အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း ၈၅- ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၁၁...
~ လုရီသည် ဤအဟန့်အတားကို ခံစားမိလာပြီ။
အဟန့်အတားကို ခံစားမိခြင်းက ၎င်းကို ဖြတ်ကျော်နိုင်သည့် စွမ်းရည် ရှိနေပြီဟု သဘာဝကျကျ အဓိပ္ပာယ်ဆောင်သည်။
အစပိုင်းတွင်၊ သူ၏ ဒုတိယ စီနီယာ
ညီမလေးသည် ဤကောင်းကင်တာအိုကန့်သတ်ချက်၏ တည်ရှိမှုကို
ခံစားနိုင်ဖို့ အချိန်သုံးနှစ်တောင် ယူ၍ သူမ၏အရည်အချင်းကို ထက်မြက်စေခဲ့ရသည်။
လုရီ အတွက်ကတော့ ချီသန့်စင်နယ်ပယ် အဆင့် ၁၀ သို့ ရောက်ပြီး များမကြာမီတွင် ၎င်းကို သဘာဝအတိုင်း ခံစားရလေသည်။
ဤကိစ္စနှင့် ပတ်သက်၍ လုရီ အမှန်တကယ်ပင် မအံ့သြခဲ့ပါ။ အမှန်မှာ၊ သူ၏ အခြေခံသည် သူ၏ဒုတိယ စီနီယာညီမလေးထက် ပို၍ ခိုင်မာသည် မဟုတ်ပါလား။
အဟန့်အတားကို အာရုံခံမိသောအခါ လုရီအနေနှင့် တွန့်ဆုတ်နေစရာ အကြောင်း မရှိပါ။
သူသည် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက် နောက်ထပ်တစ်စက်ကို ထုတ်ယူကာ အဟန့်အတားကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့သည်။
ကောင်းကင်တာအို ချမှတ်ထားသော အဟန့်အတားများသည် သာမန် အဟန့်အတားများထက် ပိုမိုကြမ်းတမ်းပါသည်။
တိမ်ဖြူသန့်စင်ခြင်းပညာကို ထူးကဲအဆင့်သို့ ကျင့်ကြံပြီးနောက်၊ ချီအဆင့်၈ နှင့် ၉တွင် အဟန့်အတားများသည် သူ၏ဝိညာဉ်စွမ်းအင်အောက်တွင် အလွယ်တကူ ကွဲအက်သွားခဲ့သည်။
သို့သော်လည်း ယခုတွင်၊ ကောင်းကင်
တာအိုကမူ သူ၏ ဝိညာဉ်စွမ်းအင် ထိုးဖောက်ခြင်းကို ဆန့်ကျင်နေပါသည်။
ဒါကိုလည်း လုရီ မအံ့သြမိပါချေ။
စင်စစ်ဆိုရသော် သူ၏ဒုတိယ စီနီယာညီမလေး တံခါးပိတ် ကျင့်ကြံနေသည်မှာ သုံးလကျော် ရှိပြီဖြစ်သော်လည်း အဟန့်အတားကို မချိုးဖျက်နိုင်သေးတာပဲ မဟုတ်ပါလား။
ကောင်းကင်တာအို အဟန့်အတားက ဤမျှ မြန်မြန်ဆန်ဆန် မချိုးဖျက်နိုင်ပါ။
ထို့ကြောင့် လုရီသည် အဟန့်အတားကို စိန်ခေါ်ရန် တံခါးပိတ် ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ တစ်ပတ်အကြာတွင် လုရီ သည် ပြတ်သားသောအက်ကွဲသံကို နားစည်များအတွင်း ကြားလိုက်ရသည်။
တစ်ဆက်တည်းမှာပဲ ကောင်းကင်မှ ကြီးစိုးသည့် အရှိန်အဝါတစ်ခု ရုတ်တရက် ဆင်းသက်လာ၍ သူ့အား အဟန့်အတားကို ဆက်လက်
မတိုက်ခိုက်နိုင်စေရန် ဖိနှိပ်လာသည်။
.. ဒါက ကောင်းကင် တာအိုရဲ့ ဖိအားပါလား။ ...
ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၁၁၏ အဟန့်အတားသည် ကောင်းကင် တာအိုမှ သတ်မှတ်ထားသော ကန့်သတ်ချက်တစ်ခုဖြစ်ပြီး သဘာဝအားဖြင့်၊ မည်သူမှ ၎င်းကို အလွယ်တကူ ချိုးဖျက်ရန် ခွင့်မပြုပေ။
ထိုကဲ့သို့ ဖိအားများနှင့် ရင်ဆိုင်နေရသော လုရီသည် ဧရာမတောင်တန်းကြီးက သူ့အား ဖိနှိပ်ထားသလို အသက်ရှုကြပ်မှုကို ခံစားလိုက်ရသည်။
မည်သို့ပင် ဆိုစေကာမူ သူ၏အမူအရာသည် တည်တည်ငြိမ်ငြိမ်နှင့် ပြတ်သားစွာ ဆက်လက် ကျင့်ကြံနေခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအင်သည် ဒီရေကဲ့သို့
တဟုန်ထိုး မြင့်တက်လာပြီး အဟန့်အတားကို အဆက်မပြတ် ထိတိုက်သည်။
နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်မှ ဝိညာဉ်စွမ်းအင်များ အဆုံးမရှိ ထောက်ပံ့မှုဖြင့်
လုရီသည် အရင်းအမြစ်များ ချို့တဲ့ခြင်းအတွက် စိုးရိမ်စရာ မရှိပါ။
ပထမ အက်ကွဲကြောင်း ပြီးနောက် လုရီ သည် အဟန့်အတားတွင် အက်ကွဲကြောင်းများ ဆက်လက် ဖြစ်ပေါ်လာသည်ကို ခံစားရနိုင်သည်။
ဝိညာဉ်စွမ်းအင်များက ဆက်လက်တိုက်ခိုက်လာသောအခါ၊ အက်ကြောင်းများ ပိုမိုပေါ်လာပြီး ၎င်းတို့သည် ပို၍ပို၍ ထူထပ်လာသည်။
နောက်နှစ်ရက်အကြာ၌...
ဂျုန်း...
ကြည်လင်သော ကောင်းကင်မှ လျှပ်စီး တစ်ချက် ဖြာထွက်ကာ လုရီ၏ ဂူစံအိမ်ကြီးမှ ကျယ်လောင်သော အသံတစ်ခု မြည်ဟည်းလာသည်။
လင်းလောင် တောင်ထိပ်ပေါ်ရှိ
ကြည်လင်သော ကောင်းကင်ယံသည် ရုတ်တရက် မှိုင်းကျလာခဲ့သည်။
လင်းလောင် တောင်ထိပ်မှာ ကျင့်ကြံနေကြသည့် တပည့်တွေအားလုံး လန့်ဖျပ်သွားပြီး သူတို့၏ ဂူစံအိမ်ကြီးများမှ အသည်းအသန် ပြေးထွက်လာသည်။ အုံ့မှိုင်းနေသော ကောင်းကင်ကြီးကို ပြူးပြူးပျာပျာ မော့ကြည့်ကြသည်။
"ဘာဖြစ်တာလဲဟ"
"ဘာဖြစ်တာလဲ၊ ဒီမိုးခြိမ်းသံကြောင့် ငါ လန့်သွားတာပဲ"
"ရာသီဥတုက အကောင်းကြီးကနေ ၊ဘာလို့ ရုတ်တရက်ကြီး မိုးခြိမ်းတာလဲ?"
