အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အခန်း၉၄-ကြီးကျယ်တဲ့ ရွှေအူတိုင်
ကျင့်ကြံသူကို တစ်ချက်တည်း သတ်ပြီ...
~ လုရိီမျက်နှာသည် ရုတ်တရက် တင်းမာသွားသည်။
ကံဆိုးတာပဲ၊
သွေးဝိညာဉ်ဂိုဏ်းသားတွေနဲ့ ထပ်တွေ့ပြန်ပြီဟ။
နောက်ဆုံးအကြိမ်က အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ရွှေအူတိုင်နယ်ပယ် ပုဂ္ဂိုလ်တဲ့လား။ ပိုဆိုးသည်။
ဤသည်မှာ မိမိတို့ တိမ်ဖြူဂိုဏ်း၏ နယ်မြေ ဖြစ်သေးသည်။
သွေးဝိညာဉ်ဂိုဏ်းသားတွေက ဒီနေရာမှာ ဘာရည်ရွယ်ချက်နဲ့ ထပ်ပေါ်လာကြတာလဲဟ။
သူမှတ်မိပြီ။ မကြာသေးမီက တိမ်ဖြူဂိုဏ်းနယ်မြေတွင် သွေးဝိညာဉ်ဂိုဏ်းသားများ တိုးများလာကြောင်း အလုပ်ရုံခန်းမရှိ အကြီးအကဲက သတိပေးထားသည်။
လုရိီ မျက်ခုံးပင့်မိသည်။
သူ့အနေနှင့် ဂိုဏ်း အလုပ်များကို ထမ်းဆောင်နေစဉ် ဒီလူတွေနှင့် ပက်ပင်းတိုးရန်
မမျှော်လင့်ထားပေ။
ထိုသွေးဝိညာဉ်ဂိုဏ်း၏ ရွှေအူတိုင် လူငယ် လိုက်လံဖမ်းဆီးနေသည့် ရွှေအူတိုင် အကြီးအကဲကို သူသေချာ မသိသော်လည်း အကြီးအကဲမှာ တိမ်ဖြူဂိုဏ်း၏ စီရင်စုပိုင်နက်ရှိ ကျင့်ကြံသူ မိသားစု တစ်ခုမှ ဖြစ်နိုင်သည် ။
လုရီသည် ရွှေအူတိုင်နယ်ပယ် ကျင့်ကြံသူ နှစ်ဦးကို စောင့်ကြည့်နေချိန်တွင် သွေးဝိညာဉ်ဂိုဏ်းက ဆံပင်ဖြူအကြီးအကဲအား လိုက်မီတော့မည် ဖြစ်သည်။
ပျံသန်းနေသော ဆံပင်ဖြူအကြီးအကဲက သူ့နောက်က အရိပ်အယောင်ကို အာရုံခံမိပြီး အလွန်စိုးရိမ်သွားသည်။
"သွေးဝိညာဉ်နတ်ဆိုးတွေ၊ အတင့်ရဲလှချည်လား၊ တိမ်ဖြူဂိုဏ်းရဲ့ ဘောင်အတွင်းက ကျင့်ကြံသူတွေကို ခြုံခိုတိုက်နေတာလား၊ တိမ်ဖြူဂိုဏ်းရဲ့ လက်တုံ့ပြန်မှုကို
မကြောက်ဘူးလား..."
အနောက်မှ တဟုန်ထိုး ပျံသန်းလာသော သွေးဝိညာဉ်ဂိုဏ်း၏ တပည့်က
ရယ်ရမ်းသွေးသည်။ရမ်းသွေးသည်။
"မင်းတို့အားလုံး သေသွားမှတော့ တိမ်ဖြူဂိုဏ်းက ဘယ်လို သိနိုင်ဦးမလဲ၊
သောက်အဘိုးကြီး၊ ထွက်ပြေးချင်မနေနဲ့၊
မလွတ်နိုင်ဘူး"
သူ့စကား အဆုံး၌ သွေးဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူ လူငယ်သည် ဓားနည်းပညာကို ထုတ်ဖော်လိုက်ရာ သွေးနိီရောင် ဓားရှည် ငါးချောင်း သူ့ခန္ဓာကိုယ်မှ လေတိုးသံ ပေး၍ လေထုသို့ ဖြိုခွဲလာသည်။ ဓားရှည်ငါးချောင်း သည် အလင်းတန်းအသွင် ပြောင်းလဲ၍ ဆံပင်ဖြူ အကြီးအကဲကို တည့်တည့် ချိန်ရွယ်သည်။
ဆံပင်ဖြူ အကြီးအကဲသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝိညာဉ် စွမ်းအင်များ ဝန်းရံစေလိုက်ပြီး အဖြူရောင် ထီး တစ်လက်အား လေထဲမှ အမြန် ထုတ်ဖော်ကာ ဒိုင်းတစ်ခုသဖွယ် ဖွင့်ထားရင်း သွေးနီဓားရှည်များကို အဆက်မပြတ် ပိတ်ဆို့သည်။
တိုက်မိခြင်းမှ ဝိညာဉ်စွမ်းအင် လှိုင်းလုံးများ ပျောက်ကွယ်သွားကာ နားကျိန်းဖွယ် သော ဆူညံသံသည် အဆက်မပြတ် ထွက်ပေါ်လာသည်။
၎င်း အားလှိုင်းများ ဖြတ်သန်းရာ မြေပြင်ပေါ်ရှိ သစ်ပင်များသည် ချက်ချင်းပင် အမြစ်မှ ကျွတ်ကျတော့မလို သည်းကြီးမည်းကြီး လှုပ်ယမ်းနေတော့သည်။
"သေစမ်း!"
