ထမင်းရည်ပူစည်း
Vol. 80 Ch. 799
ဟဲယွန်လေစီးကြောင်းနှင့် လမရှိမျက်နှာတို့သည် အချုပ်ခန်းထဲဝယ် အထက်ပါအတိုင်း ဆက်လက်စကားပြောနေကြ၏။
ထိုအခိုက်မှာပင် ကျူးအိမ်တော်ထောင်တာဝန်ခံသည် အစောင့်နှစ်ဦးနှင့်အတူ ရောက်ရှိလာလေသည်။
မျက်နှာပြဲပြဲနှင့် ထောင်တာဝန်ခံသည် လက်ထဲတွင် ကြီးမားသောတုတ်တချောင်းကို ကိုင်ဆောင်ထား၏။ သူက အချုပ်ခန်းတံခါးအား ဖွင့်ပြီး အသံမာမာနှင့် အော်လိုက်လေသည်။
"မင်း ထွက်စမ်း"
ထောင်တာဝန်ခံရည်ရွယ်သည်မှာ ဟဲယွန်လေစီးကြောင်းကိုပင်။
"ဘာအတွက်လဲ"
ဟဲယွန်လေစီးကြောင်းက ထောင်တာဝန်ခံအား အေးစက်စွာ ပြန်ကြည့်ရင်း ပြန်မေးလိူက်သည်။
အကျဥ်းသားဖြစ်နေသည့်တိုင် ဟဲယွန်လေစီးကြောင်းကား မာန်ကိုမလျှော့သေးချေ။
ထောင်တာဝန်ခံ အေးစက်သောလေသံနှင့် ရယ်မောလိုက်၏။
"ငါက ထွက်လာဆိုရင် အေးအေးဆေးဆေး ထွက်လာလိုက်ပေါ့ကွ ဘာလဲ မင်း နာချင်နေတာလား"
စကားဆုံးသည်နှင့့် သူတို့သုံးယောက်သည် ဟဲယွန်လေစီးကြောင်းအား တုတ်ကိုယ်စီဖြင့် အားရပါးရ သမကြတော့သည်။ မူလစွမ်းအင်အသုံးပြုခြင်းကို ကန့့်သတ်ခံထားရသောကြောင့် ဟဲယွန်လေစီးကြောင်း၏ ကိုယ်ခန္ဓာမှာ များစွာ အားနည်းနေ၏။ စက္ကန့့်ပိုင်းအတွင်း ၎င်းတကိုယ်လုံး အညိုအမဲ စွဲကုန်တော့သည်။
လမရှိမျက်နှာသည်ကား မျက်လုံးကို တင်းတင်းစေ့ထား၏။ စကားတခွန်းမှ ဝင်မပြော။
သူသည် ထူးချွန်သော ဆရာတဦးဖြစ်သည်တိုင် ဤအခြေအနေမျိုးတွင် ဘာမှမတတ်နိုင်။ မသကာ သူပါ တပည့်ဖြစ်သူနှင့်အတူ အရိုက်ုက်ခံရမည့်ကိန်းဆိုက်သွားနိုင်သည်မဟုတ်ပါလား။
"မှတ်ပြီလားကွ နောက်တခါ ဒီအချိုးမျိုး ချိုးရင် မင်း ဒီထက်နာမယ်ယ်"
ထောင်တာဝန်ခံက ဟဲယွန်လေစီးကြောင်းအား လေသံမာမာနှင့် ငေါက်ငမ်းလိုက်၏။
ဟဲယွန်လေစီးကြောင်းကား ဒေါသကို ကြိတ်မှိတ်မြိုချနေရရှာ၏။ ထို့နောက် သူက ခေါင်းငုံ့ကာ ပြောလိုက်လေသည်။
"ကောင်းပါပြီခင်ဗျာ"
"ဒါဆို ငါ့နောက်လိုက်ခဲ့"
ပြောပြောဆိုဆို ထောင်တာဝန်ခံသည် ဟဲယွန်လေစီးကြောင်းအား တခြားအခန်းတခန်းသို့ ဦးဆောင်ခေါ်ယူသွား၏။ အခန်းထဲတွင် လူငယ်တဦး ရှိနေလေသည်။
လူငယ်က ဟဲယွန်လေစီးကြောင်းအား ပြုံးပြရင်း ပြောလိုက်၏။
