← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း ၆၁ - သံသယဝင်ခံနေရသည့် ဘဝ...

~၁၄ထပ်တွင် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူနှင့်တိုက်ခိုက်ရသည်မှာ သိုင်းပညာအဆင့်၇နှင့်အထက်မှ မသုံးလျှင် နိုင်နိုင်ချေ မရှိပေ။

အနိုင်ယူပြီးနောက် လုရီ အပြင်သို့ ပြန်ထွက်လာလိုက်သည်။

အောက်သို့ ရောက်သောအခါ သူ့အား စိုက်ကြည့်နေကြသည့် မြောက်မြားစွာသော မျက်လုံးများဖြင့် ရင်ဆိုင်လိုက်ရသည်။ အစတွင် အံ့ဩနေသော်လည်း ချီသန့်စင်နယ်ပယ် စစ်ဆေးရေးစာရင်းကို ကြည့်လိုက်မိရာမှ သဘောပေါက်သွားရသည်။

ထိုစာရင်း၏ ထိပ်ဆုံးတွင် သူ၏နာမည်ကိုမြင်လိုက်ရ၏။

ထို့နောက် ပီတီဖြစ်သွားရသည်။

ပထမနေရာ သိပ်တော့မဆိုးပါဘူး။ တာဝန်ပြီးဆုံးသွားပြီပဲ။

လုရီ ဂိမ်းစနစ်အားကြည့်ပြီးနောက် ထပ်ပြီး အံ့ဩသွားရပြန်သည်။

စနစ်တွင် တာဝန်မပြီးသေးဟုပြနေသည်။

ဘာတွေဖြစ်နေတာပါလိမ့်။

လုရီ မေးခွန်းထုတ်မိနေတုန်းမှာပဲ

အကြီးအကဲရွှမ်၏ နွေးထွေးသောအသံထွက်ပေါ်လာသည်။

“ လူငယ်လေး၊ မင်း ၁၄ ထပ်ကိုရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မျိုးဆက်သစ်တွေက တကယ့်ကို တဖြည်းဖြည်း ပိုတော်လာကြတာပဲ “

လုရီ လက်တွေ့သို့ အသိပြန်ဝင်လာပြီးနောက် အကြီးအကဲရွှမ်အားကြည့်ကာ အပြုံးတစ်ခုဖြင့်ဖြေသည်။

“ အကြီးအကဲရွှမ်က ချီးမွမ်းလွန်းနေပါပြီ “

ထိုအခါ အကြီးအကဲရွှမ်က ပြုံးလိုက်ကာ

“ တကယ်လို့ မင်ယွဲ့သာ ဒီထက်မလုပ်ပြနိုင်ခဲ့ရင် လူလေးက ပထမဖြစ်တော့မှာပဲ။ ချီအဆင့်၈ နဲ့ စစ်ဆေးရေးမျှော်စင်အဆင့်တစ်ကို ရတယ်ဆိုတာ တိမ်ဖြူဂိုဏ်းရဲ့ သမိုင်းမှာ ဒါပထမဆုံးပဲ “

ဒါကိုကြားသည့်အခါမှသာ ဘာကြောင့် တာဝန်မပြီးဆုံးသေးသည်ကို လုရီ သဘောပေါက်သွားရသည်။

သူ၏ ဒုစီနီယာညီမလေးမှာ အခုထိ မျှော်စင်တွင်ရှိသေးသည်။

ထို့ကြောင့် အကုန်ပြီးဆုံးပြီး စာရင်းအတည်တကျဖြစ်မှသာ တာဝန်ပြီးဆုံးမည်ပင်။

ဒီနေ့ပြီးမှသာ တာဝန်ပြီးဆုံးဟု ပြမည်ဖြစ်သည်။

အချိန်နည်းနည်းသာ ထပ်စောင့်လိုက်ရုံမို့ လုရီ စိတ်မကျေနပ်စရာတော့မရှိချေ။ ဒုစီနီယာညီမလေး သူ့အား မကျော်သရွေ့ တခြားဘယ်သူမှလည်း ကျော်စရာမရှိ။

ဆုက ဘယ်မှမပြေးနိုင်ပါ။

လုရီ အကြီးအကဲရွှမ်၏ ချီးမွမ်းမှုကို တုံ့ပြန်လိုက်သည်။

“ ဒုညီမလေး မင်ယွဲ့က အားကောင်းတဲ့အတွက် စွမ်းဆောင်ရည်ကလည်း နိမ့်ကျနေမှာမဟုတ်ပါဘူး “

ဘုရားရေ။ ဒါဆို သူက တိမ်ဖြူဂိုဏ်း

စထောင်ကထဲက သမိုင်းမှာ ပထမဆုံး

ချီအဆင့်၈ နဲ့ ဒီလိုနေရာကို ရတဲ့လူပေါ့။

သိုင်းပညာအဆင့် ၇ နှင့်အထက်ကို ထုတ်မသုံးခဲ့တာ တော်သေးသည်။ မဟုတ်လျှင် ပိုပြီး အံ့ဩကုန်ကြတော့မည်။

လုရီ၏ လုပ်ဆောင်ချက်ကို ကျေနပ်နေသော အကြီးအကဲရွှမ်က

“ မင်းက ဓားသိုင်းပညာကို အဓိကလေ့လာတာဆိုတော့ နှမြောစရာပဲ။ ဘာမှသိပ်မကူညီနိုင်ဘူး “

လုရီ ခေါင်းညိတ်ပြလိုက်ကာ

“ အကြီးအကဲမင်က ကျွန်တော့်ကို သူ့ဆီလာလို့ရတယ်လို့ အရင်ကပြောထားပါတယ်။ ကျွန်တော် မကြာမကြာသွားမှာပါ “

အကြီးအကဲရွှမ်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း လုရီနှင့် တခြားအကြောင်းအရာများကို ဆက်ပြောနေလေသည်။

စစ်ဆေးရေး မျှော်စင်ဟူသည် တစ်ခါလျှင်တစ်ယောက်စီ စစ်ဆေးခံရသော နေရာမဟုတ်ဘဲ လူအများကြီးက တစ်ခါတည်း စစ်ဆေးခံရခြင်း ဖြစ်သည်။

ဂိုဏ်းသားများ တစ်ယောက်ပြီး

တစ်ယောက် အတွင်းသို့ ဝင်သွားကြသည်။ ထိုဂိုဏ်းသားများက လုရီကို ထူးဆန်းသော

အကြည့်ဖြင့် ကြည့်သွားကြသည်။

ခဏအကြာတွင် မျှော်စင်၏ တံခါးပေါက်များပွင့်လာပြီး ခရမ်းရောင်ဝတ်ရုံလေးတစ်ခုလည်း ထွက်လာသည်။

ထို ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးမှာ အနောက်သို့မှီရင်း ခြေလှမ်းတွေကို ထိန်းညှိနေ၏။

သုန်းကုန်းမင်ယွဲ့ပင်။

သူမ၏ မျက်နှာလေးမှာ ဖြူဖျော့နေပြီး မောဟိုက်ကာ ကျစ်ဆံမြီးနှစ်ချောင်းမှာလည်း အသက်ရှူလိုက်တိုင်း လှုပ်ခါနေသည်။

ထို့နောက် သူမ မျက်လုံးထဲတွင် အံ့ဩရိပ်ကလေး ဖြတ်ပြေးသွား၏။

နောက်ဆုံးတော့ သူမသည်

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း

အဆင့်၃ ရှိ လူအား အနိုင်ယူကာ ၁၃ထပ်ကနေ ၁၄ ထပ်သို့ တက်နိုင်ခဲ့ပြီ။

အဟမ်း! ငါက တကယ့်ကို အားအကြီးဆုံးပဲ… ဒုတိယ အားအကြီးဆုံးပေါ့! စီနီယာအစ်မ လျိုနင်ရွှမ်းရဲ့ နောက်နားလေးမှာပဲ ရှိနေတာပါ။