သွေးဝိညာဉ်ဂိုဏ်း၏ တပည့်က ကြိမ်းမောင်းပြီး သွေးအမျှင် တစ်ခုအား အဖြူရောင်ထီးထံ အရှိန်ပြင်းပြင်း
ပစ်လွှတ်သည်။ အဖြူရောင်ထီးသည် ချက်ချင်းပင် ကွဲအက်သွားသည်။
ဆံပင်ဖြူ အကြီးအကဲ၏ ဆံပင်များက ဒေါသတကြီးဖြင့် လူးလွင့်နေရင်း သူသည် ဟိန်းဟောက်သည်။ သူ့ဝတ်ရုံသည် လေတွင် တဖားဖား လွင့်မျောနေကာ သူသည် ရှေ့သို့ ချီတက်လာရင်း မီးတောက်ကြီး လက်ကြီး တစ်ဖက် ဖော်ထုတ်လိုက်ကာ သွေးအမျှင်အား ဆုပ်ယူလိုက်သည်။
သွေးအမျှင်နှင့် လက်ကြီး ထိတိုက်မိသွားကာ ပြင်းထန်သော ဆူညံသံများ ဖန်တီးသည်။
ဆူညံသံများအောက်တွင် ဧရာမ မီးတောက် လက်ကြိီးနှင့် သွေးအမျှင်များ ပေါက်ကွဲကာ မီးမိုးများ ရွာချလာပြီး တောအုပ်ကို တောက်လောင်စေသည်။
ဆံပင်ဖြူအကြီးအကဲသည် မျက်နှာ ဖြူဖျော့ကာ အနောက်သို့ လွင့်စင်သွားသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ တစ်ဖန် စီးကျလာသည်။
ထိုအချိန်တွင်ပင် သွေးနီရောင် ဓား
ငါးချောင်းသည် လေထဲသို့ ထိုးဖောက်ဝင်ရောက်၍ အကြီးအကဲကို ချိန်ရွယ်ပြန်သည်။
အကြီးအကဲသည် မျက်နှာ ပျက်ယွင်းသွားပြီး ကမန်းကတန်း ကိုယ်ကို ယိမ်းကာရှောင်တိမ်းလိုက်သော်လည်း သူ့ဝမ်းဗိုက်ကို ဖြတ်၍ သွေးနီရောင် ဓားရှည်
တစ်ချောင်း ထိုးဖောက် ဝင်ရောက်လာကာ ကောင်းကင်၌ သွေးများ ပန်းထွက်သွားသည်။
အကြီးအကဲ၏ ဗိုက်တွင် အပေါက် အကြီးကြီးတစ်ခု ပေါ်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများ သိသိသာသာ ဖောင်းကားလာသော်လည်း ရွှေအမြုတေ ကျင့်ကြံသူ၏ အသက်တာသည် အလွန်ပြင်းထန်သည်။ အကြီးအကဲသည် မသေဆုံးသေးချေ ။သူသည် မြေပြင်ပေါ်သို့ အရုပ်ကျိုးပျက် လဲကျသွားပြီးနောက်တွင် သွေးတလုတ်ပြီးတစမလုန် အန်ထုတ်နေရရင်း ကောင်းကင်၌ ပျံဝဲနေသော သွေးဝိညာဉ် ဂိုဏ်းသားကို နာကျည်းသော မျက်လုံးများဖြင့် ကြည့်နေသည်။
သွေးဝိညာဉ်ဂိုဏ်းသား၏ နှုတ်ခမ်းသည် အနည်းငယ် ကွေးညွှတ်သွားပြီး မဲ့ပြုံးကာ ကောင်းကင်မှ အေးအေးလူလူ ဆင်းသက်သည်။သူက အကြီးအကဲကို ငုံ့ကြည့်ရင်း အထင်တသေး ဆိုသည်။
"ငါပြောတယ်လေ၊ မင်း
မလွတ်နိုင်ပါဘူးလို့"
"အဟွတ်..အဟွတ်..ဟေ့ကောင် ၊တိမ်ဖြူဂိုဏ်းက မင်းကို ဒီတိုင်း မထားဘူးကွ..""
ထိုအခါ သွေးဝိညာဉ်ဂိုဏ်းသားက
စိတ်မပူဘဲ ရယ်သည်။
"ဟီးဟီးဟီး၊ ဒါက နောင်ခါလာ နောင်ဈေးပဲ၊ အခု မင်းဟာ သွေးအနှစ်သာရရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရတော့မယ်၊ ရွှေအူတိုင် ကျင့်ကြံသူရဲ့ သွေးအနှစ်သာရဟာ
ကြီးမြတ်တဲ့ ဆေးစွမ်းကောင်းပဲ"
သွေးဝိညာဉ်ဂိုဏ်းသားသည် မန္တန်တစ်ခု ထုတ်ဖော်လိုက်ပြီး အကြီးအကဲကို အရှင် ဖမ်းခေါ်ရန် စီစဉ်ခဲ့သည်။
ထိုအချိန်မှာပင် သွေးဝိညာဉ်ဂိုဏ်းသား၏ နောက်ကျောဘက်မှ ပြင်းထန်လှသော ဓားစိတ်ဆန္ဒ တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်လှသော မိုးကြိုးစွမ်းအား ရစ်သိုင်းကာ ဂိုဏ်းသား၏ ဆံပင်များအား အဆုံးထိ ထောင်ထသွားစေသည်။
သွေးဝိညာဉ်ဂိုဏ်းသားက ဒေါသတကြီး ငေါက်ငမ်းရင်း သူ့ကိုယ်မှာ ဝိညာဉ်စွမ်းအင်တွေ ထုတ်ဖော်ကာ အလျင်အမြန် ခုခံမည်အပြု နောက်ကျသွားလေပြီ။
ဓားအလင်းတန်းက သူ့လည်ပင်းကို ဖြတ်ပိုင်းသွားချေပြီ။
သွေးဝိညာဉ်ဂိုဏ်းသားသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ သွေးများစီးကျလာရင်း သူ့အမြင်အာရုံတွင် ဓားရှည်တစ်ချောင်းကိုင်ဆောင်ထားသော လူငယ်တစ်ယောက် သူ့နောက်တွင် မတ်မတ် ရပ်နေသည်ကို တွေ့လိုက်ရသည်။ လူငယ်၏ ကျင့်စဉ်သည်အံ့ဩစရာကောင်းလောက်အောင် ချီသန့်စင် နယ်ပယ်တွင်သာ ရှိသေးသည်။
မဖြစ်နိုင်ဘူး။ ငါက
ရွှေအူတိုင် ကျင့်ကြံသူလေ။
တွန့်ဆုတ်မှုများနှင့် ပြည့်နှက်နေသော သွေးဝိညာဉ်ဂိုဏ်းသားသည် တုန်လှုပ် အံ့သြနေသော အတွေးတစ်ချက်သာ သူ့စိတ်ထဲ၌ နောက်ဆုံး ပေါ်ပေါက်ကာ အသက် ကင်းမဲ့သွားခဲ့သည်။
လုရီသည် သွေးဝိညာဉ်ဂိုဏ်း၏ တပည့် အလောင်းကို ကြည့်ရင်း ပင့်သက်ရှိုက်လိုက်သည်။
ရွှေအူတိုင် ကျင့်ကြံသူ နှစ်ယောက်က သူ့အပေါ် ရိုးရိုးလေး ပျံသန်းသွားခဲ့လျှင် သူသည် ဝင်စွက်ဖက်မှာ မဟုတ်။
သို့သော် သူနှင့် ဤမျှလောက် နီးနီး ကပ်ကပ် ဆင်းသက်လာရန် သူ သေချာပေါက် မမျှော်လင့်ခဲ့ပါ။
လုရီသည် သူ၏ ဖုံးကွယ် အသက်ရှူ
စွမ်းရည်ကို ထူးကဲ အဆင့်သို့ ကျင့်ကြံထားလေသည်။ ထပ်လောင်း၍ သူ၏ အရှိန်အဝါအား ထိန်းချုပ်နိုင်မှုသည်
ကောင်းကင်တာအို ကန့်သတ်ချက်အား ချိုးဖျက်ခဲ့လေရာ ရွှေအူတိုင် ကျင့်ကြံသူ၏ အမြင်မှ အလွယ်တကူ မျက်ခြေဖြတ်ရန်နှင့် သေကွင်းသေကွက် ထိုးနှက်နိုင်ရန် ကူညီပေးသည်။
နောက်ကွယ်မှ ချောင်းမြောင်းတိုက်ခိုက်ခြင်းသည် ဂုဏ်သိက္ခာ ရှိသော လုပ်ရပ် မဟုတ်သော်လည်း လုရီသည် ၎င်းနှင့်ပတ်သက်၍ မရှက်ရွံ့ပါ။ အမှန်စင်စစ်တော့
သူသည် အတော်လေး ဝမ်းသာအားရ နေသည်။
ရွှေအူတိုင် ကျင့်ကြံသူက ဤမျှ သတ်ဖြတ်ရန် လွယ်ကူမည်မှန်း သူ မသိခဲ့ပါပေ။
လုရီ သူ့အလုပ်မျက်နှာပြင်အား စစ်ဆေးကြည့်လိုက်သည်။
အလုပ်..
