အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အခန်း၁၀၀- ချီအဆင့် ဆယ့်သုံးလွှာ...
~ လုရီ တစ်ယောက် အံ့သြသွားတော့သည်။
"ဒါက ကောင်းကင်ဘုံတာအို ကန့်သတ်ချက်ကို ချိုးဖျက်ခြင်းရဲ့ အကျိုးကျေးဇူးပဲလား။
သူ၏ ဆရာ လင်းလောင်တောင်ထိပ်သခင်မသည် ကောင်းကင်ဘုံတာအို ကန့်သတ်ချက်များကို အလွှာသုံးဆင့်ဖြင့် ချိုးဖျက်ခဲ့ပြီး၊ တိမ်ဖြူဂိုဏ်းတွင်
အခမ်းနားဆုံး အရည်အချင်းရှိသူအဖြစ် ချီးကျူးခံရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
လျိုနင်ရွှမ်းက ချင်းကျိုးတွင် တက်လာပြီး အရှေ့ပိုင်းဒေသ လူငယ်ပါရမီရှင်များ စာရင်း၌ ထိပ်တန်း အရည်အချင်းများထဲမှ တစ်ဦး ဖြစ်လာနိုင်သည်မှာ အံ့သြစရာ မရှိတော့ပါ။
ချင်းကျိုးသည် အရှေ့ပိုင်းဒေသတွင် အထူးထင်ရှားခြင်း မရှိကြောင်း သတိပြုသင့်ပါသည်။
ကောင်းကင်ဘုံတာအို ကန့်သတ်ချက်များကို ချိုးဖျက်ပြီး တာအိုစွမ်းရည်များကို သဘာဝကျကျ နားလည်သဘောပေါက်ခြင်းက ခွန်အားကို အမှန်တကယ်သတ်မှတ်ပေးလေသည်။
ထိုသို့သော အခြေခံအုတ်မြစ်ဖြင့် သူပိုင်ဆိုင်ထားသော တာအိုစွမ်းအားနှင့် တွဲလျက် လုရီသည် သူ၏အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ တက်လှမ်းပြီးနောက် သူ၏ အခြေခံအုတ်မြစ်သည် မည်မျှ ခိုင်မာလာမည်ကို တွေးကြည့်စရာပင်
မလိုပါ။သူ၏အနာဂတ်မှာ သေချာပေါက် တောက်ပနေမည် ဖြစ်သည်။
လုရီသည် တင်ပျဉ်ခွေ၍ ထိုင်လိုက်ပြီး ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
လေးလအကြာတွင် လုရီ တံခါးပိတ် ကျင့်ကြံနေစဉ် တံခါး အပြင်ဘက်တွင်
ကျန့်ဖန်၏ အသံကို ကြားလိုက်ရသည်။
"ညီလေးလုရေ ..ညီလေးလု ရှိလား။"
လုရီ အံ့အားသင့်သွားသည်။
စီနီယာ အစ်ကို ကျန့်ဖန်က သူ့ကို လာရှာသည်လား။
လုရီ အပြင်ကို လှမ်းကြည့်လိုက်တော့
ကျန့်ဖန်နှင့် ပိုင်ယွီလုံ နှစ်ယောက်လုံး တံခါးဝမှာ အတူတူ ရပ်နေကြကာ သူတို့ကိုယ်မှ ထူးခြားသည့် အရှိန်အဝါတွေ ထွက်ပေါ်လာပြီး အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်၏ အငွေ့အသက်များ ဖျော့တော့စွာ တွေ့လိုက်ရသည်။
လုရီ အံ့သြသွားပြီး ပြုံးကာ
ဂုဏ်ပြုလိုက်သည်။
"အခြေခံအုတ်မြစ် တည်ထောင်ခြင်နယ်ပယ်ကို အဆင့်တက်လာခဲ့တဲ့ စီနီယာ အစ်ကို နှစ်ယောက်ကို ဂုဏ်ယူပါတယ်"
ထိုအခါ ကျန့်ဖန် ကူကယ်ရာမဲ့ အပြုံးဖြင့် ပြန်ပြောသည်။
" ညီလေးလုနဲ့ မယှဉ်နိုင်ပါဘူး။ ဆရာက ပြောတယ်၊ ညီလေးလုက လင်းလောင်တောင်ထိပ်သခင်မရဲ့ တိုက်ရိုက် တပည့် ဖြစ်လာစေဖို့ ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ချီအဆင့် ဆယ့်တစ်ထက် ကျော်လွန်သွားပြီတဲ့..မင်းက တကယ့် ဉာဏ်ကြီးရှင် ပဲ၊ အနာဂတ်မှာနတ်ဘုရားအသွင်ပြောင်းနယ်ပယ် ပုဂ္ဂိုလိကြီးတစ်ယောက် ဖြစ်ဖို့ဆိုတာ မင်းရဲ့ အိတ်ကပ်ထဲက ပစ္စည်း တစ်ခုလိုပဲ အလွယ်ကလေး ဖြစ်မှာပါ"
လုရီက ဒီသတင်းကို ကျန့်ဖန်သိဖို့
မမျှော်လင့်ထားပေမယ့် အံ့သြမနေဘဲ ပြန်လည်တုံ့ပြန်သည်။
“စီနီယာ အစ်ကိုကျန့်ဖန်ကလည်းမှန်မှန် တိုးတက်နေတာပါဗျာ၊ ခင်ဗျားလည်း အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ပုဂ္ဂိုလ် ဒါမှမဟုတ် ပိုအားကောင်းတဲ့ ကျင့်ကြံသူ ဖြစ်လာဖို့ မလွဲနိုင်ပါဘူး။”
ကျန့်ဖန် အငြင်းမပွားဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူ့သခင်ကလည်း သူ့အား ဒီလိုပဲ ပြောလေသည်။ သမိုင်းတွင် ကောင်းကင်ဘုံတာအို ကန့်သတ်ချက်များကို မချိုးဖျက်ခဲ့ကြသော်လည်း မသေမျိုးများအဖြစ် ရပ်တည်နိုင်ကြ သော ပုဂ္ဂိုလ်များ ဒုနှင့်ဒေး မဟုတ်ပါလော။
ဘေးဘက်တွင် ရပ်နေသော ပိုင်ယွီလုံက ကျန့်ဖန်ကို မကျေမနပ်ကြည့်ကာ
"ညီလေးလု၊ ဒီအရူး စကား နားမထောင်နဲ့၊ ဒီလူမိုက်က အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်အဆင့့်တက်ပြီးနောက် စစ်ဆေးမှု ရေ ဝိညာဉ်ခန္ဓာ နိုးထလာခဲ့ပြီး အခု ရေတံခွန်တောင်ထိပ်ရဲ့ အချစ်ခံရသူလေး ဖြစ်လာတာကွ။"
ပိုင်ယွီလုံက လေးလေးနက်နက် သက်ပြင်းချရင်း
" သာမန် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကလေးကတော့ ငါပါပဲ"
လုရီသည် ကျန့်ဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကျန့်ဖန်၏ အရှိန်အဝါသည် အနည်းငယ် ထူးခြားသည်ဟု သူအမြဲတမ်း ခံစားမိနေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။သူသည်လည်း ဝိညာဉ်ကိုယ်ခန္ဓာဖြင့် မွေးဖွားလာသည်လား။