ဟုတ်တယ်။ ဒါနဲ့ အငယ်တန်းအစ်ကို လုရီရော ဘယ်အထပ်အထိ ရောက်လဲမသိဘူး။ သူ့ရဲ့ ခွန်အားနဲ့သာဆိုရင် ၁၂ထပ်လောက်အထိတော့ ရောက်သင့်တယ်မလား။

သုန်းကုန်းမင်ယွဲ့မှာ စိတ်ထဲကတွေးနေသည့် အချိန်မှာပဲ လုရီ၏ အသံကိုကြားလိုက်ရသည်။

“ ဒုစီနီယာညီမလေး အဆင်ပြေရဲ့လား “

သူမသည် လုရီကို လှည့်ကြည့်လိုက်ပြီးနောက် လျှောက်သွားကာ စိတ်ပူသည့်ပုံနှင့် ကြည့်နေသော လုရီအား

“ ကျွန်မက စီနီယာ ညီမလေးပါ၊ ဘယ်လိုလုပ် ထိခိုက်နိုင်မှာလဲ။ အခြေခံ အုတ်မြစ်တည်ထောင်ခြင်းအဆင့်၃ က လူနဲ့ တိုက်ခဲ့ရတာဆိုတော့ အားလေးပိုသုံးလိုက်လို့ နည်းနည်းပင်ပန်းနေရုံလေးပါ “

အငယ်တန်းအစ်ကို၏ အရှေ့တွင် သူမ၏သိက္ခာကို ထိန်းရမည်ဟု သုန်းကုန်းမင်ယွဲ့ တွေးလိုက်သည်။

လုရီက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ

“ အဲ့ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ၃ က လူတွေက တော်တော်အားကောင်းတော့ မနည်း တိုက်ရတာတော့အမှန်ပဲ “

သုန်းကုန်းမင်ယွဲ့ ; “ ဟင် “

သုန်းကုန်းမင်ယွဲ့ တစ်ခဏမျှ အံ့ဩသွားပြီးနောက် လုရီအား ရှုပ်ထွေးစွာ ကြည့်လာသည်။

“ အငယ်တန်း အစ်ကိုလုက ဘယ်လိုလုပ် ဒါကို သိနေတာလဲ “

လုရီက ပြုံးကာ

“ အငယ်တန်းအစ်ကိုလည်း ၁၃ထပ်ကို

ဖြတ်ခဲ့လို့ပါ “

သုန်းကုန်းမင်ယွဲ့၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီးနောက် စာရင်း ရှိရာသို့ လှမ်းကြည့်လိုက်သည်။

သူမ၏ အမည်မှာ သူတစ်ချိန်လုံးကြွားနေခဲ့သော လုရီ၏ အမည်အောက်တွင် ရောက်နေခဲ့သည်ပင်။

ငါ့ရဲ့ အငယ်တန်းအစ်ကိုက အခုမှ ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၈ မှာပဲ ရှိနေတာ မဟုတ်ဘူးလား။

ငါ့လို ချီသန့်စင်ခြင်း နယ်ပယ် အဆင့်၁၀ တင်မကဘဲ မွေးရာပါ မိုးကြိုး စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ လူထက် ဘယ်လိုလုပ် အဆင့်မြင့်နေတာလဲ။

သုန်းကုန်းမင်ယွဲ့မှာ သူမ၏

မွေးရာပါ စိတ်ဝိဉာဉ်ခန္ဓာကိုပင် သံသယဝင်သွားရသည်။

သုန်းကုန်းမင်ယွဲ့၏ ကိုယ့်ဘဝကိုယ် သံသယဝင်နေသော အမူအရာကိုမြင်သည့်အခါ ဒုစီနီယာညီမလေး၏ စိတ်ဓာတ်ကို ခြေမွသလိုများ ဖြစ်သွားသလားဟု လုရီ စိတ်ပူသွား၏။

ထို့နောက် ခပ်ရှက်ရှက်ဖြင့် ပြုံးကာ

“ အငယ်တန်းအစ်ကိုက အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် သုံးက ကျင့်ကြံသူကို ထုတ်ဖို့အတွက် ရှိသမျှ ဝှက်ဖဲတွေအကုန် ထုတ်သုံးခဲ့လို့ပါ “

ဒါကို ကြားမှသာ သုန်းကုန်းမင်ယွဲ့၏ အမူအရာမှာ ပြေလျော့သွားပြီး စိတ်သက်သာရာရသွားကာ သူမ တွင်လည်း ထုတ်မသုံးခဲ့သော အားကောင်း

သည့် သိုင်းပညာတို့ ရှိမှန်း ပြန်သတိရသွားသည်။

သုန်းကုန်းမင်ယွဲ့က ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“ အဲ့လိုမလုပ်ရဘူး အငယ်တန်းအစ်ကိုရဲ့။ ဒီစစ်ဆေးရေး မျှော်စင်က အရေးပါတယ်ဆိုပေမဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေလောက်တဲ့အထိ သိုင်းပညာတွေ ထုတ်သုံးလို့ မရဘူး။ မဟုတ်ရင် ကျင့်ကြံရေးကို ဆုတ်ယုတ်စေလိမ့်မယ် “

လုရီ အတည်ကြီး ခေါင်းညိတ်ပြလိုက်သည်။

“ စီနီယာ ညီမလေးက သတိပေးတော့လည်း ဒီက အငယ်တန်းအစ်ကိုက နောက်တစ်ခါသတိထားပါ့မယ် “

ထို့နောက် သုန်းကုန်းမင်ယွဲ့က

“ တစ်နေရာရာ အဆင်မပြေဖြစ်တာများရှိသေးလား။ ညီမမှာ ကုသရေးဆေးလုံးတွေရှိတယ် ယူမလားဟင် “

သုန်းကုန်းမင်ယွဲ့၏ ဂရုစိုက်မှုလေးကြောင့် လုရီ စိတ်ထဲနွေးသွားရသည်။ ထို့နောက်ပြုံးကာ

“ အစ်ကိုခုနက နားထားလို့ အခုအဆင်ပြေနေပါပြီ “

“ ဒါဆိုလည်း တော်သေးတာပေါ့ “

စီနီယာအစ်မ လျိုနင်ရွှမ်းထွက်မလာသေးသည့်အတွက် နှစ်ယောက်သားစောင့်နေကြလိုက်ကြသည်။

အချိန်တော်တော် ကြာပြီးသည့်နောက် အခြေတည် ဝိဉာဉ်စာရင်းတွင် အပြောင်းအလဲတို့ပေါ်လာသည်။

ပထမနေရာရှိ လျိုနင်ရွှမ်းမှာ ၃၄ထပ်မှ ၃၅ထပ်သို့ တက်သွားလေပြီ။

ဆိုလိုသည်မှာ အခြေတည် ဝိဉာဉ်အဆင့်လေးရှိ ကျင့်ကြံသူအား တိုက်ခိုက်နိုင်ခဲ့သည်ပင်။

ဒါကိုမြင်လိုက်ရသည့် လူတွေမှာလည်း ဆူညံလာကြသည်။

“ ထင်ထားတဲ့အတိုင်း စီနီယာအစ်မ လျိုနင်ရွှမ်းက မြန်မြန် တိုးတက်လာတာပဲ “

“ စီနီယာအစ်မ လျိုနင်ရွှမ်းက အခုထိငယ်သေးတာကို အနာဂတ်မှာ ဘယ်လောက်တောင်တော်နေမလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး “

“ ဟင်းလင်းဥမင်လောက ကိုရောက်ဖို့လောက်ကတော့ စီနီယာအစ်မအတွက် အခက်အခဲဖြစ်မှာမဟုတ်ဘူး။ နောက်ထပ်ပိုအဆင့်မြင့်တဲ့ နေရာကိုရောက်နိုင်မလားဆိုတာပဲ ကြည့်ရမှာ “

