← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း၁၁၈- ရှေးဟောင်းအပျက်အစီးအတွင်းမှ အင်မတန် ရက်ရောလှသော

အလုပ်ဆုကြေးများ...

~လုရီသည် သွေးရောင်လွှမ်းသော လူငယ်၏ ရန်စမှုကို မြင်သောအခါ မျက်ခုံးတစ်ဖက် ပင့်ချီကာ

"ဒီလူက ဘယ်သူလဲ"ဟု ရေရွတ်လိုက်သည်။

ထိုအခါ လုရီဘေးမှာ ရပ်နေသည့် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း အထွတ်အထိပ် ခွန်အားရှိသော အေးဆေးပုံ ရသည့် လူငယ်လေးက ထိုမောက်မာသော လူငယ်ကို ကြည့်ရင်း လုရီအား ပြောပြလာသည်။

"အဲ့လူက သွေးဝိညာဉ် ဂိုဏ်းခေါင်းဆောင်ရဲ့ သားရွှယ်ထျန်းဟန်လေ။ သူ့ရဲ့ခွန်အားက အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ်ပဲ၊ သူ့ရဲ့ ခွန်အားက တော်တော်ကြောက်စရာကောင်းပါတယ်"

ယခု ပြောပြနေသော လူငယ်မှာ ယွီလင်းဟု ခေါ်ပြီး ဤအသေးစား ပြိုင်ပွဲတွင် ဒုတိယနေရာ ရခဲ့သူ ဖြစ်သည်။ သူ့ခွန်အားသည်

မယုံနိုင်လောက်အောင် အားကောင်းပြီး အစမ်းစာရင်းတွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆင့် နှစ်ဆယ့်နှစ်သို့ ရောက်ရှိခဲ့သည်။ ရွှေအူတိုင်နယ်ပယ် ပထမအလွှာ ကျင့်ကြံသူကို အနိုင်ယူနိုင်စွမ်း ရှိလေသည်။

သွေးဝိဉာဉ်ဂိုဏ်းမှ ရွှယ်ထျန်းဟန်ကို ကြည့်ရင်း ယွီယင် ဘေးနားက မိန်းမလှလေး တစ်ယောက်က မျက်မှောင်ကြုတ်ပြီး လုရီအား သတိပေးသည်။

"ဒီလူက ဂျူနီယာ မောင်လေးလုကို ပစ်မှတ်ထားနေပုံပဲ။ အရှေ့တောအုပ်အပျက်အစီး နယ်မြေထဲ ဝင်လိုက်တာနဲ့ သူ နင့်ကို ရန်ရှာလာနိုင်တယ်၊ သတိထားနော်၊ ဂျူနီယာ မောင်လေးလု"

ပြိုင်ပွဲတွင် တတိယနေရာရရှိခဲ့သော ဤ မိန်းကလေးသည် ယွီလင်းထက် များစွာအားနည်းခြင်းမရှိပေ။ သူမနာမည်က လင်းရှောင်ရှောင်ဟု ခေါ်သည်။

လုရီက ပေါ့ပေါ့ပါးပါး ရယ်မောရင်း

"ဟားဟား၊သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ရဲ့ သားလား၊ သူ အရမ်း မောက်မာနေတာ မထူးဆန်းတော့ပါဘူး၊ ဟုတ်ကဲ့၊ သတိထားပါ့မယ်၊သတိပေးတဲ့အတွက် ကျေးဇူးပါ၊

စီနီယာအစ်မလင်း"

တိမ်ဖြူဂိုဏ်းတွင် တပည့်များ ကျူးလွန်ခဲ့သော သွေးဝိညာဉ်ဂိုဏ်း၏ ဆိုးသွမ်းယုတ်မာမှုအကြောင်းကို ပြန်တွေးမိသည်။

သူတို့၏ လက်ချက်ဖြင့် ရွာများသည် လူသူ ကင်းမဲ့ ပျက်စီးသွားကာ သနားဖွယ် ဒေသခံများမှာ ခိုကိုးရာမဲ့ ထွက်ပြေးပုန်းရှောင်နေကြရရှာသည်။

