အခန်း (၁၀၃-၁၀၅)
Vol. 7 Ch. 103-105
အခန်း၁၀၃-ကောင်းကင်ဘုံဒုက္ခကို နှိုးဆော်နေတဲ့ ပြိုင်ဘက်ကင်း မသေမျိုး ပါရမီရှင်…
~လုရီ သိသလောက်၊ ချင်းကျိုး တစ်ခွင်မှာ ဓားစိတ်ဆန္ဒမြက်သည် မပေါက်ရောက်ပါ။
သူသည် သိချင်စိတ်ကို မချုပ်တည်းဘဲ မေးလိုက်သည်။
"ဆရာ ဒီဓားစိတ်ဆန္ဒမြက်က ဘယ်က ရလာတာလဲ"
လင်းလောင် တောင်ထိပ်သခင်မက ပျင်းရိ ပျင်းတွဲနှင့် ပြန်ဖြေသည်။
"နတ်ဓားဂိုဏ်းကို ငါ ခရီးထွက်ပြီး သူတို့ဆီက တောင်းခဲ့တာ"
လုရီ လန့်သွားပြီး လင်းလောင် တောင်ထိပ်သခင်မကို ထူးဆန်းသော အမူအရာနှင့် ကြည့်ရင်း
"အရှေ့ပိုင်း ဒေသ ဝမ်ကျိုးက နတ်ဓားဂိုဏ်းလား"
နတ်ဓားဂိုဏ်းသည် တိမ်ဖြူ ဂိုဏ်းနှင့်
မတူညီပါ။ တိမ်ဖြူဂိုဏ်းသည် ချင်းကျိုးတွင် အားကောင်းသော တည်ရှိမှု တစ်ခု ဖြစ်သော်လည်း ၎င်းသည် အရှေ့ပိုင်း ဒေသ တစ်ခုလုံးနှင့် ယှဉ်သော် သာမန် ဖြစ်သည်။ တိမ်ဖြူဂိုဏ်းထက် အားကောင်းလွန်းလှသော ဂိုဏ်းများစွာနှင့် မြင့်မြတ်သော နေရာများစွာ ရှိလေသည်။
သို့သော်၊ နတ်ဓားဂိုဏ်းသည် အရှေ့ပိုင်း ဒေသ တစ်ခုလုံးတွင် မြင့်မြတ်ကုန်းမြေအဆင့် တည်ရှိသော ဂိုဏ်းကြီး ဖြစ်ပြီး အားကောင်းလှသော ဓားသမား အများအပြား ပေါ်ထွန်းရာ နေရာ ဖြစ်ပါသည်။
လင်းလောင် တောင်ထိပ် သခင်မသည် ဤကဲ့သို့သော ကောင်းကင်နှင့် မြေကြီးရတနာများကို နတ်ဓားဂိုဏ်းထံမှ ရရှိလိမ့်မည်ဟု လုရီ မျှော်လင့်မထားခဲ့ပေ။
လင်းလောင် တောင်ထိပ် သခင်မက သိပ်ရှင်းပြမနေဘဲ
"ဟုတ်တယ်၊ အဲ့ဒီနတ်ဓားဂိုဏ်းပဲ၊မင်းရဲ့ ချီသန့်စင်ခြင်း ဆယ့်သုံးလွှာ အခြေခံအုတ်မြစ်နဲ့ တွဲဖက်လိုက်ရင် ဒီဓားစိတ်ဆန္ဒမြက်က ဓားတာအိုမှာ တုနှိုင်းမရတဲ့ အခြေခံအုတ်မြစ်ကို သွန်းလောင်းဖို့ လုံလောက်တယ်.. မင်းရဲ့ဓားတာအို ရှေ့ဆက်ရမယ့် လမ်းက အရမ်း ချောမွေ့သွားမှာ"
ထိုအခါ..လုရီ ရင်ထဲ၌ တစ်ချက်လှုပ်ခါသွားပြီး ဓားစိတ်ဆန္ဒမြက်ကို ယူကာ
"ကျေးဇူးတင်ပါတယ် ဆရာ" ဟု
ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
လင်းလောင် တောင်ထိပ် သခင်မက
ယွီလန်းဝိုင်ကိုသာ တစ်ငုံ သောက်လိုက်ပြီး ဘာမှ မထူးခြားသလို ရယ်မောရင်း
"မင်းက ငါ့တပည့်မို့ ငါ မင်းကို ကောင်းကောင်း ဂရုစိုက်ရမှာပေါ့ ...ကျင့်ကြံခြင်း နည်းစနစ်မှာတော့"
လင်းလောင် တောင်ထိပ် သခင်မသည်
တခဏမျှ တုံ့ဆိုင်းသွားပြီး
"ငါ့မှာ မင်းအတွက် သင့်တော်တဲ့ ကျင့်ကြံခြင်း နည်းစနစ် နှစ်ခု ရှိတယ်၊ မင်းကိုယ်တိုင် ရွေးချယ်လို့ ရတယ်" ဟု ဆက်ပြောလိုက်သည်။
လုရီ အံ့အားသင့်သွားသည်။
"နှစ်ခုလား ဆရာ..."
လင်းလောင် တောင်ထိပ် သခင်မက ညင်သာစွာ ခေါင်းညိတ်ပြပြီး
"အင်း။ တစ်ခုက 'ပိုင်လျိုဓားစွမ်းရည်'လို့ ခေါ်တယ်၊ ဒါက ဟင်းလင်းပြင်ဥမင် နယ်ပယ်အထိ ကျင့်ကြံနိုင်တဲ့ ကျင့်ကြံခြင်း နည်းစနစ်ပဲ။ တိုးတက်စည်ပင်တုန်းက အဓိက သိုင်းနည်းစနစ် ဖြစ်ခဲ့ဖူးပေမယ့် အခုအချိန်မှာ 'ပိုင်လျိုဓားစွမ်းရည်'က
ချင်းကျိုးရဲ့ ပိုင်လျို ဓားဂိုဏ်းမှာ ကျဆင်းသွားတယ်၊ ဒါပေမယ့် လုံးဝ အားမနည်းဘူး၊ နောက်တစ်ခုကတော့ ငါ ရှေးဟောင်းအပျက်အစီး နယ်မြေ တစ်ခုကို သွားတော့ ကံကောင်းစွာ ရခဲ့တဲ့ မသေမျိုးသိုင်းပဲ၊
မသေမျိုးဓားကျမ်းလို့ ခေါ်တယ်။
ကံမကောင်းစွာနဲ့ ဒါက အခြေတည် ဝိဉာဉ် နယ်ပယ်အထိသာ အပြည့်အစုံ ပါပြီး နောက်ပိုင်း နယ်ပယ်တွေက အပြည့်အစုံမရှိနေတော့ဘူး၊ အဓိကအချက်က မသေမျိုးဓားကျမ်းက ကျင့်ကြံထားတဲ့ မသေမျိုးဓားချီဟာ အရမ်း ပြင်းထန်တယ်၊ အခြေတည် ဝိဉာဉ် နယ်ပယ် ကျော်လွန်ပြီးလို့ အခြားသော ကျင့်ကြံခြင်း နည်းစနစ် ပြောင်းချင်ရင် မင်းအနေနဲ့ အရမ်းကို အစွမ်းထက်တဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ပြောင်းရမယ်"
လင်းလောင် တောင်ထိပ် သခင်မ
မိတ်ဆက်ပြီးသည့်အခါ လုရီကို ကြည့်ပြီး
"ဓားတာအို လမ်းကြောင်းက မင်း ရွေးရမှာပဲလေ။ မင်းရဲ့ဆရာ ငါက မင်းကို ထောက်ပံ့ ပေးဖို့ပဲ လုပ်နိုင်တာ၊ ရွေးချယ်ဖို့က မင်းအပေါ်မှာ မူတည်တယ်"
လုရီသည် ထိုစကားကို ကြားသောအခါ
