← Chapters

ပါရမီရှင်

Vol. 81 Ch. 806

ပါရမီရှင်

Vol. 81 Ch. 806

ကြီးကျယ်မြင့်မြတ်သော အောင်မြင်မှုများ ရရှိစေရန် သို့မဟုတ် အဆင့်အတန်းမြင့်မြင့်မားမားနှင့် နေထိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းတတ်ကြသော လူသားတို့၏ လောဘကား တစ်ခါတစ်ရံတွင် အံ့သြဖွယ်ပင် ကောင်းနေတတ်သေးလေသည်။

အဆိုပါလူစားတို့သည် လောဘတရားအားကြီးလာသောအခါ တရားလက်လွတ်၊ အကျင့်ပျက်ကာ လုပ်မိကိုင်မိတတ်၏။ သို့သော် ၎င်းမှာ မဆန်းချေ။ တရားလက်လွတ် လူချမ်းသာတို့ကား တမိုးအောက်တွင် အများသားပင် မဟုတ်တုံလော။

ထို့ကြောင့် ချမ်းသာလေလေအကျင့်ပျက်လေလေဟုပင် ဆိုနိုင်ပေသေးသည်။

ထိုအတွက် လီတောက်ဟုန်မှာကား သိသာထင်ရှားသော ဥပမာတခုပင်တည်း။

မည်သို့ဆိုစေ လီတောက်ဟုန်၏ သမိုင်းကြောင်းကား လေ့လာကြည့်ပါက စိတ်ဝင်စားစရာပင်။

သုံးနှစ်အရွယ်ကပင် လီတောက်ဟုန် စာဖတ်တတ်ခဲ့၏။ ခုနစ်နှစ်သားအရွယ်တွင်တော့ အပျင်းခိုသူနှင့် မြစ်ဖြတ်ကူးခြင်းအမည်ရှိ ကဗျာရှည်ကြီးနှစ်ပုဒ်ကို ရေးစပ်နိုင်ခဲ့လေရာ တစ်နိုင်ငံလုံး ဝက်ဝက်ကွဲသွားတော့သည်။ တော်ဝင်သမားတော်မှ ၎င်းတွင် အားကောင်းလှသောသွေးဗီဇအား ပိုင်ဆိုင်ထားသည်ဟု သတ်မှတ်လိုက်ပြီးနောက်တွင်တော့ လီမျိုးနွယ်စု၏ ပါရမီရှင်များအနက် တစ်ဦးအပါအဝင် ဖြစ်လာတော့သည်။

တကယ်တော့ အဆိုပါပုံပြင်မျိုးမှာ သိပ်ထူးဆန်းလှသည်ဟု မဆိုသာ။ လူသားမျိုးနွယ်စုတွင် ထူးချွန်သူ တစ်ဦးစ၊ နှစ်ဦးစဟူသည် အမြဲတစေ ပေါ် ထွက်လာတတ်သည် မဟုတ်ပါလား။

သို့သော် လီတောက်ဟုန်၏ ပုံပြင်သည်ကား တစ်နေရာတွင် တစ်ဆစ်ချိုး ပြောင်းသွားပြန်၏။

"လီတောက်ဟုန်ဟာ ပါရမီရှင်တစ်ဦးလို့ ဆိုရပေမဲ့ သူ ပါရမီရှင်ဖြစ်လာတာ ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တစ်ခုကြောင့်ဆိုရမယ်"

စုချန်း အံ့သြသွား၏။

"ဆန်းကြယ်မှု ဟုတ်လား သူ့ လျှို့ဝှက်ရတနာသိုက်တစ်ခုခုများ ရှာတွေ့ခဲ့လေသလား"

ကျူးရှန်းယောင် ခေါင်းခါလိုက်၏။

"ရှင်ထင်တာနဲ့ ဆန့်ကျင်ဘက်ပဲ တကယ်တော့ သူ့နောက်ခံသမိုင်းဟာ ရှင်နဲ့တောင် ခပ်ဆင်ဆင်တူတယ်လို့ ပြောရမယ်"

"ကျုပ်နဲ့ ဟုတ်လား ဘယ်လိုများပါလိမ့်"

စုချန်း ထပ်မံမျက်လုံးပြူးသွားရပြန်သည်။

"သူလည်း ရှင့်လိုပဲ လမ်းပေါ်မှာ သူတောင်းစားအဖိုးကြီးတစ်ယောက်နဲ့ဆုံတွေ့ပြီး သေလုမြောပါးဖြစ်အောင် ထိုးကြိတ်ခံရဖူးတယ်ရှင့်"

သူတောင်စားအဖိုးကြီးနဲ့ ဆုံဖူးတယ်ဆိုပါလား...