သွေးဝိဉာဉ်ဂိုဏ်း၏ ရွှေအူတိုင် ကျင့်ကြံသူတစ်ယောက်အား သတ်ပါ။ (ပြီးစီးသည်။)
ဆုလာဘ်.. ရွှေအူတိုင် စွမ်းရည် 'ဆန်းကြယ် မှော်ဓားခုနစ်လက်'
ဆုလာဘ်အား လက်ခံပါ..လက်ခံမည်လား/ငြင်းမည်
လား ...
ဟူ၍ .....
မမှားပါ။ ဤသို့ အလစ် မတိုက်မီတည်းက လုရီသည် သူ့ကိုယ်သူ အလုပ် ပေးပြီးသား ဖြစ်လေ၏။
၎င်းက အန္တရာယ် များလှကာ ရုတ်ရုတ်သဲသဲ ဖြစ်နိုင်ချေ ရှိသော်လည်း ဆုလာဘ်က ရင်ခုန်စရာ ကောင်းပါ၏။
ဒါက ရွှေအူတိုင် စွမ်းရည် ဖြစ်တဲ့အပြင်
ဓားနည်းစနစ်လည်း ဖြစ်နေသည်။
လက်ရှိတွင် လုရီ၏ တစ်ခုတည်းသော ဓားစွမ်းရည်သည် တိမ်ဖြူဓားသိုင်း ဖြစ်သည်။ ဟုတ်ပါသည်။ ထူးကဲအဆင့် တိမ်ဖြူဓားသိုင်းက အားမနည်းလှသော်လည်း
အခြား အစွမ်းထက် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ရှိ စွမ်းရည် အချို့နှင့် ယှဥ်သော် သူသည် လူသား သဘာဝအတိုင်း ပိုသန်မာသော နည်းလမ်းများကိုသာ အလိုရှိသည်။
သို့သော်ငြား၊ ရွှေအူတိုင် စွမ်းရည်၏ ကျင့်ကြံခြင်း အခက်အခဲက အရမ်းမြင့်မားနိုင်သော်လည်း မြင့်မားသော အဆင့်ရောက်ရှိအောင် ဘယ်လောက်ကြာကြာ
သူ့စွမ်းရည်များကို လေ့ကျင့်ရမည်ကိုအတပ် မသိပါ။
သူသည် အလျင်မလိုပါ။ အချိန်တွေ ပေါပါသည်။
လုရီသည် ဆုလာဘ်ကို ယခု မထုတ်သေးဘဲ ဆံပင်ဖြူ အကြီးအကဲထံ အကြည့်များ ရောက်ရှိသွားသည်။
ထိုအခိုက်အတန့်တွင် ဆံပင်ဖြူ အကြီးအကဲသည် သူ့ဗိုက်ရှိ ပြင်းထန်သော ဒဏ်ရာကြီးအား လက်တစ်ဖက်ဖြင့် ဖိအုပ်ကာ လုရီကို မှင်သက်စွာ ငေးကြည့်နေသည်။
----------------
အခန်း၉၅-ရွှေအူတိုင် နယ်ပယ်ရဲ့ ဓားချက်...
~ယခုအခိုက်မှာ ဆံဖြူ အကြီးအကဲ၏ စိတ်သည် ထုံထိုင်းသွားသည်။ သူသည် ယနေ့ တမလွန် မြန်းဖို့ သေချာပြီဟု ထင်ခဲ့သော်လည်း သွေးဝိညာဉ်ဂိုဏ်း၏ရွှေအူတိုင်နယ်ပယ် ဂိုဏ်းသားတစ်ဦးသည်
ယနေ့ ဤကဲ့သို့ သေဆုံးလိမ့်မည်ဟု ဘယ်သူက စိတ်ကူးမိမှာလဲ။
သူ့ကို သတ်ဖြတ်ခဲ့သည့် သူက တကယ်တော့ နိမ့်ကျသည့် ချီသန့်စင် နယ်ပယ်ရှိ ကောင်လေးသာ ဖြစ်နေသည်။
ဗိုက်မှာ ဒဏ်ရာကြီးကြီးမားမားရကာ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ အဆက်မပြတ် ထွက်နေတာကြောင့်သာ။ သို့မဟုတ်လျှင် ဆံဖြူ အကြီးအကဲသည် ဤမြင်ကွင်းအား သူ့ကိုယ်သူ အိပ်မက်မက်နေတုန်းပဲဟုတောင် ထင်မိပါလိမ့်မည်။
လုရီက သူ့အား ကြည့်နေတော့ ဆံဖြူ အကြီးအကဲက သွေးတစ်လုတ် အန်ထုတ်ပြီးနောက် ကျေးဇူးတင်စကား ဆိုလာသည်။
"မိတ်ဆွေလေး ကျုပ်နာမည် လီတုန်းလေ့ပါ၊ ကျုပ်အသကိကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထိုစဉ် ဆံဖြူ အကြီးအကဲ အသည်းအသန်ချောင်းဆိုး၍ သွေးအန်မှု ပြင်းထန်လာသည်ကို မြင်လိုက်ရသောအခါ လုရီ၏ မျက်လုံးများ တောက်ပလာပြီး အတင့်ရဲသော အတွေးတစ်ခု ပေါ်လာသည်။
သူသည် သူ့ကိုယ်သူ “ဒီရွှေအူတိုင် ကျင့်ကြံသူကို ငါ ကယ်တင်မယ်” ဟု အသံတိတ် ကြိမ်းဝါးလိုက်သည်။
သူ့စနစ်မှ အလုပ် ပေါ်လာတော့သည်။
[အလုပ် ]
လီတုန်းလေ့ကို ကယ်တင်ပါ။
ဆုလာဘ်- အသခ်ျေ ဝိဉာဉ် နှင်းစက်
ဆယ်စက်။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
လုရီ သူ့စိတ်ထဲတွင် ကြည်နူးစွာ အံ့သြသွားသည်။
အသခ်ျေ ဝိဉာဉ် နှင်းစက်
ဆယ်စက်...?
