အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အခန်း ၆၄- ချီ သန့်စင်နယ်ပယ် အဆင့် ၁၀...
~ထိုအခါ သုန်းကုန်းမင်ယွဲ့ဟာ လုရီကို
ကြည့်လိုက်ပြီး
“ အငယ်တန်းအစ်ကိုက အခုလိုတောင်းဆိုလာတော့လည်း စီနီယာဖြစ်တဲ့ ငါ ဘယ်ငြင်းလို့ ကောင်းပါ့မလဲ “
ပြောပြောဆိုဆိုနှင့် လုရီဘေးတွင် ဝင်ထိုင်လိုက်သည်။
သူ့ဘေးတွင် လာထိုင်သည့် ကောင်မလေး၏ မျက်နှာလှလှကလေးမှာ အတော်လေး သက်တောင့်သက်သာ ဖြစ်သွားသည်ကို လုရီ မြင်လိုက်ရ၏။
သူမ၏ ချစ်စရာကောင်းသည့် အပြုအမူကိုကြည့်ရင်း လုရီက
“ ဒုစီနီယာညီမလေးရဲ့ ခန္ဓာကိုယ်က နည်းနည်းများ တုန်နေသလားလို့ “
တောင့်ခဲသွားသည့် သုန်းကုန်းမင်ယွဲ့၏ မျက်နှာကလေးမှာ ရှက်သွေးဖြာသွားလျှက် မျက်လုံးပြူးကာ ပြောလိုက်သည်မှာ
“ စီနီယာအစ်ကို အမြင်တွေမှားနေပြီနော် “
ဟူ၍ပင်။
ဒုန်ကုန်းမင်းယွီ ရှက်နေသော ပုံစံကို မြင်သွားသည့် လုရီက ထပ်မစတော့ဘဲ ပြုံးလိုက်ကာ
“ အော် ဟုတ်သားပဲ။ စောနေက စိတ်ဝိဉာဉ်အစားအစာ ချက်ပြုတ်တာ လေ့ကျင့်နေတယ်ဆိုပြီး ငါ မပြောခဲ့ဘူးလား။ အဲ့တာအခုတလော လက်ရာက တိုးတက်နေတာဆိုတော့ မင်းရော မြည်းကြည့်ဦးမလား “
ပြောနေရင်း လက်ဖဝါးဖြန့်လိုက်ရာ ကြွေထည်ပန်းကန်လုံးကလေးက လက်ပေါ်တွင် ပေါ်လာ၏။ ထို ပန်းကန်လုံးထဲရှိ မွှေးရနံ့သင်းပျံနေသော အဖြူရောင်စွပ်ပြုတ်ကလေးမှာ သုန်းကုန်းမင်ယွဲ့၏ မျက်လုံးကို ဖမ်းစားနေသည်။
ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်း စွပ်ပြုတ်ပင်။
ဒီကာလအတွင်း လုရီ ထိုစွပ်ပြုတ် ချက်ပြုတ်သည့်စွမ်းရည်မှာ အဆင့် ၄ သို့တိုးတက်လာခဲ့ပေသည်။
အဆင့်၄ ရှိ ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်၏ အနံ့အရသာနှင့် အသုံးဝင်မှုမှာ မူလအရသာနှင့်ကွဲပြားလှသည်။
အခုတလော လုရီမှာ ကျောက်စိမ်းခန္ဓာသိုင်းပညာလေ့ကျင့်ရန် ထိုစွပ်ပြုတ်နှင့် ဆေးဝါလုံးများအား တွဲဖက် စားသုံးနေရာ အောင်မြင်မှုအချို့ရရှိပြီး အဆင့်၂ သို့ပင်ရောက်နေပြီဖြစ်သည်။
ကျောက်စိမ်းခန္ဓာသိုင်းစနစ်မှာ အလွန်ခက်ခဲလှသော်လည်း အဆင့်၄ ရှိ ချီ သန့်စင်နယ်ပယ် စွပ်ပြုတ်အပြင် ပြီးပြည့်စုံသည့် ခန္ဓာသန့်စင်ဆေးလုံးကဲ့သို့ အဖိုးတန်ရင်းမြစ်များအား မှီဝဲသည့်အတွက် တိုးတက်လာ၏။
ဂိမ်းစနစ်က သူ၏ ကျင့်ကြံရေးအရှိန်အား ထောက်ပံ့ပေးသော်လည်း ကျောက်စိမ်းခန္ဓာသိုင်းစနစ်မှာ အဆင့်၂ သာရှိသေးပေသည်။
ထို့ကြောင့် ချီ သန့်စင်နယ်ပယ် သမားများအနေဖြင့် ထိုသိုင်းစနစ်အား ကြီးမြတ်သည့်အောင်မြင်မှု အဆင့်သို့ရောက်အောင် ဆယ်စုနှစ်စာကျင့်ရသည်ကို မအံ့ဩတော့ချေ။
သို့သော် ကျောက်စိမ်းခန္ဓာသိုင်းစနစ်မှာ သိသိသာသာ အကျိုးရှိသည်ဖြစ်ရာ လုရီ၏ ခွန်အားအား အရင်ကထက် သုံးဆမျှ ပိုတိုးနေစေသည့်အတွက် ခုခံနိုင်စွမ်းမှာလည်း သိသာစွာ တိုးတက်လာရသည်။
စမ်းသပ်ပြီးနောက်တွင် သာမန်လူလက်နက်များမှာ လုရီ၏ ခန္ဓာကိုယ်အား မထိခိုက်စေကြောင်းသိလိုက်ရသည်။
ထို့ကြောင့် လုရီ မှီဝဲနေသော ရင်းမြစ်များမှာ အလဟဿမဖြစ်ကြောင်း သိသာသည်။
ထို့အပြင် ရင်းမြစ်များ ပြတ်လပ်လျှင် ရင်းမြစ်ခန်းမဆောင် သို့ အချိန်မရွေး သွားနိုင်သေးသည်။
သုန်းကုန်းမင်ယွဲ့မှာ လုရီလက်ထဲရှိ စွပ်ပြုတ်ပန်းကန်အား မျက်လုံးပြူးပြီး စိုက်ကြည့်ပြီးနောက် တံတွေး မြိုချကာ ပြော၏။
“ ဒါက အစ်ကိုရခဲ့တဲ့ နည်းစနစ်တွေနဲ့ သုံးပြီးချက်ထားတဲ့ ချီကျင့်ကြံရေးအဆင့် စိတ်ဝိဉာဉ်အစားအစာလား “
လုရီ ခေါင်းညိတ်လိုက်သည်။
“ ဟုတ်တယ်။ ဒါက ခန္ဓာကိုယ်ကို အားကောင်းစေတဲ့ ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်ပဲ။ ဒုစီနီယာညီမလေး သောက်ချင်ရင်သောက်လို့ရတယ် “
လုရီစကားကိုကြားသည့် သုန်းကုန်းမင်ယွဲ့မှာ ချက်ချင်းပင် ဇွန်းကို ယူကာ တစ်ဇွန်းခပ်သောက်လိုက်သည်။
အရသာရှိလိုက်တာ !
