← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း ၇၃ -နတ်ဆိုးကျင့်ကြံသူများ..

~လုရီက ပြုံးကာ မြေပြင်ပေါ်ရှိ အလောင်းကောင်အားကြည့်ပြီးနောက်

“ အငယ်တန်းညီကို လီ ဒါက နတ်ဆိုးကျင့်ကြံသူဟုတ်ရဲ့လားဆိိုတာ ကြည့်ကြည့်ပါဦး “

လီချင်းက ခေါင်းညိတ်ကာ သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူနှင့်အတူ ထိုနတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်အား သေချာစွာကြည့်သည်။

ထို့နောက် လုရီဆီပြန်လာကာ ခေါင်းညိတ်ရင်းပြော၏။

“ ဒါက လူယုတ်မာ အစစ်ပါပဲ “

ဒီတာဝန်မှာ တကယ်ကို အချိန်ပေးရကြောင်း လုရီစိတ်ထဲမှ ညည်းတွားလိုက်သည်။

သူဒီမြို့တွင် ရှစ်ရက်စောင့်ခဲ့ရပြီး ရောက်လာဖို့တစ်ပတ် ပြန်သွားဖို့

တစ်ပတ်နှင့် လဝက်ခန့်မျှပင်ကြာသွားလေသည်။။

လီချင်းက ပြုံးလျက်

“ ကျွန်တော်တို့ လုရီကို ကျေးဇူးတင်ပါတယ် “

သုံးယောက်သား စကားပြောနေစဉ်မှာပဲ ချင်းဖန်၊ ကျန့်ဖန် နှင့် ပိုင်ယွီလုံတို့ ရောက်လာကြသည်။

မြေကြီးပေါ်ရှိ အလောင်းအား ကြည့်ကာ ကျန့်ဖန်နှင့် ပိုင်ယွီလုံ စိတ်သက်သာရရသွားကြ၏။

ဒီနတ်ဆိုးကျင့်ကြံသူသာ မသေခဲ့လျှင် သူ့ကိုတွေ့ဖို့ ဘယ်လောက်တောင် စောင့်ရဦးမည်မသိ။

သူတို့အတွက်ဆိုလျှင် စောင့်ရင်း အချိန်ဖြုန်းနေရသလိုပင်။

သေချာပေါက် ပိုင်ယွီလုံမှာမူ ပိုနေရလျှင် ပိုပျော်နေဦးမည်ဟု လုရီ တွေးမိသေးသည်။

ဆောင်ကြာမြိုင်တွေဆီ ထပ်သွားလို့ရသည် မဟုတ်ပါလား။

နတ်ဆိုးကျင့်ကြံသူ သေသွားပြီဟု လူတိုင်းက အတည်ပြုပြီးသည်နှင့် တော်ဝင်နန်းတော်သို့ ပြန်လာခဲ့ကြသည်။

မိုဟဲ တိုင်းပြည်၏ ကီလိုမီတာတစ်ရာအကွာ တောင်တန်းတောအုပ်တွေကြားတွင် ကြီးမားသော ဂူကြီးတစ်ခုရှိသည်။

ထိုဂူကြီး၏ အလယ်တွင် အငြိုးကြီး ဝိဉာဉ်များ၏ အော်သံများလို ဆူပွက်နေသည့် သွေးကန်ကြီး တစ်ခုရှိနေ၏။

ထို့နောက် သွေးကန်ကြီးမှာ အုံးခနဲပေါက်ထွက်ကာ အေးစက်သည့် ပုပ်သိုးသောမျက်နှာထားနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ထွက်ပေါ်လာသည်။

သူ၏ နှုတ်ခမ်းများမှာ တွန့်ကွေးလျက်

“ သေလိုက်ပါတော့! ငါရဲ့ သွေးရုပ်သွေး! မင်းက တိမ်ဖြူဂိုဏ်းက ဟုတ်ဟုတ်မဟုတ်ဟုတ် အခုမှ ချီသန့်စင်နယ်ပယ် အဆင့်ပဲ ရှိသေးတာပါကွာ “

ထိုလူ၏ မျက်လုံးတွင် လူသတ်ရိပ်တို့ပြင်းထန်နေပြီး သွေးများမှာ ပြင်းထန်စွာဆူပွက်နေသည်။

……

နောက်တစ်နေ့မနက်၊ မြို့တော်တံခါး၌...

မိုဟဲ တိုင်းပြည်၏ ဘုရင် မိုလင်းနှင့်

လီချင်းအပါအဝင် အခြားသော ရာထူးကြီး အရာရှိများက လုရီတို့ အားလိုက်ပို့ကြသည်။

သူ့ကို ယခင်က သူ့ကိုနှုတ်ဆက်ခဲ့သော ဂိတ်စောင့်တပ်မှူးမှာ လာဘ်စားခြင်း

ကြောင့် ကွပ်မျက်ခံလိုက်ရသည့်ပုံပင်။

တာဝန်ပြီးဆုံးပြီမို့ ထုံးစံအတိုင်း လုရီတို့ ဂိုဏ်းသို့ပြန်ကာ ကျင့်ကြံရေးလုပ်ရတော့မည်ဖြစ်သည်။

မိုလင်းက လုရီအားကြည့်ကာ ကျေးဇူးတင်စွာပြောသည်။

“ တရားမျှတမှုအတွက် နတ်ဆိုးကျင့်ကြံသူကို သုတ်သင်ပေးလို့ အင်မော်တယ်သခင်လေးသုံးယောက်ကို ကျေးဇူးတင်ပါတယ် “

