အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
အခန်း၈၂- ဓားတာအို ဉာဏ်အလင်း...
~[တာဝန်]
အကြီးအကဲမင် ဓားတာအို ဆွေးနွေးတာကို နားထောင်ပါ။
ဆုလာဘ်- ဓားစိတ်ဆန္ဒ တိုးတက်မှု
လုပ်ဆောင်စရာကို လက်ခံပါ- လက်ခံမည်လား/ ငြင်းမည်လား။
အဟေး။ မျှော်လင့်ထားတဲ့ အတိုင်းပဲဟ။
အကန့်ပေါ်တွင် အလုပ်တာဝန်ကို မြင်သောအခါ လုရီသည် ဝမ်းသာပီတိဖြစ်မိသည်။
သူ ထင်ထားသလိုပဲ အစွမ်းထက်သူတို့ ပို့ချသည်ကို နားထောင်ခြင်းဖြင့် ဆုလာဘ်တွေ ရလာသည်လေ။
တောင်ထိပ်သခင်မဖြစ်စေ အကြီးအကဲမင် ဖြစ်စေ၊ အတူတူပါပဲ။
ထိုသို့ ဆိုပါက၊ ယခုအခါ သူ၏
ဓားစိတ်ဆန္ဒကို မြှင့်တင်ရန် လမ်းကြောင်းအသစ်တစ်ခု ပွင့်နေပြီ ဖြစ်သည်။
လုရီ ထိုတာဝန်ကို ကျေနပ်စွာ လက်ခံလိုက်သည်။
ထို့နောက် အကြီးအကဲမင်က သူ၏ရှင်းပြချက်ကို စတင်ခဲ့သည်။ သူသည်
သီးခြား ဓားတာအိုစွမ်းရည်(သို့)ဓားတာအိုကျင့်ကြံခြင်း နည်းစနစ်များအကြောင်း
မပြောသော်လည်း သူ၏ ကိုယ်ပိုင်သိမြင်ခြင်းအား အကိုးအကားအဖြစ် ယူကာ
ဓားတာအို တစ်ခုလုံးမှ စတင်၍ ရှင်းပြခဲ့သည်။
လူတစ်ထောင်တွင် မျက်နှာပေါင်းတစ်ထောင်ရှိသကဲ့သို့ မတူညီသောလူတစ်ဦးစီတွင် ဓားနှင့် ပတ်သက်သော နားလည်မှုအမျိုးမျိုး ဖြစ်သည့်အားလျော်စွာ
ရှောင်လွှဲ၍ မရသော ကွဲပြားမှုအချို့
ရှိသည်။
သို့သော် လမ်းကြောင်းအားလုံးသည် တူညီသော ပန်းတိုင်သို့ ဦးတည်သည်။ လူတိုင်း၏ ဓားစိတ်ဆန္ဒမှာ အနည်းငယ်ကွဲပြားသော်လည်း၊ အဆုံးတွင်၊ ၎င်းသည် ဓားတာအို၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေသေးသည်။
လုရီနှင့် အခြားသူများအပေါ် မဆိုနှင့်။
'တာအို' ဟူသော စကားလုံးသည် အကြီးအကဲမင်ကဲ့သို့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းသို့ တက်လှမ်းနိုင်သော ဓားသမားအတွက်ပင် လေးနက်လွန်းပြီး ဝေးကွာလွန်းလှသည်။
မူလအစကို တိုက်ရိုက်ညွှန်ပြသော တံခါးပေါက်ဖြစ်သည်။
သို့သော်ငြားလည်း ဓား စိတ်ဆန္ဒဟူသည်မှာ ခြေရာခံနိုင်ပါသည်။
အကြီးအကဲမင်က သူ့ဇာတ်ကြောင်းကို ဆက်ပြောပြနေသည့်တလျှောက်လုံး လုရီ ၏ မျက်လုံးများသည် ပိုမိုတောက်ပသည်ထက် တောက်ပလာသည်။
ဓားစိတ်ဆန္ဒတွင် အခြေခံအုတ်မြစ် ပိုင်ဆိုင်ထားသောကြောင့် ထိုးထွင်း သိမြင်မှုရရှိရန် သူ့အတွက်က ပိုမို လွယ်ကူနေပေသည်။
သို့သော် အခြားတပည့်များက တုန်လှုပ်သွားကြသည်။
သူတို့သည် နားထောင်သော်လည်း တိမ်များနှင့် မြူခိုးများကြားတွင် စမ်းတဝါးဝါး သွားလာနေရသကဲ့သို့ ရှုပ်ထွေးမှုကို ခံစားရသည်။ ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်ချင်မိကြသည်။
တချို့က အဓိပ္ပါယ်ကို ဖမ်းဆုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြပေမယ့် တချို့ကတော့ လက်လျော့လိုက်ဖို့ ရွေးချယ်ပြီးသွားကြပါပြီ။
အကယ်၍ အကြီးအကဲက မဆူညံနဲ့ဟု
မပြောခဲ့ပါက သူတို့သည် ဟိုးရှေးရှေးကတည်းက ပွစိ ပွစိ စကားများနေကြပေလိမ့်မည်။
တဖြည်းဖြည်းနှင့် အကြီးအကဲမင် ပြောခဲ့သည့် ဓားတာအိုက ပိုလေးနက်လာပြီး လုရီ အနေနှင့် လိုက်မီဖို့ အတော်လေး ခက်လာသည်ဟု ခံစားလိုက်ရသည်။
လျှို့ဝှက် ဆန်းကြယ်ပြီး နားမလည်နိုင်သော၊ ၎င်းသည် သူ့ခေါင်းကို အနည်းငယ် ရီဝေသွားစေသည်။
လုရီသည် သူ့နားလည်မှု အတိုင်းပဲ ရှိစေလိုက်သည်။ အတင်းအကြပ် မခိုင်းစေပါ။
ကံကောင်းထောက်မစွာ၊ လုရီသည် ပြင်ဆင်ထားပြီး ဖြစ်ရာ စောစောက
လင်းလောင် တောင်ထိပ် သခင်မ၏ ဟောပြောချက်ကို နားထောင်သည့်အတွက် ဂိမ်းစနစ်ထံမှ ဆုလာဘ်ကို တိတ်တဆိတ် တောင်းယူခဲ့သည်။
