ရုပ်သေးရုပ်၏ ပုံပြင် ၂
Vol. 80 Ch. 792
မာဂျိူဟာ ဆင်းရဲတဲ့ အာကင်နာတဦးပဲ
အနည်းဆုံးတော့ အဲဒီလိုပဲ ယုံကြည်ရတယ် အာကင်နာတွေဟာ မျိုးစိတ်တိုင်းရဲ့ထိပ်မှာ ရပ်တည်နိုင်တဲ့အတွက် အဆင်းရဲဆုံးဆိုတဲ့ အာကင်နာတွေ အစေခံတချို့ ပိုင်ဆိုင်ထားကြတယ် ဒါပေမဲ့ မာဂျိုက ဒီလောက်နဲ့ မတင်းတိမ်ဘူး
သူ ပိုပြီးလိုချင်လာတယ်
သူ့အိမ်ကလဲ သူ့ရဲ့မဟာရည်မှန်းချက်ဖြစ်တဲ့ ထိပ်သီးအာကင်နာပညာရှင်ကြီး ဖြစ်လာဖို့ကို မထောက်ပံ့နိုင်ဘူး ဒီမှာတင် သူ့ရဲ့ပစ်မှတ်က သခင်မဒွန်နာ ဖြစ်လာတော့တာပဲ
သခင်မဒွန်နာနဲ့ အတူနေကတည်းက မာဂျိုဟာ သခင်မဆီကနေ သူ့သုတေသနအတွက် လိုအပ်တဲ့ အရင်းအမြစ်မှန်သမျှကို တသမတ်တည်း တောင်းခံတော့တာပဲဗျာ
ချစ်နေသမျှ အပြင်မမြင်တဲ့ သခင်မဒွန်နာကတော့ ဘယ်လောက်ပဲ ပေးရပေးရ ပျော်နေတာပါပဲ ဒီအတွက် သူ ဘာပြန်ရသလဲဆိုတော့ မာဂျိုရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေပဲပေါ့ဗျာ
မာဂျိုဟာ လောဘတက်သည်ထက် တက်လာတယ် သခင်မအတွက်ကတော့ မာဂျိုလိုအပ်သမျှ ဖြည့်ဆည်းပေးဖို့ ခက်ခဲသည်ထက် ခက်ခဲလာတယ်
အကျိုးဆက်အနေနဲ့ သခင်မဒွန်နာဟာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတော့တာပါပဲ
ပထမဆုံးအနေနဲ့ ဒီကောင်မာဂျိုက သခင်မကို ဆဲဆိုတယ် နောက်ဆုံး ကိုယ်ထိလက်ရောက်ပါ ရိုက်နှက်လာတယ်ဗျ
ပထမဆုံး ကျုပ်မြင်လိုက်ရတာက သခင်မရဲ့မျက်နှာပေါ်က ဒဏ်ရာ သခင်မကတော့ ကျုပ်ကို ပြုတ်ကျတယ်လို့ လိမ်တယ်ဗျ တဖြည်းဖြည်းနဲ့ သခင်မရဲ့မျက်နှာပေါ်က ဒဏ်ရာဟာ တဖြည်းဖြည်း ပိုပိုပြီးများလာတာကို ကျုပ် တွေ့နေရတယ်
ဒီကောင်မာဂျိုက သူလိုတာတွေ မရတိုင်း သခင်မကို ရိုက်နှက်နေတော့တာကိုးဗျ
သခင်မဒွန်နာကို ကျုပ် ကူညီချင်တယ် ဒါပေမဲ့ ကျုပ်က ရုပ်သေးရုပ်လေဗျာ သခင်မရဲ့အမိန့်မရပဲ ကျုပ် ဘာမှလုပ်လို့မရဘူး ကုန်ကုန်ပြောရရင် ကျုပ်ဟာ သခင်အမိန့်ကို မနာခံာခံတတ်တဲ့ရုပ်သေးဖြစ်နေရင်တောင် သခင်မဒွန်နာရဲ့အမိန့်ကိုတော့ ကျုပ် မလွန်ဆန်ရဲဘူး