လုရီက ပြုံးကာ

“ ဒါက ကျွန်တော်တို့ လုပ်ရမယ့် အရာပါပဲ “

ထို့နောက် မိုလင်းအား ကြည့်ပြီး

“ အခြေအနေ လျော့ပါးသက်သာအောင် ကူညီဖို့အတွက် အရှင်မင်းမြတ် အကောင်းဆုံးလုပ်ခဲ့ပါတယ် “

သူကပြောရင်းနှင့် မိုလင်းဆီ ကြွေဘူးလေးအား ပေးလိုက်သည်။

“ ဒါကဆုလာဘ်ပါ။ ဒီအတိုင်းဆက်လုပ်ပြီး ကျွန်တော်ပြန်လာတဲ့လို့ ပိုအဆင်ပြေနေတဲ့ မြို့သူမြို့သားတွေကို တွေ့ခဲ့ရင် ဆုကဒီထက်ပိုကောင်းလိမ့်မယ် “

လွန်ခဲ့သည့်ရက်တွေအတွင်း မိုဟဲ တိုင်းပြည်ဘုရင်မှာ တကယ့်ကို စွမ်းဆောင်နိုင်ခဲ့သည်မို့ ဒုက္ခသည်အရေအတွက် လျော့နည်းလာကြောင်း လုရီမြင်ပြီးပြီ ဖြစ်သည်။

ဒါ့အပြင် သူ ဂိုဏ်းသို့ ပြန်မည် ဖြစ်ပြီး တာဝန်လေး တစ်ခုအတွက်နှင့် ဒီမှာ မနေနိုင်ပေ။

မိုလင်းက ကြွေဘူးကလေးအား ယူကာ

လုရီ၏စကားတို့ကို အံ့ဩသွားရသည်။

ထိပ်တန်းချီဆေးလုံးတွေထက် ပိုကောင်းတဲ့ပစ္စည်းဆိုပဲ၊ ဘာရတနာတွေ များဖြစ်မလဲ။

သူက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး အခိုင်အမာ ပြောသည်။

“ မြို့သူမြို့သားတွေကို သေချာဂရုစိုက်ပြီး ကောင်းမွန်တဲ့ ဘဝမှာ နေနိုင်အောင် လုပ်

ပေးပါ့မယ် “

လုရီ ခေါင်းညိတ်ပြလိုက်ပြီး လီချင်းနှင့် အခြားလူများကို နှုတ်ဆက်သည်။

ထို့နောက် ကျန့်ဖန်၊ ပိုင်ယွီလုံနှင့်အတူ

ချိုတစ်ချောင်းပါသော စိတ်ဝိဉာဉ်မြင်းများကို စီးကာ ထွက်ခွာလာကြတော့သည်။

လမ်းပေါ်သို့ ရောက်သောအခါ ပိုင်ယွီလုံက မြို့ကို လှည့်ကြည့်လှည့်ကြည့် လုပ်ကာ သက်ပြင်းချသည်။

“ အင်း ကောင်မလေးတွေကတော့ သနားစရာပဲ။ ငါနဲ့ ဘယ်အချိန်ပြန်တွေ့ရမလဲဆိုတာ မသိနိုင်ဘူး “

ကျန့်ဖန်က ပိုင်ယွီလုံကို ကြည့်ကာ ရယ်ပြီး

“ မင်း မထွက်သွားနိုင်ဘူးဆိုလည်း နေခဲ့လို့ရတယ်လေ။ ငါနဲ့ လုရီပဲ ဆက်သွားလိုက်မယ် “

ပိုင်ယွီလုံက လေးနက်သည့်ပုံသို့ပြောင်းသွားပြီး

“ မိန်းကလေးတွေဆိုတာ ခဏတာ စိတ်ဖြေဖို့အတွက်သုံးတာပါ။ ငါတို့လိုကျင့်ကြံသူတွေအတွက် တကယ့်လမ်းစစ်လမ်းမှန်ဆိုတာ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ပဲ။ ငါ ပိုင်ယွီလုံက ရွှေအူတိုင်အဆင့်တင်မကဘဲ အခြေတည် ဝိဉာဉ်အဆင့်အထိ တက်လှမ်းနိုင်မှာ သေချာတယ် “

လုရီမှာ ပိုင်ယွီလုံအား ဂရုမစိုက်တော့ဘဲ

ဂိမ်းစနစ်မှ စာများကိုပဲ အာရုံစိုက်လိုက်သည်။

[တာဝန်]

မိုဟဲ တိုင်းပြည်တွင် အခြေအနေဆိုးများ လျော့ပါးသက်သာအောင် ကူညီပါ။ (ပြီးဆုံး)

ဆုလာဘ်များမှာ သက်သာသွားသော အချိန်နှင့်အခြေအနေပေါ်တွင် မူတည်သည်။

ဆုလာဘ် : ကောင်းကင်နှင့် မြေကြီး ရတနာ စဉ့်ရည်သုတ် ကျောက်စိမ်း၊ ကောင်းကင်ဘုံပစ္စည်းနှင့် ကမ္ဘာမြေရတနာ ရွှေကျောက်ပြာ၊ နှစ်တစ်ထောင်စိတ်ဝိဉာဉ်နှင်းစက် အစက်၂၀ ။

ဆုများကို လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ။

...

