ရုပ်သေးရုပ်၏ ပုံပြင် ၃
Vol. 80 Ch. 793
တရားသူကြီးရဲ့နာမည်က ဘရေဇာလို့ခေါ်တယ် ငယ်ရွယ်တဲ့ အာကင်နာတယောက်ပဲ ဆိုပါတော့
သူက မာဂျိုလိုပဲ ရုပ်ချောတယ် ဒါပေမဲ့ မာဂျိုထက်တောင် ကြောက်စရာကောင်းပြီး ကောက်ကျစ်သေးတယ်ဗျ
ရော်ဂျာ်သေတာရယ် ထောင်စောင့်တွေသေတာရယ်ကြောင့် လူသတ်မှုတွေဟာ သခင်မဒွန်နာနဲ့ ဆက်စပ်နေတယ်ဆိုတာ သူ သိသွားတယ် ဒီမှာတင် ကျုပ် ထောင်ချောက်ထဲမှာ ကွိခနဲ မိတော့တာပဲ
ဒီလိုနဲ့ ကျုပ် နောက်တကြိမ် ပြန်အဖမ်းမ်းခံရတယ်
ကံကောင်းတာက လူသတ်မှုတွေကို ကျုပ်ဟာကျုပ် လုပ်တယ်လို့ ဘယ်သူမှ မထင်တာပဲ အကုန်လုံးက ကျုပ်ဟာ တစုံတယောက်ရဲ့ လူသတ်လက်နက်လို့ပဲ သဘောထားကြတာကလား
ကံဆိုးတာက ကျုပ်ကနေတဆင့် သူတို့ ဂိုးလ်ကို ရှာတွေ့သွားကြတယ် သူတို့ ဂိုးလ်ကို ကျုပ်ရှေ့မှာပဲ ရက်ရက်စက်စက် နှိပ်စက်နေကြလေရဲ့
နောက်ထပ်သခင်တယောက်က်ကို ကျုပ် ဒုက္ခပေးလိုက်မိပြီမှန်း ကျုပ် သဘောပေါက်လိုက်ရပြန်တယ်ဗျာ
ကျုပ်အပေါ် ကောင်းကောင်းဆက်ဆံတဲ့ သခင်တယောက် ကျုပ်ကြောင့် သေရရှာပြန်ပြီ ဒီလူသတ်မှုကို ကျုပ်သဘောနဲ့ကျုပ် ကျူးလွန်တာဖြစ်ကြောင်း ကျုပ် ပြောပါသေးတယ် ဒါပေမဲ့ ဘယ်သူမှ နားမထောင်ဘူးလေ ရုပ်သေးရုပ်တစ်ရုပ်ကို လူသတ်တရားခံအဖြစ် သတ်မှတ်ဖို့ သူတို့ အတော်ဝန်လေးနေကြတာကလား
ရုပ်သေးဟာ ရုပ်သေးပဲလေ သူတို့ကို ထိန်းချုပ်ဖို့ တယောက်ယောက် လိုတယ် ဒါကြောင့် သူတို့အားလုံးရဲ့မျက်လုံးထဲမှာ ကျုပ်ဟာ လက်နက်ပဲ
ဒီတကြိမ်မှာတော့ ခေါင်းရောကိုယ်ရောအပါ ကျုပ်တကိုယ်လုံး လုံးဝ ဖျက်ဆီးခံလိုက်ရတယ်
ဒါပေမဲ့ ကျုပ် မသေပါဘူး ကျုပ်ဟာ ဒွန်နာရဲ့ဝိညာဥ်နဲ့အတူ ကောင်းကင်ပေါ်မှာ လွင့်မြောနေသလို ခံစားနေရတယ်
ဘယ်သူမှ ကျုပ်တို့ကို မမြင်နိုင်ဘူး
နောက်ထပ်ရုပ်သေးရုပ်တခုကို မတွေ့ခင်ထိ ကျုပ်ဟာ အချိန်အကြာကြီး ခုလိုပဲ လွင့်မြောနေခဲ့လေရဲ့
ဒီတကြိမ် ကျုပ်တွေ့တဲ့ ရုပ်သေးရုပ်ကတော့ သတင်းပို့ဆောင်ရေးရုပ်သေးရုပ်ဗျ လက်ကြီးလေးဖက်နဲ့ ရုပ်ဆိုးလိုက်တာဗျာ သူ့စက်ပစ္စည်းတွေလည်ပတ်ပုံနဲ့ သူ့လုပ်ငန်းစဥ်တွေကိုလဲ ကျုပ် နားမလည်ဘူး
