← Chapters

ကမ္ဘာဦးမတိုင်မီသားရဲကြီး အဖြူရောင်စွန် ၂

Vol. 80 Ch. 797

ကမ္ဘာဦးမတိုင်မီသားရဲကြီး အဖြူရောင်စွန် ၂

Vol. 80 Ch. 797

မီးလျံငှက်ကား မီးလျံငှက် ဖြစ်နေဆဲပင်။ သို့သော် ဤတကြိမ်တွင် စုချန်းသည် မီးလျံငှက်ကို အရိပ်မီးတောက်များဖြင့် ပေါင်းစပ်ထားလေရာ မီးတောက်များသည် ကြောက်စရာကောင်းအောင် မဲနက်နေ၏။ မီးလျံငှက်၏ အရှိန်အဝါမှာလည်း ဆထက်တံပိုး တိုးပွားလာတော့သည်။

ကောင်းကင်ဆီသို့ တရှိန်းရှိန်းတိုးထွက်နေသော မီးတောက်များသည် အေးစက်သော အငွေ့အသက်များကို သယ်ဆောင်လာတော့၏။ မီးတောက်များ နီးကပ်လာသည်နှင့် ချူးဟွိုင်လျန်းတကိုယ်လုံး ခိုက်ခိုက်တုန်လာ၏။

အနက်ရောင်မီးလျံငှက်အား ကောင်းကင်ထိုးခွဲဓားနှင့် မခုခံနိုင်လောက်မှန်း ချူဟွိုင်လျန်း ချက်ချင်းသဘောပေါက်လိုက်၏။ ထို့နောက် သူက ခေါင်းကိုမော့ပြီး စူးရှစွာ အော်ဟစ်လိုက်လေရာ သူ့နောက်ကျောရှိ လေစွန်၏ ပုံရိပ်သည် သူ့ထံသိူ့ တိုးဝင်ပျောက်ကွယ်သွား၏။ ထို့နောက် ချူဟွိုင်လျန်း၏ ကိုယ်ခန္ဓာသည် ကြီးသည်ထက် ကြီးထွားလာပြီး လူပုံစံသားရဲကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ သူ့နဖူးပေါ်တွင်တော့ တခုတည်းသော ဦးချိုကြီးက ထိုးထိုးထောင်ထောင်နှင့် ရှိလေ၏။ ချူဟွိုင်လျန်းကား လေစွန်အဖြစ် ပုံပြောင်းလိုက်ခြင်းပင်။

ချူဟွိုင်လျန်း၏ အင်အားသည် လေစွန်၏ အင်အားထက် အပုံတသောင်းပုံလျင် ဆယ်ပုံခန့်သာရှိသော်လည်း ထွက်ပေါ်နေသော အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။

ထို့နောက် ချူဟွိုင်လျန်းသည် အနက်ရောင်မီးလျံငှက်အား မျက်နှာချင်းဆိုင်ရင်း ကျယ်လောင်စွာ ကျူးရင့်လိုက်လေသည်။

"ငါ့ကို ဒီအခြေအနေထိ တွန်းပို့နိုင်တာနဲ့တင် မင်း ဂုဏ်ယူဖို့ ကောင်းနေပြီ ဒါပေမဲ့ တော်လောက်ပြီဟေ့"

ထို့နောက် သူက မီးလျံငှက်အား ကြက်ကလေးငှက်ကလေးသဖွယ် ဖမ်းချုပ်ပြီး လည်ပင်းကို ချွတ်ခနဲ လိမ်းချိုးလိုက်တော့သည်။

"ဟား ဟား ဟား လူသားသွေးဗီဇဟုတ်လား ဘယ်လောက်တောင် အဓိပ္ပါယ်မရှိလိုက်သလဲကွာ မင်းရဲ့သွေးဗီဇက ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇထက် ဘယ်နေရာမှာများ သာနေလို့လဲကွ"