လုရီ ဂိမ်းစနစ်ကပေးသော ဆုများကိုကြည့်ကာ အံ့ဩသွားရသည်။

ဆုက တော်တော်ရက်ရောတာပဲ။

ထိပ်တန်းအဆင့် ချီဆေးလုံးလေးသုံးလုံးလောက်သုံးလိုက်တာ ဒီလို ရတနာတွေအများကြီးရတယ်ဆိုတော့ အချီကြီး ပွတာပဲ။

စဉ့်ရည်သုတ်ကျောက်စိမ်း နှင့် ရွှေကျောက်ပြာ တို့မှာ ရှားပါးသည့် ကောင်းကင်နှင့် မြေကြီး ရတနာတို့ဖြစ်ပြီး အခြေခံလက်နက်ပစ္စည်းအဖြစ်သုံးနိုင်သလို အဆင့်မြင့်ရန်အတွက် မှော်လက်နက်များနှင့် လည်း တွဲကာ သုံးနိုင်ပေသည်။

သို့သော် လက်နက်သန့်စင် စွမ်းရည်တော့လိုအပ်မည်ဖြစ်ပြီး လုရီမှာ ထိုစွမ်းရည်အကြောင်းတစ်ခုမှ မသိချေ။

နောက်မှ ဂိုဏ်းရှိလက်နက်သန့်စင်ရေး အကြီးအကဲဆီသွားကာ လက်နက် သွန်းလောင်းဖို့ရာ အကူအညီတောင်းကြည့်ရမည်။

နှစ်တစ်ထောင် စိတ်ဝိဉာဉ်နှင်းစက်များအတွက် မူပြောစရာပင်မလိုတော့။ အခုရသည့်အစက်၂၀ နှင့်ပေါင်းလျှင် စုစုပေါင်း အစက် ၅၀ ရှိပြီဖြစ်သည်။

အခုချိန်အထိ လုရီမှာ နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက်တို့အား အသုံးပြုခဲ့ရာ သူ၏ ကျင့်ကြံရေးအဆင့်တက်လာသည်နှင့် လိုအပ်မှုမှာလည်း ပိုတိုးလာသည်။ ဒီနှုန်းနှင့်ဆိုလျှင် နှစ်တစ်ရာစိတ်ဝိဉာဉ်နှင့်ပင် မလောက်တော့ဘဲ နှစ်တစ်ထောင် စိတ်ဝိဉာဉ်နှင်းစက်တို့အား သုံးရန် လိုလာလိမ့်မည်။

အရေးကြီးသည်က နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက်၏ အဓိက တန်ဖိုးမှာ ကျင့်ကြံရေးအတွက်မဟုတ်ဘဲ အရည်အချင်းကို တိုးတက်စေရန်ဖြစ်သည်။

လုရီ အခုတလော နှစ်တစ်ရာနှင်းစက်တို့အား အသုံးပြုလျက် ရှိသောကြောင့်

ကျင့်ကြံရေး အရည်အချင်းမှာလည်း သိသိသာသာ တိုးတက်လာရာ အခုဆိုလျှင် ကန့်သတ်ချက်ကို ရောက်နေပြီမို့ နောက်ထပ် တိုးတက်စရာ မရှိတော့ပေ။

နှစ်တစ်ထောင် စိတ်ဝိဉာဉ် နှင်းစက် များကို အသုံးပြုခြင်းက သူ၏ အရည်အချင်းကို ဆက်၍ တိုးတက်ကောင်း တိုးတက်စေနိုင်သည်။

ကျန်ရှိနေသည့် နှစ်တစ်ရာ စိတ်ဝိဉာဉ်နှင်းစက်တို့အား အဘိုးကြီးလုနှင့် သူ့အမေ၏

ကျင့်ကြံရေး တိုးတက်ဖို့အတွက် ယူသွားပေးဖို့ အကောင်းဆုံး ဖြစ်လိမ့်မည်။

လုရီ ဆုများအား သိုလှောင် လက်စွပ်ထဲသို့ထည့်ကာ ပိုင်ယွီလုံ၊ ကျန့်ဖန်နှင့်အတူ ရယ်ရယ်မောမော စကားပြောရင်း ဂိုဏ်းသို့ပြန်လာတော့သည်။

-----------------

အခန်း ၇၄ : နတ်ဆိုးကျင့်ကြံသူများ...

~တစ်ရက်တာကုန်လွန်ပြီး ညနက်တစ်ခုတွင်ဖြစ်သည်။

လုရီနှင့် အဖော်နှစ်ယောက်မှာ ကျက်တီးမြေတစ်ခု၌ စခန်းချကာ ပိုင်ယွီလုံမှာ မီးမွှေးရန် ထင်းရှာနေသည်။

ထို့နောက်သူက ကျန့်ဖန်နှင့်အတူ ထိုင်ချပြီး လုရီအား မျှော်လင့်တကြီး ကြည့်နေကြသည်။

သူတို့၏ မျှော်နေသော မျက်နှာများကို

ကြည့်ပြီး လုရီ ပြုံးလိုက်ကာ

“ ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်စားကြတာပေါ့ “

ပိုင်ယွီလောင်းက ပျော်ရွှင်စွာရယ်လိုက်သည်။

“ အငယ်တန်းညီကို လုဆီက စွပ်ပြုတ်ကလေးကို မျှော်နေတာ။ ဒီရက်ပိုင်း နန်းတော်မှာစားခဲ့းတဲ့ စွပ်ပြုတ်တွေက စားချင်စရာသိပ်မကောင်းဘူး “

ကျန့်ဖန်ကလည်း တံတွေးမြိုချကာ ပြောလိုက်သည်။

“ အငယ်တန်းညီကိုလုက ကျင့်ကြံရေးမှာ ထူးချွန်ပြောင်မြောက်ရုံတင်မကဘူး စိတ်ဝိဉာဉ်ချက်ပြုတ်တဲ့ အရည်အချင်းကလည်း သာမန်လူတွေထက်တောင် အများကြီး သာလိုက်သေး။ အရင်လတွေက ညီကိုလုပေးတဲ့ စွပ်ပြုတ်တွေက တော်တော်လေး သက်ရောက်မှုရှိတယ် “