ရုတ်ချည်း ဉာဏ်အလင်း။
ထိုအချိန်တွင် လုရီ၏ စိတ်ထဲတွင် ဝိညာဉ်အလင်းတန်း တစ်ခု တောက်ပလာခဲ့သည်။
သူ့ဝိညာဉ်သည် ကျယ်ပြောလှသော စကြဝဠာကြီးနှင့် ပေါင်းစည်းလိုက်သကဲ့သို့ အလွန်ပင် ပွင့်လင်းမြင်သာလာကာ သက်ရှိအားလုံးကို အပေါ်စီးမှ မိုး၍ မြင်နေရသလိုပင် ခံစားခဲ့ရသည်။
ဓားတာအိုနှင့် ပတ်သက်ပြီး အကြီးအကဲမင် ပြောသည့် စကားများက လျှို့ဝှက်ပုံ
မပေါက်တော့ပေ။ သူ့ဦးနှောက်သည် စွမ်းအင်များဖြင့် ပွက်ပွက်ဆူနေပြီး အတွေးများသည် ပြင်းထန်သော ရေစီးကဲ့သို့ ဒဟဟော စီးဆင်းနေသည်။
အကြီးအကဲမင် ပြောသည့်စကားကို သူ့ဓားစိတ်ဆန္ဒဖြင့် ပေါင်းစပ်လိုက်သည်။ ယခင်က တစ်စိတ် တစ်ပိုင်းသာ ပြီးမြောက်ခဲ့သော ဓားစိတ်ဆန္ဒမှာ မြင်နိုင်သောနှုန်းဖြင့် တိုးတက်လာသည်ကို တွေ့မြင်ရတော့သည်။
လုရီ သည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။
သင်တုန်းဓားလို ထက်ရှသော ဓားစိတ်ဆန္ဒ အမျှင်များသည် သူ့ကိုယ်၌ ဝန်းရံ လှည့်ပတ်နေကာ လျင်မြန်စွာ သန်မာပြီး အားကောင်းလာသည်။
သိုင်းကျမ်းဆောင်ရှိ တပည့်များအားလုံး မျက်လုံးများ ပြူးကျယ်သွားကာ အံ့အားသင့်စွာ အော်ဟစ်ကြတော့သည်။
အကြီးအကဲမင်ပင်လျှင် ခဏရပ်ပြီး လုရီ ကို တအံ့တသြ ကြည့်ကာ
"ဒါက..ဘာလဲ.. ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်းလား"
အကြီးအကဲမင်၏ အလွန် ကြွယ်ဝသော အတွေ့အကြုံများအရ လုရိီ၏ အခြေအနေသည် ရုတ်တရက် ဉာဏ်အလင်း ပွင့်ခြင်း ဖြစ်ကြောင်း အတိအကျ ပြောနိုင်သည်။ ၎င်းသည် သူ့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။
အလို.. ဒါက ဒဏ္ဍာရီလာ ရုတ်ချည်း ဉာဏ်အလင်းပဲ။ တကယ့်အစစ်အမှန် ဉာဏ်ကြီးရှင်တွေတောင် သူတို့တစ်သက်မှာ တစ်ခါမှ မကြုံဖူးပေမယ့် ချီသန့်စင်နယ်ပယ်က ဒီကောင်လေးက အောင်မြင်ခဲ့တာလား။
ဒါက ဘယ်လို လူမဆန်တာမျိုးလဲ။
သို့သော်၊ ဤ "နတ်ဆိုး" သည် သူ၏ ဟောပြောချက်ကို နားထောင်ရင်း ရုတ်တရက် ဉာဏ်အလင်းရသွားသည်ဟု အကြီးအကဲမင် တွေးလိုက်သောအခါတွင် သူသည် ဂုဏ်ယူ မဆုံးနိုင်ပေ။
ရုတ်တရတ် ဉာဏ်အလင်းမှ ထွက်သွားတော့မလို လုရီ၏ ဓားစိတ်ဆန္ဒ အတက်အကျကို သူ မြင်လိုက်ရသည့်အခါ လုရီ၏ အာရုံစူးစိုက်မှုကို ချိုးဖျက်မည်ကို ကြောက်သဖြင့် အကြီးအကဲမင်သည် အတွေးများ ပြန်စုစည်းကာ ဆက်လက်ဟောပြောလေသည်။
၎င်းက မထင်မှတ်လောက်အောင်
ကောင်းသည့် အခွင့်အလမ်း တစ်ခု ဖြစ်သည်။
အကြီးအကဲမင်သည် ထိတ်လန့်တုန်လှုပ်နေသော တပည့်များကို တစ်ချက်ကြည့်လိုက်ကာ၊ လူတိုင်းထံသို့ နတ်ဘုရားအာရုံ ဖြင့် ဆက်သွယ်၍ အမိန့်ပေးလိုက်သည်။
"ဘယ်သူမှ အသံမထွက်နဲ့၊ မနာခံရင် ဂိုဏ်းအပေါ် ပြင်းပြင်းထန်ထန် အပြစ်ကျူးလွန်တာပဲ"
ထိုစကားကိုကြားလျှင် ထိတ်လန့်တကြား တုန်လှုပ်လျက် စကားစမြည်ပြောရန် ပြင်ဆင်နေကြသော တပည့်များအားလုံး တုန်ယင်ကာ ပါးစပ်ပိတ်သွားကြတော့သည်။
ပါးစပ် ပိတ်ထားသော်လည်း ဆက်သွယ်ရန် အသံလှိုင်းထုတ်လွှင့်မှုကို အသုံးပြုနိုင်သည်။
တပည့်များသည် ထုတ်လွှင့်မှုမှတဆင့် အရူးအမူးအော်ဟစ်ကြသည်။
"ရုတ်ချည်းဉာဏ်အလင်း! ဒါ ဒဏ္ဍာရီလာ ရုတ်ချည်း ဉာဏ်အလင်းပဲဟေး။ မိုးနတ်မင်းရေ..ကျွန်တော် ဒီနေ့ ဒါကို တကယ် မြင်ဖူးလိုက်ရပြီ.."
"တည့်တိုးပြောရာ ကျရင် ခွင့်လွှတ်လိုက်ပါ၊ ဒါပေမယ့် ညီငယ် လုရီက
တကယ့်ကို ဘီလူးပဲကွ..."
"တကယ်ပါပဲ၊ သူက ချီသန့်စင် နယ်ပယ်ထဲမှာပဲ ရှိသေးတာ။ ဒါတောင် သူ ရုတ်ချည်း ဉာဏ်အလင်း ရသွားပြီ၊ တကယ်ကို
မနာလိုစရာကြီးကွာ"
"အဟင့်..မင်း မနာလိုတာ မပြောနဲ့ ၊ငါတောင်မနာလိုဖြစ်နေပြီ..!"