တခဏမျှ တုံ့ဆိုင်းသွားသည်။
စွမ်းအားအရ၊ မသေမျိုး ဓားကျမ်းသည်
မသေမျိုး အမွေအနှစ် ဖြစ်သောကြောင့် သံသဖြစ်ဖွယ် မရှိအောင် အစွမ်းထက်လှသော်လည်း ၎င်းက အခြေတည်ဝိညာဉ် နယ်ပယ်အထိသာ ကျင့်ကြံနိုင်မည် ဖြစ်သည်။
အကယ်၍ သူသည် သိုင်း နည်းစနစ်၏ နောက်ဆက်တွဲ သို့မဟုတ် ကျင့်ကြံရန်အတွက် အလားတူ အဆင့်၏ အခြားသိုင်းနည်းစနစ်ကို ရှာမတွေ့ပါက၊ နောက်ပိုင်းတွင် လမ်းကြောင်းပြောင်းရန် ခက်ခဲလိမ့်မည်။
တစ်ဖက်တွင်မူ ပိုင်လျိုဓားစွမ်းရည်သည် သူ့အား ဟင်းလင်းပြင် ဥမင်နယ်ပယ်အထိ ချောမွေ့စွာ ကျင့်ကြံနိုင်စေရန် ပို၍ ရိုးရှင်းပါသည်။ ထို့အပြင် နောက်ပိုင်းတွင် ကျင့်ကြံနည်းစနစ် ပြောင်းချင်လျှင်တောင်မှ ပိုလွယ်ကူမည် ဖြစ်သည်။
သေချာ စဉ်းစားပြီးနောက် လုရီသည် သူလက်ခံခဲ့သော အလုပ်အတွက် အမြင့်ဆုံးဆုမှာ စီနီယာ အစ်မ လျိုနင်ရွှမ်း၏ အလုပ်တုန်းက ဟင်းလင်းပြင် ဥမင်နယ်ပယ်
နည်းပညာ ဖြစ်ကြောင်း သတိရမိသည်။
ချီသန့်စင်နယ်ပယ်မှာတောင် ဤအဆင့်၏ ကျင့်ကြံခြင်းနည်းစနစ်တွေကို ရရှိနိုင်သည့်အတွက် အခြေတည်ဝိဉာဉ် နယ်ပယ်ကိုရောက်သောအခါ၌ အဆင့်မြင့်သည့် သိုင်း နည်းစနစ်တွေ ရရှိဖို့ မျှော်လင့်နိုင်သည်။ မသေမျိုး သိုင်း နည်းစနစ်များ
ရဖို့ကပင် မဖြစ်နိုင်တာ မဟုတ်ပေ။
ထို့အပြင် ထျန်းမင် တိုက်ကြီးတွင် မသေမျိုးပုဂ္ဂိုလ်များ ထွန်းပေါက်လာသည့် မသေမျိုးဂိုဏ်းများနှင့် မြင့်မြတ် နယ်မြေများစွာ ရှိသည်။
၎င်းတို့တွင် မသေမျိုး သိုင်း နည်းစနစ်များ လက်ဆင့်ကမ်းခဲ့ကြသည်ဟုလည်း ယူဆနိုင်သည်။ ကျန်တာတွေ အဆင်မပြေလျှင် သူလုရီသည် ၎င်းမသေမျိုး သိုင်း နည်းစနစ်တို့ကို လိုက်ရှာနိုင်လေသည်။
ရွှေလက်ချောင်း စနစ် ရှိခြင်းကြောင့် အပြင်းထန်ဆုံး သိုင်းနည်းစနစ်ကို
မကျင့်ကြံလျှင် နှိမ့်ချရာ ကျလိမ့်မည်။
နောက်ဆုံးတော့ လုရီသည် စိတ်ပိုင်းဖြတ်လိုက်ပြီး ရွေးလိုက်သည်။
" ဆရာ..ကျွန်တော့်ကို 'မသေမျိုးဓားကျမ်း ပေးပါ"
ထိုအခါ လင်းလောင် တောင်ထိပ်သခင်မက မျက်ခုံးပင့်လိုက်ပြီး
"အတော်လေး ရည်မှန်းချက်ကြီးပါလား၊ ကောင်းပြီလေ၊ နောက်မှ ဒီသိုင်း နည်းစနစ်ရဲ့ နောက်ဆက်တွဲကို မင်းရှာမတွေ့ရင် ငါ မင်းကို တစ်ခုခု အဖြေရှာနိုင်ဖို့ ကူညီပေးမယ်"
သူမ၏ စကားကို လုရီက ခေါင်းညိတ်ကာ နာခံလိုက်သည်။
"ကျေးဇူးတင်ပါတယ် ..,ဆရာ"
လင်းလောင် တောင်ထိပ်သခင်မသည် နှစ်ပေါင်းများစွာကြာအောင် ထိန်းသိမ်းခဲ့ပုံ ပေါ်သော ဝါကျင့်ကျင့် အရောင်ဖြစ်နေသည့် စာအုပ်ဟောင်း တစ်အုပ်ကို ထုတ်ယူပြီး လုရီအား ပေးလိုက်သည်။
၎င်းစာအုပ်ကို သားရေနှင့်
ဖန်တီးထားသည်။
"ဒါက မသေမျိုးဓားကျမ်းပဲ၊ ယူသွား"
အားပါးပါး။ သားရေ စာအုပ်သည် ပေါင်တစ်ထောင်အလေးချိန်လို အလွန်လေးလံလှသည်။
သူ အတော် လန့်သွားသည်။
ဒါကို ဖန်တီးဖို့ မည်သည့် အကောင်၏ အရေခွံကို ဖန်တီးဖို့ အသုံးပြုခဲ့လဲ
မစဉ်းစားတတ်ပါချေ။ သူ၏ သန်မာသည့် ကိုယ်လုံးကိုယ်ပေါက်ကြောင့် သာမန် ချီသန့်စင် နယ်ပယ် ကျင့်ကြံသူတွေနှင့်မတူဘဲ စာအုပ်ကို ရုန်းကန်ခြင်း မရှိဘဲ
ကိုင်ထားနိုင်ခဲ့သည်။
ဖွင့်ကြည့်လိုက်တော့ သားရေ စာအုပ်၏ အပိုင်း တော်တော်များများကို ထက်ရှသော
ဓားစိတ်ဆန္ဒဖြင့် လှီးဖြတ်လိုက်သလိုမျိုး ခုတ်ထစ်ထားတာကို တွေ့လိုက်ရသည်။
နှစ်ကာလများစွာ ကြာပြီးနောက်မှာပင်
ဓားစိတ်ဆန္ဒ အမျှင်တွေ ကျန်ရစ်နေတုန်းပါပဲ။
လုရီ၏ ကိုယ်ပိုင် ဓားစိတ်ဆန္ဒမှာ သုံးဆယ်ရာခိုင်နှုန်းနီးပါး ရှိသောကြောင့်သာ သူသည် ဒဏ်ရာ မရရှိခဲ့ပေ။
အခြေတည် ဝိညာဉ် မတိုင်မီ နယ်ပယ်များအထိသာ ပထမ စာမျက်နှာအနည်းငယ်သာ အကောင်းပကတိ ရှိနေသည်။
လုရီသည် သိုင်းကျမ်းကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ပြန်သွားမှ အသေးစိတ် လေ့လာရမည်။
လင်းလောင် တောင်ထိပ်သခင်မက သမ်း ဝေလိုက်ကာ ကိုယ်လက်အညောင်း ဆန့်တန်းပြီး လုရီအား ပြောလာသည်။
"ကောင်းပြီ မင်း ပြန်ပြီး ကျင့်ကြံနိုင်ပြီ"
ဒါကိုကြားတော့ လုရီက
