← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း၉၁-ကြီးကျယ်သော ရွှေအူတိုင် ကျင့်ကြံသူ တိုက်ပွဲ...

~[အလုပ်]

ကောင်းကင်ကြယ်မြက်ကို ရှာပါ (၀/၁)

ဆုလာဘ်- အခြေခံ မှော်ဆေးပညာ၊

နှစ်တစ်ထောင် ဝိညာဉ်နှင်းစက် ၅၀စက်။

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီ၏ အမူအရာသည်

အလုပ်များမှတဆင့် အမျိုးမျိုးသော စွမ်းရည်များ ရရှိထားပြီး ဖြစ်သောကြောင့် ဝိညာဉ်အစားအစာချက်ပြုတ်စွမ်းရည် ၊ဝိညာဉ်ဝိုင်ချက်ခြင်းစွမ်းရည်၊ အခြေခံအခင်းအကျင်း စွမ်းရည်နှင့် ယခုအခြေခံ မှော်ဆေးပညာတို့ကို ရရှိထားပြီး ဖြစ်သည်။

...ဒီလိုသာဆိုရင် ငါက စွယ်စုံရ ပညာရှင်ကြီး ဖြစ်သွားမှာ မဟုတ်ဘူးလာ…အဟဲဟဲ။...

သို့သော် အလုပ် ထွက်လာသည့်အတွက် သူသည် သေချာပေါက် လက်ခံရပေမည်။

လုရီသည် အလုပ်ကို တိတ်တဆိတ် လက်ခံပြီး အလုပ်ရုံ ခန်းမမှ ထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် လုရီသည် ဝိညာဉ်သားရဲခန်းမသို့ မသွားဘဲ ဂိုဏ်းမှ တိုက်ရိုက်ထွက်သွားခဲ့သည်။

စီနီယာ အစ်ကို ကျန့်ဖန် နှင့် ပိုင်ယွီလုံတို့နှင့်အတူ ယခင် ထွက်လာခဲ့သော အချိန်နှင့်

မတူဘဲ တစ်ယောက်တည်း အပြင်ထွက်ခြင်းက သူ့ကို ပို၍ လွတ်လပ်မှု ပေးမည်မှာ သေချာပါသည်။

ခရီးသွားခြင်း သိုင်းပညာများကို အသုံးပြုခြင်းဖြင့် သူ၏ အမြန်နှုန်းသည် ချီသန့်စင်နယ်ပယ် ခွန်အားရှိ သားရဲကို စီးခြင်းထက် များစွာ ပိုမြန်သည်။

တိမ်ဖြူဂိုဏ်းမှ ထွက်ခွာလာပြီးနောက်

လုရီသည် အနီးအနားတွင် မည်သူမှ မရှိကြောင်း သေချာရန် စစ်ဆေးကြည့်လိုက်သည်။ ဝိညာဉ်စွမ်းအားများ ထုတ်ဖော်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် လျှပ်စီးများပေါ်လာကာ လုရီသည် မိုးကြိုး အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကောင်းကင်ယံသို့ ပျံတက်ကာ မိုးကုပ်စက်ဝိုင်းသို့ ပျောက်ကွယ်သွားလေသည်။

အကန့်အသတ်နယ်ပယ် မိုးကြိုးအရိပ်ခြေလှမ်းသည် လေထဲတွင် ပျံသန်းနိုင်စွမ်းရှိပြီး ၎င်း၏ အမြန်နှုန်းသည် တိမ်ဖြူ ခြေလှမ်းထက် သာလွန်ပါသည်။

နှစ်ရက်ကြာခရီးထွက်ပြီးနောက် လုရီ သည် သားရဲတစ်သောင်းတောင်တန်း၏ တောင်စောင်းသို့ ရောက်ရှိခဲ့သည်။

(သားရဲတစ်ထောင်တောင်တန်းကို သားရဲတစ်သောင်းတောင်တန်းဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။ )

သားရဲတစ်သောင်း တောင်တန်း၏ တောင်စောင်းမှာ သားရဲတစ်သောင်းမြို့ဟုခေါ်သည့် မြို့ကြီးတစ်မြို့ တည်ရှိလေသည်။

တောင်တန်းမှ သားရဲအုပ်စုကြီး ကျူးကျော်လာ၍ မြို့ကို တိုက်ခိုက်ဖျက်ဆီးခြင်းမှ ကာကွယ်ရန် သားရဲတစ်သောင်းမြို့အား ကြီးမားသော တံတိုင်းများဖြင့် ဝန်းရံထားသည်။

မြို့တော်ကို တောင်တန်းနှင့် ဆန့်ကျင်ဘက်တွင် တည်ဆောက်ခဲ့ပြီး မြို့သည် ကျင့်ကြံသူ အများအပြားဖြင့် ပြည့်နှက်နေသည်။

ဤနေရာတွင် အရင်းအမြစ် ပြတ်လပ်နေသော တကိုယ်တော် ကျင့်ကြံသူ အများအပြားသည် အရင်းအမြစ် ရှာဖွေရန် သားရဲ

တစ်သောင်း တောင်တန်းသို့ ဝင်ရောက်ကြသည်။

သားရဲတစ်သောင်းမြို့သည် မူလက သာမန်ရွာလေးတစ်ရွာမျှသာဖြစ်သည်ဟု ဆိုကြသည်။ ကောင်းကင်နှင့် မြေကြီးရတနာများ ရှာဖွေဖို့ တောင်တန်းများဆီသို့ စွန့်စားခန်း ထွက်လာသည့် ကျင့်ကြံသူများ ပိုများလာကာ တဖြည်းဖြည်းဖြင့် အရင်းအမြစ်များ အလဲအလှယ် လုပ်ကြသော ဈေးနေရာ ပေါ်ပေါက်လာသည်။အချိန်ကြာလာသည်နှင့်အမျှ ဈေးသည် ကျယ်ပြန့်လာပြီး ယခု သားရဲတစ်သောင်း တောင်တန်းဟု လူသိများလာခဲ့သည်။

လုရီသည် တိမ်ဖြူဂိုဏ်း၏ အတွင်းတပည့်ဝတ်စုံကို မဝတ်ထားဘဲ သူ၏ ကျောက်စိမ်းဝိဉာဉ် ဝတ်ရုံကို ဝတ်ဆင်ခဲ့သည်။ ဝတ်ရုံ၏ အရှိန်အဝါကို ဖုံးကွယ်ထားသောကြောင့် ၎င်းသည် အလယ်အလတ် တန်းစား ရတနာတစ်ခု ဖြစ်ကြောင်း အခြားသူများက အသိအမှတ်ပြုမိရန် မဖြစ်နိုင်တော့ပေ။

သာမာန် တကိုယ်တော် ကျင့်ကြံသူ

တစ်ယောက်အနေဖြင့် လုရီသည် သားရဲတစ်သောင်းမြို့သို့ ဝင်ရောက်ခဲ့သည်။

လမ်းဘေးဈေးသည်များ၏ အသံများနှင့်အတူ မြို့သည် အလွန်စည်ကားနေပါသည်။

"ပူပူနွေးနွေး ပေါက်စီ အကြီးကြီးတွေရမယ်နော်၊ အထဲမှာ အစွမ်းထက်သားရဲအသားတွေ အပြည့်ပဲ.. ​​အရသာ မရှိရင် ပိုက်ဆံ ပြန်အမ်းမယ်ဗျာ!"