"ဂျူနီယာညီလေး လုရီ ဆီက ထွက်လာတဲ့ ဓားစိတ်ဆန္ဒကို မင်းခံစားမိသလား။ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ် ခွန်အား ဖြစ်ပေမယ့် ငါ နောက်ကျောတွေ အေးလာတယ်"
"ငါလည်း ဒီလို ခံစားရတယ်။ ဂျူနီယာ
ညီလေး လုရီရဲ့ ဓားစိတ်ဆန္ဒက ငါ့ကို ခြိမ်းခြောက်နေတယ်..ဒါတောင်..ငါတို့ချင်း နယ်ပယ်ကြီးတစ်ခု အပြတ်အသတ် ကွာဟနေတာနော်"
"စီနီယာအစ်မ လျိုနင်ရွှမ်းတောင်
ချီသန့်စင် နယ်ပယ်မှာ ရှိတုန်းက ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုး မရှိခဲ့ဘူး မဟုတ်လား။"
"အလို... ဒါဆို ညီလေး လုက စီနီယာအစ်မ လျိုနင်ရွှမ်းကိုတောင် ကျော်ဖို့ အလားအလာ ရှိနေပြီပေါ့"
တပည့်များစွာတို့သည် တစ်ယောက်
မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဓားစိတ်ဆန္ဒများ ဝန်းရံထားသည်လုရီအား ပြန်ကြည့်မိသောအခါ ခံစားချက်များ ရောထွေးသွားကြသည်။
အချိန်သည် ကုန်လွန်သွားကာ အကြီးအကဲမင်က ဓားတာအိုကို ဆက်လက်ရှင်းပြနေချိန်တွင် လုရီ၏ ဓားစိတ်ဆန္ဒသည် ပိုမိုအားကောင်းလာသည်ထက် အားကောင်းလာသည်။
ထက်ရှသော ဓားစိတ်ဆန္ဒသည် လုရီ၏
ကိုယ်ခန္ဓာတစ်ဝိုက်တွင် မရပ်မနား လှည့်ပတ်နေသော ဖန်သားနှယ် ဖောက်ထွင်းမြင်ရသော ဓားငယ်များစွာကို ဖန်တီးသည်။
လုရီ အနီးရှိ ဂိုဏ်းသားများသည် အင်အားကြီးမားသော ဓားစိတ်ဆန္ဒကို ခံနိုင်ရည်မရှိနိုင်ဘဲ တစ်ယောက်ပြီး တစ်ယောက် မောက်ဆုတ်ကုန်ကြသည်။
အဝေးမှ ရပ်ကာ သူ့ကို ထိတ်လန့်စွာကြည့်နေကြသည်။
အကြီးအကဲမင်သည် ထိတ်လန့်တုန်လှုပ်မှုကြားတွင် သူ၏ ဇာတ်ကြောင်းကို ဆက်လက် ပြောပြနေစဉ် လုရီ၏ ဓားစိတ်ဆန္ဒသည် နဂိုထက် အဆပေါင်းများစွာ များပြားလာသည်ကို တွေ့မြင်ခဲ့ရသည်။
ဝှစ် ...ဝှစ်
....ဝှစ်
အဝေးက စူးရှသော အလင်းတန်းတွေက သိုင်းကျမ်းဆောင်အထက်မှာ ရပ်တန့်သွားသည်။
သူတို့သည် အစွမ်းထက်လှသောာ အကြီးအကဲများ ဖြစ်ကြသည်။
အနည်းဆုံး အခြေတည် ဝိညာဉ်အဆင့် မှာဖြစ်ကြသည်။
သူတို့အားလုံးသည် တိမ်ဖြူတောင်ထိပ်မှ အကြီးအကဲများ ဖြစ်ပြီး ပြင်းထန်သော
ဓားစိတ်ဆန္ဒက သူတို့အား ဖြစ်ပျက်နေ
သည့် ဆန်းကြယ်မှုကို ကြည့်ရှုရန် ဆွဲခေါ်လာခြင်းသာ။
သူတို့ ဝေ့ဝဲကြည့်လိုက်တော့
ပထမဆုံး သတိပြုမိတာကတော့ အံ့အားသင့်ပြီး မသေချာမရေရာတဲ့ အရိပ်အမြွက်များ ပြသနေသည့်အကြီးအကဲမင်နှင့် လုရီအပါအဝင် တပည့်တွေကိုပါပဲ။
"အကြီးအကဲမင်ပါလား"
"အကြီးအကဲမင် ဘာလုပ်နေတာလဲ... ဟောပြောပွဲ လုပ်နေတာလား၊ အလို ဓားစိတ်ဆန္ဒက သူ့ဆီက ထုတ်လွှတ်နေတာ မဟုတ်ဘူးပဲ"
"ဒါက ဒီလူငယ်က ထုတ်လွှတ်လိုက်တဲ့ ဓားစိတ်ဆန္ဒပဲ... နေစမ်းပါဦး၊ အဲ့ဒီလူငယ်က ဘယ်လို အခြေအနေမှာ ရောက်ရှိနေတာလဲ!"
"အို.. မိုးနတ်မင်း...ရုတ်ချည်း ဉာဏ်အလင်းလား"
အခြေတည် စိတ်ဝိညာဉ် နယ်ပယ် အကြီးအကဲများသည် တစ်ယောက်ပြီး တစ်ယောက် လုရီကို ထိတ်လန့်တကြား ကြည့်မိကြတော့သည်။
--------------
အခန်း၈၃- ဓားတာအို ဉာဏ်အလင်း...
~"အလို...ဒီမြင့်မားလှတဲ့ ဓားစိတ်ဆန္ဒက
ဒီကလေးဆီကလား၊ သူက အသက် ဘယ်လောက် ရှိပြီလဲ။"
"သူက လုရီ မဟုတ်ဘူးလား။
ချီသန့်စင်နယ်ပယ် စမ်းသပ်မှုစာရင်းမှာ ထိပ်ဆုံး နေရာ ချိတ်တဲ့ သူလေ"
"လုရီလား? မယုံနိုင်စရာပဲ၊ မယုံနိုင်လောက်အောင်ပါပဲ၊ သူ.. ချီသန့်စင်နယ်ပယ်မှာ ရုတ်တရက် ဉာဏ်အလင်း ပွင့်ပြီး ဒီလို အစွမ်းထက်တဲ့ ဓားစိတ်ဆန္ဒကို နားလည််သဘောပေါက်သွားတာလား.. တကယ့်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ..."
အကြီးအကဲများသည် ချီသန့်စင်နယ်ပယ်မှ တစ်စုံတစ်ဦးအား ထိုသို့သော စွမ်းဆောင်နိုင်မှုကို အံ့သြတုန်လှုပ်ကာ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့ အချင်းချင်း ထိတ်လန့်ခြင်းကြီးစွာဖြင့် ပြောဆိုလာကြသည်။
အချိန်တွေကြာလာသည်နှင့်အမျှ လုရီ၏ ရုတ်တရက် ဉာဏ်အလင်းပွင့်မှု အခြေအနေသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ့ကိုယ်တွင်းရှိ ဓားစိတ်ဆန္ဒများ စီးဆင်းနေမှုကို စစ်ဆေးလိုက်သည်။
သူ့ရင်ထဲဝယ် အံ့သြပျော်ရွှင်မှုများနှင့် ပြည့်နှက်နေတော့သည်။သူ၏ ဓားစိတ်ဆန္ဒမှာ သိသိသာသာ တိုးတက်လာသည်ပင်။
သူ၏ အသိစိတ် ပင်လယ် အတွင်း၌ တည်ရှိသော အခြေအနေပြ ဖန်သားပြင်ကို တစ်ချက် ကြည့်လိုက်သည်။
ဓားစိတ်ဆန္ဒ အပိုင်းသည် သူ၏ မိုးကြိုးစိတ်ဆန္ဒ နိယာမထက် နှစ်ဆယ် ရာခိုင်နှုန်း တိုးနေပြီဖြစ်သည်။