စုချန်း ရင်ခုန်သံ မြန်လာ၏။

အချိန်ကာလအတော်ကြာအောင် မေ့ပျောက်ထားခဲ့သည့် ကံဆိုးမှောင်ကျခဲ့သောအဖြစ်အပျက်ကို စုချန်း တစ်ဖန် ပြန်လည်မြင်ယောင်လာမိပြီ ဖြစ်သည်။ ဖြစ်ရပ်မှာ သူ့ငယ်ဘဝကဖြစ်၍ ကြာမြင့်လှပေပြီ။ သို့သော် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်တိုင်းကို စုချန်း ပြက်ပြက်ထင်ထင် မြင်ယောင်နေသေး၏။

"သူတောင်းစားအဖိုးကြီး ဟုတ်လား"

"ဟုတ်တယ်ရှင့် ဘယ်နေရာကပေါ်လာမှန်းမသိတဲ့ သူတောင်းစားအဖိုးကြီးဟာ လီမျိုးနွယ်စုရဲ့မင်းသားလေးကို အကြောင်းပြချက်မရှိပဲ သဲကြီးမဲကြီး တိုက်ခိုက်တော့တာပဲ ဒဏ်ရာကြောင့် လီတောက်ဟုမ်သွက်ချာပါဒ ဖြစ်သွားတယ် လီဝုယီဟာ အနယ်နယ်အရပ်ရပ်က သမားတော်တွေကို ဖိတ်ခေါ်ပြီး လီတောက်ဟုန်ကို ကုသစေခဲ့တယ် ဒါပေမဲ့ ဘယ်သမားတော်မှ မတတ်နိုင်ခဲ့ဘူးလေ"

"နောက်တော့ ဘာဆက်ဖြစ်လဲ"

"သုံးနှစ်အကြာမှာ လီတောက်ဟုန်ဟာ သူ့ဟာသူပဲ ပြန်သက်သာလာခဲ့တယ်"

သုံးနှစ်အကြာဆိုပါလား ...

လာပြန်ပြီလား ဒီသုံးနှစ်...

စုချန်းကိုယ်တိုင်လည်း သုံးနှစ်အကြာတွင်မှ မျက်စေ့နှစ်ကွင်း အလင်းပြန်ရလာခဲ့သည် မဟုတ်ပါလား။

"ပြီးတော့ သူ အင်မတန်ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာတယ်ဆိုပါတော့"

"ဟုတ်တယ်ရှင့်"

ကျူးရှန်းယောင်က ဂဃနဏ ရှင်းပြန်လိုက်ပြန်သည်။

"သုံးနှစ်အကြာ ပြန်သက်သာလာပြီးနောက်မှာ သူဟာ ဦးနှောက်မမှန်သူမဟုတ်တော့ဘူး အချိန်တိုအတွင်းမှာပဲ လျောင်ယဲ့နိုင်ငံရဲ့ လူသိများတဲ့ ပါရမီရှင်ဖြစ်လာတယ် ထူးချွန်လှတဲ့ ဉာဏ်ရည်ဉာဏ်သွေးမျိုးကို ပိုင်ဆိုင်လာတယ် ဒါတင်မကသေးဘူး တော်ဝင်မိသားစုရဲ့သွေးဗီဇနိုးထလာတဲ့အပြင် မိခင်ဘက်ကသွေးဗီဇဖြစ်တဲ့ ညဘုရားသွေးဗီဇလဲ တစ်ပြိုင်တည်းနိုးထလာတယ် သွေးဗီဇနှစ်မျိုး နိုးထလာတယ်ဆိုတာ အင်မတန်ရှားတယ်မလား နောက်ဆုံးမှာတော့ သူဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကနေ အလင်းတုန်ခါခြင်းနယ်ပယ်ကို နှစ်ဝက်အတွင်း ဝင်ရောက်နိုင်ခဲ့တော့တာပဲ"