ဒီတော့ ကျုပ် ဘာလုပ်ရမလဲ ကုပ်ကုပ်လေးထိုင်ကြည့်နေရုံပဲ တတ်နိုင်တော့တယ် ဒီတော့ မာဂျိုဟာ ပိုပြီးရဲတင်းလာတယ် ကျုပ်ရှေ့မှာ သခင်မရဲ့အခန်းထဲမှာပါ သခင််မကို ရိုက်နှက်တဲ့အဆင့်ထိ ရောက်လာတယ်
သူ့စီးပွားရေးလောက်ကိုသာ ဂရုစိုက်တဲ့ သခင်ရော်ဂျာကတော့ သခင်မဒွန်နာ ဘာတွေဖြစ်နေမှန်း လုံးဝ သတိမထားမိဘူးဗျ
သခင်မဒွန်နာရဲ့ အခြေအနေကလဲ ပိုပိုဆိုးလာတယ် မာဂျိုလိုအပ်သမျှ ဖြည့်ဆည်းနိုင်ဖို့ သူ့အဖေဆီကနေပါ ခိုးတဲ့အဆင့်ထိ ရောက်လာတယ် သူ့အဖေကလဲ တွေ့သွားတယ်ဗျ ဒီမှာတင် သခင်မဒွန်နာကို သခင်ရော်ဂျာက ရိုက်နှက်ပြီး အခန်းထဲထည့်ပိတ်ထားလိုက်တော့တာပဲ
အဲဒီနေ့မှာပဲ မာဂျို ထပ်ရောက်လာတယ်
မာဂျို သူ တော်တော်စိတ်ဆိုးနေတယ် သူ သခင်မဒွန်နာကို ကျယ်ကျယ်လောင်လောင်ပဲ အော်ဟစ်ဆဲဆိုနေတယ် သူဟာ သုတေသနတွေအောင်မြင်ဖို့ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးမိန်းမနဲ့ ယူခဲ့ပေမဲ့ အလကားပဲ ဘာညာနဲ့ သူ သခင်မကို အသုံးမဝင်တော့မဲ့ မိန်းမအနေနဲ့ ပြစ်တင်ပြောဆိုနေလေရဲ့
ပြီးတာနဲ့ သူဟာ သခင်မကို စပြီးရိုက်နှက်တော့တယ်
သခင်မက သူ့ကို သနားညှာတာဖို့ တောင်းပန်တယ် ဒါပေမဲ့ ဘာမှအသုံးမဝင်ပါဘူးလေ ကြာတော့ သခင်မဟာ မခံနိုင်ရှာတော့ဘူး ဒီမှာတင် သခင်မက ကျုပ်ကို အော်ခေါ်လိုက်တယ်
"ဆာဘတ်ဇာ သူ့ကို ဝင်တားပေးပါအုံး"
ကောင်းကင်ဘုံက ခေါ်သံကို ကြားလိုက်ရသလိုပဲ ဒါ ကျုပ် သိပ်ကို တောင့်တမျှော်လင့်နေတဲ့အချိန်လေဗျာ
သခင်မဒွန်နာရဲ့အသံကိုကြားတာနဲ့ ကျုပ် မာဂျိုဆီ ပြေးဝင်သွားပြီး ရက်ရက်စက်စက်က်ို ထိုးနှက်လိုက်တယ် လက်သီးချက် နှစ်ချက်နဲ့တင် မာဂျိုရဲ့အကာအကွယ်တွေ ပျက်စီးသွားတယ် တတိယမြောက်လက်သီးချက် ဝင်သွားတဲ့အချိန်မှာတော့ မာဂျို ကြမ်းပြင်ပေါ် ခွေခေါက်နေပြီ
ပြီးတာနဲ့ ကျုပ် ဓားကိုဆွဲထုတ်လိုက်တယ်
ဟုတ်တယ် ကျုပ် သူ့ကို သတ်ပစ်ချင်နေပြီလေ
ရုပ်သေးရုပ်တွေမှာသာ ကျိန်ဆိုခွင့်ရှိရင် အဲဒီအခိုက်အတန့်မှာ ကျုပ် သူ့ကို တကယ်သတ်ပစ်ချင်နေမှန်း ကျိန်ရဲပါတယ်ဗျာ
