← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း၈၈- အပြောင်းအလဲတွေ...

~နောက်ဆုံးဆုမှာ ဉာဏ်အလင်း လက်ဖက်ရွက် သုံးရွက် ဖြစ်သည်။

ရုတ်ချည်း ဉာဏ်အလင်းနှင့် မတူဘဲ ဉာဏ်အလင်း လက်ဖက်ရွက် များ၏ အကျိုးသက်ရောက်မှုသည် ချက်ချင်းမျှသာ မဟုတ်ပေ။

ရုတ်ချည်း ဉာဏ်အလင်းသည် အချိန်တိုအတွင်းသာ ကြာရှည်ခံနိုင်သော်လည်း ဉာဏ်အလင်း လက်ဖက်ရွက်သည်

လူတစ်ဦး၏ နားလည်နိုင်စွမ်းကို ထာဝရ တိုးမြှင့်စေပြီး တစ်နေ့တာလုံး သိသာထင်ရှားစွာ တိုးတက်လာနိုင်သော်လည်း ရုတ်ချည်းဉာဏ်အလင်းကဲ့သို့ ပြင်းထန်မည် မဟုတ်ပေ။

ရေတိုတွင်၊ အကျိုးသက်ရောက်မှုများသည် ရုတ်ချည်း ဉာဏ်အလင်းနှင့်

မတုနိုင်သော်လည်း ရေရှည်တွင် ဉာဏ်အလင်း လက်ဖက်ရွက်သည် ပိုမိုကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်က သိသာပါသည်။

လုရီသည် ဆုများအားလုံးကို စစ်ဆေးပြီးသည်နှင့် လုံး၀ သဘောကျသွားသည်။

မွန်းတည့်ချိန် ရောက်လာ၍ တစ်ခုခုစားပြီး ဆက်လက် ကျင့်ကြံလိုက်သည်။

သူသည် ထိုနေ့၌ ရရှိခဲ့သော ရုတ်တရက် ဉာဏ်အလင်းရနိုင်သော အခွင့်အရေးများကို ချက်ချင်း အသုံးပြု၍ မိုးကြိုးအရိပ် ခြေလှမ်းကို လေ့ကျင့်ခဲ့သည်။

မိုးကြိုးအရိပ် ခြေလှမ်းသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်၏ သိုင်းပညာ တစ်ခု ဖြစ်သော်ငြားလည်း

လုရီ၏ ဝိညာဉ်စွမ်းအားနှင့် အခြားအရာအားလုံးသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ အရည်အချင်း ပြည့်မီပြီးဖြစ်သည်။

မိုးကြိုးစိတ်ဆန္ဒ နယ်ပယ်၏ အုတ်မြစ် အကူအညီဖြင့် ရုတ်ချည်း ဉာဏ်အလင်း၏ အဆုံးတွင် သူ၏ မိုးကြိုးအရိပ်ခြေလှမ်းသိုင်းသည် အဆင့် ငါး သို့ ရောက်ရှိသွားကာ စစ်မှန်လောက ပြန်လည်ရောက်ရှိခြင်း အဆင့်သို့ ခြေတစ်လှမ်းသာ လိုတော့သည်။

မိုးကြိုးအရိပ် ခြေလှမ်းနှင့် တိမ်ဖြူခြေလှမ်းကို အသုံးပြု၍ ထူးကဲအဆင့် တိမ်ဖြူခြေလှမ်းသည် အဆင့် ငါး မိုးကြိုးအရိပ် ခြေလှမ်းထက် များစွာ ပိုမိုအားကောင်းပြီး ဝိညာဉ်စွမ်းအင် သုံးစွဲမှု နည်းပါးကြောင်း တွေ့ရှိခဲ့သည်။

ထူးကဲ အဆင့် သိုင်း၏ စွမ်းအားသည် အလွန် ကြီးကျယ်ခမ်းနား၏။ အဆင့်စည်းမျဉ်းများကိုပင် ကျော်လွန်နိုင်သည်မှာ အံ့အားသင့်စရာပင်။

တိမ်ဖြူခြေလှမ်းထက် စွမ်းအား ကျော်လွန်မှသာ မိုးကြိုးအရိပ်ခြေလှမ်းကို ပြန်လည် လေ့ကျင့်ရမည်။

ထို့နောက် လုရီသည် သူ၏ အေးချမ်းသော ကျင့်ကြံမှုဘဝကို ပြန်လည်စတင်ခဲ့တော့သည်။

ချီအဆင့် ၁၁သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ထပ်ဆင့်တိုးတက်မှုအတွက် သုံးစွဲရမည့် ဝိညာဉ်စွမ်းအင် ပမာဏ သည် သိသိသာသာ တိုးလာသည် ဖြစ်သည်။ ကျောက်စိမ်း ဝိညာဉ်ဝတ်ရုံ အစွမ်းဖြင့် သူ၏ ကျင့်ကြံနှုန်းကို မြှင့်တင်နေသော်လည်း အချိန်တိုအတွင်း

အဆင့်မတက်သွားနိုင်ပေ။

ကံကောင်းထောက်မစွာ၊ အချိန်သည် လုရီi အတွက် စိုးရိမ်စရာမဟုတ်ပါ။ ဖြည်းဖြည်းချင်း ကျင့်ကြံနိုင်ပါသည်။

နှစ်လအကြာတွင် သူသည် သူ့အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေရင်း ရုတ်တရက် မိုးခြိမ်းသံကြီး ပဲ့တင်လာသည်အား ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်၌ နက်နဲသော ဖိနှိပ်မှုအားကို ခံစားလိုက်ရသည်။

လုရီသည် လန့်သွားသော်လည်း နှုတ်ခမ်းများ တွန့်ကာ ပြုံးလိုက်သည်။

ဤရုန်းရင်းဆန်ခတ်မှုသည် ကောင်းကင်တာအို ကန့်သတ်ချက်ကို ဖြတ်ကျော်သွားသည့်အသံဖြစ်သည်ကို သူ ကောင်းစွာ

သိသည်။

သူ၏ဒုတိယစီနီယာ ညီမလေးသည် ချီအဆင့်၁၁သို့ အဆင့်တက်သွားလေပြီ။

... အခေါ်အဝေါ်အရ လုရီသည် သူ၏ဒုတိယစီနီယာ ညီမလေးထက် ဦးစွာ..တိုက်ရိုက် တပည့် ဖြစ်လာသောကြောင့် ယခုအခါ သူ့ကို စီနီယာအစ်ကိုဟု ခေါ်ရပါတော့မည်။

ဤအတွေးဖြင့် လုရီ မျက်နှာထက်ဝယ် အနည်းငယ် ထူးဆန်းသောအမူအရာတစ်ခု ဖြစ်တည်လာသည်။

သူ့နှုတ်ခမ်းပေါ် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး သူသည် ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားသည်။

သူ့စီနီယာညီမလေးသည် အောင်မြင်မှု

တစ်ခု ရရှိခဲ့သောကြောင့်၊ သူမ၏ ဂျူနီယာအစ်ကိုအနေဖြင့် သူမကို ဂုဏ်ပြုသင့်သည် မဟုတ်ပါလား။