"ထိုင်ပါအုံး"
လူငယ်မှာ စုချန်းပေတည်း။
ဟဲယွန်လေစီးကြောင်း ထိုင်ခုံတွင် ဖင်ချထိုင်မိသည်နှင့် စုချန်း၏ မျက်နှာ တင်းခနဲ ဖြစ်သွားတော့သည်။
"မင်း ဟဲယွန်လေစီးကြောင်းမဟုတ်ဘူး ကျုပ်ကိုပြောစမ်း မင်းဘယ်သူလဲ ဘာဖြစ်လို့ ဟဲယွန်လေစီးကြောင်းအဖြစ် ဟန်ဆောင်နေတာလဲ မင်း သူ့ကို သတ်လိုက်ပြီလား"
ဟဲယွန်လေစီးကြောင်း မျက်လုံးပြူးသွား၏။
"မင်း ဘာတွေပြောနေတာလဲ"
စုချန်း မျက်မှောင်ကုတ်သွားလေသည်။
"ရူးချင်ယောင်ဆောင်မနေနဲ့ မင်း ကျုပ်ပြောနေတာ မကြားဘူးလား"
ဟဲယွန်လေစီးကြောင်း ပို၍ ကြောင်အန်းအန်းဖြစ်သွား၏။ အတန်ကြာမှ သူက သတိဝင်လာပြီး ပြန်ဖြေလိုက်သည်။
"မင်းပြောတာ ကျုပ်ကြားပါတယ် ဒါပေမဲ့ ဘာလို့ဒီလိုပြောရသလဲ နားမလည်ဘူး"
မှန်ပေ၏။ စုချန်း ဘာကြောင့် ဤသို့ပြောရသနည်း။
အမှန်တော့ ဟဲယွန်လေစီးကြောင်း၏ တုံ့ပြန်မှုကို ဆန်းစစ်ရန် စုချန်းက ထိုသို့အကြောင်ရ်ိုက်သည့်မေးခွန်းမျိုး မေးလိုက်ခြင်းပင်။
လူတယောက်က်က သင့်အား သင်သည် သင်မဟုတ်ပဲ အခြားတယောက် အယောင်ဆောင်ထားကြောင်း ပြောလာသည့်အခါ မည်သည့့်တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာမည်နည်း။ ၎င်းမှာ စိတ်ဝင်စားစရာပင်မဟုတ်ပါလား။
အခြားလူတယောက်က်အဖြစ် အသွင်ယူထားသူတဦးသည် ၎င်း၏ အယောင်ဆောင်မှု ပေါ်ပေါက်သွားသောအခါ "မင်း ရူးနေတာလား ဘာတွေလျှောက်ပြောနေတာလဲ ငါက အစစ်ကွ" စသဖြင့် တုံ့ပြန်တတ်ကြပေသည်။ ၎င်းမှာ ဟန်ဆောင်ထားသူတဦးအနေနှင့် မိမိ၏ အယောင်ဆောင်မှု ပေါ်ပေါက်သွားမည်စိုး၍ ပြုလုပ်တတ်လေ့ရှိသည့် တုံ့ပြန်မှုမျိုးပင်တည်း။
သို့သော် တကယ့်အစစ်အမှန်တဦး ထိုသို့ အမေးခံရပါက များသောအားဖြင့် မိမိကိုယ်မိမိ အစစ်ဖြစ်ကြောင်း ကာကွယ်ရမည့်အစား အူကြောင်ကြောင်ဖြစ်သွားတတ်ကြ၏။ မမျှော်လင့်သောမေးခွန်းမျိုး အမေးခံရသည့်ည့်အခါ ကြောင်အန်းအန်းဖြစ်သွားတတ်မှာ သာမန်ပင် ဖြစ်ပေသည်။
စုချန်းကား ဟဲယွန်လေစီးကြောင့် မည်သို့မည်ပုံ တုံ့ပြန်မည်ကို သိလို၍ တမင်အကြောင်ရိုက်လိုက်ခြင်းပင်။
ဟဲယွန်လေစီးကြောင်း၏ တုံ့ပြန်မှုကို မြင်ရသောအခါ စုချန်း ပြုံးရင်း ပြောလိုက်သည်။