“ …. “

လျိုနင်ရွှမ်း၏ အဆင့်တက်ခြင်းကို မြင်သွားသည့် သုန်းကုန်းမင်ယွဲ့ အံ့ဩသွား

သည့်ပုံဖြင့် ပြောလာသည်။

“ စီနီယာအစ်မရဲ့ တစ်ကိုယ်တည်းကျင့်ကြံတာက တကယ့်ကို အသီးအပွင့်တွေထွက်လာပြီပဲ “

ထို့နောက် သက်ပြင်းချကာ ဆက်ပြောသည်။

“ဟင်း ...ကောင်းလိုက်တာနော်။ ကျွန်မလည်း စီနီယာအစ််မ လျိုနင်ရွှမ်းလောက် သန်မာပါ့မလားဆိုတာ သိချင်မိတယ်။ အခုအချိန်အထိတောင် တောင်ထိပ်သခင်မရဲ့ တရားဝင်တပည့်ရင်း မဖြစ်သေးဘူး “

လုရီက သုန်းကုန်းမင်ယွဲ့အားကြည့်လိုက်ကာ

“ မပူပါနဲ့ ၊ စီနီယာ ညီမလေးရဲ့ အရည်အချင်းနဲ့ဆို အောင်မြင်ဖို့ သိပ်မလိုလောက်တော့ပါဘူး “

ထိုအချိန်မှာပဲ မျှော်စင်တံခါးများမှာ

ထပ်ပွင့်လာတာ လျိုနင်ရွှမ်းသည်လည်း ထွက်လာသည်။

နင်ရွှမ်း၏ ရောင်ဝါမှာ အားဖျော့နေသော်ငြား စောနက သုန်းကုန်းမင်ယွဲ့၏ အခြေအနေထက် စာလျှင် များစွာကောင်းမွန်သည်။

သုန်းကုန်းမင်ယွဲ့က ပြုံးကာ

“ နောက်တစ်ဆင့်ကို တက်နိုင်တဲ့အတွက်

စီနီယာအစ်မ လျိုနင်ရွှမ်းကို ဂုဏ်ပြုပါတယ် “

လုရီကပါ ပြုံးလိုက်ပြီး

“ စီနီယာအစ်မလျိုက တကယ့်ကို အံ့မခန်းပါပဲ “

ဒါကိုမြင်သည့် လျိုနင်ရွှမ်း၏မျက်နှာမှာ နူးညံ့သွားကာ အပြုံးရေးရေးကလေးဖြင့်

“ မင်းတို့နှစ်ယောက်ရော ဘယ်လိုလဲ “

ပြောနေရင်း ချီသန့်စင်ခြင်း နယ်ပယ်

အဆင့်စာရင်းကို ကြည့်လိုက်၏။

လုရီ၏အမည်ကို အဆင့်တစ်တွင် မြင်ပြီးနောက် သူမ၏ တည်ကြည်သော မျက်နှာကလေးတွေ အံ့ဩရိပ်တို့ဖြတ်ပြေးသွားသည်။ လုရီဆီလှည့်ကာ ပြန်မေးလာသည်။

“ အငယ်တန်းမောင်လေးလု က ပိုပိုပြီး အံ့ဩစရာကောင်းလာတာပဲ။ ချီကျင့်ကြံရေးအဆင့်၈ နဲ့ အခြေခံထူထောင်ခြင်း

အဆင့် ၃ ကလူကို တိုက်ခိုက်နိုင်တယ်ပေါ့ “

လုရီ မလုံမလဲပြုံးလိုက်ကာ

“ အငယ်တန်းမောင်လေး အနိုင်ရဖို့အတွက် ရှိသမျှအကုန်ထုတ်သုံးခဲ့တာပါ “

လျိုနင်ရွှမ်းက လုရီ၏ တည်ငြိမ်နေသော အနေအထားကို သေချာစွာကြည့်ပြီး ဘာမှဆက်ပြောမလာတော့။

လျိုနင်ရွှမ်း အကြည့်ကိုခံစားမိသည့် လုရီမှာ နည်းနည်းတော့ အံ့ဩသွားရသည်။ သူအကုန်ထုတ်မသုံးခဲ့ဘူးဆိုတာ စီနီယာအစ်မသိနေတာလား။

ထို့နောက် သုန်းကုန်းမင်ယွဲ့အား ပြန်ကြည့်ကာ စိတ်သက်သာရာရသွားရသည်။ ထိုညီမလေး လူကဲမခတ်တတ်တာ တော်သေးသည်ပင်။

ထို့နောက် မောပန်းနေသော သုန်းကုန်းမင်ယွဲ့က ပြောလာ၏။

“ စီနီယာအစ်မနဲ့ အငယ်တန်းအစ်ကို ပြန်ကြရအောင် ကျွန်မ တော်တော်ပင်ပန်းနေပြီ “

လျိုနင်ရွှမ်းနှင့် လုရီ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်သည်။

ထို့နောက် သုံးယောက်သား အကြီးအကဲရွှမ်းအား နှုတ်ဆက်ကာ ကျောက်စိမ်းဖြူလှေနှင့် လင်းလောင်တောင်ထိပ်သို့ ထွက်ခွါလာကြတော့သည်။

-----------------

အခန်း ၆၂ : ထူးကဲသည့် အဆင့်...

~လင်းလောင် တောင်ထိပ်သို့ရောက်သည့်အခါ သုန်းကုန်းမင်ယွဲ့နှင့် စီနီယာအစ်မ

လျိုနင်ရွှမ်းတို့အား လုရီ နှုတ်ဆက်ပြီး ဂူစံအိမ်ရှိရာသို့ ပြန်လာခဲ့သည်။

စစ်ဆေးရေးမျှော်စင်မှ ရရှိခဲ့သော ဆုလာဘ်များကို ပျော်ရွှင်စွာ ယူလိုက်၏။

ဒုတိယထပ်မှ ဆယ်ထပ်သို့ သွားရာ ဆုလာဘ်မှာ နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက်ဖြစ်ပြီး တစ်ထပ်သို့ တက်လျက် တစ်စက်နှုန်းတိုးသွားသောကြောင့် စုစုပေါင်း ၅၄ စက်ရရှိခဲ့သည်။

လုရီမှာ ထိုနှင်းစက်အား တစ်နေ့တစ်ကြိမ် သောက်သုံးနေရာ နှစ်လစာ ကျင့်ကြံဖို့အတွက် လုံလောက်သွားသည်။

စီနီယာအစ်ကို ကျန့်ဖန်နှင့် ယှဉ်ပြိုင်စဉ်တုန်းက ရရှိခဲ့သော နှင်းစက်တို့ပါ ပေါင်းလျှင် စုစုပေါင်း ၇၀ လောက်ရှိပြီမို့ ချီသန့်စင်ခြင်း နယ်ပယ် အဆင့်၁၀ အထိရောက်ဖို့ လုံလောက်သွားပြီဖြစ်သည်။

၁၁ ထပ်မြောက်တွင် ရရှိသော ဆုလာဘ်မှာ ငါးစိမ်းအဆောင်ပင်။

အံ့ဩစရာကောင်းစွာ လုရီ သိလိုက်ရသည်က ထိုအဆောင်မှာ စိတ်ဝိဉာဉ်ကိုဘထောက်ပံ့ပေးခြင်း ဖြစ်သည်။

ထို ငါးစိမ်းအဆောင်အား ဝတ်ထားလျှင် သူ၏ စိတ်ဝိဉာဉ်စွမ်းအားကို တိုးစေပြီး တခြား စိတ်ဝိဉာဉ်တိုက်ခိုက်မှုများမှလည်း ကာကွယ်ပေးသည်။

ထို့ကြောင့် အလွန်အစွမ်းထက်ပြီး အဖိုးတန်သော အဆင့်မြင့်မှော်လက်နက် ဖြစ်နေရခြင်းဖြစ်မည်။

စိတ်ဝိဉာဉ်အတွက် ရည်ရွယ်ထားသော အဆောင်လက်ဖွဲ့များမှာ အလွန်ရှားပါး၏။

လုရီ ထိုအဆောင်အား လည်ပင်းတွင်ပျော်ရွှင်စွာ ဝတ်ဆင်လိုက်ပြီး သူ၏ စိတ်ဝိဉာဉ်အစွမ်းအား အဆက်မပြတ်တိုးမြှင့်စေရန် တစ်ချိန်လုံး ဝတ်ဆင်ထားသည်။