သုန်းကုန်းမင်ယွဲ့၏ ဂူအိမ်သို့ ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ ရွှင်မြူးသော အောင်ပွဲခံ ရယ်မောသံကို လုရီ

တစ်ယောက် ကြားလိုက်ရပါသည်။

"ဟားဟား၊ ငါက တကယ့်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ၊ တစ်နှစ်မပြည့်ခင်မှာပဲ၊ ငါဖြစ်ထိုက်တဲ့ ချီအဆင့် ၁၁ကို ရောက်ဖို့ ကန့်သတ်ချက်တွေကို ကျော်ဖြတ်လိုက်ပြီ။"

လုရီသည် အနားသို့ လျှောက်လာသောအခါ သုန်းကုန်းမင်ယွဲ့က သူမ၏

ဂူစံအိမ်ကြီး အဝင်ဝတွင် ရပ်နေကာ လက်နှစ်ဖက်ဖြင့် သေးသွယ်သော ခါးလေးအား ထောက်ကာ သူမ၏ မျက်လုံးများတွင် အပျော်ရိပ်တို့ ပြည့်နေသည်ကို တွေ့လိုက်ရသည်။

လုရီက သူမကို ပြုံးပြုံးလေး နှုတ်ဆက်လိုက်ပြီး

"ဒုတိယ စီနီယာညီမလေး ၊ မင်း တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား"

သုန်းကုန်းမင်ယွဲ့သည် ရုတ်တရက် လန့်သွားပြီးနောက် သူမ၏ လှပသော မျက်နှာကလေး မှာ ခပ်ရဲရဲ ဖြစ်လာပြီး လုရီကို ဘဝင်မကျသလို တစ်ချက် ကြည့်လိုက်သည်။

"ဂျူနီယာအစ်ကိုလား။ ဒီမှာဘာလာလုပ်နေတာလဲ၊ ခုန ငါပြောတာတွေ နင် ကြားသွားလား..."

လုရီက အလေးအနက်ထားပြီး ခေါင်းညိတ်သည်။

"အင်း၊ ကြားရတယ်"

သုန်းကုန်းမင်ယွဲ့သည် ရှက်ကိုးရှက်ကန်းဖြင့် နီရဲကာ ဖြေရှင်းသည်။

"ငါ...နည်းနည်း အပျော်လွန်သွားလို့လေ"

ထို့နောက် ရင်ကို ကော့ ခေါင်းကို မော့ကာ.. တခစ်ခစ် ရယ်ရင်း ခပ်ကြွားကြွားကလေး ပြောသည်။

"အခုတော့ ငါ အဆင့်တက်နိုင်ခဲ့ပြီ၊

မကြာခင်မှာ တောင်ထိပ်သခင်မ ရဲ့ တိုက်ရိုက် တပည့် ဖြစ်လာတော့မယ်။

ဂျူနီယာအစ်ကို၊ အခုကစပြီး နင့်ကို

ဒိီစီနီယာက ပိုဂရုစိုက်ပါမယ်!"

လုရီ၏ နှုတ်ခမ်းထောင့်သည် အနည်းငယ်တွန့်သွားပြီး ဟွတ်ခနဲ ချောင်းဟန့်လိုက်ပြီး

"ညီမလေး၊ ငါ မင်းကို သတင်းကောင်း

တစ်ခု ဝေမျှစရာ ရှိတယ်ကွ" လို့ စိတ်ထက်သန်စွာ အသိပေးလိုက်သည်။

"ဘာသတင်းကောင်းလဲ?"

လုရီ၏ အတည်ပေါက်အမူအရာကို မြင်လိုက်ရသဖြင့် သုန်းကုန်းမင်ယွဲ့က သိချင်စိတ်ဖြင့် မေးသည်။

လုရီက ပြုံးပြီး

"တကယ်တော့ ဒီမှာ ဂျူနီယာ အစ်ကိုလည်း လွန်ခဲ့တဲ့ သုံးလလောက်က ချီအဆင့် ၁၁ကို အဆင့်တက်သွားတယ်ကွ"

သုန်းကုန်းမင်ယွဲ့ : "?????"

မရေမတွက်နိုင်သော မေးခွန်း အမှတ်အသားများသည် သူမ၏ ခေါင်းလေးထဲတွင် ဝေ့ဝဲလာခဲ့ကာ

သုန်းကုန်းမင်ယွဲ့၏ အမူအရာလေး အေးခဲသွားသည်။

လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားကာ လုရီ နှင့် သုန်းကုန်းမင်ယွဲ့သည်

တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်း သူတို့ကြားက လေထုမှာ တုန်လှုပ်ချောက်ချားသွားသည် ။

သုန်းကုန်းမင်ယွဲ့က ပါးစပ်အဟောင်းသားဖြင့် လုရီကို မယုံကြည်နိုင်စွာ ပြူးပြဲ ကြည့်ပြီး

"... ဂျူနီယာ အစ်ကို၊ နင် ငါ့ကို အရူးလုပ်နေတာမလား"

ထိုသို့ သုန်းကုန်းမင်ယွဲ့သည် ပါးစပ်ကလေးဟ၍ မျက်လုံးပြူးကာ ဟာသ အမူအရာဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လုရီ အတော်လေး ရယ်ချင်သွားသည်။

"လွန်ခဲ့တဲ့နှစ်လတုန်းက အတွင်းစည်းဂိုဏ်းမှာ တောင်ထိပ်သခင်မက ဒါကို ကြေညာပြိီးသွားပြီ"

သူ့အဖြေကို ကြားလိုက်ရသောအခါ

သုန်းကုန်းမင်ယွဲ့၏မျက်လုံးများ ချက်ချင်းနီရဲလာပြီး

"အဟင့် ..အဟင့် မဖြစ်နိုင်ဘူး.. ငါတောင် နှစ်ဝက်ကျော်ကျော် ကျင့်ကြံခဲ့ရတာ"

ဒါ တကယ်ကို မတရားဘူး။သူမသာ

စီနီယာညီမလေး ဖြစ်ရမှာလေ။

သူမ တံခါးပိတ်ကျင့်ကြံရာက ထွက်လာမှ သူမ၏ ဂျူနီယာအစ်ကိုက ဘယ်လိုလုပ်ပြီး တိုက်ရိုက်တပည့်ဖြစ်နေနှင့်တာလဲ။

ဆိုလိုတာက သူမက လုရီကို အခုကတည်းက စီနီယာ အစ်ကိုလို့ ခေါ်ရတော့မှာလား။ ဒါကြီးက ဘယ်လို ဖြစ်နိုင်မှာလဲ…

သုန်းကုန်းမင်ယွဲ့သည် ယင်ကောင်အား

မြိုချရသလို ခံစားခဲ့ရသည်။

လုရီသည် ရွှန်းလဲ့နေသော မျက်လုံးရွဲကြီးများနှင့် သုန်းကုန်းမင်ယွဲ့၏ မျက်နှာလှလှလေးကို ကြည့်ပြီး အနည်းငယ် မူးယစ်သွားသည်ကို မငြင်းနိုင်ပါ။

သူ၏ ဒုတိယ စီနီယာညီမလေးက တကယ့်ကို ချစ်စရာလေးပင်။ အထူးသဖြင့် ဒေါသကြီးလာလျှင် အရမ်းချစ်ဖို့ ကောင်းလှသည်။

ဟေး! လုရီ၊ လုရီ ..မင်း ဘာတွေတွေးနေတာလဲ။ စိတ်ထိန်းစမ်း။

မင်းရဲ့ဒုတိယ စီနီယာ ညီမလေးက မင်းအပေါ်အရမ်းကြင်နာတာ။

မင်းက သူ့ကို စိတ်မကောင်းဖြစ်အောင် လုပ်ရတာလဲ!

