← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း၇၉- တောင်ထိပ်သခင်မရဲ့ ဝာာအို ပို့ချချက်...

~ လောလောဆယ် လုရီ ကမ်းလှမ်းနိုင်သမျှသည် နှစ်တစ်ရာဝိညာဉ်နှင်းစက်များဖြစ်သည်။ သူ့တွင် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်များ ပိုများလာသောအခါ၊ သူသည် အဘိုးကြီးလု နှင့် သူ့အမေကို နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ကို ပေးကာ သူတို့၏ ကျင့်ကြံမှုစွမ်းရည်များကို အခြားသော ကောင်းကင်နှင့်မြေကြီးရတနာများနှင့်အတူ တဖြည်းဖြည်း တိုးမြှင့်ပေးရမည်။မသေနိုင်မျိုးများ ဖြစ်လာဖို့က သူတို့အတွက် ပြဿနာမဟုတ်ဟု သူ ယုံကြည်သည်။

လုရီ ကျေနပ်သွားပြီး လုကောင်းယန်နှင့် ဝမ်စီးချီတို့နှင့် အခြားအရာများ အကြောင်း စကားစမြည် ပြောခဲ့သည်။

သူတို့သည် ညဉ့်နက်သည်အထိ စကားပြောကြပြီးမှ လုရီသည် ကျင့်ကြံရန် သူ့အခန်းသို့ ပြန်လာခဲ့သည်။

လုကောင်းယန်နှင့် ဝမ်စီးချီအား နှစ်တစ်ရာ ဝိညာဉ်နှင်းစက်ကို ပေးပြီးနောက် လုရီသည် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ဖြင့် ကျင့်ကြံရန် စီစဉ်ခဲ့သည်။

ယခုက နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ဖြင့် ကျင့်ကြံသည့် ပထမဆုံး အကြိမ်ဖြစ်သည့်အတွက် သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

လက်တစ်ချက် လှုပ်လိုက်သည်နှင့် ကြွေပုလင်းလေး တစ်လုံး လက်ဖဝါးပေါ်ရောက်လာသည်။ ပုလင်းကို ဖွင့်လိုက်သည်နှင့် လုရီသည် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ကို စားသုံးလိုက်သည်။

ခဏအကြာတွင် နူးညံ့သိမ်မွေ့သော်လည်း ကြွယ်ဝသော ဝိညာဉ်စွမ်းအင်သည် လုရီကိုယ်မှ ထွက်ပေါ်လာပြီး ၎င်းကို

'ထူးကဲ 'တိမ်ဖြူချီသန့်စင်သိုင်းဖြင့်ပင် ချက်ချင်း အပြည့်အဝ မစုပ်ယူနိုင်ပေ။

လုရီသည် တိမ်ဖြူချီသန့်စင်သိုင်းကို

' ထူးကဲ 'အဆင့်အထိ ကျင့်ကြံခဲ့သည်

။ သို့ဖြစ်ရာ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရာတွင် တိမ်ဖြူချီသန့်စင်သိုင်း၏ စွမ်းဆောင်ရည်မှာ သမားရိုးကျ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် သိုင်းများထက် များစွာ ပိုမိုအားကောင်းလေသည်။ ဤဝိညာဉ်စွမ်းအင်သည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်ပါသည်။

လုရီသည် စွမ်းအားမိတ်ဆက်ဆုံးဖြတ်ချက်ကို အပြည့်အ၀ ထုတ်ဖော်လိုက်သည်။ သူ့ကိုယ်၌ ဝိညာဉ်စွမ်းအင်များ

တရကြမ်း တိုးဝှေ့လာမှုက သူ့အား

အံ့သြဘနန်း ဖြစ်စေသည်။

တကယ်ပဲ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ဆိုတဲ့ နာမည်နဲ့ ကိုက်ညီပါလား။ ဝိညာဉ်စွမ်းအင် ကြွယ်ဝမှုက နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်ထက် အများကြီးသာတယ်ဟ။

သူသာ ဒီအရှိန်ကို ထိန်းထားနိုင်လျှင် ချီ သန့်စင်နယ်ပယ် အဆင့်၁၀ကနေ အထွတ်အထိပ် ချီ သန့်စင်နယ်ပယ်အထိ ကျင့်ကြံဖို့ အချိန် သုံးလလောက်တောင်

မလိုအပ်နိုင်ပါ။ သူ၏ ယခင် ချီ သန့်စင်နယ်ပယ် အဆင့် ၉ မှ အဆင့် ၁၀သို့ အဆင့်တက်မှုထက်တောင် ပိုမြန်နိုင်ပါသည်။

ချီ သန့်စင်နယ်ပယ် အဆင့် ၁၀၏ အထွတ်အထိပ်သို့ ရောက်သည်နှင့်၊ သူသည် ကောင်းကင်တာအို ကန့်သတ်ချက်ကို ချိုးဖျက်ရန် စတင်စဉ်းစားနိုင်ပါပြီ။

ထိုအချိန်၌ သူ တစ်ခုခုကို သတိရသွားပြန်သည်။

ဟုတ်သည်။ကောင်းကင်တာအို ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ချီ သန့်စင်နယ်ပယ် အဆင့် ၁၁သို့ ဖြတ်ကျော်ရန် တာဝန် မတင်ရသေးဘူးပဲ။

ချီ သန့်စင်နယ်ပယ် အဆင့် ၉နှင့် ချီ သန့်စင်နယ်ပယ် အဆင့် ၁၀သို့ တက်လှမ်းသည့် ယခင် အလုပ်များအတွက် ဆုလာဘ်များသည် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ဖြစ်သည် မဟုတ်ပါလော။

အဟဲဟဲ။

သည်တစ်ခါ ချီ သန့်စင်နယ်ပယ် အဆင့် ၁၁ကို တက်လှမ်းခြင်းအတွက် ဆုလာဘ်က ဘာများ ဖြစ်မလဲ။

... ကောင်းကင်တာအို ကန့်သတ်ချက်ကို ချိုးဖျက်ခြင်းက လူသာမန်တွေ အောင်မြင်နိုင်တဲ့ အရာတော့ မဟုတ်ဘူး။ အမှန်တကယ် ပါရမီပါလှတဲ့ ထူးချွန်သူတွေသာ ဒါကို စီမံခန့်ခွဲနိုင်တာလေ၊ ဆုလာဘ်က အထူး ကောင်းမွန်ရမယ်။...,

လုရီ သည် မျှော်လင့်ချက်အပြည့်ဖြင့် သူ့ရင်ထဲမှ တိတ်တဆိတ် ဟစ်ကြွေးလိုက်သည်။

...ငါ ချီ သန့်စင်နယ်ပယ် အဆင့် ၁၁ကို အဆင့်တက်မယ်...

ချက်ချင်းပင် သူ့ ကျင့်ကြံ‌ခြင်း ဂိမ်းစနစ်မှ

စာသားများ တောက်ပလာသည်။

[တာဝန်]

ချီ သန့်စင်နယ်ပယ် အဆင့် ၁၁ သို့ အဆင့် တက်ရန်။

ဆုလာဘ်- တာအို စွမ်းအားမျှင်

လက်ခံခြင်း- လက်ခံမည်လား/ငြင်းမည်လား။

လုရီသည် အလုပ် မျက်နှာပြင်အား စိုက်ကြည့်ရင်း အံ့အားသင့်သွားသည်။

တာအို စွမ်းအားမျှင်တဲ့လားဟ?

