← Chapters

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း၉၇- တာအို စွမ်းရည်...

~ ယွီလုဖေး ပျောက်ကွယ်သွားပြီးနောက် နန်းကုန်းမိုယွီက လုရီဘက်သို့လှည့်ပြီး

အသိပေးသည်။

"ညီလေးလုရီ၊ ဒီအစ်ကို့မှာ အရေးတကြီးကိစ္စ ပေါ်လာလို့ သွားရတော့မယ်။ သားရဲ တစ်သောင်း တောင်တန်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်တယ်၊ မင်းက ထူးထူးခြားခြား ထက်မြက်ပေမယ့် မင်းရဲ့ ကျင့်စဥ်ဟာအားနည်းနေသေးတယ်။ အရမ်း အရဲမကိုးတာ အကောင်းဆုံးပဲကွ"

လုရီက ညင်သာစွာ ခေါင်းညိတ်ကာ

"ဟုတ်ကဲ့၊ နားလည်ပါတယ်"

ထို့နောက် နန်းကုန်းမိုယွီသည် ရွှေအူတိုင်ကျင့်ကြံသူများနှင့် အခြေခံအုတ်မြစ် တည်ထောင်ခြင်း ကျင့်ကြံသူများအား စုရုံးကာ သားရဲတစ်သောင်း တောင်တန်းသို့ ထွက်ခွာသွားခဲ့သည်။

သားရဲတစ်သောင်းတောင်တန်း၏ ခပ်ဝေးဝေးတွင်၊ တိမ်ဖြူဂိုဏ်းသည် ရွှေအူတိုင်ကျင့်ကြံသူသူငါးဦးနှင့်အခြေခံအုတ်မြစ် တည်ထောင်ခြင်း ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာထက် မနည်းနေရာယူထားသည်။

ကျင့်ကြံသူအုပ်စုတစ်စုသည် ကောင်းကင်သို့ မာန်ပါပါ ခုန်တက်၍ အလင်းတန်းများအသွင် ပြောင်းလဲကာ သားရဲတစ်သောင်းတောင်တန်းဆီသို့ ပျံသန်းသွားကြသည်။

တိမ်ဖြူဂိုဏ်း၏ စခန်းချ လှုပ်ရှားမှုကို မြင်သူ ၌ သားရဲတစ်သောင်းမြို့မှ ကျင့်ကြံသူများသည် အလွန်အမင်း အံ့အားသင့်ကုန်ကာ တိမ်ဖြူဂိုဏ်းတပည့်များ အဘယ်ကြောင့် ဤကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သနည်းဟု တွေးတောကြကုန်သည်။

နန်းကုန်းမိုယွီ ထွက်သွားပြီးနောက် လုရီ သည် ခဏလောက် စဉ်းစားပြီးနောက် သားရဲတစ်သောင်း တောင်တန်းသို့ ပြန်ဝင်သွားသည်။

သူ့တွင် လီတုန်းလေ့ကို ကူညီရန် တာဝန်ရှိနေဆဲ ဖြစ်သည်။သားရဲတစ်သောင်းတောင်တန်းတွင် လက်ရှိ မငြိမ်မသက်မှုများကြောင့် အင်အားကြီး ကျင့်ကြံသူများ

လီတုန်းလေ့ကို တွေ့သွားပါက အန္တရာယ်ရှိသည်။

အသခ်ျေ ဝိညာဉ်နှင်းစက် ဆယ်စက်သည် သေးငယ်သော ပမာဏ မဟုတ်သဖြင့်လုရီသည် ၎င်းကို လက်လွတ်မခံနိုင်ပေ။

သူသည် တိမ်ဖြူ ခြေလှမ်းအား ထုတ်ဖော်ပြီး ငြိမ်သက်စွာ လှုပ်ရှားကာ တောင်များကိုဖြတ်သန်းလျက် လီတုန်းလေ့ဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။

လုရီသည် လမ်းတစ်ဝက် ရောက်နေစဉ် ရုတ်တရက် မိုးကုပ်စက်ဝိုင်းဆီမှ မျက်စိကျိန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အနီရောင် နှင့် အစိမ်းရောင် အလင်းတန်းများက အဝေး တောင်တန်းများစွာကို လွှမ်းခြုံထားပြီး ပြင်းထန်စွာ တောက်ပနေပါသည်။

လုရီ လှည့်ကြည့်လိုက်ရာ အလင်းတန်းများထဲတွင် တောင်များပြိုကျနေသည်ကို တွေ့လိုက်ရပြီး ပေါက်ကွဲသံများနှင့်အတူ မြေပြင်သည် အနည်းငယ် တုန်ခါသွားကာ ကြမ်းတမ်းသော သားရဲပေါင်းများစွာ အထိတ်တလန့် ထွက်ပြေးကုန်

ကြသည်။

ဒါကို မြင်တော့ လုရီ အံ့သြသွားမိသည်။

ဤအဖျက်စွမ်းအားက ကြောက်စရာကောင်းလေသည်။

သူသာ အကာအကွယ်မှော်ရတနာကို အသုံးမပြုပါက ထိုကဲ့သို့သော စွမ်းအားများအောက်တွင် ရှင်သန်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

ဒါက အခြေတည်ဝိညာဉ်ကျင့်ကြံသူများ၏ တိုက်ပွဲများလား။

တကယ့်ကိုပဲ၊ သွေးဝိညာဉ်ဂိုဏ်းက တပည့်တွေက အခြေတည် ဝိဥာဉ်ကျင့်ကြံသူအားကိုးနဲ့ သားရဲတစ်သောင်းမြို့အနီးမှာ မြို့က ကျင့်ကြံသူတွေကို သတ်ရဲနေတာကိုး။

ကံကောင်းလို့ ငါ အစောပိုင်းက စိတ်လိုက်မာန်ပါ မလုပ်ခဲ့လို့ တော်သေးတယ်။

ဒီကိစ္စကို တွေးတောကြည့်လျှင်လည်း နားလည်နိုင်စရာ မရှိပေ။

သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေ ရူးသွပ်သွားပြီလား။ တိမ်ဖြူဂိုဏ်းရဲ့ နယ်မြေအတွင်း အခြေတည် ဝိဥာဉ် ကျင့်ကြံသူကတောင် တပည့်တွေကို သတ်ရဲနေတယ်။ စစ်ပွဲကြီး ဆင်နွှဲရမှာကို

မကြောက်ကြဘူးလား။

အဝေးမှ အဆက်မပြတ် ဟိန်းဟောက်သံများအား ကြားရသည်။ကြောက်မက်ဖွယ်ရာ ဝိညာဉ်စွမ်းအား စီးဆင်းမှုသည် လေထုကို ပုံပျက်သွားစေခဲ့သည်။

လုရီသည် အသက်ပြင်းပြင်းရှူလိုက်ကာ

လီတုန်းလေ့ နေရာသို့ ဆက်လက် ခရီးဆက်လေသည်။

အခြေတည် ဝိညာဉ်ကျင့်ကြံသူ နှစ်ဦးကြား တိုက်ပွဲသည် အလွန်အမင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများ ကစဉ့်ကလျား ထွက်ပြေးကြကုန်သည်။ ထိုရက်စက်ကြမ်းကြုတ်သော သားရဲများ လီတုန်းလေ့ဆီ ပြေးပါက လီတုန်းလေ့ ဒုက္ခ ဖြစ်လိမ့်မည်။

