← Chapters

အလည်အပတ် ၁

Vol. 81 Ch. 801

အလည်အပတ် ၁

Vol. 81 Ch. 801

လူပျံတော်အကျဥ်းသား၆၀အား တခန်းလျင် နှစ်ဦးစီဖြင့် အချုပ်ခန်း၃၀တွင် ခွဲခြားချုပ်နှောင်ထား၏။

တောက်ပခြင်းကျောက်စိမ်း၏ အခန်းဖော်မှာ အိုမင်းရင့်ရော်သော လူပျံတော်အဖိုးကြီးတဦးပင် ဖြစ်သည်။

လူပျံတော်အဖိုးကြီးကား အသက်ကြီးလှပေပြီ။ စကားပြောလျင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီး စိတ်ကလည်း မမှန်လှပေရာ တောက်ပခြင်းကျောက်စိမ်းက ၎င်းအား သိပ်မဘောမကျလှ။

အဆိုပါအဖိုးကြီးသည် မကြာခနဆိုသလို သူသည် တချိန်က အလွန်ထင်ပေါ်ကျော်ကြားသော လူပျံတော်တဦး ဖြစ်ကြောင်း၊ တနေ့တွင် ရတနာတူးဖော်နေစဥ် လူသားများနှင့် ရင်ဆိုင်တိုးမိ၍သာ လူသားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင့် တတွတ်တွတ်နှင့် ပြောနေလေ့ရှိသည်။ ထို့ကြောင့် အချိန်အတော်များများတွင် တောက်ပခြင်းကျောက်စိမ်းက လူပျံတော်အဖိုးကြီးအား မသိကျိုးကျွန်ပြုထားတတ်၏။ အဖိုးကြီးပြောသမျှ နားထောင်နေလျင် သူ ရူးသွားနိုင်သည် မဟုတ်ပါလား။

သို့သော် အချုပ်ခန်းဝယ် သူတို့နှစ်ဦးသာ ရှိနေလေရာ အဖိုးကြီးပြောသမျှ သူ မတတ်သာပဲ ကြားနေရလေသည်။

"ကောင်လေး မင်း ကျုပ်ပြောတာကို ဘာလို့မယုံတာလဲ ကျုပ် အမှန်အတိုင်း ပြောနေတာကွ အဲဒီနေရာက အနက်ရောင်မြစ်ဝှမ်းနားမှာရှိတယ် အဲဒီနေရာမှာ ဝိညာဥ်မျိုးစိတ်တွေရဲ့ တန်ဖိုးကြီးရတနာတွေ မြုပ်နှံထားတယ် ဒါတင်မကသေးဘူး တနေရာလုံးမှာ အဖိုးထိုက်တန်တဲ့အရင်းအမြစ်တွေအပြင် တန်ဖိုးကြီးအာကင်င်နာနည်းစနစ်တွေလဲ ရှိနေသေးတယ် မင်း ကျုပ်ကို နည်းနည်းပါးပါ ဂရုစိုက်ပေးလို့သာ ဒီလျှို့ဝှက်ချက်ကို ကျုပ် ပြောပြတာ ကျုပ် ပြောတာကို မှတ်ထား ပျက်စီးနေတဲ့ဂူဗိမာန်ကိုတွေ့ရင် ဦးခေါင်းသုံးလုံးရှိတဲ့ မီဒူဆာကို ရှာ ညာဖက် ဦးခေါင်းကိုရွေး ရတနာသိုက်ကိုသွားရမဲ့လမ်းကို မင်းတွေ့လိမ့်မယ်"

အဖိုးကြီးက အထက်ပါအတိုင်း တတွတ်တွတ် ပြောဆိုနေ၏။

"မီဒူဆာတွေမှာ ဦးခေါင်းသုံးလုံးမှ မရှိတာပဲဗျ"

တောက်ပခြင်းကျောက်စိမ်းက ပြန်ပြောလိုက်၏။

"အဲဒီကျရင် လျှို့ဝှက်ယန္တရားစနစ်နဲ့ ဘယ်လိုဖန်တီးဖထားတယ်ဆိုတာကို မင်း တွေ့ရပါလိမ့်မယ်"