"သကြားလုံးတွေ ရမယ်၊သကြားလုံးတွေ... အရမ်း ချိုတယ်"

"..."

နေ့တိုင်း အပြင်းအထန် ကျင့်ကြံနေခဲ့ရသည်ဖြစ်ရာ လုရီသည် ယခုအခါ လမ်းပေါ်တွင် အေးအေးလူလူ လျှောက်ရင်း အဆာပြေမုန့်များ ဝယ်ကာ လည်ပတ်နေသည်။

သူသည် နေ့စဥ် ကြိုးစားပမ်းစား ကျင့်ကြံခဲ့ပြီး ယခုအခါ ဂိုဏ်းပြင်ပသို့ ထွက်လာသည် ဖြစ်သောကြောင့် အချိန်အနည်းငယ် အနားယူနိုင်သည် မဟုတ်ပါလော။

ကောင်းကင်ကြယ်မြက်သည် ရှားပါးသော ဆေးပင် ဖြစ်သောကြောင့် မြို့တွင်းရှိ ဆေးဝါးဆိုင်များမှ တိုက်ရိုက်

ဝယ်နိုင်မလားဟု လုရီ အနည်းငယ်မျှော်လင့်မိကာ ဆေးဆိုင်များသို့ သွားခဲ့လေသည်။

ကံမကောင်းစွာပဲ၊ လုရီ စိတ်ပျက်ခဲ့ရသည်။ ကောင်းကင်ကြယ်မြက်သည် ရှားပါးပြီး အသုံးဝင်မှုက အရေးပါသော

လေသည်။ကောင်းကင်ကြယ်မြက်သည် ကောင်းကင်ကြယ်ဆေးလုံးကိုလည်း ဖော်စပ်နိုင်သောကြောင့် ၎င်း ပေါ်လာ

ခဲ့လျှင်တောင် လူတို့က ချက်ချင်း အလုအယက် ဝယ်ကြလိမ့်မည်ပင်။

လုရီသည် နောက်ဆုံးဆေးဆိုင်မှ အရှုံးပေး၍ထွက်လာခဲ့ကာ သူ့ကိုယ်သူ ရှာဖွေရန်

သားရဲတစ်သောင်း တောင်တန်းသို့ ဝင်သွားတော့မည် ဖြစ်သည်။

ထိုအချိန်တွင် သူ့အနားသို့ သာမန်

လူလတ်ပိုင်းအရွယ် ယောက်ျား တစ်ဦး ချဉ်းကပ်လာပြီး ပြုံးကာတိုးတိုးလေး မေးလာသည်။

“ဟီးဟီးဟီး..ညီငယ်လေးကကောင်းကင်ကြယ်မြက်ကိုဝယ်ချင်နေတာလား"

လုရီ ကြောင်သွားပြီး သူ့ကို တစ်ချက် အကဲခတ်လိုက်သည်။

ချီသန့်စင်နယ်ပယ် အဆင့် ၁၀ ပဲ။

လုရီ ခေါင်းညိတ်ပြီး မေးလိုက်သည်။

"ဟုတ်ပါတယ်၊ ခင်ဗျားမှာ ရောင်းဖို့ ရှိလား"

ထိုအခါ လူလတ်ပိုင်းအရွယ် ယောက်ျားက သူ့လက်တွေကို ပွတ်သပ်ပြီး ရယ်မောရင်း

တုံ့ပြန်သည်။

"ငါ့မှာ မရှိဘူး၊ ဒါပေမယ့် သားရဲ

တစ်သောင်း တောင်တန်း တစ်နေရာမှာ ကောင်းကင်ကြယ်မြက်ကို ငါ မြင်ဖူးတယ်"

ဒီသတင်း ကြားတော့ လုရီမျက်လုံးတွေက အနည်းငယ် တောက်ပလာပြီး

"တကယ်လား? ဘယ်မှာလဲ"

လူလတ်ပိုင်းအရွယ် ယောက်ျားက ရယ်မောပြီး လုရီကို ကြည့်ကာ

“ မင်းကို အဲဒီကို ခေါ်သွားပေးမယ်လေ၊ဒါပေမယ့် ညီလေး၊ ငါ့ရဲ့ကူညီမှုအတွက် မင်း ဆုကြေးလေး မပေးချင်ဘူးလား"

လုရီသည် လမ်းညွှန်မှုအတွက် ပေးချေမှုအချို့ကို ပေးဆောင်ရန် ပုံမှန်ဖြစ်သည်ဟု ယူဆကာ မငြင်းခုံနေပေ။

သူက ပြုံးပြီး "ဒါပေါ့၊ ကိစ္စ မရှိပါဘူး၊ ခင်ဗျား...ဘယ်လောက်လိုချင်လဲ"

ထိုအခါ လူလတ်ပိုင်း ယောက်ျား၏ မျက်လုံးများ တောက်ပလာကာ လက်ငါးချောင်း ထောင်ပြသည်။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်!"

ဒါကို ကြားတော့ လုရီက မျက်ခုံးပင့်လိုက်ပြီး လူလတ်ပိုင်း ယောက်ျားကို နောက်

တချက် ပြန်ကြည့်လိုက်သည်။

ဈေးနှုန်းက နည်းနည်းမြင့်ပြီး များသော ပမာဏ ဖြစ်လေသည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးငါးဆယ် ဟူသည် ချီသန့်စင် နယ်ပယ်ရှိ ကျင့်ကြံသူအတွက် အတော် စဉ်းစားရမည့် ပမာဏတစ်ခု ဖြစ်သည်။

သို့သော် လုရီအတွက်၊ ထိုပမာဏသည် အသေးအဖွဲ ဖြစ်ပြီး သူက ကျင့်ကြံရန်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို အသုံးမပြုသောကြောင့် မမှုပါ။

လုရီက ခေါင်းညိတ်ပြလိုက်သည်။

" ကိစ္စမရှိပါဘူး အစ်ကို ၊ခင်ဗျား ကျွန်တော့်ကို ကောင်းကင်ကြယ် မြက်ဆီ တကယ် လမ်းပြပေးနိုင်တယ်ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်ခဲ ငါးဆယ် ပေးရမှာပေါ့"

လုရီက ဈေးမဆစ်လာတာကို မြင်တော့ လူလတ်ပိုင်း ယောက်ျားက အံ့အားသင့်သွားပြီး လုရီကို ထူးဆန်းသော အကြည့်နှင့်

ကြည့်ကာ ချက်ချင်း ပြောလာသည်။

"အရင်ပေးချေလိုက်လေ"