လုရီသည် သူ့ကိုယ်သူ အံကြိတ်၍ ဆူပူ ကြိမ်းမောင်းလိုက်ပြီး တစ်ချက် လည်ချောင်း ရှင်းထုတ်ကာ

"စီနီယာ ညီမလေး..မင်း တောင်ထိပ်သခင်မနဲ့ အရင် သွားတွေ့ပါ၊ နောက်တော့ ဂျူနီယာ အစ်ကိုက မင်းအတွက် နောက်ထပ် အံ့သြစရာတစ်ခု ပြစရာ ရှိတယ်"

ထိုသို့ ကြားလိုက်ရတော့ သုန်းကုန်းမင်ယွဲ့သည် လုရီကို သံသယဝင်စွာ စူးစူးရဲရဲ ကြည့်မိသည်။

ဒီပုပ်သိုးနေသည့် ကြက်ဥက သူမကို ကောင်းတာတစ်ခု ပြောပြမည်ဟု ပြောပြီး နောက်တော့ သူမဟာ ဂျူနီယာ ညီမလေး တစ်ယောက်ဖြစ်လာတော့မည်ဟုအသိပေးလာသည်လေ။

တကယ့်ကို နားမလည်နိုင်အောင်ပါပဲ။

ယခု နောက်ထပ် အံ့သြစရာ တစ်ခုတဲ့လား။

ဒါက ဘာဖြစ်နိုင်မလဲ။

သို့တိုင် သုန်းကုန်းမင်ယွဲ့သည် လုရီ၏ အကြံဉာဏ်ကို သဘောတူပြီး တိုက်ရိုက် တပည့် ဖြစ်လာရန် တောင်ထိပ်သခင်မနှင့် သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

-----------------

အခန်း၈၉- အပြောင်းအလဲတွေ..

~သုန်းကုန်းမင်ယွဲ့က ခေါင်းညိတ်ပြီး

"ဟုတ်ပြီ၊တောင်ထိပ်သခင်မဆီကို အရင်သွားကြည့်မယ်"

"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်!"

ထို့ကြောင့် သူတို့နှစ်ဦးသည် လင်းလောင်တောင်ထိပ်သခင်မနှင့်တွေ့ဆုံရန်

လင်းလောင် တောင်ထိပ်သို့ အတူတူ တက်ခဲ့ကြသည်။

လုရီလိုပင် လင်းလောင် တောင်ထိပ်သခင်မ နှင့်တွေ့ဆုံပြီးသောအခါ သုန်းကုန်းမင်ယွဲ့သည် ထုံစံအတိုင်း တောင်ထိပ်သခင်မ၏ တိုက်ရိုက် တပည့်ဖြစ်လာပါသည်။ အတိအကျပြောရပါက တတိယမြောက် တပည့် ဖြစ်သည်။

လုရီက သူမထက် အရင် တိုက်ရိုက်တပည့်တစ်ဦးဖြစ်လာကြောင်း ထပ်မံကြားရသောအခါ သုန်းကုန်းမင်ယွဲ့သည် မှုန်ကုပ်ကုပ်ဖြစ်နေပြီး ကြေကွဲသွားသည်။

ထို့နောက်တွင် လင်းလောင် တောင်ထိပ်သခင်မ သည် သုန်းကုန်းမင်ယွဲ့အား အနာဂတ်အစီအစဥ်များအကြောင်း သဘာဝကျကျမေးမြန်းခဲ့ပြီး

သူမ၏ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်တွက် မိုးကြိုးဒြပ်စင်နှင့် ကောင်းကင်နှင့် မြေကြီး ရတနာများကို ပေးအပ်ရန် ပြင်ဆင်ခဲ့သည်။

ဤသည်မှာ လုရီ ရရှိခဲ့ပုံနှင့် ဆင်တူသည်။

လုရီ ရင်တွင်းမှ သက်ပြင်းတစ်ချက် ကြိတ်ချလိုက်သည်။

လင်းလောင် တောင်ထိပ်သခင်မသည် သူ့တပည့်များအား တွေးပေးတတ်ကာ အလွန်တရာ ဂရုစိုက်ပါသည်။

သုန်းကုန်းမင်ယွဲ့ သည် တိုက်ရိုက်တပည့်ဖြစ်လာပြီးနောက် လုရီ နှင့် သုန်းကုန်းမင်ယွဲ့သည် ဆရာ၏ ဝါးအိမ်မှ နှုတ်ဆက်၍ ထွက်လာတော့၏။

တောင်တက်လမ်းမှာ သုန်းကုန်းမင်ယွဲ့ က စိတ်တိုတိုနှင့် နှုတ်ခမ်းစူနေသည်။

သူမ၏ အပြုအမူကို မြင်တော့ လုရီ တခွီးခွီး ရယ်ရင်း

"ဂုဏ်ယူပါတယ် ညီမလေး၊ ဆရာ့ရဲ့ တိုက်ရိုက်တပည့်ဖြစ်ခဲ့လို့ ဒီစီနီယာအစ်ကိုက ဂုဏ်ယူပါတယ်"

ဒါကိုကြားတော့ သုန်းကုန်းမင်ယွဲ့သည်

လုရီကို မကျေမနပ် စိုက်ကြည့်ရင်း ပို၍တောင် မကျေမနပ်ဖြစ်သွားသည်။

လုရီက ပြုံးပြီး နောက်ပြောင်သည်။

"ဂျူနီယာ ညီမလေး၊ မင်း ငါ့ကို စီနီယာအစ်ကိုလုလို့ ခေါ်ရမှာလေကွာ"

လုရီ ကြိတ်၍ ခွီနေသည်ကိုမြင်တော့

သုန်းကုန်းမင်ယွဲ့ က ဒေါသတကြီးဖြင့် ပါးများကို လေဖောင်းလိုက်သည်။

ဒီလူကတော့ စီနီယာ အစ်ကို ဖြစ်လာတာ အချိန် ဘယ်လောက်မှတောင် မကြာသေးဘူး။ စိတ်ကြီး ဝင်နေပြီလား။

ဂျူနီယာ အစ်ကို လုရီကို သူမသည်

နူးညံ့သိမ်မွေ့ပြီး စာနာတတ်သူဟု ထင်ခဲ့ဖူးသည် ။

ယခုတော့ အထက်နှင့် အမြင် နည်းနည်းလေး လွဲချော်နေပုံပါပဲ။

သုန်းကုန်းမင်ယွဲ့သည် စိတ်မပါလက်မပါဖြင့် "စီနီယာအစ်ကို လု" ဟု ခေါ်လိုက်သည်။

"ဟားဟား..ဂျူနီယာ ညီမလေးက အရမ်းလိမ္မာတယ်!"

