အလည်အပတ် ၂
Vol. 81 Ch. 802
ခရမ်းရောင်ရေစီးကြောင်းအနေနှင့် အကျဥ်းသားများကို ကိုယ်ချင်းမစာ၍မဟုတ်။ သူ၏ အဓိကတာဝန်က အကျဥ်းသားများကို ကယ်ဆယ်ရန်မဟုတ်၍သာ မတတ်သာပဲ လစ်လျူလိုက်ရသည့်သဘောဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် အကျဥ်းသားများအား စိတ်ထဲမှတောင်းပန်ရန်သာ တတ်နိုင်တော့၏။
အကျဥ်းထောင်အတွင်းသို့ရောက်သည်နှင့် ခရမ်းရောင်ရေစီးကြောင်းသည် အကျဥ်းသားများ၏ အခြေအနေ၊ နေထိုင်ရသည့်ပုံစံတို့ကို ဂရုတစိုက်နှင့်ပင် လေ့လာမှတ်သားဟန်ပြု၏။ တချိန်တည်းမှာပင် သူ့ပါးစပ်မှလည်း "အခန်းက ကျဥ်းလိုက်တာ" "မူလစွမ်းအင်မသုံးနိုင်အောင်လုပ်ထားရဲ့သားနဲ့ သူတို့ကို ဘာလို့ကောင်းကောင်းမထားတာလဲ" သူတို့အားလုံး သိပ်မကြာခင် လွတ်လပ်တော့မှာ ဒါကြောင့် သူတို့ကို ရိုက်နှက်စစ်ဆေးနေဖို့ မသင့်တော့ဘူးလေ" စသည်ဖြင့် အဆက်မပြတ် ပြောဆိုနေလေသည်။
ခရမ်းရောင်ရေစီးကြောင်း၏ ပုံစံကိုကြည့်ရင်း ကျူးယုယန် ရယ်မောလိုက်သည်။
"ရှင့်အနေနဲ့ သူတို့ကို ကာကွယ်ချင်တာဆိုတာ ကျွန်မနားလည်ပါတယ်လေ သူတို့ စိတ်ဓာတ်ကျနေတယ်ဆိုပေမဲ့ သူတို့အားလုံး အခြေအနေကောင်းတယ်ဆိုတယ် ကျွန်မ အာမခံနိုင်ပါတယ်လေ ရှင် ကြည့်လေ သူတို့အားလုံး အသက်ရှင်နေသေးတာပဲမလား"
သူတို့၏ ပတ်ပတ်လည်တွင်တော့ လူပျံတော်အကျဥ်းသားများသည် ခရမ်းရောင်ရေစီးကြောင်းအား မျှော်လင့်တကြီးနှင့် ငေးကြည့်နေကြလေသည်။
သူ့ရဲဘော်ရဲဘက်များအတွက် တခုခုတော့ လုပ်သင့်သည်ဟု ခရမ်းရောင်ရေစီးကြောင်း ခံစားလိုက်ရ၏။ ထိုအခါ သူ သက်ပြင်းချရင်း ပြောလိုက်သည်။
"ကျုပ် သူတို့နဲ့ ခနတဖြုတ် အချိန်ဖြုန်းလို့ရမလား"
ကျူးယွဲ့ယန် ရယ်မောလိုက်ပြန်သည်။
"ရှင် ကျွန်မကို အခက်တွေ့အောင် လုပ်နေပြန်ပြီ ဒါ မဖြစ်နိုင်ဘူးဆိုတာ ရှင်သိနေတာပဲ"
ခရမ်းရောင်ရေစီးကြောင်းက ထိုစကားကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်းဖြစ်သည်။ ကျူးယုယန်ဖက်မှ ငြင်းလိုက်ပါက ၎င်းကို အကြောင်းပြချက်အဖြစ်သုံး၍ ဤနေရာမှ ထွက်ခွာရန် သူ စဥ်းစားထား၏။
"ဒါဆိုလဲ ကျုပ် ပြောတာကို မေ့လိုက်ပါဗျာ ဒါပေမဲ့ ဖြစ်နိုင်ရင် ခေါင်းဆောင်ကျူးတို့အနေနဲ့...."