လုရီက သူ့မျက်လုံးတွေကို မှေးစင်းကာ တစ်ချက် ပြုံးကာ ပြောသည်။

"ခင်ဗျား ကျွန်တော့်ကို အနိုင်ကျင့်ဖို့ လွယ်တယ် ထင်နေတာလား"

သူသည် စွမ်းအားကြီးသော အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်ကာ ထိုလူလတ်ပိုင်းကို ဖိအားပေးလိုက်သည်။

ထိုလူက လုရီအား ကြောက်လန့်တကြား ကြည့်ရင်း နဖူးမှ ချွေးများ ယိုစီးကျလာကာ ချက်ချင်းပင် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

လုရီက ပြုံးပြီး ဆက်ပြောသည်။

"ကျွန်တော် ခင်ဗျားကို တစ်ဝက် အရင် ပေးမယ်၊ ကျန်တစ်ဝက်ကို ကောင်းကင်ကြယ်မြက် ရှာတွေ့ရင် ပေးမယ်"

တစ်ဆက်တည်း၌ လုရီသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်ငါးတုံးကို ထုတ်ယူပြီး လူလတ်ပိုင်းအရွယ် လူထံ ပစ်ပေးလိုက်သည်။

လူလတ်ပိုင်းအရွယ် လူက ဝိညာဉ်ကျောက်တုံးတွေကိုမြင်တော့ ကြောက်စိတ်တွေ မေ့သွားပြီး စိတ်လှုပ်ရှားစွာ အမြန်ယူလိုက်ကာ ကျေးဇူးတင်လိုက်သည်။

"သခင်လေးက အရမ်း ရက်ရောတာပဲ ၊

ငါ မင်းကို သေချာလေး လိုက်ပို့ပေးပါမယ်။"

လုရီက ခေါင်းညိတ်ပြီး ပြုံးကာ

"အလုပ်ကောင်းကောင်းလုပ်ပါ ..ခင်ဗျားကို ကျွန်တော် ပိုက်ဆံ လျှော့မပေးပါဘူး"

လူလတ်ပိုင်းအရွယ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး "သခင်လေး၊ အခု ခရီး ထွက်ကြမလား"

"ဟုတ်ကဲ့ ၊အခု ခရီးထွက်လိုက်ကြစို့ဗျာ။"

လူလတ်ပိုင်းအရွယ် လူသည် လုရီကို သားရဲတစ်သောင်းမြို့မှ အမြန်ခေါ်ဆောင်သွားခဲ့သည်။

မြို့မှ ထွက်ခွာပြီးသည်နှင့် သူတို့နှစ်ဦးသည် သားရဲတစ်သောင်း တောင်တန်းဆီသို့ ဦးတည်သွားကြသည်။

သားရဲတစ်သောင်း တောင်တန်းသည် အလွန်ကျယ်ပြောလှသည်။ ဤနေရာသည် ၎င်း၏ အကိုင်းအခက်ငယ် တစ်ခုမျှသာဖြစ်သော်လည်း လုရီသည် အပြင်ကိုကြည့်လိုက်ရာ မိုးကုပ်စက်ဝိုင်းအထိ အဆုံးမရှိသောတောင်တန်းများကို မြင်လိုက်ရသည်။

လင်ထင်းဟုခေါ်သော လူလတ်ပိုင်းအရွယ် လူသည် စကားပြောကောင်းလေသည်။

သူသည် သားရဲတစ်သောင်း မြို့ဝန်းကျင်ရှိ ဒေသဆိုင်ရာ ကောလာဟလမျိုးစုံကို လုရီအား မျှဝေခဲ့သည်။ သူ ပြောပြသည့် သတင်းများထဲတွင် ကံကောင်းသည့်

ကျင့်ကြံသူ တစ်ယောက်သည် တောင်များအတွင်းသို့ ဝင်ရောက်ကာ အထူးရှားပါးသော ကောင်းကင်ကြယ်မြက်ပင်ကို စုဆောင်းခဲ့ကာ သဲလွန်စ မရှိဘဲ နောက်တစ်နေ့တွင် ပျောက်ကွယ်သွားခဲ့ ကြောင်း လည်း ပါဝင်သည်။

တောင်တန်း၏ အနက်ပိုင်းကို စွန့်စားပြီး ကြမ်းတမ်းသည့် အင်အားကြီးသော သားရဲများနှင့် ရင်ဆိုင်ရပြီးနောက် ဒဏ်ရာဒဏ်ချက် မရခဲ့သော ရွှေအူတိုင် ကျင့်ကြံသူတွေလည်း ရှိခဲ့သည်ဟူ၍။

"သားရဲတစ်သောင်းမြို့တစ်ဝိုက်မှာ လီ မိသားစုဟာ အခြေတည်ဝိဥာဉ် နယ်ပယ် ပညာရှင်ရဲ့ အမွေအနှစ်ကို ရှာတွေ့ခဲ့တယ်ဆိုတာက အခု အကျော်ကြားဆုံး

ကောလဟာလ ဖြစ်နေတယ်.. သေဆုံးသွားတဲ့ အခြေတည် ဝိဥာဉ်နယ်ပယ် ပညာရှင်က တာအို အခင်းအကျင်း သခင်တဲ့ကွ၊ သူ့ရဲ့

ဂူစံအိမ်ကို အခင်းအကျင်းတွေနဲ့ ကာကွယ်ထားတယ်၊ လီမိသားစုက အခင်းအကျင်းကို အတူတကွ ချိုးဖျက်ပြီး ရတနာတွေ ရှာဖွေဖို့ သားရဲ တစ်သောင်းမြို့က အခြားမိသားစုတွေကို စုဆောင်းနေတယ်တဲ့၊

တကိုယ်တော် ကျင့်ကြံသူတွေ အများကြီးကိုတောင် သူတို့ အကူအညီတောင်းထားတယ်၊ သူတို့တွေ နှစ်ရက်၊သုံးရက်အတွင်း ဒီနေရာကို ခရီးနှင်လာတော့မယ်"

--------------

အခန်း၉၂-ကြီးကျယ်သော ရွှေအူတိုင် ကျင့်ကြံသူ တိုက်ပွဲ...