လုရီသည် ချက်ချင်းပင် ကျေနပ်သွားသည်။

'စီနီယာအစ်ကို' သို့မဟုတ် 'ဂျူနီယာ

ညီမလေး' ဟူသည့် တရားဝင် အခေါ်အဝေါ်ကို သူ သိပ် ဂရုမစိုက်ပါ။ သို့သော်

သုန်းကုန်းမင်ယွဲ့၏ စူပုပ်သော အကြည့်ကို မြင်ရသည်မှာ အတော်ကို ရယ်စရာကောင်းသည်။

သူက ပြုံးပြီး.. "ဂျူနီယာညီမလေး မင်ယွဲ့ ၊ ငါ မင်းကို အံ့အားသင့်စရာတစ်ခု ပေးမယ် ပြောထားတာ မှတ်မိသေးလား"

သုန်းကုန်းမင်ယွဲ့က လုရီကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး ပြန်မေးသည်။

"ဘာအံ့အားသင့်စရာလဲ"

လုရီ ခပ်ပြုံးပြုံးဖြင့်

"ချီအဆင့် ၁၁ကို တက်လှမ်းနိုင်တဲ့ မင်းရဲ့ အောင်မြင်မှုကို ဂုဏ်ပြုဖို့ ဒီစီနီယာအစ်ကိုမှာ လက်ဆောင်တစ်ခု ရှိတယ်"

သုန်းကုန်းမင်ယွဲ့ အံ့သြသွားပြီး

"ဘာလက်ဆောင်လဲ?"

"ဒီစီနီယာအစ်ကိုရဲ့ ဂူစံအိမ်ကြီးကို လိုက်လာခဲ့၊ ရတနာတစ်ခု ပြမယ်!"

သုန်းကုန်းမင်ယွဲ့သည် လုရီ၏ လျှို့ဝှက်ဆန်းကြယ်သော အမူအကျင့်ကို သံသယအချို့ဖြင့် ကြည့်ကာ သူမ၏ စပ်စုချင်စိတ်နှင့်အတူ အနည်းငယ် တုန်လှုပ်သွားသည်။

သူမသည် လုရီ၏ဂူအိမ်ဆီသို့ လိုက်သွားပြီး လုရီက ဂူအိမ်တံခါးကို ပိတ်လိုက်သည်။

လုရီ၏ လျှို့ဝှက်ဆန်းကြယ်နေပုံကို မြင်လိုက်ရတော့ သုန်းကုန်းမင်ယွဲ့

ပို၍ပင် သိချင်လာကာ

"ဂျူနီယာအစ်ကိုလုရီ ..လက်ဆောင်က ဘာလဲ"

"မင်းငါ့ကို 'စီနီယာအစ်ကိုလု' လို့ မခေါ်သင့်ဘူးလား"

သုန်းကုန်းမင်ယွဲ့ : "..."

သူမသည် စိတ်ပျက်လက်ပျက်ဖြင့်

ရေရွတ်လိုက်သည်။

"စီနီယာအစ်ကိုလု!"

ထို့နောက်တွင် လုရီသည် လုပ်ငန်းတာဝန်တစ်ခုအတွက် ဆုအဖြစ် ရရှိသော အဆင့်မြင့် မှော်အသုံးအဆောင် ခရမ်းရောင်ကျောက်စိမ်းစကတ်ကို ထုတ်ပြကာ ကျေနပ်စွာ ပြုံးရင်း သုန်းကုန်းမင်ယွဲ့အား

အသိပေးသည်။

"ဒီအဆင့်မြင့် မှော်အသုံးအဆောင် ခရမ်းရောင် ကျောက်စိမ်းစကတ်ကလေ. စီနီယာအစ်ကို လုကို ဂိုဏ်းလုပ်ငန်းတာဝန် ပြီးမြောက်လို့ ချီးမြှင့်ခံခဲ့ရတာ၊ ‌ဒါက မိုးကြိုး အခြေပြု ကျင့်ကြံသူတွေအတွက် အရမ်း ကောင်းတဲ့ လက်နက်တစ်ခုပဲ၊ အစ်ကိုက အသုံးမလိုတော့ အဲဒါကို ဂျူနီယာ

ညီမလေးမင်ယွဲ့ ကို လက်ဆောင်ပေးမယ်"

လုရီ၏ ရှင်းပြချက်ကို ကြားလိုက်ရတော့ သုန်းကုန်းမင်ယွဲ့သည် လုရီကို စိုက်ကြည့်ရင်း

"အဆင့်မြင့် မှော်အသုံးအဆောင်ပဲ..

ဂျူနီယာအစ်ကို၊ နင် ငါ့ကို ပေးချင်တာလား။"

လုရီက သူမကို ကူကယ်ရာမဲ့ စကားအား ပြင်ပေးသည်။

"မင်းငါ့ကို 'စီနီယာအစ်ကို လု' လို့ ခေါ်သင့်တယ်!"

သုန်းကုန်းမင်ယွဲ့ : "..."

ဒီအချိန်က အသုံးအနှုန်းတွေကို

ဂရုစိုက်ရမယ့် အချိန်ပဲလား။

ဤအရာသည် ထိပ်တန်းအဆင့် မှော်အသုံးအဆောင် တစ်ခုဖြစ်သည်။

ထိပ်တန်းအဆင့် မှော်အသုံးအဆောင်၏ အဖိုးတန်မှုကို သူမ သေချာပေါက် နားလည်သည်။ သူမသည် တောင်ထိပ် သခင်မ ၏ တိုက်ရိုက်တပည့်ဖြစ်လာပြီး သူမ၏မိသားစုနောက်ခံမှာ မဆိုးသော်လည်း သူမပိုင်ဆိုင်သော အဖိုးတန်ဆုံးသော ကျင့်ကြံခြင်း ရတနာမှာ သာမန်အဆင့့် မှော်လက်နက်တစ်ခုသာ ဖြစ်သည်။

လုရီသည် မျက်တောင်ပင် မခတ်ဘဲ ထိပ်တန်းမှော်အသုံးအဆောင်တစ်ခုကို

သူမအား ပေးဆောင်နိုင်မည်ဟု သုန်းကုန်းမင်ယွဲ့ မယုံနိုင်ပေ။

ထို့အပြင်… လှပသော ခရမ်းရောင်စကတ်က သဘောကျစရာ ကောင်းသည်။

သူမသည် ထိုမှော်အသုံးအဆောင်အား ရင်ထဲမှ ကြိတ်၍ ရင်သပ်ရှုမောမိပေသည်။

မည်သို့ပင် ဆိုစေကာမူ သုန်းကုန်းမင်ယွဲ့သည် ၎င်းမှ သူမ၏ အကြည့်ကို ရှောင်လွှဲကာ ခေါင်းခါလိုက်သည်။