"..."
တပည့်များသည် မှင်သက်နေပြီး ကောင်းကင်အား အကြောင်သား ငေးကြည့်နေကြသည်။
ထိုအချိန်တွင် လင်းလောင် တောင်ထိပ် သခင်မ၏ ဝါးအိမ်အတွင်းရှိ တောင်ထိပ် သခင်မသည် သူမ၏ ဝါးခုတင်ပေါ်တွင် ပက်လက်လန်ကာ အိပ်ပျော်နေလေသည်။ သူမ၏ ကိုယ်ဟန်အနေအထားမှာ အနည်းငယ် ပေါ့ပေါ့ပါးပါးရှိပြီး သူမ၏ ကျောက်စိမ်းရောင် လက်မောင်းများနှင့် ပေါင်တံများကို ပေါ်လွင်စေကာ အတော်လေးကို ဆွဲဆောင်မှု ရှိချေသည်။
ကံမကောင်းစွာဖြင့်၊ ဤ လှပသော မြင်ကွင်းကို မည်သူမျှ ခံစားခွင့် မရှိပါ။
ထိုအချိန်တွင် ကျယ်လှသော မိုးခြိမ်းသံကြောင့် လင်းလောင် တောင်ထိပ် သခင်မ နိုးလာခဲ့သည်။ သူမ၏ ပိတုန်းရောင် ဆံပင်ရှည်များကို ပြုပြင်လိုက်သည်။
သူမ မျက်လုံးများက မှုန်ဝါးကာ အိပ်ချင်မူးတူး ဖြစ်နေသည်။
ထိုအချိန်တွင် သူမသည် တစ်စုံတစ်ခု ကို ရုတ်တရက် ခံစားလိုက်ရပြီး မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
အပြင်ဘက် ကောင်းကင်အား လှမ်းကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။
"တစ်ယောက်ယောက် အဆင့်တက်သွားတာလား? မင်ယွဲ့လေးလား၊ သူက ငါ မျှော်လင့်ထားတာထက် ပိုမြန်နေတာပဲ..."
သူမသည် ထိုသို့ ရေရွတ်ရင်း နေရာမှ
ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် လင်းလောင် တောင်ထိပ် သခင်မသည်
သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်မှ အလုံပိတ်ထားဆဲ ဖြစ်သော ဝင်ပေါက်ကိုကြည့်ကာ မျက်နှာအမူအရာ တင်းမာသွားခဲ့သည်။
"ဘာလဲ၊ ဒါက မင်ယွဲ့လေး.. မဟုတ်ဘူးလား?"
ထို့နောက် သူမသည် လုရီ၏ ဂူအိမ်ကြီးရှိရာ အရပ်ဆီသို့ မယုံနိုင်စွာ လှည့်ကြည့်လိုက်မိသည်။
သူမ နဖူးကို ကပျာကယာ ပွတ်သပ်ရင်း
"ငါ အိပ်ရာမနိုးသေးတာလား?"
..မဟုတ်သေးပါဘူး..
တစ်ဖန်.. လင်းလောင် တောင်ထိပ် သခင်မသည် သူမ၏ နို့နှစ်ရောင်ပါးပြင်ကို လက်ဖြင့် ခပ်နာနာ လိမ်ဆွဲကြည့်လိုက်သည်။
သူမ၏ နုနယ်သော ပါးပြင်သည် ချက်ချင်းပင် နီရဲလာသည်ဖြစ်ရာ နာကျင်စွာ ဟစ်အော်လိုက်မိသည်။
"ဒါ တကယ်ကြီးပဲ.. ဒီကလေးက၊ သူ အဆင့်တက်ခဲ့တာတောင် ဘယ်လောက် ကြာသေးလို့လဲ"
တောင်ထိပ် သခင်မသည် လေထုကို ဆုတ်ဖြဲ၍ လုရီ၏ ဂူစံအိမ် အပြင်ဘက်တွင် ပေါ်ထွက်လာသည်။
အတွင်းမှ ထွက်လာသော အားလှိုင်းတို့၏ အသံများကို ခံစားလိုက်ရသဖြင့်
လင်းလောင် တောင်ထိပ် သခင်မသည်
လုရီ အဆင့်တက်သွားသည်မှာ အမှန် ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
သူမ အံသြသွားသည်။
ဒီကလေးဟာ လွန်ခဲ့သည့် သုံးလကျော်လောက်က ချီအဆင့် ၁၀ကို ချိုးဖျက်ခဲ့သည်။ ယခုပဲ ချီအဆင့် ၁၀ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး ကောင်းကင် တာအို ကန့်သတ်ချက်ကို ဖြတ်ကျော်ခဲ့ပြန်လေသည်။
ဒါတွေ အားလုံးဟာ သုံးလကျော်ပဲ
ရှိသေးသည်လေ။
လင်းလောင် တောင်ထိပ် သခင်မပင်လျှင် အနည်းငယ် လန့်သွားသည်။
"ဒီကလေးရဲ့ အရည်အချင်းက
ဒီလောက် အစွမ်းထက်လား?"
ထို့နောက် လင်းလောင် တောင်ထိပ် သခင်မသည် ချက်ချင်းပင် ရွှင်လန်းဝမ်းမြောက်သွားကာ ယွီလန်းဝိုင်ကို တစ်ငုံ သောက်လိုက်ရင်း မှတ်ချက်ချသည်။
"အဟင်း...မဆိုးပါဘူး၊ ငါ တပည့်ကောင်းတစ်ယောက်ကို ရွေးခဲ့တာပဲ"
ထို့နောက်..သူမ၏ရုပ်သွင်သည် ဤနေရာတွင် မည်သည့်အချိန်ကမှ မတည်ရှိခဲ့သလို ပျောက်ကွယ်သွားသည်။
သူမ အခန်းထဲသို့ ပြန်သွားကာ ဆက်အိပ်လိုက်တော့သည်။
......