ကျုပ်ရဲ့လုပ်ရပ်ကို လှမ်းမြင်တဲ့သခင်မက ကမန်းကတန်း လှမ်းတားပါသေးတယ် ဒါပေမဲ့ ဒီတကြိမ်မှာတော့ သခင်မအမိန့်ကို ကျုပ် မနာခံတော့ဘူး ကျုပ်လက်ထဲကဓားနဲ့ မာဂျိုရဲ့လည်မြိုကို လှမ်းထိုးလိုက်တော့တယ်
ဒီကောင့်ကို သတ်ရတာ ကျေနပ်အားရလိုက်တာဗျာ ပြီးတော့ အဲဒီလို ခံစားချက်မျိုးက သိပ်ကျေနပ်စရာကောင်းမှန်း ကျုပ် သိလိုက်ရတယ်
နောက်ဆုံးတော့ သခင်မဒွန်နာ ဖမ်းဆီးခံရတယ်
အာကင်နာတယောက်က် သေသွားတယ် ရုပ်သေးရုပ်ပိုင်ရှင်က ပစ်မှုကျူးလွန်သူပေါ့ ဒီအတွက် သခင်မဟာ နံပါတ်တစ်တရားခံ ဖြစ်သွားရှာတယ်
တရားရုံးမှာ ဖြစ်ပျက်ခဲ့သမျှကို ကျုပ် ရှင်းပြလိုက်ချင်တယ် မာဂျိုကို ကျုပ်စိတ်နဲ့ကျုပ် သတ်ခဲ့တာဖြစ်ကြောင်းကိုပေါ့ ဒါပေမဲ့ ဘယ်သူက ယုံမှာတဲ့လဲ ဒါကြောင့် တရားရုံးမှာ ရက်ရက်စက်စက် စစ်မေးခံနေရတဲ့ သခင်မကို ကျုပ် ငြိမ်ငြိမ်သက်သက်ပဲ ထိုင်ကြည့်နေခဲ့ရတယ်ဆိုပါတော့
ကျုပ်ကိုယ်တိုင်လဲ လူသတ်လက်နက်အနေနဲ့ တရားရုံးမှာ ရှိနေခဲ့တယ် ဒါကြောင့်လဲ သခင်ရော်ဂျာ ဘာလုပ်ခဲ့မှန်း မြင်တွေ့ခဲ့ရတာပေါ့ သခင်ရော်ဂျာဟာ အကြီးအကျယ် ဒေါသအိုးပေါက်ကွဲနေခဲ့တယ် သူ့အနေနဲ့ သူ့သမီးရဲ့အသက်ကို ကယ်တင်ခွင့်ရှိပေမဲ့ ငွေကုန်မှာကိုတော့ နှမြောနေခဲ့တယ်လေ နောက်ဆုံးမှာတော့ သခင်မဒွန်နာဟာ အချုပ်ထောင်ထဲမှာ သေတဲ့အထိ နေသွားစေဆိုတဲ့ အမိန့်မျိုး အချမှတ်ခံရတယ် ကျုပ်ကတော့ နောက်တကြိမ် အမှိုက်ပုံထဲ ပြန်ရောက်သွားရတော့တာပေါ့
အမှိုက်ပုံထဲမှာ ဘယ်လောက်ကြာအောင် လဲလျောင်းနေခဲ့ရမှန်း ကျုပ် မပြောတတ်ဘူး ကျုပ်ကိုယ်ဟာ တဖြည်းဖြည်း ဆွေးမြေ့စပြုနေခဲ့ပြီ ကျုပ်ဟာ ကောင်းကင်ပေါ်က ကြယ်တွေကို ငေးကြည့်ရင်း ဘဝရဲ့ရည်မှန်းချက်တွေအကြောင်း တွေးနေခဲ့မိလေရဲ့
အိမ်ခြေရာမဲ့တွေအများကြီး ကျုပ်ကို လာကြည့်တယ် ပြီးတော့ ပြန်ထွက်သွားကြတယ် သူတို့စိတ်ထဲမှာ ကျုပ်ကို ပြန်ပြင်လို့်မရတော့ဘူး ထင်ကြလို့နေမှာပေါ့ ဒီလိုနဲ့ပဲ ကျုပ်လဲ ဆက်လက်စောင့်ဆိုင်းနေခဲ့ရတယ်ဆိုပါတော့
တနေ့မှာတော့ ကျုပ် စောင့်နေတဲ့အချိန်ကို ရောက်လာခဲ့တယ်