"စီ... စီနီယာအစ်ကိုလု၊ ဒီထိပ်တန်း မှော်အသုံးအဆောင်က အရမ်း အဖိုးတန်လွန်းတယ်၊ ငါ လက်မခံနိုင်ဘူး၊ ဒါကို နင်သုံးနိုင်မယ့် မှော်အသုံးအဆောင် တစ်ခုနဲ့ လဲလိုက်လေ၊ တစ်ယောက်ယောက်နဲ့ လဲလို့ ရမှာပါ"

လုရီသည် ရယ်မောရင်း

"မင်းရဲ့ အစ်ကိုလု ကံကောင်းနေတယ်၊ ဂိုဏ်းအလုပ်တွေကနေ နည်းနည်း အကျိုး

အမြတ် ရထားတယ်ကွ၊ငါ့မှာ မှော်အသုံးအဆောင်တွေ ရှိပါသေးတယ်။ ဒီခရမ်းရောင် ကျောက်စိမ်းစကတ်ကို အစ်ကို လု က ဂျူနီယာ ညီမလေးကို လက်ဆောင်ပေးတယ်လို့ သဘောထား.. ဒီမှော်အသုံးအဆောင်နဲ့ မင်းရဲ့ မွေးရာပါ မိုးကြိုးဝိဉာဉ် ခန္ဓာက အသင့်တော်ဆုံးပဲကွ"

ထိုအချိန်တွင်၊လုရီက သုန်းကုန်းမင်ယွဲ့ နှင့် ပတ်သက်သော သူ့ဂိမ်းစနစ်မှ အလုပ်များမှ ပစ္စည်းအနည်းငယ်ကို စုဆောင်းမိပြီး ဖြစ်‌သည် ။

ဤကောင်မလေးသည် သူ့အတွက် အမှန်တကယ် ကောင်းမွန်လေသည်။

သူသည် အသိအမှတ်ပြုကာ ကျေးဇူးကို သဘာဝအတိုင်း ပြန်ပေးဆပ်ချင်သည်။

လုရီ၏ ခိုင်မာသော စိတ်ဆန္ဒကို မြင်လျှင် သုန်းကုန်းမင်ယွဲ့သည် နီစွေးသော နှုတ်ခမ်းကို အသာ ဖိကိုက်လိုက်သည်။

လုရီသည် ကျားရိုး ဝိဉာဉ် ဂျင်ဆင်းစွပ်ပြုတ်နှင့် သမာဓိ ဝိဉာဉ် နှင်းစက်ကို နေ့စဉ် လေ့ကျင့်သည်။

သူမနှင့်အတူ လေ့ကျင့် ပေးကာ ခိုင်ခံ့သော အုတ်မြစ်ဖြင့် ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်ကို ဖြတ်ကျော်သည်။

ယခုလည်း သူသည် ထိပ်တန်းအဆင့် မှော်အသုံးအဆောင်ကိုပင် လက်ဆောင်ပေးလာပြန်သည်။

သုန်းကုန်းမင်ယွဲ့သည် စိတ်ခံစားချက်

လှိုင်းလုံးတို့ကြား နစ်မြုပ်သွားပြီး သူမ၏ စိတ်ထဲတွင် မှင်သက် အံ့သြနေသည်။

ဂူစံအိမ်ကြီးထဲမှာ ပူလွန်းနေတာကြောင့် သူမ မျက်နှာသည်လည်း

ပူလောင်လာသလို ခံစားလိုက်ရသည်။

အစ်ကိုလုကတော့ တကယ်ပါပဲ။

သူ့အခန်းထဲမှာ လေ၀င်လေထွက်တောင် ကောင်းကောင်း မလုပ်ထားဘူး။

သုန်းကုန်းမင်ယွဲ့ မတ်တပ်ရပ်နေတာကို မြင်တော့ လုရီက သူမသည် ဆုံးဖြတ်ချက်အတွက် အခက်တွေ့နေရဆဲဟု ထင်ပြီး

"ညီမလေး၊ ယူလိုက်ပါ" ဟု ပြုံးရယ်ကာ တိုက်တွန်းလိုက်သည်။

သုန်းကုန်းမင်ယွဲ့သည် နောက်အခိုက်အတန့်တွင် တုံ့ဆိုင်းသွားကာ

လုရီ၏လက်မှ ခရမ်းရောင်ကျောက်စိမ်းစကတ်ကို လှမ်းယူ၍ ခေါင်းညိတ်ကာ

“ကျေး… ကျေးဇူးတင်ပါတယ် အစ်ကို လု”။

လုရီက ကြည်လင်စွာဖြင့် ခေါင်းညိတ်ပြပြီး

"မင်း ဆန္ဒရှိနေသရွေ့ ငါတို့က တကယ့် ညီအကို မောင်နှမ တပည့်တွေပါ။ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီကြမယ်။ ဘာပဲဖြစ်ဖြစ်... ငါတို့ရဲ့ နေ့စဉ် လေ့ကျင့်မှုကို မရပ်ဘူး နော်။"

သူ့စကားကြောင့် သုန်းကုန်းမင်ယွဲ့

ရင်ထဲ အနည်းငယ် နွေးထွေးသွားသည်။

.. အစ်ကို လု ရဲ့ ခွန်အားက အခု ပိုသန်မာလာတာတောင် သူက ငါနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေတုန်းပဲလား။ သူက ငါ့ရဲ့ တိုးတက်မှုကို ပိုမြန်အောင် ကူညီပေးမှာလား။...

နောက်ဆုံး၌ သုန်းကုန်းမင်ယွဲ့က ညင်သာစွာ ခေါင်းညိတ်ပြသည်။

"သိပါပြီ"

သူမ၏သဘောတူညီချက်ကို ကြားတော့ လုရီစိတ်ထဲတွင် အတော်ကြီး စိတ်ရွှင်လန်းရသည်။

မိုးကြိုး စိတ်ဆန္ဒနယ်ပယ်ကို သူသည် ကျွမ်းကျင်ပိုင်နိုင်စွာ တိုးတက်လာမည်မှာ သေချာပါသည်။

----------------

အခန်း၉၀- အပြောင်းအလဲတွေ...

~လုရီသည် ယခုတခါလည်း

သုန်းကုန်းမင်ယွဲ့ကို အနိုင်ယူရမည်ဟု

သူ့ကိုယ်သူ အလုပ်ပေးလိုက်သည်။

တစ်ဆက်တည်း၌ သူ့ဂိမ်းစနစ် မျက်နှာပြင်၌ စာသားများ ပြေးလွှားလာသည်။

[တာဝန်]

သုန်းကုန်းမင်ယွဲ့ကို အနိုင်ယူရန်။

ဆုလာဘ်- မိုးကြိုးစိတ်ဆန္ဒ နယ်ပယ်၏ အဆင့် မြှင့်တင်မှု၊ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက် ၂ စက်။

လက်ခံသည်-လက်ခံမည်လား/ငြင်းမည်လား။

..အမ်..

လုရီသည် အလုပ်က ပေးသည့် ဆုလာဘ်ကို မြင်သောအခါတွင် သူသည် တခဏတာ တွေဝေသွားပြီးနောက် အံ့ဩသွားသည်။

..အလုပ်လဆုလာဘ်က ပြောင်းသွားပါလား။..