တောက်ပခြင်းကျောက်စိမ်း သက်ပြင်းချလိုက်၏။

"ခင်ဗျား ထင်ယောင်ထင်မှားဖြစ်နေတာတွေ သက်သာသွားဖို့ ကျုပ်တော့ မျှော်လင့်မိတာပါပဲ"

အဖိုးကြီး မကျေမနပ်ပ်ဖြစ်သွားဟန်တူ၏။ စကားလုံးတချို့ကို မသဲမကွဲရေရွတ်ပြီး တိတ်ဆိတ်သွားလေသည်။

သိပ်မကြာမီ အစောင့်တချို့ရောက်လာပြီး အဖိုးကြီးအား ဆဲဆိုရိုက်ပုတ်ကာ ခေါ်ဆောင်သွားလေသည်။

"ခင်ဗျားတို့ ဘာတွေလုပ်နေကြတာလဲ"

တောက်ပခြင်းကျောက်စိမ်းသည် ရူးကြောင်ကြောင် အဖိုးကြီးအား သဘောမကျလှသော်လည်း မျိုးစိတ်တူချင်းမို့ မနေနိုင်ပဲ ထအော်လိုက်၏။

"ငါ့ရှေ့က ဖယ်စမ်း"

ထောင်စောင့်သည် တောက်ပခြင်းကျောက်စိမ်းအား တွန်းဖယ်ပြီး အဖိုးကြီးအား တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။

ဟဲယွန်လေစီးကြောင်း၏ အဖြစ်ကို မြင်တွေ့ပြီးသားဖြစ်၍ အဖိုးကြီး၏ ကံကြမ္မာမည်သို့ဖြစ်လာမည်ကို တောက်ပခြင်းကျောက်စိမ်း သိထားပြီးသားပင်။ သို့သော် သူ့အနေနှင့် လက်ပိုက်ကြည့်နေရုံမှတပါး အခြားမရှိချေ။

တနာရီခန့့်အကြာတွင် အဖိုးကြီး ပြန်လည်ရောက်ရှိလာ၏။

အဖိုးကြီး၏ အခြေအနေမှာကား သေမင်း၏ ခံတွင်းဝဆီသို့ ခြေတလှမ်းသက်ဆင်းနေခဲ့ပေပြီ။ သူသည် အသက်က်ိုပင် ခဲယဥ်းစွာ ရှုရှိုက်နေရရှာ၏။

"ဒီလူသားတွေဟာ တကယ့်အရိုင်းအစိုင်းးကောင်တွေပါလား"

တောက်ပခြင်းကျောက်စိမ်း စိတ်ဆိုးမာန်ဆိုးနှင့် ရေရွတ်လိုက်လေသည်။

"အင်း ဒါ ဆန်းတော့မဆန်းပါဘူးလေ"

အဖိုးကြီးက ပြန်ပြောလိုက်၏။

"ကျုပ်တို့ရဲ့အကျဥ်းခန်းမှာရှိတဲ့လူသားတွေဟာလဲ ဒီလိုပဲ နှိပ်စက်ခံနေရတာပဲမလား နောက်ဆုံးတော့ ဒါ တရားပါတယ်ကွာ"

"ခင်ဗျား ခုချိန်ထိ သူတို့ဖက်က လိုက်ပြောနေတာလား"

"ကျုပ်က အမှန်တရားကို ပြောတာပါကွာ"

အဖိုးကြီး၏ လေသံမှာ ထူးဆန်းနေလေသည်။

"ခင်ဗျား ဘာတွေမှားနေတာလဲ"

တောက်ပခြင်းကျောက်စိမ်း မျက်လုံးပြူးရင်း မေးလိုက်၏။

"ဘာမှမမှားပါဘူးကွာ တကယ်တော့ ကျုပ် သေတော့မှာကွ ကျုပ်မျက်လုံးတွေ တဖြည်းဖြည်းပြာလာပြီ"

သေတော့မှာဆိုပါလား...

