ချူမျိုးနွယ် ရောက်လာခြင်း
Vol. 80 Ch. 795
ကျူးအိမ်တော်သို့ ပြန်ရောက်သည်နှင့် စုချန်းသည် ရရှိလာသော ပစ္စည်းများအား စတင်စမ်းသပ်စစ်ဆေးတော့၏။
ပိတ်လော့ ပြောခဲ့သည့်အတိုင်း အလင်းမဲ့လက်စွပ်ကား အတော်ပင် တန်ဖိုးကြီး ရတနာတပါးဟု သတ်မှတ်နိုင်၏။ ၎င်းလက်စွပ်သည် မူလစွမ်းအင်အား လမ်းညွှန်ပေးနိုင်စွမ်းရှိလေရာ ရှေးဟောင်းအာကင်နာနည်းစနစ်များနှင့် အထူးပင် လိုက်ဖက်လှ၏။ အလင်းမဲ့လက်စွပ်နှင့်ဆိုရင် ထိုနည်းစနစ်များ၏ စွမ်းရည်မှာ များစွာ မြင့်မားလာတော့သည်။
သာမာန်အားဖြင့် လက်နက်များ၏ စွမ်းအားနှင့် တိုက်ခိုက်ရေးနည်းစနစ်များ၏ စွမ်းအင်မှာ သီးခြားစီ ဖြစ်ပြီး ထိုနှစ်မျိုးကို ပေါင်းစပ်၍ မရနိုင်ပေ။ တောင်ခွဲဓားသည် မီးလျံငှက်၏ စွမ်းရည်အား တိုးမြှင့်မပေးနိုင်သည်ကို ကြည့်လျင် ၎င်းကို မြင်သာ၏။
သို့သော် ယခုတွင်တော့ အလင်းမဲ့လက်စွပ်ကိုသုံးပြီး မီးလျံငှက်၏ စွမ်းအင်ကို နှစ်ဆခန့် တိုးပွားလာစေသည်အထိ စုချန်း စွမ်းဆောင်နိုင်ခဲ့ပေပြီ။ ၎င်းမှာ အတော်ပင် အံ့သြစရာကောင်းလှသော ပမာဏပင် ဖြစ်သည်။
စွမ်းရည်တူ အရည်အချင်းတူသူ လူနှစ်ယောက် တိုက်ခိုက်မည်ဆိုပါက နည်းစနစ်တခုအား သာမာန်ထက်က် အားနှစ်ဆပြင်းအောင် အသုံးပြုနိုင်သူမှာ အင်အားတဝက်ကျော်ခန့် သုံးရုံနှင့် ပြိုင်ဘက်အား အမှောက်သိပ်နိုင်စွမ်း ရှိလာမည် မဟုတ်ပါလား။ တနည်းအားဖြင့် ၎င်းမှာ ပြိုင်ဘက်ဖြစ်သူထက် အင်အားနှစ်ဆ မြင့်မားနေသည့် သဘောပင်။ ဤနည်းအားဖြင့် စုချန်းသည် သူနှင့် ကျင့်ကြံခြင်းအဆင့်တူသူအား အလွယ်တကူ အနိုင်ပေတော့မည်တည်း။
ထိုမျှသာမကသေး အခြားကိရိယာများနှင့် စွမ်းရည်အမျိုးမျိုးကြောင့် စုချန်းသည် သူနှင့်ကျင့်ကြံခြင်းအဆင့်တူသူ ပြိုင်ဘက်ထက် အဆပေါင်းများစွာ အင်အားမြင့်မားသည့်အခြေအနေကို ရောက်သွားစေ၏။ သို့သော် သူ့အင်အား ဘယ်အဆင့်အတန်းသို့ ရောက်နေကြောင်းကိုတော့ စုချန်းအနေနှင့် အတပ်ပြောရန် ခက်နေသေး၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အသီးသီးတွင် ကွဲပြားသော စွမ်းအင်အဆင့်အတန်းအမျိုးမျိုး ရှိနေကြသည် မဟုတ်ပါလား။
မည်သို့ဆိုစေ စုချန်းအနေနှင့် မူလသားရဲသွေးဗီဇ နိုးထခါစ ကုမျိုးနွယ်တဦးကို ကြောက်ရွံ့ရန်မရှိဟုတော့ အနည်းဆုံး ဆိုနိုင်ခဲ့ပေပြီ။
သို့သော် မိမိအင်အားကို စမ်းသပ်ပေးနိုင်မည့်ပြိုင်ဘက်မျိုး ဤနေရာတွင် မရှိ။ ထိုအတွက်ကြောင့် စုချန်းတယောက် ကိုယ့်ကိုယ်ကိုပင် သနားမိနေသေးချေ၏။