စစ်ဆေးမှု ဝိညာဉ်ခန္ဓာများသည် မွေးရာပါ ဝိညာဉ်ခန္ဓာများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ ချင်းကျိုး ကဲ့သို့ နေရာမျိုးတွင် ၎င်းသည် ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူရဆဲ ဖြစ်သည်။
ဖန် ပါသည့် လူတွေ တကယ်ကို ထူးခြားကြသည်။'ဖန်' ပါသည့် နာမည်ရှိသူ အတွက် လုံလောက်ပါလေသည်။
လုရီက ပြုံးလိုက်ပြီး
" ဂုဏ်ယူပါတယ် စီနီယာအစ်ကို ကျန့်ဖန်၊ ခင်ဗျားရဲ့ အရည်အချင်းတွေနဲ့၊ အနာဂတ်က သံသယဖြစ်စရာ မရှိပါဘူး။"
ကျန့်ဖန်က တဟဲဟဲ ရယ်ပြီး
"နောက်နေပြန်ပါပြီကွာ၊ကဲ ညီလေး ၊ ဒီတစ်ခါ မင်းနဲ့ တစ်ခုခု ဆွေးနွေးဖို့ လာခဲ့တာပဲ "
လုရီက စပ်စုလိုက်သည်။
"ဘာကိစ္စလဲဗျ"
ပိုင်ယွီလုံက သူ၏ ခေါက်ယပ်တောင်ကို ဟန်ပါပါ ဝှေ့ယမ်းကာ ခပ်အေးအေး မေးသည်။
"ညိီလေးလု၊ သွေးဝိညာဉ်ဂိုဏ်းရဲ့ ကိစ္စတွေကို မင်းလည်း ကြားမိတယ် မဟုတ်လား။"
"တိမ်ဖြူဂိုဏ်းနယ်မြေမှာ ဒုက္ခပေးနေတဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်တွေအကြောင်းလား။"
သုန်းကုန်းမင်ယွဲ့ ပြောခဲ့သည့်အတိုင်း၊ သွေးဝိညာဉ်ဂိုဏ်းတွင် လွန်ခဲ့သောတစ်လက အသက်တာ ကုန်ခါနီးနေသော နတ်ဘုရားအသွင်ပြောင်း နယ်ပယ်၏
အထွတ်အထိပ် ဘိုးဘေးတစ်ဦး ရှိနေကြောင်း တိမ်ဖြူဂိုဏ်းသည် အတည်ပြုခဲ့ရသည်။ အသက်တာ ကုန်ဆုံးခါနီးတွင် သွေးဝိညာဉ်ဂိုဏ်း တစ်ခုလုံးသည် ထို
ဘိုးဘေး၏အသက်ကို သက်တမ်းတိုးရန် သွေးအနှစ်သာရကို စုဆောင်းနေသည် ဟူ၍။
သွေးဝိညာဉ်ဂိုဏ်း၏ နယ်မြေသည်
နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး၊ ကြီးစွာသောကံကို တလိုတလားခံယူကာ သွေးအနှစ်သာရ ဖွဲ့တည်ရန် တစ်မြို့လုံးအား စတေးခဲ့သော သွေးဝိဥာဉ်ဂိုဏ်း၏ ကျင့်ကြံသူများပင် ရှိသေးသည်။
ယင်းကြောင့် သွေးဝိညာဉ်ဂိုဏ်း၏ နယ်မြေတစ်ခုလုံး ကမောက်ကမ ဖြစ်ခဲ့ရပြီး
တကိုယ်တော် ကျင့်ကြံသူ အများစုသည်
မတူညီသော နယ်ပယ်များသို့ ထွက်ပြေးသွားကြသည် ။
သာမန်လူများသည် ကျင့်ကြံခြင်းလောကကို နားလည်မှု နည်းပါးသောကြောင့်၊ ၎င်းတို့သည် မသိနားမလည်ဘဲ နုံအနေကာ ဘေးဆိုးများကို အချိန်မရွေးရင်ဆိုင်ကြရသည်။
သို့သော်၊ သွေးဝိညာဉ်ဂိုဏ်းသည် ကြိုတင်ချန်လှပ်မှုများ ရှိနေဆဲ ဖြစ်ပြီး
မြို့တစ်မြို့လုံး သွေးယဇ်ပူဇော်ပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေအတွင်း၌ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ရပ်တန့်ကာ အခြားနယ်ပယ်များတွင် ဒုက္ခ ပေး သောင်းကျန်းခဲ့သည်။
အဖြူရောင်တိမ်တိုက်ဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းတို့သည် မဟာရန်သူများဖြစ်သောကြောင့် အဖြူရောင်တိမ်တိုက်ဂိုဏ်း၏ နယ်မြေသည် သဘာဝအားဖြင့် သွေးဝိညာဉ်ဂိုဏ်း၏ ပထမဆုံးရွေးချယ်မှုဖြစ်သည်။
အထူးသဖြင့် ဆက်ဆံရေး လုံးဝယိုယွင်းလာပြီးနောက်တွင် တိမ်ဖြူဂိုဏ်း၏ နယ်မြေအတွင်း သွေးဝိညာဉ်ဂိုဏ်း၏ကျင့်ကြံသူများ ကျူးကျော်ဝင်ရောက်မှုများ ပိုမိုဖြစ်ပွားလာကာ တိမ်ဖြူဂိုဏ်းသည်လည်း ၎င်း၏နယ်မြေအတွင်း သက်ရှိသတ္တဝါများကို သွေးစတေးရဲသော ကျင့်ကြံသူမှန်သမျှကို အသေသတ်၍ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။
ယင်းကြောင့် အဖြူရောင်တိမ်တိုက်ဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းအကြား ပဋိပက္ခများ ပြင်းထန်လာခဲ့သည်။
ကျန့်ဖန်က လုရီအား ပြုံးရွှင်စွာ အသိပေးလာသည်။
"ဒီလိုကွ၊ ငါတို့နှစ်ယောက်လုံး အခြေခံအုတ်မြစ်တည်ထောင်ရေးနယ်ပယ်ကိုအဆင့်တက်လာပြီဆိုတော့ အတွေ့အကြုံရဖို့ လိုတယ်၊ ပြီးတော့ ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေ ပိုစုဆောင်းချင်တယ်၊ ဒါကြောင့် သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်တွေကို အမဲလိုက်ဖို့ အလုပ်တချို့ လုပ်မယ် ဆုံးဖြတ်ထားကြတာကွ"
ပိုင်ယွီလုံသည် မျက်လုံးများ တောက်ပလာပြီး ဝင်ရောက်ပြောဆိုလာသည်။
"ညီလေးလု၊မင်း အလုပ်ရုံခန်းမကို
အခုတလော မရောက်သေးဘူး မဟုတ်လား၊ မင်း သိမှာ မဟုတ်ဘူး.. အခုဆို သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်တွေကို အမဲလိုက်ဖို့ တင်ထားတဲ့ အလုပ်တွေ အများကြီးရှိနေပြီကွ၊ ဆုလာဘ်တွေက တော်တော်ရက်ရောတယ်! ဒါ ကံကောင်းဖို့ အခွင့်ကောင်းပဲ!"
