← Chapters

ထွက်ခွာခြင်း ၁

Vol. 81 Ch. 803

ထွက်ခွာခြင်း ၁

Vol. 81 Ch. 803

သားဖောက်မိခင်ပိုးကောင်ကြီး၏တည်နေရာအား လူပျံတော်များအား အသိပေးသည့်အစီအစဥ်မှာ အထမြောက်သွားခဲ့ပေပြီ။ စုချန်းတယောက် ထိုအခါကျမှ သက်မောချနိုင်တော့၏။

သို့သော် သူကား ယခုတိုင် ကျူးအိမ်တော်တွင်သာ ရှိနေသေးလေသည်။

မှန်၏။ သူ့အနေနှင့် ကျန်လူပျံတော်များနှင့် လိုက်ပါသွားရန် အချိန်မတန်သေးချေ။

နောက်ဆုံးတွင် တောက်ပခြင်းကျောက်စိမ်း၏ အကူအညီဖြင့် သားဖောက်မိခင်ပိုးကောင်ကြီးအား လနှင်းမြူနှင့် ကျန်သူများ ရှာတွေ့သွားကြလေသည်။

အရွယ်အစားကြီးမားလှသော သားဖောက်မိခင်ပိုးကောင်အားကြည့်ရင်း လနှင်းမြူ အံ့သြတကြီးနှင့် ရေရွတ်လိုက်၏။

"နောက်ဆုံးတော့ ကျွန်မတို့ ရှာတွေ့ခဲ့ပြီ"

ခရမ်းရောင်ရေစီးကြောင်းကား မျက်လုံးပြူးနေလေသည်။

"ကျုပ်တို့လိုက်ရှာနေတာ ဒါကြီးတဲ့လား"

"မှန်တာပေါ့ရှင်"

သားဖောက်မိခင်ပိုးကောင်ကြီးပေါ် လက်တင်ရင်း လနှင်းမြူက ပြန်ဖြေလိုက်သည်။ ပိုးကောင်ကြီးအား အနည်းငယ်မှ လှုပ်ရှားခြင်းမရှိပဲ ငြိမ်သက်နေ၏။

ထိုအခါ လနှင်းမြူက ပြောလိုက်သည်။

"ဝိညာဥ်တံဆိပ်ခပ်နှိပ်ထားပြီးသားပဲကို ကဲ ပြောစမ်း မင်း ဘယ်သူတွေကို သစ္စာရှိသလဲ"

"ပထမအနေနဲ့ လူပျံတော်တွေကို သစ္စာရှိတယ် ဒုတိယအနေနဲ့ တေးသံသာအသိုက်ကို သစ္စာရှိတယ် တတိယအနေနဲ့ မီးလျံအိုရီအိုးလ်ကို သစ္စာရှိတယ်"

သားဖောက်မိခင်ပိုးကောင်က အထက်ပါအတိုင်း ပြန်ဖြေလိုက်၏။

လနှင်းမြူ မျက်မှောင်ကုတ်သွား၏။

"အိုရီအိုးလ်က တယ်လဲဝင့်ကြွားပါလား သူ့ကိုသူပါ သစ္စာရှိစာရင်းထဲမှာ ထည့်ထားတယ်"

သက်ရှိတိုင်းသည် အတ္တရှိကြသည်သာ။ ထိုအထဲတွင် အိုရီအိုးလ်လဲ အပါအဝင် ဖြစ်လေသည်။ သူမအနေနှင့် အထက်မှပေးအပ်သောတာဝန်က်ို ထမ်းဆောင်ရန် တောင်ပြားမြို့သို့ရောက်လာခဲ့သော်လည်း ပင်ကိုယ်အတ္တကိုတော့ မလွန်ဆန်နိုင်။ ထို့ကြောင့် သူမကိုယ်သူမ ပိုးကောင်ကြီး၏ သစ္စာခံစာရင်းဝယ် ထည့်သွင်းခဲ့ခြင်းမှာ မထူးဆန်းဟု ဆိုနိုင်ပေသည်။