ထိုအခိုက်မှာပင် ထူးခြားသော ခံစားချက်တခုကို စုချန်း အာရုံခံမိလိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်ရင်း အေးစက်သော လေသံဖြင့် ရယ်မောလိုက်၏။
"ကျုပ်က ပြိုင်ဘက်ရှာနေတုန်းရှိသေးတယ် အသုံးတော်ခံမဲ့ ပြိုင်ဘက်တယောက် ရောက်လာပါလား"
စကားဆုံးသည်နှင့် စုချန်းသည် ကောင်းကင်ပေါ်သို့ ဝုန်းခနဲ ပျံတက်လိုက်တော့၏။ ကျူးမျိုးနွယ်ခြံဝင်းနှင့်တောင်ပြားမြို့မှာ သူ့နောက်တွင် တရိပ်ရိပ်နှင့် ကျန်ရစ်ခဲ့တော့သည်။
တောင်ပြားမြို့အလွန်ရှိ တောင်တန်းကြီးများရှိရာသို့ ရောက်သည်နှင့် စုချန်းက အောက်ပါအတိုင်း အော်ပြောလိုက်တော့၏။
"ကောင်းပြီ ဒီနေရာမှာဆိုရင် ကျုပ်တို့တိုက်ခိုက်တာကို ဘယ်သူမှ မနှောင့်ယှက်နိုင်တော့ဘူး ခင်ဗျားအနေနဲ့လဲ ကုပ်ချောင်းချောင်းလုပ်နေစရာမလိုတော့ဘူး ဟုတ်ပြီလား"
အသံတသံံ ပြန်လည်ထွက်ပေါ်လာလေသည်။
"မင်း တော်တော်ဂုဏ်မောက်နေပါလား စုချန်း မင်းမှာ အသက်ရင်းမြစ်ဖယောင်းတိုင်တချို့ရှိနေတာနဲ့ လုပ်ချင်ရာလုပ်လို့ရပြီ ထင်နေတာလား"
ထို့နောက် စုချန်း၏ ရှေ့မှောက်သို့ လူတယောက်က် ရောက်ရှိလာ၏။ ထိုလူမှာ ခန့်ငြားသောရုပ်ရည်ရှိပြီး သက်လတ်အပိုင်းအရွယ်ခန့်ရှိလေသည်။
အသက်ရင်းမြစ်ဖယောင်းတိုင်ဟူသောအသံကို ကြားသည်နှင့် စုချန်း မျက်မှောင်ကုတ်လိုက်၏။
"ဒီတော့ ခင်ဗျားက ချူမျိုးနွယ်ကပေါ့လေ"
သဘောတူညီချက်ယူခဲ့သည့်တိုင်အောင် ချူမျိုးနွယ်အနေနှင့် သူ့ကို အလွယ်တကူလွှတ်ပေးလိမ့်မည်ဟု စုချန်း လုံးဝထင်မထား။ သို့သော် အဆိုပါ သဘောတူညီချက်သည်သာ ဟာလာဟင်းတောင်မှ ဘေးရန်ကင်းကင်း ပြန်ထွက်လာရန် တခုတည်းသော နည်းလမ်း ဖြစ်ချေသည် မဟုတ်ပါလား။
အိပ်မက်နယ်ပယ်ထဲမှ ကြော်ငြာအား ဖြုတ်ချသည့်တိုင်အောင် ကျိန်စာသုံးမျိုးအား ချေဖျက်နိုင်သည့်နည်းလမ်းကို သိထားခြင်းကြောင့် စုချန်းသည် ချူမျိုးနွယ်တို့အတွက် ခြိမ်းခြောက်မှုတရပ် အမြဲဖြစ်နေတော့မည်မှာ ဧကန်ပင်။ ထို့ကြောင့် စုချန်းအား ရှင်းပစ်ရန် ချူမျိုးနွယ်တို့ ကြိုးစားလာခြင်းပင်တည်း။
ဤကား ပုဂ္ဂိုလ်ရေးရန်ညိုးကြောင့် မဟုတ်။ အခြေအနေကို ထိမ်းသိမ်းခြင်းသာ။
ထို့ကြောင့် စုချန်း၏ တည်နေရာအား စုံစမ်းရန် ချူမျိိုးနွယ်တို့ဘက်မှ ကျွမ်းကျင်သူအများအပြား စေလွှတ်ခဲ့ကြ၏။ လက်ရှိ စုချန်း ရင်ဆိုင်နေရသူမှာ ထိုလူများထဲမှ တဦးဖြစ်မည်မှာ သေချာနေပေသည်။
ရန်ပြုလာသူက အောက်ပါအတိုင်း ပြောလိုက်ပြန်၏။
"ကျုပ်နာမည် ချူဟွိုင်လျန်းလို့ခေါ်တယ် ဒီနာမည်ကို စွဲနေအောင် မှတ်ထားပေတော့ ဘာလို့ဆိုတော့ ဒါ မင်းနောက်ဆုံးကြားရမဲ့ နာမည်ဖြစ်နေလို့ပဲ"