လုရီကပြုံးကာ

“ ကျွန်တော် ဒီစိတ်ဝိဉာဉ်အစားအစာ တစ်မျိုးပဲ ချက်တတ်တာ နှမြောစရာပဲ။ မဟုတ်ရင် တခြား အစားအစာတွေပါ လုပ်ကျွေးလို့ရမှာ “

ပြောနေရင်း လုရီက ကျားရိုးစိတ်ဝိဉာဉ်

ဂျင်ဆင်း စွပ်ပြုတ် တစ်ပန်းကန်စီ ပေးလိုက်၏။

“ ဒီစွပ်ပြုတ်က ခန္ဓာကိုယ်သန့်စင်တဲ့ အရှိန်ကိုမြှင့်တင်ပေးလို့ တော်တော်လေးကောင်းနေပါပြီ “

ပိုင်ယွီလုံက အသိအမှတ်ပြုသည်။

“ ပိုင်ယွီလုံ ပြောတာ မှန်တယ်။ အခုဆို

ငါ့ရဲ့ ခန္ဓာချီသန့်စင် သိုင်းပညာက အခြေခံအောင်မြင်မှု အဆင့်ကိုရောက်နေရတာ ညီကိုလုပေးတဲ့ စွပ်ပြုတ်ကြောင့်လည်း ပါတယ် “

ကျန့်ဖန်က ခေါင်းညိတ်ကာ ဆိုသည်။

လုရီက ရယ်လိုက်ပြီး

“ ပူတုန်းလေး သောက်လိုက်ကြပါဦး “

နှစ်ယောက်သား စကားပြောမနေကြတော့။

ဒီအတောအတွင်း လုရီက သူတို့အား ရံဖန်ရံခါ အထူးအစားအစာများကျွေးသည်မို့ စိတ်ထဲက ကျေးဇူးတင်ရသည်။

ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ စွပ်ပြုတ်အားသောက်လိုက်ကြ၏။

ထိုအချိန်မှာပဲ လုရီ သူ၏ ဘယ်ဖက်သို့ အာရုံစူးစိုက်လိုက်သည်။

မှောင်မိုက်နေသော ညနက်ထဲတွင် ညရောင်တို့က ထွန်းလင်းနေသည်မို့ မြေကြီးကို မြင်နေရ၏။

လုရီ၏ မျက်နှာထားကို မြင်သည့် ကျန့်ဖန်က မျက်မှောင်ကြုံ့ကာ မေးလာသည်။

“ ဘာဖြစ်လို့လဲ အငယ်တန်းညီကို “

လုရီ၏ မျက်နှာမှာ ပိုလေးနက်လာကာ ပြောသည်။

“ တစ်ယောက်ယောက် လာနေတယ် “

ဒါကိုကြားသည့် ပိုင်ယွီလုံမှာ သောက်နေသော စွပ်ပြုတ်ကိုချကာ လုရီစိုက်ကြည့်နေသည့် နေရာသို့ ကြည့်လိုက်သည်။

ထိုအချိန်မှာပဲ ကြမ်းကြုတ်သည့် အဝေးမှ အရှိန်အဝါတစ်ခုက မြန်ဆန်စွာ ချဉ်းကပ်လာလေသည်။

အရှိန်အဝါမှာ အင်မတန်အားပြင်းလှသည်ဖြစ်ရာ ကျန့်ဖန်နှင့် ပိုင်ယွီလုံတို့၏ မျက်နှာမှာ ပြောင်းလဲသွားပြီး လုရီသည်ပင်

မျက်မှောင်ကြုံ့လိုက်မိသည်။

သေစမ်း သူတို့ကံက ဒီလောက်တောင်ဆိုးနေတာလား။

တာဝန်ထမ်းဆောင်နေရင်း အားကြီးတဲ့လူနဲ့ဆုံရတယ်လို့။

ဒါ့အပြင် အရှိန်အဝါကို ကြည့်ရလျှင် သူတို့၏ အဆင့်လောက်ရှိသော နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်ရမည်။

ကျန့်ဖန် အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။

“ ပြေးတော့ “

ချက်ချင်းဆိုသလိုပဲ သုံးယောက်သား အလင်းအသွင်သို့ပြောင်းပြီး အဝေးသို့ရှောင်ဖယ်လိုက်ကြသည်။

သို့သော် ထိုကြောက်စရာကောင်းသည့် အရှိန်အဝါမှာ အချိနိတိုအတွင်းမှာပဲ သူတို့ကိုကျော်တက်ကာ သွေးနီရောင် အလင်းတန်းတစ်ခုက ရှေ့သို့ရောက်လာ၏။

သုံးယောက်လုံးရပ်လိုက်ကြပြီး ရှေ့တွင်ပေါ်လာမည့်လူကို သတိနှင့်ကြည့်လိုက်ကြသည်။

သွေးနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သုန်မှုန်နေသည့် မျက်နှာထားဖြင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်ထံမှ ပြင်းထန်သော သွေးညှီနံ့တို့ ထုတ်လွှတ်နေသည်။

ထို သွေးနံ့မှာ လုရီ မိုဟဲတိုင်းပြည်တွင် တိုက်ခိုက်ခဲ့သော နတ်ဆိုးကျင့်ကြံသူကို အမှတ်ရစေသည်။