မည်သို့ဆိုစေ ပိုးကောင်ကြီး၏ အဖြေကို လနှင်းမြူက သဘောမကျနိုင်ပဲ ဖြစ်နေ၏။ ထိုအခါ သူမက ပြောလိုက်ပြန်သည်။

"မင်းရဲ့သစ္စာခံစာရင်းကို နည်းနည်းတော့ အပြောင်းးအလဲလုပ်ရလိမ့်မယ် မင်းဟာ အကန့်အသတ်မဲ့ကောင်းကင်နဲ့ မိခင်နတ်ဘုရားမအဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ အိပ်မက်ကြာပန်းသရဖူကို သစ္စာရှိရလိမ့်မယ်"

သားဖောက်မိခင်ပိုးကောင်က လေးလံသောလေသံနှင့် ပြန်ဖြေလိုက်သည်။

"ဝိညာဥ်တံဆိပ်ရဲ့ပိုင်ရှင်မဟုတ်ရင် စာရင်းကို အပြောင်းးအလဲလုပ်လို့မရပါဘူး"

လနှင်းမြူက ပြန်ပြောလိုက်၏။

"အိုရီအိုးလ်ဟာ သေသွားပြီ ဒီတော့ အမိန့်ပေးစနစ် ပျက်သွားပြီဖြစ်လို့ ပြန်ပြင်မှရမှာပေါ့"

သို့သော် သားဖောက်မိခင်ပိုးကောင်က ထပ်မံငြင်းဆန်လိုက်၏။

"ဝိညာဥ်တံဆိပ်ပိုင်ရှင်မဟုတ်ရင် မရပါဘူး"

လနှင်းမြူ တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူမက ထပ်ပြောလိုက်သည်။

"မင်းက လူပျံတော်တွေအပေါ် သစ္စာခံထားတယ် အကန့်အသတ်မဲ့ကောင်းကင်နဲ့ အိပ်မက်ကြာပန်းသရဖူဟာ လူပျံတော်တွေကို ကိုယ်စားပြုနေတာပဲ"

"အမိန့်ကို လက်ခံပါတယ်"

ဤတကြိမ်တွင်တော့ လနှင်းမြူ၏ အဆိုကို သားဖောက်မိခင်ပိုးကောင်က လက်ခံလိုက်၏။

သားဖောက်မိခင်ပိုးကောင်နှင့် ပြေလည်မှုရသွားပြီဖြစ်၍ ကျန်ကိစ္စများမှာ လွယ်ကူသွားပေပြီ။ လနှင်းမြူသည် သားဖောက်မိခင်ပိုးကောင်အား သယ်ဆောင်ရန် အဓိကတာဝန်ပေးခံရသူ ဖြစ်သည်။ ထို့ကြောင့် သူမတွင် ၎င်းအား ယာယီထိန်းချုပ်ရန် ကိရိယာတခု ပါလာ၏။ သားဖောက်မိခင်ပိုးကောင်နှင့် အတန်ကြာ စကားပြောဆိုပြီးနောက် အခြေအနေတခုလုံးကို လနှင်းမြူ အကြမ်းဖျင်းနားလည်လာတော့သည်။

"ဒီတော့ ကြယ်ရွှေသတ္တုတွင်းက မင်းအတွက် သိပ်အရေးပါတယ်ပေါ့ ဟုတ်လား"

သားဖောက်မိခင်ပိုးကောင်က ပြန်ဖြေလိုက်သည်။

"အတိအကျ ပြောရရင် မိုင်းတွင်းအားလုံး ငါ့အတွက် အရေးပါတယ် ဒီကမိုင်းတွင်းတွေဟာ ရွှေစားမျောက်ဝံရဲ့အလောင်းကနေဖြစ်လာတဲ့အတွက် အရင်းအမြစ်ကတော့ အတူတူပဲ ဒီမိုင်းတွင်းတွေကထွက်တဲ့သတ္တုတွေကိုစားသုံးတာဟာ ငါ့ရဲ့ကြီးထွားမှုအတွက် သိပ်အရေးပါတယ်"