ထိုအခါမှ လုရီသည် ဤလူနှစ်ယောက်သား သူ့ကို ရှာရန် အဘယ်ကြောင့် လာရသည်ကို သဘောပေါက်သွားသည်။
တိမ်ဖြူဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းကြား ပဋိပက္ခများ ကြီးထွားလာသည်နှင့်အမျှ တပည့်များ ပါဝင်လာရန်မှာ ပုံမှန်ပင် ဖြစ်သည်။
တိမ်ဖြူဂိုဏ်းသည် သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များကို လိုက်လံရှာဖွေရန် အလုပ်များစွာကို ထုတ်ပေးသည်ကလည်း မျှော်လင့်စရာ ဖြစ်သည်။
သို့သော်...
လုရီ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး ငြင်းဆန်သည်။
"တောင်းပန်ပါတယ် အစ်ကိုတို့၊ မကြာသေးခင်ကမှ လုံ့လစိုက်ထုတ်ပြီး ကျင့်ကြံနေလို့၊ ကျွန်တော် ဂိုဏ်းထဲကနေ မထွက်နိုင်သေးဘူး"
လုရီ၏ တုန့်ပြန်မှုကို ကြားတော့ ပိုင်ယွီလုံအံ့အားသင့်သွားပြီး
"ညီလေးလု၊ အရင်းအမြစ်တွေ.. အရင်းအမြစ်တွေလေကွာ၊ မင်း စိတ်မလှုပ်ရှားဘူးလား?"
ထိုအခါ လုရီက ပိုင်ယွီလုံအား အပြစ်ကင်းသော မျက်လုံးလေးများဖြင့် ပြန် ကြည့်လိုက်ပြီး ဖြေရှင်းသည်။
"ကျွန်တော်က ဆရာ့ရဲ့ တိုက်ရိုက် တပည့်တစ်ယောက်ပါ၊ ကျွန်တော့်ရဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေကို အကန့်အသတ်မရှိ သုံးနိုင်တယ်..."
ပိုင်ယွီလုံ: "..."
ကျန့်ဖန် : "..."
နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်ပင် လုရီကို ဘုကြည့် ကြည့်နေကြသည် ။
လုရီ တစ်ယောက် သူတို့အား အရှက်ခွဲသလို ဖြစ်သွားပြီး အမ်းတမ်းတမ်းဖြစ်သွားသည်။
ထို့နောက်တော့ သူက အမြန် ပြုံးပြလိုက်ပြီး
"အခုဆို အပြင်ဂိုဏ်းအပြင်မှာ တော်တော် ရှုပ်ပွပြီး အန္တရာယ် များနေမှာပဲ၊ အစ်ကိုတို့နှစ်ယောက် အပြင်ထွက်ဖို့ ဆုံးဖြတ်ထားရင် ခင်ဗျားတို့ကို ကူညီပေးနိုင်တဲ့ အရာတွေ ကျွန်တော့်မှာ ရှိပါတယ်"
-----------------
အခန်း၁၀၁- ချီအဆင့် ဆယ့်သုံးလွှာ...
~ပြောပြောဆိုဆိုနှင့် လုရီသည် အပြာရောင် ၀တ်စုံနှစ်စုံနှင့် ထိပ်တန်းအဆင့် ဆေးလုံးအချို့ကို ထုတ်ယူလိုက်ပြီး
ပြောလာသည်။
"ဒါတွေက အလယ်အလတ်တန်းစား မှော်အသုံးအဆောင်တွေပါ၊ မှော်ပိုးဝတ်ရုံလို့ ခေါ်ပါတယ်၊ ကျန်တာကတော့ ကျွန်တော် ကျွန်တော် အားလပ်တဲ့အချိန်မှာ သန့်စင်ထားတဲ့ ဆေးတချို့ပါ။ ကျင့်ကြံမှုအခြေခံကို မြှင့်တင်နိုင်ပြီး ဒဏ်ရာတွေကို ကုသပေးနိုင်တယ်။"
ဤအလယ်အလတ်တန်းမှော်အသုံးအဆောင် နှစ်ခုသည် စစ်ဆေးရေး မျှော်စင်၌ လစဉ်စိန်ခေါ်မှုများမှ ဆယ့်တစ်ထပ်ကိုကျော်ဖြတ်တုန်းက သူ့ဂိမ်း စနစ်က ပေးလာသော ဆုလာဘ်များ ဖြစ်သည်။
အလုပ် ဆုလာဘ်များသည် ကျပန်းအားဖြင့်၊ တစ်ခါတစ်ရံတွင် ကျင့်ကြံခြင်း ဆေးလုံးများ၊ တစ်ခါတစ်ရံ ဝိညာဉ်ဆေးရည်များနှင့် အခြားအချိန်များတွင် ကျင့်ကြံခြင်းဆိုင်ရာ ရတနာများ ဖြစ်သည်။
လုရီသည် လများအတွင်း ရတနာအချို့ကို စုဆောင်းထားသော်လည်း ကံမကောင်းစွာဖြင့်၊ သူ့တွင် ပိုမိုကောင်းမွန်သော ရတနာများရှိနေသောကြောင့် ၎င်းတို့အား ကိုယ်တိုင် အသုံးမချနိုင်ခဲ့ပေ။
အဘိုးကြီးလုနှင့် သူ့အမေကို တော်တော်များများ ပေးခဲ့ပေမယ့် ကျန်တာတွေ ကျန်နေပါသေးသည်။
ကျန့်ဖန်နှင့် ပိုင်ယွီလုံ နှစ်ယောက်လုံးက အတော်လေး သဘောကောင်းကြပြီး သူကသူတို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိတာကြောင့် တစ်ယောက်ကို ဝတ်စုံတစ်စုံစီ ပေးချင်ပါသည်။
ကျင့်ကြံခြင်း ဆေးလုံးများအတွက်
ဆေးလုံး သန့်စင်နည်းများမှာမူ စစ်ဆေးရေး မျှော်စင်တွင် အလုပ်များနှင့် သူ့သခင်ကို ကူညီခြင်းအတွက် ဆုလာဘ်များမှ ရလာတာ ဖြစ်သည်။ သူ့ကိုယ်ပိုင် မှော်ဆေးပညာ ကျွမ်းကျင်မှုနှင့် အကြီးအကဲဝမ်၏ ကုန်ကြမ်းအချို့နှင့်အတူ သူကိုယ်တိုင် တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါသည်။
အဆင့် ခုနစ်ထက်ကျော်လွန်သော ကျင့်ကြံခြင်း ဆေးလုံးသန့်စင်နည်းများကို လေ့ကျင့်ပြီးသည်နှင့် ထူးကဲအဆင့်တွင် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံခြင်း ဆေးလုံးများကို ဖော်စပ်ရန် သိသိသာသာ အခွင့်အလမ်းရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဤစွမ်းရည်ဖြင့်ပင် သူ့အတွက် ကျင့်ကြံမှုအရင်းအမြစ်များ ဘယ်သောအခါမှ ပြတ်လပ်လိမ့်မည် မဟုတ်ပေ။