အတော်လေးဆင်ပြီး ပိုပြင်းထန်သည့်် အနံ့ပင်။

လုရီ ထုံပေပေဖြစ်သွားရ၏။

ဒီ နတ်ဆိုးကျင့်ကြံသူတွေက သာမန်ပဲလို့မပြောလိုက်ဘူးလား။

ဒီလူတွေ ဘာဖြစ်နေကြတာလဲ။

ပိုင်ယွီလုံမှာ ဖြူဖျော့သွားပြီး လက်ထဲရှိ ဓားကို တင်းတင်းဆုပ်လျှက် အံကြိတ်ကာ

“ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း

အမြင့်ဆုံးအဆင့်လား “

ကျန့်ဖန်မှာလည်း ဒုက္ခရောက်သည့်ပုံနှင့် မျက်ခုံးများ တွန့်ချိုးထားကာ

“ ဒီလူရဲ့ အရှိန်အဝါက အတိအကျကို နတ်ဆိုးကျင့်ကြံသူလိုပဲ… “

သက်လတ်ပိုင်းအရွယ်အမျိုးသားသူတို့ သုံးယောက်အားကြည့်ကာ အေးစက်သော လှောင်ပြုံးဖြင့်ပြော၏။

“ ပြေးမလို့လား၊ ပြေးလေ ဆက်ပြေးကြ “

ပိုင်ယွီလုံက တောင်းပန်လာသည်။

“ စီနီယာကြီး ကျွန်တော်တို့က တိမ်ဖြူအတွင်းဂိုဏ်းက ဂိုဏ်းသားတွေနော်။ ကျွန်တော်တို့ရဲ့ အကြီးအကဲတွေ၊ သခင်တွေ အကုန်လုံးက အားကောင်းတဲ့ ရွှေအူတိုင်အဆင့်နဲ့ အခြေတည်ဝိဉာဉ်အဆင့်တွေချည်းပဲ။ ကျွန်တော်တို့ကို တစ်ခုခုလုပ်တာနဲ့ အကြီးအကဲတွေက ခင်ဗျားကို ဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူး “

သက်လတ်ပိုင်းအရွယ်အမျိုးသားက အေးဆေးစွာရယ်လိုက်သည်။

“ တိမ်ဖြူဂိုဏ်းဆိုတော့ ဘာလုပ်ရမှာလဲ။ သေချာလေး လက်စတုန်းလိုက်ရင် ငါမှန်းဘယ်သူက သိမှာတဲ့လဲ “

ထို့နောက်သူက သွေးစွမ်းအင်တို့အား လှည့်ပတ်စေကာ သူတို့သုံးယောက်နားတွင် ကာရံထားလိုက်သည်။

“ မင်းတို့က ဘာလို့ဝင်ရှုပ်တာလဲ။ သွေးရုပ်သေးရုပ်ကို ဖန်တီးရတာ ဘယ်လောက်ခက်လဲဆိုတာမင်းတို့သိလား၊ ငါ့အတွက် သွေးရုပ်သေး သုံးရုပ် ဖန်တီးနိုင်ဖို့ နှစ်ပေါင်း နှစ်ရာ့သုံးဆယ်လောက် အချိန်ယူခဲ့ရတာကို မင်းတို့က တစ်ရုပ်ကို ဖျက်ဆီးရဲတယ်ပေါ့ “

ပြောနေရင်း သက်လတ်ပိုင်းအရွယ်လူကြီးမှာ ရှေ့သို့တိုးလာရာ အရှိန်အဝါသည်လည်း ပိုအားပြင်းလာသည်။ ကျန့်ဖန်၏ အမူအရာမှာပြောင်းလဲသွားကာ အဆောင်လက်ဖွဲ့တစ်ခု လက်ထဲတွင်ပေါ်လာခဲ့သည်။ ဒါကိုမြင်သည့် ထိုနတ်ဆိုးကျင့်ကြံသူမှာ မျက်လုံးကိုမှေးကျဉ်းလိုက်ကာ ဆက်ပြောသည်။

“ သွေးရုပ်သေး တစ်ရုပ် မရှိတော့တာနဲ့ ငါရွှေအူတိုင်အဆင့်ကိုတက်ဖို့ သွေးတွေရှာဖို့ ခက်ခဲသွားတယ်ဆိုတာ မင်းတို့ သိရဲ့လား “

“ ချီသန့်စင်နယ်ပယ် အဆင့်လောက်ရှိတဲ့ ကောင်တွေက ငါ့ကိုပြဿနာတက်အောင်လုပ်ရဲတာ တိမ်ဖြူဂိုဏ်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မင်းတို့ဒီနေ့သေရမယ် “

ပြောရင်းဖြင့် ထိုလူမှာ သွေးမြူတို့ စီးဆင်းစေပြီး လုရီတို့သုံးယောက်ဆီ ဦးတည်ပြေးလာ၏။

ကျန့်ဖန်က လက်ထဲရှိ အဆောင်လက်ဖွဲ့အား ဖြန့်ကျဲလိုက်ရာ ရေအတားအဆီးအဖြစ် ပြောင်းလဲသွားပြီး သုံးယောက်စလုံးကို လွှမ်းခြုံပေးလိုက်သည်။

ဝုန်း....

သွေးမြူတို့မှာ ရေအတားအဆီးနှင့် တိုက်မိပြီး ထစ်ချုန်းသံမြည်ဟီးကာ ရေအတားအဆီးအလွှာမှာ စုတ်ပြဲသွားသော်လည်း အောင်မြင်စွာ တားလိုက်နိုင်ပေသည်။

ကျန့်ဖန်က ပြောသည်။

“ ရေအတားအဆီးအလွှာက အကြာကြီး ထိန်းထားနိုင်မှာမဟုတ်ဘူး “

ပိုင်ယွီလုံမှာ ထိတ်လန့်သွားပြီး

“ ငါတို့ဘာလုပ်ကြမလဲ “

တည်ငြိမ်နေသော လုရီမှာ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

သူ အရေးကြီးသည့်ပြဿနာတစ်ခုကို သတိထားမိသောကြောင့်ပင်။

သူတို့အရှေ့ရှိ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူမှာ အလွန်အားပြင်းသော်လည်း လုရီအနေဖြင့် ကြောက်စရာကောင်းသည့် အရှိန်အဝါကို ခံစားမနေရပေ။

ဘာတွေဖြစ်နေတာလဲဟ။

သူက အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုက်နိုင်တဲ့အထိ အားကောင်းနေတာလား။

လုရီ မသေချာ မရေရာသလို ခံစားလိုက်ရသည်။ သူ့ကိုယ်သူအရမ်းများအထင်ကြီးမိသွားတာလား။

---------------

အခန်း ၇၅ - ဓားရှည်တစ်လက်ရဲ့ ပြောင်မြောက်မှု...