ဟုတယ် ဒီတခါ ရုပ်ဆိုးတယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်က်ို ကျုပ် သိသွားပြီ ပြီးတော့ အပြင်ပန်းရုပ်ဆိုးတယ်ဆိုတာ ဘယ်လို အတွင်းပ်ိုင်းရုပ်ဆိုးတာဘယ်လိုဆိုတာကိုရောပေါ့
ဒီအတောအတွင်း ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရ ညဏ်ရည်ညဏ်သွေးဆိုတာ ဘယ်လိုမျိုးမှန်း ကျုပ် ပိုပြီးသိလာခဲ့ပြီလေဗျာ
ညဏ်ပညာဆိုတာ တကိုယ်ကောင်းဆန်တာ
ညဏ်ပညာဆိုတာ လောဘကြီးတာ
ညဏ်ပညာဆိုတာ ရည်မှန်းချက်ကြီးမားတာ
တနည်းအားဖြင့် ညဏ်ပညာဆိုတာ ခံစားချက်အစုစုတို့ ပေါင်းစည်းထားသလိုပါပဲ
ကျုပ်ရဲ့လက်ရှိခံစားချက်ကတော့ ရူးသွပ်နေတာပဲ
ကျုပ် အကြီးအကျယ်ကို ကလဲ့စားချေချင်နေတာဗျ
ဒီခွေးမသားတွေအကုန် ကျုပ် သတ်ပစ်ချင်တယ်
ဒါပေမဲ့ ကျုပ် လက်ရှိရထားတဲ့ကိုယ်ခန္ဓာက ထင်သလောက် မသန်မာဘူး သတ်ဖြတ်ဖို့ပိုပြီးလွယ်ကူတဲ့ ကိုယ်ခန္ဓာမျိုး ကျုပ် လိုနေတယ်ဗျ
ဒီလိုနဲ့ပဲ ကျုပ်သခင်သစ်ဆီက အာကင်နာနည်းစနစ်တွေကို ကျုပ် စတင်သင်ယူခဲ့တယ်
ကျုပ်ရဲ့သခင်သစ်ဟာလဲ အာကင်နာပညာရှင်ပါပဲဲ ဒါပေမဲ့ သူဟာ ဒွန်နာလောက်သဘောမကောင်းသလို ဂိုးလ်လောက်လဲ မရိုးသားဘူးဗျ သူက သိပ်ပြီးရည်မှန်းချက်ကြီးတယ် အရမ်းရှားပါးတဲ့ ကုန်ကြမ်းပစ္စည်းတွေရှာဖို့ တချိန်လုံး အားစိုက်နေတာကလား သူရော ရော်ဂျာရောဟာ ရုပ်သေးရုပ်ရောင်းချသူတွေပဲ ဒါပေမဲ့ ဒီတယောက်ကတော့ ရှားပါးတဲ့ကုန်ကြမ်းပစ္စည်းတွေရှာပြီး ရုပ်သေးရုပ်တည်ဆောက်ရတာမျိုးကို ပိုပြီး အားသန်တယ်ဆိုရမှာပေါ့ သူ့နောက်ကိုလိိုက်ရင်း ကမ္ဘာတဝှမ်းက အရုပ်ဆိုးအကျဥ်းတန်မှုမှန်သမျှကို ကျုပ် မြင်တွေ့ခွင့်ရခဲ့တယ်ဆိုပါတော့
နောက်ပိုင်းမှာ ကျုပ် သနားဂရုဏာကင်းမဲ့လာတာဟာ ဒါကြောင်းပဲဆိုရမှာပေါ့
ကျုပ်အနေနဲ့ အစီအစဥ်တွေ ပျက်စီးသွားမှာကိုသာ ကြောက်မနေဘူးဆိုရင် ရှေးတုန်းကနည်းလမ်းတွေအတိုင်း ခု သခင်သစ်ကိုလဲ ထိုးကျွေးလိုက်မှာ ဧကန်ပဲ
ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့အစီအစဥ်တွေအောင်မြင်ဖို့ ခုထက်ပိုပြီး ကြံခိုင်တဲ့ ကိုယ်ခန္ဓာတခု လိုအပ်နေတာတော့ အမှန်ပဲ