"တကယ်တော့ ဘာမှမဟုတ်ပါဘူးကွ မင်းပုံစံက သိပ်မြင့်မြတ်တဲ့ပုံစံလို့ ကျုပ် မထင်ဘူး ဒါကြောင့် ဟဲယွန်မျိုးနွယ်စုက မဖြစ်နိုင်ဘူးလို့ ကျုပ် ယူဆလိုက်တာ"
စုချန်း၏ စကားကြောင့် ဟဲယွန်လေစီကြောင်း၏ မျက်နှာတွင် မနှစ်မြို့ဟန် ပေါ်လာသည်။
"မြင့်မြတ်တယ်ဆိုတာ ဘယ်လိုမျိုးမှန်း မင်းသိလို့လား ပြီးတော့ ကျုပ်တို့မျိုးနွယ်စုအကြောင်းကိုကော မင်း ဘယ်လောက်သိထားလို့လဲ"
ဤတကြိမ်တွင်တော့ တော်ဝင်မျိိုးနွယ်စုဝင်တဦးတွင် ရှိသည့်ရှိထိုက်သည့် မာန်မာနမျိုးကို ဟဲယွန်လေစီးကြောင်း ထုတ်ပြလိုက်ပြီဖြစ်သည်။
"ဒါဆိုလဲ မင်းတို့မျိုးနွယ်စုအကြောင်င်းကို ပြောကြည့်လေ ကျုပ် နားထောင်ကြည့်အုံးမယ်"
စုချန်း၏ လေသံကတော့ အေးအေးဆေးဆေးပင်။
"မင်းက ဘာလို့သိချင်နေတာတုန်း"
ဟဲယွန်လေစီးကြောင်းက ပြန်မေးလိုက်၏။
"ပိုပြီးကောင်းတဲ့ကြေးမျိုးဖွင့်လို့ရအောင် ကိုယ့်ပြိုင်ဘက်တွေအကြောင်း ပိုပြီနားလည်ထားချင်လို့ဆိုပါတော့ကွာ"
"ကျုပ် ဘာမှမပြောနိုင်ဘူး"
ဟဲယွန်လေစီးကြောင်း၏ တုံ့ပြန်မှုကို စုချန်း မည်သို့မှ သဘောထားဟန်မတူ။ သူက ထိုင်ရာမှ မတ်တပ်ရပ်ရင်း ပြန်ပြောလိုက်၏။
"မင်းက မပူးပေါင်းချင်ဘူးပေါ့လေ ဒါဆိုလဲ ဒီကိစ္စကို မေ့လိုက်တော့"
ဟဲယွန်လေစီးကြောင်း မျက်လုံးပြူးသွား၏။
ဘာကွ...
မေ့လိုက်တော့...
ဒါက ဘာသဘောလဲ...
စုချန်းကား အခန်းထဲမှ ထွက်သွားပြီ ဖြစ်သည်။
စုချန်း အပြင်ထွက်သွားသည်နှင့် အခန်းထဲသို့ အသားညိုညို ထောင်ထောင်မောင်းမောင်းနှင့် လူလေးဦး ဝင်လာ၏။ အနှီ လူလေးဦးသည် ဟဲယွန်လေစီးကြောင်းအား မသတီစရာအပြုံးမျိုးဖြင့် ဝိုင်းဝန်းစိုက်ကြည့်နေကြလေသည်။
"ဟေ့ကောင်တွေ မင်းတို့ ဘာလုပ်ဖို့ ကြံစည်နေတာတုန်း"
ဟဲယွန်လေစီးကြောင်း၏ ကြောက်လန့်တကြားအော်သံ ထွက်ပေါ်လာ၏။
လူလေးဦးကား အေးစက်သောလေသံနှင့် ပြိုင်တူရယ်မောလိုက်ကြပြီး ဟဲယွန်လေစီးကြောင်းထံသို့ ချည်းကပ်လာ၏။ စက္ကန့့်ပိုင်းအတွင်း အခန်း၏ ထောင့်တထောင့်တွင် ပိတ်မိနေရှာသော ဟဲယွန်လေစီးကြောင်း၏ အဝတ်အစားများ ပြောင်သလင်းခါအောင် ဆွဲချွတ်ခံလိုက်ရလေပြီ။
"ဟေ့ ဟေ့ မင်းတို့ ဘာတွေလုပ်နေကြတာလဲ"