ဒါက ဘာလဲ?

တိမ်ဖြူဂိုဏ်းသည် ကျမ်းမှတ်တမ်းများစွာပိုင်ဆိုင်ထားသည်။ ဂိုဏ်းအကြီးအကဲများ ၏ လမ်းညွှန်မှုနှင့် ငယ်စဉ်ကတည်းက သူ့ကိုယ်ပိုင်လေ့လာမှုများလည်း ရှိခဲ့သည် ဖြစ်ရာ လုရီသည် ကျင့်ကြံမှုအခြေခံ နည်းနာများနှင့် ကောင်းကင်နှင့် မြေကြီးရတနာများအကြောင်း နည်းနည်းပါးပါး သိသည်။

သို့သော် တာအို စွမ်းအားမျှင်သည် လုရီ

မသိကျွမ်းဖူးသော အရာ ဖြစ်သည်။

သို့သော်၊ ကောင်းကင် တာအို၏ အထက်တွင် တာအို ရှိသည်။ လုရီ၏ နားလည်မှုအရ တာအိုသည် ကောင်းကင်တာအိုသည် တာအိုထက် ပိုအားကောင်းသင့်သည်။ ထို့ကြောင့် တာအို စွမ်းအားသည် တာအို စွမ်းအား ကန့်သတ်ချက်ကို ချိုးဖောက်ပြီးနောက် ရရှိသော အလွန် အဖိုးတန်သည့် အရာတစ်ခု ဖြစ်ရမည်။

တာအို စွမ်းအားက ဘာလဲ ဆိုတာကို အတိအကျ နားမလည်ပေမယ့် ထူးခြားသော အရာတစ်ခု ဖြစ်ရမည်။

ဒါက ဘာစွမ်းအားလဲ ဆိုတာကိုတော့ သူ အဆင့်တက်ပြီး အလုပ်တာဝန် ပြီးကာ ဆုလာဘ်ကို ရရှိပြီးနောက် သဘာဝအတိုင်း သိရှိသွားမည် ဖြစ်သည်။

လုရီတစ်ယောက် မျှော်မှန်းချက် အပြည့်ဖြင့် သူ၏ ကျင့်ကြံမှုကို အာရုံစိုက်လိုက်တော့သည်။

...

နောက်တစ်နေ့၌...

လုရီသည် မွန်းတည့်ချိန်ကျမှ

နှစ်တစ်ထောင် ဝိညာဉ် နှင်းစက်ကို အပြည့်အ၀ စုပ်ယူနိုင်ပြီးနောက် မျက်လုံးကို ဖွင့်လိုက်သည်...။

တစ်ခုခု စားရန် ကြံရွယ်ပြီး အပြင်သို့ ထွက်ခဲ့ရာ ပင်မအိမ်မှ ရယ်မောသံများကို ကြားလိုက်ရသည်။

လုရီ ဝင်လာပြီးနောက် လုကောင်းယန်နှင့်

ဝမ်စီးချီသည် အကြီးအကဲ တစ်ဦးနှင့် ဆန့်ကျင်ဘက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ပြင်ပ အလုပ်ရုံခန်းမမှ အကြီးအကဲ ချီဖေးယွီ ဖြစ်ကြောင်း လုရီ မှတ်မိလေသည်။

လုရီ ဝင်လာတာကို မြင်တော့ ချီဖေးယွီ က ထရပ်လိုက်ပြီး ဖော်ဖော်ရွေရွေ ပြုံးကာ ‌နှုတ်ဆက်သည်။

"လုရီ ၊ မင်း ကျင့်ကြံလို့ ပြီးပြီလား"

လုရီက အကြီးအကဲ ချီဖေးယွီအား ကမန်းကတန်း ဦးညွတ်လိုက်ပြီး

" အကြီးအကဲချီ ၊ ဒီကို အလည်လာတာပါလား"

ချီဖေးယွီက ပြုံးပြီး

" လုရီ..နှစ်သစ်ကူးမို့ အလည်လာတာလို့ မင်းအဖေဆီက ကြားတယ်၊ မင်း ကျင့်ကြံနေလို့ မနှောင့်ယှက်ဘဲ မင်းမိဘတွေနဲ့ စကားပြောနေတာလေ..."

တစ်ဖက်မှာတော့ လုကောင်းယန်နှင့်

ဝမ်စီးချီ တို့ဟာ ပြုံးပျော်၍ နေသည်။

သာမာန်အားဖြင့်၊ အကြီးအကဲ ချီဖေးယွီ သည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူများအပေါ်တွင် ခက်ထန်လွန်းသည် မဟုတ်သော်လည်း

ဒီလောက်ကြီး နွေးထွေးနေမည်တော့ မဟုတ်ပေ။

သို့သော်လည်း လုရီက အတွင်းဂိုဏ်းအတွင်း ကျော်ကြားလာသည်နှင့်အမျှ အကြီးအကဲ ချီဖေးယွီ၏ သဘောထားသည် လုကောင်းယန်ကို တန်းတူနီးပါး ဆက်ဆံသည့်တိုင် အခွင့်အရေး ပေးလာသည်။

ဒီပြောင်းလဲမှုတွေ အားလုံးဟာ သားဖြစ်သူ၏ ကျေးဇူးကြောင့် ဖြစ်ပြီး သူတို့စုံတွဲသည် စိတ်ချမ်းသာရပါသည်။

လုရီက တောင်းပန်ရင်း ပြုံးလိုက်ပြီး

"အကြီးအကဲ ချီရောက်နေတာ ကျွန်တော့်အဖေက ကျွန်တော့်ကိုတောင် အသိ မပေးဘူးဗျ"

"အိုးဟိုး..ဘယ်လို လုပ် .. အဲ့လို လုပ်နိုင်မှာလဲ၊ မင်းက ငါတို့ရဲ့ တိမ်ဖြူဂိုဏ်းရဲ့ တန်ဖိုးကြီးတဲ့ ပါရမီရှင်လေးပဲ။ မင်းရဲ့ ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေရင် ငါ အပြစ်ကြီး လုပ်မိသလိုဖြစ်မှာပေါ့ကွ" ဟု အကြီးအကဲ ချီက ခပ်ပြုံးပြုံးနှင့် နောက်သည်။

လုရီက ပြုံးလိုက်ပြီး

"အကြီးအကဲ ချီက မြှောက်နေပြန်ပါပြီ .."