ဒါကြောင့် ကျုပ် ပိုပြီး လေ့လာတယ် သတ္တုအမျိုးမျိုးကို စူးစမ်းတယ် စုဆောင်းတယ် သူ့ဆီက ပြန်ခိုးနေလိမ့်မယ်လို့ ကျုပ်သခင်ကတော့ အိပ်မက်တောင် မက်လိမ့်မယ်မဟုတ်ဘူး
တနေ့မှာတော့ ကျုပ်ရဲ့သခင်သစ်က အလွန်ထူးဆန်းတဲ့နယ်မြေတခုကိုသွားဖို့ ကျုပ်ကိုပါ အဖော်ခေါ်သွားတယ် သူနဲ့အတူ တခြားအာကင်နာပညာရှင်တွေလဲ အများကြီး ပါကြတာပေါ့
သတင်းပို့ဆောင်ရေးရုပ်သေးရုပ်အနေနဲ့ ကျုပ်ရဲ့တာဝန်က နေရာတခုမှာ ဖြစ်လာနိုင်ချေရှိတဲ့ အန္တရာယ်တွေကို ထောက်လှမ်းဖို့ပဲ သိပ်မကြာဘူး အဲဒီနေရာမှာ အတိုင်းအဆမရှိအောင် အင်အားကြီးမားတဲ့ ဖြစ်တည်မှုတခု ရှိနေတယ်ဆိုတာကို ကျုပ် သိလိုက်ရတယ်ဗျ
မူလသားရဲ
ဟုတ်တယ် ဒီနေရာမှာ မူလသားရဲကြီးတကောင် ပုန်းအောင်းနေတယ်
ဒီမှာတင် ကျုပ်အတွက် ပိုပြီးကောင်းတဲ့အစီအစဥ်တခုရှိနေတာကို ကျုပ် သိလိုက်ရတယ် ဒီတော့ ကျုပ် သခင်သစ်ကို သတိပေးရမဲ့အစား ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိဘူးလို့ လိမ်ပြောလိုက်တယ် ဒါတင်မကသေးဘူး ဒီနေရာမှာ မရေမတွက်နိုင်တဲ့ သတ္တုရိုင်းတွေနဲ့ ပြည့်လျှံနေတယ်လို့ပါ ထပ်ပြောလိုက်သေးတယ်ဗျ
ပြီးတော့ ဘရေဇာဆီကိုပါ အဲဒီသတင်း ရောက်အောင်ပို့လိုက်တယ်
ဘရေဇာဟာ အင်မတန်လောဘကြီးတာဆိုတော့ သူ သေချာပေါက်လာမှာ ကျုပ် သိနေတယိလေ
ကျန်တဲ့ကောင်တွေလဲ ကျုပ်ပြောတဲ့သတင်းကို ကြားတာနဲ့ အငမ်းမရ တူးထုတ်ကြတော့မှာပဲ
ကျုပ်အဖို့ကတော့ ငြိမ်ငြိမ်လေးထိုင်ပြီး သူတို့သေမှာကို စောင့်ကြည့်ရုံပဲ ရှိတော့တယ်မလား
ကျုပ်ထင်တဲ့အတိုင်းပဲ မြို့တော်က အာကင်နာသခင်တွေ အုပ်လိုက်ကြီး ဆင်းချလာပြီး သတ္တုတွေ တူးကြတော့တာပဲ ဘရေဇာလဲ ပါလာလေရဲ့
ကံမကောင်းစွာနဲ့ပဲ မူလသားရဲကြီး လုံးဝကို နိုးမလာခဲ့ဘူးဗျို့
ဒီမူလသားရဲကြီးက ကြီးလွန်းတယ် ဒါကြောင့် အာကင်င်နာတွေ သတ္တုတူးဖော်နေတာဟာ သားရဲကြီးရဲ့အရေပြားပေါ် ပုရွက်ဆိတ်တွေ သွားနေသလောက်ပဲ ရှိတယ် ဒီအတိုင်းဆိုရင် ဒီကောင်ကြီး ဘယ်လိုမှ နိုးလာနိုင်ဖွယ်ရာ မရှိဘူး