သွေးဝိဉာဉ်ဂိုဏ်း၏ ရှေးဟောင်းသင်္ဘောပျံကို အသေအချာ စစ်ဆေးရင်း သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ရွှယ်ထျန်းဟန်သည် သူ့အပေါ် သတ်ဖြတ်လိုသော အရိပ်အမြွက်ကို ပြသသောအခါတွင် အခြားသော သွေးဝိညာဉ်ဂိုဏ်းမှ တပည့်များကလည်း လုရီကို စိန်ခေါ်သလိုကြည့်လာကြကာ မျက်လုံးများ

အေးစက်သွားကြသည်။

ထိုအခိုက်၌ လုရီ သူ့ကိုယ်သူ အလုပ်ချမှတ်လိုက်သည်။

"အရှေ့ တောအုပ်အပျက်အစီး နယ်မြေထဲ ဝင်လာတဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်မှန်သမျှကို ငါ သတ်ပစ်မယ်"

သူ့အသ်ိစိတ်အတွင်း အလုပ်မျက်နှာပြင်မှ

စာသားများ စီတန်း ပြေးလွှားလာသည်။

[အလုပ်]

အရှေ့သစ်တော အပျက်အစီး နယ်မြေထဲသို့ ဝင်ရောက်လာသော သွေးဝိညာဉ်ဂိုဏ်းမှ တပည့်များကို သတ်ပစ်ပါ။

အလုပ်အတွက် ဆုကြေး- သတ်ဖြတ်သူအရေအတွက်ပေါ်တွင် မူတည်သည်။

အလုပ်ကို လက်ခံပါ- လက်ခံမည်/ငြင်းမည်။

လုရီသည် 'လက်ခံမည်' ကို တိတ်တဆိတ်ရွေးချယ်ခဲ့ပြီး ရွှယ်ထျန်းဟန်ကိုလည်း ပြန်၍ မထီမဲ့မြင် ပြုံးပြခဲ့သည်။

အဝေးမှ သွေးဝိညာဉ်ဂိုဏ်း၏ရှေးဟောင်းသင်္ဘောပျံပေါ်တွင် ဝံ့ကြွားစွာ ရပ်နေသော ရွှယ်ထျန်းဟန်သည် လုရီ သူ့ကို ပြန်၍ မထီမဲ့မြင် ပြုံးပြရဲသည်ကို မြင်လိုက်ရသောအခါ သူ၏ ဖြူဖွေးသော သွားအစုံအား ထုတ်ဖော်လိုက်သည်။

"ဒီခွေးကောင်က တကယ်ကို သေချင်နေတာပဲ"

ထိုအခါ သူ့အနားရှိ ကနွဲ့ကလျနှင့် မိန်းကလေး တစ်ယောက်က အမူပိုပို ရယ်ကာ မေးသည်။

"မကြာခင် သေရမယ့် လူတစ်ယောက်နဲ့ ဖက်ပြိုင်ပြီး ဘာလို့ ဒေါသထွက်နေရလဲ ထျန်းဟန်ရယ်..."

"တကယ်တော့ ချီသန့်စင် နယ်ပယ်က ကောင်းကင်ဘုံဒုက္ခကို နှိုးဆွပေးရင်တောင် ဘာဂရုစိုက်စရာ လိုလဲ၊ ဒါက လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ရဲ့ အဆင့် ချိုးဖျက်မှုလေးပဲ၊ သူတို့ရဲ့ ဂိုဏ်းထဲမှာ လုံ့လစိုက်ပြီး ကျင့်ကြံရမယ့်အစား စွန့်စားရဲကြတယ်၊ သေချင်လို့ လမ်းရှာနေတာဟာပဲ"

ထိုအခိုပ်အတန့်၌ သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲတစ်ဦးက လုရီကို စူးစူးရဲရဲ ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ဒီကလေးမှာ ထူးကဲတဲ့ အရည်အချင်း