ဂျူနီယာ ညီမလေး မင်ယွဲ့ကို အနိုင်ယူခြင်းအတွက် ယခင်ဆုမှာ နှစ်တစ်ရာ ဝိညာဉ်နှင်းစက် ငါးစက်နှင့် မိုးကြိုးစိတ်ဆန္ဒ တစ်ခုမျှသာ ဖြစ်သည်။

ယခုမူ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက် ၂စက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီလား။

နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်နှင့်

နှစ်တစ်ရာ ဝိညာဉ်နှင်းစက်တို့က မိုးနှင့်မြေလို ကွာဟလေသည်။

... ဆုလာဘ်က ဘာလို့များ ဒီလောက်တိုးလာရသလဲ။...

လုရီ ယုံရခက်သွားပြီးနောက် တစ်ခုခုကို တွေးလိုက်မိသည်။

ယခင် နှင့် ယခု ဆုလာဘ် ခြားနားချက်မှာ ဂျူနီယာ ညီမလေးမင်ယွဲ့က ကျင့်ကြံမှု အခြေခံသည် ချီအဆင့် ၁၁သို့ တိုးမြှင့်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

.. ဆိုတော့ အလုပ်ပစ်မှတ်ရဲ့ ခွန်အားတွေ တိုးလာရင် ငါရတဲ့ ဆုလာဘ်လည်း တိုးလာမှာလား။..

လုရီ၏ အတွေးများ လှိုင်းထသွားကာ အတင့်ရဲသော အကြံအစည်များ အစီအရီ ထွက်လာတော့သည်။

မူလက သူ့ခွန်အား မြင့်မားလာတာနှင့်အမျှ တခြားဆုတွေ ရဖို့ အခက်အခဲ ပိုမြင့်မားလာမှာကို သူ စိုးရိမ်ခဲ့သည်။

ယခုတွင် သူသည် အလုပ်ပစ်မှတ်များအား သူတို့၏ ကျင့်ကြံမှုအခြေခံ တိုးတက်စေဖို့ ကူညီပေးနိုင်ပြီး အလုပ်ပြီးမြောက်စေကာ ဆုလာဘ်များ တိုးမြင့်နိုင်ပုံပါပဲ။

..အဟဲ။ ဒါက တော်တော် ကောင်းတာပဲ။..

ရိုးရိုးသားသား ပြောရလျှင် သူ့မှာ လက်ရှိတွင် အသုံးမ၀င်သော အရင်းအမြစ်များစွာရှိသည်။

အလုပ် ဆုလာဘ် အဖြစ် ရံဖန်ရံခါ ရတတ်သော ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းဆေးလုံးများ၊ သူသည် စစ်ဆေးရေး မျှော်စင်မှ လစဉ် ရတတ်သော နှစ်တစ်ရာဝိညာဉ်နှင်းစက် အစက်ဒါဇင်ပေါင်းများစွာ...စသည်။

ယခင်အကြိမ်က သူသည် အဘိုးကြီးလု နှင့် သူ့အမေကို ပေးခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် နှစ်တစ်ရာဝိညာဉ်နှင်းစက်များ နောက်ထပ် အစက်နှစ်ရာမှ သုံးရာအထိ စုဆောင်းမိလေပြီ။

လုရီသည် လက်ရှိတွင် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ကို ကျင့်ကြံရန်အတွက် အသုံးပြုနေသောကြောင့် အဆိုပါအရင်းအမြစ်များသည်

ထုတ်မသုံးဘဲ ချောင်ကပ်နေခဲ့သည်။

ထို့ပြင် သူ၏ ကျင့်ကြံမှုအားအခြားသူများ သံသယ မဝင်စေရန် အရင်းအမြစ် ခန်းမမှ လစဉ် ထုတ်ယူခဲ့သော ထိပ်တန်းအဆင့် ချီသိပ်သည်း ဆေးလုံးများအပါအဝင် ယခုအခါ ၎င်းတို့သည် တောင်ငယ်တစ်ခုပမာ ပုံထပ်နေတော့သည်။

ဤအရင်းအမြစ်များကို အခြားသူများ၏ ကျင့်ကြံမှုတွင် အထောက်အကူဖြစ်စေရန် အသုံးပြုနိုင်သည်။

ဟုတ်ပါသည်၊ ဥပမာအားဖြင့်. ဂျူနီယာ ညီမလေး မင်ယွဲ့လို သူ့အတွက် အလုပ်ဆုတွေ ထောက်ပံ့နိုင်သူဖြစ်ရမည်။

ဂျူနီယာ ညီမလေး မင်ယွဲ့ ပိုသန်မာလာသည်နှင့်အမျှ သူလည်း အလုပ် ပြီးမြောက်ခြင်းမှ ဆုလာဘ်များ ပိုရနိုင်သည်။

လုရီသည် အပြင်ထွက်ပြီး ဂိုဏ်းတာဝန်အချို့ကို ထမ်းဆောင်ရန် လိုအပ်သည်ဟု တွေးမိသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့်သာလျှင် ဤအရင်းအမြစ်များကို ရယူလာသည်ဟု ဆင်ခြေပေးနိုင်မည် ဖြစ်သည်။

မဟုတ်ပါက ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းဆေးလုံးနှင့် နှစ်တစ်ရာ ဝိညာဉ်နှင်းစက်ကို ရုတ်တရက်ကြီး မည်သည့်နေရာမှ အဆက်မပြတ် ပေါများနေပါသလဲ။ ဒါက ယုံချင်စရာ ကောင်းမည် မဟုတ်ပါ။

လုရီသည် ထိုတာဝန်ကိုလက်ခံပြီး

ဂျူနီယာ ညီမလေး မင်ယွဲ့နှင့် အတူလေ့ကျင့်ခဲ့သည်။

ချီအဆင့် ၁၁သို့ တိုးလာပြီးနောက်၊ သုန်းကုန်းမင်ယွဲ့၏ ခွန်အားသည် ယခင်ကထက် များစွာ တိုးတက်လာခဲ့သော်လည်း လုရီ နှင့် နှိုင်းယှဉ်ပါက ကွာဟချက်မှာ ပိုကြီးမားလာသည်။

မကွယ်မဝှက်တမ်း ဝေဖန်ရလျှင် လုရီ၏ အခြေခံအုတ်မြစ်သည် ခိုင်ခံ့လွန်းသည်။

သုန်းကုန်းမင်ယွဲ့ ကမူ မိုးကြိုးဝိညာဉ် ခန္ဓာကိုယ်ရှိသော်လည်း လုရီသည် ဓားစိတ်ဆန္ဒ နှစ်ဆယ် ရာခိုင်နှုန်း ကျော်အထိ တိုးတက်လာသဖြင့် သူမသည် မယှဉ်နိုင်ပေ။

လုရီက သုန်းကုန်းမင်ယွဲ့အား သူမ၏ ကျင့်ကြံမှုအပေါ် အယုံအကြည် မပျက်စေလိုဘဲ သူမကို အနိုင် မယူမီ အချိန်အတော်ကြာ ကစားပေးခဲ့သည်။