"မင်းဘယ်လိုလုပ်သိသလဲ"

"အိုရီအိုးလ် ပြောပြခဲ့တာ အဲဒီလိုပြောပြီး သူထွက်သွားခဲ့တာ ပြန်က်ိုပေါ်မလာတော့ဘူး"

"ဘာပဲဖြစ်ဖြစ် သူ ငါတို့ရဲ့မျှော်လင့်ချက်ကို ပျက်စီးအောင်လုပ်မသွားခဲ့ဘူးဆိုရမယ် အနည်းဆုံးတော့ မင်းရဲ့တည်နေရာဘယ်မှာလဲဆိုတာ သတင်းစကားပို့ပေးနိုင်ခဲ့သေးတယ်"

လနှင်းမြူ သက်ပြင်းချရင်း ပြောလိုက်လေသည်။

"ဒါဆို ကျုပ်တို့ဘာလုပ်ကြမလဲ ဒီမှာ ကြယ်ရွှေသတ္တုတွေအများကြီးပဲ ဒါတွေကို ကုန်စင်အောင် ကျုပ်တို့ တူးထုတ်နိုင်မှာမဟုတ်ဘူး ဒါ့အပြင် အချိန်ကလဲ မလောက်ဘူး"

ခရမ်းရောင်ရေစီးကြောင်းက ဝင်မေးလိုက်ခြင်း ဖြစ်သည်။

လနှင်းမြူ တွေသွား၏။ အတန်ကြာမှ တစုံတခုကို တွေးမိဟန်ဖြင့် သူမက ပြောလိုက်သည်။

"သားဖောက်မိခင်ပိုးကောင်က ကြယ်ရွှေသတ္တုတွေ လိုချင်တယ်ဆိုတော့ ကျွန်မတို့က အဆင်ပြေအောင်လုပ်ပေးရမှာပေါ့ ပြီးတော့ ကျူးမျိုးနွယ်တွေနဲ့ သဘောတူညီချက်အရ ကျွန်မတို့မှာ ဒီမြို့ကနေ အရင်းအမြစ်တွေ တူးဖော်ခွင့်ရှိနေသားပဲ အရင်တုန်းက ဒီသဘောတူညီချက်က အတုအယောင်ပဲ ဒါပေမဲ့ ခုတော့ အတည်ဖြစ်လာပြီ ရှင် ကျူးမျိုးနွယ်တွေက ပြောလိုက် သူတို့ရဲ့ ကြယ်ရွှေသတ္တုတွင်းမှန်သမျှကို ကျွန်မတို့ လိုချင်တယ်လို့"

"ဒါဆိုရင် သူတို့က မတန်တဆစျေး တောင်းတော့မှာပဲ"

ခရမ်းရောင်ရေစီးကြောင်း စိတ်ဆိုးဟန်နှင့် ပြောလိုက်သည်။

"ဒါဆိုရင်လဲ တောင်းပစေပေါ့ ဘယ်အရာမှ မိုးပျံမြို့တော်ငယ်စီမံကိန်းလောက် အရေးမကြီးဘူး"

အဆိုပါသတင်းသည် ကျူးမျိုးနွယ်ထံသို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာ၏။ ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်၍ မည်သူမှ အံ့သြခြင်းမရှိ။

အရောင်းအဝယ်မှာလည်း မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွား၏။

နောက်ဆုံးတော့ လူပျံတော်များ၊ ကျူးမျိုးနွယ်နှင့် စုချန်း သုံးဦးသုံးဖလှယ် နှစ်သိမ့်ကျေနပ်သည့်အခြေအနေဟုပင် ဆိုရတော့မည်တည်း။