လုရီသည် သူ့အား မြှောက်ပင့်လိုသော အကြီးအကဲ ချီ၏ ဆန္ဒကို ကောင်းကောင်းရိပ်မိသော်လည်း မနေ့ညက သူ့မိဘတွေနှင့်စကားပြောရာမှ အကြီးအကဲ ချီက သူ့မိဘတွေအား ကောင်းကောင်းမွန်မွန် ဆက်ဆံသည်ဟုလည်း သိခဲ့သည်။

သူ့မိဘများသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် ကျင့်စဉ်သာ ရှိသော ဘဏ္ဍာစိုးလေးများ( ဝါ) ကြီးကြပ်ရေးမှူးလေးများသာ ဖြစ်သော်လည်း ယခုအခါ အကြီးအကဲ ချီ၏ ဦးဆောင်မှုအောက်တွင် အလုပ်ရုံ ခန်းမရှိ အကြီးအကဲ အချို့ထက် ပိုမိုမြင့်မားသော အဆင့်အတန်းနှင့် အခွင့်အရေးများကို ရရှိထားကြသည်။

အကြီးအကဲ ချီဖေးယွီ သည် အဘိုးကြီးလု နှင့် သူ့မိခင်အပေါ် ကျေးဇူးပြုခဲ့သည် ဖြစ်ရာ လုရီသည် ၎င်းကို သူ့စိတ်ထဲတွင်

သဘာဝအတိုင်း မှတ်သားထားပြီး အနာဂတ်တွင် ပြန်လည် ကမ်းလှမ်းရန် တေးထားသည်။

သူ၏ စွမ်းအားများ တိုးလာသည်နှင့် တပြိုင်နက် အကြီးအကဲ ချီဖေးယွီအား အခြေတည် ဝိဉာဉ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် အရင်းအမြစ်တချို့ ထောက်ပံ့ပေးရန်က ခက်ခဲမည် မဟုတ်ချေ။

မိတ်ဆွေ များများ ဖွဲ့ခြင်းသည် ရန်သူများ ရှိခြင်းထက် အမြဲတမ်း ပိုကောင်းသည်ဟု သူက ခံယူသည်။

အနာဂတ်တွင်၊ သူသည် အကြီးအကဲ ချီ နှင့်ပင် လက်ရည် ယှဉ်နိုင်ပြီး အဖိုးတန်ပစ္စည်းများကို ရရှိနိုင်သေးသည်။

လုရီ၏ နှိမ့်ချသော သဘောထားကို မြင်လိုက်ရသည်နှင့် အကြီးအကဲ ချီ၏

အပြုံးသည် ပို၍ပင် တောက်ပလာကာ လုရီကို သဘောတကျ ချီးမွမ်းတော့သည်။

သူသည် မသွားမီ လုရီတို့ အိမ်မှာ ညစာပင် စားသွားသေးသည်။

နံရံတိုင်းမှာ နားတွေ ရှိသောကြောင့် လုရီ၏ အိမ်သို့ ခဏ ပြန်လာခြင်းမှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။ လူတွေက သူ့ကို တကူးတက လာတွေ့ခဲ့ကြပြီး အကြီးအကဲ ချီ၏ လည်ပတ်မှုက အစသာ ရှိပါသေးသည်။

---------------

အခန်း ၈၀-တောင်ထိပ် သခင်မရဲ့ ဝာာအို ပို့ချချက်...

~နောက်ရက်များတွင် ဘဏ္ဍာစိုးများနှင့် အကြီးအကဲများသည် လုရီထံ နေ့တိုင်း

လာရောက် လည်ပတ်ကြပြီး အကြီးအကဲ

သုကူးဖန်းပင် တစ်ကြိမ် ရောက်ချလာသေးသည်။

လက်ရှိ လုရီ၏ အနေအထားက အပြင်စည်းဂိုဏ်း ပြိုင်ပွဲတွင် သူ ပထမအဆင့် ရခဲ့သည့် အချိန်နှင့် လုံးဝ မတူညီပါ။

ထိုအချိန်က လုရီအား အခြေတည် ဝိညာဉ်သို့ တက်လှမ်းရန် အလားအလာ ရှိပြီး အနာဂတ်တွင် နတ်ဘုရားအသွင် ပြောင်းလဲခြင်း နယ်ပယ်သို့ပင် ဝင်ရောက်နိုင်မည့်

သင့်တင့်သည့် အရည်အချင်း ရှိသူဟုသာ ထင်ကြေးပေးခဲ့ကြသော်လည်း ယခုအခါမူ ကိစ္စများက ပြောင်းလဲသွားခဲ့သည်။

လုရီသည် တိမ်ဖြူဂိုဏ်း၏ အပြောင်မြောက်ဆုံး အရည်အချင်းအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော လင်းလောင် တောင်ထိပ်သခင်မ၏ စာရင်းသွင်း တပည့် ဖြစ်ခဲ့ပြီး အတွင်းစည်း ဂိုဏ်းထဲသို့ ဝင်ဝင်ချင်းမှာပဲ ချီ သန့်စင််နယ်ပယ် စမ်းသပ် စစ်ဆေးမှုတွင် နံပါတ်တစ် ချိတ်သည်။

ထိုရာထူးကို ကိုင်စွဲထားသည့် အချိန်မှ၍ သူ့အဆင့်အတန်းက အရင်ကနှင့် မတူ၊

လုံးဝ ပြောင်းလဲသွားသည်။

အပြင်စည်းဂိုဏ်း အကြီးအကဲများသည် ရွှေအူတိုင် ပုဂ္ဂိုလ်များ ဖြစ်ကြသည် ဖြစ်ရာ

လုရီလို ပါရမီ ရှိသော တပည့်များနှင့် ဆက်ဆံရေး ထူထောင်လျှင် အနာဂတ်၌ သူတို့အတွက် မလွဲမသွေ အကျိုးကျေးဇူးများ ကြီးကြီးမားမား ရရှိမည် ဖြစ်သည်။

လုရီသည် အစပိုင်းတွင် အကြီးအကဲ

သုကူးဖန်းနှင့် အခြားအကျွမ်းတဝင်ရှိသော အကြီးအကဲ အချို့နှင့် တွေ့ဆုံခဲ့သော်လည်း သူသည် ကျင့်ကြံ နေချင်သည် ဖြစ်ရာဧည့်သည်အရေအတွက် တိုးလာသည်နှင့်အမျှ ထပ်မံတွေ့ဆုံရန် ပျင်းရိနေ၍ ရိုးရှင်းစွာ ပုန်းရှောင်နေပါသည်။

လုရီသည် ထိုသို့ အပြင်ဂိုဏ်း အကြီးအကဲများနှင့် မတွေ့ဆုံချင်သော်လည်း မည်သူမျှ စိတ်မ‌‌ဆိုးကြပါ။ လုရီသည် တိမ်ဖြူဂိုဏ်း၏ ဂုဏ်ထူးဆောင် ဖြစ်ရာ ကျင့်ကြံဖို့က ပထမဦးစားပေး အရာပင် မဟုတ်ပါလား။

အပြန်အလှန်အားဖြင့်၊ လုကောင်းယန်နှင့် ဝမ်စီးချီတို့သည် ပျော်တပြုံးပြုံး ရှိနေကြပါသည်။ ယခင်က သူတို့မှာ သာမန်ဘဏ္ဍာစိုးလေးများသာ ဖြစ်ကြသည်။ ယခုအခါ သူတို့ဆီ အလည်လာသော အကြီးအကဲများသည် ပြုံတိုးကာ သူတို့၏ တံခါးများကို ဖြိုဖျက်လုနီးပါး ဖြစ်နေလေပြီ။ အဆင့်အတန်း မည်မျှ ကွာဟနေပြီလဲ မြင်ယောင်ကြည့်နိုင်ပါသည်။