နှစ်ဝက်အတွင်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည် ဆိုပါကလား။

တကယ်တော့ ထိုလုပ်ရပ်မျိုး စုချန်းကိုယ်တိုင်လည်း စွမ်းဆောင်နိုင်၏။ ထိုသို့စွမ်းဆောင်နိုင်ရခြင်းမှာလည်း ပရမတ်အမြင်အာရုံကြောင့်ပင် ဖြစ်သည်။

ယခုတော့ နောက်ထပ် အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ပေါ်ပေါက်လာခဲ့ပေပြီ။

ပို၍ထူးဆန်းသည်မှာ ၎င်း၏အဖြစ်အပျက်က စုချန်း၏ ခပ်ဆင်ဆင်လာတူနေခြင်းပင်။

စုချန်း၏ ရင်အစုံမှာ ခုန်ပေါက်နေခဲ့လေပြီ။

ဘာအတွက်ကြောင့် ထိုသို့ဖြစ်ရမှန်း စုချန်း မသိ။ သို့သော် ၎င်းမှာ တိုက်ဆိုင်မှုမဟုတ်မှန်း သူ့သေသေချာချာနားလည်ထားလေသည်။ ကောင်းကင်ဘုံ၏ ကျိန်စာမိသူ၊ သို့မဟုတ် ချီးမြောက်ခြင်းခံရသူမှာ သူတစ်ဦးတည်းဟု မည်သူ ပြောနိုင်အံ့နည်း။

တခြားလူတစ်ဦးသည်လည်း ကောင်းကင်ဘုံ၏ ချီးမြှောက်မှု ခံရနိုင်သည် မဟုတ်ပါလား။ ကြည့်ရသည်မှာ ထိုအတိုင်း မှန်နေပုံရ၏။

အဖြစ်ဆိုးနှင့်ကြုံတွေ့ပြီးနောက် စုချန်းသည် အရာဝတ္ထုများအား ပရမတ်အဆင့်ထိ မြင်နိုင်သည့် အမြင်အာရုံကို ပိုင်ဆိုင်လာနိုင်၏။ သို့ဆိုလျင် လီတောက်ဟုန် ပိုင်ဆိုင်ထားသည့်စွမ်းရည်မှာ အဘယ်နည်း။

စုချန်း မသိ။ သို့သော် ထိုစွမ်းရည်မှာ စုချန်းနှင့် မတူညီကွဲပြားသော စွမ်းရည်တစ်ခုခု ဖြစ်နေပုံရ၏။

ရင်ထဲတွင် လှိုင်းထန်နေခဲ့ပြီဖြစ်သော်လည်း စုချန်းတစ်ယောက် စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းထား၏။ ထို့နောက် သူက မေးလိုက်ပြန်သည်။

"နောက်တော့ ဘာဆက်ဖြစ်သေးလဲ ဒီကောင့်ကိုကြည့်ရတာတော့ မူးရူးပျော်ပါးနေတဲ့ပုံပါပဲကလား"

"အင်း ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာတယ်ဆိုပေမဲ့ ဦးနှောက်ပျက်သွားတုန်းက နှိပ်စက်ခံခဲ့ရတဲ့ မှတ်ဉာဏ်တချို့ ကျန်နေရစ်ပုံပဲရှင့် ပြီးတော့ သူ ဦးနှောက်ပျက်သွားတဲ့ သုံးနှစ်ကာလမှာ သူ ခံစားခဲ့ရတာတွေက...."