လနှင်းမြူမှာလည်း တာဝန်ပြီးမြောက်အောင်ဆောင်ရွက်န်ိုင်၍ ပျော်နေ၏။ ကျူးချန်းဟွန်နှင့် စုချန်းတို့မှာလည်း မိုင်းတွင်းရှိ သတ္တုများအား ရောင်းချရသည့်အပြင် ရည်ရွယ်ချက်ကြီး အထမြောက်အောင်မြင်သွား၍ ပျော်နေကြလေသည်။

သိပ်မကြာမီ လူပျံတော်များ ဌာနပြန်ရန် ပြင်ဆင်ကြတော့သည်။ သားဖောက်မိခင်ပိုးကောင်အား လက်ဝယ်ပိုင်ပိုင်ရထားပြီဖြစ်၍ အချိန်မီ မထွက်ခွာပါက ပြသနာတစုံတရာပေါ်လာမည်ကို သူတို့ စိတ်ပူသည်မဟုတ်ပါလား။ ကြယ်ရွှေသတ္တုများနှင့် ပတ်သက်၍မူ တူးဖော်ရရှိသမျှ သတ္တုများအား ကျူးမျိုးနွယ်က တာဝန်ယူ၍ မိုးပျံမြို့တော်သို့ တနှစ်ှစ်လျင်တကြိမ်ကျစီ ပို့ပေးရန်ပင် ဖြစ်သည်။

ရက်တချို့အကြာတွင် လူပျံတော်သံတမန်အဖွဲ့ တောင်ပြားမြို့မှ ထွက်ခွာသွား၏။ သို့သော် ဤတကြိမ်တွင် သူတို့ချည်းသက်သက်မဟုတ်တော့။ ကျူးမျိုးနွယ် သံတမန်အဖွဲ့ပါ သူတို့နှင့်အတူ လိုက်ပါလာ၏။

မှန်ပေ၏။ ဤတကြိမ်ကား ကျူးမျိုးနွယ်ဘက်မှ သံတမန်အဖွဲ့ စေလွှတ်ရမည့်အလှည့်ပင် မဟုတ်ပါလား။ သံတမန်အဖွဲ့၏ တာဝန်မှာကား နှစ်ဖက်သဘောတူညီချက်အရ ကုန်စည်ပ်ို့ဆောင်မှုကို ကာကွယ်ရန်ပင်။

သို့သော် ၎င်းမှာ အပေါ်ယံအကြောင်းပြချက်မျှသာ ဖြစ်သည်။ သံတမန်အဖွဲ့စေလွှတ်ထားရခြင်း၏ အဓိကအကြောင်းပြချက်မှာကား စုချန်းအတွက် အကာအကွယ်တခု ရလိုရငြားပင် ဖြစ်လေသည်။

၎င်းအကြံအစည်မှာ ကျူးအိမ်တော်အကြံပေးများမှ တင်သွင်းလာသော အကြံပင် ဖြစ်၏။ ကျူးမျိုးနွယ်များအနေနှင့် စုချန်း၏ အရေးပါအရာရောက်ပုံကို ကောင်းစွာ နားလည်ထား၏။ စုချန်း၏ အောင်မြင်ခြင်း၊ ရှုံးနိမ်ခြင်းသည် မိုးပျံခံတပ်အား သိမ်းပိုက်မည့်အကြံအစည်ပေါ်တွင် ကြီးစွာသော သက်ရောက်မှုရှိနေသည် မဟုတ်ပါလား။

ထို့ကြောင့် စုချန်းကိုကာကွယ်ရန် သူတို့အနေနှင့် ဖြစ်နိုင်ချေရှိသောနည်းလမ်းမှန်သမျှက်ို အသုံးပြုရပေလိမ့်မည်။ သံတမန်အဖွဲ့စေလွှတ်ထားခြင်းမှာ အဆိုပါနည်းလမ်းများအနက်မှ တခုပင် ဖြစ်သည်။ သံတမန်အဖွဲ့သည် စုချန်း၏ လုံခြုံရေးကို တစ်ရာရာခိုင်နှုန်း အာမမခံနိုင်သည့်တိုင် အထောက်အကူတော့ ဖြစ်စေလိမ့်မည်ဟု သူတို့အားလုံး ယူဆထားကြ၏။