ဂိုးလ်လို့ခေါ်တဲ့ လက်မှုပညာရှင်တဦးက ကျုပ်ကို ရှာတွေ့သွားခဲ့တယ် သူ ပြောတဲ့စကားကို ကျုပ် မှတ်မိနေသေးတယ်ဗျ
"ဒီမှာဟေ့ ရုပ်သေးရုပ်တကောင်ရဲ့ခေါင်းကို ကျုပ်ရှာတွေ့တယ် သူ့အပြင်ပန်းက ပျက်စီးနေပေမဲ့ အတွင်းပိုင်းကတော့ ကောင်းကောင်းအလုပ်လုပ်နေသေးတယ် ကျုပ်သာ သူ့ကို ခန္ဓာအသစ်ပေးလိုက်ရင် သူ နောက်တကြိမ် လမ်းလျှောက်နိုင်အုံးမှာပဲ ဒီရုပ်သေးရုပ်ဟာ ကျုပ်ရဲ့အကောင်းဆုံးဖန်တီးမှုတောင် ဖြစ်လာနိုင်သေးတယ်"
ဒီလိုနဲ့ ဂိုးလ်ဟာ ကျုပ်ရဲ့ ပိုင်ရှင်သစ်ဖြစ်လာခဲ့ပြန်တယ်
ဂိုးလ်ဟာ သိပ်တော်တဲ့ လက်မှုပညာရှင်ဗျ ဒါပေမဲ့ သူ့မှာက အရင်းအမြစ်ရှားပါးတဲ့အတွက် ရနိုင်သမျှ ကုန်ကြမ်းလေးတွေနဲ့ပဲ ဖန်တီးမှုလေးတွေ လုပ်နေရရှာတယ် ဂိုးလ်ဟာ ကျုပ်ကိုယ်ခန္ဓာကို နေရာအနှံ့ကယူလာတဲ့ ပစ္စည်းမျိုးစုံနဲ့ ပေါင်းစပ်ဖန်တီးပေးခဲ့တယ် ထူးခြားတာကတော့ ဂိုးလ်ကြောင့် ကျုပ် စကားပြောနိုင်စွမ်းရှိလာခဲ့တာပဲ
စကားပြောတယ်ဆိုတာ ကျုပ်အတွက်တော့ စိမ်ခေါ်မှုအသစ်ပါပဲ စကားတခွန်းထွက်လာဖို့ ကျုပ် အများကြီး အားထုတ်ရတယ် ဒါပေမဲ့ စကားပြောဖို့သင်ယူရတာကို ကျုပ် ပျော်ပါတယ် ခက်တာက ဘာပြောရမှန်း ကျုပ် မသိဘူး
ဒါကြောင့် များသောအားဖြင့် ကျုပ်ဟာ ငြိမ်ငြိမ်လေးထိုင်နေလိုက်တာပဲ
ဂိုးလ်ကတော့ ကျုပ်ဘေးနားမှာထိုင်ပြီး စကားမနားတမ်းပြောနေလေရဲ့ သူက သခင်မဒွန်နာထက်တောင် စကားများနေသေးတယ်
ကျုပ် ဘာမှပြန်မပြောတဲ့အခါမျိုးမှာ ဂိုးလ်ဟာ အကြီးအကျယ် စိတ်ပျက်သွားလေ့ရှိတယ်
တခါတလေ ဘာမှလုပ်စရာမရှိတဲ့အခါမျိုးမှာ ကျုပ် သခင်မဒွန်နာကို သတိရလာတတ်တယ် ကြယ်တွေကို ငေးကြည့်ရင်း သခင်မဒွန်နာ ဘာများလုပ်နေမလဲလို့ တွေးနေမိတယ်
ကျုပ် မာဂျိုကို သတ်ပစ်တယ် ဒီလုပ်ရပ်ကြောင့် သခင်မရဲ့ဘဝပါ ပျက်စီးသွားခဲ့တယ် ဒီအတွက် ကျုပ်မှာ တာဝန်ရှိတယ်လို့ ခံစားနေတယ်
ခု ကျုပ်မှာ ကိုယ်ခန္ဓာသစ်ရှိပြီ စကားလဲ ပြောတတ်နေပြီ သခင်မဒွန်နာကို အကြောင်းစုံရှင်းပြသင့်င့်တယ်မလား