~အဲဒါကို ကြားတော့ လုရီ အနည်းငယ်

အံ့သြသွားရသည်။

"ဟမ်..အခြေတည် ဝိဥာဉ်နယ်ပယ် ပညာရှင်ရဲ့ ဂူစံအိမ်လား"

လုရီ၏ နှလုံးသားထဲသို့ ထူးဆန်းသော ခံစားချက် တစ်ခု ဝင်လာသည်။ သူ ရှာဖွေတွေ့ရှိခဲ့သော ရတနာများကို တင်ပြရန် အကြောင်းပြချက်အချို့ကို ရှာဖွေရန် တွေးနေခဲ့သည်မဟုတ်ပါလား။ယခုမူ

အခြေတည် ဝိဥာဉ်နယ်ပယ် ပညာရှင်၏ ဂူစံအိမ်ကြီးနှင့်လာကြုံရလေပြီ။

သို့သော် လုရီ၏ နှလုံးသားထဲတွင်တော့ အပြောင်းအလဲ မရှိခဲ့ပေ။

အခြေတည် ဝိဥာဉ်နယ်ပယ် ပညာရှင်၏ ဂူစံအိမ်တွင် ရတနာများ တည်ရှိနေနိုင်သော်လည်း သူ အမှန်တကယ်လိုအပ်သော အရာ တစ်ခုမျှ မရှိပါ။

လိုအပ်တာ မှန်သမျှ သူ့မှာ ရှိနေပြီ၊ သူ့မှာ

မရှိလျှင် အချိန်ကျလာသည့်အခါလသူ့ဆရာက သူ့အတွက် ရှာပေးလိမ့်မည်လေ။

လုရီသည် အနည်းငယ် အံ့သြသွားပြီး

ထပ်မမေးတော့၍ လုထင်းက နားမလည်နိုင် ဖြစ်သွားသည်။

" မသွားချင်ဘူးလား သခင်လေး၊"

လုရီက ခေါင်းယမ်းကာ

"အခြေတည် ဝိဥာဉ်နယ်ပယ် ပညာရှင်က တည်ထောင်ထားတဲ့ ဂူစံအိမ်ကြီးက အရမ်း အန္တရာယ်များလှတယ်။ ရတနာတွေက အမှန်တကယ် အဖိုးတန်ပေမယ့် လူ့အသက်က ပိုအရေးကြီးတယ်လေ"

ဤအချိန်ကာလတွင်၊ သူသည် အခြေခံ အခင်းအကျင်းများကို လေ့ကျင့်ခဲ့ပြီး ၎င်းတို့ထဲမှ အများအပြားကို အဆင့် ရှစ်ထက် ကျော်လွန်၍ ကျွမ်းကျင်နိုင်ခဲ့ရာ အခင်းအကျင်းပညာကို အတော်လေး နားလည်လာခဲ့သည်။

အခြေတည် ဝိဥာဉ်နယ်ပယ် ကျင့်ကြံသူ သိသော အထူး အခင်းအကျင်းများကို သူ မသေချာသော်လည်း၊ ထိုသို့သော

အခင်းအကျင်း ပညာရှင် တစ်ယောက်၏ အခင်းအကျင်းများသည် အစွမ်းထက်မည် ဖြစ်ပြီး သူသည် ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ ထိုသို့ စွန့်စားဖို့ မလိုအပ်ချေ။

လုရီ၏ စကားကိုကြားတော့ လင်ထင်းက သူ့ကို အံ့သြတကြီး စိုက်ကြည့်နေသည်။

ဤလူငယ်လေးလို ငယ်ရွယ်သော ကျင့်ကြံသူများသည် ယေဘူယျအားဖြင့် မိမိတို့ကိုယ်ကို ကောင်းကင်ကံကြမ္မာက မျက်နှာသာပေးသည်ဟု ယုံကြည်ကြပြီး ထိုသို့သောကိစ္စများကို ကြုံတွေ့ရသောအခါတွင် ပါဝင်ရန် စိတ်အားထက်သန်ကြလိမ့်မည် မဟုတ်ပါလော။

လုရီက တစ်ချက် ရယ်ပြီး ဖြေရှင်းသည်။

"သခင်လေးရဲ့ အတွေးတွေက သာမန်လူတွေနဲ့ မတူဘူး။ ဒါပေမယ့် မသေမျိုး လမ်းက ခက်ခဲတယ်၊ အရင်းအမြစ် အများကြီးလိုမယ်၊ ဒီလို အခွင့်အရေးကို လွဲချော်တာက တော်တော်များများကို ဆုံးရှုံးသွားနိုင်တယ်နော်။"

ထိုအခါ လုရီက လင်ထင်းကို ကြည့်ပြီး ပြုံးကာ မေးသည်။

"ခင်ဗျားက သွားမှာလား"

လင်ထင်းက ခြောက်ကပ်စွာ ပြုံးကာ

"ကျွန်တော်က အသက်ငါးဆယ်ကျော်နေပြီ။ အထူးအခွင့်အရေးမရှိဘဲ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကို ဘယ်တော့မှ မရောက်နိုင်မှာ ကြောက်မိတယ်၊ ဒါကြောင့် ဒီအခွင့်အရေးကို ယူဖို့ စီစဉ်ထားပါတယ်"

လုရီက ခေါင်းညိတ်ကာ ဘာမှ မပြောတော့ပေ။ လူတစ်ဦးစီသည် မိမိ၏ကိုယ်ပိုင်အခွင့်အရမ်းများကို ဖောက်ရမည်သာ ဖြစ်သည်။ သူနှင့် လင်ထင်းတို့သည် ဆွေမျိုးသားချင်းများ မဟုတ်။ သူ့အနေနှင့် နောက်ထပ် ပြောစရာ မလိုအပ်တော့ပါ။

သားရဲတစ်သောင်း တောင်တန်းမှာ နှစ်ပေါင်းများစွာ အခြေချခဲ့သည့် လင်ထင်းသည် ​​‌တောင်တန်း၏ ဆင်ခြေဖုံးများနှင့်အတော်လေး ရင်းနှီးလေသည်။

အခြေခံအုတ်မြစ် တည်ထောင်ခြင်းခွန်အားရှိ သားရဲများ၏ နယ်မြေများစွာကို ရှောင်ရှားခဲ့ပြီး သူက လုရီအား လမ်း အကွေ့အကောက်များဖြင့် လမ်းပြခဲ့ကြသည်။ တစ်ရက် ခရီးပြီးသောအခါ

သူတို့သည် မြင့်မားသော တောင်တစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။

ထိုတောင်သည် အမြင့်‌မီတာ သုံးထောင် မှ လေးထောင်ခန့် မြင့်သည်။ တောင်၌ ကြမ်းတမ်းသော ကျောက်တုံး ကျောက်စိုင်များနှင့် ထူးခြားသော သဘာဝ အလှများ ရှိ လေသည်။

လင်ထင်းက အသက်တစ်ချက် ရှူရှိုက်လိုက်ပြီး အသိပေးလိုက်သည်။

"သခင်လေး၊ ဒီမှာ ရောက်ပါပြီ"

သူသည် လုရီကို ချောက်ကမ်းပါးတစ်ခုဆီသို့ ခေါ်ဆောင်သွားကာ ချောက်ကမ်းပါးထိပ်ကို ညွှန်ပြလိုက်သည်။။မကြာမီမှာပင် အလင်းရောင် မှိန်ဖျော့ဖျော့ ရှိသော မြက်ပင်များကို တွေ့လိုက်ရပါသည်။

ကောင်းကင်ကြယ်မြက်၏ အလင်းရောင်ဟာ နေ့ဘက်မှာ အတော်လေး မှိန်

နေပေမယ့် ညဘက်မှာတော့ တောက်ပမှုက ကြယ်လေးတွေလို ဖြစ်မည်။

လုရီသည် ကောင်းကင်ကြယ်မြက်ကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် ၎င်းဘေးနားရှိ ဂူကြီးမှ အားကောင်းသော အရှိန်အဝါ တစ်ခုထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