ရှိတယ်၊ သူ့ကို ကြီးထွားခွင့်ပေးရင်

ငါတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်းကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ရန်သူ ဖြစ်လာလိမ့်မယ်။ မင်းတို့ ဒီထဲမှာ ရနိုင်တဲ့ အရင်းအမြစ်တွေ ရတနာတွေ..အခွင့်အလမ်းနည်းပါစေ၊ စွန့်လွှတ်အနစ်နာခံဖို့ ထိုက်တန်တယ်။ ဒီကလေးကို သတ်နိုင်တဲ့သူက ငါတို့ဂိုဏ်းရဲ့မက်လောက်စရာ ဆုလာဘ်တွေ တပုံကြီး သိမ်းပိုက်နိုင်မယ်။"

ထိုသို့ မက်လုံး ပေးလိုက်သောအခါ

သွေးဝိညာဉ်ဂိုဏ်း၏ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် တပည့်များအားလုံးသည် စိန်ခေါ်မှုအတွက်အဆင်သင့်ဖြစ်နေကာ သူတို့၏မျက်လုံးများတွင် စိတ်အားထက်သန်မှုတို့ တောက်လောင်လာသည်။

"ဟုတ်ကဲ့ပါ အကြီးအကဲ!"

ထိုသို့ နှစ်ဘက်ကြား တင်းမာမှုများ မြင့်တက်လာစဉ်.. ကောင်းကင်နှင့်မြေကြီးအကြား နားကွဲဖွယ် စူးစူးရှရှ မြည်သံတစ်ခုကို ကြားလိုက်ရပြီး ကြီးမြတ်သော တည်ရှိမှုတစ်ခုသည် အထိန်းအကွပ်မရှိဘဲ လွတ်မြောက်လာပုံ ရသည်။ လုရီအပါအဝင် လူတိုင်း အသံလားရာသို့ အာရုံစိုက်မိကြသည်။

ထိုလမ်းကြောင်းတွင် ထူးဆန်းသော အနက်ရောင်မြွေကြီး တစ်ကောင်သည် မီတာရာနှင့်ချီ ရှည်လျားသော အနက်ရောင် အတောင်ပံတစ်စုံကို ခတ်ကာ အဝေးမှ အဟုန်ပြင်းပြင်း ပျံသန်းလာခဲ့သည်။

ကျင့်ကြံသူတချို့မှာ

မြွေကြီး၏ ကျောဘက်တွင် မားမားမတ်မတ် ရပ်ကာ လိုက်ပါလာကြပြီး သူတို့တစ်ဦးစီသည် ရန်စ၍ ရနိုင်သော

လူများ မဟုတ်ဟူသော အမူအရာများ ပြသနေသကဲ့သို့ မျက်နှာထား ခက်ထန်‌နေသည်။

မြင်ကွင်းအား ငေးရင်း ..လူများသည်

တစ်ယောက် တစ်ပေါက် တွတ်ထိုးကြပြန်သည်။

"အနက်ရောင် ကျောက်စိမ်း မှော်မြွေကြီးပဲ၊ ကောင်းကင်မြွေဂိုဏ်း ရောက်လာပြီ"

"မျှော်လင့်ထားတဲ့အတိုင်း ကောင်းကင်မြွေဂိုဏ်းပါလား၊ အနက်ရောင် ကျောက်စိမ်း မှော်မြွေရဲ့ အရှိန်အဝါက အခြေတည်ဝိဉာဉ် အဆင့်မှာ ရှိပြီး သူတို့ရဲ့စီးတော်သားရဲအဖြစ် ယဉ်ပါးနေတယ်..."

"ကောင်းကင်မြွေဂိုဏ်းမှာ သန်မာတဲ့တပည့်တွေရှိပုံပဲ၊ဟေး၊ မင်းတို့ ဘယ်လိုထင်လဲ၊ သွေးဝိညာဉ်ဂိုဏ်း၊ တိမ်ဖြူဂိုဏ်းနဲ့ အေးခဲ ဆောင်းရာသီတောင်ကြားတို့ကို

အဲ့ဒီ ကောင်းကင်မြွေဂိုဏ်းက ယှဉ်နိုင်

မလား။"

"ဟေ့လူ၊ ကောင်းကင်မြွေဂိုဏ်းက အမြဲတမ်း သိုသိုဝှက်ဝှက် နေတတ်ပေမယ့် မပျော့ညံ့ဘူး သိရဲ့လား..သူတို့တပည့်တွေကလည်း မညံ့လောက်ဘူး..သူတို့တွေထဲမှာ ပါရမီရှင်တွေတောင် ပါလာဦးမယ်"