သူ့ကိုယ်၌ ယခု ခိုအောင်းနေသော ဓားစိတ်ဆန္ဒက ဘယ်လောက်ထိ ကြောက်မက်ဖွယ်ကောင်းလိုက်သလဲ လုရီသည် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ယခုလို ပြင်းထန်လှသည့် ဓားစိတ်ဆန္ဒဖြင့်သူ့အနေနှင့် အဆင့်မြင့် သိုင်းပညာရပ်တွေကို အသုံးမပြုဘဲ အဆင့်မြင့် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူအား ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည်။
တစ်ဆက်တည်းတွင် လုရီ အနည်းငယ် နှမြောသွားမိသည်။
ဉာဏ်အလင်းသည် အနည်းငယ် တိုတောင်း လွန်းသည် လေ။ မဟုတ်ပါက သူသည် ပို၍ အဆင့်မြှင့်နိုင်သည်။
ထိုသို့သော ဉာဏ်အလင်းသည် အမှန်ပင် အံ့သြဖွယ် ကောင်းပေသည်။
တာအို ပို့ချချက်များကို နားထောင်ကာ ဉာဏ်အလင်းကို နောက်ထပ်အကြိမ်အနည်းငယ် တွေ့ကြုံခံစားရန် တောင်ထိပ်သခင်မထံ ထပ်မံသွားလည်သင့်သလား။
မကြာခင်မှာ လုရီသည် အိပ်ရေးမဝဘဲ နိုးလာသည့်အခါ တောင်ထိပ်သခင်မ၏ စူပုပ်ပုပ် စိတ်အခြေအနေကို ပြန်အမှတ်ရသွားသည်။ နေ့တိုင်း သူမဆီ အမှန်တကယ် သွားလည်နေပါက စိတ်တိုလာပြီး သူ့ကို အသေ သတ်ပစ်နိုင်လေသည်။
သို့သော်ငြားလည်း ဉာဏ်အလင်း နေ့တိုင်း ပွင့်နေမည်ဆိုလျှင်လည်း ၎င်းက နည်းနည်းတော့ လွန်လွန်းသည်။ သူ့ကို လူတွေက နတ်ဆိုးကြီး တစ်ကောင်ဟု မြင်နိုင်လေသည်။
ဟုတ်ပါသည်။ အနည်းငယ် တည်တည်ငြိမ်ငြိမ်လေးက ပိုကောင်းပါသည်။
သူသည် သူ့အသိစိတ်ပင်လယ်အတွင်းမှအကြီးအကဲ မင်၏ ဟောပြောချက်ကို နားထောင်ရမည့် အလုပ်ကို စစ်ဆေးပြီးနောက်၊ 'ဓားတာအိုသည် တိုးတက်နိုင်သည်၊ ဤမျှ စိတ်အားထက်သန်နေရန် မလိုအပ်' ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ပါတော့သည်။
လုရီ၏ ဝန်းကျင်ရှိ ဓားစိတ်ဆန္ဒက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ အကြီးအကဲမင်သည်လည်း လုရီကို တိတ်တဆိတ် အကဲခတ်ရင်း ဓားတာအို ပို့ချခြင်းကို ရပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လုရီသည် မျက်လုံးများကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်သည်။
ချွန်ထက်လှသည့် ဓားရှည်ကြီးတစ်လက်အသွင် ပြင်းထန်သော ဓားအလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်း၍ အကြီးအကဲမင်ကို တိုက်ရိုက်ပျံသန်းလာသည်။
ဓားအလင်းက အကြီးအကဲမင် အနားကို
မရောက်ခင်မှာ လေထု၌ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
အကြီးအကဲမင်က သဘောတကျ ရယ်လေသည်။
"ကောင်းလိုက်တာ၊ ထူးထူးခြားခြား ရုတ်ချည်း ဉာဏ်အလင်းပွင့်မှုပဲ.. အရမ်း ကောင်တယ်၊ မင်းရဲ့ဓားစိတ်ဆန္ဒကို နှစ်ဆယ် ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်တာ တော်တော်ကို အထင်ကြီးစရာပဲ!"
ထ်ုအခါ လုရီက ရိုသေစွာ ဦးညွတ်ပြီး
"ပို့ချမှုအတွက် ကျေးဇူးတင်ပါတယ် ၊ အကြီးအကဲမင်..ကျွန်တော် မှတ်သားထားပါ့မယ်"
အကြီးအကဲမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည်။
"ငါကလအသက်ကြီးပြီ၊ မင်းလို အရည်အချင်းရှိတဲ့ မျိုးဆက်သစ်လေးကို မြင်တော့ သဘာဝအတိုင်း နည်းပြတစ်ယောက် လုပ်ပေးရမှာပေါ့ကွာ၊မင်းရဲ့ အရည်အချင်းတွေက ငါ့ထက် သာလွန်တယ်၊ မင်း ဓားသမား ဖြစ်လာဖို့ အလားအလာရှိတယ်၊ ပင်ကိုယ်စွမ်းရည်ကြောင့် မင်း မပျင်းသွားအောင် လုံ့လစိုက်ပြီး ကျင့်ကြံရမယ်။"
အကြီးအကဲမင်၏ ထက်သန်သော သွန်သင်ချက်များကို နာခံရင်း လုရီက အကြိမ်ကြိမ် ခေါင်းညိတ်ပြပြီး သူ့နှလုံးသားထဲတွင် နွေးထွေးမှု ခံစားရသည်။
အကြီးအကဲမင်သည် အမှန်ပင် လူကောင်းတစ်ဦး ဖြစ်သည်။ ဓား တာအိုကို ရှင်းပြရုံသာမက သူ့ကိုလည်း အလွန် ဂရုစိုက်ပါသည်။
လုရီ..အကြီးအကဲမင်၏ ပိုပို ဖြူလာသော ငွေမင်ရောင် ဆံပင်များကို တစ်ချက် ငေးကြည့်လိုက်ပြီး သူ သန်မာလာသောအခါတွင် အကြီးအကဲမင်ကို တိုးတက်အောင် ကူညီပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုအချိန်တွင်ပင် ကောင်းကင်၌ ရပ်နေသော အခြေတည် စိတ်ဝိညာဉ် ကျင့်ကြံသူများသည် လုရီနှင့် အကြီးအကဲမင်ထံသို့ အသီးသီး ဆင်းသက်လာသည်။
"မင်္ဂလာပါ လူကြီးမင်း"
အကြီးအကဲများသည် အကြီးအကဲ မင် အား ကိုယ်စီကိုယ်ငှ ဦးညွတ် နှုတ်ဆက်ကြကာ လုရီအား မှင်သက်စွာ ကြည့်ကြသည်။
"ဒီနေ့ တပည့်တစ်ယောက်ရဲ့ ဉာဏ်အလင်းကို မျက်ဝါးထင်ထင် မြင်ရဖို့ မမျှော်လင့်ထားဘူး၊ ကံကောင်းလိုက်တာ။"
"လုရီ၊ အိုး..လုရီ... မင်းက တကယ်ကို
အံ့သြစရာပဲ၊ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အလားအလာနဲ့ ကံဇာတာ အရမ်းများနေပြီ"
"ကလေးလု..မင်း တိမ်ဖြူတောင်ထိပ်ကို လာဖို့ စိတ်ဝင်စားလား" လူလတ်ပိုင်း ကျင့်ကြံသူ တစ်ယောက်က ရယ်ရမ်းသွေးကာ လုရီအား ဖိတ်ခေါ်လာသည်။