တောက်ပခြင်းကျောက်စိမ်း ထိတ်လန့့်သွား၏။

"ခင်...ခင်ဗျား တကယ်ပြောနေတာလား"

အဖိုးကြီးက တောက်ပခြင်းကျောက်စိမ်း၏ လက်ကို ဆုပ်ကိုင်လိုက်၏။

"ကျုပ်အခြေအနေကို ကျုပ် ကောင်းကောင်းသိတယ် ကျုပ်ဟာ အသက်ကြီးလှပြီ အရိုးတွေကလဲ မကောင်းတော့ဘူး ဒီကောင်တွေ နှိပ်စက်လိုက်တာ ကျုပ်ရဲ့ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးကုန်ပြီ သိပ်မကြာခင်ပဲ ကျုပ် သေရတော့မယ်"

အဖိုးကြီး၏ စကားကိုကြားသည်နှင့် တောက်ပခြင်းကျောက်စိမ်းသည် ထောင်စောင့်များကြားစေရန် လှမ်းအော်လိုက်၏။

"ဟေ့ တယောက်ယောက်များ မရှိကြဘူးလား ဒီမှာ သူသေတော့မယ် သမားတော်တယောက်က်လောက်ဖြစ်ဖြစ် မြန်မြန်ခေါ်ခဲ့ကြစမ်းပါ"

မည်သည့်တုံ့ပြန်မှုမှ ပေါ်ထွက်လာခြင်းမရှိ။

ကျန်လူပျံတော်အကျဥ်းသားများကား မြင်ကွင်းကို ဝမ်းနည်းကြေကွဲစွာဖြင့် ငေးကြည့်နေကြလေသည်။

"အချိန်မဖြုန်းတော့နဲ့ ကောင်လေး ဒီကိုလာစမ်း ကျုပ်မသေခင် အရေးကြီးတဲ့ လျှို့ဝှက်ချက်တခု ပြောပြခဲ့မယ်"

"ရတနာသိုက်အကြောင်းပဲမလား တော်ပါတော့ဗျာ"

အဖိုးကြီး ခေါင်းခါလိုက်၏။

"ရတနာသိုက်အကြောင်း မဟုတ်ဘူးကွ ဒီတောင်ပြားမြို့ရဲ့အောက်မှာ တည်ရှိနေတဲ့ လျှို့ဝှက်ချက်တခုအကြောင်းပဲ"

တောက်ပခြင်းကျောက်စိမ်း အံ့သြသွား၏။

ထိုအခါ အဖိုးကြီးက အသံတိုးတိုးနှင့် ပြောလိုက်လေသည်။

"တကယ်တော့ ဒီအောက်မှာ ထူးဆန်းတဲ့နယ်ပယ်တခု ရှိနေသေးတယ်ကွ"

အဖိုးကြီးပြောသောစကားများကို နားထောင်ရင်း တောက်ပခြင်းကျောက်စိမ်း၏ မျက်လုံးမှာ ပြူးသည်ထက်ပြူးကျယ်လာတော့၏။

"ခင်ဗျား တကယ်ပြောနေတာလား"

"သေချာတာပေါ့ကွာ"

"ဒါကို ခင်ဗျား ဘယ်လိုလုပ်သိလာတာလဲ"

"မင်း မြို့တော်က မီးလျံအိုရီအိုးလ်ကို သိတယ်မလား"

အိုရီအိုးလ်ဟူသော အသံကိုကြားသည်နှင့် တောက်ပခြင်းကျောက်စိမ်း၏ မျက်နှာ ရဲခနဲ ဖြစ်သွား၏။ သူမအပေါ် သူ ခံစားချက်တစုံတရာ ရှိခဲ့ဖူးသည် မဟုတ်ပါလား။ ကံဆိုးသည်မှာ မြို့တော်မှ ထွက်ခွာသွားပြီးကတည်းက အိုရီအိုးလ်ဘယ်ရောက်နေမှန်း မည်သူမှမသိ။

"ကျုပ် သူ့ကို သိပါတယ်"