လုရီ အလွန်မြန်မြန် ခရီးနှင်လာပြီး မကြာမီ လီတုန်းလေ့ တည်ရှိရာ တောင်ပေါ်သို့ ရောက်လာပါပြီ။

လီတုန်းလေ့သည် တင်ပျဉ်ခွေထိုင်ကာ သူ့ဝန်းကျင်အား အနီဖျော့ဖျော့ အကာအကွယ်လွှာများ ချမှတ်ထားသည်ကို လုရီ မြင်လိုက်ရသည်။ လီတုန်းလေ့သည် လုံခြုံပြီး အဆင်ပြေနေကြောင်း ထင်ရှားသည်။

လုရီ စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချ၍ လမ်းလျှောက်လာခဲ့သည်။

ပြန်လည် ကုသနေသော လီတုန်းလေ့သည် အနှောက်အယှက် ဖြစ်နေသည်ကို သတိပြုမိကာ ရုတ်တရက် မျက်လုံးပွင့်လာသည်။ လီတုန်းလေ့သည် လုရီကို မြင်လိုက်သောအခါတွင် မျက်နှာအမူအရာ ပျော့ပျောင်းလာပြီး သူ့အား အံ့သြသောအပြုံးဖြင့် နှုတ်ဆက်သည်။

"မိတ်ဆွေလေး၊ မင်း မြန်မြန်ပြန်လာတာပဲ၊သွေးဝိညာဉ်ဂိုဏ်းရဲ့ ဦးတည်ရာကနေ တိုက်ပွဲ အတက်အကျရှိနေတယ်၊ ​​အခြေတည် ဝိဥာဉ်ကျင့်ကြံသူတွေ တိုက်ခိုက်နေတာ ဖြစ်မယ်၊ မင်း တိမ်ဖြူဂိုဏ်းကို အကြောင်းကြားပြီးပြီလား"

လုရီ က ခေါင်းညိတ်ပြီး ပြုံးလိုက်ပြီး "ဟုတ်ကဲ့၊ တိမ်ဖြူဂိုဏ်းက အကြီးအကဲလု အဲ့ဒီကို ရောက်နေပါပြီ"

လုရီစကားကို ကြားတော့မှ လီတုန်းလေ့သည် သိသိသာသာ သက်သာရာရသွားသည်။ လုရီသည် သူ့ကို အကဲခတ်လိုက်သည်။ လီတုန်းလေ့၏ဝမ်းဗိုက်တွင် ဒဏ်ရာအနည်းငယ်ကျုံ့သွားပြီး အနာဖေးတက်လာသည်ကို မြင်လိုက်ရ‌သည်။ ၎င်းက လီတုန်းလေ့တွင် ထိရောက်စွာ ကုသနိုင်သော ဆေးလည်းရှိကြောင်း ညွှန်ပြနေသည်။

ထိုအချိန်တွင်ပင် ဝေါင်းခနဲ မာန်ဖီသံတစ်ခု ထွက်ပေါ်လာပြီး အစိမ်းရောင် ချပ်ဝတ် ဆင်မြန်းထားသလို အရေခွံ ရှိသော ကျားကြီးတစ်ကောင်သည် တောင်ပေါ်သို့ တက်လာခဲ့သည်။ လီတုန်းလေ့နှင့် လုရီကို တွေ့သောအခါ ကျားကြီးက သူတို့ဆီသို့ တည့်တည့် ပြေးဝင်လာခဲ့သည်။

လီတုန်းလေ့၏ မျက်နှာသည် ပြောင်းလဲသွားသည်။

"ဒါဟာ အခြေခံအုတ်မြစ် တည်ထောင်ခြင်းခွန်အားရှိတဲ့ အစိမ်းရောင် ကျားပဲ၊ မိတ်ဆွေလေး..အကာအကွယ်လွှာထဲကို မြန်မြန် ဝင်လာပါ!".

လီတုန်းလေ့၏ စကား မဆုံးမီတွင် ဓားအလင်းတစ်ခု လက်လာခဲ့ပြီး အစိမ်းရောင် ကျား၏ ခန္ဓာကိုယ်မှာ လေထုထဲတွင် နှစ်ခြမ်းခွဲ၍ သွေးစက်များ မြေပြင်အနှံ့ ဖြာကျသွားသည်။

လီတုန်းလေ့ ခဏလောက် အေးခဲသွားပြီး လုရီကို စပ်စုသော အမူအရာဖြင့် ကြည့်ကာ

ချီးကျူးသည်။

"မိတ်ဆွေလေး၊ မင်းရဲ့ ခွန်အားက

တကယ့်ကို ကြောက်စရာ ကောင်းပါလား?"

ထိုအခါ လုရီ အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး

"စီနီယာ ၊ စိတ်ချပါ၊ သာမန်အခြေခံအုတ်မြစ် တည်ထောင်ခြင်းခွန်အားရှိတဲ့ သားရဲတွေက ကျွန်တော့်ကို မထိခိုက်စေနိုင်ပါဘူး"

လီတုန်းလေ့ အတော်ဖြုံသွားသည်။

ဒီလူငယ်လေးရဲ့ ကျင့်စဉ်က သိသိသာသာပဲ ချီသန့်စင်နယ်ပယ်ပါ ..သူ ဘာလို့ ဒီလောက် အစွမ်းထက်နေရလဲ။

ထိုအချိန်တွင် လုရီ စိတ်ထဲလည်း အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။

သူသည် ကြီးစွာသော ရှာဖွေ တွေ့ရှိမှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းပါ။

အစိမ်းရောင်ကျားကို မသတ်ခင် လုရီ သူ့စိတ်ထဲမှာ အလုပ်တစ်ခု သတ်မှတ်ခဲ့ပြီး အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ရှိ အစိမ်းရောင်ကျားကို သတ်လိုက်ခြင်းက သူ့ကို နှစ်တစ်ထောင် ဝိညာဉ်နှင်းစက် ဆယ်စက်အပြည့် ရက်ရက်ရောရော ဆုချလာသည်လေ။

သားရဲ တစ်သောင်းတောင်တန်းမှာ

အပေါများဆုံးက သားရဲတွေပဲ မဟုတ်ပါလား။

ဟီးဟီး၊ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက် ရရှိရန် နည်းလမ်းသစ်ကို ရှာတွေ့ပြီပဲ။

အကြံအစည်နှင့်တကွ လုရီ၏ မျက်လုံးများ အရောင်တောက်သွားသည်။

သို့သော် မကြာခင်မှာပဲ လုရီ ငြိမ်သက်သွားပြီး ဒီအတွေးကို ပယ်ချလိုက်သည်။

အလွန်အကျွံ သတ်ဖြတ်ခြင်းသည် ဒုက္ခအား လက်ယပ်ခေါ်စေပြီး မလိုလားရာ အကျိုးဆက်များဆီသို့ ဆွဲခေါ်သွားစေနိုင်သည်။