လက်သီးတချက်အထုတ်တ်တွင်တော့ မီးလျံငှက်သည် အရိပ်မှုန်လေးများအဖြစ် တစစီ ပြိုကွဲသွားတော့သည်။ အဆိုပါအမှုန်လေးများ ကျရောက်လာခြင်းကြောင့် ချူဟွိုင်လျန်း၏ ကိုယ်ခန္ဓာတွင် အနက်ရောက်အစက်အပျောက်များ ပေါ်လာ၏။

"အရိပ်မူလပစ္စည်းပါလား"

ထိုအခါကျမှာ အနက်ရောင်မီးတောက်များ၏ အစွမ်းကို ချူဟွိုင်လျန်း သဘောပေါက်သွား၏။

"အရိပ်မူလပစ္စည်းဟာ အဆိပ်သိပ်ပြင်းတယ် ဒါကြောင့်မို့လို့လဲ သားရဲအဖြစ် ပြောင်းလဲပြီးတဲ့နောက်မှာတောင် ကျုပ်ကို ဒဏ်ရာရစေတာပဲပေါ့ စုချန်း မင်းအနေနဲ့ ဒီအထိရောက်လာတာကို ဂုဏ်ယူသင့်တယ် ဒါပေမဲ့ မင်းရဲ့အောင်မြင်မှုတွေ ဒီမှာတင် ရပ်တန်းက ရပ်ပါပြီ"

"ခင်ဗျား ဘယ်လိုလုပ်သိသလဲ"

စုချန်း ပြုံးစေ့စေ့နှင့် ပြန်မေးလိုက်၏။

စုချန်း၏ စကားကြောင့် ချူဟွိုင်လျန်း မျက်လုံးပြူးသွားရပြန်သည်။

"ဘာလဲ မင်းမှာ တခြားနည်းစနစ်တွေ ကျန်သေးတယ်ပေါ့ ဟုတ်လား ဒါ ဘယ်လိုမှမဖြစ်နိင်ဘူး မင်း ရှိသမျှအင်အားကို အကုန်သုံးခဲ့ပြီးပြီဆိုတာ ကျုပ် သေသေချာချာ သိနေတယ်ကွ"

"ဒီလိုလဲ မဟုတ်သေးဘူးလေဗျာ"

စုချန်း တဟဲဟဲ ရယ်မောလိုက်သည်။

"တခါတလေမှာ အင်အားတိုးလာဖို့ ပြင်ပပစ္စည်းတွေရဲ့ အကူအညီကို ခင်ဗျား ယူလို့ရတယ်လေ"

ထိုအချိန်တွင် ချူဟွိုင်လျန်း တစုံတရာကို သတိရလာ၏။

"အသက်ရင်းမြစ်ဖယောင်းတိုင် အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်တွေကို မင်း သုံးမှာပေါ့ ဟုတ်လား"

အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်များကို စုချန်းပိုင်ဆိုင်ထားကြောင်း မေ့နေခဲ့သည်ကို ထိုခနမှာပင် ချူဟွိုင်လျန်း နောင်တရလာတော့သည်။

တကယ်တော့ မေ့သည်ဆိုခြင်းထက် အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်များပိုင်ဆိုင်ထားလျင်ပင် စုချန်းသည် သူ့ပြိုင်ဘက်မဟုတ်ဟု ချူဟွိုင်လျန်း ယုံကြည်မှုလွန်ကဲနေခြင်းပင် ဖြစ်သည်။ အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်များဟူသည် အသက်များ ကယ်ဆယ်ရာတွင်လည်းကောင်း၊ ကန့်သတ်နည်းစနစ်များအား ချိုးဖျကိရာတွင်လည်းကောင်း အထူးအသုံးဝင်သည်မှာ မှန်၏။ သို့သော် စုချန်းတွင် မည်သည့်ကန့်သတ်နည်းစနစ်မှ မပိုင်ဆိုင်ထားခြင်းကြောင့် အသက်ရင်းမြစ်ဖယောင်းတိုင်သည် ၎င်းအား ထူးထူးခြားခြား အထောက်အပံ့မပေးနိုင်ဟု ချူဟွိုင်လျန်း ယူဆထားလေသည်။