"ဆရာ..ကျွန်တော် ဆရာ့ရဲ့ဝါးအိမ်ကို သန့်ရှင်းရေး လုပ်ပေးရမယ်လေ" ဟု ခပ်မြန်မြန်ပြောလိုက်သည်။
လင်းလောင် တောင်ထိပ်သခင်မက အံ့အားသင့်သွားပြီး ကျေနပ်စွာ ပြုံးကာ
ချီးကျူးသည်။
"မဆိုးပါဘူး၊ ဆရာအပေါ် သိတတ်မှုရှိသားပဲ ၊ဒါဆိုလည်း ငါ့အတွက် သွားရှင်း ပေးပါ"
လုရီက ရွှင်မြူးစွာ သန့်ရှင်းရေးလုပ်လေတော့သည်။
ဒီလို အလုပ်မျိုး တစ်ခါမှ မလုပ်ဖူးပေမယ့်၊ သူက ကျင့်ကြံသူဖြစ်ပြီး ဖုန်မှုန့်ဖယ်ရှားနည်းက သူသိထားသည့် အခြေခံသိုင်း
တစ်ခုပါ။ ခဏကြာတော့ ဝါးအိမ်ကြီးတစ်ခုလုံး ပြောင်လက်တောက်ပလာသည် ။
အခန်းများစွာကို သန့်ရှင်းရေး လုပ်လိုက်ပြီးနောက် ကျန်သည့်အရာကတော့ လင်းလောင် တောင်ထိပ်သခင်မ၏အိပ်ခန်းဖြစ်သည်။
လုရီသည် လင်းလောင် တောင်ထိပ်သခင်မကို တစ်ချက် ကြည့်လိုက်ပြီး
"ဆရာ၊ ဆရာ့အခန်းကို သန့်ရှင်းရေး လုပ်စေချင်ပါသလား" ဟု မေးလိုက်သည်။
လင်းလောင် တောင်ထိပ်သခင်မသည်
နေပူဆာလှုံသော ပက်လက်ထိုင်ခုံရှည်ကြီးပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး ကျေနပ်သောအမူအရာဖြင့် ဝိုင်သောက်နေသည်။ သူမက ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါးဖြင့် သဘောတူသည်။
"အင်း၊ ရှင်းလိုက်"
လုရီ ခေါင်းညိတ်ပြပြီး အခန်းကိုဖွင့်ကာ အထဲကို ၀င်သွားသည်။ ထို့နောက် သူ တွေ့လိုက်ရသည်က ကုတင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ၀တ်ထားသော အတွင်းခံ အစုံများစွာပင်။
လုရီ: "???"
သူသည် တံခါးဝတွင် ရုပ်တုလို တောင့်တင်းစွာ ရပ်နေကာ အနည်းငယ် အံ့ဩသွားသည်။
ငါ ဘာတွေကို မြင်လိုက်ရပါလိမ့်။
-----------------
အခန်း၁၀၄- ကောင်းကင်ဘုံဒုက္ခကို နှိုးဆော်နေတဲ့ ပြိုင်ဘက်ကင်း မသေမျိုး ပါရမီရှင်...
~ ထိုအချိန်တွင်ပင် လင်းလောင်တောင်ထိပ်သခင်မသည် တစ်ခုခုကို တွေးမိသွားပုံရသည်။ သူမမျက်နှာက ပြောင်းလဲသွားပြီး နောက်အခိုက်အတန့်မှာ လုရီနောက်က ဘွားခနဲ ပေါ်လာပြီး လုရီကို ကုပ်ကနေ ဆွဲပြီး ပစ်လိုက်သည်။
လုရီသည် သူ့ကိုယ်သူ တိမ်တွေပေါ်မှာ လွင့်နေသလို ခံစားလိုက်ရကာ ဝါးအိမ်ထဲက ဆွဲလွှင့်ခံလိုက်ရသည်။
လင်းလောင်တောင်ထိပ် သခင်မ၏ တိုးလျသော အသံ ထွက်ပေါ်လာသည်။
" ဒီအကြောင်း သူများတွေကို လျှောက်ပြောပြရင် ငါ နင့်ကို သတ်ပစ်မယ်!"
လုရီသည် လူသတ်ရန် ရည်ရွယ်ချက် အရိပ်အမြွက်ကို ခံစားလိုက်ရစဉ် ချက်ချင်းပင် အပြစ်ကင်းသော မျက်နှာလေး ဖြစ်သွားကာ လည်ချောင်း တစ်ချက် ရှင်းထုတ်လိုက်ပြီး မှင်သေသေပြောသည်။
"ဆရာ.. ဘာပြောတာလဲ၊ တပည့် ဘာမှ
မတွေ့ပါဘူး"
ဝါးအိမ်တံခါးသည် ပိတ်ထားကာ ဘာ
တုန့်ပြန်မှုမှ မရှိချေ။
လုရီ အလုပ်အား တစ်ချက်ကြည့်လိုက်ပြီး စိတ်သက်သာရာ ရသွားရသည်။ ကံကောင်းစွာဖြင့်၊ အလုပ်ပြီးသွားသည်ပင်။ မဟုတ်လျှင် ဒါဟာ အလဟသ အားထုတ်မှု ဖြစ်လိမ့်မည်။
ဂူစံအိမ်သို့ ပြန်ရောက်သောအခါ လုရီသည် သူ၏ ဆုလာဘ်ကို ရိတ်သိမ်းနေစဉ်
သူ့မျက်နှာသည် အံ့အားသင့်သော အရိပ်အမြွက်ကလေး တောက်ပလာသည်။
ဆုလာဘ်က အသွင်ပြောင်းစနစ်တဲ့လား။
အသွင်ပြောင်းစနစ်ဆိုသည်က ဝိညာဉ်စွမ်းအားကို အသုံးပြု၍ လူ၏ အသားအရေကို ထိန်းချုပ်ခြင်းဖြင့်
လူတစ်ဦး၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်သည်။
လေးလေးနက်နက် ကျင့်ကြံခြင်းဖြင့်၊ သိသိသာသာ ပြောင်းလဲခြင်းများပင်
ဖြစ်ပေါ်နိုင်သည်။ ဥပမာ..ယောက်ျားတစ်ဦးကို မိန်းမအဖြစ်သို့ အသွင် ပြောင်းလဲခြင်း၊ မိန်းမတစ်ဦးကို ယောက်ျားတစ်ဦးအဖြစ်သို့ အသွင် ပြောင်းလဲခြင်းအဖြစ်။
သို့သော် အခြားသတ္တဝါများအဖြစ်သို့
အသွင် မပြောင်းလဲနိုင်တာက နှမြောဖို့ ကောင်းသည်ဟု လုရီ စိတ်ထဲ ခံစားခဲ့ရသည်။
မဟာပညာရှိ၏ ကောင်းကင်ဘုံ ခုနစ်ဆယ့်နှစ်ကွက် အသွင်ပြောင်းညီမျှချက်အကြောင်း စိတ်ကူးယဉ်ခြင်းသည်
မော်ဒန်ခေတ် သူ့ငယ်စဉ်ကလေးဘဝက အိပ်မက်တစ်ခု ဖြစ်သော်လည်း ယခုအသွင်ပြောင်းပညာကတော့ စိတ်လှုပ်ရှားစရာသိပ်မကောင်း။
သို့တိုင်၊ အသွင်ပြောင်းစနစ်၏ အလွန်အသုံးဝင်သော အခိုက်အတန့်များလည်း ရှိဦးမည်။