နောက်တစ်နေ့တွင် ကောင်းကင်၌ အုံ့မှိုင်းသော အရိပ်တို့ ပျောက်ကွယ်သွားကာ
မည်သည့်အချိန်ကမျှ ထိုသို့ မဖြစ်ပျက်သကဲ့သို့ ကင်းစင်နေသည်။
လုရီ၏ ဂူစံအိမ်ကြီးအတွင်းတွင် လုရီ သူ့မျက်လုံးများကို ခပ်ဖြည်းဖြည်း
ဖွင့်လိုက်သည်။ သူ့မျက်လုံးများက ကြယ်ပွင့်လို တဖျတ်ဖျတ် လက်နေ၏။
သူ့ကိုယ်တွင် တောက်ပလှသော တိမ်တိုက်ဖြူများ ခြံရံနေသောကြောင့် လုရီအား သေမျိုး ကမ္ဘာနှင့် မသက်ဆိုင်သော နတ်တစ်ပါးဟု ထင်ရစေသည်။
ကောင်းကင်တာအို ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီးနောက် လုရီ ကိုယ်တိုင်လည်း ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်ပင်။
မကြာမီတွင် လုရီ၏ ပတ်ပတ်လည်ရှိ အရှိန်အဝါများ ပျောက်ကွယ်သွားကာ သူ၏ ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။
လုရီသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်နေသည်။သူက ဖြည်းညှင်းစွာ ထရပ်လာခဲ့သည်။
ယခုအခါ ချီအဆင့် ၁၁သို့ ရောက်ရှိလေပြီ။
လုရီသည် သူ၏ လက်ရှိ အင်အားကို စမ်းသပ်ကြည့်ရန် မကြိုးစားခဲ့ပေ။
သူ၏ ကန့်သတ်ချက်များသည် မည်သို့ ရှိပြီး သူ မည်မျှ သန်မာလာသည်ကို အလိုလို သိပါ၏။
တံခါးကို အေးအေးဆေးဆေး ဖွင့်လိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်ရင်း ကောင်းကင်ပြင်မှာ တောက်ပနေသော နေရောင်ခြည်ကို ငေးကာ ပျင်းရိစွာ အညောင်းဆန့်လိုက်ည်။
တံခါးပိတ် ကျင့်ကြံခြင်း၏ သုံးလကြာ ရလဒ်အချို့ ထွက်ပေါ်လာခဲ့ပါပြီ။
သူသည် ဂူစံအိမ်ကြီးမှ ထွက်ခွာသွားပြီး တောင်ထိပ်ဆီသို့ တန်းတန်းမတ်မတ်
ချီတက်တော့သည်။
ချီအဆင့် ၁၁ကို ဖြတ်ကျော်ပြီးနောက်၊ ယခု သူသည် လင်းလောင် တောင်ထိပ် သခင်မ၏ တိုက်ရိုက်တပည့် ဖြစ်လာပြီး သူ၏တာဝန်ကို ပြီးမြောက်နိုင်ပြီ မဟုတ်ပါလား။
အခြားသော အလုပ်နှစ်ခုအတွက်မူ..
တစ်ခုမှာ ချီအဆင့် ၁၁သို့ ချိုးဖျက်ရန် ဖြစ်ပြီး နောက်တစ်ချက်မှာ ၎င်း၏ ဒုတိယ စီနီယာအစ်မထက် ပိုမို မြန်ဆန်စွာ အဆင့်တက်ရန် ဖြစ်လေရာ တစ်ချက် ကြည့်လိုက်တော့ ၎င်းတို့သည်လည်းပြီးမြောက်သွားသည်ကို တွေ့ရလေသည်။
ကောင်းကင်တာအို ကန့်သတ်ချက်ကို ဖြတ်ကျော်ရန် အခက်အခဲက မြင့်မားသည်။
လုရီ၏ အခြေခံဖြင့်ပင် တစ်ပတ်ကြာသည်ဖြစ်ရာ ဤရလဒ်ကြောင့် သူ မအံ့သြပါပေ။
လင်းလောင်တောင်ထိပ်သို့ ခပ်မြန်မြန်ပင် ရောက်သွားပါသည်။
သူသည် ဘယ်သောအခါမှ မပြောင်းလဲသလို ထင်ရသည့် ဝါးအိမ်ကြီးကို ကြည့်ကာ
" တောင်ထိပ် သခင်မ..တပည့်လုရီက ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၁၁ကို ချိုးဖျက်နိုင်ပါပြီ" ဟု လေးလေးစားစား အသိပေးလိုက်လေသည်။
-----------------
အခန်း၈၆- ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၁၁...
~သူ့စကားများ ဆုံးသည်နှင့်တစ်ပြိုင်နက် ဝါးအိမ်တံခါး ပွင့်လာပြီး လင်းလော် တောင်ထိပ် သခင်မ၏ အသံ ထွက်ပေါ်လာသည်။
"ဝင်လာ"
လုရီ အနည်းငယ် အံ့သြသွားသည်။
အင်...လင်းလော် တောင်ထိပ် သခင်မက
မအိပ်နေဘူးလား။
ဘာလဲ ၊ဒီနေ့ အနောက်အရပ်ကနေ
နေ ထွက်ကုန်ပြီလား။
လုရီ တိတ်တဆိတ် ဝေဖန်လိုက်ပြီး အထဲသို့ ဝင်သွားသည် ။
ဝါးအိမ်၏ဧည့်ခန်းတွင်၊လင်းလောင်တောင်ထိပ် သခင်မသည် ကျောမှီထိုင်ခုံရှည်ကြီးပေါ်တွင် အပျင်းကြီးစွာ ထိုင်နေပြီး၊ ဝိုင်နံ့သင်းသင်းလေးက အခန်းအတွင်း ပျံ့နှံ့နေပါသည်။
လုရီက "တောင်ထိပ် သခင်မကို နှုဝ်ဆက်ပါတယ်"ဟု လေးလေးစားစား ပြောသည်။
လင်းလော် တောင်ထိပ် သခင်မသည် လုရီကို စူးစိုက်ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်ရင်း ပြုံးသည်။
"မဆိုးပါဘူး၊ မင်း မြန်မြန်ဆန်ဆန် တိုးတက်နေပြီ"
လုရီက ပြုံးပြီး "ချီးကျူးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ တောင်ထိပ် သခင်မ"
လင်းလော် တောင်ထိပ် သခင်မက ထထိုင်ပြီး လုရီကို လေးလေးနက်နက် ကြည့်ကာ
"အခု မင်း အဆင့်တက်သွားတော့ ငါ့ရဲ့ တိုက်ရိုက် တပည့် ဖြစ်နိုင်ပြီပေါ့၊ ငါ နောက်တစ်ကြိမ် မေးမယ် ၊ မင်း ငါ့ရဲ့ တပည့် ဖြစ်ချင်ရဲ့လား"
"တပည့်.. ကျေကျေနပ်နပ်ကြီး ဖြစ်ချင်ပါတယ်"ဟု လုရီက စိတ်အားထက်သန်စွာ ဖြေသည်။
... ဒါပေါ့၊ ဆရာ့ဆီက ရတဲ့ အလုပ် ဆုလာဘ်က ဒီလောက်လိုချင်တပ်မက်စရာ ကောင်းနေတာ၊ ဘယ်သူက ဆန္ဒ မရှိဘဲ နေမှာလဲ။...