စကားဆုံးသည်နှင် ချူဟွိုင်လျန်းက စတင်တိုက်ခိုက်တော့သည်။ သူသေကိုယ်သေ တိုက်ခိုက်ရတော့မည်ဆိုတော့မှ ဘာကြောင့် စကားရှည်နေရမည်နည်း။
သို့သော် စုချန်း၏ တုံ့ပြန်မှုက သူ့အား အံ့သြသင့်သွားစေ၏။
စုချန်းသည် မည်သည့့်အရန်အစီအစဥ်အကြောင်းမှ မပြောသလို ကျိန်စာသုံးမျိုး၏ အကြောင်းကိုလဲ မဆို။ ချူဟွိုင်လျန်း၏ လှုပ်ရှားမှုကို ကြည့်ရင်း စိတ်ပျက်လက်ပျက်သာ ပြောလိုက်၏။
"ဟာ ခင်ဗျားက ကြာပန်းအုတ်မြစ်ခုနှစ်ခုအဆင့်သာရှိတဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပါလား ထွီ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တောင်မဟုတ်ဘူး"
"ဘာကွ"
ချူဟွိုင်လျန်း အကြီးအကျယ် ဒေါသထွက်သွား၏။
ရန်သူသည် သူ့အား အားနည်းသည်ဟု ဆိုနေပါကလား။
ဘယ်လောက်တောင် အရှက်ခွဲလိုက်လေသနည်း။
သူကား ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇပိုင်ရှင်ဖြစ်သည်။ သူသည် ရန်သူများထက် အင်အားကြီးမားကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့ပြီးလေပြီ။
သူသည် ကြာပန်းအုတ်မြစ်သုံးခုအဆင့်သို့ရောက်ချိန်တွင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များအား စတင်စိမ်ခေါ်နိုင်ခဲ့၏။ ကြာပန်းအုတ်မြစ်ခြောက်ခုအဆင့်သို့ရောက်ချိန်တွင်တော့ ဝိညဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင် ၁၂ယောက်တိတိကို အလဲထိုးနိုင်ခဲ့သည်။ကြာပန်းအုတ်မြစ ခုနှစ်ခုအဆင့်သို့ရောက်ချိန်တွင်တော့ နတ်ဘုရားနန်းဆောင် နှစ်ခုထိ ဖွင့်လှစ်ထားနိုင်သော ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်သုံးဦးကို အနိုင်တိုက်ခိုက်နိုင်ခဲ့ပေပြီ။
ယခုတော့ စုချန်းကဲ့သို့ သာမညောင်ညလူငယ်တဦးက သူ့အား အားနည်းသည်ဟု ဆိုနေခဲ့လေပြီ။
၎င်းသည် သူ့အား အကြီးအကျယ် အရှက်ရစေ၏။
"ခွေးမသားလေး သေဖို့သာပြင်ပေတော့"
ချူဟွိုင်လျန်း မျက်နှာမဲခနဲ ဖြစ်သွား၏။
စကားဆုံးသည်နှင် ပတ်ပတ်လည်ရှိ မူလစွမ်းအင်များ ချူဟွိုင်လျန်း ပတ်ပတ်လည်သို့ စုဝေးလာကြလေရာ ထူးခြားသော မြင်ကွင်းတရပ် ဖြစ်ပေါ်လာတော့သည်။
ကြောက်စရာကောင်းလှသောဖိအားများ သူ့ထံသို့ ကျရောက်လာသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။