နှစ်တစ်ရာစိတ်ဝိဉာဉ်နှင့်ပါ ပေါင်းစပ်လိုက်လျှင် သူ၏ စိတ်ဝိဉာဉ် ခွန်အားအစွမ်းမှာ အတော်လေးမြန်ဆန်လာမည်ဖြစ်သည်။

၁၂ထပ်၊ ၁၃ထပ်နှင့် ၁၄ ထပ်အတွက် ဆုလာဘ်များမှာ အလွန်ရှားပါးသော နှစ်တစ်ထောင် စိတ်ဝိဉာဉ်နှင်းစက်များဖြစ်သည်။

တစ်ထပ်ချင်းစီ နှစ်စက်၊ သုံးစက်နှင့် လေးစက် ရရှိခဲ့ရာ စုစုပေါင်း ကိုးစက်ရရှိလာသည်။

အရင်က ရှိခဲ့ဖူးသော နှစ်တစ်ထောင်နှင်းစက်များနှင့် ပေါင်းလျှင် စုစုပေါင်း ၁၅ စက်ရှိပြီဖြစ်သည်။

နှစ်တစ်ထောင် ကြာသည့် စိတ်ဝိဉာဉ်နှင်းစက်များ သူ့တွင် ရှိကြောင်းသိရလျှင် ရွှေအူတိုင်အဆင့် ကျင့်ကြံသူများပါ သူ့အား အားကျတော့မည်။

ကျင့်ကြံရေးအတွက် အလွန်အရေးပါသော ထိုနှင်းစက်များအား လုရီ သေချာစွာ သိမ်းဆည်းလိုက်သည်။

ထိုဆုများမှာ စစ်ဆေးရေးမျှော်စင်သို့တက်ရင်း ရရှိခဲ့သော ဆုများဖြစ်သည်။

ချီကျင့်ကြံရေးစာရင်း၏ အဆင့်တစ်ဖြစ်ခဲ့သောကြောင့် ရရှိရန်ကျန်သည့်ဆုမှာ ပွဲမပြီးသေးသည့်အတွက် မပြီးဆုံးသေးပင်။

ထိုအဆင့်များမှာ တစ်လခံသည်မို့ ဒီတစ်ရက်စောင့်ပြီးသည်နှင့် တာဝန်ပြီးဆုံးမည်ဟု လုရီ စဉ်းစားလိုက်သည်။

လုရီ တွေးရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“ ငါ စစ်ဆေးရေးမျှော်စင်ရဲ့ ဒုတိယအဆင့်ကို တက်ချင်တယ် “

သူ ဂိမ်းစနစ်အား ကြည့်လိုက်သော်လည်း ဘာမှ မတုံ့ပြန်လာပါ။

သူက ၁၄ ထပ်ကို ရောက်ပြီးခဲ့ပြီမို့ ဒုတိယအဆင့်သို့ တာဝန်ပေးခြင်းမှာ အကျိုးအကြောင်း မညီညွတ်တာ သေချာသည်။

နောက်လ စစ်ဆေးရေး စာမေးပွဲစသည့်အခါ နောက်ထပ် တာဝန်ထပ်ပေး၍ ရနိုင်မလားဆိုတာ မသေချာတော့ချေ။

ထိုအချိန်ကျမှ ထပ်စမ်းကြည့်ဖို့ လုရီဆုံးဖြတ်လိုက်သည်။

စစ်ဆေးရေးမှာ တစ်မနက်လုံး ကြာခဲ့သည်ဖြစ်ရာ လုရီ အချိန်မဆွဲတော့ဘဲ စတင်ကျင့်ကြံလိုက်သည်။

နောက်တစ်နေ့မနက်။

နိုးထလာပြီးနောက် လုရိီ ဂိမ်းစနစ်အား

ကြည့်လိုက်မိသည်။

[တာဝန်]

ချီသန့်စင်ခြင်း နယ်ပယ် စာရင်း၏ ပထမနေရာကို ရယူပါ။ (ပြီးဆုံး)

ဆုလာဘ် : ထိပ်တန်းမှော်လက်နက် ဝိဉာဉ်ကျောက်စိမ်းမှန်၊ လေစိတ်ဝိဉာဉ်ရည် တစ်စက်၊ ကျပန်း သိုင်းစနစ်အဆင့် +၁

ဆုလက်ခံမည် : လက်ခံမည်/ လက်မခံပါ

ပြီးဆုံးသွားသည့် တာဝန်အား ကြည့်ကာ

လုရီ၏ မျက်လုံးတို့ ဝင်းလက်တောက်ပသွားရသည်။

သူ မှန်းထားသည့်အတိုင်း တာဝန်ပြီးဆုံးသွားလေပြီ။

လုရီ ပျော်ရွှင်စွာ ဆုလာဘ်များကို လက်ခံလိုက်သည်။

ထိပ်တန်းမှော်လက်နက် ဝိဉာဉ်ကျောက်စိမ်းမှန်မှာ ကျောက်စိမ်းဖြူ အနားသတ်တွေပါသော ခုခံရေး မှော်လက်နက်တစ်ခုဖြစ်သည်။

ကျရောက်လာသည့် စိတ်ဝိဉာဉ်တိုက်ခိုက်မှုတွေမှ တားဆီးပေးပြီး ရွှေအူတိုင် နယ်ပယ်ကျင့်ကြံသူ တစ်ယောက်ကိုပင် ခုခံနိုင်သည်အထိ အားကြီးသည်။

ခရမ်းရောင်ကျောက်စိမ်းခေါင်းလောင်း နှင့် အဝါရောင်လောက ဒိုင်းကာ တို့နှင့်သာပေါင်းစပ်လိုက်လျှင် ရွှေအူတိုင် နယ်ပယ် ကျင့်ကြံသူများတောင် သူ၏ ခုခံမှုကို ဖောက်ထွက်နိုင်မည်မဟုတ်။

ခုခံနိုင်စွမ်းတို့မှာ ပြိုင်ဘက်ကင်းဖြစ်နေသည်မို့ လုရီ ထူးဆန်းသွားရသည်။

တာဝန်များ၏ ဆုလာဘ်များမှာ ခုခံရေး ဒါမှမဟုတ် လွတ်မြောက်ရေးအတွက် ဖြစ်နေသည်ကို သူသိချင်မိသွားသည်။

“ တိုက်ခိုက်ဖို့ မှော်လက်နက်ကရော “

“ အာ ငါ့မှာ တောင်ထိပ်သခင်မပေးထားတဲ့ အဆင့်မြင့် ဝိဉာဉ်စိမ်းဓားရှည်ရှိနေတာဆိုတော့ ရပါတယ် “

လုရီ ထိုဓားရှည်အား ရွှင်မြူးစွာ ဘေးသို့ရွှေ့လိုက်သည်။

လေစိတ်ဝိဉာဉ်ရည်ကမူ ခုနစ်စက်တောင် ပိုင်ဆိုင်ပြီးဖြစ်သောကြောင့် သိပ်တွေးမနေတော့။

အရေးကြီးဆုံးအပိုင်းဖြစ်သည့် “ ကျပန်းသိုင်းစွမ်းရည် +၁ “ ဟူသော နောက်ဆုံးဆုကို လုရီကြည့်လိုက်သည်။

သူသာ တကယ်လို့ ကံကောင်းပြီး တိမ်ဖြူဓားရှည်သိုင်း၊ တိမ်ဖြူ ခြေလှမ်းသိုင်း ဒါမှမဟုတ် တိမ်ဖြူချီ သန့်စင်သိုင်းအား ရွေးမိလျှင် အတော်လေးကောင်းလိမ့်မည်။

အခုဆို ရွေးချယ်မှုကို သိရတော့မည်။

လုရီ အသက်ဝဝရှူသွင်းကာ ဆုကိုရွေးလိုက်၏။

ရွေးပြီးချက်ချင်းဆိုသလို ဂိမ်းစနစ်ရှိ စာတန်းများအား စိတ်အားထက်သန်စွာ စိုက်ကြည့်နေရာ တိမ်ဖြူ ခြေလှမ်းသိုင်းအဆင့်၉မှာ တဖြည်းဖြည်းနှင့် “ထူးကဲ“ သည့်စကားလုံးသို့ ပြောင်းသွားကြောင်းတွေ့လိုက်ရသည်။