"အား"
ထိုအချိန်မှာပင် စူးရှကျယ်လောင်သော အော်သံတသံံ ထွက်ပေါ်လာ၏။ သူတို့အားလုံး အသံထွက်ပေါ်လာရာနေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ အသံရှင်မှာ ငယ်ရွယ်သောလူပျံတော်တဦးပင် ဖြစ်သည်။ သူက သွေးရူးသွေးတန်းနှင့် အော်ဟစ်နေ၏။
"သူ သေတော့မယ် ကျေးဇူးပြုပြီး သူ့ကိုကယ်ပေးပါ"
ကျူးယုယန်၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။ သူမက အဆိုပါလူပျံတော်အား ငေါက်ငမ်းလိုက်လေသည်။
"မင်း ဘာတွေလျှောက်အော်နေတာလဲ"
လူပျံတော်လေးက ပြန်ပြောလိုက်၏။
"သခင်မ သူ့ကိုကြည့်ပါ သူ သေတော့မယ်"
ထိုအချိန်မှာပင် သူတို့ရှေ့သို့ ခရမ်းရောင်ရေစီးကြောင်း ရောက်လာလေသည်။ သူက အချုပ်ခန်းအတွင်းမှ လူပျံတော်အဖိုးကြီးအား လှမ်းကြည့်လိုက်၏။ အသက်ကိုခဲယဥ်းစွာ ရှုရှိုက်နေရဟန်တူသော လူပျံတော်အဖိုးကြီး၏ ပုံစံမှာ တကယ်ပင် အားနည်းဖျော့တော့နေပေသည်။
ခရမ်းရောင်ရေစီးကြောင်း၏ မျက်နှာ တင်းခနဲ ဖြစ်သွား၏။
"ခေါင်းဆောင်ကျူး ခုနကပြောတော့ အကျဥ်းသားတွေအားလုံး အခြေအနေကောင်းတယ်ဆို"
"ရှင့်ကို ကျွန်မပြောပြီးပြီလေ တမြန်နေ့ညက ငယ်သားတဦး မူးမူးရူးရူးနဲ့ အကျဥ်းသားတွေထဲကတဦးကို ဒဏ်ရာရစေခဲ့တယ်ဆိုတာ ကြည့်ရတာ အဲဒီတယောက်က်က သူပဲနဲ့ တူတယ် ဟေ့ အစောင့်တွေ အချုပ်ခန်းတံခါးကိုဖွင့်ပြီး သူ့က်ို အပြင်ထုတ်ပေးလိုက်စမ်း"
အစောင့်တဦးက တံခါးကိုဖွင့်ပြီး အဖိုးကြီးအား အပြင်သို့ဆွဲထုတ်လိုက်ကြ၏။
ကျူးယုယန်က အဖိုးကြီး၏ သွေးခုန်နှုန်းအား လျင်မြန်စွာ စမ်းသပ်ရင်း ပြောလိုက်လေသည်။
"သူ ခနနေရင် သေတော့မှာပဲ"
ကျူးယုယန်၏ စကားကိုကြားသည်နှင့် အချုပ်ခန်းအတွင်းမှ ငယ်ရွယ်သူလူပျံတော် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးတော့၏။
ကြမ်းပြင်ပေါ်တွင် ပက်လက်လန်နေရှာသော လူပျံတော်အဖိုးကြီးသည် ခရမ်းရောင်ရေစီးကြောင်းအား သနားစဖွယ် ငေးကြည့်နေ၏။ ထို့နောက် သူ အသံတိုးတိုးနှင့် မေးလိုက်သည်။
"ဒါ...ဒါ...ကျုပ်တို့ကို...ကယ်ဖို့...ရောက်လာကြတာလား"
"ဟုတ်တယ် ဒါပေမဲ့ ရှင်တော့ သူတို့နဲ့ မလိုက်နိုင်တော့ဘူးနဲ့တူတယ်"
လူပျံတော်အဖိုးကြီးသည် လက်တဖက်ကို အားယူ မရင်း တောက်ပခြင်းကျောက်စိမ်းအား ညွှန်ပြကာ ပြောလိုက်သည်။
"သူ့...သူ့နာမည်...တောက်ပခြင်းကျောက်စိမ်းလို့ခေါ်တယ်...ကျေးဇူးပြုပြီး...သူ့ကိုခေါ်သွားပေးပါ"
ခရမ်းရောင်ရေစီးကြောင်း မျက်မှောင်ကုတ်သွား၏။
"ဒါ....."