သေချာပါသည်။ သူ့တွင် နှစ်တစ်ထောင်ဝိညာဉ်နှင်းစက် အမြဲ ရှိနေသည့်အတွက်လည်း ကျင့်ကြံမှု အရင်းအမြစ်များ
မချို့တဲ့နေပေ။
ထိုသို့ လုရီ ပေးအပ်လာသည့် ပစ္စည်း ကောင်းများကို မြင်တော့ ကျန့်ဖန်နှင့်
ပိုင်ယွီလုံ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ကျင့်ကြံမှု ရတနာများနှင့် ဆေးလုံးများ လက်ဆောင်ပေးလာမည်ဟု သူတို့က မမျှော်လင့်ထားပေ။အထူးသဖြင့် အလယ်အလတ်တန်းစား မှော်အသုံးအဆောင်များပင်။
အဘိုးကြီးလုက အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်တွင် နှစ်ပေါင်းများစွာ နေခဲ့ရပြီး သူ အလွန်တန်ဖိုးထားခဲ့သော အလယ်အလတ်တန်းစား မှော်အသုံးအဆောင်တစ်ခုသာ ပိုင်ဆိုင်သည်ကိုကြည့်ပါ။ ထိုကဲ့သို့သော ရှေးဟောင်းလက်နက်များသည် မည်မျှ အဖိုးတန်ကြောင်း တွေးကြည့်နိုင်ပါသည်။
ကျန့်ဖန်နှင့် ပိုင်ယွီလုံ တို့သည်
အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အတွင်းဂိုဏ်းတပည့်များသည် မှော်အသုံးအဆောင်များ ပိုင်ဆိုင်ထားသော်လည်း အလယ်အလတ်တန်းစား မှော်အသုံးအဆောင်များသည် အလွန်အဖိုးတန်နေဆဲ ဖြစ်သည်။
နှစ်ယောက်စလုံး ရင်တွင်း၌
လေးလေးနက်နက် ခံစားလိုက်ရသည်။
ကျန့်ဖန်က လုရီကို စိုက်ကြည့်ပြီး
"ညီလေးလု ဘာလုပ်နေတာလဲ၊ မင်း ငါတို့ကို အများကြီး ကူညီပေးခဲ့ပြီးပြီ၊ မင်း ကြောင့်သာ မဟုတ်ရင် ငါတို့ အခြေခံအုတ်မြစ် တည်ထောင်ရခြင်း နယ်ပယ်ကို ချောချောမွေ့မွေ့ အဆင့်မတက်နိုင်ပါဘူး၊ မင်းဆီက ဒီအရာတွေကို ငါတို့ လက်ခံလို့
မရဘူး!"
ပိုင်ယွီလုံကလည်း ခေါင်းညိတ်ကာ သဘောတူပြီး
"ညီလေးလု၊ မင်းရဲ့ပစ္စည်းတွေကို ပြန်ယူသွားပါ။ ငါတို့နှစ်ယောက်က မင်းကို ကူညီဖို့ ဘာမှ မလုပ်ရသေးဘဲနဲ့ လက်ခံလိုက်တာက အပြစ်ရှိတယ်လို့ ခံစားမိလိမ့်မယ်"
ထိုအခါ လုရီက အသာအယာ ပြုံးကာ..
" အခြေခံ အုတ်မြစ်တည်ထောင်ခြင်း အထွတ်အထိပ် ခွန်အားရှိတဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်နဲ့ ကြုံတော့ အစ်ကိုတို့နှစ်ယောက်က ကျွန်တော့်ကို အရင်ပြေးဖို့ ပြောခဲ့တာ၊ ကျွန်တော် ခင်ဗျားတို့ နှစ်ယောက်စလုံးကို သူငယ်ချင်းကောင်းလို့ သတ်မှတ်ထားပြီးသား။ အစ်ကိုတို့ လေ့ကျင့်ရေးခရီးကို ထွက်သွားတဲ့အတွက်ကြောင့် အကူအညီ ပေးရတာ သဘာဝပါပဲ၊ စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ တခြားရတနာတွေ ရှိနေသေးတယ်ဗျ၊ ဒါကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါနဲ့။"
ယခု သူသည် အလယ်အလတ်တန်းစား ရတနာကို ၀တ်ဆင်ထားလေသည်။
သူတို့နှစ်ဦးသာ သိလျှင် သူတို့၏ အမူအရာက မည်သို့ မည်ပုံ ဖြစ်ပျက်သွားကြမည်လဲ။
လုရီက တိတ်တဆိတ် တွေးတောလိုက်သည်။
လုရီ၏ ရိုးသားသော အမူအရာနှင့် လေးနက်သော မျက်နှာကို မြင်လိုက်ရတော့ ကျန့်ဖန် နှင့် ပိုင်ယွီလုံ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ထို့နောက် ကျန့်ဖန်သည် လုရီထံမှ ပစ္စည်းများကို ယူလိုက်ကာ
"ကျေးဇူးတင်ပါတယ် ညီလေးလုရာ"
ပိုင်ယွီလုံကလည်း ပစ္စည်းတွေ လက်ခံလိုက်သည်။
သူတို့နှစ်ဦးစလုံးသည် လုရီ၏ သဘောထားကို နှလုံးသားထဲတွင် မှတ်သားထားကြသည်။ လိုအပ်ပါက အစွမ်းကုန် ကူညီမည်ဟု တေးထားကြသည်။
လုရီက ပြုံးပြီး
"ဒီခရီးက အန္တရာယ်တွေ ပြည့်နေတော့ အစ်ကိုတို့နှစ်ယောက်လုံး သတိထားဖို့ လိုတယ်"
ကျန့်ဖန် နှင့် ပိုင်ယွီလုံ ခပ်တိုးတိုး ခေါင်းညိတ်ပြီး ရယ်မောလိုက်သည်။
"ထျဲ့မန်လည်း အဆင့်တက်ထားတယ်၊ ငါတို့ သူ့ကိုပါ ခေါ်ဖို့ စီစဉ်ထားတယ်။ ငါတို့ သုံးယောက် အတူတူ သွားကြမယ်ဆိုတော့ ကိစ္စကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။ စိတ်မပူပါနဲ့ ညီလေး။"
ဒါကိုကြားတော့ လုရီ ခဏလောက်စဉ်းစားပြီး မှော်လက်အိတ်တစ်စုံနှင့် နောက်ထပ် ကျင့်ကြံခြင်း ဆေးလုံးအချို့ကို ထုတ်
လိုက်ပြီး ပြောလာသည်။
"ဒါတွေက အစ်ကိုကြီး ထျဲ့မန် အတွက်ပါ"
ကျန့်ဖန် "???"