လုရီ နှလုံးသားတစ်ခုလုံးနှင့် ဝမ်းသာသွားပြီး မျက်နှာမှာလည်း ဝင်းပသွားရသည်။ တိမ်ဖြူခြေလှမ်းသိုင်း အဆင့်တိုးသွားသည်ပင်။

ဆိုတော့ အဆင့်၉ ရဲ့နောက်အဆင့်က “ ထူးကဲ “ အဆင့်ပေါ့။

သိုင်းစွမ်ရည်ရဲ့ အမြှင့်ဆုံးအဆင့်က ၁၀ လို့ဆိုလိုတာလား။

လုရီ ထပ်မတွေးခင်မှာပဲ ထူးဆန်းလေးနက် အချက်အလက်များမှာ လုရီစိတ်ထဲသို့ စီးဝင်လာသည်။

ဦးနှောက်မှ စုပ်ယူနေသည်ကို ခံစားမိပြီး သူ၏အတွေးတို့မှာ လေတွင်မြောပါနေသော တိမ်စိုင်များနှယ် ထိန်းသိမ်းရခက်စွာ ပုံစံပြောင်းသွားသည်။

အချိန်ဘယ်လောက်ကြာသွားရယ်မသိ ပုံမှန်အတိုင်းဖြစ်ရန် လုရီ အချိန်ခဏမျှ ယူလိုက်ရသည်။ သူ၏ အရှိန်အဝါအသစ်မှာ တိမ်စိုင်တွေ ထိန်းချုပ်ရခက်သော သဘာဝကို သတိရစေသည်။

သို့သော် ထိုပြောင်းလဲမှုမှာ ချက်ချင်းပျောက်ကွယ်သွားသည်။

လုရီ၏ မျက်လုံးထဲတွင် စိတ်ဝိဉာဉ်အလင်းတန်းကလေး ဖြတ်ပြေးသွားသည်။ လှေကားထပ်သို့ တက်သလိုမျိုး လုရီ လေပေါ်ခြေချလိုက်ရာ ခြေထောက်တွင် တိမ်စိုင်တို့ပေါ်လာပြီး တစ်ဆင့်တက်လိုက်တိုင်း လေထဲရှိသူ့ကို ဟန်ချက်ထိန်းပေးထားလေသည်။

လုရီ လေပေါ်သို့ တစ်ထပ်ပြီးတစ်ထပ်တက်နေရင်း ခြေဖျားအောက်တွင် တိမ်စိုင်တို့ပေါ်လာသောကြောင့် တိမ်စိုင်ပေါ်တွင် လမ်းလျှောက်ရသည့်နှယ် ဖြစ်နေ၏။

လုရီ မှင်သက်သွားရသည်။ ထိုတိမ်စိုင်တို့မှာ လုရီရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်း ခြေထောက်အောက်တွင် ပေါ်လာသည်ဖြစ်ရာ တိမ်ကြားရှိ နတ်သားလေးနှင့်ပင်တူသည်။

ထိုခံစားချက်မှာ သူ့တွင် မွေးရာပါ နတ်ဘုရားအစွမ်း ရှိသော လူတစ်ယောက်နှယ် ခံစားရစေသည်။

လုရီ ကြက်သေသေသွားရပြန်သည်။

ထျန်းမင်တိုက်ကြီးမှာ ကြီးမားလှရာ သူများတင်မကဘဲ အခြားသော မျိုးနွယ်စုများလည်း ရှိကြသည်။

ထိုမျိုးနွယ်များမှ အချို့တွင် ထူးခြားသော နတ်ဘုရားစွမ်းရည်တို့ဖြင့် မွေးဖွားလာကြသူများဖြစ်သည်။

အခုသူ့တွင်လည်း ထိုထူးခြားသော စွမ်းရည်ရှိနေပြီ။

သူသိသလောက်ဆိုရင် လူသားကျင့်ကြံသူများထဲ၌ ဤကဲ့သို့ နတ်ဘုရားစွမ်းရည်အား ပိုင်ဆိုင်ကြသူများမှာ အင်မတန်စွမ်းအားကြီးကြသူများ ဖြစ်သည်။

ချီသန့်စင်ခြင်း နယ်ပယ်တွင် ဒီလိုနည်းလမ်းမျိုးကို ပိုင်ဆိုင်ထားလျှင် ဓားပျံပင်

စီးစရာမလိုဘဲ လေပေါ်တွင် တိုက်ရိုက် လမ်းလျှောက်နိုင်ပြီဖြစ်သည်။

ကောင်းလိုက်တာ။

လုရီမှာ အလွန်အမင်းစိတ်လှုပ်ရှားသွားရသည်။

သူ၏ စိတ်ဝိဉာဉ် စွမ်းအင်တို့မှာလည်း လျင်မြန်စွာ လှည့်ပတ်နေပြီး ကျင့်ကြံရေးခန်းထဲတွင် တစ်နေရာမှ တစ်နေရာသို့

ပေါ်လိုက် ပျောက်လိုက် ဖြစ်နေ၏။

အရှိန်မှာ တိမ်ဖြူကိုယ်ဟန်သိုင်းအဆင့်၉ ၏နှစ်ဆမျှရှိသည်။

ဒါက ထူးကဲစွမ်းရည် ပေါ့။

ဤအရှိန်နှင့်ဆိုလျှင် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ထိပ်တန်း ကျင့်ကြံသူများပင် သူ့အား မဖမ်းနိုင်လောက်ဟု ခံစားလိုက်ရသည်။

သိပ်အားပြင်းလွန်း၏။

လုရီမှာလည်း အတည်ကြီးရှော့ရသွားရသည်။

လုရီမှာ ကစားစရာ ရသွားသည့် ကလေးတစ်ယောက်နှယ် လေပေါ်ရှိတိမ်တွေကြား မြူးတူးစွာလျှောက်သွားရင်း ကျင့်ကြံဖို့ရာ လုံးဝမေ့လျော့နေသည်။

ထိုအချိန်မှာပဲသုန်းကုန်းမင်ယွဲ့၏ အသံကလေးထွက်ပေါ်လာသည်။

“ အငယ်တန်းအစ်ကိုကိုတွေ့ဖို့ စီနီယာညီမလေး ရောက်နေပါတယ် “

ထိုအချိန်မှသာ လုရီ မြေပေါ်ခြေပြန်ချတော့သည်။

လှုပ်ရှားနေသည့်စိတ်ဖြင့် သူတံခါးသွားဖွင့်လိုက်သည်။

အပြင်တွင် အဖြူရောင်ဝတ်ရုံဂါဝန်ဝတ်ထားသော သုန်းကုန်းမင်ယွဲ့က ခါးထောက်လျှက်ရပ်နေပြီး လုရီအားကြည့်ကာ

“ အငယ်တန်းအစ်ကို ပြိုင်ပွဲတစ်ပွဲလောက်ပြိုင်ရအောင် “

“ ဟင် “

လုရီမှာ ကြောင်အသွားလေ၏။

---------------

အခန်း ၆၃ -အဆင်ပြေချင်ယောင်ဆောင်နေတဲ့ ဒုစီနီယာ ညီမလေး...

