← Chapters

‌စစ်ဆေးမေးမြန်းခြင်း

Vol. 80 Ch. 800

‌စစ်ဆေးမေးမြန်းခြင်း

Vol. 80 Ch. 800

သူ အချုပ်ခန်းထဲသို့ မည်သို့မည်ပုံပြန်ရောက်လာသည်ကို ဟဲယွန်လေစီးကြောင်း လုံးဝမမှတ်မိ။

သူသည် အခန်းထောင့်တွင်ထိုင်ကာ ကောင်းကင်ကို ဝမ်းနည်းကြေကွဲစွာ ငေးကြည့်နေရရှာ၏။ လမရှိမျက်နှာ မည်မျှပင်ကြိုးစားစေကာမူ အခြေအနေမှာ ထူးခြားလာခြင်းမရှိချေ။

အတန်ကြာသော် ဘာတွေဖြစ်ပျက်ခဲ့မှန်း လမရှိမျက်နှာ သဘောပေါက်လာ၏။ သူ အကြီးအကျယ် စိတ်မကောင်းဖြစ်သွားလေသည်။ သို့သော် လက်ရှိအခြေအနေတွင် သက်ပြင်းချရုံမှမပါး သူ့အတွက် တခြားမရှိချေ။

စုချန်းနှင့် ကျန်လူများသည် ထိုမြင်ကွင်းကို ငြိမ်သက်စွာ စိုက်ကြည့်နေကြ၏။ ထိုမြင်ကွင်းသည် ဆရာတပည့်အကြားဆက်ဆံရေးကို စုချန်း သဘောပေါက်လာစေရန် ကူညီပေးနေလေသည်။

သို့သော် ဟဲယွန်လေစီးကြောင်းအတွက် ၎င်းမှာ အစမျှသာ ရှိသေး၏။

နောက်တနေ့မနက်တွင် ဟဲယွန်လေစီးကြောင်းတယောက်က် ယမန်နေ့ကအတိုင်း ဆင့်ခေါ်ခံရပြန်၏။ အခန်းထဲတွင် စုချန်း ထိုင်နေလေသည်။

"ထိုင်ပါအုံး"

ဟဲယွန်လေစီးကြောင်း စုချန်းအား မုန်းတီးစွာ စိုက်ကြည့်နေ၏။

"အော် မင်းမှာ ကျုပ်ကိုမုန်းဖို့ အင်အားကျန်သေးတာကိုး"

စုချန်း ရယ်ကျဲကျဲနှင့် ရေရွတ်လိုက်သည်။

ဟဲယွန်လေစီးကြောင်း ဘာမှပြန်မပြော။ စုချန်း ပြုံးလိုက်၏။

"ကောင်းပြီလေ ဒါဆိုလဲ နောက်တကြိမ် ဆက်သွားကြည့်ကြတာပေါ့ကွာ"

စုချန်း အခန်းထဲမှထွက်သွား၏။ လူကြီးလေးဦး လှမ်းဝင်လာပြန်သည်။

ဘာကွ...

ဟဲယွန်လေစီးကြောင်း မျက်လုံးပြူးသွား၏။

နှစ်ခါတောင် မုဒိမ်းကျင့်ခံရမှာတဲ့လား...

စုချန်း၏ ရက်စက်ကြမ်းကြုတ်ပုံကြောင့် ဟဲယွန်လေစီးကြောင်း မည်သ်ို့ခံစားရမှန်းပင် မသ်ိတော့။

ယမန်နေ့မြင်ကွင်းကား နောက်တကြိမ် ပေါ်ပေါက်လာပြန်သည်။

တတိယမြောက်နေ့တွင်တော့ ဟဲယွန်လေစီးကြောင်း ထပ်မံဆင့်ခေါ်ခံရပြန်၏။ဤတကြိမ်တွင်တော့ သူ အတော်လေး အမိန့်နာခံတတ်နေပြီ ဖြစ်သည်။

စုချန်းက ထိုင်ပါဟု မပြောရသေးခင်မှာပင် ဟဲယွန်လေစီးကြောင်း ထိုင်ခုံတွင် ဝင်ထ်ိုင်လိုက်၏။

သို့သော် စုချန်း ခေါင်းခါပြလိုက်သည်။

"ကျုပ်က ထိုင်ပါလို့မပြောပဲဲ မင်း ထိုင်လိုက်တယ် မင်း အမိန့်မနာခံတတ်သေးဘူး သင်ယူဖို့လိုအပ်နေသေးတယ်"