သူ၏လျှာမှာ ကျေနပ်သွားကြောင်း မင်းယွီ ပထမဆုံး ခံစားလိုက်ရသည်။ ထို့နောက် ခန္ဓာကိုယ်အတွင်းတွင် စိတ်ဝိဉာဉ်စွမ်းအင်တို့ တိုးလာတာ ခြေချောင်းလက်ချောင်းများမှ တစ်ဆင့် ခန္ဓာကိုယ််တစ်လျှောက် နွေးထွေးစွာ စီးဆင်းသွားလေသည်။
စွပ်ပြုတ်ထဲတွင် နူးညံ့သော်လည်း အားပြင်းသည့် ဆေးအာနိသင်များ ပါဝင်ကြောင်း သုန်းကုန်းမင်ယွဲ့ ခံစားလိုက်ရသည်။
“ စိတ်ဝိဉာဉ်အစားအစာက ဒီလိုမျိုး.. ကောင်းမွန်တဲ့ အာနိသင်တွေ ရှိတာလား “
အံ့ဩနေသော သုန်းကုန်းမင်ယွဲ့မှာ မျက်လုံးများပြူးကာ နောက်တစ်ဇွန်းခပ်သောက်လိုက်၏။
ထို့နောက် လုရီကို ကြည့်ကာ
“ အငယ်တန်းအစ်ကိုက ဒီလောက် ရက်နည်းနည်းလေးအတွင်းမှာပဲ စိတ်ဝိဉာဉ်စွပ်ပြုတ်ကို လုပ်နိုင်ခဲ့တာလား။ ယွီလန်းနားနေဆောင်က ချီ သန့်စင်နယ်ပယ်
စိတ်ဝိဉာဉ် အစားအသောက်တွေက အစ်ကိုလုပ်တာလောက်တောင် မကောင်းဘူး “
လုရီက ပြုံးကာ
“ အခုတလော စိတ်ဝိဉာဉ်အစားအစာ ချက်ပြုတ်ရေးမှာ အစ်ကို နည်းနည်းတော့ အရည်အချင်းရှိမှန်း သဘောပေါက်သွားတယ် “
သုန်းကုန်းမင်ယွဲ့ “???? “
ဒါက အရည်အချင်းနည်းနည်းပဲ ရှိတာတဲ့လား။ ဒါဆို အရည်အချင်းများများသာ ရှိရင်ဘယ်လိုဖြစ်မှာတုန်း။
သုန်းကုန်းမင်ယွဲ့မှာ နက်နက်နဲနဲပင် စဉ်းစားလိုက်ရသည်။
ဒါကိုမြင်သည့် လုရီမှာပြုံးကာ
“ ဟေး.. ပူတုန်းသောက်သင့်တယ်။ အေးသွားရင် အခုလောက် အရသာရှိတော့မှာမဟုတ်ဘူး “
လုရီကို စကားကို ကြားသည့်အခါ သူမမှာ အံ့ဩနေသည်ကို နောက်ချိတ်ပြီး စွပ်ပြုတ်ကိုသာ အာရုံစိုက်လိုက်တော့သည်။
ခဏလေးအတွင်းမှာပင် ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ် တစ်ပန်းကန်လုံး ကုန်စင်အောင် သောက်ပစ်လိုက်သည့်အပြင် နှုတ်ခမ်းတွင်ပေနေသော စွပ်ပြုတ်များကိုပါ အားပါးတရ လျှာဖြင့်လျက်လိုက်သေးသည်။
ထို့နောက် သူမကို ကြည့်နေသော လုရီကိုသတိထားမိသွားသည့် သုန်းကုန်းမင်ယွဲ့၏ မျက်နှာလှလှကလေးမှာ ရှက်သွေးဖြာသွားပြီး ရှက်ကိုးရှက်ကန်းကြည့်ကာ
“ ငါက နင်လုပ်ပေးထားတာမလို့ မြန်မြန်သောက်လိုက်မိတယ်။ အငယ်တန်းအစ်ကိုရဲ့ စီနီယာညီမလေးအပေါ် ဂရုစိုက်ပေးမှုကို အသိအမှတ်ပြုတဲ့ သဘောပါနော် “
ထိုအခါ လုရီက အားပါးတရပြုံးလိုက်ကာ
“ ဒုစီနီယာညီမလေးက တကယ်ကို အကောင်းဆုံးပဲ “
သုန်းကုန်းမင်ယွဲ့ ကျေနပ်စွာ ခေါင်းညိတ်ကာ
“ အစ်ကိုသိရင်လည်း ပြီးတာပဲ “
ထို့နောက် ခဏရပ်သွားကာ ဆက်ပြော၏။
“ ဒါပေမဲ့… အစ်ကိုလုပ်ပေးတဲ့ စွပ်ပြုတ်က တကယ်ကိုအရသာရှိတယ် “
လုရီ ပြုံးလိုက်ပြီး
“ စီနီယာညီမလေးသာ စားချင်တယ်ဆိုရင် အစ်ကိုနေ့တိုင်း ချက်ပေးလို့ရပါတယ် “
“ တကယ်ကြီးလား “
သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ ပြူးသွားကာ လုရီအား အံ့ဩစွာကြည့်လာသည်။
ဂိမ်းစနစ်တွင်ပေါ်နေသော ပြီးဆုံးသွားသည့် တာဝန်ကိုကြည့်ကာ လုရီ ညင်သာစွာ
ပြောလိုက်သည်။
“ ဒါပေါ့ ချက်ပေးမှာပေါ့။ အစ်ကိုတို့ နေ့တိုင်းပညာချင်းဖလှယ်ပြီး တိုးတက်အောင်လုပ်ကြမယ် “
သုန်းကုန်းမင်ယွဲ့က ပျော်ရွှင်မြူးတူးစွာ ခေါင်းညိတ်ရင်း ပြောသည်။
“ အငယ်တန်းအစ်ကိုက တကယ်ကို ကောင်းတာပဲ ! “
အငယ်တန်းအစ်ကိုမှာ တကယ်ကို ကောင်းသည်ပင်။ ဤအစားအစာအား ယွီလန်းနားနေဆောင် စားသောက်ဆိုင်တွင် ဝယ်စားလျှင် ပိုက်ဆံအများကြီး ကုန်မည်ဖြစ်သော်လည်း အငယ်တန်းအစ်ကိုက နေ့တိုင်း ချက်ကျွေးမည့်အပြင် သူမကို အဖော်ပြုပြီး သိုင်းပညာပါ ဖလှယ်ပေးဦးမည်။
ဒီလို နူးညံ့သိမ်မွေ စဉ်းစားပေးတတ်သည့်အပြင် အံ့ဩစရာကောင်သော အငယ်တန်းအစ်ကိုတစ်ယောက်ကြောင့် သူမ ခံစားသွားရသည်။
အခုကစပြီး အငယ်တန်းအစ်ကိုကို ကောင်းကောင်းဆက်ဆံရတော့မှာပဲ။ အစ်ကို့ကို အနိုင်ကျင့်တဲ့လူက ငါ့ကို အနိုင်ကျင့်တာနဲ့ အတူတူပဲ။
သုန်းကုန်းမင်ယွဲ့ ဆုံးဖြတ်ချက်ချလိုက်၏။
အတွေးများနေသည့် သူမကို ကြည့်ကာ
လုရီပြောလာသည်။
“ ဒုစီနီယာညီမလေး ဆေးစွမ်းကအခုကစပြီး ပြနေပြီဆိုတော့ ကျင့်ကြံလို့ရပြီနော် “
ထိုအခါမှ သုန်းကုန်းမင်ယွဲ့အသိဝင်လာကာ ခေါင်းကိုညိတ်လိုက်သည်။
“ ကောင်းပါပြီ အငယ်တန်းအစ်ကို။ မနက်ဖြန် နင့်ဆီ ငါ လာခဲ့မယ်နော် “
“ ကောင်းပါပြီ “