ပိုင်ယွီလုံ "???"
နှစ်ယောက်စလုံး စိတ်ထဲမှာ မေးခွန်းများလှိုင်းထနေပြီး လုရီကို ထူးဆန်းသည့် အမူအရာများဖြင့် ပြန်ကြည့်နေကြသည်။
"ညီလေး၊ မင်းဆီမှာ မှော်အသုံးအဆောင်တွေ ဘယ်လောက် များများရှိ နေတာလဲ" ဟု
ပိုင်ယွီလုံက အံ့သြစွာ အော်ဟစ်သည်။
လုရီ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး
"အဟဲ..အရမ်းကြီးတော့လည်း မများပါဘူး"
ကျန့်ဖန်ကတော့ ခေါင်းကို အသာအယာယမ်းရင်း
" ကောင်းပြီ၊ ပေးလိုက်မယ်..ကဲ..ညီလေး၊ ဒါဆို မင်းရဲ့ ကျင့်ကြံမှုကို ဆက်လုပ်ပါတော့ ၊ ငါတို့ အခု သွားတော့မယ်"
သုံးယောက်သား နှုတ်ဆက်လိုက်ကြသည်။
လုရီသည် ဂိုဏ်းအပြင်ဘက် ကောင်းကင်ယံကို မော့ကြည့်ကာ နဖူးကို ဖိလိုက်သည်။
တိမ်ဖြူဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းကြား ပဋိပက္ခသည် ပိုမို ပြင်းထန်လာသော်လည်း ကောင်းကင်ပြိုကျချိန်တွင် ၎င်းကို ကိုင်တွယ်ရန် အရပ်အမောင်း မြင့်မားသော သူများသည် ကံကောင်းထောက်မစွာ ရှိခဲ့သည်ဟု ဆိုရမည်။
သူသည် ချီအဆင့် ဆယ့်သုံးတွင် ကျင့်ကြံနေသေးသော လူအသစ်ကလေးပါ။
ထိုသို့ မှတ်ချက်ပြုကာ လုရီသည် ဆက်လက် ကျင့်ကြံခဲ့ပါတော့သည်။
နှစ်ကုန်တွင် လုရီသည် ဂိုဏ်း အလုပ်တစ်ခုကို ထမ်းဆောင်ခဲ့သည်။
ဂိုဏ်းမှထွက်သည်နှင့် တစ်ပြိုင်နက်
ဂိုဏ်းအပြင်ဘက်ရှိလေထုသည် ယခင်ကနှင့် လုံးဝမတူတော့ဘဲ ပိုမိုလေးနက်သော အရှိန်အဝါဖြင့် ပြည့်နှက်နေကြောင်း လုရီ ခံစားမိလိုက်ရသည်။
လုရီသည် မြို့များစွာကို ဖြတ်ကျော်လာသည်နှင့်အမျှ တင်းမာသော မျက်နှာထားဖြင့် ခက်သုတ်သုတ် သွားလာနေကြသော
တကိုယ်တော် ကျင့်ကြံသူ များစွာကို တွေ့လိုက်ရသည်။
သတင်းတွေလည်း အများကြီး ကြားခဲ့ရသည်။
သွေးဝိညာဉ်ဂိုဏ်းနှင့် တိမ်တိုက်ဖြူဂိုဏ်းကြား ပဋိပက္ခသည် အပြည့်အ၀ ဖြစ်နေပြီး ရွှေအူတိုင် ကျင့်ကြံသူများပင်လျှင် ဤရုန်းရင်းဆန်ခတ်ထဲသို့ ပါဝင်လာကြသည်။
တိမ်ဖြူဂိုဏ်း၏ နယ်မြေအတွင်း သွေးဝိညာဉ်ဂိုဏ်း၏ ရွှေအူတိုင် တပည့် အများအပြား ကျရောက်လာကြပြီး တိမ်ဖြူဂိုဏ်း၏ ရွှေအူတိုင်တပည့်များသည် သွေးအနှစ်သာရအဖြစ်သို့ ပြောင်းလဲသွားကြသည် ဟူ၍။
ကံကောင်းထောက်မစွာဖြင့်၊ နှစ်ဖက်စလုံးတွင် စည်းဘောင်အချို့ ရှိနေဆဲဖြစ်ပြီး၊ အခြေတည် ဝိဉာဉ် နယ်ပယ်နှင့် နတ်ဘုရားအသွင်ပြောင်း နယ်ပယ် ကျင့်ကြံသူများသည် ဤပြသနာတွင်း မပါဝင်လာပါ။
အခြေတည် ဝိဉာဉ် နယ်ပယ် ကျင့်ကြံသူများ၏ အဖျက်စွမ်းအားသည် သူတို့ အမှန်တကယ် စတင် တိုက်ခိုက်ပါက သာမန်လူများအတွက် သဘာဝဘေးအန္တရာယ် တစ်ခုလိုပင် ပြင်းထန်လေမည်။
အခြေတည် ဝိဉာဉ် နယ်ပယ်ကျင့်ကြံသူ ပါဝင်သည့် တစ်ခုတည်းသောအချိန်မှာ သားရဲ တစ်သောင်းတောင်တန်းတွင် အကြီးအကဲယွီသည် ထိုသွေးဝိညာဉ်ဂိုဏ်း၏အခြေတည် ဝိဉာဉ် နယ်ပယ်ကျင့်ကြံသူကို မောင်းထုတ်လိုက်သော အချိန်ကသာ ဖြစ်သည်။
အခြေတည် ဝိဉာဉ် နယ်ပယ် နှင့် နတ်ဘုရားအသွင်ပြောင်း နယ်ပယ် ပုဂ္ဂိုလ်တို့ ပါဝင် ပတ်သက်ခြင်းမရှိသည့်တိုင် ရွှေအူတိုင်နယ်ပယ် အောက်ရှိ ကျင့်ကြံသူများကြားတွင် တိုက်ပွဲများကပင် လူသားအဖြစ်ဆိုးများစွာကို ဖြစ်ပွားစေခဲ့သည်။
ထိုသို့သော မငြိမ်မသက်မှုများတွင် သဘာဝအတိုင်း ထူးချွန်သော ကျင့်ကြံသူအချို့ ပေါ်ထွက်လာသည်။
အစ်ကို ကျန့်ဖန်နှင့် သူ့အဖွဲ့သည် သတင်းမွှေးနေသည်။ အထူးသဖြင့် အစ်ကို ကျန့်ဖန်သည် နာမည်ကြီးလှသည်။
ရေဝိဥာဉ် ခန္ဓာဖြစ်လာပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အထင်ကြီးစရာဖြစ်သည်။ ပိုင်ယွီလုံနှင့် ထျဲ့မန်တို့နှင့်အတူ ၎င်းတို့ သုံးဦးသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူ အများအပြားကို ဇီဝိန်ချွေပစ်ခဲ့သည်။
---------------
အခန်း၁၀၂- ချီအဆင့် ဆယ့်သုံးလွှာ...