ထိုအခိုက်အတန့်ဝယ် သူသည် အကျဥ်းသားများအား ကယ်ဆယ်ရန် လာရောက်ခြင်းမဟုတ်ကြောင်း အမှန်အတိုင်း ဖွင့်ပြောလိုစိတ်ပေါ်လာတော့သည်။ သို့သော် သူ ဘာမှမတတ်နိုင်။
ထိုအခိုက်မှာပင် လူပျံတော်အဖိုးကြီးသည် ဝုန်းခနဲ မတ်တပ်ရပ်ပြီး ခရမ်းရောင်ရေစီးကြောင်းဆီသို့ ဒယိမ်းဒယိုင်နှင့် ပြေးလာ၏။ ငြိမ်းလုဆဲဆဲ ဖယောင်းတိုင်မီး၏ အစွမ်းကုန်တောက်ပခြင်းမျိုးပင်။
ထို့နောက် အဖိုးကြီးသည် ခရမ်းရောင်ရေစီးကြောင်း၏ လက်ပေါ်တွင် ပစ်လဲသွားတော့၏။ ထိုအချိန်မှာပင် အဖိုးကြီးက နှစ်ဦးတည်းကြားသာရုံလေသံနှင့် ပြောလိုက်သည်။
"သူ့...ကို...ခေါ်သွားမှဖြစ်မယ်....သူ အိုရီအိုးလ်ရဲ့ လျှို့ဝှက်ချက်ကို သိထားတယ်"
အဖိုးကြီး၏ စကားသံကြောင့် သူ့နားထဲတွင် မိုးခြိမ်းသံပမာ ခရမ်းရောင်ရေစီးကြောင်း ခံစားလိုက်ရ၏။
စက္ကန့်ပိုင်းအတွင်းမှာပင် အစောင့်များက အဖိုးကြီးအား ဆွဲခေါ်သွားကြ၏။ ထိုအချိန်တွင် အဖိုးကြီးမှာ မလှုပ်မရှားနှင့် အသက်ပျောက်နေခဲ့လေပြီတည်း။
မည်သို့ဆိုစေ အဖိုးကြီး၏ နောက်ဆုံးဆန္ဒကား ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။
"အကြီးအကဲ သူ...သူ သေသွားပြီ ကျုပ်က်ို ခွင့်လွှတ်ပါခင်ဗျာ"
အစောင့်က ကြောက်အားလန့့်အားနှင့် တောင်းပန်လိုက်သည်။
"ထားလိုက်ပါ ပြသနာမရှိပါဘူး"
ကျူးယုယန်က အလေးအနက်မထားဟန်ဖြင့် ပြောလိုက်၏။ ထို့နောက် သူမက ခရမ်းရောင်ရေစီးကြောင်းအား သံသယမျက်လုံးနှင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
"ရှင့်ကို သူ ဘာပြောသွားတာလဲ"
ခရမ်းရောင်ရေစီးကြောင်း တုန်လှုပ်နေသောစိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။
"တခြားမဟုတ်ပါဘူးဗျာ သူ့အနေနဲ့ ဒီကအကျဥ်းသားတွေအားလုံး လွတ်မြောက်သွားစေလိုတဲ့ဆန္ဒမျိုးရှိနေတယ် တော်တော်သနားစရာကောင်းတဲ့အဖိုးကြီး ဘာပဲဖြစ်ဖြစ် သူ့ရဲ့နောက်ဆုံးဆန္ဒကို ပြည့်အောင်ဆောင်ရွက်ဖို့ ကျုပ် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ"
ခရမ်းရောင်ရေစီးကြောင်း၏ စကားကြောင့် ကျူးယုယန်ရယ်မောလိုက်၏။
"ကျွန်မတို့ဖက်ကလဲ ဒီအလဲအထပ် မြန်မြန်ပြီးသွားဖို့ မျှော်လင့်နေပါတယ်လေ"
တုန်လှုပ်ထိတ်လန့်ဖွယ်ရာသတင်းကြောင့် ခရမ်းရောင်ရေစီးကြောင်းအနေနှင့် အကျဥ်းထောင်အတွင်းဝယ် အချိန်ဖြုန်းလိုစိတ်မရှိတော့။ ထို့ကြောင့် သူက ပြောစရာရှိသည်တို့ကို ပြောဆိုပြီးသည်နှင့် ခပ်မြန်မြန်ပင် ထွက်ခွာသွားတော့သည်။ ခြေကုန်သုတ်သွားသော ခရမ်းရောင်ရေစီးကြောင်းကိုကြည့်ရင်း ကျူးယုယန် ရယ်မော၍ ကျန်ခဲ့လေသည်။
လူပျံတော်အဖိုးကြီးကား စုချန်းမှန်း ဤမျှဆိုလျင် စာဖတ်သူတို့ သိလောက်ပေပြီ။