အဖိုးကြီးက စကားဆက်လိုက်သည်။

"ကျုပ်ကိုပြောတာ သူပဲ"

"ဒီတော့ မြို့တော်က သူ ထွက်ခွာလာခဲ့ရတဲ့အဓိကတာဝန်က ဒါပဲပေါ့"

တောက်ပခြင်းကျောက်စိမ်း အံ့သြသွား၏။

"မှန်တယ် ဒါပေမဲ့ သူ ရှုံးနိမ့်သွားခဲ့တယ် ဒါပေမဲ့ အပြည့်အဝ ရှုံးနိမ့်တာတော့ မဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ လူသားတွေ ဒီအကြောင်းကို ခုထက်ထိ မသိသေးလို့ပဲ"

"ဒါပေမဲ့ သူနဲ့ခင်ဗျား တွေ့ခဲ့တာ ကျုပ် မသိပါလား"

"ကျုပ် အပြင်မှာတုန်းက သူနဲ့ဆုံခဲ့တာပေါ့ကွာ"

"ဒါနဲ့ပဲ ဒီအကြောင်းတွေကို သူက အကုန်ပြောပြတာ ဟုတ်ပါ့မလားဗျ"

"သိပ်ဟုတ်တာပေါ့ကွာ"

အဖိုးကြီးက ရှင်းပြလိုက်၏။

"ဘာကြောင့်လဲဆိုတော့ သူ သိပ်မကြာခင် သေရတော့မယ်ဆိုတာ သူ ကောင်းကောင်းသိနေတာကိုး သူ သေသွားရင် လူပျံတော်တွေရဲ့ ရွှေရောင်အိပ်မက်ကို ပြန်လည်အသက်သွင်းမဲ့အစီအစဥ်ဟာလဲ သူနဲ့အတူ သေရွာကို ပါသွားတော့မယ် ဒါကြောင့် သူ ကျုပ်ကို အကြောင်းစုံ ပြောပြခဲ့တာပဲ ခုဆိုရင် ကျုပ်လဲသေရတော့မယ် ဒါကြောင့် မင်းကို ပြောသင့်တာတွေ ပြောပြလိုက်ပြီ မင်းအနေနဲ့ သူတို့နဲ့ စကားပြောဖို့ အခွင့်အရေးရပါစေလို့ ကျုပ် ဆုတောင်းပေးတယ်ကွာ"

"ကျုပ်က ဘယ်သူနဲ့စကားပြောရမှာလဲ"

"ခရမ်းရောင်ရေစီးကြောင်းနဲ့...သံတမန်အဖွဲ့ ဒီကိုလာတာ ဒီအတွက်ပဲ"

တောက်ပခြင်းကျောက်စိမ်း နားလည်သွား၏။

"လက်စသတ်တော့ သူတို့လာတာ အကျဥ်းသားတွေအတွက်မဟုတ်ပဲ ဒီအတွက်ပဲကိုး"

"အမှန်ပဲ မင်းကို သူတို့ရှာတွေ့မှသာ ရတနာရဲ့တည်နေရာကို သူတို့ သိနိုင်လိမ့်မယ်"

"ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူတို့ ကျုပ်တို့ကို ကယ်ဖို့လာတာမှမဟုတ်ပဲ ဒီတော့ ကျုပ် သူတို့နဲ့ ဘယ်လိုလုပ်အဆက်အသွယ်ရနိုင်ပါ့မလဲ"

"စိတ်မပူပါနဲ့ကောင်လေး"

အဖိုးကြီးက နှစ်သိမ့်လိုက်၏။

"သံတမန်အဖွဲ့ဟာ အကျဥ်းသားတွေကို ကယ်တင်ဖို့ဆိုပြီး အကြောင်းပြထားပေမဲ့ ခုချိန်ထိ သူတို့ အကျဥ်းသားတွေနဲ့ မတွေ့ရသေးဘူး ကျူးမျိုးနွယ်တွေ သံသယဝင်စပြုနေပြီ ဒါကြောင့်မို့ ခုနက သူတို့ကျုပ်ကို ရိုက်နှက်စစ်မေးတာပဲ သိပ်မကြာခင် သံတမန်အဖွဲ့ ကျုပ်တို့ကို လာတွေ့လိမ့်မယ် အဲဒီအချိန်ဟာ မင်းအတွက် အခွင့်အရေးပဲ"