စကားဆုံးသည်နှင့် စုချန်း အခန်းပြင်သို့ ထွက်ခွာသွား၏။

သုံးကြိမ်တိုင်တိုင် မုဒိမ်းကျင့်ခံလိုက်ရခြင်းသည် ဟဲယွန်လေစီးကြောင်း၏ ဂုဏ်သိက္ခာနှင့်မာနကို ရစရာမရှိအောင် ကျိုးပဲ့ကြေမွသွားစေလေသည်။

နောက်တရက်တွင် ဟဲယွန်လေစီးကြောင်းတယောက်က် စုချန်း၏ အခန်းသို့ ရောက်လာပြန်သည်။

"ထိုင်"

ဟဲယွန်လေစီးကြောင်း အမိန့်နာခံမှုရှိရှိနှင့်ပင် ထိုင်ချလိုက်၏။

စုချန်းက မေးလိုက်ပြန်သည်။

"မင်းရဲ့အာကင်နာနည်းစနစ်တွေက်ို ပြောပြစမ်း"

မမျှော်လင့်သောမေးခွန်းကို အမေးခံလိုက်ရ၍ ဟဲယွန်လေစီးကြောင်း အံ့သြသွား၏။

"မင်းက ဘယ်လိုနည်းစနစ်တွေအကြောင်င်းကို သိချင်တာလဲ"

"မင်း သိထားတဲ့အာကင်နာနည်းစနစ်တွေအကြောင်းပေါ့ကွာ"

စုဆောင်းရန်ခက်ခဲသော သတင်းအချက်အလက်ဟူသည် ရှိနေစမြဲပင်။ တချို့အချက်အလက်များသည် ဟဲယွန်လေစီးကြောင်း၏ နှုတ်မှ ကိုယ်တိုင်ဖွင့်ပြောလာစေရန် လိုအပ်၏။

ဟဲယွန်လေစီးကြောင်း ခေတ္တနှုတ်ဆိတ်သွား၏။ သူ့တွင် အချိန်များများစားစားမရှိမှန်း သဘောပေါက်ထားလေရန် သိပ်မကြာမီ သူ စကားစလိုက်သည်။

သူ စကားစသည်နှင့် စုချန်းက ဖြတ်ပြောလိုက်၏။

"မင်းမပြောခင် သတိပေးထားအုံးမယ် ကျုပ်မှာ မင်းလိမ်မှန်းသိနိုင်တဲ့ သီးခြားနည်းစနစ်တချို့ရှိတယ် ဒီတော့ ကျုပ်ကိုလိမ်တာနဲ့ မင်း တန်ရာတန်ကြေး ပေးရလိမ့်မယ် ကျုပ်တကယ်ပြောတာ လိမ်ဖို့မကြိုးစားလေနဲ့ လိမ်တာနဲ့ ကျုပ် သိမှာပဲ"

ဟဲယွန်လေစီးကြောင်းသည် စုချန်းအား အချိန်အတော်ကြာအောင် ငေးကြည့်နေ၏။ ထို့နောက် သူက စကားစလိုက်လေသည်။

လက်စွပ်ငါးကွင်းအဆင့်အာကင်င်နာပညာရှင်ဖြစ်၍ ဟဲယွန်လေစီးကြောင်းသည် အာကင်င်နာနည်းစနစ်တရာကျော်ခန့်ကို သိရှိထား၏။ သို့သော် သူ အမှန်တကယ်အသုံးချနိုင်သော နည်းစနစ်မှာကား ဆယ်ခုကျော်ခန့်သာ ရှိလေသည်။ စုချန်းသည် အဆိုပါ အင်ကင်နာနည်းစနစ်တိုင်းကို စိတ်ဝိညာဥ်သလင်း၏ အစွမ်းဖြင့် မှတ်သားထားလိုက်၏။

ထိုမျှသာမကသေး စုချန်းသည် အဆိုပါ အာကင်နာနည်းစနစ်များအား စာရွက်ပေါ်တွင်ပါ ချရေးခိုင်းထားလိုက်သေးသည်။