သို့သော် လက်ရှိတွင်တော့ စုချန်းသည် သူကိုယ်တိုင် သားရဲပုံပြောင်းပြီး တိုက်ခိုက်ရသည်အထိ သန်မာနေ၏။ ဤအနေအထားတွင် စုချန်းသာ အသက်ရင်းမြစ်ဖယောင်းတိုင်ကို ထုတ်သုံးပါက ချူဟွိုင်လျန်းအဖို့ အခြေအနေမကောင်းနိုင်တော့။

၎င်းကိုတွေးမိသောအခါ ချူဟွိုင်လျန်းတယောက်က် အကြီးအကျယ် နောင်တရလာတော့သည်။

စုချန်း ပြုံးလိုက်၏။

"စိတ်မပူပါနဲ့ ကျုပ်ဆီမှာ အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်မပါလာဘူး ပြီးတော့ ခင်ဗျားကိုသတ်ဖို့လဲ ကျုပ် အဲတာတွေမလိုဘူး"

စုချန်း၏ စကားကြောင့် ချူဟွိုင်လျန်း ဝမ်းသာသွား၏။

မင်းမှာ ဒါတွေမပါလာဘူးဆိုတော့ သိပ်ကောင်းတာပေါ့ကွာ...

တဖက်တွင်လည်း ချူဟွိုင်လျန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာ ထွက်ပြေးမည်ဆိုပါက စုချန်းအနေနှင့်ဟန့်တားနိုင်ရန် မသေချာချေ။ ယခု စုချန်း၏ စကားကြောင့် ချူဟွိုင်လျန်းအနေနှင့့် ပို၍ စိတ်အေးလက်အေး တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။

တဖက်တွင်လည်း စုချန်းသည် အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်များအား ထုတ်သုံးရန် စိတ်ကူးထားခြင်း မရှိ။ အကြောင်းမှာ အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်များသည် စွမ်းအားကြီးသော်လည်း ထိုစွမ်းအားသည် သူ့အင်အားမှ ဆင်းသက်လာခြင်းမဟုတ်။ သူ့အနေနှင့် ပြင်ပအကူအညီအား ယူရသည့်တိုင် ထိုအကူအညီသည် သူအင်အားမှ တိုက်ရိုက်ဆင်းသက်လာခြင်းသာ ဖြစ်ရပေလိမ့်မည်တည်း။

ထို့နောက် စုချန်းက ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ပြီး ချေမွလိုက်ရာ စုချန်း ကိုယ်ပွားရှစ်ယောက်ခန့် လေထဲတွင် ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။

၎င်းကိုကြည့်ရင်း ချူဟွိုင်လျန်း အေးစက်သောလေသံနှင့် ရယ်မောလိုက်တော့၏။

"ဟား ဟား ဟား ကိုယ်ပွားနည်းစနစ်လေးကိုးကွ ဒီလောက်နဲ့တော့ ကျုပ်ကို ချိုးနှိမ်ဖို့ မလုံလောက်သေးပါဘူးလေ"

စကားဆုံးသည်နှင့် သူက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ ဖြူဖွေးသော အလင်းတန်းများ ထွက်ပေါ်လာ၏။ အလင်းတန်းထဲတွင် များပြားလှသော တောခြင်ရိုင်းအုပ်ကြီး ပါလာလေသည်။ ခြင်အုပ်ကြီးကား စုချန်းဆီသို့ ဦးတည်နေ၏။

တကယ်တော့ လေစွန်သည် ထူးဆန်းသော ပိုးမွှားအုပ်များအား မွေးဖွားစေနိုင်စွမ်းရှိ၏။ အဆိုပါ ပိုးမွှားများသည် သွေးဆာပြီး အလွန်ရက်စက်ကြမ်းကြုတ်ကြလေသည်။

ချူဟွိုင်လျန်းသည် ဤနည်းစနစ်ကို တကြိမ်တခါမှ ထုတ်မသုံးဖူးချေ။ စုချန်း၏ ကိုယ်ပွားနည်းစနစ်ကို တွေ့၍သာ သူ့အနေနှင့့် ထုတ်သုံးရန် ဆုံးဖြတ်လိုက်ခြင်းပင်။