ဤမှတ်ချက်ကြောင့် အခြားသော အခြေတည် စိတ်ဝိညာဉ် ကျင့်ကြံသူများသည် ချက်ချင်း နှုတ်ဆိတ်သွားကြသည်။ထို့နောက် သူတို့သည် ထိုလူထံမှ ခပ်ဝေးဝေးနေကာ ထိုလူအား အရူး တစ်ယောက်ကို ကြည့်ရသကဲ့သို့ ပြူးပြဲ၍ ကြည့်ကြသည်။
ဟမ့် .အရူး.. ဒီကောင်လေးက ဘယ်သူ့တပည့်လဲဆိုတာ မသိလို့လား။
ဒီကောင်လေးက လင်းလောင် တောင်ထ်ိပ်က ဟိုမိန်းမရဲ့ စာရင်းသွင်းတပည့်ပဲ။
မင်းက သူ့လူတွေကို တပည့်လုမွေးနေတာလား၊ဟိုမိန်းမရဲ့ လက်ချက်နဲ့ သေရမှာ
မကြောက်ဘူးလား။
ထိုအခါ သူတို့၏ စူးစူးဝါးဝါးအကြည့်များကြောင့် လူလတ်ပိုင်း ကျင့်ကြံသူလည်း ခဏလောက် ပြန်သတိဝင်သွားသည်။
သူ့ကိုယ်သူ အမြန် ဟန်လုပ်လိုက်ကာ ချောင်းဟန့်ကာ ပြုံးသည်။
"အဟားဟား၊ ငါက နောက်နေတာပဲ၊ ဒါကို အတည် မယူနဲ့ နော် "
လုရီသည် အခြေတည် စိတ်ဝိညာဉ် ကျင့်ကြံသူ အများအပြား၏ တုံ့ပြန်မှုကို မြင်လိုက်ရသည်။ သူ့တောင်ထိပ်သခင်မသည် သူ ထင်ထားသည်ထက် ပို၍ အာဏာပြင်းပုံရသည်ဟု သူ မှတ်ချက်ချလိုက်သည်။
အခြေတည် စိတ်ဝိညာဉ် ကျင့်ကြံသူ ပုဂ္ဂိုလ်ကြီးများ၏ တုံ့ပြန်မှုကို ကြည့်ရုံဖြင့် သိနိုင်ပါသည်။
အခြေတည် စိတ်ဝိညာဉ် နယ်ပယ်ခွန်အားရှိ အကြီးအကဲများသည် အလွန်စိတ်အားထက်သန်နေကြပြီး လုရီကတော့ သူတို့၏ ဖော်ရွေသော စကားပြောဆိုမှုများကို လိုလိုလားလား ပြုံးရယ်ကာ တုံ့ပြန်ခဲ့သည်။
အခြေတည် စိတ်ဝိညာဉ် နယ်ပယ်ခွန်အားရှိ အကြီးအကဲအချို့က အားလပ်ချိန်တွင် လက်ဖက်ရည်သောက်ရန် သူတို့၏ ဂူစံအိမ်သို့ ဖိတ်ကြားခဲ့သည်။ လုရီက ဖိတ်ကြားချက်တိုင်းကို သဘောတကျပင် လက်ခံခဲ့သည်။
၎င်းသည် အခြေတည် စိတ်ဝိညာဉ် နယ်ပယ် အကြီးအကဲများထံမှ ဖိတ်ကြားချက်ဖြစ်လေသည်။
အခြေတည် စိတ်ဝိညာဉ် ကျင့်ကြံသူ အကြီးအကဲများနှင့် ပိုမို ရင်းနှီးခြင်းသည် သိသိသာသာ အကျိုးရှိပါလေမည်။
ဘယ်သူ သိမလဲ။ အခြေတည် စိတ်ဝိညာဉ် ကျင့်ကြံသူ အကြီးအကဲက သူ့ကို အသစ်တစ်ခုခု သင်ပေးနိုင်မလားဆိုတာ မပြောနိုင်ဘူးလေ။
နောက်ပိုင်းတွင် လုရီသည် အကြီးအကဲမင်နှင့် အခြားသော အခြေတည် ဝိဉာဉ်ခွန်အားရှိ အကြီးအကဲများအား နှုတ်ဆက်လိုက်သည်။ သိုင်းကျမ်းဆောင်မှ ထွက်ခွာကာ သူ၏ ဂူစံအိမ်သို့ ပြန်သွားခဲ့သည်။
သူသည် ဓား တာအို၏ နားလည်နိုင်စွမ်းကို ပထမဆုံး တည်ငြိမ်စေပြီး၊ ထို့နောက် သူ့ဓားကို အနည်းငယ် မြှင့်တင်ပေးသော အကြီးအကဲမင်ထံမှ သူ၏ ဆုကို ထုတ် ယူခဲ့သည်။ ထို့နောက် ညနေစောင်းနေပြီ ဖြစ်၍ လုရီသည် ချီသန့်စင်နယ်ပယ် အဆင့် ၁၀၏ အကန့်အသတ်မှ အဆင့်၁၁သို့ ရောက်ရှိလို၍ ကြိုးပမ်း ကျင့်ကြံခဲ့တော့သည်။
လင်းလောင် တောင်ထိပ် သခင်မ ပြောခဲ့သည်ကို လုရီ ပြန်လည် တွေးတောမိသည်။
ချီသန့်စင်နယ်ပယ် အဆင့်၁၁ကို သူ၏ ဒုတိယ စိီနီယာညီမလေးထက် ပိုမိုမြန်ဆန်စွာ သူ ဖြတ်ကျော်နိုင်လေမလား။
အမှန်တကယ် ထိုသို့ ဖြစ်လာပါက ဒုတိယ စီနီယာ ညီမလေးသည် ဘယ်လို မျက်နှာကလေး ဖြစ်ပေါ်သွားမလဲ သူ သိချင်မိသည်။
လုရီ၏ မျက်နှာတွင် လျှို့ဝှက်သော အပြုံးပန်းတစ်ခု ပွင့်ဝေသွားပြီးနောက် သူ့မျက်နှာထားမှာ ရဲရင့်သော အကြံအစည်တစ်ခုကြောင့် လေးနက်လာသည်။
...ချီသန့်စင်နယ်ပယ် အဆင့်၁၁ကို ငါက ဒုတိယ စီနီယာ ညီမလေးထက် ပိုမြန်အောင် ငါ အဆင့်တက်မယ်...
ထ်ိုအခါ..
[အလုပ်]
ချီသန့်စင်နယ်ပယ် အဆင့်၁၁အား
သုန်းကုန်းမင်ယွဲ့ထက် ပိုမြန်မြန် အဆင့်တက်ပါ။
ဆုလာဘ်- "အရိပ်မိုးကြိုးခြေလှမ်း
{အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်စွမ်းရည်}၊ ’ခရမ်းရောင် ကျောက်စိမ်းစကတ်'
{ထိပ်တန်း မှော်လက်နက်}၊ နှစ်တစ်ထောင် ဝိညာဉ်နှင်းရည် {အစက် သုံးဆယ်}။
လက်ခံသည်- လက်ခံမည်လား/ငြင်းမည်လား။
လုရီ၏ မျက်နှာ ထူးဆန်းသွားသည် ။
ဒါ..တကယ်ပဲ တာဝန်ပေးလို့ ရတာလားဟ။
အဆင့်တက်မှုတစ်ခုက အလုပ်နှစ်ခုကို လက်ခံနိုင်တာလား။အာ၊ မဟုတ် သေးဘူး။ သုံးခုပဲ။
တောင်ထိပ်သခင်မရဲ့ တိုက်ရိုက် တပည့်တစ်ယောက်ဖြစ်ဖို့ ချီသန့်စင်နယ်ပယ် အဆင့်၁၁ ချိုးဖျက်ဝင် ရောက်ဖို့ကလည်း ဆက်စပ်နေတယ်လေကွာ။
ဒါဟာ အံ့ဩစရာပါပဲ၊ အဆင့်တက်မှုတစ်ခုက အလုပ် သုံးခုကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာလားဟေ။
လုရီ အလွန်ပျော်သွားရပါ၏။
----------------
အခန်း၈၄-ဓားတာအို ဉာဏ်အလင်း...
~ ဆုလာဘ်ကို ကြည့်လိုက်တော့ လုရီ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားပြန်သည်။
အခြေခံ အုတ်မြစ် တည်ထောင်ခြင်း စွမ်းရည်နှင့် နှစ်တစ်ထောင် နှင်းစက်သည် ကောင်းမွန်သော်လည်း မှော်အသုံးအဆောင် တစ်ခုအဖြစ် စကတ်တစ်ထည်က....