~သို့သော်…

လုရီ က သူ့ဘေးရှိ ကျန့်ဖန်နှင့် ပိုင်ယွီလုံအား

ကြည့်လိုက်သည်။

ရိုးရိုးသားသားဝန်ခံရလျှင် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ကယ် နောက်ဆုံးအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရာ၌ သူသိပ်မတုန်လှုပ်မိပေ။

ခရမ်းရောင်ကျောက်စိမ်းခေါင်းလောင်းနှင့် စိတ်ဝိဉာဉ်ကျောက်စိမ်းမှန် နှစ်ခုနှင့်ပင် ထိုနတ်ဆိုးကျင့်ကြံသူ မနက်ကနေညအထိ ထိုင်တိုက်လျှင်တောင် လုရီ ခုခံမှုကို မဖျက်ဆီးနိုင်။

သူ၏အနေအထားမှာ အရေးသာသောအနေအထားတွင် ရှိသည်။

ထို့အပြင် သူ့တွင် ကျောက်စိမ်းဖြူလှေနှင့် မိုင်ထောင်ချီ အဆောင်လက်ဖွဲ့လည်းရှိသည်။ ထိုလူအား အနိုင်မတိုက်နိုင်လျှင်တောင် ထိုနတ်ဆိုးကျင့်ကြံသူ က သူတို့အား မဖမ်းချုပ်ထားနိုင်ပေ။

ပြဿနာမှာ သူ့ညီကို ကျန့်ဖန်နှင့် ပိုင်ယွီလုံဖြစ်သည်။

သူတို့ရှေ့တွင် ဝှက်ဖဲတွေ ထုတ်သုံး၍မဖြစ် မဟုတ်လျှင် ရှင်းပြရခက်ကုန်လိမ့်မည်။

လုရီ တစ်ခဏမျှစဉ်းစားပြီး ပြောလိုက်၏။

“ ညီကိုတို့ ကျွန်တော့်မှာ တောင်ထိပ်သခင်မကပေးထားတဲ့ ခုခံရေးဝှက်ဖဲပစ္စည်းတွေ ရှိတယ်။ ကျွန်တော် ဒီမှာ ထိန်းထားတုန်း ညီကိုတို့က အရင်ထွက်သွားနှင့်တော့ “

ဒါကိုကြားသည့် ကျန့်ဖန်နှင့် ပိုင်ယွီလုံမှာ ခေါင်းကို တစ်ချိန်တည်း ခါလိုက်ကြသည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

ပိုင်ယွီလုံက ပြောသည်။

“ အငယ်တန်းညီကိုလုကို ဘယ်လိုလုပ် ဒီမှာတစ်ယောက်တည်း ထားခဲ့ရမှာလဲ “

“ ဟုတ်တယ် ညီကိုလု “

ကျန့်ဖန်က ထောက်ခံသည်။

“ ညီကိုက ငါတိို့နဲ့ ပညာချင်းလည်းဖလှယ်ပေးသလို ကျားရိုးစိတ်ဝိဉာဉ်စွပ်ပြုတ်ပါတိုက်ပြီး ကောင်းပေးခဲ့တာ။ ဘယ်လိုလုပ် ဒီလိုကျေးဇူးကန်းရမှာလဲ။ မဖြစ်နိုင်တာ လုံးဝမလုပ်ဘူး။ ငါ ကျန့်ဖန်က ဒီလိုလူမျိုးလား။ သူ့ကို ခဏတော့ ထိန်းထားလို့ရမဲ့ ပစ္စည်းအချို့ရှိပါသေးတယ် “

နှစ်ယောက်လုံးက လုရီအား ဆုံးဖြတ်ချက်ခိုင်မာသည့် အကြည့်တို့ဖြင့်ကြည့်နေကြသည်။

လုရီခဏမျှ ရပ်ကာ မျက်နှာရှုံ့မဲ့သွားရသည်။

ဒီညီကိုတွေက တော်တော်လေးကို နည်းလမ်းကျနေတော့တာပဲ။ ဒါပေမဲ့ အစ်ကိုတို့သာထွက်သွားရင် ကျွန်တော့်အတွက် ပိုကောင်းမှာလေ..

လုရီ စကားပြောဖို့လုပ်နေတုန်းမှာပဲ သက်လတ်ပိုင်းအရွယ် နတ်ဆိုးကျင့်ကြံက အေးစက်စွာရယ်လိုက်ကာ

“ ထွက်သွားမယ် ဟုတ်လား။ မင်းတို့ထဲကတစ်ယောက်မှ ဘယ်မှ သွားလို့ မရစေရဘူး”

ထို့နောက် ထိုလူက သူ့လက်ကို လှုပ်ရှားလိုက်ရာ သွေးနီရောင်အလံ တစ်ခုပေါ်လာပြီး မြေကြီးကို ထုတ်လိုက်ရာ သိပ်သည်းဆပြင်းသော သွေးမြူတို့ ပြန့်ကျဲသွားပြီး လေးယောက်စလုံးကို ဖုံးအုပ်သွားသည်။