ကနဦးက ပယ်ပယ်နယ်နယ် အကြွေးခံရတော့မည်ဟု ယူဆမိသော်လည်း လက်တွေ့တွင် မဆီမဆိုင် အဝတ်အစားများ ဆွဲချွတ်ခံလ််ိုက်ရ၍ ဟဲယွန်လေစီးကြောင်း မျက်လုံးပြူးသွား၏။
အထိုးအကြိတ်ခံရမည်ထက် ပို၍ ဖြစ်နိုင်ဖွယ်ရာရှိသော အခြေအနေတခုကို စဥ်းစားမ်ိသောအခါ ဟဲယွန်လေစီးကြောင်း ပို၍ ကြောက်လန့်လာလေသည်။
ထောင်ထောင်မောင်းမောင်း လူလေးဦးထဲမှာတဦးက မသတီစရာလေသံနှင့် ဟဲယွန်လေစီးကြောင်း၏ မေးခွန်းကို ပြန်ဖြေလိုက်၏။
"ကျုပ်တို့က မင်းကို နတ်ပြည်ပို့ပေးမလို့ပါကွာ"
"ဒါပေမဲ့ ကျုပ်က ယောကျားလေ"
ဟဲယွန်လေစီးကြောင်း ငိုသံကြီးနှင့် ထအော်လိုက်၏။
"ဟား ဟား ဟား ကျုပ်တို့က အထီးလေးတွေဆို ပိုလို့တောင်ကြိုက်သေးတယ်ကွ"
လူထွားကြီးလေးဦး၏ ပြိုင်တူရယ်မောသံ ထွက်ပေါ်လာလေသည်။
ပုံရိပ်ဖမ်းသလင်းတွင် တွေ့မြင်နေရသည့်မြင်ကွင်းကိုကြည့်ရင်း ကျူးချန်းဟွန် သက်ပြင်းချကာ ပြောလိုက်၏။
"မင်းမို့လို့သာ ဒီလိုလုပ်နိုင်ပေတာပဲ"
စုချန်းသည် တစုံတဦးအဖြစ် ဟန်ဆောင်ရန်ကြိုးစားမည်ဆိုပါက ပစ်မှတ်၏ အကြောင်းကို နက်ရှိုင်းစွာ နားလည်ထားရန် လိုအပ်၏။ မည်သူမှ သံသယမဝင်သည့်အခါ အရာအားလုံးသည် ချောမွေ့နေပြီး သံသယအဝင်ခံရသည့်နောက်တွင်တော့ အသေးအဖွဲကအစ ခက်ခဲလာတတ်ကြောင်း သတ်ဖြတ်သူနယ်မြေထဲတွင် စုချန်း သင်ခန်းစာရခဲ့ပြီးပေပြီ။
သတ်ဖြတ်သူနယ်မြေနှင့်သွားရမည့်ခရီးနှင့် မတူသည်မှာကား လူပျံတော်အဖြစ် ဟန်ဆောင်ရမည်မှာ များစွာပိုခက်ခဲမည်မှာ သေချာနေ၏။
အကြောင်းမှာ သူသည် အပြင်တွင် တကယ်တည်ရှိနေသူတဦး၏ နေရာကို အစားဝင်ရမည် ဖြစ်သောကြောင့်ပင်။ နောက်တချက်မှာကား လူပျံတော်များသည် သတ်ဖြတ်သူများထက် များစွာ လိမ္မာပါးနပ်ကြသောကြောင့်ပင် ဖြစ်သည်။
ယခုဆိုလျင် ကျူးမျိုးနွယ်၏ ထိပ်တန်းထောက်လှမ်းရေးသမားများသည် အကျဥ်းသား၆၀၏ ကိုယ်ရေးအချက်အလက်၊ နောက်ခံရာဇဝင် အစရှိသည့်သတင်းအချက်အလက်တိုင်းကို အသေးစိတ်စုဆောင်းထားပြီး ဖြစ်သည်။ သို့သော် သတင်းအချက်အလက်စုဆောင်းခြင်းဟူသည် အစမျှသာ ရှိသေး၏။ အစီအစဥ်မစတင်မီ လုပ်စရာများစွာ ကျန်နေပေသေးသည်။