လုရီ မျက်ခုံးပင့်လိုက်ပြီး လင်ထင်းကိုကြည့်ကာ အပြစ်တင်လိုက်သည်။

"ဒီကောင်းကင်ကြယ်မြက်ဘေးမှာ အခြေခံအုတ်မြစ် တည်ထောင်ခြင်း ခွန်အားရှိတဲ့သားရဲတွင်းတစ်တွင်းရှိတယ်ဆိုတာ ခင်ဗျား ဘာလို့ ကြိုမပြောခဲ့လဲ"

ထိုအခါ နည်းနည်းလေးမှ စိတ်မသက်မသာမဖြစ်ဘဲ လင်ထင်းက ခေါင်းကုတ်ကာ

" အဲ..မင်းလည်း မမေးခဲ့ဘူးလေ သခင်လေး၊

ကျွန်တော့်အလုပ်က မင်းကို ကောင်းကင်ကြယ်မြက်ရှိရာ လိုက်ပို့ပေးဖို့ပဲလေ"

လုရီသည် သူ့ကိုကြည့်ကာ ထပ်မပြောတော့ဘဲ ကျန်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်ငါးလုံးကို ထုတ်ကာ လေထဲပစ်လွှတ်လိုက်သည်။

လင်ထင်းသည် စိတ်အားထက်သန်စွာ ဖမ်းလိုက်ပြီး ကျေးဇူးတင်စကားဆိုသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ထို့နောက် လုရီကို အကဲခတ်ကြည့်ကာ သူက တုံ့ဆိုင်းနေပြီး ပြောလာသည်။

"သခင်လေး.အဲ့ဒီအ‌ခြေခံ အုတ်မြစ်တည်ထောင်ရေး သားရဲက သန်မာပုံပဲ၊ အကူအညီရှာပါ့လား ၊ ဒါမှမဟုတ် ခဏစောင့်ပြီး ကောင်းကင်ကြယ်မြက်ကို တစ်စုံတစ်ယောက်က သားရဲနဲ့ တိုက်ခိုက်ပြီး ယူမလား စောင့်ကြည့်ပါ၊ ဒါဆို မင်းဝယ်နိုင်မှာပါ"

လုရီက ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့် တုံ့ပြန်သည်။

"အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် သားရဲတစ်ကောင်ပဲ၊ ဒီလောက် အခက်တွေ့စရာ မလိုဘူး"

တစ်ဆက်တည်း၌ လုရိီ သူ့စိတ်ထဲမှာ "ငါ ကောင်းကင် ကြယ်မြက်တွေကို စုဆောင်းမယ်" ဟု ကြုံးဝါးလိုက်သည်။

ချက်ချင်းပင် သူ့ စနစ် မျက်နှာပြင်ပေါ်တွင် အလုပ် တစ်ခု ပေါ်လာသည်။

[အလုပ်]

ကောင်းကင်ကြယ်မြက်များကို စုဆောင်းပါ။

ဆုလာဘ်- အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ဝိညာဉ်အစားအစာ ချက်ပြုတ်နည်း- "မီးသွေးအသားကင်"

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီ စိတ်ထဲမှာ ကျေနပ်သွားသည်။

အမှန်ပင် အနီးနားတွင် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ရှိ သားရဲ တည်ရှိနေခြင်းသည် ကောင်းကင်ကြယ်မြက်အား စုဆောင်းရခက်ခဲစေပြီး အလုပ်တစ်ခုကို အစပျိုးစေခဲ့ပေသည်။

သူ ဆုလာဘ်ကို ကြည့်ပြီး အနည်းငယ် ဝမ်းသာသွားသည် ။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် ဝိညာဉ် အစားအစာ ချက်ပြုတ်နည်းသည် အမှန်ပင် ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်သည်။ လက်ရှိတွင် ကျင့်ကြံခြင်းအတွက် အလုပ် ရွေးချယ်စရာများစွာ မရှိတော့၍ ဤချက်ပြုတ်နည်းဖြင့် ကျင့်ကြံရမည်။

လုရီ တာဝန်ကို ပေါ့ပေါ့တန်တန် လက်ခံလိုက်ပြီး ချောက်ကမ်းပါးဆီသို့ ဦးတည်သွားလိုက်သည်။

ထိုစဉ် လင်ထင်းသည် လုရီ၏ စကားကြောင့် အံ့အားသင့်သွားစဉ် လုရီ ချောက်ကမ်းပါးဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသောအခါ စိတ်ပူပန်စွာ အော်ဟစ် တားမြစ်သည်။

"သခင်လေး၊ အန္တရာယ်များတယ်၊ ဒီလိုမစွန့်စားပါနဲ့၊ အသက်ရှင်ဖို့က တခြားအရာတွေထက် ပိုအရေးကြီးဆုံးပါပဲ..."

လုရီ အနီးတစ်ဝိုက်တွင် စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအင်များ လှည့်ပတ်သွားပြီး ဓားစိတ်ဆန္ဒများမှာ ကောင်းကင်သို့ ပျံတက်သွား၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက လင်ထင်း၏ စကားလုံးများကို ရပ်တန့်စေသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက သူ့အား နေရာမှာပဲ တောင့်တောင့်ကြီး ကျန်ရစ်စေကာ အကြီးအကျယ်ပင် တုန်လှုပ်သွားစေခဲ့သည်။

"ဒါက..."

ဒါက ဘယ်လိုဖြစ်ပျက်ရတာလဲ။

ဒီသခင်လေးက အသက်ငယ်ငယ်လေး ဖြစ်ပေမယ့် သူ့ရဲ့ အရှိန်အဝါဟာ ဘာကြောင့် အရမ်း ကြောက်စရာကောင်းနေရတာလဲ။

လင်ထင်းသည် ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင် ဖြစ်မိသည်။

ထိုအချိန်တွင် ဂူထဲမှ ရွှီခနဲ မြည်သံ ထွက်ပေါ်လာပြီး အနက်ရောင်မြွေခေါင်းကြီး ဂူဝသို့ ထွက်ပေါ်လာသည်။

မြွေခေါင်းနောက်တွင် ရေစည်ပိုင်းလို

ကြီးမားသော မြွေခန္ဓာကိုယ်ကြီး ရှိသည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ခွန်အားရှိသော အဝါရောင် မျက်လုံးအိမ်များဖြင့် ဧရာမ မြွေသားရဲသည် လုရီကို အခိုင်အမာ အာရုံစိုက်ကာ ရန်မူသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

လုရီ၏ခြိမ်းခြောက်နိုင်စွမ်းကို ၎င်းက ရှင်းရှင်းလင်းလင်း အာရုံခံစားမိလေသည်။

လုရီ၏အမူအရာမှာ အေးအေးဆေးဆေးပင် ရှိနေသည်။ ရုတ်တရက် သူ့လက်ထဲတွင် အစိမ်းရောင်ဝိညာဉ်ဓားပေါ်လာပြီး ဓားကို မြွေရှိရာသို့ ပေါ့ပေါ့ပါးပါးပင် ပစ်လွှတ်လိုက်သည်။

ရွှီ...!