သူ့အနာဂတ် ကျင့်ကြံမှု အစီအစဉ်တွင် အသွင်ပြောင်းပညာကိုလည်း ထည့်လိုက်သည်။
သို့သော် ယခုအချိန်တွင် သူ့အလုပ်က
အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ ဖြတ်ကျော်ရန် ဖြစ်သည်။
လုရီ သူ့ကိုယ်သူ ကြုံးဝါးလိုက်သည်။
"ငါ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်မြေကို အဆင့်ချိုးဖျက်နိုင်ရမယ်"
[အလုပ်]
အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ အဆင့်ချိုးဖျက်ပါ။
ဆုကြေး- အလယ်အလတ် အဆင့်ရတနာ..နက်နဲ နေမင်းဓား၊
အဆင့်နိမ့် ရတနာ..ရေခဲပိုးဖိနပ်များ၊
သတ်မှတ်ထားသော စွမ်းရည်အဆင့် +၁၊
ဉာဏ်အလင်း လက်ဖက်ခြောက် ၃ ရွက် ။
ဆုလက်ဆောင်များ စုဆောင်းပါ- လက်ခံမည်လား/ငြင်းမည်လား။
အားပါးပါး။ ဆုကြေးတွေက ရက်ရောလှပါလား။
အလုပ်ကို ကြည့်လိုက်ရင်း လုရီ ထိတ်လန့်သွားသည် ။
ရတနာတွေသာမကဘူး.. စွမ်းရည် အဆင့်ရော အဆင့်မြှင့်တင်ပေးဦးမယ်..
ပြီးတော့ ဉာဏ်အလင်းလက်ဖက်ခြောက် သုံးရွက်ကောဟ။
အံ့ဩစရာ!
လုရီ ရုတ်တရက် ပို၍ပင် စိတ်အားထက်သန်လာကာ အဆင့်ချိုးဖျက်နိုင်ရန် စတင် ကြိုးပမ်းတော့သည်။
သူသည် နှစ်တစ်ထောင်ဝိညာဉ်နှင်းစက်ကို စားသုံးပြီး ထူးကဲ အဆင့်ရှိ တိမ်ဖြူချီသန့်စင် ပညာ၏ သက်ရောက်မှုဖြင့်
၎င်းကို အသန့်စင်ဆုံး ဝိညာဉ်စွမ်းအား ဖြစ်အောင် ပြောင်းလဲလိုက်ပါသည်။
ဝိညာဉ်စွမ်းအားများ ပေါက်ကွဲကာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်းနယ်ပယ်၏ အဟန့်အတားဆီသို့ တိုးဝင်သွားခဲ့သည်။
ဝုန်း!!
ဝုန်းခနဲ မြည်ဟည်းသံ တစ်ခု ထွက်ပေါ်လာသည်၊
တာအိုနှင့် ကျိုးကြောင်းဆီလျော်မှုတို့ ရောယှက်နေသော အဟန့်အတားသည်
မရွေ့လျားနိုင်တော့ဘဲ တာအိုပုံစံများတစ်ခုနှင့်တစ်ခုရစ်သိုင်းကာ မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်နေသည်။
လုရီ နားမလည်နိုင်စွာ ကြည့်ရင်း
၎င်းအတွင်း၌ နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှုကိုသာ ခံစားလိုက်ရသည်။
ပြသနာမရှိ၊ ဆက်ပြီး ဖိနှိပ်ရမည်။
လုရသည် အချိန်တွေ အကြာကြီးပင်
နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်များအား ခေတ္တပင် ရပ်ခြင်းမရှိဘဲ အကြိမ်ကြိမ်အခါခါ သုံးစွဲခဲ့သည်။
အချိန်တွေ ကုန်လွန်သွားပြန်လေပြီ။ သူသည် အဟန့်အတားကို တစ်လပြည့်အောင် တိုက်ခိုက်ခဲ့ပြီး ကျန်အချိန်တွေကို ရံဖန်ရံခါသာ အနားယူဖို့ သုံးလေသည်။
နောက်ထပ် ချေမှုန်းမှုတစ်ခု။
ဝုန်း!!
ကျီ...
ပြတ်သားသော အသံ အနည်းငယ်ထွက်ပေါ်လာပြီး ရစ်သိုင်းနေသော တာအို ပုံစံများမှာ တဖျတ်ဖျတ် တောက်ပနေသည်။လျှို့ဝှက်ဆန်းကြယ်သော အံ့သြဖွယ်ရာများ ထွက်ပေါ်လာသည်ကို လုရီ ခံစားလိုက်ရသည်။
သူ၏ စိတ်ဝိညာဉ်သည် ပျောက်ကွယ်သွားပြီး အရာအားလုံးနှင့် ရောယှက်လျက် ကောင်းကင်နှင့် မြေကြီးဖြင့် ပေါင်းစည်းသွားသည်။
ပကတိလည်ပတ်မှု၊ သေခြင်းရှင်ခြင်းစက်ဝိုင်းကို ဆင်ခြင်မိပြီး လုရီသည် ယင်း၌ နှစ်မြှုပ်တော့မည်။
ထိုအချိန်တွင် လုရီသည် သူ၏ ဉာဏ်ပညာကို အတင်းအကြပ် စုစည်းခဲ့သည်။
နယ်ပယ်ကြီးတစ်ခု အဆင့်ချိုးဖျက်ဖို့က နီးနေပြီဖြစ်ပြီး၊ အခု သူလိုအပ်ဆုံးအရာကတော့ အခိုင်မာဆုံးအခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ပါပဲ။
တုံ့ဆိုင်းမနေဘဲ တာအိုစွမ်းအားမျှင်ကို ချက်ချင်းထုတ်ကာ သိပ်သည်းသော
တာအိုစွမ်းအားထုကို အမြန်စုပ်ယူလိုက်သည်။
တာအိုစွမ်းအားများ ဝင်ရောက်လာသည်နှင့်အမျှ ၎င်းသည် လုရီ၏ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ကာ ကောင်းကင်နှင့်မြေကြီးကြားရှိ ရှေးအကျဆုံး စွမ်းအင်အဖြစ် တစ်မဟုတ်ချင်း ပြောင်းလဲသွားသည်။
ဝိညာဉ်စွမ်းအားနှင့် နှိုင်းယှဉ်လျှင် အလွန်မြင့်မား၍ ရှေးကျသော ဤစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းချိန်မှစ၍ လက်ရှိ အချိန်အထိ တည်ရှိနေပုံ
ရသည်။
တာအိုစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသည်နှင့်အမျှ ကွဲအက်နေသော ကြယ်များ၏ ပုံရိပ်များနှင့် လောက၏ ဖြစ်တည်ခြင်းနှင့် ပျက်စီးခြင်းတို့သည် လုရီ၏ စိတ်ထဲတွင် ပြယုဂ်တစ်ခု ဖြစ်ပေါ်လာသည်။ အရာခပ်သိမ်း၏ မွေးဖွားလာခြင်းနှင့် နောက်ဆုံးတွင် မျိုးသုဉ်းခြင်းသို့ ရောက်ရှိသွားသည့် ပုံရိပ် စက်ဝိုင်း တစ်ခုအသွင်ပင်။
လုရီသည် အရာခပ်သိမ်း၏ ရှေးအကျဆုံးနှင့် မူရင်း စည်းချက်များကို အာရုံခံစားရင်း တာအိုတွင် နှစ်မြှုပ်လိုက်သည်။
ဖရိုဖရဲ ဖြစ်ရပ်က ကွဲကြေသွားပြီး တာအိုသည် စတင်ခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားက သူ့အလိုလို လည်ပတ်သွားပြီး အဟန့်အတားကို ဆက်တိုက် တိုက်ခိုက်နေသည်။ တာအိုစွမ်းအား၏ ပေါင်းစပ်မှုနှင့်အတူ လုရီ၏ ဝိညာဉ်စွမ်းအားသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလိုပင် ရစ်သိုင်းနေသော တာအို ပုံစံများကို ဖြတ်ကျော်သွားသည်။ တစ်ခဏချင်းတွင်၊ လုရီ ၏ အရှိန်အဝါများ လျင်မြန်စွာ တိုးလာကာ သူ့ကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများသည် ဖြည်းညှင်းစွာ လည်ပတ်သွားပြီး ဗဟိုဧရိယာဆီသို့ အာရုံစိုက်လာသည်။
မူလ သန့်စင်သော ဝိညာဉ်စွမ်းအားများသည် ဖြူစင်သော အဖြူရောင်များကြားတွင် ရောင်စဉ်တန်းများ ရောယှက်၍
တဖျတ်ဖျတ် တောက်ပလာသည်။
လုရီသည် ချီသန့်စင်နယ်ပယ်မှ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ စတင် ကူးပြောင်းနေသည်။
သူသည် နောက်ထပ် တာအိုစွမ်းအားမျှင်ကို အမြန် ထုတ်ယူလိုက်သည်။
တာအိုစွမ်းအားများ အမျှင်များ တစ်ခုပြီးတစ်ခု လုရီ၏ ခန္ဓာထဲသို့ ဖြည်းညှင်းစွာ ပေါင်းစည်းသွားသည်။ သူ့အသိစိတ်ပင်လယ် အတွင်းတွင် တာအို လှိုင်းသံများ ကျယ်လောင်လာသည်။ သူ၏ဝိညာဉ်စွမ်းအားများသည် ရောင်စုံတောက်ပသောအသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
တာအိုစွမ်းအား တစ်မျှင်၊ နှစ်မျှင်၊
သုံးမျှင်...။
လုရီက တာအိုစွမ်းအား ရှစ်ခုကို လုံး၀
စုပ်ယူလိုက်သောအခါ၊ သူ့ကိုယ်၌ ဖြစ်ပေါ်လာသော ဝိညာဉ်စွမ်းအား၏ လေပွေငယ်သည် ရောင်စုံ တောက်ပနေကာ ဖြည်းညှင်းစွာနှင့် ခိုင်မြဲစွာ လှည့်ပတ်နေပါသည်။
ထိုအချိန်တွင် လုရီ၏ အရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီးကြားတွင် မတည်ရှိနေသကဲ့သို့ ကောင်းကင်နှင့် မြေကြီးနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားပုံ ရပြီး၊
ရောင်စဥ်တန်းများဖြင့် အပြင်သို့ ဖြာထွက်နေကာ မသေမျိုးသဖွယ် လွင့်ပျံနေသည်။
ခဏကြာသောအခါ၊ သူ့ကိုယ်တဝိုက်ရှိ ရောင်စုံအလင်းသည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ သူ့အတွင်း၌ ဝိညာဉ်စွမ်းအား လေပွေငယ်သည် တဖြေးဖြေးနှင့် ၎င်း၏ မူလ နို့နှစ်ရောင်သို့ ပြန်လည်ရောက်ရှိသွား၏။ တာအိုသည် စစ်မှန်သော
အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ အရာအားလုံးသည် ရိုးစင်းမှုသို့ ပြန်သွားသည်။
လုရီ ခဏလောက်စဉ်းစားပြီး ဓားစိတ်ဆန္ဒမြက်ကို ထုတ်ပြီး စားလိုက်သည်။
ပြင်းထန်သောဓားစိတ်ဆန္ဒသည် ကိုယ်ခန္ဓာတစ်လျှောက် တိုးဝင်သွားပြီး နောက်ဆုံးတွင် သူ့အတွင်းပိုင်းဝိညာဉ်စွမ်းအား လေပွေထဲသို့ ဖြည်းညှင်းစွာပေါင်းစပ်သွားသည်။
သို့သော်၊ ဤကြွယ်ဝသော
ဓားစိတ်ဆန္ဒသည် လုရီ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအား လေပွေထဲသို့ ဝင်ရောက်သွားစဉ် ရုန်းကန်မှု လုံးဝ မဖြစ်စေဘဲ လုံးဝ တိတ်ဆိတ်နေခဲ့သည်။
လုရီက ငြိမ်သက်နေပြီး ထိုအခြေအနေအတွက် လုံးဝ မအံ့သြပေ။
စင်စစ် ဆိုရလျှင် သူ၏ အခြေခံသည်
တာအိုစွမ်းအား၏ စုစုပေါင်းရှစ်မျှင်ကို အသုံးပြု၍ တည်ဆောက်ထားသောကြောင့် ဓားစိတ်ဆန္ဒမြက်သည် တူညီသောအဆင့်တွင် မရှိသဖြင့် အနှောင့်အယှက်များစွာ မဖြစ်စေခြင်းပါ။
လုရီသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ခပ်ရေးရေးလေး ပြုံးလိုက်သည်။
---------------
အခန်း ၁၀၅-ကောင်းကင်ဘုံဒုက္ခကို နှိုးဆော်နေတဲ့ ပြိုင်ဘက်ကင်း မသေမျိုး ပါရမီရှင်...