လုရီသည် ဤကဲ့သို့ ကျင့်ကြံခြင်း ဆုလာဘ်ကို ပထမဆုံး အကြိမ် ရရှိခြင်းပင်။ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်သည် အလွန်အစွမ်းထက်နေပြီ ဖြစ်နေလေပြီ။အသခ်ျေ ဝိဉာဉ် နှင်းစက် ဆိုသည်က ပို၍ပင် အားကောင်းနေပေမည်။
သို့သော် သူ့ကို မကယ်တင်မီ ...
လုရီသည် သူ၏ ဝိညာဉ်စွမ်းအင်ကို ဖြန့်ကျက်ပြီး နောက်တစ်ကြိမ် အတိတ်မေ့စွမ်းရည် ထုတ်ဖော်လိုက်သည်။
လီတုန်းလေ့သည် သူ့ဆီရောက်လာသည့် ဝိညာဉ်စွမ်းအားလှိုင်းလုံးတွေကို ခံစားလိုက်ရသောအခါ မျက်နှာ ပျက်ယွင်းကာ ခုခံဖို့ကြိုးစားသည်။
သို့သော်ငြားလည်း သူသည် ဤလွှမ်းမိုးနေသည့် ဝိညာဉ်စွမ်းအားကို မခုခံနိုင်ရှာပေ။
လီတုန်းလေ့မျက်လုံးများ မှိန်ဖျော့သွားပြီး နေရာတွင်ပင် သတိလစ်သွားသည်။
လုရီသည် သတိလစ်နေသော
လီတုန်းလေ့ကို ငုံ့ကြည့်ကာ သက်ပြင်းဖျော့ဖျော့ တစ်ချက်မှုတ်ထုတ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ယခုအခါ လုံလုံလောက်လောက် အားကောင်းနေပြီဖြစ်ပြီး အသွင်ပြောင်းအဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်ကာ ရွှေအူတိုင် ကျင့်ကြံသူများထက် လှေကား တစ်ထစ်ခန့် သာလွန်နေကြောင်း ထပ်လောင်း အတည်ပြုရသည်။ သူ၏ အတိတ်မေ့ စွမ်းရည်သည် ထူးကဲအဆင့်သို့ ရောက်ရှိသွားသည်နှင့်အမျှ ရွှေအူတိုင် ကျင့်ကြံသူများသည်ပင် သူ၏ အတိတ်မေ့ စွမ်းရည်ကို ခံနိုင်ရည် မရှိခြင်းဟု ယူဆရပါသည်။
ဟုတ်ပါသည်။၎င်းက သာမန် ရွှေအူတိုင် ကျင့်ကြံသူတွေနှင့်သာ သက်ဆိုင်ပါသည်။ ထိုသဘာဝ ပါရမီရှင်များသည် ခြွင်းချက်ဖြစ်နိုင်သည်။
လီတုန်းလေ့က အတိတ်မေ့ စွမ်းရည်ကို အသုံးချပြီး လုရီ စိတ်သက်သာရာ ရသွားသည်။
သူသည် ထိုသွေး ဝိညာဉ်ဂိုဏ်း၏ ရွှေအူတိုင် ကျင့်ကြံသူပိုင် သိုလှောင် လက်စွပ်ကို ဦးစွာ ကောက်ယူလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ ခြေရာများအားလုံးကို ဖျက်ကာ လီတုန်းလေ့ကို ရုတ်သိမ်းလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
လုရီ လီတုန်းလေ့ကို တောင်ထိပ်တစ်ခုသို့ ခေါ်ဆောင်ကာ ဝမ်းဗိုက်ရှိ ဒဏ်ရာကို စစ်ဆေးလိုက်သည်။ ဒဏ်ရာက သွေးထွက်တာ ရပ်သွားပေမယ့် မသက်သာသေးပါပေ။
အရှင်းဆုံး ပြောရလျှင် ရွှေအူတိုင် ကျင့်ကြံသူ၏ အသက်တာသည် ထူးခြားပါသည်။
လုရီအနေနှင့် လီတုန်းလေ့ကို အင်အားကြီးသားရဲများ ကိုက်စားခြင်းမှ တားဆီးပြီး ဘေးကင်းသော နေရာသို့ ခေါ်ဆောင်သွားသရွေ့၊ ၎င်းကို အောင်မြင်သော ကယ်တင်ခြင်းဟု ယူဆရပေလိမ့်မည်။
သေချာပါသည်။ သူ့မှာ ကုစားဆေးလုံးများ ပါလျှင် လီတုန်းလေ့ ပို၍ မြန်မြန် ပြန်ကောင်းလိမ့်မည်။
ကံမကောင်းစွာပဲ သူ့ လက်ထဲတွင်ကုစားဆေးလုံး အများအပြားမရှိခဲ့ဘဲ ဆေးလုံး အများစုမှာ ချီသန့်စင် နယ်ပယ်အတွက်သာ သင့်တော်သည်။ သူ့တွင် ရွှေအူတိုင်နယ်ပယ်အတွက် ကုစားဆေးလုံး မရှိသောကြောင့် လုရီ လုပ်နိုင်သမျှမှာ အဘိုးအိုအား ဘေးကင်းသော နေရာတွင် ထားခဲ့ရန်သာ ဖြစ်သည်။
မကြာခင်မှာပဲ လီတုန်းလေ့ဟာ တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့ပါသည်။ မြင့်မားသော ဝိညာဉ်စွမ်းအားပိုင်ဆိုင်သော ရွှေအူတိုင် ကျင့်ကြံသူအနေဖြင့် သူသည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။
သူနိုးလာသည်နှင့်တပြိုင်နက် လီတုန်းလေ့ သည် စိုးရိမ်တကြီး ထရပ်ဖို့ ကြိုးစားခဲ့သော်လည်း လှုပ်ရှားမှုကြောင့် သူ၏ ဝမ်းဗိုက်ဒဏ်ရာကို ဒဏ်ပေးသလို
ဖြစ်ရာ သွေးများ ထပ်မံ ထွက်ကျလာခဲ့သည်။
သူက ချက်ချင်း မြေပြင်ပေါ် ပြန်လဲကျသွားပြီး "ငါ ဘယ်ရောက်နေပါလိမ့်"ဟု အားနည်းစွာ ရေရွတ်သည်။
ထိုအခါ လုရီက သူ့အနားသို့ လှမ်းလာပြီး
ဖော်ဖော်ရွေရွေ ပြုံးပြကာ
"လူကြီးမင်း၊ မြေပြင်မှာ သတိလစ်နေတဲ့ တာကို ကျွန်တော် တွေ့ခဲ့ပါတယ်၊ဒါကြောင့် ခင်ဗျားကို ဘေးကင်းတဲ့နေရာကို ကျွန်တော် သယ်လာခဲ့တာပါ"
လုရီ စကားကို ကြားလိုက်ရသောအခါ
လီတုန်းလေ့ မှင်သက်အံ့ဩသွားသည်။
သွေးဝိညာဉ်ဂိုဏ်းသားက မိမိအား အသည်းအသန် လိုက်လံဖမ်းဆီးနေစဉ် အလွန်တောက်ပသော ဓားအလင်းတန်း တစ်ခု ဖြာထွက်လာပြီး မိမိသည် ထိုဝိညာဉ်စွမ်းအားကြောင့် သတိလစ်သွားသည်ကို သတိရကာ ခေါင်းကျိန်းသွားသည်။
လီတုန်းလေ့ က သူ့ကိုယ်သူ ရေရွတ်သည်။
"ဘယ်သူ ငါ့ကို ကယ်တင်ခဲ့တာလဲ"
သူက လုရီဘက်ကို အလျင်စလို လှည့်ပြီး
မေးသည်။
"ကျေးဇူးပါပဲ မိတ်ဆွေလေး၊ တစ်ခု မေးချင်တယ်၊ ကျုပ် အသက်ကို ကယ်တင်ခဲ့တဲ့ တခြားတစ်ယောက်ယောက်ကို မင်း မြင်ခဲ့လား"
ထိုအခါ လုရီ ခေါင်းခါလိုက်ပြီး
"မတွေ့ခဲ့ပါဘူး၊ အဲဒီမှာ စီနီယာက သတိလစ်နေခဲ့တာပဲ ကျွန်တော် မြင်ခဲ့တာဗျ"
"ငါတစ်ယောက်တည်းလား?"