သုန်းကုန်းမင်ယွဲ့ ထွက်သွားသည်နှင့် လုရီပျော်ရွှင်စွာ ဂူစံအိမ်ထဲသို့ ဝင်ခဲ့လိုက်သည်။
ဒုစီနီယာညီမလေးနှင့် သိုင်းပညာဖလှယ်ရင်း နှစ်တစ်ရာ စိတ်ဝိဉာဉ်နှင်းစက် ငါးစက်နှင့် မိုးကြိုးစိတ်ဆန္ဒ အမျှင် တစ်ခုကိုရရှိခဲ့သည်မှာ ကျေနပ်စရာကောင်းလှသည်။
အခုအချိန်ကစပြီး ဒုစီနီယာညီမလေးအား ကောင်းကောင်း ဆက်ဆံရမည်ဟု လုရီတွေးလိုက်တော့သည်။
အချိန်တွေကုန်လွန်ပြီး ငါးလခန့်ကြာမြင့်သွား၏။
လင်းလောင် တောင်ထိပ်ရှိ လုရီ၏ကျင့်ကြံရေးအခန်းထဲတွင် ဖြစ်သည်။
ခြေချိတ်ထိုင်ကာ စိတ််ဝိဉာဉ်စွမ်းအင်တို့ ရစ်ပတ်စီးဆင်းနေသည့် လုရီ၏ အရှိန်အဝါမှာ ကြောက်စရာကောင်းသည့် အငွေ့အသက်များပြည့်နှက်နေသည်။ ချွန်ထက်သော ဓားစိတ်ဆန္ဒနှင့် မိုးက်ြိုးစွမ်းအင်တို့မှာလည်း လှည့်ပတ်နေ၏။
ထိုအချိန်တွင်ပဲ 'အုန်း'ဆိုသော ပေါက်ကွဲသံကြီးနှင့်အတူ စိတ်ဝိဉာဉ်ဖိအား တစ်ခုဟာ လုရီခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲကာ လေပြင်းများမှာ ကျင့်ကြံရေးခန်းထဲသို့ ပြင်းထန်စွာ တိုက်ခတ်သွားသည်။
ထိုလေပြင်းများဖြည်းဖြည်းချင်းလျော့ပါးလာသည့် အချိန်မှသာ နက်နဲသည့်စ်တ်ဝိဉာဉ်အလင်းရောင်တို့ ပြည့်နေသော သူ၏မျက်လုံးကို လုရီဖွင့်လိုက်သည်။
မျက်လုံးထဲရှိ အလင်းရောင်ကလေး ပျောက်သွားသည့်အချိန်တွင် လုရီနှုတ်ခမ်းတို့ တွန့်ကွေးကာ ပြုံးလိုက်သည်။
“ နောက်ဆုံးတော့ ချီ သန့်စင်နယ်ပယ်၁၀ ကိုရောက်လာခဲ့ပြီပဲ “
သူ၏ ခန္ဓာကိုယ်တွင် ပြည့်ဝစွာ စီးဆင်းနေသော စိတ်ဝိဉာဉ်အရည်တို့အား လုရီ ခံစားမိသည်မို့ ကျေနပ်သွာ ပြုံးလိုက်သည်။
ဤငါးလအတွင်းတွင် လုရီ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့်ခဲ့၏။
မနက်ပိုင်းတွင် သုန်းကုန်းမင်ယွဲ့နှင့်
လေ့ကျင့်ပြီးနောက် တိမ်ဖြူဓားရှည်သိုင်းစနစ်ကို ဆက်ကျင့်သည်။ တိမ်ဖြူ ခြေလှမ်းသိုင်းမှာမူ ကန့်သတ်ချက်သို့ရောက်ပြီဖြစ်သောကြောင့် ကျင့်ကြံရန်
မလိုတော့ပေ။
တိမ်ဖြူဓားရှည်သိုင်းအပြင် ကျောက်စိမ်းခန္ဓာသိုင်း၊ အတိတ်မေ့စွမ်းရည်သိုင်း၊ ဖုံးကွယ်အသက်ရှူသိုင်း၊ တိမ်ဖြူချီသန့်စင်သိုင်းနှင့် အခြားသိုင်းစွမ်းရည်များကိုပါ ကျင့်ကြံခဲ့၏။
တစ်လအကြာတွင် လုရီ၏ ချီ သန့်စင်နယ်ပယ် အဆင့်မှာ အဆင့်၉ သို့ရောက်ရှိခဲ့ပြီး နောက်ထပ် သုံးလအကြာမှာပဲ
အဆင့်၁၀ သို့ တက်လှမ်းခဲ့နိုင်၏။
သူ၏ ကျင့်ကြံရေးအရှိန်မှာ အလွန် လျင်မြန်လှသည်။
ကျင့်ကြံရေးအဆင့် တိုးတက်လာသည့်အပြင် အခြားသော နယ်ပယ်များမှာလည်း ကြီးမားစွာ တိုးတက်လာခဲ့ပေသည်။
-------------
အခန်း ၆၅- ရင်းနှီးကျွမ်းဝင်မှု ...
~နောက်ထပ်ရက်အနည်းငယ် ကျင့်ကြံလိုက်ရာ လုရီ၏ တိမ်ဖြူဓားရှည်သိုင်းနှင့် တိမ်ဖြူချီသန့်စင်သိုင်းတို့မှာ အဆင့် ၉ အားကျော်ပြီး ထူးကဲအဆင့် သို့ရောက်ရှိခဲ့ပြီဖြစ်သည်။
ထူးကဲအဆင့် တိမ်ဖြူဓားရှည်နှင့် တိမ်ဖြူချီစင်သိုင်းပညာနှစ်ခုလုံးမှာ တိမ်ဖြူခြေလှမ်းသိုင်းကဲ့သို့ပင် မွေးရာပါ နတ်ဘုရားစွမ်းရည်သို့နှယ် ဖြစ်လာသည်။
တိမ်ဖြူဓားရှည်သိုင်းစနစ်မှာ ကြီးမားစွာ တိုးတက်စေကာမူ စိတ်ဝိဉာဉ်စွမ်းအင် သုံးစွဲမှုမှာမူ အရင်ကထက် ပို၍ နည်းပါးသည်။
တိမ်ဖြူချီသန့်စင်သိုင်းမှာမူ လေရှူရသကဲ့သို့ပင် သဘာဝတကျ ဖြစ်လာရာ လုရီအနေဖြင့် အသည်းအသန်ပင်ကျင့်ကြံစရာမလိုဘဲ အလိုအလျောက် ဆက်သွားနေပြီး အားစိုက်ပြီး ကျင့်ကြံချိန်တုန်းကလောက် အရှိန်မမြန်တော့ပေ။
ထို့အပြင် လုရီ၏ စိတ်ဝိဉာဉ်စွမ်းအင်တို့မှာ လုံးဝအရည်အဖြစ်သို့ပြောင်းလဲသွားရာ အဆင့်နိမ့်အခြေခံ အုတ်မြစ် တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် သူ့အားလိုက်မမှီနိုင်တော့ကြောင်း လုရီခံစားမိ၏။
ထို့အပြင် မနားမနေကြိုးစားမှုကြောင့် အတိတ်မေ့စွမ်းရည်အား အဆင့်၇ သို့ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သေးသည်။
အတိတ်မေ့စွမ်းရည်အား လေ့ကျင့်ရန်အတွက် လုရီ တောထဲရှိ ယုန်ရိုင်းကလေးများကို သူ၏ ဂူစံအိမ်အတံင်းသို့ ဖမ်းခေါ်ခဲ့သည်။
ထိုယုန်ကလေးများအား မုန်လာဥများကျွေးပြီးနောက် အတိတ်မေ့စွမ်းရည်ကို သုံးကာ စားခဲ့သည့် မှတ်ဉာဏ်ကိုဖျောက်ပြီး အစာဆက်ရှာဖွေနေသည့် ထိုယုန်ကလေးတွေအား စမ်းသပ်ခဲ့သည်။