ဟဲယွန်လေစီးကြောင်း၏ အမြင်တွင် အာကင်နာနည်းစနစ်များကို စုချန်းအား ပြောပြရခြင်းမှာ ပြသနာမရှိလှ။ အကြောင်းမှာ သူ တတ်ကျွမ်းထားသည့့် နည်းစနစ်များသည် ရှားပါးခြင်းမရှိသလို တန်ဖိုးလဲ မကြီးလှ။ အကယ်၍ ရှားပါလျင်၊ တန်ဖိုးကြီးနေခဲ့လျင်ပင် မုဒိမ်းကျင့်ခံမည့်အစား သူ့အနေနှင့် အလွယ်တကူ ပြောပြလိုက်မည်သာ။

ထို့ကြောင့် သူက သူ သိရှိထားသမျှ အာကင်နာနည်းစနစ်တိုင်းကို အလွယ်တကူပင် ချရေးပေးလိုက်၏။

သူ့စိတ်ထဲတွင် စုချန်းက သူ့အား စမ်းသပ်နေသည်ဟုသာ တထစ်ချမှတ်ယူထားလေသည်။ စုချန်းအနေနှင့် အဆိုပါနည်းစနစ်များကို အမှန်တကယ် လေ့ကျင့်လိမ့်မည်ဟု လုံးဝထင်မထား။

တဖန် စုချန်းက ထပ်မံအမိန့်ပေးလာပြန်၏။

"မင်းတို့မျိုးနွယ်စုဝင်တွေရဲ့နာမည်တွေ မင်းရဲ့ ဘာသာရေးအဖွဲ့အစည်းဝင်နာမည်တွေ တခုမကျန်ျန် ချရေးစမ်းကွာ"

ထိုအကြောင်းအရာများအား ကျူးမျိုးနွယ်ထောက်လှမ်းရေးသမားများမှ ထောက်လှမ်းပြီး ဖြစ်သော်လည်း ဟဲယွန်လေစီးကြောင်းကိုယ်တိုင်ပြောပြခြင်းက ပို၍ တိကျ၏။ ပို၍ ပြည့်စုံ၏။ စုချန်းအနေနှင့် ဟဲယွန်လေစီးကြောင်း သိထားသမျှကို အောက်ခြေထိ နှိုက်ထုတ်လိုနေသည်မဟုတ်ပါလား။

ဤတကြိမ်တွင်တော့ တခုခု မှားယွင်းနေသလို ဟဲယွန်လေစီးကြောင်း စတင်ခံစားမ်ိလိုက်၏။

ချီတုံချတုံဖြစ်နေဟန်တူသော ဟဲယွန်လေစီးကြောင်း၏ အမူအရာကို မြင်သည်နှင့် စုချန်း ဘာမှမပြော။ အခန်းထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

ဟဲယွန်လေစီးကြောင်း အကြီးအကျယ် ထိတ်လန့့်သွားပြီး ကမန်းကတန်း ထအော်လိုက်၏။

"ကျုပ်ရေးမယ် ကျုပ် ရေးပါ့မယ်"

စုချန်း နေရာတွင် ပြန်ထ်ိုင်လိုက်၏။

ကြောက်စရာအိပ်မက်ဆိုးကြီးကို ဖြတ်သန်းခဲ့ပြီးနောက် ဟဲယွန်လေစီးကြောင်း သိလာသည်မှာ သူသည် အမိန့်နာခံရမည့်အပြင် ချီတုံချတုံ ဖြစ်နေ၍လဲမရ။

ဤသို့ဖြစ်ရခြင်းမှာလည်း စုချန်းက ဟဲယွန်လေစီးကြောင်းအား စဥ်းစားချိန်ပေးမထားသောကြောင့်ပင်။

ဟဲယွန်လေစီးကြောင်းသည် ငတုံးမဟုတ်။ စဥ်းစားချိန်ရပါက အခြေအနေကို ၎င်း သဘောပေါက်သွားလိမ့်မည်သာ။ ထို့ကြောင့် စုချန်းက ဟဲယွန်လေစီးကြောင်းအား အနည်းငယ်မျှ စဥ်းစားချိန်ပေးမထားချေ။

အချိန်ကြာလာသည်နှင့်အမျှ အောက်ပါအတိုင်း စုချန်း၏ မေးခွန်းများမှာ တဖြည်းဖြည်း ထူးဆန်းလာ၏။

"မိသားစုဝင်တွေအပြင် မင်းမှာ တခြားသူငယ်ချင်းတွေ ရှိသေးလား"

"ကလေးဘဝတုန်းက ဆော့ရင်းနောက်ရင်းနဲ့ တယောက်က်ယောက်ကို ထိခိုက်နစ်နာအောင် လုပ်မိခဲ့သေးလား"