တောခြင်ရိုင်းအုပ်ကြီး ပျံသန်းလာသည်ကို မြင်သည်နှင့် စုချန်း ရယ်သွမ်းသွေးလိုက်၏။ ထို့နောက် သူက လက်တဖက်မြောက်လ်ိုက်ရာ ကိုယ်ပွားခုနှစ်ယောက်ထံမှ မီးလျံငှက်ခုနှစ်ကောင် အသီးသီး ထွက်ပေါ်လာတော့သည်။

အဆိုပါ မီးလျံငှက်များသည် ကောင်းကင်အားလှည့်ပတ်ပျံသန်းနေ၏။ အားကောင်းလှသောမီးတောက်မီးလျံများကလည်း တောခြင်ရိုင်းအုပ်ကြီးအား မီးလောက်တိုက်သွင်းပစ်တော့သည်။

ခြင်ရိုင်းအုပ်ကြီးသည် ချူဟွိုင်လျန်း၏ သွေးအဆီအနှစ်မှ မွေးဖွားလာခြင်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လှ၏။ သို့သော် မီးလောင်တိုက်သွင်းခံရသောအခါ မခံနိုင်တော့ပဲ နာကျင်စွာ အော်ဟစ်ကြတော့သည်။

မီးလျံငှက်များထံမှ ထွက်ပေါ်လာသော မီးတောက်များသည် ဝန်းကျင်တခုလုံးအား မီးပင်လယ်ကြီးပမာ ဖြစ်သွားစေ၏။ အပူချိန်ကလည်း ပြင်းထန်လှပေရာ သိပ်မကြာမီ ခြင်ရိုင်းများ ပြာကျကုန်တော့သည်။

"ငါ့ရဲ့ကလေးတွေ"

ချူဟွိုင်လျန်း ဝမ်းပမ်းတနည်းဖြင့် ထအော်လိုက်ရှာ၏။

မီးလျံငှက်များ၏ စုပေါင်းအားမှာ သာမာန်အခြေအနေမှာပင် လစ်လျူရန် ခက်လှပေရာ အနက်ရောင်မီးတောက်များပါ ပေါင်းစပ်ထားသောအခါ ဆိုဖွယ်ရာမရှိတော့။ ချူဟွိုင်လျန်းအဖို့ လက်ကုန်ထုတ်ရပေတော့မည်။ ထိုအခါ သူ့နောက်ကျောရှိ ကြာပန်းအုတ်မြစ်ခုနှစ်သည် အရောင်တညီးညီးနှင့် ထွက်ပေါ်လာပြီး သူတကိုယ်လုံးအား ကာကွယ်ထားလိုက်၏။ တချိန်တည်းမှာပင် သူက သားရဲသွေးဗီဇအား အမြင့်ဆုံးအနေအထားထိ နှိုးဆွလိုက်ရာ ကောင်းကင်တွင် အလင်းမုန်တိုင်းကြီးတခု ကျရောက်လာသည့့်နှင့် မြင်တွေ့ရပြီး ကောင်းကင်ထိုးခွဲဓားများ တစင်းပြီးတစင်း ထွက်ပေါ်လာတော့သည်။

"လေစွန်ရဲ့ကိုက်ခဲခြင်းတဲ့ကွ"

ချူဟွိုင်လျန်း ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။

တိုက်ပွဲစဥ်တလျှောက်လုံး သူ၏ ဝှက်ဖဲတခုအား ချူဟွိုင်လျန်း ပထမဆုံးအကြိမ်အဖြစ် ထုတ်သုံးလိုက်ရပေပြီ။

ချူဟွိုင်လျန်း၏ အားကောင်းလှသောတိုက်ခိုက်မှုကြောင့် စုချန်း၏ ကိုယ်ပွားများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်၏။