လီတုန်းလေ့က ထိတ်လန့်သွားပြီး
“သွေးနီရောင် ဝတ်ရုံ ဝတ်ထားတဲ့ ခေါင်းပြတ်နေတဲ့အလောင်း မရှိဘူးလား” ဟု ထပ်မေးလိုက်ပြန်သည်။
လုရီက ခေါင်းခါလိုက်ပြီး
"ဟင့်အင်း၊ ကျွန်တော် မတွေ့မိပါဘူး"
လီတုန်းလေ့ အံ့ဩသွားသည်။
အဲဒီသွေးဝိညာဉ်ဂိုဏ်းသားက အလောင်းတောင် ပျောက်သွားပြီလား။
ငါ့ကို ကယ်တင်တဲ့ ကျင့်ကြံသူ တစ်ယောက်က အလောင်းကို သိမ်းဆည်းသွားတာများ ဖြစ်မလား။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် လီတုန်းလေ့သည် ထိုအမည်မသိကျင့်ကြံသူသည် အဘယ်ကြောင့် သူ့အား ကယ်တင်ကာ သွေးဝိညာဉ်ဂိုဏ်းသား၏ အလောင်းကို ဖယ်ထုတ်ရသလဲ အဖြေ မရှာနိုင်ပေ။ သို့သော် သူသည် အတွေးလွန်မနေတော့ဘဲ
"မိတ်ဆွေလေး၊ ကျုပ် ဒဏ်ရာပြင်းပြီး ကုစားဖို့ အရေးတကြီး လိုအပ်နေလို့၊ မင်းကို ကျုပ် တစ်ခု တောင်းဆိုချင်ပါတယ်!"
လုရီသည် အံ့ဩသွားပြီး "ဘာများပါလဲ ၊လူကြီးမင်း" ဟု မေးသည်။
"ကျုပ်တို့ လီမိသားစု ဒီတစ်ကြိမ်မှာရရှိတဲ့ အခြေတည် ဝိဉာဉ်ကျင့်ကြံသူရဲ့ အမွေအနှစ်နေရာဟာ ထောင်ချောက် ဖြစ်နေတယ်၊ဒါဟာ သားရဲ တစ်သောင်းမြို့ရဲ့ ကျင့်ကြံသူတွေကို ထောင်ချောက်ဆင်ဖမ်းဖို့ ကြံရွယ်ထားတဲ့ သွေးဝိညာဉ်ဂိုဏ်းဝင်တွေရဲ့ လုပ်ကြံမှုတစ်ခုပဲ၊ မိတ်ဆွေလေး၊ မင်း မြန်မြန်သွားပြီး သားရဲ တစ်သောင်းမြို့မှာ ရှိတဲ့ တိမ်ဖြူ ဂိုဏ်းက ကျင့်ကြံသူတွေကို သတိပေးစေချင်ပါတယ်"
ထိုအချိန်တွင် လုရီ လန့်သွားပြီး အနည်းငယ်လည်း အံ့ဩသွားသည်။
သွေးဝိညာဉ်ဂိုဏ်း၏ တပည့်နှင့်
လီတုန်းလေ့တို့ကြား ပြောခဲ့သော စကားများတွင် 'ထောင်ချောက်' ဟူသော စကားလုံးကို သူ ကြားသိခဲ့ရသော်လည်း ၎င်းကို သေဆုံးသွားသော အခြေတည်ဝိညာဉ်ကျင့်ကြံသူ၏ တည်နေရာနှင့်
မချိတ်ဆက်မိခဲ့ပေ။
ဟုတ်သည်။လီ မိသားစုသည်
ထိုဂူစံအိမ် အမွေအနှစ်ကို သိမ်းပိုက်ရန် ရည်ရွယ်ထားကြောင်း လင်ထင်း သူ့ကို ပြောပြခဲ့သည်။
ဤအကြီးအကဲသည် လီ မိသားစုမှ ရွှေအူတိုင် ကျင့်ကြံသူ ဖြစ်နိုင်ပါသလား။
ဒီလိုပဲ ဖြစ်ဖို့ များသည်။
လုရီ၏အမူအရာသည် ချက်ချင်းပင် ဆိုးရွားသွားခဲ့သည်။ ဒီကိစ္စက လေးနက်သည်။
လင်ထင်း၏ အဆိုအရ အခြေတည် ဝိဥာဉ် ကျင့်ကြံသူ၏ ဂူစံအိမ် ပေါ်ပေါက်သော သတင်းသည် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး လူအများအပြား ထိုနေရာသို့ သွားနေကြသည်။ လုရီကိုယ်တိုင်လည်း ထိုဒေသတွင် ရွှေအူတိုင် ကျင့်ကြံသူ အများအပြား အချင်းချင်း တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ရသည်။
ယင်းကို အခြေခံ၍ ထိုရွှေအူတိုင် ကျင့်ကြံသူများသည် သေမင်းထောင်ချောက်ထဲသို့ ဆွဲဆောင်ခံရသည်လား။
လုရီသည် တည်ကြည်သော အမူအရာဖြင့် အာမခံသည်။
"ဟုတ်ကဲ့ပါ၊ စီနီယာ၊ စိတ်ချပါ၊ ကျွန်တော် သတင်း ပို့ပေးပါမယ်"
"ဟုတ်ပါပြီ၊မြန်မြန် သတင်းပို့ပါ၊ ကျုပ်က ကျုပ်ဘာသာ ပြန်ကောင်းလာနိုင်တယ်"
လီတုန်းလေ့က မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်။
လုရီ ခေါင်းညိတ်ပြီးနောက် လီတုန်းလေ့ကို နောက်ထပ် အတွေးတစ်ခု မပေးဘဲ သေသွားသော ရွှေအူတိုင် ကျင့်ကြံသူ ရှိရာအရပ်မျက်နှာကို လှမ်းကြည့်လိုက်ပြီး
ခဏတာ တုံ့ဆိုင်းသွားသည် ။
သွေးဝိညာဉ်ဂိုဏ်းသားများက မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေးပေ။
ထိုသူတို့သည် ရွှေအူတိုင် ကျင့်ကြံသူများသာ ဖြစ်ပါက သူသည် ဝှက်ဖဲ မျိုးစုံဖြင့် အားလုံးကို သတ်ပစ်နိုင်မည် ဖြစ်သည်။ သို့သော် အခြေတည် ဝိဥာဉ်
တစ်ဦး ပေါ်လာပါက၊ ၎င်းသည်
အမှန်တကယ် ရှုပ်ထွေးလာတော့ပေမည်။
-------------—-
အခန်း၉၆- ရွှေအူတိုင် နယ်ပယ်ရဲ့ ဓားချက်...