ငွေရောင် ဓားအလင်းတန်းတစ်ခုသည် အင်အားကြီးမားသော မြွေသားရဲ၏လည်ပင်းကို ခုတ်ဖြတ်သွားသည်။

နောက်အခိုက်အတန့်တွင် မြွေ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ တောင့်တင်းလာကာ ဦးခေါင်းပေါ်တွင် သွေးသံရဲရဲ အက်ကွဲကြောင်းများ ပေါ်လာသည်။

မြွေဦးခေါင်းသည် တဖြည်းဖြည်း လျှောကျလာသည်။၎င်းက ခန္ဓာကိုယ်နှင့်အတူ ချောက်ကမ်းပါးမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၍ သွေးများ ယိုစီးကျလာသည်မှာ ရေကန်တစ်ခုစာနီးပါးပင် ထူထပ်သည်။

ချီအဆင့်၁၂ ကျင့်စဉ်ရှိ လုရီသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်း

နယ်ပယ်နှင့် ယှဉ်နိုင်သော ခွန်အားအခြေခံ

ရှိနေပြီ ဖြစ်သည်။

စစ်မှန်လောက ပြန်လည်ရောက်ရှိခြင်းအဆင့် တိမ်ဖြူဓားသိုင်းနှင့် ဓားစိတ်ဆန္ဒအနည်းငယ်မျှသာ အသုံးပြု၍ပင် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်၏ အဆင့်၅ သို့မဟုတ် အဆင့်၆ ခွန်အားရှိ ကျင့်ကြံသူအား အလွယ်တကူ သတ်ပစ်နိုင်သည်။

--------------

အခန်း၉၃-ကြီးကျယ်သော ရွှေအူတိုင် ကျင့်ကြံသူ တိုက်ပွဲ...

~လုရီသည် စစ်ဆေးရေးမျှော်စင်တွင် ၁၉ထပ်အထိ တက်လှမ်းနိုင်လေပြီ။

လုရိီ လက်ထဲတွင် သူ မသုံးရသေးသည့် ဝှက်ဖဲ အများအပြားလည်း ရှိပါသေးသည်။

ဓားစိတ်ဆန္ဒ၏ နှစ်ဆယ် ရာခ်ုင်နှုန်းသည်

လုရိိီ၏ တိုက်ခိုက်ရေးစွမ်းအားတွင် အရည်အသွေး ပြောင်းလဲမှုကို ဖြစ်ပေါ်စေရန် လုံလောက်ပြီး အနည်းဆုံး အဆင့်နိမ့်နယ်ပယ်မှ ပြိုင်ဘက်များကြားတွင် ပြိုင်ဘက်ကင်းစေသည်။

လင်ထင်းသည် မြေပြင်ပေါ်ရှိ မြွေသေကြီးကို စိုက်ကြည့်ရင်း သူ့အမူအရာသည် တုန်လှုပ်နေသည်။

အခြေခံအုတ်မြစ်တည်ထောင်ခြင်းနယ်ပယ်ရှိ မြွေက ဓားတစ်ချက်တည်းဖြင့် ဤသို့ အသတ်ခံလိုက်ရခြင်းလား။

လင်ထင်း လုရီကို စေ့စေ့စပ်စပ် ကြည့်လိုက်ရင်း အေးစက်သော ချွေးများ သူ့နောက်ကျောတွင် စိုရွှဲလာသည်။

ထိုလူငယ်၏ ဓားမှ ဓားတစ်ချက်သည် သူ၏ အဆုံးသတ် ဖြစ်မည်ကို ကြောက်လှသည် ။

လုရီ သူ့နောက်မှ လင်ထင်းကို ဂရုမစိုက်ဘဲ လှမ်းထွက်လာကာ သူ့ကိုယ်တစ်ခုလုံးသည် တိမ်ကဲ့သို့ ပေါ့ပါးကာ လေထဲသို့ ခုန်ပျံလိုက်သည်။ သူသည် ချောက်ကမ်းပါးထိပ်သို့ အလွယ်တကူ ရောက်ရှိသွားပြီး ကောင်းကင်ကြယ်မြက်ပင်များကို စုဆောင်းခဲ့သည်။

သူ့အလုပ်က ပြီးသွားလေပြီ။

လုရီသည် စိတ်အားထက်သန်စွာဖြင့် ချောက်ကမ်းပါးမှ ခုန်ဆင်းကာ ဧရာမမြွေကြီး၏ ခန္ဓာကိုယ်ကိုလည်း မှင်သေသေပင် စုဆောင်းခဲ့သည်။ ၎င်းက ကောင်းမွန်သည့် ဆေးဘက်ဝင်ပစ္စည်းတစ်ခုပါ။

ထို့နောက် လုရီ အဝေးမှ လင်ထင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် လင်ထင်းသည် လုရီ အလွန်ကြောက်လန့်နေသကဲ့သို့ တုန်တုန်ရီရီ ကြည့်နေလေသည်။ လုရီ သူ့အား လှမ်းကြည့်နေတာကို မြင်လိုက်ရတော့ စိတ်လှုပ်ရှားစွာ တံတွေး မျိုချလိုက်ပြီး

"သခင်လေး၊ မင်းမှာ ထူးထူးခြားခြား ခွန်အားရှိတာပဲ၊တကယ်ကို ကြောက်စရာကောင်းတယ်၊ ဒါနဲ့ ဝိဉာဉ်ကျောက်တုံးတွေအကြောင်း ကျွန်တော် စဉ်းစားပြီး ပြီး၊

သခင်လေးကို ပြန်ပေးချင်ပါတယ်"

လုရီက လင်ထင်း ကမ်းပေးနေသည့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို တစ်ချက် ကြည့်လိုက်ပြီး ငြင်းသည်။

"ကျွန်တော်က နတ်ဆိုးမဟုတ်ပါဘူး၊

မကြောက်ပါနဲ့၊ တရားမျှတတဲ့ အပေးအယူဟာ၊ ဒီဝိဉာဉ်ကျောက်တုံးတွေက ခင်ဗျားပိုင်တယ်၊ ယူပါ"

လင်ထင်းသည် ကောင်းကင်ကြယ်မြက်ခင်းဘေးတွင် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ခွန်အားရှိ သားရဲ ရှိသည်ဟု မပြောပြထားသော်လည်း၊ သူသည် သူတို့သဘောတူညီချက်အား အမှန်တကယ် ဖြည့်ဆည်းပေးခဲ့ပြီး သူ့ကို ကောင်းကင်ကြယ်မြက်ခင်းဆီသို့ လမ်းပြခဲ့သည်လေ။

လုရီ အများကြီး မပြောလိုပါ။ အမှန်တော့၊ ၎င်းသည် သူ့အား အပိုအလုပ်တစ်ခုနှင့် အခြေခံအုတ်မြစ်တည်ထောင်ခြင်း ဝိညာဉ်အစားအစာ ချက်နည်းကိုပင် ရရှိခဲ့ စေသည်။

လင်ထင်း လုရီအား ဂရုတစိုက် အကဲခတ်ပြီး လုရီ အမှန်တကယ် ဒေါသမထွက်သည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချကာ

အမြန်ပင် ကျေးဇူးတင်လိုက်သည်။

"ကျေးဇူးပါပဲဗျာ၊သခင်လေးက တကယ့်ကို ရက်ရောတာပဲ!"