တရက်အကြာ ကျူးအိမ်တော်ထဲတွင် ဖြစ်သည်။

ခရမ်းရောင်ရေစီးကြောင်းသည် ဧည့်သည်တော်ခုံတွင်ထိုင်ကာ ကျူးယွဲ့ယန့့်နှင့် စကားပြောဆိုနေ၏။

"ကျုပ်ဟာ အကြီးအကဲတွေရဲ့ညွှန်ကြားချက်အရ သံတမန်အဖွဲ့ကို ဦးဆောင်ရုံသက်သက်မို့ ဆုံးဖြတ်ချက်အများကြီး ချပိုင်ခွင့်မရှိပါဘူးဗျ ညှိုနှိုင်းတဲ့နေရာမှာလဲ ကိုယ်တိုင်ဆုံးဖြတ်လို့မရပါဘူး ဒီကိုရောက်လာကတည်းက ဘာမှထိထိရောက်ရောက်မလုပ်နိုင်ပဲ ကြန့်ကြာနေရတဲ့ အဓိကအကြောင်းကလဲ တိုင်းပြည်က ညွှန်ကြားချက်တွေက်ို စောင့်ဆိုင်းနေရလို့ပါပဲ ခုလို့ကြန့်ကြာနေရတဲ့အတွက် ကျုပ်တို့ကို ခေါင်းဆောင်ကျူးတို့က ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

ကျူးယုယန်က အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ရှင်တို့က ဒီလို ပြောတယ် ဒါပေမဲ့ ကျွန်မကတော့ ရှင်တို့ရဲ့အဓိကရည်ရွယ်ချက်ည်ရွယ်ချက်က အကျဥ်းသားတွေမဟုတ်ဘူးလို့ ထင်နေတယ် ရှင်တို့ ဒီမှာနေရာ ရက်တချို့ရှိပြီ ဒါပေမဲ့ အကျဥ်းသားတွေအကြောင်း ဖြူသလား မဲသလားတောင်မမေးဘူး ယုတ်စွအဆုံး အကျဥ်းသားတွေကို သတ်ပစ်က်ိုတောင် ရှင်တို့ စိတ်ပူပုံမရဘူး"

ထိုအခါ ခရမ်းရောင်ရေစီးကြောင်းက လျင်မြန်စွာ တုံ့ပြန်လိုက်၏။

"ဒါကတော့ ကျုပိတို့က ခေါင်းဆောင်ကျုးတို့ကို ယုံထားတာကိုး"

ကျူးယုယန်က ချက်ချင်းပင် တုံ့ပြန်လ်ိုက်သည်။

"ဒါကတော့ ပြောဖို့ခက်တယ် မနေ့ကပဲ အစောင့်တယောက် မူးမူးနဲ့ အကျဥ်းသားတယောက်က်ကို ရိုက်လိုက်တာ လက်လွန်သွားတယ် အဲဒီအကျဥ်းသား အသက်ရှင်ဖို့ တော်တော်ခက်သွားပြီ ကျွန်မအနေနဲ့ အစောင့်ကို အပစ်စ်ပေးပြီးဖြစ်ပေမဲ့ ဖြစ်သွားတာက ပြင်လို့မရတော့ဘူး ကျွန်မတို့ မျိုးနွယ်စုက သိပ်ကြီးတဲ့အတွက် လူတိုင်းကိုတော့ လိုက်မကြည့်နိုင်ဘူးလေ နောက်ထပ်သားကောင် ဘယ်သူဖြစ်အုံးမလဲ ဘုရားမှပဲသိနိုင်တော့မယ်"