အလွန်အကျွံ သတ်ဖြတ်အား ဖြည့်စွက်ရန် ရံဖန်ရံခါ အသုံးပြုခြင်းမှာ လက်ခံနိုင်ဖွယ်ရှိသည်ဟု ယူဆသည်။သို့‌သော်လည်း နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်အတွက်သာ ဦးတည်၍ အလွန်အကျွံ သတ်ဖြတ်ခြင်းမှာ မှန်ကန်သော လမ်း မဟုတ်ပေ။

လုရီက အကြံပြုလိုက်သည်။

"စီနီယာ၊ ခင်ဗျားမှာ အခုအချိန်မှာ တိုက်ခိုက်ရေးအင်အား သိပ်မရှိသေးဘူး

ထင်တယ်၊ အခြေတည် ဝိဉာဉ်ကျင့်ကြံသူတွေကြားက တိုက်ပွဲက ဒေသခံ ကြမ်းကြုတ်တဲ့ သားရဲတွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ မြို့ထဲ ပြန်ကြရင် မကောင်းဘူးလား"

လီတုန်းလေ့သည် ခဏလောက် တွေ,နေပြီး ခေါင်းညိတ်ကာ လုရီအကြံအား ထောက်ခံသည်။

"အင်း၊ ဒါက သင့်‌တော်ပါတယ် ၊မိတ်ဆွေလေး"

လီတုန်းလေ့မှာ ဒဏ်ရာရရှိနေဆဲဖြစ်သော်လည်း ယခုအခါတွင် ပုံမှန် လှုပ်ရှားသွားလာနိုင်နေပြီ ဖြစ်သည်။

သူက လုရီအနောက်မှ လိုက်ပါခဲ့ပြီး သူတို့ သည် တောင်ပေါ် မှဆင်းပြီးနောက် သားရဲ တစ်သောင်းမြို့ဆီသို့ ခပ်ဖြည်းဖြည်း ချင်းနင်းဝင်ရောက်သွားသည်။

လုရိီသည် လမ်းတစ်လျှောက်ကြုံကြိုက်သည့် အခြေခံအုတ်မြစ် တည်ထောင်ခြင်းခွန်အားရှိ ကြမ်းကြုတ်သော သားရဲများစွာကို သတ်ပစ်ရန် အခွင့်အရေးယူကာ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်များစွာကို စုဆောင်းခဲ့တော့သည်။

အခြေတည် ဝိဉာဉ် ကျင့်ကြံသူနှစ်ဦးကြားတွင် မြေပြင်အက်ကွဲ၊ သစ်တောများ ကျိုးပဲ့ကာ တိုက်ပွဲကြီးက တစ်နာရီ၏လေးပုံတစ်ပုံခန့် အချိန် ကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင် အနီရဲရဲ အလင်းတန်းများ သည် မိုးကုတ်စက်ဝိုင်းထဲသို့ တိုးလျှိုး ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။

ကောင်းကင်ကြီး ငြိမ်သက်သွားသည်နှင့်အမျှ ကြမ်းကြုတ်သော သားရဲများလည်း တဖြည်းဖြည်း ကမူးရှူးထိုး ပြေးလွှား နေသည်မှ ရပ်သွားကြကာ တောင်တန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

------------------

အခန်း၉၈-တာအိုစွမ်းရည်...

~ လုရီနှင့် လီတုန်းလေ့တို့သည် သားရဲတစ်သောင်းတောင်တန်း နယ်နမိတ်မှ မထွက်ခွာသေးခင် အ‌စောက တိုက်ပွဲ၏ ဦးတည်ရာဆီသို့ အကြည့်များ ရောက်ရှိသွားကြသည်။

လီတုန်းလေ့ သက်ပြင်းတစ်ချက်ချကာ

"ဆိုးတာပဲ၊ သွေးဝိညာဉ်ဂိုဏ်းက နတ်ဆိုး ကျင့်ကြံသူ လွတ်သွားပုံပဲ"

လုရီက

"ကျွန်တော်တို့ သူ့ကို မသတ်နိုင်ခဲ့တာ နှမြောစရာပဲ"

ထိုအခါ လီတုန်းလေ့က တစ်ချက် ရယ်မောလိုက်ပြီး "အခြေတည်ဝိညာဉ်ကျင့်ကြံသူတွေဟာ ရှားပါးတဲ့ ပါရမီရှင်တွေပါ၊ သူတို့ကို ငါတို့က ဘယ်လို အလွယ်တကူ သတ်ပစ်နိုင်မှာလဲ"

အခြေတည်ဝိညာဉ် နယ်ပယ်အထိ ကျင့်ကြံနိုင်သူများသည် ယေဘုယျအားဖြင့် အတိုင်းအတာတစ်ခုအထိ ပါရမီရှိကြသည်ကို လုရီလည်း သိသည်ဖြစ်ရာ အသာ ခေါင်းညိတ်လိုက်သည်။

ပါရမီ မပါသည့် သူများသည် အစောပိုင်းနယ်ပယ်များမှာသာ ပိတ်ဆို့နေပေလိမ့်မည်။

ထို့နောက် သူတို့ နှစ်ယောက်သား ခရီးထပ်ဆက်ကြသည်။

မြို့တံခါးဝသို့ရောက်သောအခါ လူများစွာဖြင့် စည်ကားနေသည်ကို တွေ့လိုက်ရသည်။

တံခါးဝတွင် လုရီသည် အကြီးအကဲယွီနှင့် နန်းကုန်းမိုယွီကို တွေ့လိုက်ရသည်။ သူတို့အပြင် တိမ်ဖြူဂိုဏ်းက တခြားတပည့်တွေလည်း ရှိနေသည်။မြေပြင်ပေါ်မှာ အလောင်းတွေ ချထားသလို ဒဏ်ရာရသူ အနည်းငယ်လည်း ရှိနေသည်။ ထို့အပြင် မြို့တံခါးအတွင်း၌လည်း လူအများအပြား ဆက်တိုက်ဆိုသလို တိုးဝင်လာခဲ့သည်။

လီတုန်းလေ့က "ဒါတွေက ထောင်ချောက်ထဲကို စောစောဝင်ခဲ့တဲ့ ကျင့်ကြံသူတွေပဲ၊ ငါ့ ရဲ့ လီ မိသားစုက ကျင့်ကြံသူတွေရော ပါတယ်!"