"မင်းရဲ့ဘဝမှာ မေ့ပျောက်ဖို့ခဲ့တဲ့အချိန်က ဘယ်အချိန်လဲ"

"မင်းကို အကြိုက်ဆုံးသူက ဘယ်သူလဲ"

"မင်း ဘဝမှာ ဘယ်သူ့ကို သဘောအကျဆုံးလဲ"

"ဘယ်သူ့ကို စိတ်ဆိုးအောင် မင်း လုပ်ဖူးသလဲ"

"မင်း ဘယ်သူ့ကို စိတ်ဆိုးဖူးသလဲ"

"မင်းရဲ့ရည်မှန်းချက်ကဘာလဲ မျိုးနွယ်စုခေါင်းဆောင်လား ဒါမှမဟုတ် စစ်သူကြီးလား"

"မင်းရဲ့နိုင်ငံကို ဘယ်လိုမြင်သလဲ မင်းဆရာက ဒီအကြောင်းတွေ ပြောဖူးသလား မင်းကကော သူနဲ့ ဒီအကြောင်းတွေ ဆွေးနွေးဖူးသလား"

စုချန်း၏ မေးခွန်းတိုင်းသည် စေ့စပ်သေချာပြီး ရေပက်မဝင်အောင် ပြည့်စုံလှ၏။

ဟဲယွန်လေစီးကြောင်းကား စဥ်းစားနေရန် အချိန်မပြ။ အဆက်မပြတ်ပင် ဖြေဆိုနေရလေသည်။

သို့တိုင်အောင် အချိန်ကြာလာသည်နှင့်အမျှ အခြေအနေမှန်ကို ဟဲယွန်လေစီးကြောင်း နားလည်လာ၏။

"မင်း ကျုပ်နေရာကို အစားဝင်ဖို့ကြံနေတာလား"

သူ စုချန်းအား ကြောက်လန့်တကြားနှင့် စိုက်ကြည့်လိုက်သည်။ သူ့အကြည့်မှာ မိစ္ဆာတကောင်ကို မြင်တွေ့ရသည့်သဖွယ်ပင်။

၎င်းကိုကြည့်ရုံနှင့် ဟဲယွန်လေစီးကြောင်းသည် ငနုံမဟုတ်မှန်း သိသာနေ၏။

"သိပ်မှန်တာပေါ့ကွာ"

သိုဝှက်ဖုံးကွယ်နေစရာအကြောင်းမရှိတော့၍ စုချန်း အမှန်အတိုင်းပင် ဖြေလိုက်သည်။

"မင်း အောင်မြင်မှာမဟုတ်ဘူး ကျုပ်တို့မှာ တိုင်းတပါးသားတွေ ထိုးဖောက်ဝင်ရောက်မလာစေဖို့ စစ်ဆေးတဲ့နည်းလမ်းတွေ ရှိတယ်"

ဟဲယွန်လေစီးကြောင်းက အလေးအနက်ပင် ပြောလိုက်၏။

"ဒါကြောင့်မို့လို့လဲ ကျုပ် ပြင်ဆင်နေတာပေါ့ကွာ ကျုပ်တို့ အောင်မြင်ပါလိမ့်မယ်"

စုချန်း ပြုံစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။

ဟဲယွန်လေစီးကြောင်း စုချန်းအား အံ့သြထိတ်လန့်စွာ စိုက်ကြည့်နေ၏။ အတန်ကြာသော် သူက ပြောလိုက်သည်။

"ခုလို ဝန်ခံလိုက်ပြီဆိုတော့ မင်း ကျုပ်ကို သတ်တော့မှာပေါ့ ဟုတ်လား"

မထင်မှတ်ပဲ စုချန်းက ခေါင်းခါပြလိုက်၏။

"ကျုပ် မင်းကို မသတ်ပါဘူးကွာ မင်း ကျုပ်မေးတာ ပြည့်ပြည့်စုံစုံ ဖြေခဲ့တယ်ဆိုပေမဲ့ ကျုပ် သိထားသလောက်မှာ ဘာလိုအပ်ချက်ရှိမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ကျုပ် မေးဖ်ို့လိုသွားတာတွေ ရှိနိုင်တယ် မင်း ဖြေဖို့ မေ့သွားတာတွေလဲ ရှိနိုင်သေးတယ် မင်း လိမ်မလိမ်ဘူးဆိုတာ ကျုပ် သိနိုင်တယ် ဒါပေမဲ့ မေ့တယ်ဆိုတာကတော့ ပုံမှန်ပဲ ဒါကြောင့် မင်းကို ကျုက်မသတ်ဘူး မင်းကိုသတ်လိုက်ရင် နောက်အခါမှာ ကျုပ် မေးမဲ့သူမရှိပဲ ဖြစ်နေမှာပေါ့"