လင်းလော် တောင်ထိပ် သခင်မက ကျေနပ်အားရစွာ ခေါင်းညိတ်ပြီး
"ဟုတ်ပြီ၊ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တိုက်ရိုက်တပည့်ပဲ။ နင်ရွှမ်းပြီးရင် ဒုတိယ တိုက်ရိုက်တပည့် ဖြစ်တယ်၊ ဒီကိစ္စကို ဂိုဏ်းတစ်ခုလုံးကို ငါ အကြောင်းကြားလိုက်မယ်"
လုရီက မကန့်ကွက်ဘဲ လိုလိုလားလားခေါင်းညိတ်သည်။
"ဒီနေ့ကစပြီး မင်း ငါ့ကို ဆရာလို့
ခေါ်နိုင်တယ်"
"တပည့်.. ဆရာ့ကို ဂါရဝပြုပါတယ်"
လင်းလော် တောင်ထိပ် သခင်မက ကျေနပ်အားရစွာ ခေါင်းညိတ်ပြပြီး သူ့အား
ကြည့်ကာ
"မင်းက ငါ့ရဲ့ တိုက်ရိုက်တပည့်မို့ ဆရာက မင်းကို ကိုယ်တိုင် သိုင်းပညာ သင်ပေးမယ်။ ကောင်းကင်ဘုံရဲ့ ကန့်သတ်ချက်ကို ဆက်ချိုးဖျက်ပြီး ချီသန့်စင်နယ်ပယ်မှာ
ပိုမြင့်မားတဲ့ အဆင့်ကို တက်ဖို့ အစီအစဉ် ရှိလား"
"ဟုတ်ပါတယ်၊ တပည့်မှာ ဒီလိုအစီအစဥ် ရှိပါတယ်"
ဟုတ်သည်။
လုရီက ချီအဆင့် ၁၁တွင် ရပ်တန့်ဖို့
စိတ်မကူးပါ။
အနည်းဆုံး ချီအဆင့် ဆယ့်သုံးအထိ
တွန်းပေးရမည် မဟုတ်ပါလား။
လင်းလောင် တောင်ထိပ် သခင်မက ထိုအဖြေအား အံ့သြမှု မရှိဘဲ ခေါင်းညိတ်ပြီး
"မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အခြေခံအုတ်မြစ်က ဒီလိုပဲ ဖြစ်ရမှာပေါ့... ပြောရရင် ချီသန့်စင်နယ်ပယ်အတွက် ငါ သင်ပေးစရာ သိုင်းပညာ မရှိတော့ဘူး၊ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို အဆင့်တက်ပြီးရင် ဘယ်လမ်းကို အခြေပြု ကျင့်ကြံမလဲ"
ကျင့်ကြံသူများသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ သိုင်းပညာနှင့် သိုင်းနည်းစနစ်တစ်ခုစီသည် အားသာချက်များနှင့် အားနည်းချက်များ အသီးသီး အဿကကွဲပြားလေရာ...လိုက်စားနိုင်သည့် လမ်းစဉ်များသည်လည်း ပိုမို များပြားလာသည်။
ကျင့်ကြံသူတို့ အလိုက်စားဆုံး လမ်းစဉ်မှာ ဓား အခြေပြုကျင့်ကြံခြင်း ဖြစ်ပြီး မီးအခြေပြုကျင့်ကြံခြင်း၊ ရေအခြေပြုကျင့်ကြံခြင်းနှင့် သစ်သားအခြေပြုကျင့်ကြံခြင်းစသည့် သဘာဝလမ်းကြောင်းအမျိုးမျိုးလည်း ရှိသည်။
လက်သီးအခြေပြုကျင့်ကြံခြင်း၊ခန္ဓာကိုယ်အခြေပြုကျင့်ကြံခြင်း၊ အခင်းအကျင်း အခြေပြုကျင့်ကြံခြင်းများနှင့် ရွှင်ပျော်ပျော် အစည်းအရုံး တာအိုအခြေပြုကျင့်ကြံခြင်း ကဲ့သို့ ရှားရှားပါးပါး ကျင့်ကြံခြင်း လမ်းစဉ် အချို့လည်း ရှိသေးသည်။
မည်သို့ပင် ဆိုစေကာမူ လူတစ်ဦး၏ စွမ်းအင်သည် အကန့်အသတ် ရှိသည်။
တာအို လမ်းစဉ်အားလုံးကို တပြိုင်နက်တည်း ကျင့်ကြံရန်ကား မဖြစ်နိုင်လေပါ။
ကြီးမားသောလမ်း သုံးထောင်ဖြင့်၊ တစ်ခုစီသည် မသေမျိုး အဖြစ်သို့ ဦးတည်သွားနိုင်ပြီး ကျင့်ကြံသူအားလုံးနီးပါးသည် အဓိကအားဖြင့် တစ်ခုတည်းသောလမ်းကြောင်းကို ကျင့်ကြံကြပြီး အများစုမှာ တာအိုဝါဒီစွမ်းရည် တစ်ခု သို့မဟုတ် နှစ်ခုကို ဖြည့်စွက် လေ့ကျင့်တတ်ကြသည်။
လုရီ၏ ပန်းတိုင်သည် အမြဲတစေ ရှင်းနေပါသည်။ ၎င်းက ဓားအခြေပြု ကျင့်ကြံခြင်း ဖြစ်၏။
ဓားကိုင်ရတာ အလွန် မိမိုက်လှသည် မဟုတ်ပါလား။
ထို့အပြင် ဓားသမားများ၏ တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပင် ပြင်းထန်လှသည်။
သို့သော် သူ၏ ရွှေလက်ချောင်း ဂိမ်း စနစ်
မနိုးထလာခင်ကတည်းက လုရီသည်
ဓားအခြေပြု ကျင့်ကြံခြင်းကို လိုက်စားရန် စီစဉ်ထားခြင်းပါ။
ယခုအခါတွင် ရွှေလက်ချောင်း ဂိမ်းစနစ် ကြောင့် မှော် စွမ်းရည်၏ နားလည်မှုအမြန်နှုန်းသည် အလွန်မြန်ဆန်သည်။
ချီသန့်စင် နယ်ပယ်တွင် ရှိနေသော်လည်း သူသည် အယူအဆနှစ်ခုကို ဆုပ်ကိုင်ထားပြီး ဖြစ်သည့်အတိုင်းအတာအထိ မြန်ဆန်လွန်းသည်။
လုရီသည် သူ့ဦးတည်ချက်ကို အနည်းငယ် ပြုပြင်ပြောင်းလဲခဲ့သည်။
ပင်မလမ်းကြောင်းသည် အတိအကျ
ဓားတာအိုသာ ဖြစ်သည်။
သို့သော် အလုပ် ပြီးမြောက်ရန် သင့်လျော်သော ရွေးချယ်စရာများ ရှိနေသရွေ့ အခြားစွမ်းရည်များကိုလည်း ဖြည့်စွက် ကျင့်ကြံနိုင် သေးပါသည်။
၎င်းတို့က သူ့အတွက် အသုံးဝင်သရွေ့ပေါ့။
"ဓားအခြေပြု ..ဟုတ်လား၊ တကယ်ပဲ မင်းနဲ့ လိုက်ဖက်တယ်။"
လင်းလောင် တောင်ထိပ်သခင်မက
နူးညံ့စွာ ပြုံးကာ
"ချီသန့်စင် နယ်ပယ်မှာ ဓားစိတ်ဆန္ဒ နှစ်ဆယ် ရာခိုင်နှုန်းကို နားလည်နေပြီ၊ ဒီလို ပါရမီနဲ့ ဓားတာအိုကို မလိုက်စားရင် ဖြုန်းတီးရာ ကျတော့မှာပေါ့"
"အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကို မတက်လှမ်းခင် ငါ့ကို အရင်အကြောင်းကြားပါ၊ အဆင့်တက်ဖို့ စိတ်မလောနဲ့၊ မင်းရဲ့ ဓားတာအိုအတွက် သင့်တော်တဲ့ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အတွက် ကျင့်ကြံခြင်းပစ္စည်းတွေကို ဆရာက ရှာဖွေပေးမယ်..."