သံတမန်အဖွဲ့သည် သားဖောက်မိခင်ပိုးကောင်ကြီး၏ တည်နေရာကို မည်သို့မှ ရှာမတွေ့ပဲ ဖြစ်နေ၏။ ထို့ကြောင့် ပိုးကောင်ကြီး ဘယ်နေရာတွင်ရှိမှန်း ၎င်းတို့အား အသိပေးရန် စုချန်းကိုယ်တိုင် နည်းလမ်းရှာဖွေရတော့သည်။
သားဖောက်မိခင်ပိုးကောင်၏ တည်နေရာကို သံတမန်အဖွဲ့ သိရှိသွားစေရန် မည်သို့မည်ပုံ အသိပေးမည်နည်း။ ၎င်းမှာ ပြသနာတရပ်ပင်။
အရိုးရှင်းဆုံးနည်းလမ်းမှာ စုချန်းကိုယ်တိုင် ဟဲယွန်လေစီးကြောင်း၏ နေရာကို ဝင်ယူလိုက်ပြီး သံတမန်အဖွဲ့အား ကိုယ်တိုင်အသိပေးရန်ပင်။
သို့သော် ထိုအကြံကို ကျူးမျိုးနွယ်အကြံပေးများက လုံးဝငြင်းပယ်လိုက်ကြ၏။ သူတို့ထောက်ပြသည်မှာကား သားဖောက်မိခင်၏တည်နေရာကို သိထားသူနှင့် လူပျံတော်အဖွဲ့အစည်းအတွင်း ထိုးဖောက်ဝင်ရောက်မည့့်သူမှာ တဦးတည်းဖြစ်နေပါက များစွာ သိသားထင်ရှားနေပြီး တချိန်တွင် သံသယဝင်စရာများ ဖြစ်ပေါ်လာမည်ဟူ၏။
အမှန်တကယ်လည်း သတင်းအချက်အလက်အား သိထားသူနှင့် လူပျံတော်နယ်မြေသို့ ထိုးဖောက်ဝင်ရောက်မည့်သူမှာ တဦးတည်းဖြစ်နေရန်မလို။ သီးခြားစီဖြစ်နေလျင်လည်း သက်ရောက်မှုကတော့ အတူတူပင်။
ထို့ကြောင့် အထက်တွင် ဖော်ပြခဲ့ပြီးသည့် အကြံအစည် ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။ ခရမ်းရောင်ရေစီးကြောင်းတို့ဖက်မှလည်း သားဖောက်မိခင်ပိုးကောင်အား အသည်းအသန်လိုချင်နေခဲ့လေရာ မည်သည့့်သံသယဝင်စရာမှ ဖြစ်မလာတော့ပဲ အရာခတ်သိမ်းမှာ ချောမွေ့နေတော့၏။
အကျဥ်းထောင်မှ ပြန်လာပြီးနောက် ခရမ်းရောင်ရေစီးကြောင်းသည် လနှင်းမြူနှင့် တွေ့ဆုံ၏။ ထို့နောက် အကျဥ်းသားလှဲလှယ်ခြင်းမှာ မြန်မြန်ဆန်ဆန်ပင် အထမြောက်လာတော့သည်။
နှစ်ဖက်ကြားသဘောတူညီချက်များမှာကား အောက်ပါအတိုင်းပင်ဖြစ်လေသည်။ ပထမဆုံးအနေနှင့် ကျူးမျိုးနွယ်စုကုန်သည်များ လူပျံတော်နယ်မြေတွင် စီးပွားရေးလုပ်ကိုင်ရန် လူပျံတော်များဘက်မှ ခွင့်ပြုပေးရမည်ဖြစ်သည်။ သို့သော် အရေအတွက်မှာကား ၅၀ခန့်သာဟု ကန့့်သတ်ထား၏။အပြန်အလှန်အနေနှင့် ကျူးမျိုးနွယ်များဘက်မှလည်း လူပျံတော်များ စီးပွားရေးလုပ်ကိုင်ရန် ခွင့်ပြုပေးရပေလိမ့်မည်။ ဒုတိယတချက်မှာ အဆိုပါနှစ်ဖက်ကုန်သည်များအနေနှင့့် ကုန်သွယ်ရေးကင်းလွတ်ခွင့်တချို့အား ရရှိခံစားရမည်ဖြစ်သည်။ တတိယတချက်မှာကား လူပျံတော်များဘက်မှ အကျဥ်းသား၄၀အား ပြန်လွှတ်ပေးရမည် ဖြစ်သည်။
အလှဲဲအထပ်ပြူလုပ်စဥ်တလျှောက်လုံးတွင် နှစ်ဖက်စလုံးသည် အကျဥ်းသားလှဲလှယ်ခြင်းအား အလွန်ဂရုထားဟန် ပြထားကြ၏။ သဏ္ဍာန်လုပ်က သရုပ်တူစေရန် လိုအပ်သည်မဟုတ်ပါလား။
နောက်ဆုံးတွင်တော့ လူပျံတော်အကျဥ်းသားခြောက်ဆယ်အား မိုးပျံမြို့တော်သို့ ပြန်လည်ခေါ်ဆောင်ရန် နှစ်ဖက်ကြား သဘောတူညီမှုရယူနိုင်ခဲ့၏။ ခရမ်းရောင်ရေစီးကြောင်း၏ အကြံအစည်အား အကောင်အထည်ပေါ်သွားပြီဟု ဆိုနိုင်လေသည်။
***