သေချာတာကတော့ သူက စကတ်ဝတ်သည့် အမျိုးအစား မဟုတ်ဘူးလေ။
ဤမှော်ပစ္စည်းသည် သူ့အတွက် အသုံးမဝင်ပေ။
အလုပ်အတွက် ဆုလာဘ်များသည် ကျား၊မ မသက်ဆိုင်ဘဲ လုံး၀ ကျပမ်း ဖြစ်ပုံရသည်။
လုရီ စဉ်းစားခန်း ဝင်လိုက်သည်။
အင်း၊ ဒီစကတ်ကို သူ့ဒုတိယစိီနီယာ ညီမကို ပေးလို့ ရတယ်၊ သူ ကြိုက်လောက်တယ်။
လုရီသည် ထိုတာဝန်ကို လက်ခံပြီးနောက် ငြိမ်းချမ်းစွာ ကျင့်ကြံခဲ့သည်။
......
နောက်တစ်နေ့ စောစောတွင် လုရီ ကျင့်ကြံနေချိန်တွင် တံခါးအပြင်ဘက်မှ
ပိုင်ယွီလုံ၏ အော်သံကို ကြားလိုက်ရသည်။
"ဂျူနီယာ ညီလေးလု..ဂျူနီယာ ညီလေးလု ရှိလား"
လုရီသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး တံခါးဆီသို့သွားကာ သူ၏ဂူအိမ်ကြီး၏ တံခါးကို ဖွင့်လိုက်သည်။
အပြင်မှာ ကျန့်ဖန်နှင့် ပိုင်ယွီလုံ
နှစ်ယောက်လုံး ရှိနေသည်။
လုရီက ပြုံးပြီး "အစ်ကိုတို့၊ ကျွန်တော် ခင်ဗျားတို့ကို လိုက်ရှာတော့မလို့ပဲ" ဟု ပြောလိုက်သည်။
သူတို့၏ ဂိုဏ်းတာဝန်ကို မတင်ပြရသေးသဖြင့် အစီရင်ခံရမည် ဖြစ်သည်။ မဟုတ်ပါက နှစ်စဉ် ဂိုဏ်းတာဝန်များကို ပြီးမြောက်ခြင်းအဖြစ် ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ ဂိုဏ်းစည်းမျဉ်းများကို ဆန့်ကျင်ရာ ကျလေသည်။
ထို့အပြင် သူတို့သုံးဦးသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သည့် အဖြစ်အပျက်များကိုလည်း အစီရင်ခံရန် ဆွေးနွေးထားပြီး ဖြစ်သည်။
ကျန့်ဖန်က ပြုံးပြီး ပြောသည်။
"ဂျူနီယာ ညီလေးလု အတွင်းဂိုဏ်းထဲကို ပြန်ရောက်ရောက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပဲ။ မင်းပြန်လာတဲ့အကြောင်း ငါတို့ကြားပြီး မင်းကို ရှာဖို့ ငါတို့ကိုယ်တိုင် လာခဲ့တာ"
ပိုင်ယွီလုံလည်း လုရီကို ထိတ်လန့်စွာကြည့်ကာ မယုံနိုင်စွာ လျှာကို ဖိကိုက်၍
"ဂျူနီယာ ညီလေးလု ၊ မင်းက မယုံနိုင်လောက်အောင်ကို တော်လွန်းတယ်၊ အကြီးအကဲ မင်ကို တာအိုပို့ချဖို့ သိမ်းသွင်းနိုင်ရုံတင်မကဘဲ သူ့ရဲ့ ပို့ချမှုတွေမှာ
ရုတ်ချည်း ဉာဏ်အလင်း ရခဲ့တာလား!"
ထိုအခါ လုရီ လန့်သွားပြီး "ခင်ဗျားတို့အားလုံး သိ နေကြပြီလား" ဟု ကသိကအောက်ဖြင့် ပြန်မေးလိုက်ပါသည်။
"အတွင်းစည်း တစ်ခုလုံးက လူတိုင်း
ပါးစပ်ဖျားမှာ ဒီအကြောင်းကို ပြောနေကြတာ၊ အခု ဘယ်သူက မသိသေးသူ
ရှိဦးမလဲ" ဟု ပိုင်ယွီလုံက ရယ်ကာ ပြောသည်။
လုရီ ရင်ထဲမှာ စိတ်ညစ်သွားသလို ခံစားရသည်။ သူသည် သူ့ဓား စိတ်ဆန္ဒကို မြှင့်တင်ရန် ရည်ရွယ်ထားသော်လည်း ထိုသို့ ဟိုးလေးတကျော် ဖြစ်လာမည်ကို ဘယ်သူကြိုသိပါ့မလဲ။
..အူးဟူးဟူး..ဒိုင်လျှိုလေး နေဖို့က တကယ့်ကို ခက်ခဲတာပဲ။..
လုရီသည် အတန်ငယ် စိတ်ဓာတ်ကျသွားသည်။ သူက ခေါင်းယမ်းပြီး
"ကျွန်တော်က ကံကောင်းခဲ့လို့ပါ ၊ ဒီကိစ္စကို ဆက်မပြောနဲ့၊ အလုပ်ရုံ ခန်းမကို သွားကြရအောင်" ဟု နှိုးဆော်လိုက်သည်။
ကျန့်ဖန်နှင့် ပိုင်ယွီလုံက ခေါင်းညိတ်လိုက်သည်။
သုံးဦးတို့သည် လင်းလောင် တောင်ထိပ်မှ ထွက်ခွာပြီး အလုပ်ရုံ ခန်းမဆီသို့ ဦးတည်သွားကြသည်။ လမ်းတစ်လျှောက်တွင် သူကြုံတွေ့ရသော စီနီယာ အစ်ကို၊အစ်မများမှာ ယခင်ကထက် ပို၍ သဘောကောင်းနေကြသည်။ အထူးသဖြင့် သူ့အား ပန်းများ ကြည့်ဖို့ လိုက်ပို့ပေးရန်နှင့် လက်ဖက်ရည် လာ သောက်ရန် ခဏ ခဏ ဖိတ်ခေါ်ဖူးသည့် စီနီယာ အစ်မများမှာ ယခင်ကထက် ပို၍ စိတ်အားထက်သန်နေကြသည်ကို လုရီ သတိပြုမိသည်။ သူမတို့၏ ချိုမြိန်သော အပြုံးများသည် ရံဖန်ရံခါ သူ့အား
ရင်တုန်ပန်းတုန် ဖြစ်စေသည်။
ပိုင်ယွီလုံသည် မနာလိုအားကျသော မျက်နှာထားဖြင့် ကြည့်နေသော်လည်း
ကျန့်ဖန်ကတော့ ငြိမ်သက်နေပြီး
မတုန်မလှုပ်ကြီးပင်။
သူတို့သုံးဦးသည် အလုပ်ရုံ ခန်းမသို့ ရောက်ရှိကြပြီး သူတို့၏ တာဝန်များ ပြီးမြောက်ကြောင်း အစီရင်ခံလိုက်ကြသည်။
တာဝန်ကျလူက ယခင်တစ်ခေါက်က
စီနီယာ အစ်ကိုပင် ဖြစ်သည်။
လုရီကို မြင်တော့ ထိုအစ်ကိုကြီး၏ မျက်နှာက ပြုံးချိုသွားသည်။
"ညီငယ်လု.. မင်းကြောင့် မနေ့က ဂိုဏ်းထဲမှာ တော်တော် ပွဲဆူသွားတာပဲကွ"
ထိုအခါ လုရီက မတတ်နိုင်စွာ ပြုံးပြီး
"အဲ၊ အဲ့လို ဖြစ်သွားပါတယ်ဗျာ"
"ဟားဟားဟား၊ မင်းက အရမ်းတော်တာကိုး၊ ဘယ်သူ အပြစ်တင်နိုင်မှာလဲ"
သက်လတ်ပိုင်း စီနီယာ အစ်ကိုက ရယ်မောပြီး “မင်းတို့ တာဝန် အစီရင်ခံဖို့ ဒီမှာ ရောက်လာတာလား” ဟု လာရင်းကိစ္စအား မေးလိုက်သည်။
လုရီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ ၊ အလုပ် ပြီးပါပြီ"
သက်လတ်ပိုင်းစီနီယာ အစ်ကိုက ခပ်ပြုံးပြုံးဖြင့်
"ကောင်းပြီ ၊ဒါဆို မင်းတို့ရဲ့ မနှစ်က ဂိုဏ်းတာဝန် ပြီးသွားပါပြီ" ဟု ပြောသည်။
"မင်းတို့ရဲ့ အတွင်းဂိုဏ်း တပည့် တံဆိပ်တွေ ယူလာ၊ ဂိုဏ်းအမှတ်တွေ ပေးရမယ်ကွ"
ဂိုဏ်းတာဝန်များကို ပြီးမြောက်စေခြင်းသည် ဆုလာဘ်များနှင့်အတူ ထုံးစံအတိုင်း ရရှိလာပါသည်။ မဟုတ်လျှင် တာဝန်တွေကို စိတ်အားထက်သန်သော သူတွေ အများကြီး ရှိမည် မဟုတ်ပါချေ။
ဆုလာဘ်များတွင် အဓိကအားဖြင့် ဂိုဏ်းအမှတ်များ ပါဝင်ပါသည်။ ဂိုဏ်းအမှတ်များသည် အတွင်းစည်း တပည့်များအတွက် အရင်းအမြစ်များ ရရှိရန် အဓိက နည်းလမ်း ဖြစ်ပါသည်။ ဂိုဏ်းအမှတ်များဖြင့် အရင်းအမြစ်ခန်းမတွင် အရင်းအမြစ်အမျိုးမျိုးအား လဲလှယ်နိုင်ပါသည်။
သို့သော်၊ ချီအဆင့် ၁၀ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူအား ချေမှုန်းသည့် အမှတ်များက သိပ်မများလှပေ၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် လုရီက ထိုအမှတ်များကို ဂရုမစိုက်ပါ။ သူ့တွင် အရင်းအမြစ်များလည်း နည်းပါးသည် မဟုတ်ပေ။
ကျန့်ဖန် နှင့် ပိုင်ယွီလုံ တို့သည်လည်း ထို့တူ ပါပင်။ ထို့ကြောင့် သူတို့သည် တစ်နှစ်လျှင် ဂိုဏ်း တာဝန်တစ်ခုလောက်သာ ထမ်းဆောင်ကြခြင်း ဖြစ်သည်။
သို့သော်လည်း ထုတ်ယူရမည်က ထုတ်ယူရမည်ပါပဲ။ လိုအပ်သည်များကို ဆက်လက်တောင်းဆိုထားပြီး သူတို့ သုံးဦးသည် မိမိတို့၏ အတွင်းစည်း တပည့်တံဆိပ်များကို သက်လတ်ပိုင်း ကျင့်ကြံသူထံ ပေးအပ်ခဲ့သည်။
"ကောင်းပြီ ၊ ညီလေး၊ မင်း လိုအပ်တာ ရှိသေးလား" သက်လတ်ပိုင်း ကျင့်ကြံသူက ပြုံးပြီး မေးသည်။
လုရီက "နောက်ထပ် တစ်ခု ရှိပါသေးတယ်ဗျ" လို့ ပြုံးပြုံးလေး ပြန်ဖြေသည်။
လုရီက 'သွေးဝိညာဉ်ဂိုဏ်းသား တံဆိပ်'ကို ထုတ်ယူကာ သက်လတ်ပိုင်း ကျင့်ကြံသူထံ အပ်လိုက်ပြီး
"မိုဟဲနိုင်ငံရဲ့ မြို့တော်က နတ်ဆိုး ကျင့်ကြံသူဟာ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ခွန်အား ရှိတဲ့ သွေးဝိညာဉ်
ဂိုဏ်းသားက ထိန်းချုပ်ထားတဲ့ သွေး ရုပ်သေးပါ၊ အဲဒီ သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်က မူလက ကျွန်တော်တို့ကို ခြုံခိုတိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် စီနီယာ အစ်ကို တစ်ယောက်က သတ်ပေးခဲ့လို့ ကံကောင်းသွားပါတယ်" ဟု ရှင်းပြသည်။
လုရီ စကားကို ကြားတော့ သက်လတ်ပိုင်း ကျင့်ကြံသူ၏ အမူအရာသည် ချက်ချင်းပင် တည်တင်းသွားကာ သွေးဝိဉာဉ် ဂိုဏ်းတံဆိပ်ကို ယူပြီး စစ်ဆေးပြီးနောက်တွင် သူက
"ခဏ စောင့်ပါ ၊ညီငယ်တို့၊ ဒီကိစ္စကို အကြီးအကဲကို အကြောင်းကြားဖို့ လိုတယ်၊ ဒါက အကြီးအကဲ စီရင်ရမှာ"
လုရီက မကန့်ကွက်ဘဲ သဘာဝအတိုင်း ခေါင်းညိတ်သည်။
သက်လတ်ပိုင်း ကျင့်ကြံသူသည် ကမန်းကတန်း ထွက်ခွာသွားရာ မကြာမီမှာ အေးစက်သော အမူအရာ ရှိသူနှင့် အတူ ပြန်လာခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်း၏ တံဆိပ်ကို လက်ထဲတွင်ကိုင်ထားသော လုရီကိုမြင်သောအခါ ထိုအကြီးအကဲ၏ အေးစက်သော အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားကာ
"သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်ကိစ္စအကြောင်း ငါ ကြားပြီးပြီကွ၊ ဒါ စည်းကမ်း ထိန်းသိမ်းရေး ခန်းမကို အကြောင်းကြားရမယ်။ ငါတို့ တိမ်ဖြူဂိုဏ်း နယ်မြေမှာ ဒီကောင်တွေ အခုတလော အတော် အတင့်ရဲလာကြတယ်၊ မင်းတို့ အပြင်ထွက်ရင် ဂရုစိုက်ကြ"
ဒါကို ကြားတော့ လုရီနှင့် အပေါင်းအဖော်တွေက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲ စိုးရိမ်မှု အရိပ်တွေ ဖြတ်သန်းသွားသည်။
သွေးဝိညာဉ်ဂိုဏ်းနှင့် တိမ်ဖြူဂိုဏ်းတို့သည် ပြိုင်ဘက်ဂိုဏ်းများပင်။ ၎င်းတို့ချင်း သဘောထား ကွဲလွဲမှုကို ပိုမိုဆိုးရွားလာသည်မှာ ကောင်းသော ကိစ္စ မဟုတ်ပေ။
စိတ်ပူသွားပုံ ရသော ထိုသုံးယောက်ကို
မြင်တော့ အေးစက်စက် အကြီးအကဲက
ထပ်ပြောလာသည်။
"မစိုးရိမ်ပါနဲ့လေ၊ဒါက အရေးမကြီးပါဘူး။ ငါတို့ တိမ်ဖြူဂိုဏ်းက သွေးဝိညာဉ်ဂိုဏ်းရဲ့ ခိုးကြောင်ခိုးဝှက် လုပ်ရပ်တွေကို သိပ်ပြီး