ဒါကို ကြားတော့ လုရီ အံ့အားသင့်သွားပြီး အနည်းငယ် တုန်လှုပ်သွားသည်။
အခြေခံအုတ်မြစ် တည်ထောင်ခြင်း ဆ်ိုင်ရာ ကျင့်ကြံခြင်းပစ္စည်းများအား သူ့ အလုပ်များမှတစ်ဆင့် အလွယ်တကူ ရယူနိုင်ပုံရသော်လည်း လက်တွေ့တွင် ၎င်းတို့သည် အလွန် ရှားပါးပါသည်။
ဆရာသည် သူ့အတွက် ဓားတာအို၏ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် ဆိုင်ရာကျင့်ကြံခြင်းပစ္စည်းများ အမှန်တကယ် ရှာပေးလိမ့်မည်ဟု လုရီ
မမျှော်လင့်ခဲ့ပေ။
ဆရာသည် ဒီတပည့်ကို အမှန်တကယ် အလေးအနက်ထားကြောင်း ထင်ရှားသည်။
လုရီက ခပ်ဖျော့ဖျော့ ပြုံးပြီး
"ကျေးဇူးတင်ပါတယ် ဆရာ"
"အင်း.. ဒါ့အပြင် မင်းရဲ့အခြေခံအုတ်မြစ် တည်ထောင်ခြင်း
သိုင်းနည်းစနစ်အတွက်ရောပဲ... အချိန်ကျရင် ငါ ပြင်ဆင်မှာပါ" ဟု
လင်းလောင် တောင်ထိပ်သခင်မက ဆက်ပြောပါသည်။
လုရီက ကျေးဇူးတင်စွာဖြင့်
" နောက်တစ်ကြိမ်..ကျေးဇူးတင်ပါတယ် ဆရာ"
လင်းလောင် တောင်ထိပ်သခင်မက ဝိုင်ကို အနည်းငယ် သောက်လိုက်ပြီး
အမှုမထားစွာ ပြောသည်။
"မင်းက ငါ့တပည့်မို့ ငါသေချာဂရုစိုက်ရမှာ ပေါ့။ နောင်မှာ တစ်ခုခု အခက်တွေ့ခဲ့ရင် ငါ့ကို အချိန်မီ ပြောပါ"
လုရီသည် စိတ်ထဲ လှိုက်ခနဲ နွေးထွေးသွားသည်။
သူ့ဆရာသည် အမှန်တကယ်ပင် ကြီးမြတ်လှသည်။
"ကျင့်ကြံခြင်း အရင်းအမြစ်နဲ့ ပတ်သက်လို့က ဒီအတိုင်းပဲ၊ အကန့်အသတ်မရှိ သုံးနိုင်တယ်၊ ကဲ၊ တခြား ဘာလိုသေးလဲ"
ထိုသို့ မေးမြန်းသောအခါ လုရီ ခဏလောက် တွေးပြီး ရှက်ရွံ့စွာ ပြုံးကာ
"ဆရာ့ရဲ့ ပို့ချတာကို ထပ်နားထောင်ချင်ပါတယ်"
လင်းလောင် တောင်ထိပ်သခင်မသည် စိတ်ထဲ အနည်းငယ် ကျေနပ်သွားသည်။
. ဒီကလေးက သူမရဲ့ သွန်သင်ချက်တွေရဲ့ အကျိုးကျေးဇူးတွေကို တကယ်သိတာပဲ။
လင်းလောင် တောင်ထိပ်သခင်မသည် ပြုံးပြီး "ရတယ် လေ၊ ဒါက ပြဿနာမရှိပါဘူး။"
လုရီ၏ နှလုံးသားသည် ရွှင်မြူးစွာဖြင့် ခုန်ပေါက်သွားပြီး အလုပ်ကို သူ့အသိစိတ်ပင်လယ်နှင့် တစ်ဖန် ပြန်စစ်ဆေးလိုက်သည်။
ထိုဆုလာဘ်သည် ထပ်မံ၍ ရုတ်ချည်း ဉာဏ်အလင်းဖြစ်နေဆဲပင်။
လုရီသည် တကယ့်ကို အကြီးအကျယ် ဝမ်းသာသွားသည်။
လင်းလောင် တောင်ထိပ်သခင်မသည်
လုရီကို နေ့လည်အထိ ဆက်လက် ဟောပြောခဲ့ပြီး၊ ထို့နောက် အနည်းငယ် အာခေါင် ခြောက်သလိုရှိ၍ ဝိုင်ကို သောက်လိုက်ပြီး
"မင်း တစ်ခုခု သိမြင်သွားပြီလား?"
လုရီသည် ပြီးမြောက်သွားသော အလုပ်အား တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေသည်။
"ဟုတ်ကဲ့၊ သိမြင်မှုတွေက ကြီးကြီးမားမားပါပဲ..."