အားကောင်းလှသည့်ဖိအားသည် ချူဟွိုင်လျန်း၏ သွေးဗီဇထံမှာ လာခြင်းဖြစ်သည်။ ချူဟွိုင်လျန်းသည် စူချန်း၏ အမူအရာကြောင့် အကြီးအကျယ် ဒေါသထွက်နေလေရာ တိုက်ပွဲစသည်နှင့် သွေးဗီဇစွမ်းအင်ကို အပြည့်အဝ နှိုးဆွလိုက်ခြင်းပင်။ အားကောင်းလှသော စွမ်းအင်လှိုင်းများသည် သာမာန်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များကို ပြားပြားဝပ်သွားစေလောက်၏။
သို့သော် စုချန်းဟူသည်ကား သာမာန်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မဟုတ်။
ရန်သူ၏ စွမ်းအားကို ခံစားမိသည်နှင့် စုချန်း၏ မျက်လုံးအစုံသည် အရောင်တောက်ပလာတော့၏။
"ဒါ ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇပေါ့လေ ဟုတ်လား သိပ်ကောင်းတာပဲ"
အတိတ်တွင် စုချန်းသည် ကျန်းစီချွေ့နှင့် ရင်ဆိုင်ဖူးခဲ့သော်လည်း သူသေကိုယ်သေတိုက်ပွဲမဟုတ်သည့်အပြင် နှစ်ဖက်စလုံးမှာ ထိုအချိန်က အားနည်းနေခဲ့ကြသေး၏။
ယခုတော့ ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇ၏ အရှိန်အဝါနှင့် စွမ်းအားကို စုချန်းတယောက်က် မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိုက်လေပြီ။
ရန်သူဘက်မှ အရှိန်အဝါကို မြင်သည်နှင့် စုချန်းကလည်း သူ့အရှိန်အဝါကို ပြန်လည်ထုတ်ဖော်လိုက်တော့၏။
ချူဟွိုင်လျန်း၏ သွေးဗီဇနှင့် မတူသည်မှာ စုချန်း၏ အင်အားအခြေခံသည် ချူဟွိုင်လျန်းထက် ပို၍ သန့်စင်၏။ ပို၍ ခိုင်မာ၏။ ထို့ကြောင့် ထွက်ပေါ်လာသော အရှိအဝါမှာလည်း မြင်ရသူအပေါင်းအား ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်ပေသည်။ တဆက်တည်းမှာပင် စုချန်း၏ ကိုယ်ခန္ဓာသည် ပို၍ပို၍ ကြီးထွားလာ၏။ ၎င်းထံမှာ ထွက်ပေါ်လာသော သက်စောင့်အားကလည်း ချူဟွိုင်လျန်း၏ ဖိအားကို တန်းတူခန့် အံတုဖက်ပြိုင်နေလေသည်။
မြင်ကွင်းကြောင့် ချူဟွိုင်လျန်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။
သွေးဗီဇမပိုင်ဆိုင်ထားသူ သာမာန်လူတဦးအနေနှင့် စုချန်းထံမှာ ဤကဲ့သို့ အရှိန်အဝါမျိုး ထွက်ပေါ်လာလိမ့်မည်ဟု ချူဟွိုင်လျန်း လုံးဝထင်မထား။
ယခုတော့ သင်းထံမှ ထွက်ပေါ်လာသော သက်စောင့်အားက သူ့ကိုပင် ပြန်လည်ဖိနှိပ်တော့မည့် အရိပ်အယောင် ပေါက်နေပါကလား။
တကယ်တော့ အသက်ဓာတ်ဆေးမင်ကို စုပ်ယူပြီးကတည်းက စုချန်း၏ သက်စောင့်အားသည် အကန့်အသတ်မရှိသည့် ပမာဏအထိ မြင့်မားသွားခဲ့ပြီ ဖြစ်သည်။ တဖက်တွင်လည်း ကျင့်ကြံခြင်းအဆင့်အတန်းက မြင့်မားလာပေရာ ထိုအချက်ကလည်း စုချန်း၏ သက်စောင့်အားကို ထပ်မံတိုးပွားလာစေပြန်၏။ အထက်ပါအကြောင်းအရာများကို မသ်ိသောကြောင့် ချူဟွိုင်လျန်း မျက်လုံးပြူးနေခြင်းပင်။