လုရီ ခေါင်းညိတ်လိုက်ပြီး

"စီနိီယာ၊ ကျွန်တော်တို့ အဲ့ဒီကို သွားကြည့်ရအောင်"

လီတုန်းလေ့က ခေါင်းညိတ်ပြပြီး လျှောက်သွားသည်။

လုရီ နှင့် လီတုန်းလေ့ တို့သည် လိုက်လာသည်ကို သတိပြုမိလိုက်ရာ ယွီလုဖေး နှင့် နန်းကုန်းမိုယွီတို့လည်း သူတို့နောက်က လိုက်သွားကြသည်။

လုရီကို မြင်လိုက်သောအခါ

နန်းကုန်းမိုယွီ၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး ရှေ့သို့ လျင်မြန်စွာ တိုးဝင်လာသည်။ သူသည် စိုးရိမ်တကြီးဖြင့်

"ညီလေး၊ မင်း အကြံဥာဏ်ကို မနာခံဘဲ တောင်တန်းထဲကို ဘာလို့ ဝင်သွားတာလဲ"

လုရိီက ပြုံးရင်း " စီနီယာလီက တောင်ပေါ်မှာ တစ်ယောက်တည်း ရှိနေလို့ ကျွန်တော်သွားကြည့်တာ။ စီနီယာအစ်ကို.. ကျွန်တော့်အစွမ်းအစကို သိပါတယ်၊ ရွှေအူတိုင် ကျင့်ကြံသူနဲ့ မကြုံသရွေ့တော့ ပြဿနာ

မရှိပါဘူး"

လီတုန်းလေ့သည် နှစ်ယောက်သား စကားဝိုင်းကို ကြည့်ပြီး လုရီကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

တစ်ချိန်လုံး သူသည် ဤကောင်လေး၏ အဆင့်အတန်းကို မသိခဲ့ဘဲ ဤကောင်လေးသည် ထူးထူးခြားခြား အရည်အချင်းရှိသော ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းသာ သိခဲ့သည် လေ။

လီတုန်းလေ့သည် သူ့မိသားစုတွင် အထူးချွန်ဆုံးမိန်းကလေးကို ဤကောင်လေးနှင့် ထိမ်းမြားရန်ပင် တွေးထားသော်လည်း ဤကောင်လေးက တိမ်ဖြူဂိုဏ်း၏ တပည့် ဖြစ်နေသည်လား။

လီတုန်းလေ့သည် ယွီလုဖေးနှင့်

နန်းကုန်းမိုယွီအား အလျင်အမြန်

အရိုအသေပေးကာ နှုတ်ဆက်သည်။

"အစ်ကိုယွီ တွေ့ရတာ ဝမ်းသာပါတယ်၊

တာအိုရောင်းရင်းလေး နန်းကုန်း...တွေ့ရတာ ဝမ်းသာပါတယ်၊ မိတ်ဆွေလေး လုရီက ကျုပ်အသက်ကို ကယ်ခဲ့တာပါ၊ ကျုပ် ဘဝ တလျှောက်လုံး ကျေးဇူးတင်နေမှာပါ"

ယွီလုဖေးက လီတုန်းလေ့ကို တစ်ချက်ကြည့်လိုက်သည်။

"ကောင်လေးလုက လင်းလောင်တောင်ထိပ်သခင်မရဲ့ တိုက်ရိုက်တပည့်ပဲ၊ သူသာ တစ်ခုခုဖြစ်ခဲ့ရင် မင်းရဲ့ လီမိသားစုက ဘယ်လို တာဝန် ယူမလဲ"

ထိုသို့ ကြားသိရသောအခါ လီတုန်းလေ့ မျက်လုံး ကျွတ်ကျမတတ် ပြူးကျယ်သွားကာ လုရီကို တအံ့တသြ ကြည့်ရင်း

"အလို...မိတ်ဆွေလေး လုရီက အဲ့ဒီပုဂ္ဂိုလ်ရဲ့ တိုက်ရိုက်တပည့် ဖြစ်နေတာကိုး၊ ဒီလောက်အသက် ငယ်ငယ်လေးနဲ့ ဒီလို ထူးခြားတဲ့ အရည်အချင်းနဲ့ ခွန်အားတွေ ပိုင်ဆိုင်ထားတာ မအံ့ဩတော့ပါဘူး"

ထိုအခါ လုရီက ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး

"လူကြီးမင်း၊ ခင်ဗျားမိသးစုက ရဲ့လူတွေကို အရင် စစ်ဆေးကြည့်ပါလား"

လီတုန်းလေ့က ခေါင်းညိတ်ပြပြီး လုရီ ကို နောက်တစ်ကြိမ် ဦးညွတ်ပြီးနောက် ဒဏ်ရာရသူတို့၏ ဦးတည်ရာဆီသို့ လျှောက်သွား တော့သည်။

ယွီလုဖေးက လုရီကို 'တကယ်မနိုင်ဘူး'ဟူသော ပုံစံဖြင့် ကြည့်နေသည် ။

"ကောင်လေးလု၊ မင်း တကယ်ကို ရူးရူးမိုက်မိုက် ပြုမူခဲ့တာပဲ၊ လီ မိသားစုရဲ့ ရွှေအူတိုင် ကျင့်ကြံသူ တစ်‌ယောက်က မင်းရဲ့ အဖိုးတန် အသက်နဲ့ ယှဉ်လို့ မရဘူးကွ။"

နန်းနောင်မိုယုလည်း အသာ ခေါင်းညိတ်ကာ ထောက်ခံသည်။

သူတို့နှစ်ယောက်ကို ဒီလို ပုံစံမြင်လိုက်ရတော့ လုရီ စိတ်ထဲမှာ ကူကယ်ရာမဲ့ ဖြစ်သွားသည်။ သူတို့၏ စိုးရိမ်ပူပန်မှုတွေကို သူ နားလည်နိုင်ပါသည်။

သို့သော် အခြေတည် ဝိညာဉ် ကျင့်ကြံသူလက်ကပင် သူ လုရီက လွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက် ရှိကြောင်း ဒီလူတွေ မသိခဲ့ကြပေ။

လုရီသည် သူတို့၏စကားများကို ကူကယ်ရာမဲ့သာ တုံ့ပြန်နိုင်ပြီး စကားလမ်းကြောင်း ပြောင်းလဲလိုက်သည်။

"အကြီးအကဲယွီ.. သွေးဝိညာဉ်ဂိုဏ်းက နတ်ဆိုးကျင့်ကြံသူတွေ ဘယ်လို အခြေအနေရှိလဲဗျ"

ထိုမေခွန်းအား ကြားတော့ အကြီးအကဲယွီ၏ အမူအရာက အေးစက်သွားခဲ့သည်။

" တောက်..အဲ့ဒီအခြေတည် ဝိညာဉ် ကျင့်ကြံသူ တစ်ယောက်က တပည့်အနည်းငယ်ခေါ်ပြီး ထွက်ပြေးသွားတယ်၊ သူတို့ထဲက တချို့ကိုတော့ ငါတို့ ဖမ်းမိလိုက်တယ်""

နန်းကုန်းမိုယွီ၏ မျက်နှာမှာလည်း အေးစက်နေပြီး ဝင်ရောက် ပြောဆိုလာသည်။

"သွေးဝိညာဉ်ဂိုဏ်းက ကျွန်တော်တို့

တိမ်ဖြူဂိုဏ်းနယ်နမိတ်အတွင်းက ကျင့်ကြံသူတွေကို ဗြောင်ကျကျ သတ်ဖြတ်နေတယ် ၊ ကျွန်တော်တို့က လက်တုံ့ပြန်မှု မရှိရင် တိမ်ဖြူဂိုဏ်း လက်အောက်က ကျင့်ကြံသူတွေက ကျွန်တော်တို့ကို အထင်သေးကြတော့မယ်"