ထိုသို့ အချိန်တွေက ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကုန်ဆုံးသွားပြီး လုရီ၏ နှစ်သစ်ကို အိမ်မှာပဲ ဖြတ်သန်းခဲ့ပါသည်။ ပွဲတော်ကာလအတွင်း ချီဖေးယွီ နှင့် သုကူးဖန်းနှစ်ဦးစလုံးသည် နှစ်သစ်ကူး ညစာစားပွဲတွင် ပါဝင်ရန် ရောက်လာခဲ့ကြသည်။

နှစ်သစ်ကူးပြီးသည့်နေ့တွင် လုရီအား

လုကောင်းယန်နှင့် ဝမ်စီးချီတို့က လိုက်ပို့ခဲ့ကြသည်။

လုရီက လင်းလောင်တောင်ထိပ် သခင်မ၏ စာရင်းသွင်း တပည့် ဖြစ်နေပြီ ဖြစ်သောကြောင့် နှစ်တစ်နှစ်၏ ပထမဆုံးနေ့တွင် လင်းလောင်တောင်ထိပ် သခင်မအား သွားရောက် ဂါရဝ ပြုရန် လိုအပ်သည်ဟု သူတို့က ဆိုကြသည်။

လုရီက သူ့အိမ်၏ နွေးထွေးမှုကို လွမ်းသော်လည်း ချိုတစ်ချောင်းပါ ဝိညာဉ်သားရဲမြင်းကို စီးကာ အတွင်းစည်းဂိုဏ်းသို့ ပြန်သွားရန်မှတပါး ရွေးချယ်စရာ မရှိပေ။

ချိုတစ်ချောင်းပါ ဝိညာဉ်သားရဲမြင်းအား ဝိညာဉ်သားရဲခန်းမသို့ ပြန်လည် အပ်ပြီးနောက် လင်းလောင်တောင်သို့ ပြန်သွားကာ တောင်ထိပ်သို့ ဦးတည်သွားခဲ့သည်။

လုရီ တက်လာစဉ်' လင်းလောင်တောင်ထိပ် သခင်မ ကို သူ နောက်ဆုံး တွေ့ခဲ့တာ လအတော်ကြာခဲ့ပြီ'ဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။

တစ်ချိန်လုံး အိပ်ငိုက်နေပုံရတဲ့ တောင်ထိပ် သခင်မသည် နှစ်သစ်ကူးကာလမှာလည်း တလျှောက်လုံး အိပ်ပျော်နေဦးမလား ။

အင်း။ ဖြစ်နိုင်သည်။ ဒါဟာ တကယ့်

ဖြစ်နိုင်ချေ တစ်ခုပဲ။

သူသည် နောက်ထပ် အများကြီး မတွေးနေတော့ပါ။ လင်းလောင်တောင်ထိပ် သခင်မ သည် တိမ်ဖြူ ဂိုဏ်းတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး၊ ထို့အပြင်၊ သူ၏ အနာဂတ် ဆရာသမားလည်း ဖြစ်သည် မဟုတ်ပါလား။

မကြာခင်မှာပဲ လုရီဟာ လင်းလောင်တောင်ထိပ်၏ ထိပ်ဆုံးသို့ ရောက်ရှိသွား တော့သည်။

ဆောင်းရာသီတွင်ပင် ဝါးတောသည် စိမ်းလန်းစိုပြည်သော အရှိန်အဝါရှိပြီး အနီးနားရှိ ရေပူ ဝိဉာဉ် စမ်းချောင်းကလေးက အဖြူရောင် မြူခိုးများ ရစ်သိုင်းနေသည်။

ဝါးအိမ်သည် ယခင်ကဲ့သို့ပင် အချိန်ယန္တရားသည် ရပ်တန့်နေသကဲ့သို့ လုရီ နောက်ဆုံး လည်ပတ်ခဲ့သည့် အချိန်နှင့် အတူတူပင်။

လုရီသည် ပတ်ဝန်းကျင်ကို မျက်လုံး ကစားလိုက်ရာ အကြီးတန်းအစ်မ နင်ရွှမ်း သို့မဟုတ် ဒုတိယ အကြီးတန်းညီမ၏ အရိပ်အယောင်ကို မမြင်ရပေ။

...အကြီးတန်းအစ်မ နင်ရွှမ်းက ဂိုဏ်းက ပေးတဲ့ တာဝန်တစ်ခုနဲ့ ထွက်သွားပြီး

ပြန်မလာသေးတာများလား။...

အတွင်းဂိုဏ်းကို ဝင်တာ ကြာပြီဆိုတော့ သူတို့ချင်း တစ်ယောက်နှင့် တစ်ယောက် စကားနည်းနည်းလေးတောင် မပြောတတ်ကြသေးတော့ လုရီသည် အကြီးတန်းအစ်မ နင်ရွှမ်းက တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါ့မလားဟု အဆိုးမြင်သွားသည်။

ဒုတိယအကြီးတန်း ညီမက‌ကျတော့

တံခါးပိတ် ကျင့်ကြံနေပြီး ကောင်းကင် တာအို ကန့်သတ်ချက်ကို ဆန့်ကျင်ပြီး သူမ၏ စွမ်းရည်ကို သွေးနေဆဲ ဖြစ်နိုင်သည်။

အများကြီး သိပ်မတွေးတော့ဘဲ လုရီသည် ဝါးအိမ်ရှေ့တွင် ရပ်ကာ ကြည်လင်စွာ အော်ဟစ်သည်။

" တောင်ထိပ် သခင်မ၊ ဒီတပည့်လုရီက

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းပေးလိုက်ပါတယ်"

...

ဝါးအိမ်အတွင်းမှ မည်သည့့် တုံ့ပြန်သံမျှ ထွက်မလာပေ။

လုရီ ခေတ္တ ရပ်လိုက်ပြီး ထပ်အော်ပြန်သည်။

"တောင်ထိပ် သခင်မ၊ ဒီတပည့်လုရီက

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းပေးလိုက်ပါတယ်"

သူ့အော်သံ ပြီးသွားချိန်မှာတော့ အဖြူရောင် ပုံရုပ်တစ်ခု သူ့ရှေ့မှာ ရုတ်တရက် ဘွားခနဲ ပေါ်လာသည်။

လုရီ လန့်ဖျတ်သွားကာ ကြည့်လိုက်သောအခါတွင် လင်းလောင်တောင်ထိပ် သခင်မပင်။ သူမသည် အဖြူရောင်

ဝတ်စုံကို ဝတ်ထားပြီး သူမ၏ အနက်ရောင်ဆံပင်မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး သူမ ယခုမှ နိုးထလာပုံ ပေါ်သည်။

နီရဲနေသော မျက်လုံးများအား ကျုံ့ကာ သူမက မကျေမနပ် ပြောသည်။

"ဆူညံနေတာပဲ၊ အရိုက်ခံချင်နေတာလား ကောင်လေး..သူများ အိပ်နေတာကို နှောင့်ယှက်နေတယ်!"