~သုန်းကုန်းမင်ယွဲ့မှာ တခြားကိစ္စဖြင့်ရောက်လာသည်ဟု ထင်ခဲ့သော်လည်း

သူနှင့်ပြိုင်ဖို့ ပြောလာသည့်အတွက် လုရီ အံ့ဩသွားရသည်။

လုရီ မျက်နှာမှာ ထူးဆန်းသလိုဖြစ်သွားပြီး

“ ဒုစီနီယာညီမလေးက ဘာလို့ ရုတ်တရက်ကြီး ငါနဲ့ တိုက်ခိုက်ချင်ရတာလဲ “

“ ဒီမှာ.. အတွင်းဂိုဏ်းက ချီကျင့်ကြံသူတွေကြားမှာဆို ငါက အားအကြီးဆုံးပဲ။ ပုံမှန်ဆိုရင် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူတွေနဲ့ ပညာချင်းဖလှယ်လေ့ရှိပေမဲ့ အခု အငယ်တန်းအစ်ကိုရဲ့ အစွမ်းကလည်း အထင်သေးလို့မရတော့ဘူး။ ငါတို့နှစ်ယောက်လုံးက ချီသန့်စင် နယ်ပယ်ပဲဆိုတော့ တခြားစီနီယာတွေနဲ့ ပညာချင်းဖလှယ်တာထက် ပိုပြီး အကျိုးရှိမှာပဲ “

လုရီ ထိုစကားအား လက်တွေ့ကျသည်ဟု တွေးလိုက်သည်။ သူအခုထိ ဒုစီနီယာညီမလေးနှင့် ပတ်သတ်သည့် တာဝန်လည်း မလုပ်ဖူးသေးချေ။

အရင်က ဒုစီနီယာညီမလေး ဘယ်လောက် အစွမ်းရှိသည်ကို မသိခဲ့သည့်အတွက် ပြိုင်ပါက သူရှုံးပြီး တာဝန်မပြီးဆုံးမည်ကို စိုးသောကြောင့် မပြိုင်ခဲ့ခြင်းဖြစ်သည်။

အခုဆိုလျှင် ဒုစီနီယာညီမလေး၏ အစွမ်းကိုလည်း သိပြီမို့ တာဝန်ပြီးဆုံးအောင်လုပ်ဖို့ ပြဿနာမရှိတော့ချေ။

လုရီ တွေးမိပြီးနောက် စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“ ငါ ဒုစီနီယာညီမလေးကို အနိုင်ယူချင်တယ် “

[တာဝန်]

သုန်းကုန်းမင်ယွဲ့အား အနိုင်ယူပါ။ ( လုပ်ဆောင်ချက် ၀/၁ )

ဆုလာဘ် : နှစ်တစ်ရာ စိတ်ဝိဉာဉ် နှင်းစက် ငါးစက်၊ မိုးကြိုး စိတ်ဆန္ဒ အမျှင် တစ်မျှင်။

လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ။

လုရီ တစ်ချက်ကြည့်ကာ စိတ်ထဲတွင် ပျော်ရွှင်သွားရသည်။

ဆုမှာ ရက်ရောလွန်းလှသည်။ ပညာချင်းဖလှယ်ရင်း သူရရှိခဲ့သမျှ ဆုတွေထဲတွင် အခုထိ တန်ဖိုးအကြီးဆုံးဆုမှာ ကျန့်ဖန်နှင့် ယှဉ်ပြိုင်ခဲ့စဉ်က ရရှိခဲ့သော နှစ်တစ်ရာ

စိတ်ဝိဉာဉ် နှင်းစက် တစ်စက်ပင်။

သို့သော် ဒုစီနီယာညီမလေးကဲ့သို့

ချီအဆင့်၁၀ ကျင့်ကြံသူအား အနိုင်ယူပါက နှစ်တစ်ရာနှင်းစက် ငါးစက်အပြင် မိုးကြိုး စိတ်ဆန္ဒ အမျှင်တန်း တစ်ခုပါရရှိပေဦးမည်။

သူအရင်ကခန့်မှန်းထားသည့်အတိုင်း တာဝန်များအတွက် ပေးသောဆုလာဘ်များမှာ တာဝန်နှင့်ဆိုင်သည့် လူအပေါ်တွင် မူတည်ကြောင်းသိလိုက်ရသည်။

လုရီ တာဝန်အား လက်ခံလိုက်ကာ ပြုံးပြီးဆို၏။

“ ဒုစီနီယာညီမလေးက ပြိုင်ကြရအောင်ဆိုတော့ ပြိုင်ကြတာပေါ့ “

သဘောတူသည်ကို ကြားသည့်

သုန်းကုန်းမင်ယွဲ့မှာ ပျော်ရွှင်စွာ ဆိုသည်။

“ ကောင်းလိုက်တာ။ ဒါဆို လူတွေမရှိတဲ့နေရာကို ရှာကြမယ် “

လင်းလောင် တောင်ထိပ်နှင့် ရင်းနှီးနေသည့် သုန်းကုန်းမင်ယွဲ့ကပဲ ဘယ်သူမှမရှိသည့် ခြောက်ကပ်နေသော နေရာဟောင်းတစ်ခုဆီ လုရီကို ဦးဆောင်ခေါ်သွားသည်။

“ ဒီမှာ ပြိုင်ရအောင် “

ဘေးပတ်ဝန်းကျင်သို့ကြည့်ကာ သုန်းကုန်းမင်ယွဲ့ စိတ်ကျေနပ်စွာ ပြောလိုက်သည်။

လုရီမှာလည်း သေချာပေါက် မငြင်းပေ။

နှစ်ဦးသား မျက်နှာချင်းဆိုင် ရပ်လိုက်ကြကာ သုန်းကုန်းမင်ယွဲ့၏ လက်ထဲတွင် အနုစိတ်သော ခရမ်းရောင် ဓားရှည်တစ်ခုပေါ်လာလေသည်။ သူက လုရီကို ကြည့်ကာ ရယ်လျက်

“ အငယ်တန်းအစ်ကိုက ဒီက စီနီယာညီမလေးကို မညှာပါနဲ့။ အချင်းချင်းအခုလို ပညာချင်းဖလှယ်ပြီး ဖိအားတွေယူထားမှ တိုးတက်မှာ “

လုရီ၏လက်ထဲတွင်လည်း စိတ်ဝိဉာဉ်ဓားစိမ်းပေါ်လာပြီးနောက် ပေါ့ပါးစွာရယ်လိုက်ကာ

“ အငယ်တန်းအစ်ကို ရှိသမျှပညာအကုန် ထုတ်သုံးပေးပါ့မယ် “

ထိုအခါမှ သုန်းကုန်းမင်ယွဲ့မှာ စိတ်ကျေနပ်စွာ ပြုံးနိုင်တော့သည်။ ထို့နောက်

စိတ်ဝိဉာဉ်စွမ်းအင်တို့ စီးဆင်းလာပြီး

သုန်းကုန်းမင်ယွဲ့၏ ဘေးတွင် ခရမ်းရောင်မိုးကြိုးသွားများ ပေါ်လာကာ မျက်သားအိမ်မှာလည်း ခရမ်းရောင်ရင့်ရင့်သို့ပြောင်းလဲသွားသည်။

လှပပြီး ချစ်စရာကောင်းခဲ့သော ဒုစီနီယာညီမလေး၏အလှမှာ ယခုအခါ အေးစက်လှပသည့်အသွင်ဆောင်နေသည်။

သုန်းကုန်းမင်ယွဲ့ဆီမှ အရိုင်းဆန်သောအစွမ်းကို ခံစားမိလိုက်သည့် လုရီ၏ နှလုံးသားထဲတွင် အံ့အားသင့်သွားရသည်။

မိုးကြိုးအစွမ်းလား။

ဓားစိတ်ဆန္ဒအား တတ်မြောက်ထားသည့် လုရီက သုန်းကုန်းမင်ယွဲ့မှာ မိုးကြိုး စိတ်ဆန္ဒကို အသုံးပြုနေခြင်းမဟုတ်ဘဲ သူကိုယ်တိုင် ထိန်းချုပ်နိုင်သည့် မိုးကြိုးအစွမ်းကို အသုံးပြုနေမှန်း အလိုအလျောက်သိနေ၏။

နတ်ဘုရားစွမ်းရည်လား။ မွေးရာပါ

မိုးက်ြိုး ဝိဉာဉ်ခန္ဓာကိုယ်ပဲ။

ကောင်မလေး၏ သန်မာမှုနှင့် ခွန်အားကို လုရီ စိတ်ထဲကနေ လေးစားမိသွားသည်

။ မွေးရာပါဝိဉာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သူတစ်ဦးဖြစ်ထိုက်သည့် အလျောက် မိုးက်ြိုးအား ကိုယ်တိုင်ထိန်းချုပ်နိုင်သည့် နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားလေသည်။