ဒီအတွေးပေါ်လာတာနဲ့ ကျုပ် ထွက်သွားဖို့ ဆုံးဖြတ်မိတော့တာပဲဗျ
အဲဒီညနေခင်းမှာပဲ ကျုပ် ထွက်လာခဲ့လိုက်တော့ပဲ
ထောင်ကိုရောက်တော့ ကျုပ်ဟာ မာဂျိုကို သတ်လိုက်တဲ့ ရုပ်သေးရုပ်ဖြစ်ကြောင်း၊ သခင်မဒွန်နာကို တွေ့လိုကြောင်း ထောင်စောင့်တွေကို ပြောလိုက်တယ် ကျုပ် စကားကို ကြားတာနဲ့ ထောင်စောင့်တွေဟာ ဝိုင်းလှောင်ကြတော့တာပဲ တယောက်က်က ပြောလိုက်သေးတယ် စကားပြောတတ်တဲ့ ရုပ်သေးရုပ် ဖန်တီးးတာဟာ ဘယ်လောက်ရူးသွပ်ကြောင်းကိုပေါ့ နောက်ဆုံးတော့ သခင်မဒွန်နာဟာ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်လို့ သေအံ့မူးမူး ဖြစ်နေကြောင်း၊ သူမရဲ့နောက်ဆုံးအချိန်ကို ငဲ့ညှာတဲ့အနေနဲ့ အိမ်ကို ပြန်လွှတ်လိုက်ကြောင်း ကျုပ် သိလိုက်ရတယ်
ကျုပ်လဲ သူတို့ရှေ့ကနေ ကမူးးရှုးထိုးပဲ ထွက်ပြေးလာခဲ့မိတော့တယ် ကျုပ်နားထဲမှာတော့ အစောင့်တွေရဲ့ အေးစက်စက်ရယ်မောသံတွေ ပဲ့တင်ထပ်လို့ပေါ့
ကျုပ်ရင်ထဲမှာလဲ ဗလောင်ဆူလို့ ပြီးတော့ အတိုင်းမသိ ဝမ်းနည်းမှုတွေ အမုန်းတရားတွေ...
သခင်ရော်ဂျာရဲ့အိမ်မှာ သခင်မကို တွေ့မယ်လို့ထင်တာ မဟုတ်ဘူးဗျ ကျုပ် ဘာတွေ့ရသလဲဆိုတော့ သခင်ရော်ဂျာနဲ့ သူ့ဇနီးအသစ်စက်စက်ကိုပဲ
ဒါနဲ့ ကျုပ် အိမ်နောက်ဘက်က်က အိမ်လေးဆီ လျှောက်လာခဲ့တယ် အဲဒီမှာ သခင်မဒွန်နာကို ကျုပ် တွေ့လိုက်ရတယ် သခင်မဟာ အသက်ရှင်နေပါသေးတယ် ဒါပေမဲ့ သေမင်းက သခင်မရဲ့အခန်းဝနားးကို ရောက်နေခဲ့ပြီလေ
ကျုပ် သခင်မကို ပွေ့ချီလိုက်တယ် သခင်မ ကျုပ်ကို စိုက်ကြည့်တယ် သူမရဲ့မျက်လုံးကလဲ အရောင်တဖြတ်ဖြတ်လက်လာတယ်
ပြီးတော့ သူမက ပြောတယ်
"ဆာဘတ်ဇာ နင် ပဲမလားဟင် တနေ့နေ့ နင် ငါ့ကို လာရှာမယ်ဆိုတာ ငါ အမြဲတမ်း သိနေခဲ့တယ်"
ကျုပ်ဟာ အရင်လိုပုံစံမဟုတ်တော့ဘူး ဒါပေမဲ့ သခင်မကတော့ ကျုပ်ကို မှတ်မိနေတုန်းပဲ
ကျုပ် ဝမ်းပမ်းတနည်းည်းနဲ့ သခင်မကို ပွေ့ဖက်လိုက်တယ် ကျုပ် လက်ထဲမှာပဲ သေချင်တယ်လို့ သူ ပြောနေလေရဲ့
ဒီမှာတင် သိပ်ကိုလှပတဲ့ ဝိညာဥ်တခု လေထဲကို ပျံလွင့်လာတာကို ကျုပ် ခံစားလိုက်ရတယ်