~သူသည် အဆင့်ချိုးဖျက်ပြီး ယခုအခါ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်တွင် ရှိနေသည်။
ထိုအချိန်တွင် လုရီ ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရပြီး သူ့အမူအရာ ပြောင်းသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားပြီး ဂူအိမ်အပြင်ဘက်တွင် ပြန်ပေါ်လာသည်။
ကောင်းကင်ကို မော့ကြည့်လိုက်တော့ ခရမ်းရောင်မိုးကြိုး အရိပ်အယောင်များပါရှိသော တိမ်မည်းများ ထွက်ပေါ်လာကာ သည်။ လုရီသည် ၎င်းတို့ထံမှ ပျံ့နှံ့နေသော ကြီးကျယ်ခမ်းနားသော စွမ်းအားကို ရှာတွေ့ခဲ့သည်။
လုရီ၏ မျက်နှာသည် ချက်ချင်းပင် တင်းမာသွားသည်။
ဟမ်.. ဒါက ... ကောင်းကင်ဘုံဒုက္ခလား။
ယေဘူယျအားဖြင့် ပြောရရင်၊ အခြေတည်ဝိညာဥ် နယ်ပယ်ကို မချိုးဖျက်နိုင်ခင်အထိကောင်းကင်ဘုံ ဒုက္ခ မရှိနိုင်ဘူး မဟုတ်လာား။
ဒါပေမယ့် အခု ဒါက ဘယ်လို ဖြစ်ရတာလဲ။
ဤကောင်းကင်ဘုံဒုက္ခကြီးက သူ့ကို ပစ်မှတ်ထားနေကြောင်း လုရိီရှင်းရှင်းလင်းလင်း ခံစားနိုင်သော်လည်း
သူက ချီသန့်စင် နယ်ပယ်မှာပဲ ရှိသေးသည်လေ။ အဘယ်ကြောင့် ကောင်းကင်ဘုံဒုက္ခကြီး ဖြစ်တည်လာရသနည်း။
ဒါက လုံးဝ မထင်မှတ်ထားစရာကြီးပင်။ လုရီ ခေါင်းနပမ်းကြီးလာသည်။
ထိုမိုးကြိုးတိမ်များက လင်းလော်တောင်ထိပ်တစ်ခုလုံးနှင့် တိမ်ဖြူဂိုဏ်းတစ်ခုလုံးကိုပင် လှုပ်နှိုးလိုက်ကြသည်။
ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်သို့ ပျံလွှားရောက်ရှိလာကြသည်။ ရွှေအူတိုင် အကြီးအကဲများနှင့် အခြေတည် ဝိဉာဉ်နယ်ပယ်မှ အကြီးအကဲများသည် လေထဲတွင် သူတို့၏ ဝတ်ရုံများ တဖားဖား မျောလွင့်နေကာ စုဝေးလာနေသော တိမ်မည်းများကို မျှော်ကြည့်နေကြသည်။ အကြီးအကဲတို့၏ မျက်နှာ အမူအရာမှာ အနည်းငယ် စိတ်ဖိစီးနေသည်။
"အတွင်းစည်းဂိုဏ်းထဲမှာ ဘယ်ကောင် အဆင့် တက်နေတာလဲဟ။"
"လားရာကို ကြည့်ရတာ... ဒါ လင်းလောင်တောင်ထိပ်ပဲ၊ ဒိီလူအိုကြီးတွေ အကုန်လုံး က အခြေတည် ဝိဉာဉ်ကျင့်စဉ်မှာ မဟုတ်ဘူးလား။ တစ်ယောက်ယောက် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို အဆင့်တက်နေတာများလား။ ဒါမှမဟုတ် အခြေတည်ဝိညာဉ်ကို အဆင့်တက်သွားတဲ့ တခြား ပါရမီရှင် တပည့် ရှိသလား"
"မဟုတ်ဘူး၊ အဲဒါ မမှန်ပါဘူး၊ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို အဆင့်တက်တဲ့ ကောင်းကင်ဘုံ ဒုက္ခနဲ့ မတူဘူး...ဒါ အခြေတည် ဝိဥာဉ်နယ်ပယ်အတွက် ကျရောက်တဲ့ကောင်းကင်ဘုံဒုက္ခလိုလည်း မဟုတ်နေဘူး။ ဘာများ ဖြစ်မလဲ၊ ငါလည်း မသိတော့ဘူး"
"..."
အကြီးအကဲများအားလုံး ပဟေဠိ ဖြစ်ခဲ့ကြပြီး ထက်ထက်သန်သန် ဆွေးနွေးခဲ့ကြသော်လည်း နေရာသို့ မချဉ်းကပ်ရဲကြပါ ။
ကောင်းကင်ဘုံဒုက္ခက သူတို့ကို လွှမ်းခြုံထားလျှင် ၎င်း၏ စွမ်းအားက ကြီးမားလာမှာ ဖြစ်ပြီး သူတို့သည် မသေဆုံးနိုင်ပေမယ့် ကျင့်ကြံခြင်းအလွှာတစ်ခု နိမ့်ကျသွားမှာ သေချာပါသည်။
ထိုအခိုက်အတန့်တွင် လင်းလောင် တောင်ထိပ်သခင်မ၏ တပည့်များနှင့် အကြီးအကဲများသည်လည်း စကားမဆိုနိုင်အောင် မှင်သက်နေကြသည်။
ထိုတပည့်များနှင့် အကြီးအကဲများသည်
ဘာဖြစ်တာလဲဟု စူးစမ်းရန် သူတို့၏ ဂူစံအိမ်ကြီးများမှ အစုလိုက် အပြုံလိုက် ပြေးထွက်လာကြပြီး ကောင်းကင်၌ ကောင်းကင်ဘုံ ဒုက္ခကို မြင်သောအခါ အားလုံး ထုံကျဉ်သွားကြသည်။
" ဘယ်အကောင်လဲ?! ငါတို့တောင်ထိပ်မှာ ကောင်းကင်ဘုံ ဒုက္ခကို နှိုးဆော်နေတာ ဘယ်လူယုတ်မာလဲ။"
"ရှဲ့ထျန်းမင် လား? ဒါမှမဟုတ် ဝမ်ကျန်းယွီလား? ဘယ်ခွေးကောင်လဲ?"
"မင်းတို့တွေ စိတ်မမှန်တော့ဘူးလားကွ၊
အီးဟီးး..ငါ အန်ချင်လာပြီ"
"ဖယ်စမ်း။ ဟေ့ကောင်၊ ဝေးဝေးပြေးလေကွာ၊ ကောင်းကင်ဘုံဒုက္ခနဲ့ တွေ့လို့ ကွိသွားမယ်"
တပည့်များသည် ဘေးဒဏ်မှ လွတ်လမ်းရှာရန်အလို့ငှာ လင်းလောင် တောင်ထိပ်အား စွန့်ခွာကာ လေပေါ် သို့ အသီးသီး ခုန်တက်သွားကြသည်။
အကြီးအကဲများလည်း ကောင်းကင်ဘုံဒုက္ခကို လည်ပင်း တဆန့်ဆန့် မျှော်ကြည့်ရင်း လင်းလောင် တောင်ထိပ်မှ
ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်။
"ဟမ့်၊ ဘယ်တပည့်က ဒီလောက် ရဲရင့်တာလဲ။ ဒီအဆင့်တက်တာ ပြီးရင်တော့
အဲ့တစ်ယောက်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်!"
တုန်ဝမ်လျန်သည် မျက်နှာ မကောင်းပေ။
"တောက်.. ငါ့ဆေးဥယျာဉ်ထဲက ဆေးပင်တွေက ရင့်မှည့်တော့မယ်။ ကောင်းကင်မိုးကြိုးကြောင့် မပျက်စီးပါစေနဲ့ ဆုတောင်းရမယ်။ ငါ့ ဆေးပင်တွေ ပျက်စီးလို့ကတော့အဲ့ဒီကောင်ကို ဆယ်ဆ ပြန်လျော်ခိုင်းရမယ်!"