ကျုပ် တော်တော်တုန်လှုပ်သွားတယ် ဒီအတိုင်းဆို ကျုပ်အစီအစဥ် ပျက်စီးတော့မယ် ဒီခွေးသားတွေကို သတ်နိုင်တော့မှာ မဟုတ်ဘူး မသတ်နိုင်တဲ့အပြင် သူတို့ချမ်းသာအောင် အကျိုးဆောင်ပေးလိုက်သလို ဖြစ်နေပြီ ဒါတင်မကသေးဘူး တချို့အာကင်နာသခင်တွေမှာ ကိုယ်ပိုင်ထောက်လှမ်းရေးရုပ်သေးရုပ်တွေ ပါလာတယ် ကျုပ်အလိမ်အညာက အနှေးနဲ့အမြန်ဆိုသလို ပေါ်ကုန်တော့မယ်
နောက်ဆုံးတော့ ကျုပ်ကိုယ်တိုင် အနက်ရှိုင်းဆုံးနေရာထိ ဆင်းသွားပြီး သားရဲကြီးကို နှိုးဖို့ ဆုံးဖြတ်လိုက်တယ်
ဒီလိုနဲ့ မိုင်းတွင်းလှိုဏ်ခေါင်းတွေရဲ့ အနက်ဆုံးအပိုင်းကို ကျုပ်ရောက်လာတယ် အားကောင်းတဲ့အာရုံခံနိုင်စွမ်းကြောင့် သားရဲကြီးရဲ့ ခေါင်းနားကို ရောက်နေကြောင်း ကျုပ် သိလိုက်တယ် ဒါပေမဲ့ ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက် ဒီကောင်ကြီးကတော့ အိပ်နေတုန်းပဲ တဖြည်းဖြည်း ကျုပ် ရူးချင်သလိုလိုတောင် ဖြစ်လာတယ်ဗျ
ပိုပြီးအရဲစွန့်ဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ် ပြီးတာနဲ့ စိတ်ဝိညာဥ်စွမ်းအားကိုသုံးပြီး သားရဲကြီးကို တိုက်ခိုက်ဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ် ကျုပ်မှာ တခြားရွေးစရာမှ မရှိတော့တာကိုး
ဒီအချိန်မှာပဲ ဒွန်နာဟာ ဖြတ်ခနဲ ပေါ်လာပြီး ကျုပ်ကို တောင်းပန်တော့တာပဲ သူ့စိတ်ထဲမှာ ကျုပ် မပြန်လမ်းသွားတော့မယ် မှတ်နေတာကိုး ဒါပေမဲ့ ကျုပ်ကတော့ စိတ်ဆုံးဖြတ်ပြီးပြီ အာကင်င်နာမှန်သမျှ သတ်ပစ်ချင်တဲ့စိတ်က မီးလိုပဲ ကျုပ်တကိုယ်လုံးကို လောင်ကျွမ်းနေပြီလေ ဘာတွေပဲ ပေးဆပ်ရပါစေ ကျုပ်ကတော့ ရှေ့ဆက်တိုးတော့မှာပဲ
ဒါပေမဲ့ ကျုပ် ဒွန်နာကိုတော့ အရင်ဆုံးကာကွယ်ရအုံးမယ်လေ ဒီတော့ ကျုပ်လဲ စိတ်ဝိညာဥ်ကို နှစ်ပိုင်းခွဲပြီး ဒွန်နာပါတဲ့တပိုင်းကို ကျုပ် ကိုယ်ထဲမှာ ထားလိုက်တယ် ပြီးတာနဲ့ စိတ်ဝိညာဥ်စွမ်းအားကို အားကုန်နှိုးဆွပြီးသားရဲကြီးကို တိုက်ခိုက်လိုက်တော့တယ်
ရွှေစားမျောက်ဝံကြီး!!!