စုချန်း ချက်ချင်းပင် သဘောပေါက်သွား၏။

"သိပ်ဆိုးဝါးတယ်ဆိုပါတော့"

မင်းသားတစ်ပါးသည်ပင် ရူးသွပ်နေပါက တခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရနိုင်၏။ အစေခံများက သူ့ကို မထီမဲ့မြင်ပြုကြပေလိမ့်မည်။ အငယ်များက သူ့အား မလေးမစားပြုကြပေလိမ့်မည်။

ထို့ကြောင့် အရူးတစ်ယောက်သည် မျက်ကန်းတစ်ယောက်ထက် ပို၍ဆိုးဝါးသော အတွေ့အကြုံများကို ခံစားရနိုင်ဖွယ် ရှိနေ၏။ မျက်ကန်းတဦးသည် မျက်လုံးမမြင်သည့်တိုင် ၎င်း၏ စိတ်ပိုင်းဆိုင်ရာမှာ အကောင်းပကတိပင် မဟုတ်ပါလား။ ရူးနေသူတဦးမှာကား အမှားအမှန်ခွဲခြားနိုင်စွမ်းမရှိလေရာ တခြားသူများ၏ မထီမဲ့မြင်ပြုမှုကို ပို၍ ခံစားရပေလိမ့်မည်။

ထိုအကြောင်းပြချက်ကြောင့် လီဝုယီအနေနှင့် သားဖြစ်သူအား လက်လျှော့ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ စုချန်းနှင့် လီတောက်ဟုန်တို့၏ အခြေအနေမှာ ထပ်တူကျနေသည်ဟု ဤနေရာတွင် ဆိုနိုင်ပေသည်။

တစ်စုံတစ်ဦးသည် အတိတ်ကာလတွင် ဆိုးဝါးသောအဖြစ်အပျက်များ ကြုံတွေ့ရပါက ရင့်ကျက်လာတတ်ပြီး အတိတ်မှအမှားတို့ကို သင်ခန်းစာယူတတ်လာ၏။ စုချန်းကား ထိုသို့သော လူစားမျိုးပင်။

သို့သော် လီတောက်ဟုန်ကား ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ သူအသိစိတ်ပြန်ရလာသည်နှင့် လီတောက်ဟုန် ပထမဆုံး ဆောင်ရွက်သည့်အရာမှာ သူ့အား နှိပ်စက်ခဲ့သည့် လူ့အဖွဲ့စည်းတစ်ခုလုံးကို လက်စားချေရန်၊ မြေလှန်ရန်ပင်တည်း။

ထို့နောက် လီတောက်ဟုန်သည် ထူးချွန်ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးအား အသုံးချကာ လူတကာအား အနိုင်ကျင့်၏။ အမျိုးသမီးများအား အကြမ်းဖက်၏။ ရနိုင်သမျှသော ကာမဂုဏ်အာရုံများကို ဒင်းပြည့်ကျပ်ပြည့် ခံစား၏။ ကံတရားကလည်း ကောင်းလွန်းနေလေရာ လီတောက်ဟုန်အဖို့ လုပ်တိုင်းဖြစ်နေသည်ဟုပင် ဆိုရပေတော့မည်တည်း။

စည်းကမ်းဖောက်ဖျက်လွန်းသည့်သားတစ်ဦး ပိုင်ဆိုင်ထားရခြင်းမှာ ဖခင်တစ်ဦးအဖို့ ရှက်စရာပင်။ ဘုရင့်သားတော်တစ်ဦးအဖို့ပင် ၎င်းမှာ ခွင့်မလွှတ်နိုင်စရာ ဖြစ်နေ၏။

သို့သော် လီဝုယီသည် သားအဖြစ်သူအပေါ် ကနဦးလက်လျှော့ခဲ့မိသည့်လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိနေ၏။ ထိုအခါ စည်းမျဥ်းစည်းကမ်းများလည်း ပေါ့လျော့ကုန်တော့သည်။

မည်သူ့ဆိုစေ လီတောက်ဟုန်ကား သူ့အပေါ်အနိုင်ကျင့်ခဲ့သူများကို မေ့ပစ်နိုင်ပုံမရချေ။

ဝန်ကြီးချုပ်ဝမ် မင်းရဲ့သားဟာ ငါ့ခေါင်းကို သုံးကြိမ်တိတိ သေးနဲ့ပန်းတယ် ဒီတော့ ငါက သူ့လက်ကို ချိုးပစ်လိုက်မယ်ဆိုရင် ဒါ သိပ်မလွန်ဘူးမလား...