~အခြေခံအုတ်မြစ် တည်ထောင်ခြင်း အဋ္ဌမအလွှာ ကျင့်ကြံသူ၏ လိုက်လံဖမ်းဆီးခံရသည့်တိုင် ကျန့်ဖန်တို့ သုံးဦးသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း ပထမအလွှာတွင်သာ ရှိသေးသော်လည်း ထွက်ပြေး လွတ်မြောက်ခဲ့သော သတင်းသည် ကျင့်ကြံသူတို့အကြား အတော်လေးပွက်လောရိုက်စေခဲ့သည်။
လုရီ သတင်းများကို နားစွင့်ပြီးနောက် ရယ်မောလိုက်သည်။
အချိန် အများစုတွင် စီနီယာအစ်ကိုကျန့်ဖန် သူ၏စွမ်းရည်ကို ပြသနေခြင်း ဖြစ်ပြီး ကျန်စီနိီယာအစ်ကိုများ ဖြစ်သော ပိုင်ယွီလုံနှင့် ထျဲ့မန်က ကျန့်ဖန်၏ ဝတ်ရုံ လက်ဖျားတွင် တွယ်ကပ်နေသော အသုံးအဆောင်ပစ္စည်းများနှင့် ပိုတူပုံ ရသည်။
လမ်းတစ်လျှောက်တွင် လူသူ ဆိတ်သုဉ်းသော ရွာပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။သူတို့ ထွက်ပြေးသည်လား၊ သေဆုံးသွားကြရသည်လား လုရိီ မသိပေ။
သွေးဝိညာဉ်ဂိုဏ်းက ယုတ်မာတဲ့ ခွေးသားတွေ..
သွေးဝိညာဉ်ဂိုဏ်း၏ နတ်ဆိုးကျင့်ကြံသူများသည် အမှန်တကယ် လူစိတ်ကင်းမဲ့လှသောကြောင့် လုရီ အကြီးအကျယ် ဒေါပွကာ ကျိန်ဆဲလိုက်သည်။
ကံမကောင်းစွာပဲ၊ သူသည် တိုက်ပွဲတွင်ပါဝင်ခဲ့သော်ငြား ထိုသွေးဝိညာဉ်ဂိုဏ်းမှ တပည့်များသည် သူတို့၏ သွေးအနှစ်သာရ ထုံးတမ်းများကို လျှို့ဝှက်စွာ လုပ်ဆောင်သောကြောင့် အခြေအနေက များစွာ ပြောင်းလဲမည် မဟုတ်ပေ။
တိမ်ဖြူဂိုဏ်း၏ နယ်မြေတွင် တပည့်များစွာ ရှိ၍ သူတို့အားလုံးကို ရှာတွေ့ရန်မှာ ထင်သလောက် မလွယ်ကူပေ။
သူက မသေမျိုး တစ်ပါးမဟုတ်။
ချီသန့်စင်နယ်ပယ် ကျင့်ကြံသူလေးမျှသာဖြစ်သည်။
သူ့ခွန်အားဖြင့် ချီသန့်စင်နယ်ပယ် နတ်ဆိုးကျင့်ကြံသူများကို အမြစ်ဖြုတ်ခြင်းက သဘာဝအတိုင်းပင် အားထုတ်စရာ မလိုပါ။
လုရိီသည် လမ်းတစ်လျှောက်တွင် သူကြုံတွေ့ခဲ့ရသော သွေးဝိညာဉ်ဂိုဏ်းမှ နတ်ဆိုး ကျင့်ကြံသူအားလုံးကို မခပ်အေးအေးပင် သတ်ပစ်ခဲ့သည်။ အခြေခံအုတ်မြစ် တည်ထောင်ခြင်း ခွန်အားရှိ လူနှစ်ဦးပင် ပါသေးသည်။
ထို့နောက် ဂိုဏ်းသို့ပြန်လာပြီး ဆက်လက်ကျင့်ကြံ နေလိုက်သည်။
အချိန်တွေ ကုန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ဝက်ကျော် ကြာမြင့်သွားသည်။
သူ၏ ဂူစံအိမ်ကြီးထဲ၌ တင်ပျဉ်ခွေကာ ထိုင်နေသော လုရိီတစ်ယောက် မျက်လုံးများကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်သည်။
သူ့ မျက်လုံးများသည်
တွင်းနက်ကြီးတစ်ခုလို အတိုင်းမသိ နက်ရှိုင်းနေကာ ဝိဉာဉ်အလင်းများက ကြယ်များကဲ့သို့ လင်းလက်နေသည်။
သူ့မျက်လုံးထဲက ဝိဉာဥ်အလင်းရောင်တွေ တဖြည်းဖြည်းမှိန်ဖျော့သွားတော့ လုရီသည် သက်ပင့်တစ်ချက် ရှိုက်ရင်း
"နောက်ဆုံးတော့ ချီ သန့်စင်နယ်ပယ် ဆယ့်သုံးလွှာရဲ့ အထွတ်အထိပ်ကို ရောက်ပြီကွ"
သူ့ကိုယ်သူ ရေရွတ်ရင်း ပြုံးလိုက်သည်။
ချီ သန့်စင်နယ်ပယ် ဆယ့်သုံးလွှာ၏ အထွတ်အထိပ်သို့ သူ၏စွမ်းအားကို စုဆောင်းရန် တစ်နှစ်နီးပါး အချိန်ယူခဲ့ရလေသည်။
ဤအခိုက်အတန့်တွင် လုရီသည် တာအို နှင့် ယုတ္တိဗေဒကြား လျှို့ဝှက်ဆန်းကြယ်သော အတားအဆီးကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်လာသည်။
ယခုတစ်ကြိမ်တွင် သူ ရွေးချယ်ရမည့်လမ်းနှစ်သွယ် မရှိပေ။ တစ်ခုတည်းသောရွေးချယ်မှုမှာ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ တက်လှမ်းရန်သာ ဖြစ်သည်။
သို့သော် လုရီ ချက်ချင်း အဆင့်မတက်ခဲ့ပေ။