ထိုသွေးမြူတို့မှ ထွက်ပေါ်မှာသော အော်သံများကြောင့် ကျန့်ဖန်နှင့်ပိုင်ယွီလုံတို့မှာ မူးဝေသွားရ၏။

သူတို့၏ မျက်နှာများမှာ ပျက်ယွင်းသွားကြလေပြီ။

“ ငါတို့တွေ ပိတ်မိနေပြီပဲ “

“ ဘာလုပ်ကြမှာလဲ “

အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် နတ်ဆိုးကျင့်ကြံသူမှာ အေးစက်စွာရယ်လိုက်ပြီး လက်ဟန်တစ်ခု ထုတ်ဖော်ကာ သွေးနီရောင် အလင်းတန်းတို့က မြူငွေ့တွေကြားက တဆင့် ရေအတားအဆီးအလွှာအား ထိမိကာ ကျယ်လောင်သော အသံတို့ထွက်ပေါ်လာသည်။

ရေအတားအဆီးအလွှာမှာ အဆက်မပြတ်လှုပ်ခါလာပြီး မကြာခင်မှာပဲ ပြိုကျတော့မလိုဖြစ်နေသည်။

ဒါကို မြင်သည့် လုရီမှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။

ကြည့်ရတာ သူ့ညီကိုတွေ ထွက်ပြေးလို့ မရတော့သည့် အခြေအနေပင်။

လုရီ စိတ်ထဲမှ ရေရွတ်လိုက်သည်။

“ ငါ့ရှေ့က နတ်ဆိုးကျင့်ကြံသူကို သတ်ရမယ် “

[တာဝန်]

အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အဆင့်၁၀ နတ်ဆိုးကျင့်ကြံသူအား သတ်ပါ။ (၀/၁)

ဆုလာဘ် : အစစ်အမှန် ဖော်ပြချက် အခြေခံ အခင်းအကျင်း

လက်ခံမည်လား : လက်ခံမည်/ လက််မခံပါ။

လုရီမှာ အခြားသော ကျင့်ကြံရေးစွမ်းရည်တစ်ခုကို မမျှော်လင့်ထားသည်မို့ အံ့ဩသွားရသည်။

သူအရင်က စိတ်ဝိဉာဉ်အစားအစာ ချက်ပြုတ်ရေးနည်းလမ်းနှင့် စိတ်ဝိဉာဉ်ဝိုင်ဖျော်စပ်ရေးနည်းလို ကျင့်ကြံရေးစွမ်းရည် တွေကို အရင်က ရရှိပြီးခဲ့ပြီမလား။

သို့သော် ထိုအရာများနှင့်ယှဉ်လျှင် “တည်ဆောက်ပုံ” များမှာ ထိုစွမ်းရည်များ

နှင့် ကွာခြားပြီး နှစ်ခုစလုံးက နာမည်ကြီးပြီး ကျင့်ကြံရေးသိုင်း စနစ််များနှင့် လက်တွေ့လုပ်ဆောင်ရသည့်အရာများဖြစ်သည်။

ကျင့်ကြံရေးရတနာများအား ဖန်တီးရန်အတွက် “တည်ဆောက်ပုံ” အခြေခံဗဟုသုတများ လိုအပ်လေသည်။ ကြီးမားသည့် အခင်းအကျင်းများ ဆောက်လုပ်ရာ၌ တည်ဆောက်ပုံများ လိုအပ်သည်။

အချို့သော ရှေးဟောင်း အမွေအနှစ်များတွင် ပင် တည်ဆောက်ပုံတို့ ပါဝင်နေ၏။

ထို ရှေးဟောင်းအမွေအနှစ်များမှ ရင်းမြစ်များနှင့် ရတနာများရယူနိုင်ရန်အတွက် ထို တည်ဆောက်ပုံ အသိပညာများကို နားလည်ထားရန်လိုပေသည်။

ဤဆုမှာ အတော်လေးကောင်းသည်ဟု ပြောလို့ရသည်။

လုရီ တာဝန်ကို ပျော်ရွှင်စွာ လက်ခံလိုက်သည်။

“ အငယ်တန်းညီကိုလုက ဒီလိုအချိန်မှာ ပြုံးနေနိုင်တာလား “

လုရီ၏ ပျော်ရွှင်နေသော မျက်နှာကို

မြင်သည့် ဖြူဖျော့နေသော ပိုင်ယွီလုံက အော်ပြောလိုက်သည်။

နတ်ဆိုးကျင့်ကြံသူက လုရီကို ကြည့်ပြီး အေးစက်စက် ရယ်လိုက်ကာ

“ သေလုဆဲဆဲ ဖြစ်နေတာတောင် လျစ်လျူရှုရဲတယ်ပေါ့ “

ထိုအချိန်မှာ အားကို ပိုတင်လိုက်ရာ ရေအတားအဆီးမှာလည်း ပိုမို မှေးမှိန်လာလေသည်။

ဒါကိုမြင်သည့် ကျန့်ဖန်မှာ ခဲတောင့်သွားရသည်။ သူကနောက်ထပ် အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ကာ ပြောလိုက်၏။

“ ငါ့မှာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် နောက်ဆုံးအဆင့် ယူရွှေ့ဓားရှည်အဆောင်ရှိတယ်။ ရေအတားအဆီးအလွှာ ပျက်သွားတဲ့အချိန် အဲ့အဆောင်ကို သုံးပြီးတာနဲ့ ပြေးကြမယ် “