သူ့အဖြေကြောင့် လင်းလောင် တောင်ထိပ်သခင်မက ကျေနပ်စွာ ပြုံးပြီး
"ကောင်းပြီ၊ ဆက်ပြီး ကျင့်ကြံတော့"
လုရီက ခေါင်းညိတ်လိုက်ပြီး စိတ်အားထပ်သန်စွာ တောင်းဆိုလာ၏။
"ဆရာ..တပည့်ကို တာအို အကြောင်း မကြာခဏ ဟောပြောပေးလို့
ရမလား၊ ဆရာ့ရဲ့ သင်ကြားချက်ကို တပည့် နားထောင်ချင်ပါတယ်"
ထိုအခါ လင်းလောင် တောင်ထိပ်သခင်မ၏ မျက်နှာပေါ်ရှိ အပြုံးသည် တောင့်တင်းသွားသည်။
"အင်း...တာအို အကြောင်း ထပ် ပို့ချရမှာလား၊ ဘယ်နှစ်ကြိမ်လောက်လဲ"
လုရီ သည် လင်းလောင် တောင်ထိပ်သခင်မ၏ အနည်းငယ် တင်းမာသောအမူအရာကို မြင်လျှင် မရဲတရဲ ပြောလိုက်သည်။
"တစ်ပတ်ကို တစ်ကြိမ်ပါ"
ထိုအခါ.. လင်းလောင် တောင်ထိပ်သခင်မသည် လုရီကို ခပ်တည်တည် စိုက်ကြည့်နေရာ လုရီ တစ်ယောက် လူသတ်စိတ်ဆန္ဒကိုပင် ခံစားလိုက်ရသလိုပင်။
လုရီနဖူးမှ ချွေးအေးများ စီးကျလာပြီး
"အဲ..တစ်လ တစ်ကြိမ်ပါ ဆရာ.."
ထိုအခိုက်အတန့်၌ လင်းလောင် တောင်ထိပ်သခင်မ၏ အမူအရာမှာ ခဏတာ အကြပ်ရိုက်နေသလို ရှိကာ စိတ်ပျက်လက်ပျက် ဆိုသည်။
"တစ်လတစ်ခါ သင်ကြားရမှာလား..အရမ်းပင်ပန်းလိုက်တာ..ဟူး။ မင်း ဒီလို ဒုက္ခပေးတတ်လိမ့်မယ်လို့ ငါ
မထင်ထားဘူး"
-----------------
အခန်း ၈၇- ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၁၁...
~လုရီ နဖူးတွင် ချွေးစေးတို့ ခိုတွဲနေ၏။
သူ၏ ဆရာသည် ကိစ္စများစွာ၌ အလွန် တော်သော်လည်း ပျင်းရိလွန်းလှသည်။
သို့သော် တစ်လလျှင် တစ်ကြိမ် တွေ့ဆုံမှုမှာ မဆိုးပေ။လတိုင်းတွင် အပိုထပ်ဆောင်း ဆုလာဘ် တစ်ခုနှင့် ညီမျှသည်။
ဒါလည်း အလွန် ကောင်းပါသည်။
ထိုသို့ လုရီ စိတ်ထဲ ရွှင်မြူးစွာ တွေးလိုက်သည်။
"ဆရာ၊ ကျွန်တော် အားလုံး ပြေလည်သွားပါပြီ။ ကျွန်တော် ကျင့်ကြံဖို့ ပြန်သွားရတော့မလား.."
လင်းလောင် တောင်ထိပ်သခင်မက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်
"နေဦး၊ ယွီလန်း ကိတ်မုန့်နဲ့ ယွီလန်းဝိုင် ကုန်သွားပြီ၊ သွားဝယ်ပေးဦး" ဟု
ခိုင်းလာသည်။
မကြာသေးမီက မင်ယွဲ့လေးသည် တံခါးပိတ်ကျင့်ကြံ နေခဲ့သည် ဖြစ်ရာ တောက်တိုမည်ရများ မလုပ်ဆောင်နိုင်ခဲ့ပါ။
ယခု လုရီက အလှည့်ကျ အလုပ်တွေ ပိုလုပ်လာရမည့် ပုံပါပဲ။
လင်းလောင် တောင်ထိပ်သခင်မ၏ စကားကိုကြားသောအခါ လုရီ၏ နှလုံးသားသည် ရွှင်မြူးခုန်ပေါက်သွားသည်။
..အိုး..နောက်ထပ် အလုပ်တစ်ခု ပေါ်လာပြီဟ။..
သူက အပြုံးလေးဖြင့် အမြန် နာခံသည်။
"အခုပဲ သွားလိုက်ပါမယ်..ဆရာ"
ထို့နောက် သူက ဆက်ပြောသည်။
"ဆရာ၊ နောင်မှာ တပည့်ကို လုပ်စရာရှိရင် အားမနာတမ်း ခိုင်းပါ၊တပည့် အကောင်းဆုံး လုပ်ပါ့မယ်!"
ဖိုးတက်ကြွ ဖြစ်နေသော လုရီကြောင့်
လင်းလောင် တောင်ထိပ်သခင်မမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
ဒီကောင်လေးက အလုပ်ကိစ္စများ လုပ်ဆောင်ရာတွင် ဒီလောက် ပျော်ရွှင်နေရလား။
နောင်တွင် အလုပ်ကိစ္စများလုပ်ရန် တစ်စုံတစ်ယောက် ထပ် ရှိလေပြီ။
လင်းလောင် တောင်ထိပ်သခင်မလည်း ကျေနပ်စွာ ပြုံးကာ
" ကောင်းပြီလေ၊ဒါဆို အခုကစပြီး ခိုင်းစရာ ရှိရင် ခိုင်းရတာပေါ့..."