အကြီးအကဲယွီသည်လည်း မျက်နှာထား တင်းမာနေသည်။

သူတို့စကားကြားတော့ လုရီ အနည်းငယ် စိတ်လသွားသည်။

ယခုလို အခြေအနေမျိုး ကြုံလာသည့်အခါ ဂိုဏ်းနှစ်ခုကြား စစ်ပွဲ မီးတောက်လိမ့်မည်။

ထို့နောက် လုရီသည် ယွီလုဖေးနှင့်

နန်းကုန်းမိုယွီနှင့်အတူ မြို့တံခါးမှ တဆင့်သားရဲတစ်သောင်း မြို့ထဲသို့ လိုက်သွားခဲ့သည်။

ထိုအလောင်းများကြားမှ ဖြတ်သွားသော လုရီသည် တုံ့ခနဲ ရပ်လိုက်သည်။ လင်ထင်း၏ အလောင်းကို သူ မြင်လိုက်ရသည်။ လင်ထင်း၏ အစက်ကင်းမဲ့နေသော ခန္ဓာဘေးတွင် လူငယ်တစ်ဦး ဒူးထောက်၍ ဝမ်းနည်းပက်လက် ငိုကြွေးနေသည်။

ခဏကြာတော့ လုရီ စိတ် ရှုပ်ထွေးလာသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က လင်ထင်း သည် ကောင်းကင် ကြယ်မြက်များကို စုဆောင်းရန် သူ့အား လမ်းပြခဲ့သေးသည်။မမျှော်လင့်ဘဲ ရက်အနည်းငယ်အတွင်း သူ ယခုလို သေဆုံးသွားရသည်။

ကျင့်ကြံသူတို့ ကမ္ဘာသည် သေမျိုးကမ္ဘာကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်ပြီး

မရဏမင်းသည် မည်သည့်အချိန်တွင်မဆို တံခါးခေါက်လာနိုင်သည်။

လုရီက ထိုသို့ ရပ်နေတော့ နန်းကုန်းမိုယွီ သိလိုစွာ မေးသည်။

"ညီလေး၊ ဘာဖြစ်လို့လဲ?"

လုရီ ပြုံးရင်း ခေါင်းယမ်းကာ

"ဘာမှ မဟုတ်ပါဘူး၊ စီနီယာအစ်ကို"

လုရီ သူ့အကြည့်ကို လွှဲလိုက်ပြီး မကြည့်တော့ပေ။

လုရီက သူ့ဧည့်ခန်းတွင် နှစ်ရက်ကြာ အနားယူပြီးနောက် နန်းကုန်းမိုယွီသည် သူ့အား ပျော်ရွှင်စေရန် အပြင်သို့ အလည်ခေါ်သွားခဲ့သည်။

ထိုအချိန်တွင် လီတုန်းလေ့က သူ့အသက်အား ကယ်တင်ခဲ့သော လုရီအား ကျေးဇူးတင်ကြောင်း အမှတ်အသားအဖြစ် လက်နက် သန့်စင်ရန်အတွက် အလွန်အဖိုးတန်သည့် ခရမ်းရွှေရောင် သတ္တု ကောင်းကင်ရတနာ တစ်ခုအား ပေးပို့ခဲ့သည်။ ထိုခရမ်းရွှေရောင် သတ္တုက ရွှေအူတိုင် ကျင့်ကြံသူအတွက်ပင်လျှင် အလွန် တန်ဖိုးရှိလှပေသည်။

သားရဲ တစ်သောင်း တောင်တန်း၌ တစ်လခွဲကြာ နေထိုင်လှည့်လည်ပြီးနောက် လုရီသည် နန်းကုန်းမိုယွီအား နှုတ်ဆက်ပြီး နောက်ဆုံးတွင် တိမ်ဖြူဂိုဏ်းသို့ ပြန်လာခဲ့သည်။

နောက်နေ့မနက်အခါသမယ...

လုရီ သူ့ဂူစံအိမ်ရှိ အခန်းထဲမှာ ကျင့်ကြံနေတုန်း အပြင်ဘက်မှ ရွှင်မြူးပြီး ချိုမြသည့်အသံကို ကြားလိုက်ရသည်။

"စီနီယာအစ်ကို၊ စီနီယာအစ်ကို။ မြန်မြန်ထွက်လာခဲ့ပါ "

လုရီ ပိတ်ထားသော မျက်လုံးအစုံကို

ဖွင့်လိုက်ကာ သူ့နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး သူ၏ ဂူစံအိမ် တံခါးကို ဖွင့်လိုက်သည်။

အပြင်ဘက်တွင် သူ ပေးသော ခရမ်းရောင် ကျောက်စိမ်းစကတ်ကို ဝတ်ဆင်ထားပြီး၊ ဖြူစင်ပြီး ချစ်စဖွယ် အသားအရည်နှင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး အထက်တန်းကျသော အလှတရားကို ပိုင်ဆိုင်သူလေး သုန်းကုန်းမင်ယွဲ့သည် အပြင်တွင် လှပစွာ ရပ်နေပါသည်။

လုရီ အသာအယာ ပြုံးလိုက်ပြီး

"ဂျူနီယာညီမလေး..အစ်ကို ပြန်ရောက်တာ ကို မင်း ဒီလောက် မြန်မြန် သိနေတာလား"

သုန်းကုန်းမင်ယွဲ့သည် ခါးပေါ် လက်ထောက်ကာ မာနကြီးသလို တခစ်ခစ်ရယ်ရင်း

"စီနီယာ အစ်ကို... ဘယ်သူက နင့်ကို ဒီလောက်နာမည်ကြီးအောင် လုပ်ထားတာလဲ။ နင်ပြန်လာတာက ဂိုဏ်းတစ်ခုလုံး ချက်ချင်းပျံ့သွားတာပဲ။ ငါတို့ဆရာအတွက် ယွီလန်းဝိုင်နဲ့ ယွီလန်းကိတ်မုန့်တွေ သွားဝယ်တုန်းက ငါ သတင်း ကြားခဲ့ရတာ"

သုန်းကုန်းမင်ယွဲ့သည် ပြောနေရင်း သူမ၏ မကျေနပ်ချက်များကို ပွစိပွစိ ရေရွတ်လာသည်။

"စီနီယာအစ်ကို၊ နင် ဘာလို့ ဒီလောက်

အကြာကြီး ကြာနေတာလဲ..ဟွန့် အခု ငါပဲ ငါတို့ဆရာအတွက် အဝယ်တော်လုပ်နေရတယ်"

---------------

အခန်း၉၉- တာအိုစွမ်းရည်...

~ လုရီ၏ နှုတ်ခမ်းသည် ကွေးညွတ်သွားသည်။

ဂိုဏ်းထဲတွင် တောင်ထိပ်သခင်မ၏ အလုပ်ကိစ္စများ လုပ်ဆောင်ခြင်းက သူ့အလုပ် ဖြစ်လာလေသည်။ အထူးသဖြင့် သူ့အခုပ်က ဆုလာဘ်များ ရသောကြောင့်ဖြစ်သည်။ ထုံးစံအတိုင်း လုရီက ထိုအလုပ်များကို တခြားလူကို ကိုင်တွယ်ခွင့် မပေးပါ။

သူ တစ်လလောက် အပြင် ထွက်နေခဲ့ပြီး ဒီတစ်ခါ သုန်းကုန်းမင်ယွဲ့၏ အလှည့် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

"စီနီယာအစ်မ လျိုနင်ရွှမ်း.. ပြန်မလာသေးဘူးလား?"