စုချန်းသည် လွန်စွာ ညဏ်ကောင်း၏။ သို့သော် ခေါင်းတလုံးထက် ခေါင်းနှစ်လုံးက ပို၍ ကောင်းသည်ဟု ဆိုရိုးရှိသည် မဟုတ်ပါလား။ စိတ်ဝိညာဥ်သလင်းကို ပိုင်ဆိုင်ထားခြင်းကြောင့် များပြားသောသတင်းအချက်အလက်များအား စုချန်းအနေနှင့် အလွယ်တကူ မှတ်သားထားနိုင်၏။ သို့သော် ခွဲခြမ်းစိတ်ဖြာရာတွင်တော့ အဆိုပါသလင်းက အသုံးမကျချေ။ ထို့ကြောင့် အဖွဲ့လိုက်ဆောင်ရွက်ခြင်းအားဖြင့် ပို၍ကောင်းမွန်သောအစီအစဥ်တရပ် ပေါ်ထွက်ရန် လိုလာ၏။
သို့သော် လျှို့ဝှက်ချက်ကိုလည်း ဆက်လက်ထိမ်းသိမ်းထားရန် လိုအပ်နေသေးလေရာ စုချန်းနှင့် ကျူးချန်းဟွန်သည် စိတ်ကူးယဥ်ဖြစ်စဥ်များအား ချပြပြီး လက်အောက်ငယ်သားမျာထံမှ အကြံညဏ်များ ရယူရန် ဆုံးဖြတ်လိုက်ကြလေသည်။ အစီအစဥ်မှာ အလုပ်ဖြစ်ခဲ့ပုံရပြီး အသုံးဝင်နိုင်လောက်သည့်အကြံညဏ်အများအပြားကို သူတို့ လက်ခံရရှိခဲ့သောကြောင့်ပင်။
ထိုအထဲမှ အကြံညဏ်တခုကို စုချန်း သဘောကျသွားတော့၏။
ထိုအကြံညဏ်ကြောင့် ဟဲယွန်လေစီးကြောင်းတယောက် ကြောက်စရာအဖြစ်အပျက်ကြီးနှင့် ရင်ဆိုင်လိုက်ရခြင်းပင်။
လောကဝယ် မုဒိန်းကျင့်ခံရခြင်းလောက် တစုံတဦး၏ စိတ်ဝိညာဥ်အား ထိခိုက်စေသောအရာမရှိ။ အဖြစ်ဆိုးကြီးကြောင့် ဟဲယွန်လေစီးကြောင်း အကြီးအကျယ် အထိနာသွားမည်မှာ သေချာနေ၏။
ထိုအချိန်တွင် ဟဲယွန်လေစီးကြောင်းသည် တကိုယ်လုံး ပျော့ခွေလျက်ရှိပြီး ရုန်းကန်နိုင်စွမ်းပင် မရှိရှာတော့။
၎င်းကိုမြင်သော် စုချန်းက အမိန့်ပေးလိုက်သည်။
"ကဲ တော်လောက်ပြီ"
သိပ်မကြာမီ ဟဲယွန်လေစီးကြောင်းတယောက်က် စုချန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။
စုချန်းက ဟဲယွန်လေစီးကြောင်းအား စူးရှစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကျုပ်ကို ကြည့်စမ်း"
စုချန်း၏ အကြည့်နှင့် ရင်ဆိုင်မိသည်နှင့် ဟဲယွန်လေစီးကြောင်းတယောက်က် စိတ်နှင့်ကိုယ် မကပ်တော့ပဲ ဖြစ်သွား၏။ နောက်ထပ်ဖြစ်ရပ်များမှာကား ပုံရိပ်ယောင်နယ်ပယ်အတွင်းမှ ဖြစ်ရပ်များသာလျင် ဖြစ်ပေတော့သည်။
အချိန်အတော်ကြီးကြာသော် စုချန်းက ပုံရိပ်ယောင်နယ်ပယ်ကို ပြန်လည်ရုတ်သိမ်းလိုက်ရာ ဟဲယွန်လေစီးကြောင်းတယောက်က် အားအင်ကုန်ခန်းကာ မြေကြီးပေါ်သို့ လဲပြိုသွားတော့၏။