ထို့နောက် လုရီက လင်းလောင် တောင်ထိပ်သခင်မကို နှုတ်ဆက်ပြီး ယွီလန်း ကိတ်မုန့်နှင့် ယွီလန်း ဝိုင်ကို ဝယ်ပေးခဲ့သည်။
ယမန်နှစ်တုန်းက ယွီလန်း ကိတ်မုန့်နှင့်
ယွီလန်း ဝိုင် ၀ယ်ရသည့်တာဝန်က
စိတ်ဝိဉာဉ် ဟင်းချက်စွမ်းရည်နှင့်
စိတ်ဝိဉာဉ်ဝိုင် စပ် စွမ်းရည်တို့ကို ချီးမြှင့်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း လုရီအား ထပ်တူထပ်မျှ ကျေနပ်စေသည်။
ဤတစ်ကြိမ်၊ ဆုလာဘ်သည် သမာဓိ စိတ်ဝိညာဉ်နှင်းစက်အား တိုက်ရိုက်
အဆင့်တစ်ဆင့် မြှင့်တင်ပေးပါသည်။
လွန်ခဲ့သည့် သုံးလအတွင်း၊ လုရီသည် ကျားရိုးဝိဉာဉ် ဂျင်ဆင်း စွပ်ပြုတ်နှင့် သမာဓိ စိတ်ဝိညာဉ်နှင်းစက်ကို လျစ်လျူ
မရှုဘဲ မြှင့်တင်ခဲ့သည်။
သူသည် ကျားရိုးဝိဉာဉ် ဂျင်ဆင်း စွပ်ပြုတ်ကို ကန့်သတ်ချက်သို့ တွန်းပို့ခဲ့ပြီး ၎င်းသည် မတိုးတက်နိုင်တော့ပေ။
သို့သော် သမာဓိ စိတ်ဝိညာဉ်နှင်းစက်သည် အချိန် လိုအပ်သည်။သို့ဖြစ်ရာ ၎င်း၏တိုးတက်မှုက အလွန်
နှေးကွေးသည်။ အဆင့် ခုနစ်ကိုသာ ရောက်နေသေးသည်။
ဤဆုလာဘ်ဖြင့် လုရီ သည် သမာဓိ စိတ်ဝိညာဉ်နှင်းစက်ကို အဆင့်ရှစ် သို့ တိုက်ရိုက်အဆင့်မြှင့်နိုင်ပါပြီ။
၎င်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို သဘာဝအတိုင်း အရှိန်မြှင့်ပေးနိုင်လေသည်။
လုရီတစ်ယောက် အရမ်းပျော်နေခဲ့သည်။
ယွီလန်း နားခိုဆောင်သို့ ခရီးထွက်ပြီး ယွီလန်း တောင်ထိပ်သခင်မ ထံမှ ယွီလန်းကိတ်မုန့်နှင့် ယွီလန်းဝိုင်များ ဝယ်ယူလာပြီးနောက် ပြန်လာကာ စောင့်ဆိုင်းနေသော
သူ့ဆရာထံ ပေးအပ်ကာ ဂိမ်းစနစ်မှ အလုပ်ကို လွယ်ကူစွာ ပြီးမြောက်စေခဲ့သည်။
ထို့နောက် လုရီတစ်ယောက်သည် သူ့ကိုယ်ပိုင်ဂူအိမ်သို့ ပြန်ရန် မစောင့်နိုင်တော့ဘဲ သူ့အကျိုးအမြတ်များကို စတင်စစ်ဆေးသည်။
ချီအဆင့် ၁၁သို့ အဆင့်တက်မှုသည် အလုပ် သုံးခုကို ပြီးမြောက်စေပြီး
တစ်ခုစီမှ အလွန်ရက်ရောသော ဆုလာဘ်များ ရရှိခဲ့ပါသည်။
[အလုပ်]
- ချီအဆင့် ၁၁သို့ အဆင့်တက်ရန်။
(ပြီးမြောက်ပါပြီ)
-သုန်းကုန်းမင်ယွဲ့ ထက် ပိုမြန်ဆန်စွာ ချီအဆင့် ၁၁သို့ ဖြတ်ကျော်ရန်။(ပြီးမြောက်ပါပြီ)
- လင်းလောင် တောင်ထိပ်သခင်မ၏ တိုက်ရိုက်တပည့်ဖြစ် ရန်။
(ပြီးမြောက်ပါပြီ)
လုရီက သူ့ဆုတွေကို တစ်ခုပြီးတစ်ခု ရိတ်သိမ်းလိုက်သည်။
ချီအဆင့် ၁၁အား အဆင့်တက်ရန် ဟူသော ပထမ အလုပ်က
သူ့ကို တာအို စွမ်းအားမျှင် တစ်မျှင် ဆုချခဲ့သည်။
တာအို စွမ်းအားမျှင်က မီးခိုးလို လွင့်မျောနေသော ရောင်စုံမြူခိုး အမျှင်တစ်ခုပါ။
ပါးလွှာသော်လည်း ကောင်းမွန်စွာ တည်ရှိနေပါသည်။
ထို့နောက် လူရီသည် တာအို စွမ်းအား၏ သဘော သဘာဝအကြောင်းကို လေ့လာခဲ့သည်။
တာအိုစွမ်းအင်သည် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်အတွက် အသုံးပြုသည့် ကောင်းကင်နှင့် မြေကြီးရတနာ တစ်ခုလည်း ဖြစ်သည်။
သို့သော် သာမန်အဆင့် ကောင်းကင်နှင့် မြေကြီးရတနာများနှင့် နှိုင်းယှဉ်ပါက
တာအို စွမ်းအား သည် များစွာ အားကောင်းသည်။
အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်အတွက် တာအို စွမ်းအားကိုအသုံးပြုလျှင် ကျင့်ကြံသူများသည် တာအိုအား လိုက်လျောညီထွေ ဖြစ်စေသည်။
သူတို့၏ မွေးရာပါ ကျင့်ကြံမှုစွမ်းရည်ကို ကြီးမားစွာ မြှင့်တင်ပေးရုံသာမက သူတို့ လေ့ကျင့်ထားသည့် တာအို စွမ်းရည်တွင် ထူးခြားသောစွမ်းရည်များကို ပြသနိုင်သည်။
ဝိဉာဉ်အရည်ဖြင့် ကျင့်ကြံခြင်းမှ ရရှိသည့် တိုးတက်မှုများကိုပင် ကျော်လွန်သွားနိုင်သည်။
တာအိုစွမ်းအား၏ စွမ်းဆောင်နိုင်ရည်များကို လေ့လာပြီးနောက် လုရီတစ်ယောက် လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့သည်။
ဤအဆင့်ရှိသော ကောင်းကင်နှင့် မြေကြီးရတနာသည် ပေါက်ကြားသွားလျှင်
လူတိုင်းအား ရူးသွပ်စေလိမ့်မည်။
နတ်ဘုရား အသွင် ပြောင်းလဲခြင်း နယ်ပယ်နှင့် ဟင်းလင်းပြင် ဥမင်နယ်ပယ် စွမ်းအားရှင်များပင် တပ်မက်မှုဖြင့် အသည်းအသန် လုယက်ကြလိမ့်မည်။
သူ့ရှေ့က တာအိုစွမ်းအားမျှင်ကို ကြည့်ရင်း တာအိုစွမ်းအားမျှင်နှင့်ဆိုလျှင် မည်သူက ဝိညာဉ်အရည်တွေ လိုအပ်နေပါတော့မည်နည်းဟု လုရီ တွေးလိုက်မိသည် ။
ယခုအချိန်တွင် သူစုဆောင်းထားသော ဝိညာဉ်အရည်များသည် မိုးကြိုးဝိညာဉ် ဆေးလုံး၊ ရေဝိဉာဉ်ရည်၊ မီးဝိဉာဉ်ရည်၊ လေဝိဉာဉ်ရည် ဟူသော အမျိုးအစားများစွာ ပါဝင်သည်။