လေ့ကျင့်မှုအပြီးတွင် သုန်းကုန်းမင်ယွဲ့ သည် ချွေးစေးများ ထွက်ကာ ဟူးခနဲ လေပူမှုတ်ထုတ်၍ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ လုရီ၏ အနားမှာထိုင်ရင်း သူမကိုကြည့်ရင်း ရယ်မောကာ ချီးကျူးသည်။

"ဂျူနီယာ အစ်ကို လုရီ၊ နင့်ရဲ့ခွန်အားတွေ အရမ်းတိုးတက်နေပြီ"

အစပိုင်းတော့ လုရီ၏ ခွန်အားက သူမလောက် မတော်ဘူးဆိုတာ သိသာပေမယ့် တစ်နှစ်အတွင်းမှာပဲ သူက ဒီအတိုင်းအတာအထိ သန်မာလာခဲ့သည်။

ဤအရာက သုန်းကုန်းမင်ယွဲ့အား သူမကိုယ်သူမ အနည်းငယ် ရှုံးနိမ့်သွားသည်ဟု ခံစားမိစေသည်။

အထူးသဖြင့် သူမသည် မိုးကြိုးဝိညာဉ် ခန္ဓာ ပိုင်ရှင် ဖြစ်နေသည် မဟုတ်ပါလား။

သို့သော် လုရီ၏ဓားစိတ်ဆန္ဒ နှစ်ဆယ် ရာခိုင်နှုန်း ကျော်အထိ တိုးတက်လာပုံကို တွေးတောရင်း သုန်းကုန်းမင်ယွဲ့ စိတ်ထဲ ထိတ်လန့်မှုနှင့် သဘောကျမှု ရောထွေးစွာ ခံစားလိုက်ရသည်။

လုရီက ကူကယ်ရာမဲ့စွာ ပြန်ပြောသည်။

" ဟေး..မင်း ငါ့ကို စီနီယာ အစ်ကိုလို့ ခေါ်ရမယ်ကွ"

ထိုအခါ သုန်းကုန်းမင်ယွဲ့က မျက်လုံးပြူးပြီး တခစ်ခစ်ရယ်ရင်း

"ဟွန့်..နင့်ကို ဂျူနီယာအစ်ကိုလို့ပဲ နှုတ်ကျိုးလာတာ တစ်နှစ်လောက်ရှိပြီ၊ ပြန်ပြောင်းရတာ သိပ်မလွယ်ဘူး. .စီနီယာ အစ်ကိုလုရီရဲ့"

လုရီ : "..."

နှစ်ယောက်သား ခဏတာ ထွေရာ လေးပါး ပြောကြကာ ခဏလောက် အနားယူပြီး သုန်းကုန်းမင်ယွဲ့က လုရီကို နှုတ်ဆက်ပြီး အသီးသီး လမ်းခွဲလိုက်ကြသည်။

သုန်းကုန်းမင်ယွဲ့က တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီးကတည်းက လုရီသည် နေ့စဉ် သူမနှင့် ယှဉ်ပြိုင်တိုက်ခိုက်ကာ လေ့ကျင့်မှု အလုပ်များအား ပိုမိုလုပ်ဆောင်ခဲ့သည်။

နှစ်တစ်ထောင် ဝိဉာဉ် နှင်းစက်များ ပိုမို စုဆောင်းထားနိုင်ကာ သူသည် မချွေတာဘဲ

ကျင့်ကြံနိုင်သည်။ မိုးကြိုးစိတ်ဆန္ဒ နယ်ပယ် နှင့် ပတ်သက်၍ သူ၏ နားလည်သဘောပေါက်မှုသည်လည်း တစ်ဖန်တိုးတက်လာခဲ့သည်။

ထိုကာလအတွင်း လုရီက တာအို အကြောင်းကို နားထောင်ပြီး ရုတ်ချည်း ဉာဏ်အလင်းရရှိရန် သူ့ဆရာ လက်းလောင် တောင်ထိပ် သခင်မထံ လစဉ် သွားရောက် လည် ပတ်ခဲ့သည်။

ထို့အပြင် သူ၏ ဓား စိတ်ဆန္ဒကို မြှင့်တင်ရန်အတွက် အကြီးအကဲ မင်ထံသို့လည်း လည်ပတ်ခဲ့သည်။

ကျန်အချိန်များတွင် လုရီသည် ဖြည်းဖြည်းချင်း ကျင့်ကြံခဲ့သည်။ သူသည် သူ၏ ကျင့်ကြံမှုအခြေခံကို တိုးတက်စေရုံသာမက အမျိုးမျိုးသော မှော်စွမ်းရည်များနှင့် ကျင့်ကြံနည်းစနစ်များကိုလည်း မြှင့်တင်လေသည်။

သမာဓိ ဝိညာဉ်နှင်းစက်သည် နောက်ဆုံးတွင် ၎င်း၏ ထူးကဲ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဤအဆင့်တွင်သမာဓိ ဝိညာဉ်နှင်းစက်သည် ဝိညာဉ်စွမ်းအားကို မြှင့်တင်ရာတွင် အလွန် ထိရောက်သည်။

လုရီသည် ၎င်းကို အဆက်မပြတ်သောက်ရင်း သူ့မျက်ခုံး နှစ်ဖက်ကြား၌ သူ၏ တတိယမျက်လုံး ပွင့်လာသလို အရိပ်အယောင်ကိုပင် ခံစားလိုက်ရသည်။

၎င်းသည် ဝိညာဉ်စွမ်းအား အသွင်ကူးပြောင်းခြင်း၏ သက်ေတဖြစ်ပြီး လုရီ၏ လက်ရှိနယ်ပယ်တွင် အောင်မြင်နိုင်သည့် အရာ မဟုတ်သည်ကို သတိချပ်ရပါမည်။

ဒီသတင်းသာ လောကသို့ ပေါက်ကြားလာလျှင် တခြားသူများ မှင်သက်သွားကြလိမ့်မည်။

၎င်းအပြင် လုရီသည်လည်း ဤသိုင်းပညာအတွက် သူ ရရှိခဲ့သည့် ရုတ်တရက် ဉာဏ်အလင်းရရှိသည့် အခိုက်အတန့်အများစုကို အသုံးပြုကာ မိုးကြိုးအရိပ် ခြေလှမ်းကို မဆုတ်မနစ် လေ့ကျင့်တော့သည်။

နောက်ဆုံးတွင်၊ သူသည် မိုးကြိုးအရိပ် ခြေလှမ်းအား ထူးကဲအဆင့်သို့ အဆင့်မြှင့်နိုင်ခဲ့သည်။၎င်း၏ စွမ်းအားသည် ပြောင်မြောက်လှသည်။

လေးလအကြာတွင် လုရီသည် ကောင်းကင်တာအို ကန့်သတ်ချက်ကို ချိုးဖျက်ကာ ချီအဆင့် ၁၂သို့ တက်လှမ်းနိုင်ခဲ့သည်။

ချီအဆင့် ၁၂သို့ တက်လှမ်းခြင်းအတွက် ဆုကြေးမှာ ထုံးစံအတိုင်း တာအို စွမ်းအားအမျှင် ဖြစ်သည်၊ သို့သော် ယခုအကြိမ်က တာအို စွမ်းအားအမျှင် တစ်ခုတည်းမဟုတ်ဘဲ နှစ်ခု ရရှိလာပါသည်။