ထိုအခါ ပိုင်ယွီလုံကလည်း ပြောလာသည်။

“ ငါ့မှာလည်း အဲ့ခွေးမသားကို အချိန်ခဏလောက်တားနိုင်မဲ့ အခြေခံ အုတ်မြစ်တည်ထောင်ခြင်းနောက်ဆုံးအဆင့် မုန်တိုင်း အဆောင်ရှိတယ်။ ခဏနေကျ အတူတူသုံးကြတာပေါ့။ အငယ်တန်းညီကိုလုရီက မြန်တာဆိုတော့ ငါတို့ကို စိတ်မပူဘဲ မြန်မြန်ပြေးသာ ပြေးတော့ “

ကျန့်ဖန်က ခေါင်းညိတ်ကာ ပြန်ပြောသည်။

“ မင်း ပြောတာ မှန်တယ် “

ဒါကို ကြားသည့် လုရီက ပေါ့ပေါ့လေး ရယ်လိုက်ကာ

“ ညီကိုတို့ မစိုးရိမ်ပါနဲ့… အဲ့အဆောင်တွေက မလိုတာမလို့ သိမ်းထားလို့ရတယ် “

ဒါကို ကြားသည့် နှစ်ယောက်မှာ ရှုပ်ထွေးသွားပြီး လုရီအား နားမလည်သလို ကြည့်လာကြသည်။

လုရီ ဘာမှ ဆက်မပြောပါ။

ထို့နောက် လက်ကို ဖြန့်လိုက်ရာ ဝိဉာဉ်စိမ်းဓားရှည် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိဉာဉ် စွမ်းအင်တို့ စီးဆင်းလာ၏။

သူ့တွင် ရှိသမျှ အစွမ်းအကုန်ကို တစ်ခါမှ ထုတ် မစမ်းသပ်နိုင်ခဲ့သော်လည်း အခု

အခွင့်အရေး ရပြီမို့ ကွက်တိပင်။

တိမ်ဖြူချီသန့်စင်သိုင်းပညာ၏ နောက်ဆုံးကန့်သတ်ချက်အဆင့်ကို အသက်သွင်းလိုက်ပြီး စိတ်ဝိဉာဉ်အရည်တို့အား လှည့်ပတ်စေလိုက်ရာ ခန္ဓာကိုယ်ထဲတွင်် လှိုင်းပမာရိုက်ခတ်သွားပြီး စိတ်ဝိဉာဉ်ဖိအားတို့မှာလည်း ဖြည်းဖြည်းချင်း ထွက်ကြလာသည်။

ပိုင်ယွီလုံနှင့် ကျန့်ဖန်တို့၏ မျက်နှာအမူအရာမှာ ပြောင်းလဲကုန်ကြပြီ ဖြစ်သည်။

သူတို့က လုရီအား မယုံကြည်နိုင်စွာ ကြည့်ပြီး ဆံပင်တွေပါ ထောင်ကုန်ကြသည်။

“ ဒီအရှိန်အဝါက ဘာကြီးလဲ “

“ လု… အငယ်တန်းညီကိုလု ဆီကလား “

သူတို့ရှေ့ရှိ လုရီဆီက ကြောက်စရာကောင်းစွာ ထုတ်လွှတ်လာသည့် အရှိန်အဝါမှန်း သူတို့မယုံနိုင်ကြပေ။

စိတ်ဝိဉာဉ်ဖိအားတို့မှာ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် နောက်ဆုံး

အဆင့် နတ်ဆိုးကျင့်ကြံသူလောက် ကြောက်မက်ဖွယ် မကောင်းလှသော်လည်း သိပ်တော့ နောက်ကျကျန်မနေပေ။

လုရီက ဘာမှပြန်မပြောဘဲ ချက်ချင်း ရေအတားအဆီး၏ ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူ၏ဓားချက်မှာ အလွန်အားပြင်းပြီး သိပ်သည်းသောတိမ်များ ရစ်ပတ်နေကာ သွေးမြူတို့အား ဖောက်ထွက်ပြီး နတ်ဆိုးကျင့်ကြံသူကို ထိုးသွင်းလိုက်သည်။

နတ်ဆိုးကျင့်ကြံသူ၏ မျက်လုံးများနှာ အံ့ဩရိပ်တို့ပြည့်နှက်သွား၏။

ချီသန့်စင်နယ်ပယ် အဆင့်၁၀ ကျင့်ကြံသူက ဘယ်လိုလုပ် ဒီလိုကြောက်စရာကောင်းတဲ့ ဓားသိုင်းပညာမျိုး ပိုင်ဆိုင်ထားရတာလဲ။

ထို ဓားသိုင်းပညာမှ ထွက်ပေါ်နေသော

သေစေနိုင်သည့် အရိပ်အငွေ့ကိုပင် သူခံစားလိုက်ရပေသည်

ထို့နောက် လက်ဟန် ထုတ်ဖော်ကာ သွေးနီရောင် အလံမှာ သိပ်သည်းသော သွေးအလင်းတန်းအသွင် ပြောင်းလဲသွားပြီး ချီတိမ်နှင့် ထိတိုက်သည်။

အုံးးးး!!!!!

ပေါက်ကွဲသံကြီး မြည်ဟည်းလာပြီး စိတ်ဝိဉာဉ်စွမ်းအင်တို့မှာ မီတာ တစ်ရာလောက်အထိ နေရာအနှံ့ ပျံ့နှံ့သွား၏။

ချီတိမ်တို့်မှာ သွေးမြူတို့အား ဖောက်ထွက်ကာ နတ်ဆိုးကျင့်ကြံသူဆီ ဦးတည်သွားကြသည်။

နတ်ဆိုးကျင့်ကြံသူ၏ အမူအရာမှာ ပြောင်းလဲသွားပြီး သွေးရောင်အလင်းတန်းအဖြစ်

ပြောင်းကာ အပေါ်သို့တက်ပြီး ထွက်ပြေးသွားတော့လေသည်။

-----------------

All Chapters