လုရီသည် တောင်ထိပ် သခင်မ၏ အကြည့်ကြောင့် အနည်းငယ် ကြောက်သွားသည်။

စင်စစ် ဆိုရသော် သူမသည် အစွမ်းထက်သော ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပါလား။

လုရီက လည်ချောင်းကို ရှင်းထုတ်ပြီး

အမြန် ဖြေရှင်းသည်။

"စာရင်းသွင်းတဲ့ တပည့် တစ်ယောက်အနေနဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်း ပေးဖို့ လာခဲ့တာပါ၊ ကျွန်တော် ခင်ဗျားကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး။ အခု ထွက်သွားတော့မယ်ဗျ"

ထိုစကားကို ကြားတော့ လင်းလောင်တောင်ထိပ် သခင်မ၏ မျက်နှာ အမူအရာ အနည်းငယ် ပျော့ပျောင်းသွားသည်။

သူမည် လုရီကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်တောင်များ ပုတ်ခတ်က

အံ့သြဟန်ဖြင့် ရေရွတ်သည်။

"ချီသန့်စင်နယ်ပယ် အဆင့်၁၀"

လုရီက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး

"မတော်တဆ အောင်မြင်မှုတစ်ခု ရခဲ့တာပါ"

သူ့အဖြေကြောင့် လင်းလောင်တောင်ထိပ် သခင်မ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။

"...တစ်နှစ်ခွဲအတွင်း အဆင့်နှစ်ခုကို ဖြတ်ကျော်နိုင်တာ ကံတရားကြောင့်ဆိုရင် ဒီ

တမိုးအောက်က ကျင့်ကြံသူတိုင်း မသေမျိုး တွေ ဖြစ်လိမ့်မယ် ..,"

လင်းလောင်တောင်ထိပ် သခင်မသည် မေးစေ့ကို ပွတ်သပ်ကာ လုရီကို ခေါင်း

အစ ခြေအဆုံး စေ့စ့စပ်စပ် ကြည့်လိုက်ပြီး လျှာကို ကိုက်လိုက်ကာ

"ကံကြမ္မာ နည်းစနစ်ကို ငါ နည်းနည်းမှ

မသိရင် မင်းကို မသေမျိုးတစ်ပါး ဝင်စားလာတယ်လို့ ငါ ထင်မိလိမ့်မယ်"

လုရီသည် ပါးစပ် အနည်းငယ် တွန့်သွားပြီး

" အဟဲဟဲ၊တောင်ထိပ် သခင်မ ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ"

လင်းလောင်တောင်ထိပ် သခင်မက သဘောကျစွာ ပြုံးပြီး

"မဆိုးပါဘူး၊ မဆိုးပါဘူး။ ဒီအရှိန်ကို ဆက်ထိန်းထားမယ်ဆိုရင် မင်း မင်ယွဲ့လေးထက် စောပြီး ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်ကို ကျော်လွှားနိုင်မှာပဲ"

လုရီက တလေးတစား ဖြေသည်။

"ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်!"

လင်းလောင်တောင်ထိပ် သခင်မက ခေါင်းညိတ်ပြီး

"ဘယ်လိုလဲ၊ ကျင့်ကြံရတာ ချောမွေ့ရဲ့ လား၊ ဘာပဲဖြစ်ဖြစ် မင်း ဒီကို ရောက်နေပြီဆိုတော့ တာအိုနဲ့ ပတ်သက်ပြီး ဉာဏ်ပညာနည်းနည်း ပေးရတာပေါ့.."

ထိုသို့ ကြားသိရသောအခါ လုရီ၏ မျက်လုံးများ တောက်ပလာသည်။

လင်းလောင်တောင်ထိပ် သခင်မသည်

နတ်ဘုရား အသွင်ပြောင်းလဲခြင်း နယ်ပယ်၏ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပါလား။

တောင်ထိပ် သခင်မရဲ့ တာအို ပို့ချမှုက အလုပ်တစ်ခုကို အစပျိုးပေးနိုင်မလား

ငါ စမ်းကြည့်မယ်။

..လင်းလောင်တောင်ထိပ် သခင်မရဲ့

တာအို ပို့ချမှုကို ခံယူချင်တယ်..ဟု သူ့ကိုယ်သူ တိတ်တဆိတ် ကြွေးကြော်လိုက်သည်။

ဂိမ်းစနစ်၌...

[အလုပ်]

လင်းလောင်တောင်ထိပ် သခင်မ၏ တာအို ပို့ချမှုကို ခံယူရန်။

ဆုလာဘ်- ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်း

လက်ခံခြင်း- လက်ခံမည်လား/ငြင်းမည်လား...

ဟူ၍ စာသားများ ပေါ်ထွက်လာသည်။

ဘယ်လို၊ ရုတ်ချည်း ဉာဏ်အလင်းတဲ့လား...

အလုပ်ဆုလာဘ်ကို မြင်တော့ လုရီ အံ့အားသင့်သွားသည်၊ အကြောင်းမှာ

သူ့ဂိမ်းစနစ်ဖြင့်ပင် ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်းအား သူ မကြုံဖူးပါ။

၎င်းက အခွင့်အလမ်းကောင်းများအတွင်း စစ်မှန်သော ပါရမီရှင်များသာ ရံဖန်ရံခါ ဝင်ရောက်နိုင်သော ရှားပါးအခြေအနေ ဖြစ်ပါသည်။

ရုတ်ချည်း ဉာဏ်အလင်း ပွင့်ခြင်းအခြေအနေတွင် လူတစ်ဦးသည် မိမိ၏ မှော်စွမ်းရည်နှင့် အခြားသော ရှုထောင့်များကို နားလည်သဘောပေါက်နိုင်မှု အလွန်ထူးကဲစွာ တိုးတက်လာမည် ဖြစ်ပါပါသည်။

လင်းလောင်တောင်ထိပ် သခင်မကဲ့သို့ပင်။ သူမနှင့် ပတ်သက်သော အလုပ်များသည် အမှန်တကယ် ရက်ရောလှပေသည်။

.. တောင်ထိပ် သခင်မရဲ့ တာအို ပို့ချချက်ကို တစ်ကြိမ်သာ နားထောင်ရုံနဲ့ ရုတ်ချည်း ဉာဏ်အလင်းကို သိမြင်နိုင်မှာလားဟ။

လုရီ အလုပ်ကို စိတ်အားထက်သန်စွာ လက်ခံပြီး လင်းလောင် တောင်ထိပ်သခင်အား ကြည်လင်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ခင်ဗျာ၊"

---------------

အခန်း၈၁- တောင်ထိပ် သခင်မရဲ့ ဝာာအို ပို့ချချက် ...