~လုရီက ခဏလောက် စဉ်းစားပြီး ဘေးကင်းရေးအတွက် အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံသူအား ကယ်တင်ရန် အလုပ်တစ်ခု ထုတ်ပေးခြင်းသည် အလွန်ရက်ရောသော ဆုလာဘ်ကို ပေးမည်ဟု ခန့်မှန်းခဲ့သော်လည်း သူ လုရီသည် ကြုံရာ အလုပ်ကိုမျှ လက်ခံမည့်သူ မဟုတ်ပေ။
ဤသို့ဆိုလျှင်တောင်မှ သူ လုပ်နိုင်သည့် အလုပ် မရှိဟု မဆိုလိုပါ။
လုရီက
"သွေးဝိညာဉ်ဂိုဏ်းက တပည့်တွေရဲ့ ပူးပေါင်းကြံစည်မှုအကြောင်း ငါ တိမ်ဖြူဂိုဏ်းကို အကြောင်းကြားရမယ်"
[အလုပ်]
သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များ ပူးပေါင်းကြံစည်မှုအကြောင်း တိမ်ဖြူဂိုဏ်းကို အသိပေးပါ။
ဆုလာဘ်- 'သွေးအနှစ်သာရ ဆေးလုံး'[အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ဆေးလုံး သန့်စင်နည်း ဖြစ်ပါသည်။]
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
လုရီ ဝမ်းသာသွားသည်။
တကယ့်ကို သွေးအနှစ်သာရ ဆေးလုံးလား။
၎င်းသည် ချီသန့်စင် နယ်ပယ်အတွက် ခန္ဓာ အားတိုးဆေးလုံး နှင့် ဆင်တူသည်။ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်အတွက် အလွန် ထူးခြားသော ခန္ဓာသန့်စင်ဆေး ဖြစ်သည်။
၎င်းနှင့်ဆိုလျှင် သူသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ အဆင့်တက်နိုင်တော့မည်လား။
နောင်လာမည့် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်အတွက် သူ၏ ကျင့်ကြံမှုအကြောင်းကို သေချာစွာ စဉ်းစားရန် လိုအပ်ပါသည်။
ကျင့်ကြံခြင်းတွင် ဝိညာဉ်စွမ်းအားမှာ အဓိက ပြဿနာ မဟုတ်ပါ။ သူ၏လက်ရှိ
အလုပ်များမှ အသခ်ျေဝိဉာဉ်နှင်းစက်ကိုပင် လက်ဆောင်ပေးထားသည်။ နှစ်တစ်ထောင် ဝိဉာဉ်နှင်းစက်ကပင် သု့အား ယာယီအားဖြင့် ဝိညာဉ်စွမ်းအားစုပ်ယူဖို့
မပူပန်ရစေပါ။
ထို့ပြင် သူသည် ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေသော ဝိဉာဉ်အစားအစာ ချက်ပြုတ်နည်းဖြစ်သော 'မီးသွေး အသားကင်'ကိုလည်း သင်ယူထားသေးသည်။
ပြသနာက အဘယ်မှာ မူတည်သလဲဆိုသော် ခန္ဒာ သန့်စင်ခြင်းနှင့် နတ်ဘုရား သန့်စင်ခြင်းအပေါ်မှာ မူတည်သည်။
လုရီသည် ကျောက်စိမ်း ခန္ဓာသိုင်းနည်းစနစ်ကို အကန့်အသတ်အဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးသည်ဖြစ်ရာ
သူ့ကိုယ်သည် အလွန်သန်မာပြီး အကြမ်းခံလေသည်။
အစိမ်းရောင်ဝိဉာဉ်ဓားဖြင့် သူ့ကိုယ်သူ
ပုံမှန် ခွန်အားထည့်၍ စမ်းသပ်ကြည့်သောအခါ သူ့အရေပြားသည် ခြစ်ရာမျှပင် မထင်ပေ။
ထိုမျှမကသေး။ သူ၏ ဒဏ်ရာ ပြန်လည်ကုစားနှုန်းသည်လည်း ကြောက်ခမန်းလိလိ တိုးတက်သည်။
ကျောက်စိမ်းခန္ဓာ သိုင်းနည်းစနစ်သည် ချီသန့်စင် နယ်ပယ်၌သာမက အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်တွင်ပါ အကျုံးဝင်ရာ လုရီသည် ခန္ဓာ သန့်စင်ရန် အခြားနည်းလမ်းကို ကျင့်ကြံရမည် ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ခန္ဓာ သန့်စင်
ခြင်းအတွက် အရင်းအမြစ်များကို ရှာဖွေရမည် ဖြစ်သည်။
သွေးအနှစ်သာရ ဆေးလုံး သန့်စင်နည်းမှာ အချိန်မီ ရရှိလာသည့်အတွက် ၎င်းအား မသုံးမီ သူသည် ဆေးလုံး သန့်စင်နည်းအား ပို၍ လေ့ကျင့်ရမည်။
နတ်ဘုရား သန့်စင်ခြင်းအတွက် ကျန်သည့် အရာများမှာ ဝိဉာဉ်ဝိုင်နှင့် သမာဓိ ဝိဉာဉ်နှင်းစက်အတွက် အကျိုးသက်ရောက်မှု
ဖြစ်ပါသည်။ ၎င်းတို့မှာ ချီသန့်စင် နယ်ပယ်တွင် အကျိုးသက်ရောက်သေးသော်လည်း နောက်ပိုင်းတွင် အာနိသင် ရှိတော့မည် မဟုတ်ချေ။ သို့ဖြစ်၍ လုရီက
သမာဓိဝိဉာဉ်နှင်းစက်အား ထူးကဲအဆင့်အထိ ရောက်ရှိအောင် ကျင့်ကြံထားခြင်း
ပါပဲ။
အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ တက်လှမ်းသောအခါတွင် သူ၏ ဝိဉာဉ် စွမ်းအားအား တိုးမြှင့်ဖို့ အခြား နည်းလမ်းများအား ရှာဖွေရမည် ဖြစ်သည်။
ဒီကိစ္စကို စိတ်ထဲမှာ မှတ်ထားပြီး နောက်မှ အဖြေရှာရမည်။ လောလောဆယ်တော့ လက်ရှိ ပြဿနာကို အာရုံစိုက်မည်။
လုရီက အလုပ်ကို လက်ခံလိုက်ပြီး သူ့ကိုယ်တွင် တိမ်ဖြူများ လွှမ်းခြုံကာ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
လီတုန်းလေ့နှင့် ခပ်ဝေးဝေး ရောက်သွားပြီးနောက် လုရီသည် မိုးကြိုးအရိပ် ခြေလှမ်းအား လှမ်းလိုက်ပြီး သူ့ကိုယ်သူ အလင်းတန်းအသွင် ပြောင်းလဲလိုက်ပြီး သားရဲတစ်သောင်းတောင်တန်း၏ အစွန်းသို့ မြန်ဆန်စွာ ရောက်သွားတော့သည်။
ထို့နောက် သားရဲတစ်သောင်း တောင်တန်းမှ အပြေးအလွှား ထွက်လာပြီး သားရဲ
တစ်သောင်းမြို့ထဲသို့ ဝင်ရောက်ရန်
တိမ်ဖြူ ခြေလှမ်းကို ပြန်လည်အသုံးပြုလိုက်သည်။ တိမ်ဖြူဂိုဏ်း၏ နယ်မြေ
တစ်ခု ဖြစ်သော သားရဲတစ်သောင်းမြို့သည် သားရဲတစ်သောင်း တောင်တန်း၏ ဂိတ်တံခါးပေါက် ဖြစ်ပြီး အလွန် အရေးပါလေသည်။
၎င်းတွင် ကိုယ်ပိုင် မြို့စောင့်တပ် ရှိပြီး အကြီးအကဲ တစ်ဦးပင်လျှင် ထိုနေရာတွင် ရေရှည် ကွပ်ကဲရသည်။
လုရီသည် ထိုမြို့စောင့်တပ်သို့ ရောက်သောအခါ တံခါးဝရှိ စောင့်ကြပ်နေသော တိမ်ဖြူ ဂိုဏ်း၏ အစေခံ တပည့် နှစ်ယောက်က သူ့ကိုမြင်တော့ မျက်မှောင်ကြုတ်ကာ ခပ်တင်းတင်းမေးသည်။
"မင်းက ဘယ်သူလဲ၊ ငါတို့က တိမ်ဖြူဂိုဏ်းရဲ့ မြို့စောင့်တပ်ပဲ !"
ထိုအခါ လုရီက အတွင်းဂိုဏ်း တပည့်တံဆိပ်ပြားကို ထုတ်ကာ
"တိမ်ဖြူဂိုဏ်းက တပည့် လုရီ ၊ တပ်စွဲနေတဲ့ အကြီးအကဲကို အရေးတကြီး ကိစ္စသတင်းပို့စရာ ရှိတယ်!"
အတွင်းဂိုဏ်း၏ တပည့်တံဆိပ်ကို မြင်သောအခါ အစေခံ တပည့်နှစ်ယောက်၏ အမူအရာများ ပြောင်းလဲသွားကာ တလေးတစား လမ်းဖယ်ပေးလိုက်ကြသည်။
လုရီသည် အမြန်ဝင်လာစဉ် အတွင်းဂိုဏ်းတပည့်အဖြစ် ၀တ်ဆင်ထားသော တစ်စုံတစ်ယောက်အား တည့်တိုး တွေ့လိုက်ရသည်။ ဒီလူကလည်း သူ့ကိုတွေ့လိုက်ရတော့ အံ့အားသင့်သွားကာ အပြုံးရိပ်တစ်ခု ပေါ်လာသည်။
"ညီလေး လု..မင်းကို ဒီမှာ တွေ့ရပါလား၊ တိုက်တိုက်ဆိုင်ဆိုင်နော်"
လုရီသည်လည်း အသိအကျွမ်းတစ်ယောက်ဆီ တည့်တည့် ဆုံရဖို့ မမျှော်လင့်ထား၍ အံ့ဩသွားသည်။
"စီနီယာ အစ်ကို မိုယွီ ဒီကို ဘယ်လိုရောက်လာတာလဲ"
ဤပုဂ္ဂိုလ်မှာ သူတို့ လင်းလောင် တောင်ထိပ် မှ ရွှေအူတိုင် နယ်ပယ်တပည့် နန်းကုန်းမိုယွီ ဖြစ်သည်။
လုရီသည် တပည့် အရေအတွက် နည်းပါးသော လင်းလောင် တောင်ထိပ် တွင် အချိန်များစွာ ကုန်ဆုံးခဲ့သည်ဖြစ်ရာ လူတိုင်းနှင့် ဆက်ဆံရေး ကောင်းမွန်လေသည်။ ထုံးစံအတိုင်း သူသည် သူတို့အားလုံးကို သိကျွမ်းသည်။
နန်းကုန်းမိုယွီသည် ပြောင်မြောက်သော အရည်အချင်းအား ပိုင်ဆိုင်သူ ဖြစ်ပြီး တစ်ခါတစ်ရံတွင် သူသည် စီနီယာအစ်ကို ရှဲ့ထျန်းမင်ထက် ပိုမိုအားကောင်းပြီး ရွှေအူတိုင်အစမ်းစာရင်း ထိပ်ဆုံးဆယ်ဦးတွင် ပါ၀င် သေးသည်။
သူသည် နန်းကုန်းမိုယွီအား အလွန်အထင်ကြီးလေးစားသည်။
သို့သော် လုရီ ဤနေရာတွင် သူနှင့် တွေ့ဖို့
မမျှော်လင့်ခဲ့ပေ။
နန်းကုန်းမိုယွီလုရီ့အား ပုခုံးချင်းတိုက်ရင်း
"ဟုတ်ပါရဲ့၊ ဒါက အလုပ်မို့လို့လေကွာ၊ သားရဲတစ်သောင်းမြို့ရဲ့ မြို့စောင့်တာဝန်က အဓိကအလုပ်ပဲကွ၊ သာမန်နေ့တွေမှာ အေးအေးဆေးဆေး ကျင့်ကြံနိုင်တယ်၊ ဒီအလုပ်က ဆုလာဘ်တွေများတယ်၊ အချိန်ရရင် ရသလို သားရဲတစ်သောင်းတောင်တန်းကို ဝင်ပြီးကိုယ့်ရဲ့ ကံကြမ္မာကို စွန့်စားလို့ ရသေးတယ်။ ဒီနေရာကို ယှဉ်ပြိုင်ဖို့ ငါ လူ တော်တော်များများနဲ့ လုခဲ့ရပြီး အခုမှ ဒီအခွင့်အရေးကို အရယူခဲ့တာပဲကွ"