ထိုယုန်ကလေးများမှာ ဝဖြိုးကာ ချစ်စရာကောင်းလာသောကြောင့် လုရီပျော်ရွှင်နေရသည်။
ဖုံးကွယ်အသက်ရှူစွမ်းရည်မှာမူ အတိတ်မေ့စွမ်းရည်လောက် ကျင့်ကြံရန်မခက်ခဲလှသည်မို့ အဆင့်၈ အထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ရာ စွမ်းရည်မှာ အလွန်အားပြင်းလာသည်။
တိကျသည့် သက်ရောက်မှုများကို မစမ်းကြည့်ရသေးသော်လည်း သိပ်တော့မဆိုးလောက်ဟု လုရီ တွက်ချက်မိသည်။
ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်မှာလည်း အဆင့်၈ သို့ရောက်ရှိခဲ့သည့်အပြင် အချိန်ယူဖျော်စပ်ရသော စိတ်ဝိဉာဉ်ဝိုင် ဖျော်စပ်နည်းမှာလည်း လုရီ၏ ကြိုးစားမှုကြောင့် အဆင့်ငါးသို့ရောက်ရှိခဲ့သည်။
ဤအဆင့်တွင် ကျောက်စိမ်းခန္ဓာ သိုင်းစနစ်မှာလည်း အလွန်အမင်းတိုးတက်လာရာ ခွန်အား၊ ခုခံမှု၊ အရှိန်၊ ပြန်လည်ကုသနိုင်စွမ်းနှင့် အခြားသောစွမ်းရည်များမှာလည်း ကြောက်စရာကောင်းလောက်အောင် တိုးတက်လာခဲ့သည်ပင်။
လုရီ သူ့အဖေဆီမှ ရရှိထားသော အဆင့်နိမ့်မှော်ဓားရှည်ဖြင့် စမ်းကြည့်ရာ စိတ်ဝိဉာဉ်စွမ်းအင် သိပ်သုံးစရာပင်မလိုဘဲ အဆင့်နိမ့်မှော်လက်နက်သည်ပင် သူ၏ အသားအား မဖြတ်တောက်နိုင်ကြောင်း သိလိုက်ရသည်။
နားလည်ထားရမည်က ဒါသည် အဆင့်နိမ့်မှော်လက်နက်တစ်ခုဆိုသည်ကိုပင်။
ဤမှော်လက်နက်သည် အဆင့်၆ ပင်ရှိသေးသည်။ အကယ်၍သူသာ ထူးကဲအဆင့်သို့ ကျင့်ကြံနိုင်ခဲ့လျှင် အဆင့်မြင့်မှော်လက်နက်ကိုပဲ ခံနိုင်ရည်ရှိမည်လားဟု တွေးမိသည်။
ထိုသို့ဆိုလျှင် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူအများစုမှာ သူ၏ ခုခံနိုင်စွမ်းအား ဖောက်ထွက်နိုင်တော့မည်မဟုတ်။
ထို့အပြင် စိတ်ဝိဉာဉ်စွမ်းအားတို့မှာလည်း စိတ်ဝိဉာဉ်နှင်းစက်နှင့် ငါးစိမ်းအဆောင်လက်ဖွဲ့လို အဆင့်မြင့်မှော်လက်နက်များကြောင့် အဆင့်တက်လာသည်ဖြစ်ရာ လက်တွေ့မြင်နိုင်ရန်ခဲယဉ်းသော်လည်း ယခင်ကထက် ပိုမိုတက်ကြွလာသည်ကို လုရီခံစားနေရပေသည်။
လုရီအတွက် ငါးလတည်းနှင့်ရရှိခဲ့သော ကြီးမားသည့် ရလဒ်ပင်။
လုရီအတွက်နောင်တရစရာအတွေးမှာ တစ်ခုတည်းရှိသည်။ စီနီယာအစ်မလျိုနင်ရွှမ်း တစ်ကိုယ်တည်းကျင့်ကြံနေရာမှ ပြန်ထွက်လာခဲ့လျှင် အချိန်အတူတူကုန်ဆုံးပြီး ဆက်ဆံရေးကို တိုးတက်အောင်လုပ်မည်ဟု မှန်းထားသော်လည်း စီနီယာအစ်မကို လင်းလောင်တောင်ထိပ် သခင်မမှ ဂိုဏ်းတာဝန်ထမ်းဆောင်ရန် စေလွှတ်သဖြင့် အခုထိ ပြန်မရောက်ရှိသေးခြင်းဖြစ်သည်။
ထို့ကြောင့် တာဝန်လုပ်ဆောင်မှု ရာခိုင်နှုန်းမှာ အခုထိမပြောင်းလဲသေးပေ။
လုရီခေါင်းကိုခါကာ အတွေးအားရပ်ပစ်လိုက်သည်။
ချီအဆင့်၁၀ အထိရောက်အောင် ကျင့်ကြံပြီးလျှင် နောက်လုပ်ရမည့် ခြေလှမ်းဖြစ်
သည့် အကန့်အသတ်အား ချိုးဖျက်ဖို့ စဉ်းစားနေသင့်သည်။
သူ၏ ယခုအခြေအနေနှင့် ကောင်းကင်ဘုံတာအို အကန့်အသတ် ဘယ်နှစ်ခုအထိ ဖောက်ထွက်နိုင်မလဲဆိုသည်ကို
သိချင်မိသည်။
ထိုအချိန်တွင်ပဲ ရင်းနှီးနေသည့် အသံလေးတစ်ခုကို တံခါးအပြင်ဘက်မှ လုရီကြားလိုက်ရသည်။
“ အငယ်တန်းအစ်ကိုရေ ငါ ဝင်လာပြီနော် “
လုရီ အသာအယာ ပြုံးလိုက်ကာ ခန္ဓာကိုယ်အား ဂူစံအိမ်အပေါက်ဝသို့ ရွှေ့လိုက်ပြီး တံခါးဖွင့်လိုက်သည်။
တံခါးရှေ့တွင်ရပ်နေသော သုန်းကုန်းမင်ယွဲ့က လုရီအား နှစ်လိုအားရဖွယ် ပြုံးပြလာသည်။
သို့သော် သုန်းကုန်းမင်ယွဲ့၏ အပြုံးတို့မှာ တောင့်ခဲသွား၏ မျက်လုံးများပြူးသွားရသည်။
“ ဒီအရှိန်အဝါက.. အငယ်တန်းအစ်ကို အခုပဲ ချီသန့်စင်နယ်ပယ် အဆင့်၁၀ ကို ဖောက််ထွက်လာတာလား ! “
အဆင့် ချိုးဖျက်ခြင်းမှ ထွက်ပေါ်လာသည့် စိတ်ဝိဉာဉ်စွမ်းအင်မှာ မပျောက်ပျက်သေးသည်မို့ ဖုံးကွယ်ဖို့ ဆန္ဒမရှိသည့် လုရီက ခေါင်းကိုညိတ်လိုက်သည်။
“ ဟုတ်တယ်။ အစ်ကိုခုနကပဲ ကံကောင်းလို့ ဖောက်ထွက်နိုင်ခဲ့တယ် “
သုန်းကုန်းမင်ယွဲ့မှာ အလွန်အမင်း အံ့အားသင့်သွားရသည်။
“ ဒီငါးလဆိုတဲ့ အချိန်လေးအတွင်းမှာ ချီအဆင့်၈ နဲ့ ၉ ချိုးဖျက်နိုင်တယ်ဆိုတာ… ကံကောင်းတယ်ဆိုပြီး ပြောလို့မရဘူး
မလား “