ထို့နောက် စုချန်းသည် ပျစ်ရွှဲရွှဲအဖြူရောင်အရည်တချို့ကို ကြမ်းပြင်ပေါ်တွင် ပစ်စလက်ခ သွန်ချပြီး အခန်းပြင်သို့ ထွက်လာခဲ့လေသည်။
အခန်းပြင်တွင်တော့ ကျူးချန်းဟွန်က အသင့်စောင့်ဆိုင်းနေ၏။
သူက အောက်ပါအတိုင်း ပြောလိုက်သည်။
"မင်း ဟိုလေးယောက်နဲ့ ဒီကောင့်ကို ဘာလို့အဆုံးထိ မလွှတ်ပေးလိုက်တာလဲ ဒီလိုလုပ်လို့ ဒီကောင့်အတွက် ဘာမှမှ မထူးတော့တာပဲ မုဒိန်းကျင့်ခံလိုက်ရလို့ ဒီကောင့်ရဲ့ စိတ်ဝိညာဥ်ကသာ အကြီးအကျယ် ထိခိုက်သွားတာ ပြင်ပဒဏ်ရာတွေက ပြောပလောက်အောင်မှ မဟုတ်တာပဲ"
"သူ့အတွက် ဘာမှမထူးခြားပေမဲ့ ကျုပ်အတွက်တော့ ထူးခြားတယ် အနည်းဆုံးတော့ ကျုပ်အတွက် ကျုပ် သတ်မှတ်ထားတဲ့ ထမင်းရည်ပူစည်းကို ကျုပ် မကျော်မိဘူးလေ"
"ထမင်းရည်ပူစည်းဟုတ်လား"
ကျူးချန်းဟွန် ရယ်မောလိုက်သည်။
"ဒီစကားလုံး မင်းရဲ့အဘိဓာန်မှာ မရှိဘူးလို့ ကျုပ် ထင်ထားတာ"
"ကျုပ်ရဲ့ထမင်းရည်ပူစည်းက အရမ်းမှိန်ကောင်းမှိန်နေလိမ့်မယ် ဒါပေမဲ့ လုံးဝမရှိဘူးတော့ မဟုတ်ဘူးပေါ့ဗျာ"
အတိတ်တုန်းက ကိုယ့်ဆန္ဒပြည့်မြောက်ရန် စုချန်းကို အရာတိုင်းကို စတေးပစ်ရန် ဝန်မလေးခဲ့ချေ။ သို့သော် အသက်ရလာသည်နှင့်အမျှ သူသည် ရင့်ကျက်လာ၏။ ပို၍ အမြော်အမြင်ရှိလာ၏။ တဆက်တည်းမှာပင် သူ၏ အတွေးအခေါ်မှာလည်း ပြောင်းလဲလာခဲ့၏။
သူ၏ တီထွင်ဖန်တီးမှုများသည် အနာဂတ်ကို ဖန်တီးရန် ဖြစ်သည်။ အရာခတ်သိမ်းကို ဖျက်ဆီးပစ်ရန်မဟုတ်။
တစုံတဦးသည် ပို၍ သန်မာလာသည်နှင့်အမျှ ၎င်း၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာလည်း ပို၍ ရင့်ကျက်လာ၏။ အင်အားကိုလည်း ပို၍ကောင်းမွန်စွာ ထိန်းချုပ်လာနိုင်မည် ဖြစ်သည်။ ဤကား နှစ်ပေါင်းများစွာအတွင်း စုချန်း သိလာရသည့် သဘောတရားပင်။
ထို့ကြောင့် ဟဲယွန်လေစီးကြောင်းတယောက် လိုအပ်သည်ထက် ပို၍မခံစားရစေရန် စုချန်း ကယ်တင်လိုက်ခြင်းပင်။ သို့သော် ကာယကံရှင်အတွက် ထူးထူးခြားခြား ပြောင်းလဲမှုရှိဟန်တော့ မတူ။
အကြောင်းမှာ အချုပ်ခန်းအတွင်းသို့ ပြန်ရောက်ချိန်တွင် ဟဲယွန်လေစီးကြောင်းတယောက်က် စိတ်နှင့်ကိုယ်နှင့် မကပ်ပ်သောကြောင့်ပင်တည်း။
***