ဘယ်လောက်တောင်ကောင်းလိုက်သလဲ ဒီကောင်ကြီးက သတ္တုတွေကို စားသုံးတယ် ကျုပ်ကတော့ ဝိညာဥ်တွေကို စားသုံးတယ်
အံ့သြစရာကောင်းလောက်အောင်ပဲ အနားကိုရောက်တာနဲ့ ရွှေစားမျောက်ဝံကြီးရဲ့ စိတ်ဝိညာဥ်ဟာ သေဆုံးနေခဲ့ပြီဆိုတာ ကျုပ် တွေ့လိုက်ရတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အိပ်ပျော်နေကတည်းက သေဆုံးသွားဟန်တူတယ် အင်မတန်အားကြီးတဲ့ သူ့ကိုယ်ခန္ဓာကတော့ ခုထိ အသက်ရှင်နေတုန်းပဲ
ကျုပ်မှာ ရွေးစရာမရှိတော့ဘူး ဝိညာဥ်စားသုံးခြင်းသားရဲရဲ့ အထက်မြက်ဆုံးစွမ်းရည်ဖြစ်တဲ့ ဝိညာဥ်ကူးပြောင်းဖို့ပဲ ရှိတော့တယ် ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သားရဲဖြစ်ပါစေ သူ့ရဲ့ မူလစိတ်ဝိညာဥ်သာ မရှိတော့ဘူးဆိုရင် သူ့ကိုယ်ထဲမှာ ကျုပ် ရှင်သန်နိုင်တယ်
ဒီလိုနဲ့ ရွှေစားမျောက်ဝံကြီး အသက်ရှင်လာခဲ့ပြီဆိုပါတော့
ကျုပ် ဝုန်းခနဲ ထရပ်ပြီး အားရပါးရဟစ်ကြွေးလိုက်တယ် ခွေးမသားအာကင်နာတွေရဲ့ ထိတ်လန့်တကြားသွေးပျက်နေကြလေရဲ့
ကျုပ် အားရပါးရ ရယ်လိုက်တယ် ကျုပ် ရယ်သံဟာ မိုးခြိမ်းသံလို ကျယ်လောင်စွာ ထွက်ပေါ်လာတယ်
အာကင်နာတချို့က ကျုပ်အမူအရာကိုကြည့်ပြီး ဒေါသထွက်ဟန်နဲ့ ကျုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားကြသေးတယ် ကျုပ် မမှုပါဘူး
နောက်ဆုံးတော့ ဘရေဇာသေတယ် ကျုပ်ရဲ့ သခင်သစ်သေတယ် လောဘကြီးတဲ့ အာကင်နာသခင်တွေ အကုန် သေကုန်တယ်
ဒါပေမဲ့ ကျုပ်ကတော့ စိတ်မကျေနပ်နိုင်သေးဘူး အာကင်င်နာနိုင်ငံအထိ လိုက်သွားပြီး ဒီကောင်တွေကို သွေးချောင်းစီးတဲ့အထိ သတ်ပစ်ချင်သေးတယ် ဒီနတ်ဆိုးလိုမျိုးစိတ်မျိုးကို ဒီကမ္ဘာကြီးပေါ်ကနေ အပြီးအပိုင် ကျုပ် ရှင်းပစ်ချင်တယ်
ဒွန်နာကတော့ တားနေလေရဲ့
တကယ်ပဲဗျ ဒွန်နာဟာ တကယ်အသက်ရှင်နေသေးတယ် ကျန်တဲ့ကောင်တွေကို ကျုပ် စားပစ်ပေမဲ့ ဒွန်နာကတော့ ကျုပ်ကိုယ်ထဲမှာ အသက်ရှင်နေသေးတယ် သူ ဒူးထောက်ပြီး အာကင်နာတွေကို သနားညှာတာဖို့ တောင်းပန်နေတာကို ကျုပ် အတိုင်းသား မြင်နေရတယ်
ဒီလောက် အများကြီးကြုံခဲ့တာတောင် သူဟာ ဟိုကောင်တွေကို သနားပြီး ကာကွယ်ဖို့ကြိုးစားနေတုန်းပဲ
ကျုပ် ငြင်းလိုက်တယ် အာဃာတမီးက ကျုပ်တကိုယ်လုံးကို ဟုန်းဟုန်းတောက်လောင်ကျွမ်းနေပြီလေ