လုရီ ပြုံးမိသည်။

သုန်းကုန်းမင်ယွဲ့ ပြောပုံအရဆို စီနီယာအစ်မ လျိုနင်ရွှမ်းသည်လည်း အလုပ်ကိစ္စများ လုပ်ဆောင်နေသည်ဟူ၍။

သုန်းကုန်းမင်ယွဲ့က ခေါင်း ခါယမ်းလိုက်ပြီး

"ဟင့်အင်း၊ အစ်မနင်ရွှမ်းက အလုပ်တစ်ခု လုပ်နေတုန်းပဲ။ ဆရာက ဘာအလုပ်လဲဆိုတာတောင် ငါ့ကို အတိအကျ မပြောပြဘူး။ တကယ်ကို ညစ်တယ်.."

သုန်းကုန်းမင်ယွဲ့၏ စူပုပ်သွားသောမျက်နှာကို မြင်လိုက်ရတော့ လုရီ ဖျတ်ခနဲ မပြုံးဘဲမနေနိုင် ဖြစ်ရသည်။

"သားရဲတစ်သောင်း တောင်တန်းကို ငါ သွားခဲ့တယ်၊ ပြသနာတချို့ ကြုံခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ အမြတ်တွေလည်း ရခဲ့တယ်၊ဟဲဟဲ"

လုရီ တကယ် မလိမ်ခဲ့ပါ။ မနေ့ညက သူသည် အံ့အားသင့်ဖွယ်ကောင်းသော အမြတ်အစွန်းများကို စုဆောင်းမိခဲ့သည်။

အခြေခံ မှော်ဆေးပညာ၊ အသခ်ျေ ဝိဉာဉ်နှင်းစက် ဆယ် စက်၊ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ဝိဉာဉ်အစားအစာ ချက်ပြုတ်နည်း "မီးသွေးကင်အသား"၊အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် 'သွေးအနှစ်သာရ'ဆေးလုံးသန့်စင်နည်း"၊ ရွှေအူတိုင်နယ်ပယ် စွမ်းရည် 'ဆန်းကြယ်ဓားခုနစ်လက်'နှင့် နှစ်တစ်ထောင်ဝိဉာဉ် နှင်းစက် အစက် နှစ်ရာကျော်၊ သွေးဝိဉာဥ်ဂိုဏ်းမှ ရွှေအူတိုင် တပည့်၏ အဖိုးတန် စုဆောင်းမှုများနှင့် လက်ဆောင်ရထားသော ခရမ်းရွှေ သတ္တုတို့ ဖြစ်သည်။

ထိုသို့သော ကြွယ်ဝမှုက ရွှေအူတိုင် ကျင့်ကြံသူပင်လျှင် အချိန်အတော်ကြာ

မနာလိုဖြစ်သွားကြမည်။

"သားရဲတစ်သောင်း တောင်တန်း"

သုန်းကုန်းမင်ယွဲ့သည် တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလာသည်။

"မကြာသေးမီက သွေးဝိညာဉ်ဂိုဏ်းက အခြေတည် ဝိညာဉ် ကျင့်ကြံသူက ငါတို့ဂိုဏ်းနယ်မြေအတွင်းက တိမ်ဖြူဂိုဏ်းက ကျင့်ကြံသူတွေကို ခြုံခို တိုက်ခိုက်ခဲ့တယ်ဆို၊ နင်ကြုံခဲ့တာ အဲ့ဒီ အဖြစ်အပျက်လား"

လုရီက အသာအယာ ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်၊ အဲဒီမှာ ငါ ရှိနေတယ်"

သုန်းကုန်းမင်ယွဲ့ စိုးရိမ်တကြီးဖြင့် လုရီကိုကြည့်ကာ

"အို..သူက အခြေတည် ဝိညာဉ် ကျင့်ကြံ

သူနော်.. စီနီယာ အစ်ကို၊ အဆင်ပြေရဲ့လား"

ထိုအခါ လုရီက သူ့လက်တွေကို ဖြန့်လိုက်ပြီး

"ဒီအစ်ကိုက ဒုက္ခရောက်ခဲ့ပုံ ပေါ်လို့လား"

လုရီ တက်ကြွ ရွှင်လန်းနေတာကို မြင်လိုက်ရတော့ သုန်းကုန်းမင်ယွဲ့ နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားသည်။ သူမက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး

"အစ်ကို၊ နင် မသိတာ ပြောပြဦးမယ်၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း.. ဂိုဏ်းတွင်း အကြီးအကဲတွေ အရမ်းဒေါသ ထွက်နေကြတယ်။ ဂိုဏ်းချုပ်ကြီးတောင် သုန်မှုန်နေပြီး သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်ထားတဲ့ ဂိုဏ်းအလုပ်တွေ အများကြီး ထုတ်ပေးခဲ့တယ်"

ဤစကားကိုကြားသောအခါ လုရီသည် ကြိုတင် တွက်ဆထားသလို ရင်တွင်းမှ သက်ပြင်းချလိုက်သည်။

တိမ်ဖြူဂိုဏ်း၏ နယ်နမိတ်တွင်

သွေးဝိညာဉ်ဂိုဏ်သားများ အတင့်ရဲစွာ ရမ်းကားလာကြခြင်းအား တိမ်ဖြူဂိုဏ်းသည် ဆက်၍ သည်းခံနိုင်မည် မဟုတ်ပေ။

“နောင်လာမယ့် အချိန်တွေမှာ ဂိုဏ်းရဲ့ နယ်မြေဟာ အနည်းငယ် ဖရိုဖရဲဖြစ်သွားနိုင်တယ်၊ဂျူနီယာညီမလေး၊ မင်း ရူးရူးမိုက်မိုက် အပြင်မထွက်တာ ပိုကောင်းမယ်..,.”

သုန်းကုန်းမင်ယွဲ့က ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူမသည် လုရီကို ထူးထူးခြားခြား လိမ္မာပါးနပ်သော အမူအရာဖြင့် ကြည့်ကာ

"အစ်ကို၊ သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံတွေ ငါတို့ရဲ့ တိမ်ဖြူဂိုဏ်းရဲ့ နယ်မြေထဲမှာ မကြာသေးခင်ကမှ ဘာကြောင့် ပြဿနာရှာနေရတာလဲဆိုတာ ငါ သိထားတယ်..."