အရေးမလုပ်ဘူး။ ဒီတစ်ခါတော့ မင်းတို့ကသွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ် တည်ထောင်ခြင်း ခွန်အားရှိတဲ့ ဂိုဏ်းသားကို ချေမှုန်းပြီး အကျိုးဆောင်ခဲ့တယ်။ ဒီတော့
အခြေခံအုတ်မြစ် တည်ထောင်ခြင်း ဂိုဏ်းသားတစ်ယောက်ကို သတ်တဲ့အပေါ် အခြေခံပြီး ဆုလာဘ် ထုတ်ပေးမယ်ကွ "
ဒါကို ကြားတော့ ကျန့်ဖန်နှင့် ပိုင်ယွီလုံ
နှစ်ယောက် ပျော်သွားကြပြီး မျက်လုံးတွေအရောင် တောက်လာသည်။
အခြေခံအုတ်မြစ် တည်ထောင်ခြင်း အဆင့်ရှိ ဂိုဏ်းသားတစ်ဦးကို သတ်ခြင်းက ဆုငွေသည် များပြားလှသည် မဟုတ်ပါလား။
လုရီအတွက်ကတော့ ဒါဟာ
ရေးကြီးခွင်ကျယ်တော့ မဟုတ်ပါ။
ပြောပြီးသည်နှင့် အေးစက်စက် အကြီးအကဲသည် စည်းကမ်း ထိန်းသိမ်းရေး ခန်းမကို အကြောင်းကြားရန်
ခပ်သုတ်သုတ် ထွက်သွားတော့သည်။
လူလတ်ပိုင်း စီနီယာ အစ်ကိုသည် လုရီနှင့် သူ့အဖော်များအတွက် ဆုလာဘ်များကို ထုတ်ယူ ပေးနေသည်။
ထို့နောက် လုရီနှင့် သူ၏အပေါင်းအဖော်များသည် ဆုလာဘ်များကို ယူကာ အလုပ်ရုံ ခန်းမမှ ထွက်ခွာခဲ့ကြသည်။ အချင်းချင်း နှုတ်ဆက်လိုက်ကာ သီးခြား လမ်းလျှောက်ခဲ့ကြသည်။
သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စနှင့် ပတ်သက်၍ သုံးဦးစလုံးက ယင်းအကြောင်းကို များများစားစား မပြောခဲ့ကြပေ။ စင်စစ်ဆိုရသော် တိမ်ဖြူဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းတို့သည် ချင်းကျိုး၏ မဟာသားရဲကြီးများ ဖြစ်ကြသည်။ ထိုသို့သော ပဍိပက္ခများသည် သူတို့လို အသေးအမွှားလေးများ ကိုင်တွယ်နိုင်သည့် ကိစ္စ မဟုတ်ပေ။
ဂိုဏ်းနှစ်ဂိုဏ်း အမှန်တကယ် ရန်ပွဲကြီး ဖြစ်လျှင်ပင် ရာထူးကြီးပိုင်းများကသာ ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်ရမည့် သူတွေ ဖြစ်သည်။
သူတို့ဟာ ချီသန့်စင် နယ်ပယ်ရှိ အတွေ့အကြုံ မရှိသေးသည့် ကလေးတွေသာ ဖြစ်ရာ သူတို့နှင့် သိပ်မဆိုင်ပါချေ။
လင်းလောင် တောင်ထိပ်သို့ ပြန်ရောက်သောအခါ လုရီသည် ထိုကိစ္စ ပြေလည်သွားပြီဟု စဉ်းစားပြီး သူ၏ ကျင့်ကြံမှုအပေါ် သာ ငြိမ်းချမ်းစွာ အာရုံစိုက်လိုက်တော့သည်။
တိမ်ဖြူ ဓား၊ တိမ်ဖြူခြေလှမ်း နှင့်တိမ်ဖြူ ချီသန့်စင် ပညာတို့ကို အကန့်အသတ်အထိ ရောက်ရှိအောင် ကျင့်ကြံထားသောကြောင့် အခြားသိုင်းများအား စိတ်နှစ်ရန် အချိန်ပိုလာသည်။
ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်၊ အတိတ်မေ့ စွမ်းရည်၊ ဖုံးကွယ်အသက်ရှူစွမ်းရည်၊ ကျားရိုး ဝိဉာဉ်ဂျင်ဆင်း စွပ်ပြုတ် နှင့် သမာဓိ ဝိဉာဉ် နှင်းစက်တို့သည် အရှိန်အဟုန်ဖြင့် တိုးတက်နေပါသည်။
လုရီသည် အခြေခံ အခင်းအကျင်းများစွာဖန်တီးနိုင်သည့် အစစ်အမှန် ဖော်ပြချက် အခြေခံ အခင်းအကျင်းကိုလည်း ရယူခဲ့ပြီး ၎င်းတို့ကို အချိန် အတော်အတန်ကြာအောင် လေ့ကျင့်ခဲ့ပါသည်။
ကျင့်ကြံခြင်း၌ နစ်မြုပ်နေစဉ် အချိန်များက အလျင်အမြန် တိုက်စားခဲ့ပြီး
သုံးလက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
ဂူစံအိမ်ကြီး၏ ကျင့်ကြံသော အခန်းတွင်၊ လုရီသည် တင်ပျဉ်ခွေထိုင်နေသည်။
သူ့ကိုယ်၌ စိတ်ဝိညာဉ် အားလှိုင်းများ ပြင်းထန်စွာ လွှမ်းခြုံထားသည်။
ဤသုံးလတွင်၊ လုရီသည် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်များအား ကျင့်ကြံရန်အတွက် အဆက်မပြတ် အသုံးပြုခဲ့ပြီး လျင်မြန်စွာ တိုးတက်ခဲ့ပြီး သူ၏ ကျင့်ကြံမှုအခြေခံသည် ချီအဆင့် ၁၀၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါပြီ။
အထွတ်အထိပ် ချီအဆင့် ၁၀ သို့ ရောက်သောအခါ လုရီတစ်ယောက် ထူးဆန်းသောခံစားချက်ကို ခံစားခဲ့ရသည်။
သူ့ရှေ့တွင် လျှို့ဝှက်ဆန်းကြယ်သော လမ်းနှစ်သွယ် တည်ရှိသည်ကို လုရီ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
လမ်းကြောင်းတစ်ခုသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ရောက်ရှိရန် ချီအဆင့် ၁၀သို့ အဆင့်တက်ရန် ဖြစ်သည်။
သို့သော် အခြားလမ်းသည် လူတစ်ဦးအား အလိုလို ကြောက်ရွံ့စေကာ ရှေ့သွားမည့်လမ်းကို မှောင်မိုက်စေသည့် တားမြစ်စွမ်းအားတစ်ခုဖြင့် ပိတ်ဖုံးထားသည်။
ဤသည်မှာ ကောင်းကင်ဘုံ တာအို၏ စွမ်းအား ဖြစ်သည်။
ဤအဟန့်အတားကို ချိုးဖျက်ရန်
သူသည် ချီအဆင့် ၁၁ တွင် ရှိနေရမည်။
----------------