မဟုတ်သေးဘူး...ဒါအကုန်မဟုတ်သေးဘူး...

ဗိုလ်ချုပ်လျူ မင်းအိမ်တော်ကမင်းသမီးနှစ်ပါးဟာ ကျုပ်အဝတ်တွေကိုဆွဲချွတ်ပြီး လမ်းပေါ် မှာ ပစ်ထားဖူးတယ် ဒီတော့ ကျုပ်က သူ့တို့ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်မယ် ဘယ့်နှယ်သဘောရသတုန်း...

မဟုတ်သေးဘူး...ဒါအကုန်မဟုတ်သေးဘူး...

ဝန်ကြီးကျန်း မင်းရဲ့လက်မထပ်ရသေးတဲ့သမီးကတော့ ကျုပ်ကိုဘာမှမလုပ်ပါဘူး သူ့လက် ညစ်ပတ်မှာစိုးလို့တဲ့လေ ဒါပေမဲ့ တခြားလူတွေ ကျုပ်ကိုအနိုင်ကျင့်လာအောင် သူ အနည်းဆုံး ဆယ်ကြိမ်ထက်မက သွေးဆောင်စည်းရုံးဖူးတယ် ဒါကို ခင်ဗျားကလဲ မမြင်ချင်ယောင်ဆောင်ထားခဲ့တယ် ဒီတော့ ကျုပ် သူနဲ့အိပ်မယ် ဒါ သိပ်တော့မများဘူးမလား

လီတောက်ဟုန်၏ ပစ်မှတ်များကား မကုန်နိုင်မခန်းနိုင်ပင်။

၎င်း၏ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များသည် နိုင်ငံ၏ မင်းစိုးရာဇာအသိုင်းအဝိုင်းကို အကြီးအကျယ် လှုပ်ခတ်သွားစေ၏။ သို့သော် မည်သူမှ သူ့ကို အပြစ်မပေးရဲ။ အပြစ်ပေးဖို့နေနေသာသာ ထောက်ပြရဲမည့်သူပင် မရှိချေ။

လီတောက်ဟုန်သည် မင်းစိုးရာဇာဝန်ကြီးများ၏ သားသမီးတိုင်းကို အနိုင်ကျင့်၏။ စော်ကား၏။ သို့သော် မည်သူမှပါးစပ်မဟရဲ။ အကြောင်းမှာ အနှီလူကြီးလူကောင်းများ၏ အပုပ်နံ့သတင်းများကို သူ သိရှိနေသောကြောင့်လည်း ပါဝင်ပေသည်။ စုချန်းသည် မျက်မမြင်ဘဝကို သူ့ကိုယ်ကျိုးအတွက် အသုံးချခဲ့၏။ လီတောက်ဟုန်မှာလည်း ထို့အတူပင်။

သို့သော် လီတောက်ဟုန်၏ လုပ်ရပ်မှာ စုချန်းနှင့်စာလျှင် ပို၍ယုတ်မာ၏။ ပို၍ ကောက်ကျစ်စဥ်းလဲ၏။

နောက်ဆုံးတွင် လီဝုယီသည် လီတောက်ဟုန်အား အကြိမ်ကြိမ်ပင် ကြိမ်းမောင်းမာန်မဲ၏။ ဆုံးမ၏။ နောက်ဆုံးတွင် အိမ်ရှေ့မင်းသားအရာမှ ပယ်နုတ်ရန်ပင် ခြိမ်းခြောက်သည့်အဆင့်သို့ ရောက်လာတော့သည်။ သို့သော် လီတောက်ဟုန်ကား ကိုယ်ကျိုးမငဲ့သောအမူအရာကို ဆောင်ထား၏။ အိမ်ရှေ့မင်းသားရာထူးအား ဂရုပင်မစိုက်ချေ။ ထိုအခါ လီဝုယီလည်း လီတောက်ဟုန်အား ရိုက်နှက်ဆုံးမခြင်းမှလွဲ၍ ဘာမှမတတ်နိုင်တော့ပဲ လက်ပိုက်ကြည့်နေရသည့်အဆင့်သို့ ရောက်သွားတော့သည်။