လုရီ လန့်သွားပြီး သုန်းကုန်းမင်ယွဲ့ကို စူးစူးစိုက်စိုက် ကြည့်ရင်း

"အိုး၊ ဘာအကြောင်းကြောင့်လဲ ပြောပြ"

အမှန်အတိုင်းပြောရလျှင် သူလည်း သွေးဝိညာဉ်ဂိုဏ်းမှ ဤမျှ များပြားသော ကျင့်ကြံသူများ အစုလိုက် အပြုံလိုက် တိမ်ဖြူဂိုဏ်း၏ နယ်မြေသို့ ကျူးကျော်လာကြခြင်းအား သံသယ ဝင်မိသည်။ အခြေတည် ဝိဉာဉ်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ပင် ဦးဆောင်နေသည်လေ။

"သွေးဝိညာဉ်ဂိုဏ်းရဲ့ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျင့်စဉ်ရှိတဲ့ ဘိုးဘေးထဲက တစ်ယောက်က သူ့ရဲ့ အသက်တာ ကုန်ဆုံးတော့မှာ၊ အဲ့ဒီနတ်ဘုရားအသွင်ပြောင်းဘိုးဘေးက ဟင်းလင်းပြင်ဥမင်

နယ်ပယ်ကို အဆင့်ချိုးဖျက်နိုင်ဖို့ မျှော်လင့်နေတယ်၊ ဒါကြောင့် သွေးဝိညာဉ်ဂိုဏ်း တစ်ခုလုံးက သူ့ရဲ့ အသက်တာကို ဆွဲဆန့်နိုင်အောင် သွေးအနှစ်သာရ စုဆောင်းဖို့ အရူးအမူး ကြိုးပမ်းနေကြတာတဲ့။"

ဒါကို ကြားတော့ လုရီ အနည်းငယ် အံ့သြသွားပြီး

"ဟမ်.. ဒီလို ဖြစ်နေတာကိုး"

လုရီ မကူညီနိုင်ဘဲ စိတ်ပျက်လက်ပျက်သက်ပြင်းချမိသည်။

နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ၏ အသက်တာ အား ဆွဲဆန့်ရန်.. ဟင်းလင်းပြင်ဥမင်နယ်မြေသို့ ရောက်ရှိရန်၊ သွေးအနှစ်သာရများကို ဤမျှ ရူးသွပ်စွာ စုဆောင်းနေခြင်းကြောင့် အပြစ်မဲ့ လူ မည်မျှသေကြေပျက်စီး ကြရမည်နည်း။

အစောပိုင်းတွင် ကျင့်ကြံခြင်းဆိုင်ရာ ပါးစပ်ဒဏ္ဍာရီမျိုးစုံကို ကြားခဲ့ရသော်လည်း ယခုအခါ မထိန်းချုပ်နိုင်ဘဲ သက်ပြင်းကိုသာ တွင်တွင်ချမိသည်။ ဂိုဏ်း အပြင်ဘက်ကမ္ဘာကြီးက တကယ့်ကို ရက်စက်ပြီး အန္တရာယ်များလှပါတကား။

ဟမ့်... အနာဂတ်မှာ အပြင်ထွက်တဲ့အခါ ငါ ..ပိုသတိထားရမယ်။

"ဟုတ်တယ်၊ အခု ငါတို့ဂိုဏ်းက ငါတို့နယ်မြေအတွင်းက သွေးဝိညာဉ်ဂိုဏ်းက

ကျင့်ကြံသူတွေကို သတ်ပစ်ချင်နေတာ လေ၊ အဲ...ဒါဟာ အဲဒီသွေးဝိညာဉ်ဂိုဏ်းရဲ့ နတ်ဘုရားအသွင်ပြောင်းဘိုးဘေးကို အဆင့်မတက်နိုင်အောင် တားဆီးဖို့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်တာ ပေါ့"

သုန်းကုန်းမင်ယွဲ့သည် လက်ကလေးနှစ်ဖက် ပိုက်ကာ ပညာရှိကြီးလို ခွဲခြမ်းစိတ်ဖြာလိုက်သည်။

သုန်းကုန်းမင်ယွဲ့သည် ထိုသို့ စိတ်အားထက်သန်စွာ ခွဲခြမ်းစိတ်ဖြာနေသောအခါ လုရီက မနေနိုင်တော့ဘဲ တဟားဟားရယ်၍

"ဟားဟား၊မင်းက ချီသန့်စင်နယ်ပယ်

က လေးပဲ၊ ဒီလောက်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ရဲ့ အရေးကို မင်း ဘာလို့ စိုးရိမ်နေတာလဲ။"

သူသည် ရယ်မြူးစွာ သုန်းကုန်းမင်ယွဲ့၏ ချောမွေ့သော နဖူးကို လက်ဖြင့် တောက်လိုက်သည်။

သုန်းကုန်းမင်ယွဲ့သည် နဖူးကို ဖိကာ လုရီအား ခပ်ကြွားကြွားလေး ပြန်လည် ဖြေရှင်းသည်။

"နင် သိအောင် ရှင်းပြရရင်ဒီမမလေးဟာ အနာဂတ်မှာ မသေမျိုး တစ်ယောက် ဖြစ်လာမှာလေ.. အဲ့တော့ သွေးဝိညာဉ်ဂိုဏ်းက ဘိုးဘေးက ဒီမမလေးရဲ့ရန်သူဖြစ်လာမှာ လေ၊ ဒီမမလေးက ကိုယ့်ရဲ့ အနာဂတ်ပြိုင်ဘက်ကို ကြိုသိနေရုံပါ"

လုရီက လေးလေးနက်နက် ခေါင်းညိတ်ပြီး

"အော်၊ ဒီလိုလား၊ မင်းက အရမ်းစဉ်းစားနေတာ ငါ မအံ့သြတော့ပါဘူး ၊ဂျူနီယာ ညီမလေး"

ထိုအခါ သုန်းကုန်းမင်ယွဲ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လုရီ ပြုံးလိုက်ပြီး

"ငါ ပြောပြမယ်၊ ငါ့မှာ မင်းနဲ့ ကိုက်ညီမယ့် ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှိတယ်ကွ"

သုန်းကုန်းမင်ယွဲ့က အနည်းငယ် လျစ်လျူရှုလိုက်ပြီး

"အစ်ကို၊ ငါတို့ရဲ့ ဆရာက ငါတို့ နှစ်သက်သလို အရင်းအမြစ်တွေ ယူခွင့်ပေးထားတယ်၊ ဒိီမမလေးမှာ ဘာမှ မချို့တဲ့ဘူး"

လုရီက ပြုံးပြီး

"ပြီးပြည့်စုံခြင်း အဆင့် ချီ သိပ်သည်း ဆေးလုံး၊ နှစ်တစ်ရာ ဝိညာဉ်နှင်းစက်၊ ဒါတွေကို မင်း မလိုအပ်ဘူးလား"

ထိုအခါ သုန်းကုန်းမင်ယွဲ့ ခေတ္တရပ်တန့်သွားပြီး လုရီကို ကြည့်ကာ

"ပြီးပြည့်စုံခြင်း အဆင့် ချီ သိပ်သည်း ဆေးလုံးလား.. နှစ်တစ်ရာ ဝိညာဉ်နှင်းစက်လား.."

လုရီက တချက် ရယ်လိုက်ရင်း

"ဟုတ်တယ်ကွ၊ စွန့်စားခန်း ခရီးထွက်တဲ့အခါ တစ်ခုခုတော့ မလွဲမသွေ ပွပေါက်တိုးလာတတ်တယ်တဲ့၊ စာဆို ရှိတယ် သိရဲ့လား၊ ငါတစ်ယောက်တည်းလည်း ဒါတွေ အများကြီးမသုံးတတ်ဘူး၊ ဂျူနီယာညီမလေး.. မင်းအနေနဲ့ အဲဒါတွေကို အသုံးချနိုင်မယ် ထင်တယ်။ ဒါပေမယ့် မင်းရဲ့စကားကို နားထောင်ရရင် မင်း ဒါတွေကို သိပ်မလိုအပ်လောက်ဘူး ထင်ပါတယ်ကွာ"

ထိုအခါ သုန်းကုန်းမင်ယွဲ့၏ လှပသော မျက်နှာသည် အနည်းငယ် နီရဲသွားပြီး ရှက်ရွံ့သွားသည်။

...ဟွန့်.. ပြီးပြည့်စုံခြင်း အဆင့် ချီ သိပ်သည်း ဆေးလုံး နဲ့နှစ်တစ်ရာ ဝိညာဉ်နှင်းစက် အကြောင်းပြောနေမယ်လို့ ဘယ်သူ သိမလဲ။ ဒါတွေကို ငါ သေချာပေါက် လိုအပ်တာ ပေါ့...