ဟဲယွန်လေစီးကြောင်း တွေခနဲ ဖြစ်သွားလေသည်။

"ဒီတော့ မင်းဆိုလိုတာ"

စုချန်း ပြုံးလိုက်၏။

"ဟုတ်တယ် ကျုပ် မင်းကို လူပျံတော်နယ်မြေဆီ အသက်ရှင်လျက် ပြန်ခေါ်သွားမယ်"

ပြောပြောဆိုဆို စုချန်းက မတ်တပ်ရပ်လိုက်၏။

"ကောင်းပြီ ခု ကျုပ်မေးသမျှ မင်း ဖြေပြီးသွားပြီ ဆက်ပြီးအသက်ရှင်ချင်ရင် ကျုပ်အမိန့်က်ို ဆက်ပြီးနာခံဖို့လိုလိမ့်မယ်"

ထို့နောက် သူက ဟဲယွန်လေစီးကြောင်း၏ နဖူးပေါ် လက်တင်လိုက်၏။

"မင်း ဘာလုပ်တာလဲ"

ဟဲယွန်လေစီးကြောင်း ကြောက်အားလန့့်အားနှင့် ထအော်လိုက်လေသည်။

စုချန်း ရယ်မောလိုက်၏။

"မကြောက်ပါနဲ့ကွာ ကျုပ်က မင်းရဲ့မှတ်ညဏ်တရက်စာလောက်ကို ဖျက်ပစ်မလ်ို့ပါ"

တစံတဦး၏ မှတ်ညဏ်ကို ဖျက်ပစ်ခြင်းဟူသည်မှာ လွယ်ကူသောကိစ္စမဟုတ်ချေ။ ဖျက်ပစ်ခံရမည့်သူ၏ ခုခံအားက အရေးကြီးသော အတားအဆီးပင် ဖြစ်သည်။ သို့သော် လက်ရှိတွင် ဟဲယွန်လေစီးကြောင်းအနေနှင့် စုချန်းပြုသမျှ နုရုံကလွဲ၍ အခြားမရှိချေ။

နဖူးပေါ်သို့ စုချန်းလက်ရောက်လာသည်နှင့် ဟဲယွန်လေစီးကြောင်း၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတရပ်ဝင်လာ၏။ ထို့နောက် သူက စုချန်းကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။

"ဒီနေ့မှတ်ညဏ်တွေပျက်သွားပြီးရင် မင်းက ကျုပ်ကို နောက်တကြိမ် ဒီပုံစံအတိုင်း စစ်မေးအုံးမှာပဲမလား"

စုချန်း ရယ်မောလိုက်၏။

"သိပ်မှန်တာပေါ့ကွာ"

"ဒါဆို အလိမ်အညာတွေကို သိနိုင်တဲ့နည်းစနစ် မင်းမှာရှိတယ်ဆိုတာ လိမ်တာပေါ့"

"မင်း စဥ်းစားကြည့်လေ ဒီနေ့ မင်းမလိမ်မှန်း ကျုပ် ဘယ်လိုသိနေသလဲဆိုတာ"

ဟဲယွန်လေစီးကြောင်း ပက်လက်လန်လဲကျမတတ် ဖြစ်သွား၏။

ဒါ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

စုချန်းက စကားဆက်လိုက်သည်။

"ဒါ မင်းအနေနဲ့ ဆယ့်နှစ်ကြိမ်မြောက် စစ်ဆေးခံရတာပါ ဒါပေမဲ့ ဒီတကြိမ်က နောက်ဆုံးအကြိမ်မဟုတ်သေးဘူးဆိုတာတော့ ကျုပ် ရဲရဲကြီး ကတိပေးရဲတယ်"

စုချန်း၏ အသံသည် မိစ္ဆာတကောင်၏ အသံသဖွယ် ဟဲယွန်လေစီးကြောင်း၏ နားထဲသို့ တိုးဝင်လာ၏။

***

All Chapters