ထို့နောက် လုရီနားသို့တိုးလာကာ ခရမ်းတောက်ရောင် မျက်လုံးကလေးများဖြင့် ကြည့်ကာပြော၏။
“အစ်ကို ငါ့ကို မှန်မှန်ပြောနော်၊နင်က အင်မော်တယ်ခန္ဓာကိုယ်လား ဒါမှမဟုတ် အခြားတစ်ခုခုပဲလားလို့ စဉ်းစားနေရပြီ။ ကျွန်မထက်တောင် မြန်နေတာကြီး! “
လုရီက ရယ်လိုက်ကာ
“ ဒုစီနီယာညီမလေး မနောက်ပါနဲ့။ အစ်ကိုက အသက်ကဖြင့် ၁၆ နှစ်ရှိနေပြီကို အခုမှ ချီအဆင့် ၁၀ ကိုရောက်တာလေ။ ဘယ်လိုလုပ် နင်နဲ့ ယှဉ်လို့ရမှာလဲ “
ဒါကိုကြားသည့် သုန်းကုန်းမင်ယွဲ့က
အားပါပါရယ်လိုက်ပြီး
“ငါက အခုထိ အံ့ဩစရာကောင်းတဲ့လူဆိုတာတော့ လက်ခံပါတယ်.. ဒါပေမဲ့ နင်ကလည်းဆိုးတော့ မဆိုးပါဘူး “
လုရီ ဒုစီနီယာညီမလေး၏ နည်းနည်းမြှောက်လေ၊ များများမြောက်တတ်သည့် အကျင့်အား သိရှိပြီးဖြစ်သည်။
သူက ပြုံးကာ
“ ဒုစီနီယာညီမလေး ပညာချင်း ဖလှယ်ကြမလား “
သုန်းကုန်းမင်ယွဲ့ခေါင်းခါပြီး ပြောလာသည့် စကားကြောင့် လုရီ အံ့အားသင့်သွားရသည်။
“ ဒီနေတော့မကျင့်သေးဘူး။ တခြားပြောစရာရှိလို့ လာခဲ့တာ “
လုရီက မေးခွန်ထုတ်သည့်ပုံဖြင့် မေးသည်။
“ ဘာများလဲ “
သုန်းကုန်းမင်ယွဲ့၏ မျက်လုံးကလေးများမှာ အရောင်လက်သွားကာ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီဟူသော အမူအရာအဖြင့် ခါးထောက်ကာ ပြောသည်။
“ အင်းး၊ ငါ ကောင်းကင်ဘုံတာအိုကန့်သတ်ချက်ကို ခံစားမိနေပြီ။ ဒါကြောင့် အဆင့်တက်ဖို့အတွက် တံခါးပိတ် ကျင့်ကြံဖို့သွားတော့မယ် “
လုရီ တုန်လှုပ်သွားကာ သုန်းကုန်းမင်ယွဲ့အား စိတ်လှုပ်ရှားစွာကြည့်လျက်
“ တကယ်လား စီနီယာညီမလေး၊ ဂုဏ်ပြုပါတယ် “
ချီသန့်စင်နယ်ပယ် အဆင့်၁၀ တွင် သုံးနှစ်လောက်ရပ်နေခဲ့ပြီးနောက် ခံစားရသည်မှာ ယုတ္တိတော့ရှိသည်။ အခုဆိုလျှင် သေချာလေးပြင်ဆင်ပြီးလောက်ပြီ။
သုန်းကုန်းမင်ယွဲ့က ဂုဏ်ယူစွာပြောသည်။
“ ဟွန့်! ငါက ဘယ်လိုလူမျိုးလို့ နင်ထင်နေတာလဲ “
ထို့နောက် လုရီကို ပြုံးကြည့်ကာ
“ ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်နဲ့ စိတ်ဝိဉာဉ်အဆီအနှစ်နှင်းစက်တွေအတွက် အငယ်တန်းအစ်ကိုကို ကျေးဇူးတင်ချင်လို့ပါ။ ဒါတွေကြောင့်ပဲ ငါ့ရဲ့ ခန္ဓာချီစင်သိုင်းစနစ်တွေနဲ့ စိတ်ဝိဉာဉ်အစွမ်းက မြန်မြန်တိုးလာတာ.. နင်သာ မကူညီရင် ကောင်းကင်ဘုံတာအို ကန့်သတ်ချက်ကို ဖောက်ထွက်ဖို့အတွက် ငါ့မှာ နောက်နှစ်ဝက်လောက် အချိန်ယူနေရမှာ “
လုရီက ပြုံးကာ
“ အဲ့လောက် ကျေးဇူးတင်နေစရာမလိုပါဘူး စီနီယာညီမလေး။ ငါတို့က ကျင့်ကြံရေးမောင်နှမတွေပဲမလား “
လုရီမျက်နှာပေါ်က အပြုံးနုကလေးအားကြည့်ကာ သူမ၏ အငယ်တန်းအစ်ကိုမှာ အရမ်း သဘောကောင်းကြောင်း
သုန်းကုန်းမင်ယွဲ့ ထပ်ခံစားမိသွားသည်။
“ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး လင်းလောင်တောင်ထိပ်သခင်မရဲ့ တပည့်ရင်းဖြစ်သွားတာနဲ့ ငါ အစ်ကို့ကို လာရှာပါ့မယ် “
“ စီနီယာညီမလေးကိုတော့ မနိုင်ဘူးပဲ “
လုရီ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
ထို့နောက် တစ်ခုခုကို သတိရသွားကာပြောသည်။
“ လွန်ခဲ့တဲ့ရက်တွေတုန်းက ငါ အသစ်သိလာတဲ့ အသိပညာတွေနဲ့ ကျားရိုးစိတ်ဝိဉာဉ်စွပ်ပြုတ်နဲ့ အဆီအနှစ်နှင်းစက်ကို ပိုကောင်းတဲ့ အာနိသင်ရအောင်လုပ်ထားတယ်။ နင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ရင် အကူအညီ ဖြစ်လောက်မယ် ထင်လို့ ငါ ပေးပါ့မယ် “
ထိုအခါ သုန်းကုန်းမင်ယွဲ့၏ မျက်လုံးကလေးမှာ အရောင်လက်သွားကာ
“ ထပ်တိုးတက်လာတယ်ပေါ့။ အငယ်တန်းအစ်ကိုက အံ့ဩစရာကောင်းလိုက်တာ “
သုန်းကုန်းမင်ယွဲ့မှာ လုရီအတွက် ဝမ်းသာသည့်ပုံနှင့် သူ့အား ဖက်လိုက်၏။
လုရီခမျာ ရုတ်တရက်ကြီး နူးညံ့သောအထိအတွေ့နှင့် သင်းပျံ့သော ရနံ့ကလေးကိုခံစားလိုက်ရသည်မို့ အလန့်တကြားဖြစ်ကာ မည်သို့ တုံ့ပြန်ရမည်ကိုမသိတော့။
သူနှင့် ဒုစီနီယာညီမလေးမှာ အရင်က ဒီလောက်
မနီးကပ်ဖူးပါ။
ထို့နောက် ကောင်မလေးမှာ နောက်သို့ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ အကြည့်လွှဲရင်းပြောလာသည်။
“ ဒီ ဒီ အတိုင်း စီနီယာညီမလေးဆီက အားပေးတာခံတယ်လို့ မှတ်လိုက်နော် ! အငယ်တန်းအစ်ကို ကြိုးစားဖို့လိုသေးတယ် “
လုရီ “….”