ခရမ်းရောင်ရေစီးကြောင်း ဘာပြောရမှန်းမသိဖြစ်သွား၏။ သို့သော် သဏ္ဍာန်လုပ်သရုပ်တူစေရန် သူက မေးလိုက်သည်။

"ခေါင်းဆောင်ကျူး ဒီလိုတော့မပြောနဲ့လေဗျာ"

ကျူးယွဲ့ယန်ကလည်း ခပ်တည်တည်ပင်။

"ကျွန်မပြောပြီးပြီလေ လုပ်တဲ့သူကို အပစ်ပေးပြီးပြီလို့ ပြီးတော့ ရှင်တို့တောင် အကျဥ်းသားတွေကို ဂရုမစိုက်တာ ကျွန်မက ဘာလို့ဂရုစိုက်ရမှာလဲ"

တဖက်လူက သူတို့ကို သံသယဝင်နေပြီဖြစ်ကြောင်း ခရမ်းရောင်ရေစီးကြောင်း သဘောပေါက်သွား၏။ ထို့နောက် အတန်ကြာအောင်စဥ်းစားပြီး သူက ပြောလိုက်သည်။

"ကျုပ်တို့ ဒီလိုအေးအေးဆေးဆေးနေတာ ခေါင်းဆောင်ကျူးကို ယုံလို့ပါ ဒါပေမဲ့ ခုအတိုင်းဆိုရင် မလှဲလှယ်ဲလှယ်ခင် အကျဥ်းသားတွေရဲ့အခြေအနေကို ကျုပ်တို့ ကြည့်ဖို့လိုလာပြီနဲ့ တူတယ်"

"အိုး ရှင်က ဘယ်လိုများ ကြည့်မှာပါလိမ့်"

"ကျုပ်ဆီက နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ အကျဥ်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကို စစ်ဆေးကြည့်ချင်တယ် ဒဏ်ရာရတဲ့အကျဥ်းသားကို ခင်ဗျားတို့ ချက်ချင်းဆေးကုပေးပြီး နောက်တကြိမိ ဒီလိုမဖြစ်အောင် ကတိပေးရလိမ့်မယ်"

ခရမ်းရောင်ရေစီးကြောင်း ဒေါသထွက်လာဟန်ပြုလိုက်၏။

ကျူးယုယန် ရယ်ချင်စိတ်ကိုမြိုသိပ်ရင်း အေးစက်သောလေသံနှင့် ပြောလိုက်သည်။

"ရှင်ပြောတော့ လွယ်လှချည်လား ဒီနေရာမှာ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လ်ို့ရမယ်လို့ ရှင်ထင်နေသလား"

ခရမ်းရောင်ရေစီးကြောင်း သက်ပြင်းချလိုက်၏။ သူ နောက်ဆုတ်လိုက်ပါက တဖက်လူပို၍သံသယဝင်သွားမည်မှန်း သူ သဘောပေါက်လ်ိုက်ပေပြီ။ ထိုအခါ သူက ပြောလိုက်၏။

"ကျုပ်တို့မှာ လက်ဆောင်လေးတချို့ ပါလာပါတယ် ခေါင်းဆောင်ကျူး ကျုပ်တို့စေတနာကို လက်ခံပေးပါ"

စကားဆုံးသည်နှင့် ခရမ်းရောင်ရေစီးကြောင်း၏ ငယ်သားတဦးက မူလလက်စွပ်တကွင်းအား ကျူးယုယန်ထံသို့ ဆက်သလိုက်သည်။

မူလလက်စွပ်အတွင်းရှိ အရာများအား တွေ့ပြီး ကျူးယုယန် ပြုံးသွား၏။ ထို့နောက် သူမက ပြောလိုက်လေသည်။

"ရှင်တို့ဖက်က စိတ်ရင်းစေတနာကောင်းနဲ့ ဆက်ဆံလာတော့လဲ ကျွန်မဘက်က ပြန်စေတနာထားပေးရမှာပေါ့ရှင့် ရှန်းယောင် သူတို့ကို အကျဥ်းခန်းတွေဆီ လိုက်ပို့ပေးလိုက်ပါကွယ်"

***

All Chapters