ထိုအခိုက်မှာပင် စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်ရာ တောင်ခွဲဓား ရှေ့သို့လျင်မြန်စွာ တိုးထွက်သွားတော့သည်။ အလင်းမဲ့လက်စွပ်ရှိနေသည့်တိုင် စုချန်းကား တောင်ခွဲဓားကို စွန့်ပစ်ခြင်းမရှိသေးချေ။
တောင်ခွဲဓားသည် လေထုကိုဖောက်ထွင်းကာ ချုဟွိုင်လျန်းထံသို့ တိုးဝင်လာ၏။ ချူဟွိုင်လျန်းကလဲ ခေသူမဟုတ်။ အနက်ရောင်ဓားတိုတချောင်းကို ဆွဲထုတ်ပြီး လှုပ်ရှားလိုက်လေရာ အလင်းတန်းတခု ထွက်ပေါ်လာပြီး တောင်ခွဲဓားအား ဖယ်ထုတ်လိုက်လေသည်။ ထိုမျှသာမကသေး အလင်းတန်းသည် စူးရှသောဓားတချောင်းပမာ စုချန်းထံသို့ ဆက်လက်တိုးဝင်လာပြန်၏။
အလင်းတန်းထွက်ပေါ်လာသည်နှင့် စုချန်း၏ ကိုယ်ခန္ဓာမှာ လှစ်ခနဲ ပျောက်ကွယ်သွားလေသည်။ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်က စုချန်းအား ချူဟွိုင်လျန်း၏ နောက်ကျောသို့ ပို့ဆောင်လိုက်လေပြီ။ စုချန်း၏ တောင်ခွဲဓားက နောက်တကြိမ် လှုပ်ရှားလာပြန်၏။
သို့သော် ချူဟွိုင်လျန်းကလည်း စုချန်း၏ လှုပ်ရှားမှုကို အတပ်သိနေပုံပင်။ သူ့နောက်ကျောတွင် ကြာပန်းအုတ်မြစ်ပေါ်ပေါက်လာပြီး စုချန်း၏ တောင်ခွဲဓားအား ရပ်တန့်သွားစေလေသည်။
ထို့နောက် ချူဟွိုင်လျန်းက ပြောလိုက်၏။
"မင်းရဲ့နည်းစနစ်တွေက်ို ကျုပ် ဟိုးအရင်ကတည်းက သိတယ် ဒါတွေက ကျုပ်အပေါ် အလုပ်မဖြစ်ပါဘူးကွာ"
စုချန်း တဟဲဟဲ ရယ်မောလိုက်လေသည်။
"ကျုပ် အရင်တုန်းက သုံးခဲ့တဲ့နည်းစနစ်တွေ ဘယ်လောက်ထိ အသုံးဝင်သေးလဲ စမ်းကြည့်တဲ့သဘောပါကွာ သိပ်လဲအလျင်မလိုပါနဲ့ ဒီတကွက်ကို ကြည့်စမ်း"
စကားဆုံးသည်နှင့် စုချန်းက ချုဟွိုင်လျန်းအား စိုက်ကြည့်လိုက်၏။ သေစေနိုင်သောစုန်းမအား အသုံးပြုလိုက်ခြင်းပင်။
ထိုခနမှာပင် ချူဟွိုင်လျန်း၏ စိတ်အာရုံသည် ထွေပြားသွားပြီး မျက်လုံးများ ပြာဝေသွား၏။ ဘာဖြစ်မှန်း သိသွားသည်နှင့် ချူဟွိုင်လျန်းက ၎င်း၏ စိတ်ဝိညာဥ်အား ကာကွယ်ထားလိုက်လေသည်။
ထို့နောက် သူက ရယ်မောလိုက်၏၏
"ဟား ဟား မင်းရဲ့နည်းစနစ်က မဆိုးလှပေမဲ့ ကျုပ်အပေါ်မှာတော့ အသုံးမတည့်ပါဘူးကွာ"
စုချန်း ပြုံးလိုက်သည်။
"ဒီနည်းစနစ်က ကျုပ် သွေးဆူပွက်ခြင်းနယ်ပယ်မှာ ရှိစဥ်ကတည်းက ဖန်တီးထားတဲ့နည်းစနစ်ပဲ မင်းအပေါ် သက်ရောက်မှုနည်းနည်းရှိတယ်ဆိုရင်ပဲ မဆိုးလှဘူးဆိုရမယ် ဒါပေမဲ့ စိတ်မပူပါနဲ့ အနာဂတ်မှာ ဒီထက်ကောင်းတဲ့ နည်းစနစ်တွေ ကျုပ် ဖန်တီးနိုင်မှာပါလေ"
"မင်းမှာ အနာဂတ်မရှိတော့ပါဘူးကွာ"
ပြောပြောဆိုဆို ချူဟွိုင်လျန်းက စုချန်းအား လက်သည်းနှင့် လှမ်းကုတ်လိုက်တော့၏။
***