သုန်းကုန်းမင်ယွဲ့က မိုးက်ြိုးစွမ်းအားထဲတွင် နစ်မြုပ်လိုက်ပြီး ခရမ်းရောင်သူငယ်အိမ်များမှာမူ အရောင်လက်လာကာ လုရီအား ပြောလာသည်။

“ အငယ်တန်းအစ်ကို သတိထားပေတော့ စီနီယာညီမလေး လာပြီ “

ထို့နောက် အုံးဆိုသော အသံကြီးနှင့်အတူ မိုးခြိမ်းသံ မြည်ဟည်းလာပြီး သုန်းကုန်းမင်ယွဲ့မှာလည်း နေရာမှ ပျောက်ကွယ်သွားရာ လျှပ်စီးကြောင်းများသာ ချန်ထားခဲ့သည်။

လုရီ၏ သူငယ်အိမ်တို့မှာ အနည်းငယ်မှေးကျဉ်းသွားပြီး စိတ်ဝိဉာဉ်စွမ်းအင်အား စီးဆင်းစေပြီးနောက် အားပြင်းသော ဓားစိတ်ဆန္ဒကို အသက်သွင်းလိုက်ရာ ဝိဉာဉ်စိမ်းဓားရှည်တွင် ဓားတိမ်စု တို့ပေါ်လာခဲ့၏။

ထို့နောက် လုရီမှာ ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားမှာ ပြန်ပေါ်လာသောသုန်းကုန်းမင်ယွဲ့ဆီ ဦးတည်သွား၏။

တိမ်ဓားရှည်၏ အားပြင်းမှုကို ခံစားမိသည့် သုန်းကုန်းမင်ယွဲ့က သူ၏ ခရမ်းရောင် မိုးကြိုးတန်းတို့ ရစ်ပတ်နေသော ချီမိုးက်ြိုးဓားရှည်အား ဆွဲထုတ်ခုခံလိုက်သည်။

ချွင်

ချွမ်

ချွမ်

မိုးက်ြိုးဓားရှည်နှင့် တိမ်ဓားရှည်တို့ ထိခတ်မိသွားကြလေပြီ။

ဝုန်း...

ကျယ်လောင်သော အသံကြီးပေါ်လာပြီးနောက် ထိုဓားနှစ်လက်စွမ်းအင်တို့မှာ နေရာအနှံ့သို့လွင့်စင်သွားပြီး လက်စွပ်သဖွယ် ထွက်ပေါ်လာသည့် ခရမ်းရောင်နှင့် အဖြူရောင် အလင်းလှိုင်းတိုများမှာ ထိုနေရာအနီးရှိ မြက်ခင်းများနှင့် ကျောက်တုံးများအား လွင့်စင်သွားစေပေသည်။

ထိပ်တိုက်တွေ့ပြီးနောက် သုန်းကုန်းမင်ယွဲ့ကနောက်သို့ ဆုတ်ကာ လုရီအား အံ့ဩတကြီးကြည့်သည်။

“ အငယ်တန်းအစ်ကို ၊ ဒါက နင်တတ်မြောက်ထားတဲ့ ဓားစိတ်ဆန္ဒလား။ သိပ်ကို အားကောင်းတာပဲ “

ဘေးတွင် ဓားစိတ်ဆန္ဒတို့ ရစ်ဖွဲ့နေသော

လုရီက ခပ်ရေးရေးမျှ ပြုံးပြီး

“ ဒုစီနီယာညီမလေးက ပညာအကုန်ထုတ်သုံးလို့ပြောလာတော့ အငယ်တန်းအစ်ကိုကလည်း တကယ့်သိုင်းကွက် အစစ်တွေကို ထုတ်သုံးရတော့တာပေါ့ “

“ ဟွန့် ဒါဆို စီနီယာညီမလေးကလည်း အလျော့မပေးတော့ဘူး “

သုန်းကုန်းမင်ယွဲ့မှာ နှာခေါင်းကိုရှုံ့ကာ မိုးကြိုးအလင်းရောင်နှင့် အတူ ဖျတ်ခနဲပျောက်သွားပြန်သည်။

လုရီက ပြုံးပြီး ထိပ်တိုက်တွေ့လိုက်သည်။

အုံး! အုံး! အုံး! အုံး!

သီးသန့်ဖြစ်နေသော ထိုနေရာတွင် အဖြူရောင်နှင့် ခရမ်းရောင် ပုံရိပ်နှစ်ခုကာ အလင်းတန်း၏အမြန်နှုန်းသဖွယ် အဆက်မပြတ်တိုက်ခိုက်နေကြသည်။ ဓားချင်း ထိခတ်လိုက်တိုင်း ကျယ်လောင်သော ပေါက်ကွဲသံတို့ မြည်ဟီးကာ အကြိတ်အနယ်ပင်။

သုန်းကုန်းမင်ယွဲ့၏ နားလည်တတ်မြောက်မှုမှာ သိသိသာသာကို အားကောင်းပြီး ကျင့်ကြံသော သိုင်းပညာတို့မှာ မိုးကြိုးသိုင်းပညာဖြစ်၏။

သူ၏ မွေးရာပါ မိုးက်ြိုးခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည့်အခါ စွမ်းအားကို ပို

မြှင့်တင်ပေးသည်။ ထိုအချိန်တွင်

သုန်းကုန်းမင်ယွဲ့မှာ စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်သို့ပင်ရောက်နေပြီ ဖြစ်သည်။

သူ၏ မွေးရာပါခန္ဓာကိုယ်မှထွက်သော

ကျင့်ကြံရေးစိတ်ဝိဉာဉ်စွမ်းရည်ကို လင်းလော်တောင်ထိပ်သခင်မမှ လေ့ကျင်းရန်ခိုင်းစေထားသော ခန္ဓာချီ သန့်စင်သိုင်းစနစ်က ပိုပြီး အားကောင်းအောင် ထောက်ပံ့ပေးထားသည်။

စင်းလုံးချော အပြစ်ပြောစရာမရှိသည့်

သုန်းကုန်းမင်ယွဲ့မှာ ချီသန့်းစင်နယ်ပယ် အဆင့်၁၀ ၏ ကန့်သတ်ချက်ကိုပင် ရောက်လုနီးပါး ဖြစ်နေပြီ။

လုရီမှာမူ သုန်းကုန်းမင်ယွဲ့လို မွေးရာပါစိတ်ဝိဉာဉ်ခန္ဓာကိုယ်အား မပိုင်ဆိုင်ထားသော်လည်း ကျင့်ကြံရေးစွမ်းရည်မှာ

သုန်းကုန်းမင်ယွဲ့ထက် နက်နဲအားသာလေသည်။

သုန်းကုန်းမင်ယွဲ့က စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်သို့ရောက်နေချိန်တွင် လုရီမှာ ထိုအဆင့်၏ ကန့်သတ်လျက်ကိုပင် ရောက်နေပြီဖြတ်ရာ ထပ်ပြီး အဆင့်မြှင့်လို့မရတော့ပေ။

နောက်ထပ်တိုးတက်မှုအဆင့်များမှာ

အဆင့်၇ တွင်ရှိသည်။

လုရီ၏ အလွန်အားကောင်းလှသော ဓားစိတ်ဆန္ဒမှာ မွေးရာပါမိုးက်ြိုးခန္ဓာကိုယ်မှ လာသော မိုးက်ြိုး စွမ်းအင်နှင့် ထိပ်တိုက်တွေ့ရသော်လည်း မဖြုံပေ။

သူတို့၏တိုက်ပွဲမှာ အချိန်အတော်ကြာမြင့်ပြီး ထိုခြောက်ကပ်နေသော နယ်မြေဟောင်းကြီး တစ်ခုလုံးတွင် ဓားရာ၊ အက်ရာတို့ ဖြင့် ကွဲအက်ထင်ကျန်သွားစေသည်။