ပကတိစုချန်းကား ဘေးမသီရန်မခ ရှိနေဆဲပင်။ ထို့နောက် နောက်ထပ် အနက်ရောင်မီးလျံငှက်ကြီးတကောင် ဝုန်းခနဲ ပျံသန်းသွားပြန်သည်။ ထိုမျှသာမကသေး စုချန်း၏ နောက်ကျောမှ မျက်နှာကြီးလေးခု ချာချာလည်နေခြင်းကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများက မီးတောက်များအား ပို၍အားကောင်းစွာ လောင်ကျွမ်းစေပြန်၏။ ဤသို့ဖြင့် မီးပင်လယ်ကြီးက ချူဟွိုင်လျန်း၏ ကောင်းကင်ထိုးခွဲဓားများအား နောက်တကြိမ် နောက်ကောက်ကျသွားစေပြန်သည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အံ့သြသင့်မှုကြောင့် ချူဟွိုင်လျန်း၏ မျက်လုံးများ သူငယ်အိမ်အတွင်းမှ ပြုတ်ကျလုမခန်း ပြူးကျယ်လျက်ရှိနေခဲ့လေပြီ။

တိုက်ပွဲအခြေအနေကြာမြင့်လာသည်နှင့်အမျှ နှစ်ဖက်စလုံး အင်ပြည့်အားပြည့် တိုက်ခိုက်နေကြပြီ ဖြစ်သည်။ တချိန်တည်းမှာပင် လက်ကျန်မူလစွမ်းအင်ပမာဏမှာလည်း ပို၍ အရေးပါလာ၏။ ချူဟွိုင်လျန်းအနေနှင့် စုချန်း၏ မူလစွမ်းအင် ဤမျှ ပြည့်ဝနေလိမ့်မည်ဟု လုံးဝထင်မထားခဲ့။ မူလကျောက်တုံးများသည် သာမာန်အားဖြင့် မူလစွမ်းအင်ကို ဖြည့်တင်းပေးနိုင်သည်ဆိုသော်ငြား သူတို့ထုတ်သုံးနေသော စွမ်းအင်ပမာဏကို ဖြည့်တင်းပေးနိုင်ရန်ကား ဝေးပါသေး၏။ ဤအခြေအနေတွင် တဦးချင်းစီ၏ ကိုယ်ပိုင်အင်အားကသာ အောင်နိုင်သူကို အဆုံးအဖြတ် ပေးပေတော့မည်တည်း။

ချူဟွိုင်လျန်းသည် ကြာပန်းအုတ်မြစ် ခုနှစ်ခု ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အဆိုပါကြာပန်းအုတ်မြစ်တိုင်းတွင် များပြားသော မူလစွမ်းအင်များကို သိုမှီးထား၏။ ထို့ကြောင့် သူ့ထက်စာလျင် စုချန်းကသာ ပထမဆုံး စွမ်းအင်ကုန်ခန်းသူ ဖြစ်ရမည်ဟု ချူဟွိုင်လျန်း ယူဆထားသည်။ ယခုတော့ စုချန်းက ပို၍ပင် အားကောင်းလာဟန်ပြနေသောအခါ ချူဟွိုင်လျန်း နားမလည်နိုင်ပဲ ဖြစ်ရလေပြီ။

တကယ်တော့ စုချန်း၏ မူလစွမ်းအင်သည် သာမန်လူထက် ခုနှစ်ဆပိုများနေကြောင်း မသိ၍သာ ချူဟွိုင်လျန်း အံ့သြသင့်နေရခြင်းပင်။ မည်သို့ဆိုစေ လက်ရှိအခြေအနေတွင် စုချန်းကား ချူဟွိုင်လျန်းထက် မူလစွမ်းအင် ပိုမိုပြည့်ဝနေသည်မှာ အမှန်ပင်။