လက်ရှိအခြေအနေအရ လူပျံတော်နယ်မြေသို့ လူသားတဦးအဖြစ် သွားရောက်ခြင်းသည် လူပျံတော်တဦးအဖြစ် ဟန်ဆောင်ကာသွားရောက်ခြင်းထက် များစွာအန္တရာယ်ကင်းသည်မှာ အမှန်ပင်။ သံတမန်အဖွဲ့နှင့် လိုက်ပါလာခြင်းကြောင့် စုချန်းအနေနှင့်လူပျံတော်တဦးအဖြစ် ဟန်ဆောင်ရန် ဖြစ်နိုင်ချေရှိမရှိကို ဆင်ခြင်သုံးသပ်ရန် အခွင့်အရေး ရရှိလာပေလိမ့်မည်။

ထို့နောက်တွင်တော့ ဟဲယွန်လေစီးကြောင်းအဖြစ် ဟန်ဆောင်ရန်ကိစ္စမှာ လိုရမယ်ရပြင်ဆင်ခြင်းမျှသာ ဖြစ်သွားပေတော့မည်။

စုချန်းအနေနှင့် ကြိုးစားရန် မည်မျှပင်စိတ်အားထက်သန်နေစေကာမူ ဟဲယွန်လေစီးကြောင်းကိစ္စသည် လိုရမယ်ရပြင်ဆင်ခြင်းသာ ဖြစ်သွားပါစေဟု ကျူးချန်းဟွန်တယောက်က် ကြိတ်၍ဆုတောင်းနေမိ၏။

ကြီးမားလှသော တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်နှစ်စင်းသည် လေဟုန်က်ိုခွင်းကာ ပျံသန်းနေ၏။

လွန်းပျံယာဥ်၏ဦးပိုင်းတွင်ထ်ိုင်နေသောစုချန်းက ပတ်ဝန်းကျင်မှ မြင်ကွင်းများကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

"ဒီလိုအမြန်နှုန်းနဲ့ဆိုရင် မိုးပျံမြို့တော်ကိုရောက်ဖို့ ခုနှစ်ရက် ဒါမှမဟုတ် ရှစ်ရက်လောက်တော့ ကြာလိမ့်မယ်ထင်တယ်"

"တကယ်တော့ ဆယ်ရက်ကြာမှာ"

ကျူးယုယန်က ပြန်ဖြေလိုက်၏။

"ဟိုကိုမရောက်ခင် မူလအလင်းရဲတိုက်နဲ့ ပျက်သုဥ်းခြင်းမျှော်စင်တို့ကို အရင်ဖြတ်ရတယ် အဲဒီက စစ်ဆေးရေးလုပ်ငန်းစဥ်တချို့ကြာမြင့်တဲ့အတွက် မိုးပျံမြို့တော်ကို ဆယ်ရက်ကြာမှ ရောက်လိမ့်မယ်"

"လက်စသတ်တော့ ဒီလိုကိုး ဒါနဲ့ ပျက်သုန်းခြင်းမျှော်စင်နဲ့ပတ်သက်ပြီး ကျုပ် နားမလည်တာတခုတော့ရှိတယ်"

"ဘာများလဲကွဲ့"

"ပျက်သုန်းခြင်းမျှော်စင်ဟာ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်ရဲ့ကျောပေါ်မှာတည်ဆောက်ထားတာလို့ဆိုတယ် ဒီလိုပြင်ပကမ္ဘာမှာ ဆောင်းမခိုပဲ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် ဘယ်လိုများ အသက်ရှင်နေတာပါလိမ့်"