ဒါပေမဲ့ တဖက်မှာလဲ ကျုပ်ဟာ စိတ်သွားတိုင်းကိုယ်မပါတော့ဘူးဗျ ဘာကြောင့်လဲဆိုတော့ ဒါ မူလကမ္ဘာရဲ့အခြေအနေကြောင့်ပဲ ကျုပ်ဟာ မူလသားရဲဖြစ်နေပြီမလား မူလသားရဲဆိုတာ မူလစွမ်းအင်နဲ့ အသက်ဆက်နေရတာလေဗျာ မူလစွမ်းအင်ပါးလျားနေတဲ့ ဒီကမ္ဘာပေါ်မှာ ကျုပ် ဆက်နေဖို့ သိပ်ခက်သွားပြီ
လေထုကိုရှုလိုက်တိုင်း ကျုပ်အဆုတ်ဟာ တင်းကြပ်သွားတယ် ကျုပ်ရဲ့မူလစွမ်းအင်ပင်လယ်ပြင်ဟာလဲ ကသောင်းကနင်းတွေ ဖြစ်နေပြီ ကျုပ် အိပ်မှရတော့မယ် အိပ်စက်ခြင်းသည်သာ ကျုပ် အသက်ရှင်နိုင်ဖို့ တခုတည်းသောနည်းလမ်းပဲ ဒွန်နာနဲ့ အတူတူဆက်ပြီးနေနိုင်ဖို့ကလဲ ဒီတနည်းပဲ ရှိတော့တယ်
ဒါနဲ့ ကျုပ်လဲ အာကင်နာတွေသာ ကျုပ်အိပ်ပျော်နေတာကို လာမနှိုးရင် မသတ်ဘူးလို့ ဒွန်နာကို ပြောလိုက်တယ် လာနှိုးရင်တော့ ကျုပ် သတ်မိမှာသေချာတယ် ဒီကောင်တွေကို သတ်လို့ ကျုပ် သေရမယ်ဆိုရင်တောင် ကျုပ် သတ်မှာပဲ
ဒွန်နာကလဲ ဒါကို သဘောတူတယ် သူက ချက်ချင်းပဲ ဒီနေရာမှာ မူလသားရဲကြီး အိပ်ပျော်နေတဲ့အတွက် အလွန်အန္တရာယ်များကြောင်းနဲ့ ဒီနေရာကို ဘယ်သူမှမလာကြဖို့ အာကင်နာတွေဆီ သတင်းပို့လိုက်တယ်
ဒီအတောအတွင်းမှာ ကျုပ်ရဲ့ကိုယ်ခန္ဓာဟာ တဖြည်းဖြည်းဆိုးလာတယ် ဒါ ကျုပ် ပြန်နိုးလာလို့မဟုတ်ဘူး ဒွန်နာ မပျင်းရလေအောင် ကျုပ် အပြည့်အဝ မအိပ်ပဲ စိတ်ဝိညာဥ်တဝက်ကို အမြဲတမ်းနှိုးဆွထားပြီး သူနဲ့ စကားပြောနေလို့ ဖြစ်ရတာ ဒါက စွမ်းအင်ကုန်စေတယ်လေဗျာ
ရွှေစားမျောက်ဝံကြီးရဲ့မူလစွမ်းအင်တွေ ကုန်ခန်းသွားတာနဲ့ ဒီခန္ဓာကြီး သေဆုံးသွားလိမ့်မယ် ကျုပ် သေရမှာမကြောက်ပါဘူး ဒါပေမဲ့ ဒွန်နာကိုတော့ ဒီလိုမဖြစ်စေချင်ဘူး
ဒါနဲ့ ကျုပ်လဲ လက်ကျန်မူလစွမ်းအင်မှန်သမျှကို ရုပ်သေးရုပ်ရဲ့ အူတိုင်ထဲကို ပြောင်းပေးလိုက်တယ် ဒါက ဒွန်နာကို ကာကွယ်ပေးလိမ့်မယ် ရုပ်သေးရုပ်ကို နှစ်သောင်းချီ မဆွေးမြေ့အောင် စီမံပေးထားလိမ့်မယ်
ဒီမှာလဲ ကျုပ် မှားသွားပြန်ပြီ ဒွန်နာက ဒီလိုဘဝမျိုးနဲ့ မနေခဲ့ချင်ဘူး သူ ကျုပ်ကို လက်လျှော့စေချင်တယ် သူကိုယ်တိုင်လဲ လက်လျှော့ဖို့ကို ရွေးချယ်တယ်
ဒီလိုနဲ့ နောက်ဆုံးစက္ကန့်မှာ ကျုပ်တို့ရဲ့စိတ်ဝိညာဥ်တွေ ပေါင်းစည်းမ်ိကြတယ်ဆိုပါတော့
ဒါ သိပ်မဆိုးလှတဲ့အဆုံးသတ်လို့ ပြောရမယ်ထင်တယ် ကျုပ်တို့ ထာဝရ အတူတကွ လွင့်မျောနေခွင့်ရပြီလေ
***