ဒီမှာတင် ကျုပ် ကိုယ်ထဲမှာရှိနေတဲ့ ဝိညာဥ်စားသုံးခြင်းသားရဲရဲ့အစွမ်းက နိုးထလာတယ် တဆက်တည်းမှာပဲ ကျုပ်မှာ အသိညာဏ်ရှိလာတာ ဒါကြောင့်မှန်း ကျုပ် သဘောပေါက်လိုက်တယ်
ကျုပ် သခင်မရဲ့ဝိညာဥ်က်ို သိမ်းဆည်းလိုက်တယ် သူ ကျုပ်နဲ့ တသက်က်လုံးအတူရှိနေနိုင်တော့မယ် ပြီးတာနဲ့ သခင်မရဲ့အလောင်းကို ပွေ့ချီပြီး ကျုပ် တခါတည်း ထွက်လာခဲ့လိုက်တယ်
သခင်မရဲ့အလောင်းကို ကျုပ် အိမ်ဘေးနားက သစ်ပင်အောက်မှာ မြှုပ်ပေးလိုက်တယ် အဲဒီနေရာဟာ ရှုခင်းသိပ်လှတာကလား အောက်မှာလဲ စမ်းချောင်းလေးက စီးလို့ သခင်မငယ်ငယ်တုန်းက အမြဲလာထိုင်နေတတ်တဲ့ နေရာလေးပေါ့ ကျုပ်ကိုယ်ထဲက သခင်မဝိညာဥ် အရမ်းပျော်နေလေရဲ့ဗျာ
ဒီမှာတင် ကျုပ် ခေါင်းထဲမှာ အတွေးတခု ဝင်လာတယ် သခင်မဒွန်နာရဲ့သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို ကျုပ် ဘာကြောင့် အပြစ်မပေးနိုင်ရမှာလဲ ဘာပဲဖြစ်ဖြစ် ကျုပ်ဟာ ရုပ်သေးရုပ်ပဲလေ ကျုပ် ဘာပဲလုပ်လုပ် ကျုပ်နောက်ကွယ်မှာ တယောက်က်ယောက်ရှိမယ်လို့ သူတို့ ထင်ကြမှာပဲ ဟုတ်တယ်မလား
ဒီအတွေးဝင်လာတာနဲ့ ကျုပ် သခင်ရော်ဂျာရဲ့အိမ်ဘက်ကို ပြန်သွားပြီး သခင်ရော်ဂျာနဲ့သူ့မိန်းမကို သတ်ပစ်လိုက်တယ်
တခါထောင်ကိုပြန်သွားပြီး ထောင်စောင့်တွေအကုန်လုံးကို သတ်ပစ်လိုက်ပြန်တယ် သခင်မဒွန်နာရဲ့ နာမကျန်းဖြစ်မှုမှာ ဒီကောင်တွေက အဓိက တာဝန်ရှိနေတာမလား
တခါ ကျုပ်ဟာ သခင်ရော်ဂျာရဲ့ကိရိယာတွေနဲ့ ကျုပ်ရုပ်ကို ပြောင်းပစ်လိုက်ပြန်တယ်
ပစ်မှတ်ကတော့ တယောက်ပဲ ကျန်တော့တယ်ဗျ
အဲဒီကောင်ကတော့ သခင်မကို တသက်တကျွန်းပစ်ဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီး.. မာဂျိုဆိုတဲ့ ခွေးမသား သခင်မကို တရားလက်လွန်နှိပ်စက်နေမှန်း တလောကလုံး သိပြီးသား တရားစီရင်တဲ့နေရာမှာ ဒီအချက်ကို ထောက်ထားသင့်ပါလျက်နဲ့ တရားသူကြီးဟာ လုံးဝလစ်လျူထားခဲ့တယ်
ဒါကြောင့် ဒီခွေးမသားကြီး သေကိုသေရမယ်
ဒါပေမဲ့ ဒီတကြိမ်မှာတော့ ကျုပ် အရေးနိမ့်သွားခဲ့တယ်
***