ဤသခင်‌လေးသည် မည်သည့် မျိုးနွယ်စု၏ ပြောင်မြောက်သော အရည်အချင်း

ရှိသူများလဲ။

ချီသန့်စင်နယ်ပယ် ကောင်လေးက အခြေခံ အုတ်မြစ်တည်ထောင်ခြင်းနယ်ပယ် သားရဲ တစ်ကောင်ကို ကြက်ကလေး၊ငှက်ကလေးလို အလွယ်တကူ သတ်လိုက်သည်လား။

လင်ထင်းသည် တွေးရင်း ကျောချမ်းနေသည်။

တိမ်ဖြူဂိုဏ်းမှ ဒဏ္ဍာရီလာ မသေမျိုး မိန်းကလေး လျိုနင်ရွှမ်းသာလျှင်

ထိုကဲ့သို့ ခွန်အားရှိသည်ဟု သူ ကြားဖူးနားဝ ရှိသည်။

သို့သ်ေလည်း လင်ထင်းသည် ဤ

သခင်လေးအား မည်သူလဲဟု ထုတ်ဖော်

မမေးရဲ

ပါ။

"သခင်လေး၊ အခု ငါတို့ ကောင်းကင်ကြယ်မြက်ခင်းကို တွေ့ပြီ ဖြစ်လို့ ပြန်လို့ ရပြီလား"

ထိုအခါ လုရီ ခေါင်းခါလိုက်ပြီး

"ကျွန်တော် နောက်ထပ် ရက်အနည်းငယ်လောက် သားရဲ တစ်သောင်း တောင်တန်းမှာ နေချင်သေးတယ်၊ ခင်ဗျား အရင်

ပြန်သွားပါ"

စင်စစ်ဆိုရသော် သူသည် ကံကောင်းမှု

တစ်ခု ရခဲ့သည်ဟု ဆင်ခြေပေးစရာကသားရဲတစ်သောင်း တောင်တန်းတွင် ခဏတာလေး နေရုံနှင့် မဖြစ်နိုင်ပေ။

ရက်အနည်းငယ်ကြာကြာနေမှသာ ယုတ္တိရှိချေမည်။

လုရီ စကားကိုကြားတော့ လင်ထင်းက အရမ်းကြီး မတွေးတော့ဘဲ အကြိမ်ကြိမ် ခေါင်းညိတ်ပြပြီး နှုတ်ဆက်သည်။

"ဒါဆို ကျွန်တော် သွားပါတော့မယ်၊ သခင်လေး"

လင်ထင်းသည် လုရီကို မရဲတရဲ ကြည့်ရင်း လုရိီ မကန့်ကွက်သည်ကို မြင်ပြီးနောက်မှသာ လှည့်ထွက်သွားတော့သည်။

ဤသို့ လင်ထင်း ထွက်သွားပြီးနောက် လုရီ လည်း သူ့ခြေထောက်တွေက တိမ်တွေပေါ်မှာ နင်းပြီး နေရာကနေ ပျောက်သွားသည်။

မိုးကြိုးအရိပ်ခြေလှမ်းက ဆူညံလွန်းပြီး အင်အားကြီး သားရဲများကို ဆွဲဆောင်နိုင်သောကြောင့် မိုးကြိုးအရိပ်ခြေလှမ်းကို သူအသုံးမပြုခဲ့ပေ။ တစ်ဖက်တွင် တိမ်ဖြူခြေလှမ်းသည် တိတ်ဆိတ်သည်။

နောက်ပိုင်းတွင် လုရီသည် မြင့်မားသောတောင်တန်းတစ်ခုကို ရှာတွေ့သွားပြီး နက်ရှိုင်းသော ချောက်ကမ်းပါးမျက်နှာစာတွင် လှိုဏ်ဂူ တစ်ခု ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည်။ သူသည် လတ်တလော ကျင့်ကြံရန်အတွက် ယာယီဂူကြီးအဖြစ် ၎င်းကျောက်ဂူကို သုံးပြုခဲ့သည်။

သူသည် သားရဲတစ်သောင်း တောင်တန်းတွင် ရက်အနည်းငယ် နေထိုင်ပြီးမှသာ ဂိုဏ်းသို့ ပြန်သွားဖို့ စိတ်ပိုင်းဖြတ်ထားသည်။ လေးရက် အကြာတွင် လုရီ သည် ဂူရှေ့တွင် တင်ပျဉ်ခွေထိုင်သည်။

တုတ်ချောင်း တစ်ခုဖြင့် နှင်းလို ဖြူဖွေးသော မြွေအသား တစ်ပိုင်းကို မီးသွေးပေါ် ကင်ကာ ရံဖန်ရံခါ ဟင်းခတ်အမွှေးအကြိုင်အချို့ကို ဖြူးပေးသည်။

ကြွယ်ဝသော အကင်ရနံ့သည် လေထဲတွင် ပျံ့လွင့်နေကာ လုရီကို အတန်ငယ်မျှော်လင့်ချက်ပေးသည်။

သူသည် မီးသွေးအသားကင်လုပ်ရန် လေ့ကျင့်နေသည်ပင်။

မီးသွေးအသားကင်သည် လူတစ်ဦး၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သော ချက်ပြုတ်နည်းဖြစ်သည်။

၎င်းကို စားသုံးပြီးနောက် ပါဝင်ပစ္စည်းများရှိ ဝိညာဉ်စွမ်းအားကို အလွန်နူးညံ့သိမ်မွေ့သောပုံစံဖြင့် စုပ်ယူခံရမည် ဖြစ်သည်။

ကျင့်ကြံမှု အခြေခံ တိုးတက်မှုနှုန်းကို အရှိန်မြှင့်ရန်အတွက် ၎င်းကို ကျင့်ကြံခြင်းဆေးလုံးများနှင့် တွဲဖက် အသုံးပြုနိုင်သည်။ ဤချက်ပြုတ်နည်းအတွက် လိုအပ်သည့် ပစ္စည်းများမှာ

များများစားစားလည်းမဟုတ်လှပါ။

အမယ်အားလုံးကို သားရဲ‌တစ်သောင်းတောင်တန်းမှာပဲ ရှာတွေ့နိုင်သည်။

ပါဝင်ပစ္စည်းများ အများအပြားကို အချိန်တိုအတွင်း ရှာဖွေကာ တစ်နေ့လျှင် အကြိမ်များစွာ လေ့ကျင့်နိုင်ခဲ့သည်။

