ့
သခင်မကို တချို့က သိပ်မလှဘူးလို့ ပြောကြတယ် ကျုပ်စိတ်ထဲမှာတော့ သခင်မဟာ တလောကလုံးမှာ အချောဆုံးပါပဲ ဒါပေမဲ့ သခင်မကတော့ ကျုပ်အချစ်ကို ဂရုမထားခဲ့ပါဘူးဗျာ
ဘယ်လိုပဲပြောပြော သခင်မ ရင်ဖွင့်တာကိုနားထောင်ရင်း ကျုပ်တဖြည်းဖြည်းသိလာတာကတော့ သခင်မဟာ မာဂျိုကို ချစ်နေပြီဆိုတာပဲ
မာဂျိုဟာ ငယ်ရွယ်နုပျိုပြီး ရုပ်ရည်ချောမာတဲ့ အာကင်နာတယောက်ပါ တင့်တယ်တယ် ကျက်သရေရှိတယ် ဒီစကားလုံးတွေက မာဂျိုရဲ့ရုပ်ရည်ကို ဖော်ပြဖို့ သခင်မဒွန်နာ သုံးခဲ့တဲ့ စကားလုံးတွေပါ
တနေ့ပေါ့ အဲဒီနေ့ကို ကျုပ် ကောင်းကောင်းမှတ်မိသေးတယ် ညနေခင်းမှာ သခင်မဒွန်နာ အိမ်ကိုပြန်လာတယ် တအိမ်လုံးလဲ တိတ်ဆိတ်လို့
အိမ်ရောက်တာနဲ့ သခင်မဟာ ဒေါင့်တဒေါင့်မှာထိုင်ပြီး ခါးခါးသီးသီးကို ငိုကြွေးနေတော့တာပဲ ပြီးတော့ သူဟာ ကျုပ်ကို တင်းတင်းကျပ်ကျပ်ဖက်ပြီး ရင်ဖွင့်နေလေရဲ့ သူပြောပြသလောက် ကျုပ် သိရတာကတော့ သခင်မက မိုဂျိုကို သူနဲ့အတူ ကဖို့ ဖ်ိတ်ခေါ်တယ် ဒါကို ဟိုကောင်က ငြင်းလိုက်သတဲ့လေ
အများသူငါရှေ့မှာ ငြင်းပယ်လိုက်တဲ့ မိုဂျိုရဲ့လုပ်ရပ်ဟာ သခင်မဒွန်နာကို အကြီးအကျယ် အထိနာသွားစေခဲ့တယ်
သခင်မဟာ ကျုပ်ကို အကြာကြီး ပြောပြနေခဲ့တယ် ကျုပ်ဟာ မှတ်သားဖို့တည်ဆောက်ထားတဲ့ ရုပ်သေးမဟုတ်ဘူး ဒါပေမဲ့ သခင်မပြောသမျှကိုတော့ ကျုပ် တလုံးမကျန် မှတ်မိနေခဲ့တယ်
နောက်ဆုံးတော့ သခင်မဒွန်နာဟာ ဝိုင်တွေအများကြီးသောက်ပြီး အိပ်ပျော်သွားခဲ့တယ်
ကျုပ်လဲ သူ့ကို တညလုံး ထိုင်ကြည့်နေခဲ့မိတယ်
အဲဒီနေ့ကစပြီး သခင်မဒွန်နာ ပြုံးတာကို ကျုပ် တခါမှမတွေ့ရတော့ဘူးဆိုရမယ်ဗျ
ဒီလိုနဲ့ တနှစ်လောက်ကြာသွားတယ် ထူးထူးဆန်းဆန်းပဲ သခင်မဒွန်နာရဲ့မျက်နှာမှာ အပြုံးပန်းဝေစီလာခဲ့ပြန်တယ် ပြီးတော့ သခင်မအရမ်းပျော်နေတာ ကျုပ်တွေ့လိုက်ရတယ်
နောက်ဆုံးတော့ အဖြေကို ကျုပ် ရှာတွေ့သွားတယ် သူ ချစ်သူရသွားပြီ အများရှေ့မှာ သူ့ကိုအရှက်ခွဲခဲ့တယ် မိုဂျိုက ချက်ချင်းပဲ သူ့ကို လက်ခံလိုက်ပြီ
တခုခုထူးဆန်းနေသလိုခံစားနေရပေမဲ့ သခင်မဒွန်နာအတွက် ကျုပ် အရမ်းပျော်ပါတယ် သခင်မပျော်နေသရွေ့ ကျုပ် ပျော်နေမှာပါပဲဗျာ
ဒါပေမဲ့ ဒီအဖြစ်အပျက်ဟာ အိပ်မက်ဆိုးကြီးရဲ့အစဖြစ်လိမ့်မယ်လို့ ကျုပ် လုံးဝထင်မထားမိခဲ့ဘူး
သူ နတ်ဆိုးတကောင်နဲ့ ချစ်မ်ိသွားတာကိုး
***