ထိုသို့ ကြိမ်းနေသော ဗလတောင့်တောင့် လူတစ်ဦး၏ မျက်နှာသည် သုန်မှုန်ကာ စိုးရိမ်မှုအပြည့် ထင်ဟပ်နေသည်။
လင်းလောင်တောင်၏ ထိပ်တွင် အိပ်ပျော်နေသော လင်းလောင်တောင်ထိပ် သခင်မသည် ကောင်းကင်ဘုံဒုက္ခ၏ အရှိန်အဝါကြောင့် နိုးလာသည်။
သူမ မျက်လုံးများကိုဖွင့်ကာ အလွန်စိတ်ဆိုးသွားပြီး ဝါးအိမ်မှ ဆောင့်ဆောင့်အောင့်အောင့် ထွက်လာသည်။
"ငါ့ရဲ့ တောင်မှာ ဘယ်လူဆိုးက အဆင့်တက်နေတာလဲ၊ ငါ့ရဲ့ အေးချမ်းတဲ့ အိပ်စက်မှု လေးကို နှောင့်ယှက်နေတယ်။ နေဦး၊ ပြီးမှ အဲ့အကောင်ကို ဖမ်းချုပ်ထားဦးမယ်!"
ထိုအချိန်တွင်ပင် လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာသည် ပြောင်းလဲသွားကာ တစ်ခုခုလွဲမှားနေသည်ကို သူမ ရိပ်မိသွားသည်။
ရီဝေနေသော သူမ၏ မျက်လုံးများသည် အလေးအနက်ပင် ထိတ်လန့်တုန်လှုပ်သွားပြီး လုရီ၏ ဂူစံအိမ်ကြီး ဦးတည်ရာဆီသို့ လှမ်းကြည့်ကာ ရေရွတ်သည်။
"ဘာလဲ၊ ဒီကောင်စုတ်လေးဆီကလား။ ဘယ်လို ဖြစ်နိုင်မှာလဲ"
ထို့နောက် သူမသည် နဂိုနေရာမှ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် လုရီ အနားကို လျှပ်ပြက်သလို ရောက်ချလာတော့သည်။
တင်းမာသော အမူအရာဖြင့် ကောင်းကင်ပေါ်ရှိ ကောင်းကင်ဘုံဒုက္ခကို မျှော်ကြည့်နေသော လုရီကို သူမ မြင်လိုက်ရသည် ။
လင်းလောင်တောင်ထိပ် သခင်မ၏မျက်နှာလေးမှာ ရှုံ့မဲ့သွားပြီး
"ပြသနာကောင်လေး၊ မင်း ဘာလုပ်လိုက်တာလဲ၊ ကောင်းကင်ဘုံဒုက္ခကို မင်းဘယ်လို နှိုးဆော်လိုက်တာလဲ။"
ထိုအခါ လုရီက အပြစ်ကင်းစင်သည့် မျက်နှာလေးဖြင့် ဖြေရှင်းသည်။
"ဆရာ၊ ကျွန်တော် အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်မြေကို ဖြတ်သွားပြီးတော့ ရုတ်တရက်ကြီး ကောင်းကင်ဘုံ ဒုက္ခကို ခံစားခဲ့ရတယ်။ ကျွန်တော် ဘာလုပ်ရမလဲဗျ"
လုရီ အံ့ဩသွားသည်၊ သူသည် ကောင်းကင်ဘုံဒုက္ခအား တွေ့ကြုံရမည်ကို အမှန်တကယ် မမျှော်လင့်ထားပါ။
၎င်းအတွက် ကြိုတင်ပြင်ဆင်မှု လုံးဝ မရှိခဲ့ပါ။
လင်းလောင်တောင်ထိပ်သခင်မသည်
လုရီ၏ အပြစ်ကင်းစင်သော အသွင်အပြင်ကို အကဲခတ်ပြီး အလွန် အံ့ဩသွားသည်။
သူမက အသက်ပြင်းပြင်း ရှူပြီး တိုးတိုးလေးပြောသည်။
"မသေမျိုး စွမ်းရည်ရှိတဲ့သူတွေက ချီသန့်စင် နယ်ပယ်မှာ ကောင်းကင်ဘုံဒုက္ခကိုတောင် ဆွဲဆောင်နိုင်တယ်လို့ ရှေးခေတ်က ကောလဟာလတွေက ပြောကြတယ်"
သူမသည် သူမဘာသာသူမ တီးတိုး ပြောပြီးနောက် ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်ကာ
"ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်ဖို့ ပဲ အာရုံစိုက်၊ကျန်တာတွေအားလုံးအတွက် မင်းရဲ့ဆရာက မင်းအတွက် ကာကွယ်ပေးလိမ့်မယ်" ဟု ပြောလိုက်သည်။
ထိုအချိန်တွင်ပင်၊
"အစ်ကို။ စီနီယာ အစ်ကို။ မြန်မြန်ပြေး၊ ငါတို့တောင်မှာရှိတဲ့ လူယုတ်မာတစ်ကောင်က၊ ငါ သန်မာလာတဲ့အခါ အဲ့အကောင်စုတ်ကို သေအောင် ရိုက်ပစ်မယ်" ဟူသော ခပ်စွာစွာ အသံ တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သုန်းကုန်းမင်ယွဲ့ လေထဲမှ ဆင်းသက်လာသည်။
လုရီ၏ ထုံကျင်နေသော အမူအရာနှင့် လင်းလောင်တောင်ထိပ်သခင်မ၏ အံ့အားသင့်နေသော မျက်နှာကို မြင်လိုက်ရသောအခါ သုန်းကုန်းမင်ယွဲ့သည် သူမ၏ လမ်းကြောင်းတွင် ကြောင်အမ်းစွာ ရပ်သွားသည်။
သုန်းကုန်းမင်ယွဲ့သည် တောက်ပသော မျက်လုံးများကို ပုတ်ခတ်ရင်း လုရီကို အကဲခတ်လိုက်ပြီးနောက် လင်းလောင်တောင်ထိပ်သခင်မကို တစ်ဖန် ပြန်စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတွင် ကောင်းကင်တွင် မည်းမှောင်နေသော တိမ်တိုက်များကို မော့ကြည့်လိုက်ရာ
သုန်းကုန်းမင်ယွဲ့၏ မျက်နှာငယ်လေးသည် တဖြည်းဖြည်း သုန်မှုန်လာကာ
"... ဒီကောင်းကင်ဘုံဒုက္ခ.. ဒါက စီနီယာအစ်ကို နှိုးဆော်ခဲ့တာပဲလား။"
လုရီက မှင်သေသေပင် ခေါင်းညိတ်သည်။
"အမ်"
သုန်းကုန်းမင်ယွဲ့က ရှက်ရွံ့စွာ ရယ်လိုက်ပြီး
"ခစ်ခစ်..ငါတို့စီနီယာ အစ်ကိုက တကယ့်ကို အံ့သြစရာကောင်းတယ်။ နင့်ရဲ့ညီမလေး ငါက နင့်ကို အရမ်း လေးစားသွားပြီ!"
လုရီ "…"
စောစောလေးကပဲ ဒီသတ္တဝါက အဲ့အကောင်စုတ်ကို သေအောင် ရိုက်ပစ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား?