ထူးကဲ အဆင့်တွင် ဝိညာဉ် အစားအစာချက်ပြုတ်ခြင်းနှင့် ကျားရိုး ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်ကို အခြေခံအဖြစ် လုရီ၏ အချက်အပြုတ် စွမ်းရည်သည် ကောင်းမွန်ပြီး ကျင့်ကြံမှုအား ယခင်ကထက် ပိုမိုရိုးရှင်းစေသည်။

အနည်းဆုံးတော့ အရသာက လက်ခံနိုင်စရာပါပဲ။ လေးရက်အတွင်း လုရီ၏ မီးသွေးအသားကင်သည် အဆင့် သုံး နယ်ပယ်သို့ တိုးတက်ခဲ့သည်။

အချုပ်ဆိုရသော်၊ ၎င်းသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်း ဝိညာဉ်အစားအစာ ချက်နည်းဖြစ်သောကြောင့် အခက်အခဲအချို့ ရှိပေသည်။

ထိုသို့ လုရီတစ်ယောက် မြွေအသားကို ပျော်ရွှင်စွာ ကင်နေချိန်တွင် အဝေးမှ ရုတ်တရက် ဝုန်းခနဲ မြည်ဟည်းသံတစ်ခု အား ကြားလိုက်ရသည်။

အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်ရင်း လုရီသည် ကွက်ခနဲ မျက်နှာ ပျက်သွားသည်။ အကွာအဝေးတွင် ပြင်းထန်သော ဝိညာဉ်အလင်းတန်းများ တဟုန်ထိုးမြင့်တက်လာသည်။ တောင်ထွတ်များပြိုကျပျက်စီးနေသည်။ ဝိညာဉ်စွမ်းအားများ စီးဆင်းနေကာ လမ်းကြောင်းအရပ်ရပ်သို့ ပျံ့နှံ့သွားသော လေပြင်းများ ဖန်တီးကာ ၎င်းတို့၏လမ်းကြောင်းရှိ ကျောက်တုံးများနှင့် သစ်ပင်များကို ကျိုးပဲ့သွားစေသည်။

အိုး၊ ဒါ ဘယ်လောက်တောင် ကြီးမားတဲ့အရှိန်အဝါလဲ။

လုရီ အံ့အားသင့်သွားသည်။ သာမာန်အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူသည် တောင်များကို ဖြိုခွဲနိုင်စွမ်းရှိသော ယခုလောက် အဖျက်စွမ်းအားကို မပြသနိုင်ပေ။

ရွှေအူတိုင် ကျင့်ကြံသူသာ ထိုကဲ့သို့ ခွန်အားရှိရမည်။

အခု တိုက်ပွဲမှာ ရွှေအူတိုင် ကျင့်ကြံသူ ပါဝင်နေတာလား။

ဘယ်လို ဖြစ်ရတာလဲ။

လုရီ တောက်ပနေသော ဝိညာဉ်အလင်းတန်း၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်တော့ ကောင်းကင်တွင် ရပ်နေသော လူရိပ်အချို့ကို မပီမသတွေ့လိုက်ရသည်။ ထိုလူရိပ်တို့က ရံဖန်ရံခါ တစ်ယောက်ကို တစ်ယောက် ဖြတ်ကျော်သွားသည်။

ထို့နောက် ကောင်းကင်မှ တစ်စုံတစ်ယောက် ပြုတ်ကျလာပြီး အခြားသူက လိုက်ဖမ်းရန် ကြိုးစားစဉ် ပြင်းထန်သော အရှိန်အဝါများ၏ အရှိန်အဟုန်ကို လုရီ ခံစားလိုက်ရသည်။

တိုက်ပွဲမှ အောင်နိုင်သူ ထွက်ပေါ်လာပုံရသည်။ သို့သော် လုရီ၏ မျက်နှာသည်

မကြာမီတွင် သုန်မှုန်သွားသည်။ ဝိညာဉ်အလင်းတန်းတစ်ခုက သူ့ဦးတည်ရာသို့

ပျံဝဲ၍ လာနေသည်။ သူ့နောက်တွင် သွေးနီရောင်ဝိညာဉ်အလင်းတန်းက ထပ်ကြပ်

မကွာ လိုက်လာနေသည်ကို လုရီ သတိပြုမိလိုက်သည်။

"ဟာ..ချီးလိုပဲ"

လုရီသည် အံ့သြသွားသည်။ သူသည် အသားကင်ရုံသာ ရှိသေးသည်။ ရွှေအူတိုင်နယ်ပယ် ကျင့်ကြံသူက ဆိုက်ဆိုက်မြိုက်မြိုက် ပျံသန်းလာခဲ့သည်။ဘယ်လို အကျိုးနည်းမှုလဲ။

လုရီသည် တစ်စက္ကန့်မျှ အချိန်မဖြုန်းဘဲ မီးကို အမြန်ငြိမ်းသတ်ပြီးနောက် တောင်ပေါ်မှ ဆင်းကာ တောထဲသို့ ပုန်းနေလိုက်သည်။ သူ၏ ကန့်သတ်အဆင့် ရှိ ဖုံးကွယ် အသက်ရှူ စွမ်းရည်ကို ထုတ်ဖော်ကာ သူ့အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။

သူသည် အကြောင်းမရှိဘဲနှင့် ရွှေအူတိုင် ကျင့်ကြံသူနှင့် တိုက်ခိုက်ရန် သိပ်စိတ်မပါပါ။

ဝှီး....

ဝှစ်....

ယခုအခါ လူနှစ်ဦး၏ အသွင်အပြင်ကို ပုံဖော်နိုင်လာသည်။

ရှေ့မျက်နှာစာတွင် ဆံပင်ဖြူ လူကြီးတစ်ဦး အလျင်အမြန်ပျံသန်းလာသည်။ ထိုလူကြီးတစ်ကိုယ်လုံး သွေးများ ပေကျံနေသည်။အသားအရေမှာ ဖြူဖျော့နေသည်။

ရေခဲလို အေးခဲနေသော ဟန်ပန်နှင့် လူငယ်တစ်ဦးက လူကြီးအား အလျင်အမြန် လိုက်ဖမ်းနေသည်။

ထိုလူငယ့်ရင်ဘတ်တွင် ဓားခြစ်ရာတစ်ခု အမှတ်အသားပြုထားသည်။ သူ့မျက်နှာမှာ ခံစားချက် ကင်းမဲ့နေသည်။

လုရီ၏ အာရုံကို ဖမ်းစားထားသည်မှာ လူငယ်ပင်။

သူ့ကိုယ်မှ ထုတ်လွှတ်ထားသောအလွန်ပြင်းထန်သော သွေးညှီနံ့ အရှိန်အဝါသည် လုရီအား အလွန်စိတ်မသက်မသာ ဖြစ်စေသည်။

ဤသွေးညှီနံ့က ယခင်က သူ ရင်ဆိုင်ခဲ့ရသော သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များနှင့် အတူတူပင်။

-----------------

All Chapters