ကျူးယွဲ့ယန် တွေခနဲ ဖြစ်သွား၏။

"အင်း မင်းပြောတာအဓိပ္ပါယ်ရှိတယ် ဒါပေမဲ့ ဒီမေးခွန်းက လက်ရှိမှာ ဘယ်သူမှ မဖြေနိုင်သေးတဲ့မေးခွန်းလို့ပဲ ပြောရမှာပေါ့လေ"

စုချန်း ဘာမှမပြောပဲသက်ပြင်းချလိုက်လေသည်။ ထိုစဥ် ကြည်လင်ချိူမြသောအသံတသံံ ထွက်ပေါ်လာ၏။

"ဒီတော့ ရှင် လူပျံတော်နယ်မြေကိုသွားချင်တာ ဒီသားရဲကြီးရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်ကို စုံစမ်းချင်တာလဲ တချက်အနေနဲ့ ပါတယ်ဆိုပါတော့"

စုချန်း မျက်လုံးပြူးသွား၏။ အကြောင်င်းမှာ အသံရှင်ကား ကျူးရှန်းယောင် ဖြစ်နေသောကြောင့်ပင်။ ကျူးရှန်းယောင်သည် စုချန်း၏ နောက်နားတွင် မတ်တပ်ရပ်လျက်ရှိလေသည်။

"ဟင် ရှန်းယောင် မင်းဘယ်လိုလုပ်ရောက်လာတာလဲ"

စုချန်း အံ့သြသည်မှာလဲ သိပ်တော့မဆန်း။ လူပျံတော်နယ်မြေသို့ သံတမန်အဖွဲ့နှင့် လိုက်ပါမည့့်အစီအစဥ်တွင် ကျူးရှန်းယောင် ဘယ်သောအခါမှ မပါဝင်ခဲ့သောကြောင့်ပင်။

ထိုစဥ် မျက်နှာသေကြီးနှင့် လွန်းပျံယာဥ်အား မောင်းနှင်နေသည့်ယာဥ်မောင်းကို လှမ်းမြင်ပြီး ကျူးယုယန် ဒေါသထွက်သွား၏။

"အတင့်ရဲလှချည်လား ကိုယ့်မျိုးနွယ်စုဝင်တယောက်က်ကို ညှို့ငင်လိပ်ပြာနည်းစနစ်သုံးရတယ်လို့ ချက်ချင်းလွှတ်ပေးလိုက်စမ်း"

ကျူးရှန်းယောင် လျှာကိုတစ်လစ်ထုတ်ကာ ယာဥ်မောင်းအား ပုံမှန်အခြေအနေပြန်ရောက်အောင် ကူညီပေးလိုက်လေသည်။

ထိုစဥ် စုချန်းက ကြံရာမရဟန်ဖြင့် မေးလိုက်ပြန်၏။

"ရှန်းယောင်ရယ် ဒီလောက်အဝေးကြီးကို ဘယ်လိုဖြစ်လို့ လိုက်လာတာလဲ"

ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်သည်။

"ရှင် ကိစ္စကြီးတွေလုပ်တာကို ကျွန်မမတားနိုင်ဘူး ဒါပေမဲ့ ရှင်ဘယ်သွားသွား ကျွန်မလိုက်မှာပဲ လူပျံတော်နယ်မြေဟာ အန္တရာယ်များတယ် ကျွန်မ ရှင့်ဘေးနားမှာ ရှိနေမှရမယ်"

ကျူးရှန်းယောင်၏ စကားကြောင့် စုချန်းတယောက်က် ကူချိန်းလွှာကို ဖြတ်ခနဲ သတိရသွား၏။

သွေးဗီဇကန့်သတ်ချက်သာ မရှိလျင် ကုချိန်းလွှာလည်း ထိုစကားမျိုးပြောမည်မှာ သေချာနေသည် မဟုတ်ပါလား။

***

All Chapters