တိုက်ပွဲမှာ ပို၍ ပြင်းထန်လာ၏။ ချူဟွိုင်လျန်းသည် လေစွန်၏ ကိုက်ခဲခြင်းအား ထိန်းသိမ်းရန် ရှိသမျှ မူလစွမ်းအင်တိုင်းကို ပုံအော၍ ထုတ်သုံး၏။ စုချန်းသည်လည်း ထို့အတူပင်။ မီးလျံငှက်အား ထိမ်းသိမ်းရန် မူလစွမ်းအင်တိုင်းကို ထုတ်သုံးနေလေသည်။ နှစ်ဦးစလုံးမှာလည်း ဒဏ်ရာအသီးသီး ရရှိနေကြလေပြီ။သို့သော် ပို၍အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ရန် နှစ်ဖက်လုံးက အားထုတ်နေကြ၏။

စစ်မှန်သောအသက်စွမ်းအားချင်းယှဥ်လျင် ချူဟွိုင်လျန်းသည် စုချန်းထက် များစွာ နိမ့်ကျနေမည်မှာ မေးခွန်းထုတ်နေစရာပင်မလိုချေ။

သို့သော် ချူဟွိုင်လျန်းဟူသည် သာမာန်လူမဟုတ်။ ထိုအခါ သူက စုချန်းကို ကြည့်ရင်း အံတင်းတင်းကြိတ်ကာ ပြောလိုက်၏။

"ကောင်းပြီး မင်းအထင်ကြီးလောက်စရာကောင်းတယ်ဆိုတာ ငါ ဝန်ခံတယ် လူတချို့လောက်သာ ရောက်ရှိနိုင်မဲ့ အဆင့်အတန်းမျိုးကို မင်း ရောက်ရှိနေခဲ့ပြီ ငါ မင်းနဲ့တိုက်ခိုက်သလောက် ဘယ်သူနဲ့မှ ကြာကြာ မတိုက်ဘူးတာလဲ အမှန်ပဲ ဒါပေမဲ့ တော်လောက်ပါပြီကွာ"

ချူဟွိုင်လျန်း၏ စကားဆုံးသည်နှင့် လေထဲတွင် ပုလဲတလုံး ထွက်ပေါ်လာ၏။ အဆိုပါပုလဲသည် ဟိုမှသည်မှ ပျံသန်းလျက်ရှိပြီး မီးလျံငှက်၏ မီးတောက်များ အရှိန်အဝါကို သိသိသာသာပင် လျော့ကျသွားစေလေသည်။

"မီးငြိမ်းပုလဲပါလား"

စုချန်း အံ့သြသွား၏။ ချူဟွိုင်လျန်းတွင် ဤပစ္စည်းမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။

တကယ်တော့ မီးငြိမ်းပုလဲသည် ရှားပါးလှသည်တော့မဟုတ်။ သို့သော် မည်သည့်မီးအမျိုးအစားကို နိုင်နင်းသည်ဟူသောအချက်အပေါ် မူတည်ပြီး တန်ဖိုးတော့ ကွဲပြားနိုင်သေး၏။

ယခု မီးငြိမ်းပုလဲက စုချန်း၏ အနက်ရောင်မီးတောက်များကိုပင် လမ်းကြောင်းပြောင်းသွားစေလေရာ အတော်ပင် တန်ဖိုးကြီးပေလိမိ့မည်။

သို့သော် မီးငြိမ်းပုလဲမှာလည်း အနက်ရောင်မီးတောက်များအား အချိန်ကြာကြာ ထိမ်းသိမ်းထားနိုင်မည့်ပုံတော့ မပေါ်ချေ။ အကြောင်းမှာ ကြည့်နေရင်းနှင့်ပင် ပုလဲက ကွဲအက်စပြုလာသောကြောင့်ပင်။

ထိုအချက်ကြောင့် တိုက်ပွဲစတင်ကတည်းက မီးငြိမ်းပုလဲကို ချူဟွိုင်လျန်း ထုတ်မသုံးခဲ့ခြင်းပင် ဖြစ်လေသည်။

"ကဲ မင်းကိုမင်း ကာကွယ်ဖို့သာ ပြင်ထားပေတော့"

ချူဟွိုင်လျန်း၏ ကြိမ်းဝါးသံဆုံးသည်နှင့် များပြားလှသော အလင်းတန်များ စုချန်းထံသို့ တိုးဝင်သွားလေသည်။

***

All Chapters