သုန်းကုန်းမင်ယွဲ့၏ အပြုအမူကိုကြည့်ကာ ဂျပန် ကာတွန်း ဇာတ်ကောင်မိန်းကလေးတွေ၏ ပုံစံလိုမျိုး ခံစားလိုက်ရသည်။
သူ၏ ချောမောလှပလွန်းသည့် အပြင်ပိုင်းအသွင်အပြင်ကြောင့် စီနီယာညီမလေး သူ့အားကြွေနေသည်ကို လုရီနားလည်ပါသည်။
ထို့နောက် အတွေးတစ်ခုက လုရီဆီရောက်လာသည်။
သူအခုထိ စီနီယာညီမလေး သူ့အား ချစ်လာရန် တာဝန် မပေးရသေးဘူးဆိုတာပင်။
စီနီယာညီမလေး၏ အရည်အချင်းကို ထည့်စဉ်းစားလျှင် ရရှိလာသည့် ဆုလာဘ်မှာ သိပ်တော့မညံ့နိုင်ပါ။
--------------
အခန်း ၆၆ -ဂိုဏ်းတာဝန်...
~ဒီကမ္ဘာမှာ သူ၏အရင်ကမ္ဘာနှင့်မတူဘဲ ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျန်သည့် နှစ်ဦးနှစ်ဖက်သာ သဘောတူလျှင် အဖော်အများကြီးရှာလို့ရပေသည်။
ဒါ့အပြင် ဒုစီနီယာညီမလေးမှာ ချစ်စရာကလေးပင်။
လုရီစိတ်ထဲမှ ရေရွတ်လိုက်သည်။
“ ငါ့ရဲ့ ဒုစီနီယာညီမလေး ငါ့ကိုချစ်မိသွားရမယ် “
[တာဝန်]
စီနီယာညီမ သုန်းကုန်းမင်ယွဲ့အား သင့်ကို ချစ်မိသွားအောင်လုပ်ပါ။
ဆုလာဘ် : မိုးကြိုး စိတ်ဆန္ဒ နယ်ပယ်၏ နားလည်တတ်မြောက်နိုင်စွမ်း ၄၀%၊ ရွှေအူတိုင် စွမ်းရည် “မိုးကြိုးတစ်ထောင် မန္တန် “၊ အလယ်အလတ်အဆင့်ရတနာ ခရမ်းရောင်မိုးကြိုး သရဖူ။
လက်ခံမည်လား : လက်ခံမည် / လက်မခံပါ။
ဒီ ဆုတွေက… ဘာလို့ စီနီယာအစ်မ လျိုနင်ရွှမ်းနဲ့ ယှဉ်ရင် နည်းနေရတာလဲ။
လုရီ အံ့ဩသွားသော်လည်း စီနီယာအစ်မ လျိုနင်ရွှမ်း၏ ကျင့်ကြံရေးအဆင့်မှာ
စီနီယာညီမလေးထက် များစွာမြင့်ကြောင်း သဘောပေါက်လိုက်သည်။
ဤအချက်၏ သက်ရောက်မှုကြောင့်ဟု သူခန့်မှန်းလိုက်သည်။
လုရီ တာဝန်အားလိုက်ခံပြီးနောက် ဂိမ်းစနစ်အားကြည့်လိုက်ရာ တာဝန်မှာ မပြီးသေးသည့်အတွက် စိတ်ထဲတွင် စိတ်ပျက်သွားရသည်။
ဆိုတော့ ဒုစီနီယာညီမလေးက အခုထိ ငါ့ကိုမချစ်မိသေးဘူးပေါ့။
ကြည့်ရတာ ဘဝ၏ အမြင်မှားမှုတွေထဲက တစ်ခုဖြစ်နေပုံပင်။ အခုအချိန်သူထုတ်မပြောသေးတာကောင်းမည်။ မဟုတ်လျှင် အတော်လေး ရှက်စရာကောင်းပေတော့မည်။
လုရီ ဘာပဲဖြစ်ဖြစ်ဆက်မတွေးတော့။ အကယ်၍ ဒုစီနီယာညီမလေးက သူ့အားမချစ်လျှင်တောင် နဂိုကထဲက သူ့အပေါ်တော့ ကောင်းသည်မို့ ပြန်ကောင်းပေးရမည်ဖြစ်သည်။
သူက လည်ချောင်းကို ရှင်းလိုက်ပြီး တည်ငြိမ်စွာဆိုသည်။
“ ဒုစီနီယာညီမလေးက နောက်ခါ ဒီလိုထပ်လုပ်ရင် အစ်ကို့ကိုချစ်နေတယ်လို့ ထင်လိုက်မှာနော် “
သုန်းကုန်းမင်ယွဲ့၏ ပါးနှစ်ဖက်မှာ ရှက်သွေးဖြာသွားကာ ခြေကိုဆောင့်လျက် ပြောလာသည်။
“ အငယ်တန်းအစ်ကိုက ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ ငါ နင့်ကို သေချာပေါက် ချစ်မနေပါဘူးနော် “
သုန်းကုန်းမင်ယွဲ့ ခြေဆောင့်သည်ကို မြင်လိုက်ရသော လုရီမှာ နောက်ထပ်
ထပ်မစတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် အဆင့်ခြောက် ကျားရိုးစိတ်
ဝိဉာဉ်စွပ်ပြုတ်နှင့် အဆင့်၄ စိတ်ဝိဉာဉ်အဆီအနှစ်နှင်းခဲအား ထုတ်ကာ သူမ၏လက်ထဲသို့ ပေးလိုက်၏။
“ အလကား စနေတာပါ။ ဒီမှာ နင်ကောင်းကင်ဘုံတာအိုကန့်သတ်ချက် ချိုးဖျက်ရင် ကူညီပေးမဲ့ စိတ်ဝိဉာဉ်အစားအသောက်တွေ “
သုန်းကုန်းမင်ယွဲ့က လုရီအား အောင့်အောင့်ဆောင့်ဆောင့်ကြည့်ကာ ခေါင်းကို ဖြည်းဖြည်းညိတ်လျက် လက်ခံလိုက်သည်။
ထို့နောက် ပခုံးကို လက်ဖြင့် ကြမ်းတမ်းစွာသပ်ကာ
“ မပူပါနဲ့ အငယ်တန်းအစ်ကို ငါ့ရဲ့အရည်အချင်းနဲ့သာဆို အဆင့်တက်တယ်ဆိုတာ ကျိန်းသေပေါက် ပြဿနာမရှိဘူး “
လုရီက ခေါင်းညိတ်ပြီး ခပ်ပျော်ပျော်ပြန်ပြော၏။
“ ဟုတ်ပါ့၊ ဒုစီနီယာညီမလေးက အကောင်းဆုံးပဲ “
ထို့နောက် သုန်းကုန်းမင်ယွဲ့ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး
“ ဒါဆို ငါ အရင်ပြန်နှင့်တော့မယ်၊ နင်လည်း ကောင်းကောင်း လေ့ကျင့်ရမယ်နော် “
ထို့နောက် သူမမှာ အလင်းတန်းအသွင်ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