နောက်ထပ် ထိပ်တိုက်တိုက်ခိုက်မှုအပြီးတွင် သုန်းကုန်းမင်ယွဲ့က ရှေ့ဆက်တိုးရန်

မလောတော့ဘဲ လုရီကို ဒေါကန်သည့်

အကြည့်ဖြင့် ကြည့်လာသည်။

“ အငယ်တန်းအစ်ကိုက လူလိမ်ပဲ “

လုရီမှာ တစ်ခဏမျှ ကြောင်သွားပြီး

သုန်းကုန်းမင်ယွဲ့အား ဘာလုပ်မိလဲဆိုသည့်

အကြည့်ဖြင့်ကြည့်ကာ

“ ဒုစီနီယာညီမလေးကို အစ်ကိုက ဘာတွေလိမ်မိလို့လဲ “

သုန်းကုန်းမင်ယွဲ့က ဆောင့်ဆောင့်အောင့်အောင့်ဖြင့်ပြော၏။

“ စစ်ဆေးရေးမျှော်စင်မှာတုန်းက ပညာအကုန်ထုတ်သုံးခဲ့ရတာပါလို့ အစ်ကိုမပြောခဲ့ဘူးလား။ အခုတော့ ဒီအတိုင်း ပုံမှန်သိုင်းကွက်တွေ သုံးနေတာတောင် ဝှက်ထားတာတွေရှိနေသေးတယ်မလား။ ဘာလို့အဲ့လောက်တောင် အားကြီးနေရတာလဲ “

ဒါကိုကြားသည့် လုရီမှာ အရင်နေ့က သူပြောထားခဲ့သည်များကို ချက်ချင်းတွေးမိသွားသည်။

သူက လည်ချောင်းကိုရှင်းလိုက်ကာ ဖြည်းဖြည်းရယ်ပြီး

“ ဒုစီနီယာညီမလေး မသိလိုက်တာက အစ်ကိုမနေ့ညကတင် အသိပညာအချို့ သိသွားလို့ ဓားစိတ်ဆန္ဒကလည်း နည်းနည်းလေး ပိုအားကောင်းသွားရတာပါ “

ထိုအခါ သုန်းကုန်းမင်ယွဲ့က ကြောင်အအဖြစ်နေသော ခရမ်းရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေပုံမှာ လက်ရာမြောက်သော အရုပ်မကလေးနှင့်ပင် တူလှသည်။

“ အစ်ကို့ရဲ့ ဓားစိတ်ဆန္ဒက ထပ်တိုးတက်လာပြန်တာလား “

ဒီအငယ်တန်းအစ်ကိုက ဘာတွေဖြစ်နေတာလဲ။ သူများတွေ နားမလည်နိုင်တဲ့ စွမ်းအင်ကို နားလည်ထားတဲ့အပြင် ဒီလို လွယ်လွယ်ကြီး တိုးတက်အောင် လုပ်နိုင်တယ်ပေါ့။

လုရီက နှိမ့်ချသော အပြုံးဖြင့် ပြုံးကာ

“ ကံကောင်းသွားတာပါ။ အစ်ကိုမနေ့က ပြိုင်ခဲ့တဲ့ တိုက်ပွဲတွေကနေ အသိပညာအချို့ရလာတာလေ “

သုန်းကုန်းမင်ယွဲ့ “ ….. “

သူမလည်း စစ်ဆေးရေးမျှော်စင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် တိုက်ခဲ့ပေမဲ့ ဘာ အသိပညာမှ မရခဲ့ပါ။

လုရီက တိတ်ဆိတ်သွားသည့် ကောင်မလေးအား ကြည့်ကာ

“ ဒုစီနီယာညီမလေး အစ်ကိုတို့ ဆက်တိုက်ကြမလား “

ထိုအခါမှ အသိပြန်ဝင်လာသော သုန်းကုန်းမင်ယွဲ့ အံကိုကြိတ်ကာ ခေါင်းမာစွာဆိုသည်။

“ ကောင်းပြီလေ တိုက်တာပေါ့ “

ထို့နောက် လုရီအား ဆက်ပြီးတိုက်ခိုက်တော့သည်။

နှစ်ဦးသား၏ တိုက်ပွဲအတွင်း လုရီမှာ သိုင်းပညာသာမက ကျင့်ကြံရေးနည်းစနစ်များတွင် အလွန်အရည်အချင်းရှိကြောင်း

သုန်းကုန်းမင်ယွဲ့သတိပြုမိသည်။

လုရီ၏ စိတ်ဝိဉာဉ်စွမ်းအင်မှာ ချီအဆင့်၈ သာရှိသော်လည်း သုန်းကုန်းမင်ယွဲ့၏ စိတ်ဝိဉာဉ်စွမ်းအင်ထက် အားလျော့နေသည်ဟု မထင်ရပေ။

ဒါကို သဘောပေါက်သွားသည့် သုန်းကုန်းမင်ယွဲ့က စိတ်ကနေ တွေးလိုက်သည်။

အငယ်တန်းအစ်ကိုရဲ့ ကျင့်ကြံရေးအဆင့်က ငါ့ထက်နိမ့်နေတာတောင် တကယ့်ကို ကြောက်စရာကောင်းတာပဲ။

ထို့နောက် ဆက်တိုက်ခိုက်နေရင်း သူမ၏ စိတ်ဝိဉာဉ်စွမ်းအင်မှာ ကုန်သလောက်ဖြစ်လာသော်လည်း လုရီ၏ စိတ်ဝိဉာဉ်စွမ်းအင်တို့မှာ ကျန်ရှိနေသေးကြောင်း မင်းယွီ သိလာ၏။

လုရီ၏ ဝိဉာဉ်စွမ်းအင်သည် အားလျော့နေသော်လည်း သုန်းကုန်းမင်ယွဲ့နှင့်ယှဉ်လျှင် အများကြီး ကျန်နေသေးသည်။

သုန်းကုန်းမင်ယွဲ့မှာ သိုင်းပညာအား အသက်သွင်းရန် ကြိုးစားလိုက်သော်လည်း ကျန်ရှိနေသည့် စိတ်ဝိဉာဉ်စွမ်းအင်မှာ မလောက်ငှတော့။

သူမသည် ခါးကိုင်းလိုက်ကာ လက်တို့အား ဒူးခေါင်းပေါ်တင်ပြီး အသက်ရှူရင်း စဉ်းစားနေရသည်။

လုရိီက စိတ်ပူသွားကာ မေးလာသည်။

“ ဒုစီနီယာညီမလေး အဆင်ပြေရဲ့လား “

သူ့တွင် စိတ်ဝိဉာဉ်စွမ်းအင် အများအပြားကျန်သေးသော်လည်း ဒုစီနီယာညီမလေးမှာလည်း အားကောင်းလှသည်ကို ဝန်ခံရပေမည်။

သူ့စကားကိုကြားသည့်သုန်းကုန်းမင်ယွဲ့၏ ခန္ဓာကိုယ်လေးမှာ တောင့်သွားပြီး မတ်မတ်ရပ်ဖို့ အားယူလိုက်ကာ ပြောသည်။

“ ဟွန့် ဒီလောက်လေးနဲ့တော့.. ကျွန်မ.. ကျွန်မ လုံးဝ မပင်ပန်းပါဘူးနော် “

သုန်းကုန်းမင်ယွဲ့၏ တုန်နေသော

သိမ်မွေ့သည့် ခန္ဓာကိုယ်ကလေးအား

ကြည့်ကာ လုရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားရသည်။

သူ့ရဲ့ ဒုစီနီယာညီမလေးက တကယ်ကြီး ဟန်ဆောင်တတ်သူလေးလား။

ထို့နောက် လုရီ မြေကြီးပေါ်တွင် အဝတ်စတစ်ခုအား ပစ်ချလိုက်ကာ ထိုအဝတ်စပေါ်တွင်ထိုင်လျှက် အပြုံးတစ်ခုဖြင့် ပြောလိုက်လေ၏။

“ ဒါဖြင့် အစ်ကိုမောနေလို့ ခဏထိုင်ပြီး နားဦးမယ်။ ဒုစီနီယာညီမလေးရော အစ်ကိုနဲ့အတူတူ နားဦးမလား “

-----------------

All Chapters