~ လင်းလောင် တောင်ထိပ် သခင်မသည် လုရီ၏ ရွှင်လန်းသော အမူအရာကို မြင်ပြီး ရင်တွင်း၌ ကျေနပ်အားရစွာ ခံစားလိုက်ရသည်။ သူမ၏ ပို့ချချက်များက

လူတိုင်း နားထောင်နိုင်သော အရာ မဟုတ်ပေ။ ဤကလေးသည် သူမ၏ တန်ဖိုးကို အမှန်တကယ် နားလည်ပေသည်။

"လာ.. အထဲကို.. "

လင်းလောင် တောင်ထိပ် သခင်မက လုရီကို ဝါးအိမ်၏ ဧည့်ခန်းထဲသို့ ခေါ်သွားပြီး သူတို့နှစ်ယောက်လုံး တင်ပျဉ်ခွေထိုင်ကာ ပို့ချမှုကို စတင်တော့သည်။

လုရီက ဂရုတစိုက် နားထောင် နေသည်။

တောင်ထိပ် သခင်မက လုရီအား

ချိီ သန့်စင် နယ်ပယ်၏ အခြေခံ အချက်များ အပါအဝင် ကောင်းကင်တာအိုမှ ချမှတ်ထားသော ကန့်သတ်ချက်များကို မည်ကဲ့သို့ ဖြတ်ကျော်ရမလဲ..ဆိုသည်ကို ရှင်းပြကာ သူမ ဖြတ်ကျော်ခဲ့ရသည့် အချိန်က သူမ၏ ကိုယ်ပိုင် အသိဥာဏ်အချို့ကိုလည်း မျှဝေခဲ့သည်။

လုရီသည် အသိသညာအများကြီး တိုးလာသလို ခံစားရသည်။

သူ့ကိုယ်ပိုင် ချိီ သန့်စင် နယ်ပယ်ရှိ ချို့ယွင်းချက်များကို ပြတ်ပြတ်သားသား မြင်လာနိုင်ပြီး ၎င်းတို့ကို မည်ကဲ့သို့ ပြုပြင်ရမလဲ ထိုးထွင်းသိလာနိုင်သည်။

ဤသို့ဖြင့် တောင်ထိပ် သခင်မသည် တစ်မနက်လုံးနီးပါး သင်ကြားပို့ချခဲ့သည်။ သူမသည် ရေငတ်ပြီး ပါးစပ်ခြောက်သလိုပင် ခံစားခဲ့ရသည်။

လက်တစ်ချက် အဝှေ့၌ သူမ၏ လက်ထဲသို့ လေထဲမှ ယွီလန်း ဝိုင်တစ်ပုလင်း ရောက်ရှိလာသည်။

တစ်ငုံ သောက်ပြီးသည်နှင့် အခန်းထဲမှာ ဝိုင်အမွှေးအကြိုင်ရနံ့ဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် တောင်ထိပ် သခင်မက ပါးစပ်ကို ဖွင့်လာသည်။

"ကောင်းပြီ၊ ငါတို့ ဒီမှာ ရပ်လိုက်မယ်။ မင်းမှာ မေးစရာတွေ ရှိသေးလား"

လုရီက ခဏမျှ တွေးပြီး ခေါင်းခါလိုက်သည်။

တောင်ထိပ် သခင်မက အရာအားလုံးကို အလွန်မှ ရှင်းလင်းစွာ ရှင်းပြလိုက်သည်ပင်။

ထို့အပြင်၊ သူသည် မှော်စွမ်းရည် အများအပြားကို ကန့်သတ်ချက်အထိ ကျင့်ကြံထားသောကြောင့် သူ၏အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာသည်။

သူ့အား လမ်းညွှန်ချက်တစ်ခု ပေးလိုက်လျှင် နားလည်သဘောပေါက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လွယ်ကူစွာ ကျင့်သုံးရန် လုံလောက်ပါသည်။

ရုတ်တရက် လုရီ မေးလိုက်သည်။

"အိုး..တောင်ထိပ် သခင်မ..ကျွန်တော့်ကို ဓားတာအို အကြောင်း သင်ပြလို့ရမလား၊ ကျွန်တော့်ရဲ့ ဓားစိတ်ဆန္ဒက အဟန့်အတားမှာ ရောက်ပြီး အချိန်အတော်ကြာအောင်

မတိုးတက်သေးဘူး ဖြစ်နေတယ်ဗျ"

တကယ်တော့ လုရီ၏ ဓားစိတ်ဆန္ဒက

စီနီယာအစ်ကို ပိုင်ယွီလုံနှင့် တိုက်ခိုက်ခဲ့စဉ်က ရရှိခဲ့ခြင်းသာ။သို့သော်လည်း

လုရီ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ၊ စီနီယာ အစ်ကို ပိုင်ယွီလုံသည် အနည်းငယ် နောက်ကျကျန်နေခဲ့ပြီး၊ ကျင့်ကြံခြင်း စနစ်က ပေးသော ဆုလာဘ်များတွင် ဓားစိတ်ဆန္ဒမှာ မပါလာတော့ပေ။

ဒါက သူ့ကို တော်တော်စိတ်ပျက်သွားစေသည်။

ယခု သူ့ဂိမ်းမျက်နှာပြင်၏ အမျိုးအစားခွဲမှုအောက်တွင် သူ၏ လက်ရှိ ဓားစိတ်ဆန္ဒသည် မိုးကြိုး စိတ်ဆန္ဒထက်ပင် တစ်ဆယ် ရာခိုင်နှုန်း နိမ့်ကျနေသည်။

ဒုတိယစီနီယာ ညီမလေးနှင့် စဉ်ဆက်မပြတ် လေ့ကျင့်သောကြောင့်

သူ၏ မိုးကြိုး စိတ်ဆန္ဒမှာ တစ်ဆယ် ရာခိုင်နှုန်း တိုးတက် မှုနှင့်အတူ သူ၏ လေ့ကျင့်မှု လုပ်ငန်းတာဝန်များတွင် မိုးကြိုး စိတ်ဆန္ဒနှင့် ပတ်သက်၍ ဆုလာဘ်များ ဆက်တိုက်ဆိုသလို ရရှိလာသောကြောင့် လုရီသည် မိုးကြိုး စိတ်ဆန္ဒအတွက်တော့ စိတ်မပူပါ။

သို့သော် သူ၏ဓားစိတ်ဆန္ဒကို မြှင့်တင်ရန် မစွမ်းဆောင်နိုင်ခြင်းက လုရီအား အချိန်အတော်ကြာအောင် အခက်တွေ့စေပါ၏။

လုရီ၏ စိတ်ရှုပ်ထွေးနေသည့် အမူအရာကိုမြင်သောအခါ လင်းလောင် တောင်ထိပ် သခင်မ၏ မျက်နှာသည် မည်းမှောင်သွားကာ

"ဘာလဲ..ကြွားလုံးထုတ်နေတာလား၊ ကလေး.. ချီသန့်စင်နယ်ပယ်မှာ ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်နိုင်တာလေ.. မင်း မကျေနပ်သေးဘူးလား၊ မတိုးတက်တာ ပုံမှန်ပဲဟဲ့"

လင်းလောင် တောင်ထိပ် သခင်မက ဆက်လက် ပြောကြားသည်။

"ဒီသခင်မက ဓားတာအိုကို အဓိက

မလေ့ကျင့်ဘူး၊ ဓားနဲ့ ပတ်သက်ပြီး ငါ့ရဲ့ နားလည်မှုက ကန့်သတ်ချက် ရှိတယ်... သိုင်းကျမ်းဆောင်က အကြီးအကဲမင်ကို သွားပြီး တောင်းဆို‌၊ သူ့ရဲ့ ဓားစိတ်ဆန္ဒက အရမ်းမြင့်တယ်"