လုရီသည် တာအို စွမ်းအားအမျှင် သုံးခုလုံးကို ကယ်တင်ခဲ့ပြီး ၎င်းတို့အားလုံးကို အခြေခံ ခိုင်မာစေရန်အတွက် အသုံးပြုရန် စီစဉ်ခဲ့သည်။ ထိုအချိန်တွင် သူ၏အခြေခံအုတ်မြစ်သည် တုနှိုင်းမမှီနိုင်တော့ပေ။

ချီအဆင့် ၁၂သို့ ရောက်ရှိသွားပြီးနောက်

နှစ်ကုန်ခါနီးတွင် လုရီက ဂျူနီယာ ညိီမလေး မင်ယွဲ့အား ကျင့်ကြံဖို့ လက်ဆောင်ပေးရန် နှစ်တစ်ရာ ဝိဉာဉ် နှင်းစက်လို ရတနာများ ထုတ်ယူရန် အချိန်ကောင်းဖြစ်မည့် ဂိုဏ်းတာဝန်တစ်ခုကို ထမ်းဆောင်ဖို့ တွေးထားပါသည်။

အရင်းအမြစ် ကန့်သတ်ချက်များကြောင့် ဤလေးလအတွင်း သုန်းကုန်းမင်ယွဲ့၏ ကျင့်ကြံခြင်း တိုးတက်မှုသည် မကြီးမားလှရှာပေ။

လုရီ ချီအဆင့် ၁၂သို့ ရောက်ရှိသွားပြီးနောက်၊ လေ့ကျင့်မှု အလုပ်များအတွက် ဆုလာဘ်များ တစ်ဖန် လျော့နည်းသွားကာ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက် တစ်စက်နှင့် မိုးကြိုး စိတ်ဆန္ဒတို့ ဖြစ်လာသည်။

လုရီသည် ဤအပြောင်းအလဲကို လက်ခံဖို့ ခက်ခဲ နေသည်။

ယခုတစ်ကြိမ်တွင် ကံကောင်းသောအခွင့်အရေးကို ရှာရန် အကြောင်းပြ၍

ကျန့်ဖန်နှင့် ပိုင်ယွီလုံ၊ သို့မဟုတ်

သုန်းကုန်းမင်ယွဲ့ကိုပင် အဖော် မစပ်တော့ပါ။

အလုပ်ရုံ ခန်းမကို သူတစ်ယောက်တည်းသွားပြီး အလုပ်တစ်ခု ယူလိုက်သည်။

ခြေရာ လက်ရာများ ဖျောက်ရန် လုရီ လက်ခံသည့် တာဝန်မှာ အခွင့်အလမ်း ရှာရန် အလွယ်ဆုံးနေရာသို့ သွားဖို့ ဖြစ်သည်။

နေရာကတော့ သားရဲတစ်ထောင် တောင်တန်း..ဖြစ်ပါ၏။

သားရဲတစ်ထောင် တောင်တန်းသည်

ချင်းကျိုးပရဝိုဏ်၌ပင် တည်ရှိသည်။ ၎င်းမှာ အရှေ့နယ်တခွင် လုံးကို လွှမ်းခြုံထားသည့် အလွန်ကျယ်ပြောသော တောင်တန်းတစ်ခု ဖြစ်သည်။

၎င်း၏ အပြင်ဘက် နယ်နမိတ် အနည်းငယ်သည် ဝေးကွာသော တိမ်ဖြူဂိုဏ်း၏ နယ်မြေအတွင်းတွင် ထိစပ်လျက် တည်ရှိသည်။

သားရဲတစ်ထောင် တောင်တန်း အတွင်းတွင် ရက်စက်ကြမ်းကြုတ်သော မှော်သားရဲအများအပြားနှင့် ကောင်းကင်နှင့် မြေကြီးရတနာများ ဒုနှင့်ဒေး စုဝေးတည်ရှိနေသည်။

သားရဲတစ်ထောင် တောင်တန်း၏

တောနက်ထဲ၌ ရှေးဟောင်း ထူးခြားဆန်းပြားသည့် မှော်သားရဲများနှင့် စွမ်းအားကြီး ပုဂ္ဂိုလ်များ၏ အမွေအနှစ်တို့ ကြွယ်ဝလှသည်ဟု ဒဏ္ဍာရီအရ ထင်ရှားသည်။

သို့ရာတွင်၊ သားရဲတစ်ထောင် တောင်တန်း၏ အဓိက ဧရိယာအား တားမြစ်နယ်မြေဟု သတ်မှတ်ထားသည်။

ထိုတားမြစ်နယ်မြေသို့ မဟာယာန ကျင့်ကြံသူကြီး တစ်ယောက် ဝင်ရောက် စွန့်စားပြီးနောက် သူသည် ပြန် မထွက်လာနိုင်တော့ဘဲ ပျောက်ချင်းမလှ ပျောက်ရှသွားခဲ့သည်။

ထိုအချိန်မှစ၍ သားရဲတစ်ထောင်တောင်တန်း၏ အလယ်ဗဟိုသို့ မည်သူမျှ ချင်းနင်း ဝင်ရောက်ရဲခြင်း မရှိတော့ပေ။

အလုပ်တစ်ခုလုပ်ရန် ထိုနေရာသို့သွားလျှင် ဂိုဏ်းဝင်များနှင့် ထိပ်တိုက် တွေ့မည်မဟုတ်ပေ။

...ဒီလိုဆိုရင် သူ့အတွက် ဇာတ်လမ်းကလေးတစ်ပုဒ်ဖန်တီးဖို့ အလွယ်ကလေးပါပဲ။

ဟီးဟီး၊ တယ်ဉာဏ်ကောင်းတဲ့ ငါလေးပဲ။...

လုရီသည် သူ့ကိုယ်သူ သူ၏ လိမ္မာပါးနပ်မှုကို ဂုဏ်ပြုပေးလိုက်သည်။

သူလက်ခံခဲ့သော အလုပ်မှာ သားရဲ

တစ်ထောင်တောင်တန်းရှိ ကောင်းကင်ကြယ်မြက်ဟုခေါ်သော ရှားပါးဝိညာဉ်မြက်ကို ရှာဖွေရန် ဖြစ်သည်။

ဂိုဏ်း အလုပ်ကိုလက်ခံပြီးနောက် လုရီသည် သူ့ကိုယ်သူ အလုပ်ပေးဖို့လည်း မမေ့ခဲ့ပါ။

“ကောင်းကင်ကြယ်မြက်တွေကို ငါရှာရမှာပေါ့” ဟု သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူ့ အသိစိတ်ပင်လယ်ထဲမှ မျက်နှာပြင်ပေါ်တွင် စာသားများ တောက်ပလာသည်။

အလုပ်က ပေးသည့်ဆုအား စိုက်ကြည့်ရင်း လုရီ တခဏမျှ ထိတ်လန့်သွားပြီး အနည်းငယ် လည်း အံ့အားသင့်သွားသည်။

ဆုက ဤအရာ ဖြစ်လိမ့်မည်ဟု

သူ မမျှော်လင့်ထားပေ။

----------------

All Chapters