သူ့ဆရာက အခြေခံအုတ်မြစ် တည်ထောင်ခြင်း ပစ္စည်းတွေ ရှာပေးမည် ဖြစ်၍ သူ အဆင့်တက်ဖို့ အဆင်သင့်ဖြစ်သည့်အခါ သူ့ဆရာကို အကြောင်းကြားမည်ဟု ကတိပေးထားခဲ့သည် မဟုတ်ပါလား။
အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်အတွက် အကောင်းဆုံးပစ္စည်းဖြစ်သော တာအိုစွမ်းအားမျှင်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း သူ့မှာ တာအိုစွမ်းအားမျှင်တွေ ရှိနေ၍ က သူ့အတွက် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနှင့် ပတ်သက်သော ပစ္စည်းတွေ ရှာဖို့ မလိုအပ်တော့ပါဟု သူ့ဆရာကို ထုတ်မပြောနိုင်ပါ။
လုရီ မတ်တပ် ထရပ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှာ အလေးချိန်မရှိဘဲ.. ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
သူသည် တံခါးအပြင်သို့ ဦးတည်လိုက်သည်။
ထိုနောက် ဂူစံအိမ် တံခါးကိုဖွင့်ကာ လင်းလောင်တောင်ထိပ်၏ မြင့်မားသော တောင်ထိပ်သို့ တက်သွားသည်။
သူဆရာထံ ရောက်သောအခါ ဝါးအိမ်ရှေ့တွင် လုရီ ဦးညွှတ်ပြီးအော်ဟစ်လိုက်သည်။
"ဆရာ၊ တပည့် လုရီက ဆရာနဲ့ တွေ့ခွင့်ရလိုပါတယ်"
အသက် ရှူချိန် အနည်းငယ်အကြာတွင် ဝါးအိမ်တံခါးသည် တိတ်တိတ်ဆိတ်ဆိတပွင့်လာပြီး လင်းလောင်တောင်ထိပ် သခင်မ၏ ချိုမြသော်လည်း ပျင်းရိသောအသံ ထွက်ပေါ်လာသည်။
"ဝင်လာခဲ့"
လုရိီက ဝါးအိမ်ထဲသို့ ဝင်လာတော့ သူ့ဆရာက ပက်လက်ထိုင်ခုံပေါ်မှာ ငါးသေကောင်လို လှဲနေသည်။သူမ၏ ကြည်လင်လှသော အသားအရေ ပေါ်လွင်နေသော
ဖြူဖြူဖျော့ဖျော့ ဝတ်စုံ ကို ဝတ်ဆင်ထားသည်။ပထမ တွေ့ဆုံသည့်အချိန်ကနှင့်မတူ ကွဲပြားကာ သူမက လုရီအား အပြင်လူတစ်ယောက်လို သဘောမထားတော့ပေ။
လုရီသည် အတော်အတန် လက်မြှောက်အရှုံးပေးသလို ခံစားလိုက်ရပြီး သူ့ဆရာ၏ ပျင်းရိသော အပြုအမူကို ကျင့်သားရနေပြီ ဖြစ်သည်။
သူ အလည်လာတိုင်း သူ့ဆရာက တစ်ဝက်တစ်ပျက် အိပ်ငိုက်နေပုံရသည်။
ဆရာ့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်က အိပ်တာများလားလို့တောင် သူ အတွေးပွားခဲ့ရသည်လေ။
လုရီ ဝင်လာတာကို မြင်တော့ လင်းလောင် တောင်ထိပ်သခင်မသည် သူမခေါင်းကို ကုတ်လိုက်ပြီး ညည်းညူသည်။
"မင်းဘာလိုချင်တာလဲ၊ ပြသနာကောင်လေး၊ တာအိုပို့ချဖို့ အချိန် မကျသေးဘူးလား။ ငါ့အိပ်မက်တွေကို လာမနှောင့်ယှက်နဲ့၊ ငါ့ဝါးအိမ်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး မင်းကို အပြစ်ပေးလိုက်မယ်..သတိထား .."
ဒါကို ကြားတော့ လုရီ ချက်ချင်း လန့်သွားပြီး "ဆရာ၊ ကျေးဇူးပြုပြီး တပည့်ကို ဝါးအိမ် သန့်ရှင်းရေး လုပ်ခိုင်းပါ" ဟု စိတ်အားထက်သန်စွာ ပြောလိုက်သည်။
တစ်တက်တည်း၌ လုရီသည် အသံတိတ် ကြွေးကြော်လိုက်သည်။
..ငါ့ဆရာအတွက် ဝါးအိမ်ကို သန့်ရှင်းရေးလုပ်ချင်တယ်..
သူ့ အသိစိတ်ပင်လယ်မှ စနစ်မျက်နှာပြင်တွင် စာလုံးများ ပြေးလွှားလာတော့သည်။
[အလုပ်]
သင့်ဆရာအတွက် ဝါးအိမ်ကို သန့်ရှင်း ရေး လုပ်ပေးပါ။
ဆုလာဘ်- ရွှေအူတိုင် လျှို့ဝှက်နည်းပညာ "အသွင်ပြောင်းသိုင်း"
လက်ခံသည်- လက်ခံမည်လား/ငြင်းမည်လား။
...ဟီးဟီး...
လုရီ ကြိတ်၍ ဝမ်းသာသွားသည်။
ဆုလာဘ်က အမိုက်စားပဲမလား။
ဒါဟာ ရွေအူတိုင် နယ်ပယ်ရဲ့ လျှို့ဝှက်သိုင်းပညာတစ်ခု..
လုရီ ထိုအလုပ်ကို တစ်စက္ကန့်မျှ မတွေးဘဲ အမြန်လက်ခံလိုက်သည်။
လင်းလောင် တောင်ထိပ်သခင်မ: "???"