အားလုံးဟာ အလွန် အဖိုးထိုက်တန်သော ကောင်းကင်နှင့် မြေကြီးရတနာတွေဖြစ်ပေမယ့် သူကိုယ်တိုင် အသုံးမချနိုင်ပေ။
ဒါက ဘယ်လောက် ဝမ်းနည်းစရာကောင်းသော အဖြစ်သနစ်လေးပါလဲ။
လုရီ ဆက်မတွေးချင်တော့ဘဲ ခေါင်းခါလိုက်သည်။
သူသည် တာအိုစွမ်းအားမျှင်ကို ဂရုတစိုက်သိမ်းဆည်းလိုက်သည်။ ၎င်းသည် သူ၏အခြေခံအုတ်မြစ်ကို အကျိုးများစေနိုင်သည့်အရာ ဖြစ်သောကြောင့် ပေါ့ပေါ့တန်တန် မပြုဝံ့ပေ။
တာအိုစွမ်းအားမျှင်ကို သိမ်းဆည်းပြီးနောက် အခြားဆုလာဘ်များကို စစ်ဆေးလိုက်သည်။
ချီအဆင့်၁၁ကို သုန်းကုန်းမင်ယွဲ့ထက် ပို၍ မြန်ဆန်စွာ ဖြတ်ကျော်ခြင်းအတွက် ဆုကြေးတွင် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် စွမ်းရည် ဖြစ်သော မိုးကြိုးအရိပ် ခြေလှမ်း၊ ထိပ်တန်း မှော်အသုံးအဆောင် ခရမ်းရောင် ကျောက်စိမ်း စကတ်နှင့် နှစ်တစ်ထောင်
ဝိဉာဉ်နှင်းစက် အစက် သုံးဆယ် တို့ ပါရှိလေသည်။
မိုးကြိုးအရိပ် ခြေလှမ်းသည် မိုးကြိုးအခြေပြု ကျင့်ကြံသူများအတွက် သင့်လျော်သော မိုးကြိုးသိုင်းပညာတစ်ခုဖြစ်သော်လည်း လုရီကမူ မိုးကြိုး စိတ်ဆန္ဒ၏ တစ်ဆယ်ရာခိုင်နှုန်းကို ကျွမ်းကျင်သောကြောင့် ၎င်းကို ကျင့်ကြံနိုင်သည်။
အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် စွမ်းရည်ဖြစ်သည့် မိုးကြိုးအရိပ် ခြေလှမ်းသည် တိမ်ဖြူ ခြေလှမ်းထက်
အတိအကျ မြင့်မားသည်။
မိုးကြိုးအရိပ် ခြေလှမ်း ၏ လှုပ်ရှားမှုမှာ ကောင်းကင်ကို ဖြတ်သွားသည့် မိုးကြိုးလျှပ်စီးကဲ့သို့ မယုံနိုင်လောက်အောင် မြန်သည်။
ပိုမိုနက်ရှိုင်းသော အဆင့်အထိ ကျင့်ကြံပါက ၎င်းသည် အဖျက်စွမ်းအားပိုင်ဆိုင်ထားသည့် မိုးကြိုး၏ အကြွင်းအကျန်အရိပ်များကိုပင် စုစည်းနိုင်ပြီး၊ မမျှော်လင့်ဘဲ ရန်သူများကို မှင်သက်စေနိုင်သည်။
ထိုသို့ တံခါးပိတ် ကျင့်ကြံပြီးနောက် သုံးလကျော်ကြာပြီးနောက် သူ၏ ဖုံးကံယ် အသက်ရှူ စွမ်းရည်သည် ထူးကဲ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ယခု ကျန်သေးသည့် အရာများမှာ ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်၊ အတိတ်မေ့ စွမ်းရည်နှင့် သမာဓိ ဝိဉာဉ်ဝိုင်တို့ဖြစ်သည်။
ထိုမှလွဲ၍ အခြား မည်သည့်အရာမှ ကျင့်ကြံနိုင်ခြင်း မရှိပေ။
အခု သူ့မှာ နောက်ထပ် လေ့ကျင့်ဖို့
စွမ်းရည် တစ်ခု ပိုင်ဆိုင်ထားပါပြီ ။
လုရီသည် နောက်တစ်ကြိမ် ကျင့်ကြံရန် စီစဉ်ခဲ့သည်။
မိုးကြိုးအရိပ် ခြေလှမ်းအပြင်..
အခြားသော ဆုလာဘ်များကတော့ထိပ်တန်း မှော်အသုံးအဆောင် ဖြစ်သော ခရမ်းရောင် ကျောက်စိမ်း စကတ်နှင့်
နှစ်တစ်ထောင် ဝိဉာဉ်နှင်းစက် အစက် သုံးဆယ်တို့ ပါဝင်သည်။
နှစ်တစ်ထောင် ဝိဉာဉ်နှင်းစက်၏ အစွမ်းထက်ပုံအား ယခင်က သိပြီးသား မဟုတ်ပါလား။
ခရမ်းရောင် ကျောက်စိမ်း စကတ်မှာမူ ထိပ်တန်းမှော် အသုံးအဆောင် တစ်ခု
ဖြစ်သောကြောင့် မယုံနိုင်လောက်အောင် လှပဆန်းကြယ်သော ခရမ်းရောင် စကတ်တစ်ထည်ပါပဲ။
၎င်း၏ ခုခံစွမ်းရည်မှာ အတိအကျပင် မြင့်မားလှသော်လည်း အရေးအကြီးဆုံး အချက်မှာ...ခရမ်းရောင် ကျောက်စိမ်း စကတ်က မိုးကြိုးစွမ်းအားကို မြှင့်တင်ပေးနိုင်သည့်အပြင် မိုးကြိုး အခြေပြု ကျင့်ကြံသူ၏ ကျင့်ကြံနှုန်းကိုလည်း မြန်ဆန်စေသည်။
ဤမှော်အသုံးအဆောင်သည်
မည်မျှ လိုချင်တပ်မက်ဖွယ် ကောင်းလိုက်
သလဲ စိတ်ကူးကြည့်နိုင်ပါသည်။
ရွှေအူတိုင်နယ်ပယ် မိုးကြိုး အခြေပြုကျင့်ကြံသူများသည်ပင် ၎င်းကို နှစ်သက်ကြပေမည်။
ကံမကောင်းစွာပဲ၊ ၎င်းသည် စကတ်
တစ်ထည် ဖြစ်သောကြောင့် လုရီသည် သည်အတိုင်းသာ သိမ်းထားခဲ့ရပါသည်။
လင်းလောင် တောင်ထိပ်သခင်မ ၏ တိုက်ရိုက်တပည့် ဖြစ်လာသည့် နောက်ဆုံးအလုပ်မှာ လုရီကို အလယ်အလတ်တန်းစား ကျောက်စိမ်းဝိညာဉ် ဝတ်ရုံနှင့် ဉာဏ်အလင်း လက်ဖက်ခြောက် သုံးရွက်ဟူသော ဆုလာဘ်များ ရက်ရက်ရောရော
ပေးဆောင်ခဲ့ပါသည်။
အလယ်အလတ်တန်းစား ရတနာ။
အလယ်အလတ်တန်းစား ရတနာဆိုသည်မှာ အဘယ်သို့ ရှ်ိသနည်း ...
ဤအဆင့်ရှိ လက်နက်တစ်ခုအား
လုရီ အနေနှင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပါသည်။
အခြေတည် ဝိဥာဉ် နယ်ပယ် ကျင့်ကြံသူများပင်လျှင် ဤကြီးမြတ်သော ရတနာကို သေချာပေါက် ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။
--------------