လင်းလောင်တောင်ထိပ်သခင်မက လုရီကိုကြည့်ပြီး
"ဒုက္ခကို ဖြတ်ကျော်ဖို့ ယုံကြည်မှုရှိလား" ဟု မေးသည်။
လုရီက ကောင်းကင်ကို မော့ကြည့်ကာ ခိုင်မာစွာ ခေါင်းညိတ်ပြသည်။
လင်းလောင်တောင်ထိပ်သခင်မက
အခင်းအကျင်းပြား တစ်ခုကို ထုတ်၍
လုရီအား
"အရေးကြီးတဲ့ အခိုက်အတန့်မှာ ဒါကို သုံး၊ပါ..အခြေတည် ဝိဥာဉ် တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိတယ်၊ မလိုအပ်ရင် လုံးဝ အသုံးမပြုနဲ့..,ကောင်းကင်မိုးကြိုးသည် ကျင့်ကြံသူရဲ့ ခွန်အားအတွက် အများကြီးအကျိုးရှိတယ်၊ မင်းရဲ့ ခန္ဓာကိုယ်ကို သန်မာစေဖို့ မိုးကြိုးကို ဆွဲဆောင်နိုင်တယ်..."
လုရီ ကြည်လင်စွာ ပြုံးလိုက်သည်။
ဆရာက တကယ့်ကို ဆရာပါပဲ...
အခြားသူများကို ငရဲဟု ယူဆထားသော ကောင်းကင်မိုးကြိုးသည် ခန္ဓာကိုယ် သန့်စင်ရန်အတွက် သူမ အသုံးပြုရန် သတ်မှတ်ထားသည့် အရာတစ်ခု ဖြစ် နေသည်။
လုရီ တွေးတောရင်း အခင်းအကျင်းပြားကိုယူကာ "နားလည်ပါတယ်" ဟု သူ့ဆရာအား ခေါင်းညိတ်ပြသည်။
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက
သုန်းကုန်းမင်ယွဲ့ကို သူမ၏ ကော်လာနောက်ကျောမှ နေ၍ ကြက်ကလေးလို ကောက်ကိုင်လိုက်ကာ
"သွားကြစို့။ မင်း အစ်ကို ကောင်းကင်ဘုံဒုက္ခ ခံယူနေတာကို မနှောင့်ယှက်နဲ့!"
စကားပြောနေစဉ်တွင် လင်းလောင်တောင်ထိပ်သခင်မသည် သုန်းကုန်းမင်ယွဲ့နှင့်အတူ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
လင်းလောင်တောင်ထိပ် အပြင်ဘက်မှာ၊ လင်းလောင်တောင်ထိပ်သခင်မနှင့်
သုန်းကုန်းမင်ယွဲ့ ပေါ်လာပြီး တိမ်ဖြူဂိုဏ်းရဲ့ ဩဇာရှိ လူများ တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ ပျံတက်လာကြသည်။
ခေါင်းဆောင်သည် ဥပဓိရုပ် ခန့်ညားသည့် လူလတ်ပိုင်း တစ်ယောက် ဖြစ်၏။
ထိုဥပဓိရုပ် ခန့်ညားသည့် လူက တိမ်ဖြူဂိုဏ်း၏ ခေါင်းဆောင် ဝူချင်းဖုန်း ဖြစ်သည်။ သူသည် လင်းလောင်တောင်ထိပ်သခင်မကို ကြည့်ကာ
မျက်မှောင်ကြုတ်ရင်း
"ညီမ လင်းလောင်၊ မင်းရဲ့တောင်ထွတ်မှာ ကောင်းကင်ဘုံ ဒုက္ခ ခံယူနေတာလား။ ဒါက ဂိုဏ်းစည်းမျဉ်းနဲ့ ဆန့်ကျင် နေတယ်"
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မ သမ်းဝေပြီး ဖြေသည်။
"ဒါက မတော်တဆမှုတစ်ခုပါပဲ။ ကောင်းကင်ဘုံ ဒုက္ခ ခံယူနေတဲ့ သူက လုရီပါ"
ဒါကို ကြားတော့ ဝူချင်းဖုန်းသာမက တခြားအကြီးအကဲတွေရော အဝေးကကြည့်နေကြသည့် တပည့်တွေပါမကျန် အံ့ဩသွားကြသည်။
ကောင်းကင်ယံ၌ လေထုသည် ရုတ်တရက် ငြိမ်ကျသွားပြီး အဝေးမှ တိမ်တိုက်များမှ မိုးခြိမ်းသံများသာ ပဲ့တင်နေလေသည်။
လေထုသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး၊ ထို့နောက် ဝူချင်းဖုန်း၏ ပါးစပ်က တုန်လှုပ်သွားပြီး အသံထုတ်ဖော်လာသည်။
"လုရီက ကောင်းကင်ဘုံ ဒုက္ခကို ဖြတ်ကျော်နေသူလား?"
လင်းလောင်တောင်ထိပ် သခင်မက ခေါင်းညိတ်လိုက်ပြီး ပြောပြသည်။
"ဟုတ်ပါတယ်၊ ဒီကလေးက အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ရုံလေးနဲ့ ကောင်းကင်ဘုံဒုက္ခကို နှိုးဆော်လိုက်တာရှင်"
“…”
ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသော အာမေဍိတ်သံများဖြင့် ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။
အကြီးအကဲများနှင့် ရပ်ဝေးမှ တပည့်များသည် တစ်ယောက်ကို တစ်ယောက်
အံ့သြတကြီး ပြန်ကြည့်မိကြသည်။
အကြီးအကဲများသည် အကြီးအကျယ် တုန်လှုပ်သွားကြသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?! အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို အဆင့်ချိုးဖျက်တာနဲ့ ကောင်းကင်ဘုံ ဒုက္ခကို နှိုးဆော်လိုက်တာလား..."
"အိမ်း..ဒီလိုမဖြစ်နိုင်တာတော့ မဟုတ်ဘူး၊
ကောလဟာဟတွေ ရှိခဲ့တယ်လေ၊ရှေးခေတ်တုန်းက အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်တဲ့ ပါရမိီ ထူးခြားလှတဲ့ နတ်ဆိုးတွေက အမှန်တကယ်ပဲ ကောင်းကင်ဘုံ ဒုက္ခကို နှိုးဆော်ခဲ့ကြတယ်တဲ့၊ ဒီလိုပုဂ္ဂိုလ်တွေဟာ မသေမျိုးတွေ ဖြစ်လာဖို့ ကံကြမ္မာနဲ့ မွေးဖွားလာကြတာ..."
"ဒါ၊ ဒါဆို... လုရီကို ရှေးခေတ်က ပါရမီ ထူးလှတဲ့ နတ်ဆိုးတွေနဲ့ နှိုင်းရမလား၊ သူတကယ် အနာဂတ်မှာ မသေမျိုး တစ်ပါး ဖြစ်လာနိုင်မလား၊ ကျုပ်တို့ ထျန်းမင် မှာ အထက်ဘုံ တက်နိုင်သူ မပေါ်တာ နှစ်ပေါင်းတစ်ထောင်နီးပါး ရှိခဲ့ပြီ"
"…"
အကြီးအကဲများစွာသည် အံ့အားသင့်ခဲ့ကြပြီး အားတက်သွားခဲ့ကြသည်။
လုရီတွင် အမှန်တကယ်သာ ထိုသို့ အရည်အချင်းတွေ ရှိခဲ့လျှင် တိမ်ဖြူဂိုဏ်း၏ ခေါင်းဆောင် အရိုက်အရာ ဆက်ခံနိုင်ပြီး အနာဂတ်တွင် အရှေ့ဘက်ဒေသတစ်ခွင်၌ သူတို့တိမ်ဖြူဂိုဏ်း၏ ဂုဏ်အသရေ ကျော်ဇောမည်မှာ ဧကန်ဖြစ်သည်။
---------------