၎င်းကား လီတောက်ဟုန်၏ လက်ရှိအခြေအနေပေတည်း။ တဖြည်းဖြည်း သူသည် သန်မာသည်ထက်သန်မာလာ၏။ သူရှာသောပြဿနာမှာလည်း ကြီးမားသည်ထက် ကြီးမားလာတော့သည်။

တစ်ဖက်တွင်လည်း လီတောက်ဟုန်သည် လွန်စွာလိမ္မာပါးနပ်လေရာ တဖက်သူများအား ဒေါသထွက်စေသည့်တိုင် သူ့ကိုယ်သူ ကောင်းစွာထိန်းချုပ်ထားနိုင်၏။ ထို့ကြောင့် သူ့ရန်ပြုမှုများသည် တစ်ဖက်သူသည်းမခံနိုင်ဖြစ်သည့်အခြေအနေသို့တိုင် မရောက်ခဲ့ဟု ဆိုနိုင်ပေသည်။

နောက်ဆုံးတွင် လီတောက်ဟုန်၏ သြဇာအာဏာမှာ ကြီးမားသည်ထက် ကြီးမားလာပြီး ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်ပင် ဖြစ်လာခဲ့တော့၏။

လီတောက်ဟုန်သည် လောဘကြီးသူ၊ ကာမတဏှာကြီးသူ၊ စည်းမျဥ်းမရှိသူဖြစ်သော်လည်း မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိသူတော့မဟုတ်ချေ။ လီတောက်ဟုန်ကဲ့သို့သော လူစားမျိုးအတွက် သူ လုပ်ချင်သောအရာနှင့် သူ မလုပ်ချင်သောအရာသာရှိသည်။ မလုပ်ဆောင်နိုင်သောအရာဟူ၍ မရှိ။

ကောင်းသောအရာကိုလုပ်ဆောင်လျှင် ကောင်းတာဖြစ်လိမ့်မည်။ မကောင်းသောအရာကိုလုပ်ဆောင်လျှင် မကောင်းတာ ဖြစ်ပေလိမ်မည်။

သို့သော် လီတောက်ဟုန်ကတော့ မကောင်းသောအရာများကိုသာ ဇောင်းပေးလုပ်ဆောင်လေ့ရှိလေသည်။

တစ်ဖက်တွင်လည်း လီတောက်ဟုန်သည် ကုန်သွယ်ရေးအဖွဲ့နှင့်ပတ်သက်၍မူ အပြည့်အဝ တာဝန်ယူလေ့ရှိသည်။ အကြောင်းမှာ ကုန်သွယ်ရေးလုပ်ငန်းက အတော်လေး အကျိုးအမြတ်များသောကြောင့်ပင်။

မည်မျှသာယာလိုက်ပေသနည်း။ ကုန်သွယ်ရေးအဖွဲ့သည် နှစ်စဥ်နှစ်တိုင်း သန်းနှင့်ချီသော မူလကျောက်တုံးများအား အသုံးပြုခွင့်ရှိနေ၏။ အရာရာတိုင်းမှာ လီတောက်ဟုန်၏ လက်ထဲတွင် ရှိနေသည်ဟု ဆိုနိုင်ပေသည်။

နိုင်ငံတော်မှလည်း ၎င်းကို လက်သင့်ခံထား၏။

အကြောင်းမှာ လီတောက်ဟုန်သည် လူပျံတော်များနှင့်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရုံမက နိုင်ငံခြားသားများနှင့်ပတ်သက်သောအရေးအရာများအား ကောင်းစွာ ကိုင်တွယ်ထားနိုင်လေရာ ပို၍ပင် သြဇာကြီးမားလာသေး၏။ မည်သို့မည်ပုံပျော်ရွှင်ရမည်မှန်း သိထားသူသည် ဆန္ဒရှိပါက မြောက်မြားစွာသော မိတ်ဆွေများ ရရှိရန် မခဲယဥ်းလှပေ။

နိုင်ငံရေးအကျိုးအမြတ်နှင့်စာလျှင် မူလကျောက်တုံးသန်းနှင့်ချီ ပျောက်ဆုံးသွားခြင်းမှာလည်း သိပ်ပြဿနာမရှိလှပေ။

***

All Chapters