နန်းကုန်းမိုယွီ စကားကိုကြားတော့ လုရီ အံ့သြသွားသည်။
သားရဲတစ်သောင်းမြို့ကို ကာကွယ်ဖို့ အလုပ်က အရမ်းမက်မောစရာ ကောင်းသည်လား။ မထင်ရပေ။
"လာ၊ ဂျူနီယာ ညီလေး၊ ကြုံတုန်းလေး ငါ မင်းကို သားရဲတစ်သောင်းမြို့ထဲကို အလည်လိုက်ပို့ပေးမယ်"
နန်းကုန်းမိုယွီက စိတ်အားထက်သန်စွာဖြင့် လုရီကို လမ်းလျှောက်ထွက်ဖို့ တိုက်တွန်းလိုက်သည်။
လုရီက အမြန်ပင် ငြင်းသည်။
" စီနီယာအစ်ကို ဒီမှာ တပ်စွဲထားတဲ့ အစ်ကိုကြီးကို အကြောင်းကြားဖို့ အရေးတကြီးကိစ္စရှိတယ်"
ဒါကို ကြားတော့ နန်းကုန်းမိုယွီ အံ့အားသင့်သွားပြီး လုရီကို အတန်ငယ် ကြောင်ကြည့်ကာ
"ဘာကိစ္စ ရှိလို့လဲ၊ အကြိီးအကဲယွီက တံခါးပိတ် ကျင့်ကြံနေတယ်၊ မင်း ငါ့ကို ပြောလို့ရတယ်၊ အထွေထွေ ကိစ္စဆို ငါ စီမံလို့ ရပါတယ်။"
ဒါကို ကြားတော့ လုရီက ချက်ချင်းပဲ
အသိပေးသည်။
"မကြာသေးမီက သားရဲတစ်သောင်းတောင်တန်းမှာ အခြေတည်ဝိညာဉ်ကျင့်ကြံသူရဲ့ အမွေအနှစ်နေရာ ရှိတယ်လို့ အကြောင်း သတင်းပျံ့လာတယ်၊ ဒါကို
စီနီယာအစ်ကို မိုယွီ သိတယ်မဟုတ်လား။"
နန်းကုန်းမိုယွီက ခေါင်းညိတ်သည်။
"အင်း၊ ငါတို့ရဲ့ တိမ်ဖြူဂိုဏ်းက မပါဝင်ပါဘူး၊မြေပုံကို ရှာတွေ့တာ လီမိသားစုလေ၊တိမ်ဖြူဂိုဏ်း နဲ့ ဆက်စပ်နေတဲ့ မိသားစုအနေနဲ့ ရတနာတွေအတွက် ငါတို့က သူတို့နဲ့ ယှဉ်ပြိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ဒါက အခြေတည် ဝိဉာဉ် ကျင့်ကြံသူရဲ့ အမွေအနှစ် နေရာပဲ၊ တိမ်ဖြူဂိုဏ်းအတွက် သိပ်ပြဿနာ မရှိပါဘူး။"
ထိုအခါ လုရီ၏ မျက်နှာမှာ လေးနက်သွားကာ "သားရဲတစ်သောင်း တောင်တန်းမှာ ကျွန်တော် ရှိနေတုန်းက လီမိသားစုက
ရွှေအူတိုင် ကျင့်ကြံသူ ဒဏ်ရာရနေလို့ အမှတ်တမဲ့ ကယ်တင်ခဲ့ရတယ်၊ အမွေအနှစ်နေရာဟာ ထောင်ချောက်
တစ်ခု ဖြစ်နေတယ်တဲ့ ၊စီနီယာအစ်ကို..
သွေးဝိညာဉ်ဂိုဏ်း သားရဲ တစ်သောင်းမြို့ရဲ့ ကျင့်ကြံသူတွေကို ဝါးမြိုဖို့ ဖန်တီးထားတာပါ"
"ဟိုက်၊ ဒါ သတင်းကြီးပဲ။ ဂျူနီယာ ညီလေး၊ မင်း ဒီမှာ ခဏစောင့်နေ!"
ဒါကို ကြားတော့ နန်းကုန်းမိုယွီ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး သူသည် နေရာတွင် ကိုယ်ပျောက်သွားသည်။
"အကြီးအကဲယွီ၊ ဗျို့.. အကြီးအကဲယွီ.., တံခါးပိတ် ကျင့်ကြံရာက အမြန်ထွက်လာပါဗျို့ ၊ ပြသနာ ကြီးကြီးမားမား ရှိပါတယ်"
များမကြာမီပင် ဆံပင်အဖြူရောင် အဘိုးကြီးတစ်ယောက် ပေါ်လာသည်။
အမှန်ပင် အကြီးအကဲယွီသည်
နန်းကုန်းမိုယွီနှင့်အတူ ထွက်ပေါ်လာသည်။
နန်းကုန်းမိုယွီက မိတ်ဆက်ပေးသည်။
"ဂျူနီယာ ညီလေး၊ ဒီအကြီးအကဲက ဒီမှာ တပ်စွဲထားတဲ့ ယွီလုဖေး လို့ခေါ်တဲ့ အကြီးအကဲယွီလေ .. !"
လုရီ အနည်းငယ် ရယ်ချင်သွားသည်။ မျိုးရိုး နာမည်ကို လျစ်လျူရှုလိုက်လျှင်
ဤအဘိုးကြီးသည် ပင်လယ်ဓားပြ ဘုရင် ဖြစ်လာနိုင်သည်။
ယွီလုဖေးသည် လုရီကို တင်းမာသောအမူအရာဖြင့်ကြည့်ကာ "လုရီ အတွက် မိတ်ဆက်ပေးစရာ မလိုဘူး၊ အတွင်းဂိုဏ်းက ဘယ်သူက သူ့ကို မသိသူ ရှိမလဲကွ။
ကောင်လေးလု.. မင်းပြောတာ အမှန်ပဲလား"
"ဟုတ်ကဲ့၊ အမှန်ပါပဲ"
ယွီလုဖေး၏ အမူအရာသည် အေးခဲအေးစက်သွားသည်။
"လူယုတ်မာ သွေးဝိဉာဉ်ဂိုဏ်း၊ အရမ်း အတင့်ရဲနေပါလား၊ သူတို့ ဘယ်မှာလဲ"
"အဲဒီ နေရာက ဒီကနေ တော်တော်အလှမ်းဝေးပါတယ်"
လုရီက စောစောက တိုက်ပွဲကို သူမြင်ခဲ့ရသည့် လမ်းကြောင်းအတိုင်း ညွှန်ပြလိုက်သည်။
ယွီလုဖေး က ခေါင်းညိတ်ပြီး အမိန့်ပေးသည်။
"ငါ အဲ့ဒီကို အရင်သွားကြည့်မယ်၊ မိုယွီ မင်းက လူအင်အားသွားခေါ်"
သူ့စကားအဆုံးတွင် ယွီလုဖေးသည် နေရာမှ လေပူဖောင်းတစ်ခုလို ပျောက်ကွယ်သွားပြီး သူ့အသံသည် ဝန်းကျင်တဝိုက်တွင် ပဲ့တင်ထပ်နေသေးသည်။
----------------