ဒါကို ကြားတော့ လုရိီ၏ မျက်လုံးများ တောက်ပလာသည်။

ဟုတ်တယ်။ ဓား တာအို အကြောင်း ဆွေးနွေးနိုင်တယ်လို့ အကြီးအကဲမင်က ပြောခဲ့ဖူးတာပဲ။ အခုတလော ကျင့်ကြံဖို့ပဲ အာရုံစိုက်နေလို့ ငါ အားလုံးကို မေ့သွားတာ။

အကြီးအကဲမင်၏ ဓာတာအို သဘောတရားကို နားထောင်ခြင်းသည် အလုပ်ဆုလာဘ်များ ဆောင်ကြဉ်းပေးမည်လား..။ ဓား စိတ်ဆန္ဒများ ပေးအပ်နိုင်သလား။

သူသည် ကြိတ်၍ စောင့်မျှော်မိသည်။

လုရီ၏ စိတ်အားထက်သန်သော အကြည့်ကို မြင်လိုက်ရတော့ လင်းလောင် တောင်ထိပ် သခင်မ သည် လုရီ တွေးနေသည့်အရာကို အတိအကျသိလေသည်။

သူမက သမ်းဝေကာ လက်ကို ဝှေ့ယမ်းရင်း

"ကဲ၊ ထွက်သွား တော့၊ ငါ အိပ်တာကို

မနှောင့်ယှက်နဲ့!"

လုရီသည် ယခု ဟန်ဆောင်မှုပင် မရှိသော လင်းလောင် တောင်ထိပ် သခင်မကို ကြည့်လိုက်သည်။

သူက ခပ်မြန်မြန် မတ်တတ်ထရပ်ပြီး ရိုသေလေးစားစွာ နှုတ်ဆက်သည်။

" သင်ကြားပေးလို့ ..ကျေးဇူးပါ ဆရာ။ တပည့် ထွက်သွားပါပြီ"

"သွားပါ၊ မင်းရဲ့ ကန့်သတ်ချက် ရောက် တော့ ငါ့ကို လာတွေ့ပေါ့"

ထိုအခါ လုရီသည် ခေါင်းညိတ်ကာ ဝါးအိမ်မှ ထွက်သွားကာ သူ့အခန်းသို့ မပြန်သေးဘဲ သိုင်းကျမ်းဆောင်ဆီသို့ စိတ်အားထက်သန်စွာ ဦးတည်သွားခဲ့သည်။

လုရီထံတွင် အတင့်ရဲသော အကြံတစ်ခုရှိသည်။

သူသည် လင်းလောင် တောင်ထိပ် သခင်မထံမှ ရုတ်ချည်း ဉာဏ်အလင်းရရှိရန် အခွင့်အလမ်းကို ယခုလေးတင် ရရှိခဲ့သည် မဟုတ်ပါလား။

အကြီးအကဲမင်က ဓားတာအိုကို ရှင်းပြနေချိန်မှာ ဒါကို သုံးကြည့်ရမည်။

ဉာဏ်အလင်း ရရှိသည့် အခိုက်အတန့်သည် သူ၏ ဓားစိတ်ဆန္ဒကို မြင့်မားစေနိုင်သည်။

ဒီအကြောင်းကို ပိုတွေးလေလေ၊ စိတ်လှုပ်ရှားလေလေဖြစ်ကာ သူ့ခြေလှမ်းများ သုတ်ခြေတင်လာသည်။

မကြာခင်မှာပဲ သိုင်းကျမ်းဆောင်ကို ရောက်လာပါပြီ။

နှစ်သစ်ကူး ပထမနေ့တွင် သိုင်းကျမ်းဆောင် အပြင်ဘက်ရှိ ရင်ပြင်တဝိုက်တွင် မှော်အစွမ်းနှင့် ကျင့်ကြံနည်းများကို ရှာဖွေနေသူများ အများအပြား ရှိနေကြပြီ ဖြစ်သည်။

လုရီကို မြင်သောအခါ တပည့်အားလုံးနီးပါး သူ့လမ်းကို ကြည့်ကာ အချို့က ခေါင်းညိတ်ကာ ပြုံးပြကြပြီး အချို့က သူ့ကို နွေးထွေးစွာ နှုတ်ဆက်ကြသည်။

"ဂျူနီယာညီလေးလု!"

"ဂျူနီယာညီလေးလုရီပါလား၊ မင်းလည်း ဒီမှာ ရောက်နေတာပဲ""

"အိုး..ဂျူနီယာညီလေးလုရီ..ဒီမှာ လာတွေ့ရတယ်...တိုက်ဆိုင်လိုက်တာကွာ"

သိုင်းကျမ်းဆောင်ထဲသို့ ဝင်နေသော လုရီက ထိုသူတို့အား တုံ့ပြန်ကာ ပြုံးပြလိုက်သည်။

အထဲမှာ အကြီးအကဲမင်က တံခါးဘေးမှာ ထိုင်နေပြီး ထုံးစံအတိုင်း တည်ငြိမ်အေးချမ်းနေသည်။

သို့သော် အကြီးအကဲမင်သည် မနှစ်ကထက် အနည်းငယ် အသက်ပိုကြီးလာပုံ ရပြီး သူ့ဆံပင်များ ပိုဖြူလာသည်ကို လုရီ သတိပြုမိသည်။

လုရီသည် စိတ်ထဲမှ သက်ပြင်းချမိသည်။

နတ်ဘုရား အသွင်ပြောင်း နယ်ပယ်မှ ကျင့်ကြံသူများပင်လျှင် အကန့်အသတ်မရှိ အသက်တာအား မပိုင်ဆိုင်ဘဲ နောက်ဆုံးတွင် ၎င်းတို့သည်လည်း မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းခြင်း နှင့် သေဆုံးခြင်းတွင် ပင်လယ်လှိုင်းများလို နစ်မြုပ်သွားရမည် ဖြစ်သည်။

ထိုအခိုက် အကြီးအကဲမင်က လုရီ ဝင်လာသည်ကို သတိပြုမိပြီး

"ဟေး၊ ကောင်လေးလုပါလား။ သိုင်းကျမ်းဆောင်ကို မင်း မရောက်တာတောင် တော်တော် ကြာနေပြီကွ"

ထိုအခါ လုရီသည် ရှေ့သို့ တိုးလာကာ သူ့ လက်များကို ဆုပ်၍ ဦးညွတ်သည်။

" အကြီးအကဲမင်... မဂ်လာပါဗျ"

"ဟားဟား၊မင်းဟာ ‌ချီသန့်စင်နယ်ပယ် စစ်ဆေးမှု စာရင်းမှာ ထိပ်ဆုံးရခဲ့တယ်လို့ ဒီအဘိုးကြီး ကြားခဲ့တယ်။ ချီသန့်စင်နယ်ပယ်မှာ ဓားစိတ်ဆန္ဒကို တတ်မြောက်တဲ့ ဉာဏ်ကြီးရှင် တစ်ယောက်ကို တွေ့ရတာ ဓားသမားအချင်းချင်းအတွက် တကယ့်ကို ထိုက်တန်တယ်.. ကဲ.. ဒီတစ်ခါ မင်းဘယ်လိုမျိုး သိုင်းစနစ်ကို ရွေးမလဲကွ"

လုရီက "ကျွန်တော်က သိုင်းပညာကို ရွေးဖို့ လာတာ မဟုတ်ပါဘူး" ဟု ပြန်ဖြေသည်။

"ဟေ၊ သိုင်းပညာ ရွေးဖို့ ဒီကို လာတာ မဟုတ်ဘူးလား..."