ပျောက်ကွယ်သွားသည့် ကောင်မလေးရှိရာကိုကြည့်ရင်း လုရီ ခေါင်းကိုဖြည်းညှင်းစွာခါလိုက်ပြီး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
ဒုစီနီယာညီမလေး ဘယ်လောက်ကြာသည်အထိ သီးခြားကျင့်ကြံမလဲဆိုတာကို သူသိချင်မိ၏။
ကြည့်ရတာ ခဏတော့ ပေးစရာတာဝန်တွေ ရှိတော့မည့်ပုံ မပေါ်။
စီနီယာအစ်ကို ကျန့်ဖန်နှင့် ပညာချင်းဖလှယ်ရင်း ရခဲ့သော နှစ်တစ်ရာ စိတ်ဝိဉာဉ်နှင်းစက်တို့မှာ သုံး၍ ကုန်သွားမို့ စစ်ဆေးရေးမျှော်စင်မှရလာသည့် နှင်းစက်တို့ကို သုံးနေရသည်။ စစ်ဆေးရေးမျှော်စင်တာဝန်မှာလည်း တစ်လလျှင် အသစ်တစ်ခုပြောင်းလေ့ရှိသည်ဖြစ်ရာ စိတ်ဝိဉာဉ်နို့ရည်ကိုသာ ရရှိနေခဲ့သည်။
ထို့နောက် ဒုစီနီယာညီမလေးနှင့် နေ့စဉ်သိုင်းပညာ ဖလှယ်ရာမှ ရရှိခဲ့သည့် ဆုတွေ။
ချီသန့်စင်နယ်ပယ် အဆင့် ၁၀သို့ဖောက်ထွက်ပြီးပြီဖြစ်ရာ လုရီအတွက် ကျင့်ကြံရေးရင်းမြစ်တွေ ပိုလိုအပ်လာသည်။
စစ်ဆေးရေးမျှော်စင်မှ ရရှိခဲ့သည့် နှင်းစက်များမှာလည်း ဘယ်လောက်အထိခံမလဲဆိုတာ သူမသိပေ။
ကြည့်ရတာ ပညာဖလှယ်ရန်အတွက် စီနီယာအစ်ကိုနှင့် အစ်မတွေကို ရှာရတော့မည့်ပုံပင်။
လုရီတွေးနေစဉ်မှာပဲ လူရိပ်နှစ်ခုက သူ့နားသို့ လျင်မြန်စွာ ကပ်လာသည်ကို ခံစားလိုက်ရသည်။
ထို့နောက် လှည့်ကြည့်လိုက်ရာ သစ်တောအုပ်ထဲမှ ထွက်ပေါ်လာကာ သူ့ရှေ့သို့ရောက်လာသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
လုရီ အံ့ဩသွားကာပြောလိုက်၏။
“ စီနီယာအစ်ကိုကျန့်ဖန်နဲ့ စီနီယာအစ်ကို
ပိုင်ယွီလုံပါလား။ ဘယ်လိုလုပ် ကျွန်တော့်ကိုလာရှာကြတာလဲ “
လွန်ခဲ့သည့် ငါးလအတွင်း လုရီမှာ အားသွန်ခွန်စိုက် ကျင့်ကြံနေသည်ဖြစ်ရာ ရံဖန်ရံခါမှသာ အစ်ကိုကျန့်ဖန်တို့နှင့် တွေ့ဖြစ်သည်။
လုရီ၏ ကျင့်ကြံရေးကို အနှောင့်အယှက်
မပေးချင်သည့်အပြင် သူတို့တွင်လည်း
ကျင့်ကြံစရာများ ရှိသောကြောင့် ပုံမှန်ဆိုလျှင် လင်းလောင် တောင်ထိပ်ကို မလာကြပေ။
ကျန့်ဖန်က ပေါ့ပါးစွာ ပြုံးလိုက်ကာ ပြောသည်။
“ သေချာပေါက် အကြောင်း ရှိလို့ပေါ့ကွ။ အငယ်တန်းညီကိုလု ဒီနှစ်အတွက် ဂိုဏ်းတာဝန်တွေကိုလုပ်ပြီးပြီလား “
ပိုင်ယွီလုံက ယပ်တောင်ကို အသာဝှေ့ကာ အပြုံးဖြင့် ဖြည့်စွက်ပြောသည်။
“ တစ်နှစ်ကုန်တော့မယ် ငါတို့နှစ်ယောက်လည်း အခုထိ ဂိုဏ်းတာဝန်တွေကို မလုပ်ရသေးဘူး။ အဲ့တာ နှစ်ယောက်သား အတူတူလုပ်ဖို့စဉ်းစားမိပြီး ညီကိုလည်း မလုပ်ရလောက်သေးဘူးထင်တာနဲ့ လာရှာတာပဲ “
ဒါကိုကြားမှ လုရီ သဘောပေါက်သွားသည်။
“ တစ်နှစ်တောင်ကုန်တော့မှာလား “
လုရီမှာ အပြင်ဂိုဏ်းတွင်ရှိနေစဉ်ကတောင် ဂိုဏ်းထဲမှ ထွက်သည့်လူမဟုတ်ရာ ဂိုဏ်းတာဝန်လုပ်စရာရှိမှသာ ထွက်လေ့ရှိသည်။
သေချာပေါက် ဒီနှစ်၏ ဂိုဏ်းတာဝန်ကိုလည်း လုရီ မလုပ်ရသေးပေ။ သူ့တွင် လုံလောက်သော ကျင့်ကြံရေး ရင်းမြစ်များရှိသည်မို့ ဂိုဏ်းတာဝန်များကို ပြီးအောင်လုပ်စရာမလိုပေ။
သူနှင်တူစွာ ရေတံခွန်တောင်ထိပ်ကို ဝင်ရောက်ခဲ့သော ကျန့်ဖန်မှာလည်
အခြေတည်ဝိဉာဉ်အကြီးအကဲတစ်ဦးဆီမှ နှစ်သက်ခံရပြီး တပည့်ရင်းဖြစ်ခဲ့ရာ ချီသန့်စင်နယ်ပယ် အတွက် လိုအပ်သော ရင်းမြစ်များမှာ မရှားပါးလှ။
ရွှေအူတိုင်နယ်ပယ် အဆင့်ရှိ အဘိုးအားပိုင်ဆိုင်ထားသောပိုင်ယွီလုံ အနေဖြင့်လည်း ရင်းမြစ်များရှာဖို့ အလျင်မလိုလှချေ။
ထို့ကြောင့် တူညီနေကြသော သုံးယောက်လုံးမှာ ဒီနှစ်အတွက် ဂိုဏ်းတာဝန်ကို မထမ်းဆောင်ရသေးခြင်း ဖြစ််သည်။
လုရီက ပြုံးကာ
“ ဒါဖြင့် အတူတူလုပ်ကြတာပေါ့ “
သူ၏ ဒုစီနီယာညီမလေး တစ်ကိုယ်တည်းကျင့်ကြံဖို့ သွားသည့်အတွက် လိုအပ်သည့် ရင်းမြစ်များကို ဘယ်လိုနည်းဖြင့် ရအောင်လုပ်ရမလဲဆိုတာကို တွေးနေခဲ့တာဖြစ်သည်။ ဂိုဏ်းတာဝန်များကို လုပ်ပြီး ဘယ်လို ဆုတွေရနိုင်မလဲဆိုတာကို ကြည့်ရမည်။
ကျန့်ဖန်က အပြုံးဖြင့်