သူမသည် တက်ကြွနေသော လုရီကိုမြင်လိုက်ရသောအခါ သူမ၏ တပည့်မှာ အပြင်းဖျားနေသလားဟုပင် တွေးတောမိသည်။
လင်းလောင် တောင်ထိပ်သခင်မက စိတ်မရှည်စွာဖြင့်
"ဆိုတော့ မင်း ငါ့ဆီ ဘာလာလုပ်တာလဲ"
လင်းလောင် တောင်ထိပ်သခင်မသည်
ယွီလန်းဝိုင်ကို ထုတ်ယူပြီး ကျေနပ်စွာ သောက်သုံးလိုက်သည်။
ထိုအခါ လုရီ သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။
"တပည့်က အခု ချီသန့်စင်နယ်ပယ် ဆယ့်သုံးလွှာ အထွတ်အထိပ်အထိ ကျင့်ကြံပြီးပါပြီ၊ ဆရာ့ကို အကြောင်းကြားဖို့ ရောက်လာခဲ့တာပါ"
ဒါကိုကြားတော့ လင်းလောင် တောင်ထိပ်သခင်မ သောက်နေသည့် ဝိုင် သီးသွားသည်။ သူမသည် တဟွတ်ဟွတ် ချောင်းဆိုးရင်း ရုတ်တရက် ထထိုင်လိုက်လိုက်ကာ မြူမှုန်ကဲ့သို့ မှုန်မှိုင်းနေသော သူမ၏ မျက်လုံးများသည် လုရီကို အံ့ဩခြင်း များစွာဖြင့် စိုက်ကြည့်နေသည်။
"ချီသန့်စင်နယ်ပယ် ဆယ့်သုံးလွှာ အထွတ်အထိပ်...ဒီလောက်မြန်မြန်ကြီး"
ချီသန့်စင်နယ်ပယ်အတွင်းရှိ ကောင်းကင်တာအို၏ ကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်၊ လင်းလောင် တောင်ထိပ်သခင်မသည် လုရီအား ချီသန့်စင်နယ်ပယ်အတွင်းတွင် ရှိနေသည်ဟုသာ ခံစားနိုင်သော်လည်း သီးခြားအလွှာကို ပိုင်းခြား၍ မရပေ။
လုရီသည် ချီသန့်စင်နယ်ပယ် ဆယ့်သုံးလွှာ အထွတ်အထိပ်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ဒီကောင်လေး၏ အမြန်နှုန်းက အရင်တုန်းက သူမထက် သာလွန်သည်။
လုရီ ညင်သာစွာ ခေါင်းညိတ်ကာ
"ဟုတ်ကဲ့"
လင်းလောင် တောင်ထိပ်သခင်မက ထပြီး လုရီကို အကြိမ်အနည်းငယ် လှည့်ပတ်ပြီး ကြည့်သည်။ ထို့နောက် လုရီမျက်နှာအနား တိုးကပ်လာသည်။သူမ၏ ဝိုင်ရနံ့က သူ့ကို လွှမ်းခြုံထားတာကြောင့် လုရီ မရည်ရွယ်ဘဲ နောက်ပြန်ဆုတ်သွားမိသည်။
သူ့ခေါင်းမှာ လှိုင်းထနေကာ ပြန်မေးသည်။
"ဆရာ၊ ဘာလုပ်နေတာလဲ၊ ကျွန်တော့်ကို လန့်အောင် ခြောက်နေတာလား"
လင်းလောင် တောင်ထိပ်သခင်မသည် စိတ်ရှုပ်ထွေးသွားသည်။
"မင်းက အရင်ကနဲ့ ဘာမှ မထူးခြားဘူး၊ ဘယ်လို မြန်မြန်လုပ်လိုက်တာလဲ"
လုရီ: "..."
... 'ဘယ်လို မြန်မြန် လုပ်လ်ိုက်တာလဲ' ဆိုတာ ဘာကို ဆိုလိုတာလဲ။ ယောက်ျားတစ်ယောက် မြန်နေတာ မကောင်းဘူးလား။
ကျေးဇူးပြုပြီး 'ကျင့်ကြံမှုအရှိန်' ဟူသော စကားလုံးများကို ထည့်ပါ။...
လုရီ စိတ်ထဲက မကျေမနပ်ဖြစ်ပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။
"ဆရာ...,ချီသန့်စင်နယ်ပယ် ဆယ့်သုံးလွှာ
ကန့်သတ်ချက်ကို ရောက်တဲ့အခါ တပည့်က ဆရာ့ကို အကြောင်းကြားဖို့ ပြောခဲ့တယ် လေ"
လင်းလောင်တောင်ထိပ်သခင်မက
ပြန်အမှတ်ရသွားသည်။
"ဟုတ်တယ်လေ၊ ဒါ အမှန်ပဲ"
စောစောက အံ့သြလွန်း၍ သူမ လုံးဝ
မေ့သွားသည်။
ခေါင်းထဲ၌ အနက်ရောင်လိုင်းများ ပြည့်နေသော လုရီသည် သူ့သခင်မှာ ယုံနိုင်လောက်စရာ မရှိသည်ကို တွေ့လိုက်ရသည်။
လင်းလောင်တောင်ထိပ်သခင်မသည် ထူးထူးခြားခြား ဘာမှမတွေ့ရသော လုရီကို ကြည့်လိုက်ပြီး ငါသေကောင်လို သူမ၏ ထိုင်ခုံပေါ်တွင် ပြန်လှဲနေလေသည်။
"အနာဂတ်မှာ ဓားတာအိုကို လိုက်စားဖို့ စိတ်ကူးထားဆယ်မလား၊ ငါ အပြင် ထွက်သွားပြီး မင်းအတွက် ဓားတာအိုအခြေပြုတဲ့ အခြေခံအုတ်မြစ်တည်ထောင်ခြင်း ပစ္စည်းတွေ ရှာတွေ့ခဲ့တယ်..ဒီမှာ..."
လင်းလောင် တောင်ထိပ်သခင်မသည် စကား ပြောနေစဉ်တွင် သူမ၏ သွယ်လျလှပသော လက်ကို ဖွင့်လိုက်ပြီး ဓားသွားသဏ္ဍာန်ရှိသော စိမ်းလန်းစိုပြေသည့်
မြက်ပင်ငယ် တစ်ပင်ကို ပြသလာသည်။
မြက်ပင်သည် ပြိုင်ဘက်ကင်း ဓားတစ်လက်လို ထက်မြသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
လုရီ တအံ့တသြ ရေရွတ်လိုက်သည်။
"ဓား စိတ်ဆန္ဒမြက်ပင်ပါလား"
ဓား စိတ်ဆန္ဒမြက်ပင်။
၎င်းသည် အလွန်ရှားပါးသော အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ဆိုင်ရာ ပစ္စည်းဖြစ်ပြီး၊ ဝိညာဉ်နှင်းစက်အမျိုးမျိုးထပ်တူ ရှားပါးပါသည်။
အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်အတွက် အသုံးပြုပါက၊ ဓား စိတ်ဆန္ဒမြက်ပင်သည် အလွန်ခိုင်မာသော ဓား
တာအိုအခြေခံကို သွန်းလောင်းနိုင်သည်။
သူ့ဆရာသည် သူ့အတွက် ဤကဲ့သို့ ပစ္စည်းတစ်ခုကို ရှာပေးလိမ့်မည်ဟု
လုရီ မမျှော်လင့်ထားခဲ့ပေ။
---------------