လုရီကို စိုက်ကြည့်ရင်း အကြီးအကဲမင်က အံ့သြသွားသည်။

လုရီ အနည်းငယ် ရှက်ရွံ့စွာ ပြုံးကာ

"ဓားတာအိုနဲ့ ပတ်သတ်ပြီး အကြီးအကဲ ပြောခဲ့သလိုပဲ။ ကျွန်တော့်ရဲ့ ဓားစိတ်ဆန္ဒက တော်တော် ကြာနေပြီမို့ အကြီးအကဲရဲ့ လမ်းညွှန်မှု ခံချင်ပါတယ်"

ဒါကို ကြားတော့ အကြီးအကဲမင်က ဟက်ဟက်ပက်ပက် ရယ်ပြီး

"အိုး..ဒီလိုလား၊ ကဲ...ဓားတာအိုနဲ့ ပတ်သက်ပြီး ဘာမဆို မေးဖို့ အားမနာတမ်း မေးကွ!"

စကားလုံးတွေကြောင့် လုရီ လေးစားမှုကို ခံစားလိုက်ရသည်။ အမှန်တော့၊ အကြီးအကဲမင်သည် သူ့ဆရာ မဟုတ်သော်လည်း သူ့အား ဂျူနီယာလေး တစ်ဦးအနေဖြင့် အလွန် ထောက်ခံ အားပေးခဲ့ပြီး အမှန်တကယ် ကိုယ်ကျိုးမဖက်ပေ။

သူက ခပ်မြန်မြန် ပြောသည်။

"ကျေးဇူးတင်ပါတယ်.. အကြီးအကဲမင်.. ဓားတာအိုနဲ့ ပတ်သက်ပြီး အကြီးအကဲရဲ့ အမြင်ကို ကြားချင်ပါတယ်"

အကြီးအကဲမင်က သူ့ဘေးက ထိုင်ခုံကို ညွှန်ပြပြီး

"ထိုင်ပါဦး၊ ဒီနေ့ မင်းကို

ဓားတာအိုအကြောင်း ငါ ပြောပြမယ်ကွ"

လုရီ တစ်ယောက် အကြီးအကဲမင်ဘေးမှာ ချက်ချင်း ထိုင်ချလိုက်သည်။

သိုင်းကျမ်းဆောင် အဝင်ဝတွင် ကျင့်ကြံသူများသည် လုရီနှင့် အကြီးအကဲမင် အကြား စကားပြောဆိုမှုကို သဲသဲကွဲကွဲ ကြားနေရသည်။

အကြီးအကဲမင်ကို စိတ်အားထက်သန်စွာ ကြည့်နေရင်း အချင်းချင်း တီးတိုး တီးတိုးပြောကြရင်း သူတို့ မျက်လုံးတွေ အရောင်တောက်လာသည်။

"အကြီးအကဲမင်က ဓားတာအို အကြောင်း ဆွေးနွေးမှာလား..."

"ဂျူနီယာညီလေးလုက တကယ်ကို သြဇာညောင်းတယ်၊ အကြီးအကဲမင်ကိုတောင် ဓားတာအို ရှင်းပြခိုင်းတယ်ဟေး"

"မမှားပါဘူး၊ ဂျူနီယာညီလေးလုက ကျင့်ကြံခြင်း နယ်ပယ်မှာ ဓားစိတ်ဆန္ဒကို နားလည်တဲ့ ဓားတာအို ဉာဏ်ကြီးရှင်ပဲကွ...အကြီးအကဲမင်က သူ့ကို ဂရုစိုက်တာ သဘာဝကျပါတယ်"

"အခု ဓားတာအိုအကြောင်း ဆွေးနွေးကြမှာလား"

"အလို..အကြီးအကဲမင် ဓားတာအိုအကြောင်း ဆွေးနွေးတော့မှာပါလား။ ငါတို့လည်း နားထောင်လို့ရမလား၊ ငါတို့ နားထောင်ကြမလားကွ"

"အကြီးအကဲမင်က ဘယ်သူ့ကိုမှ ထွက်သွားခိုင်းတာ မဟုတ်ဘူးလေကွာ၊အဆင်ပြေမှာပါ.."

"..."

ထိုသို့ တပည့်တွေက ခပ်တိုးတိုး တွတ်ထိုးနေကြတော့ အကြီးအကဲမင်က သူတို့ကို ကြည့်လာသည်။

" ကောင်လေးတွေ မင်းတို့ နားထောင်လို့ ရတယ်၊ ဒါပေမယ့် မဆူကြနဲ့..မဟုတ်ရင် ထွက်သွားရမယ်ကွ"

ထိုအခါ လုရီ အကြီးအကဲမင်အား ပို၍ပင် သဘောကျသွားသည်။

ဓားတာအို၏ သွန်သင်ချက်တွေကို

လူအများ နားထောင်ခွင့် ပေးခြင်းက အင်မတန်မှ ကြီးမြတ်လှတဲ့ သဘောထား ကြီးမားမှု မဟုတ်ပါလား။

ဒါက လုရီ သူ့ကိုယ်သူ အောင်မြင်နိုင်သလား သံသယဝင်ရသော ကိစ္စ တစ်ခု ဖြစ်ပါသည်။

ခွင့်ပြုချက်ကြောင့် တပည့်များသည်

ပျော်သွားကြသည်။

"ကျေးဇူးတင်ပါတယ်.. အကြီးအကဲမင်ခင်ဗျာ"

သူတို့ အသီးသီး ကြမ်းပြင်ပေါ်တွင် လျင်မြန်စွာ ထိုင်ချလိုက်ပြီး စူးစူးစိုက်စိုက်နားထောင်ကြတော့သည်။

သူတို့သည် ဓားသမား မဟုတ်ကြသော်လည်း မထွက်သွားချင်ကြပါ။

ဓား တာအို အကြောင်း ဆွေးနွေးနေသည်မှာ ကြီးမြတ်သော နတ်ဘုရားအသွင် ပြောင်းလဲခြင်းကျင့်စဉ်ရှိ ဓားသမား မဟုတ်ပါလား။

နားထောင်ခြင်းသည် အကျိုးများနိုင်သည်။

တစ်ချိန်တည်းမှာပဲ လုရီက

အသက်ပြင်းပြင်း ရှူကာ အကြီးအကဲမင်အား စိတ်အား ထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူ့ကိုယ်သူ စိတ်ထဲမှ ကြွေးကြော်လိုက်သည်။

...ငါ အကြီးအကဲမင်ရဲ့ ဓားတာအိုဆွေးနွေးတာကို ခံယူချင်တယ်...

-------------

All Chapters