“ ငါတို့ သုံးယောက်သာ အတူတူလုပ်ရင် ကောင်းတာပေါ့။ ပြီးတော့ ကြီးကြပ်ပေးဖို့ တစ်ယောက်တော့လိုတယ် “
ဟု ပြောသည်။
ပိုင်ယွီလုံက
“ အမှန်ပဲ အလုပ်ဆောင်ခန်းမကိုသွားပြီး တစ်ချက်ကြည့်ကြရအောင် “
ပြောရင်းဆိုရင်းဖြင့် သုံးယောက်သား တောင်အောက်သို့ ဆင်းလိုက်ကြသည်။
လုရီတို့မှာ အကြီးအကဲ သုကူးဖန်း၏ ခေါ်ဆောင်မှုကြောင့် အလုပ်ဆောင် ခန်းမကို ရောက်ဖူးကြရာ ယခုအချိန်မှာ ဒုတိယမြောက်ရောက်ခြင်း ဖြစ်သည်။
အလုပ်ဆောင် ခန်းမရှေ့သို့ ရောက်သွားသည်နှင့် ကျင့်ကြံသူ အများအပြားက လှည့်ကြည့်ကြသည်။
များစွာသော စီနီယာအစ်ကိုနှင့် အစ်မများက သူတို့အား ပြုံးကာနှုတ်ဆက်ကြသည်။
“ အငယ်တန်းညီကို လုရီပဲ “
“ တိုက်ဆိုင်လိုက်တာ အငယ်တန်းညီကိုလုရီလည်း ဒီနေ့ အလုပ်ဆောင်ခန်းမကိုလာတာလား “
“ အငယ်တန်းညီလေးလုရီ ဂိုဏ်းတာဝန်လုပ်ဖို့လာတာပါလား “
“….. “
စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသော စီနီယာအစ်ကို၊ အစ်မတစ်ယောက်ချင်းစီအား လုရီအပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ဒီလများတွင် လုရီ၏နာမည်မှာ ချီသန့်စင်နယ်ပယ် စစ်ဆေးရေးစာရင်းတွင် အဆင့်တစ်ချိတ်ခဲ့သည်မို့ အကြီးအကဲများသာမက အတွင်းဂိုဏ်းတစ်ခုလုံးပါ သူ့အား မှတ်မိနေကြပြီဖြစ်သည်။
လုရီမှာ သူ၏နာမည်ကို ဂိုဏ်းအတွင်း အောင်မြင်ထိရောက်စွာ ထိန်းထားနိုင်ပေသည်။
ဝင်လာသည်နှင့်ပိုင်ယွီလုံက
“ အငယ်တန်းညီကို လုရီကတော့ တိမ်ဖြူဂိုဏ်းထဲမှာ နာမည်တစ်လုံးယူထားတာပဲ။ အားကျလိုက်တာ “
ကျန့်ဖန်က ရယ်လိုက်ပြီး
“ အငယ်တန်းညီကိုလုရဲ့ အရည်အချင်းမျိုးကိုတော့ အိပ်မက်မက်နေလိုက် “
အစက သိုသိပ်စွာနေပြီး ဝှက်ဖဲထားရန်အတွက် လုရီကိုအကြံပေးဖို့ ကျန့်ဖန်စဉ်းစားခဲ့သော်လည်း စစ်ဆေးရေးတာဝန်တွင် သူ၏အစွမ်းကို အကုန်မသုံးခဲ့ဟု ပြောခဲ့သော လုရီကြောင့် ကျန့်ဖန်မှာ ပြောစရာစကားမဲ့သွားရသည်။
သူ့လိုမကောင်းဆိုးဝါးမျိုး ဘယ်မှာ ရှာရမည်နည်း။
ကျန့်ဖန်၏စကားကိုကြားသည့်ပိုင်ယွီလုံမှာ တောင့်သွားကာ ကျန့်ဖန်အား မကြည်မလင် ကြည့်ရင်းပြောလာသည်။
“ မင်းကတော့ စကားကို နားဝင်ဆိုးအောင် ဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိတယ် “
သုံးယောက်သား စစနောက်နောက်ဖြင့် ရယ်မောကာ တာဝန်ဌာနသို့ရောက်လာကြသည်။
ခန်းမကျယ်ကြီးတစ်ခုဖြစ်ပြီး အတွင်းဂိုဏ်း၏ တပည့်အများအပြားမှာ ဝင်ချည်ထွက်ချည်နှင့် တာဝန်များကို လက်ခံနေကြသည်။
ယေဘုယျအားဖြင့်ပြောရလျှင် ရင်းမြစ်များမရရှိနိုင်သည့် တပည့်များမှာ တာဝန်တွေကို လက်ခံဆောင်ရွက်ပြီးမှသာ ရင်းမြစ်ကိုရရှိနိုင်သည်။ လုရီနှင့် သူ၏ သူငယ်ချင်းမှားမှာ ထိုလူများနှင့်မတူဘဲ နှစ်တစ်နှစ်အတွက် ဆောင်ရွက်ရမည့် တာဝန်အတွက် ရောက်နေခြင်းသာဖြစ်သည်။
ခန်းမထဲတွင် တာဝန်များကို လက်ခံဆောင်ရွက်ပေးသော ကောင်တာအချို့ စီတန်းကာရှိသည်။
လုရီတို့မှာ လူတန်းစီမှုနည်းသော ကောင်တာတွင်ဝင်ကာ တန်းစီးပြီးနောက် သိပ်မကြာခင်မှာပဲ သူတို့အလှည့်သို့ရောက်လာသည်။
ကောင်တာနောက်တွင် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ယောက်ရှိပြီး လုရီနှင့် ကျန်သည့်နှစ်ယောက်အားကြည့်ကာ လုရီကို အာရုံစိုက်နေ၏။
ထို့နောက် အံ့ဩစွာပြောသည်။
“ အငယ်တန်းညီကို လုရီများလား “
လုရီက ပြုံးလိုက်ကာ
“ ဟုတ်ပါတယ် “
ထို့နောက် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူက စိတ်အားတက်ကြွစွာ ချက်ချင်းတုံ့ပြန်လာသည်။
“ အငယ်တန်းညီကိုလုက ဒီကို တာဝန်အတွက်ရောက်လာတာလား။ တခြားတောင်းဆိုစရာများရှိသေးလား။ ဒီကအစ်ကိုက သေချာရွေးပေးမယ် “
ပိုင်ယွီလုံနှင့် ကျန့်ဖန်မှာ အချင်းချင်း
အကြည့်ဖလှယ်ရင်း နှုတ်ခမ်းတို့ မဲ့ရွဲ့သွားလေသည်။
ဘယ်သူက တာဝန်ပေးတဲ့ အလုပ်ကို ဒီလောက် တက်တက်ကြွကြွကြီး လုပ်ပေးလို့လဲ ။
---------------