စိတ်ထဲမှ ပြန်လည် မကျေမနပ် ပြောကာ သုန်းကုန်းမင်ယွဲ့သည် လုရီကို တစ်ချက်ကြည့်လိုက်ပြီး

"ဒါတွေအားလုံးက အဖိုးတန်ပစ္စည်းတွေလေ၊ နင်ကိုယ်တိုင် သုံးလို့ မရဘူးလား အစ်ကို?"

"ဒါပေါ့၊ ငါ့ကိုယ်တာလည်း ရှိနေသေးတယ်လေကွ" ဟု လုရီ ပြုံးပြီး ပြောလိုက်သည်။

ပြောရလျှင် သူသည် နှစ်တစ်ထောင်ဝိညာဉ်နှင်းစက်များကို အသုံးပြုနေခဲ့ပြီး ယခု သူ့တွင် အသခ်ျေဝိညာဉ်နှင်းစက်ကိုပင် ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။

သုန်းကုန်းမင်ယွဲ့က နှုတ်ခမ်းကလေး အနည်းငယ် ပြုံးယောင်သမ်းသွားပြီး မျက်နှာ နီရဲနေသည်။

အဟီး..စီနီယာ အစ်ကိုက အရမ်း ထောက်ထားညှာတာတာပဲ။

သူမ၏ စိတ်ခံစားမှုများက နားမလည်နိုင်စွာ တုန်လှုပ်သွားကာ

“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို” ဟု ပြောလိုက်လေသည်။

လုရီက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမ၏ ခေါင်းကို အသာပုတ်ပြီး

"ဒါဆို မင်း ကြိုးစားပြီး ကျင့်ကြံရမယ်။ အရင်းအမြစ်တွေ ရှိရုံနဲ့ မလုံလောက်ဘူး၊ မင်းကိုယ်တိုင်လည်း အားထုတ်ရမယ် နော်"

လုရီသည် သုန်းကုန်းမင်ယွဲ့ကို မြန်မြန်အဆင့်တက်နိုင်မည်ဖို့ မျှော်လင့်ပါသည်။ နောက်ဆုံးတွင် သူ့အလုပ်အတွက် ဆုလာဘ်လည်း တိုးလာမည် ဖြစ်သည် လေ။

သုန်းကုန်းမင်ယွဲ့ က အားတက်သရော ခေါင်းညိတ်လိုက်ပြီး

"ဒါပေါ့..စိတ်မပူပါနဲ့ အစ်ကို၊ မင်ယြွဲ့ သေချာပေါက် ကြိုးကြိုးစားစား ကျင့်ကြံမှာ"

လုရီ သဘောတကျ ပြုံးပြီး သုန်းကုန်းမင်ယွဲ့ကို နှစ်တစ်ရာ ဝိညာဉ်နှင်းစက်နှင့် ပြီးပြည့်စုံခြင်း အဆင့် ချီ သိပ်သည်း ဆေးလုံးများအား သူ့သိုလှောင်လက်စွပ်မှ ထုတ်ပေးလိုက်သည်။

သားရဲတစ်သောင်း တောင်တန်းမှ ပြန်လာပြီးနောက် လုရီသည် နောက်တစ်ကြိမ် အပြင်မထွက်သေးပေ။

ယခုနှစ် ဂိုဏ်းအလုပ်ကို ပြီးမြောက်ပြီးနောက် သူ့မှာ ကိုင်တွယ်ရန် အခြားကိစ္စများမရှိသည့်အပြင် ကျင့်ကြံမှုအပေါ် အာရုံစိုက်ရန်သာ လိုအပ်သည်။

ကိုးလအကြာတွင် လုရီ ချီအဆင့်ဆယ့်သုံးသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။

ဒီအောင်မြင်မှုက သူ့ကို တာအို စွမ်းအားမျှင် ငါးခုအပြည့်း ဆုချခဲ့ပြီး စုစုပေါင်း

တာအို စွမ်းအား ရှစ်မျှင်အထိ တိုးလာခဲ့ပါသည်။

လုရီသည် စိတ်လှုပ်ရှားနေတော့သည်။

တာအို စွမ်းအားမျှင် ရှစ်ခုလုံးကို စုပ်ယူပြီး အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ ရောက်သောအခါ သူ၏ အခြေခံအုတ်မြစ်သည် မည်မျှ ခိုင်မာလိုက်မည်နည်း။

ချီအဆင့်ဆယ့်သုံးသို့ ဖြတ်ကျော်ပြီးသောအခါ လုရီသည် နောက်ဆုံး ကောင်းကင်ဘုံ ကန့်သတ်ချက်ကို ကျော်လွှားခဲ့ပြီး သူ၏ခံယူချက်နှင့် ယခင်နားလည်မှုသည် လုံးဝကွဲပြားသွားကာ သဘာဝ တရားကို နားလည်သဘောပေါက်ရန် ပိုမိုလွယ်ကူသွားသည်။

ဤသည်မှာ သူ၏ အရည်အချင်းများ တိုးတက်လာခြင်းကြောင့် မဟုတ်ဘဲ ကောင်းကင်ဘုံတာအို ကန့်သတ်ချက်ကို ချိုးဖျက်ခြင်းဖြင့် အတားအဆီးအလွှာများကို ဖယ်ရှားလိုက်၍ စစ်မှန်သော တာအို စွမ်းရည်ကို ပိုမိုရှင်းလင်းစွာ ထိတွေ့နိုင်လာသောကြောင့်ဖြစ်ပါသည်။

တကယ်တော့၊ ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်၏ ပထမအလွှာနှင့် ဒုတိယအလွှာကို ဖြတ်ကျော်ပြီးချိန်မှာတော့ လုရီ မှာ ထိုသို့ အမြင်များ ပွင့်လင်းခဲ့ပေမယ့် ယခု တတိယအလွှာကို ချိုးဖျက်သလောက်

၎င်းတို့က မရှင်းလင်းခဲ့ပါပေ။

ဤခံစားချက်သည် မယုံနိုင်လောက်အောင် ကြည်နူးစရာ ကောင်းလှသည်။

သဘာဝ၏ ရှုပ်ထွေးမှုများနှင့် တာအို၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တစ်ချက်ကြည့်လိုက်ရာ လုရီသည် သူ့ကိုယ်သူ စကြာဝဠာကြီးနှင့် ပေါင်းစည်းခဲ့သည်ဟုပင် ယုံကြည်သွားခဲ့သည်။

----------------

All Chapters