ထိုသို့ လူအုပ်ကြီး ဆွေးနွေးနေစဉ်တွင် အရောင်အဆင်း လှပသော အလင်းတန်းများ ဖြာဆင်းလာသည်။

လားရာသို့ လူထုကြီးသည် အကြည့်များ စုပြုံသွားတော့ မိုးကုပ်စက်ဝိုင်းမှ ဇိမ်ခံ ပန်းသင်္ဘောပျံ တစ်စင်း ပျံဝဲလာနေသည်ကို တွေ့လိုက်ရသည်။

"ဟီးဟီး...ပန်းတစ်သောင်းဂိုဏ်း ရောက်လာပြီ!"

ကျင့်ကြံသူ အများအပြား၏ မျက်လုံးများ အရောင် တောက်ပလာကာ ပန်းသင်္ဘော၏ ဦးတည်ရာဆီသို့ မျှော်ကြည့်ရင်း

ရင်ထဲ တက်ကြွလာကြသည်။

ပန်းတစ်သောင်း ဂိုဏ်းသည် ချင်းကျိုးရှိ တစ်ခုတည်းသော အမျိုးသမီး ဂိုဏ်းဖြစ်သည်။ ဂိုဏ်း၌ စွဲမက်ဖွယ် အလှတရားများ ကိုယ်စီ ပိုင်ဆိုင်သော အလှသွေးကြွယ်သည့် ကျင့်ကြံသူများသာ ပါဝင်လေရာ အမျိုးသား ကျင့်ကြံသူ အများအပြားသည် မိမိတို့၏ တာအိုလက်တွဲဖော်အဖြစ် ပန်းတစ်ထောင်မှ တပည့်မလေးများအား လက်တွဲလိုကြသည်။

များမကြာမီ ပန်းတစ်ထောင် ဂိုဏ်း၏ ပန်းသင်္ဘောပျံသည် အနီးသို့ ရောက်ရှိလာသည်။ စွဲမက်ဖွယ် အသွင်နှင့်

နတ်မိမယ်လေးများသည် ပန်းသင်္ဘောပျံ၌ မတ်တပ်ရပ်ကာ စီးနင်း လိုက်ပါလာကြသည်။ အရှေ့ဆုံးက ဦးဆောင်သူမှာအလွန်အမင်း ကြွေလောက်ဖွယ် အလှတရားအား ပိုင်ဆိုင်ထားသော အစိမ်းရောင်ဝတ်စုံဝတ် နတ်မိမယ်လေး တစ်ပါး ဖြစ်သည်။ သူမ၏ ကိုယ်မှ ကြီးကျယ်၍ လေးနက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။

နင်ကောင်း ရှေးဟောင်းသင်္ဘောပျံပေါ်ရှိ တိမ်ဖြူဂိုဏ်း၏ လူတိုင်းသည် ပန်းသင်္ဘောကို အာရုံစိုက်နေကြသည်။

ယွီလင်းက ထူးထူးခြားခြား လှပသည့် အမျိုးသမီးကို ကြည့်ရင်း ပြောပြသည်။

"ညီအစ်ကိုတို့..အစိမ်းရောင် ၀တ်စုံ ဝတ်ထားတဲ့ အမျိုးသမီးနာမည်က ယွင်ရှီးတဲ့ကွ၊ ပန်းတစ်သောင်း ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားတဲ့သူပဲ၊ ယွင်ရှီးက အရမ်း စွမ်းအားကြီးတယ်လို့ နာမည်ကြီးတယ်"

ထိုအခါ ယွီလင်းဘေးနားက အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် တပည့် တစ်ယောက်က ခပ်ပြုံးပြုံးဖြင့်

"ဟဲဟဲ၊ သူက သန်မာသည်ဖြစ်စေ၊

မသန်သည်ဖြစ်စေ ဒါက တခြားကိစ္စပဲ၊ ဒါပေမယ့် ယွင်ရှီးက တကယ်ကို လှတယ် နော်.."

တပည့်တော်တော်များများက သူ့စကားအား ပွဲကျသွားပြီး ရယ်မောကြသည်။

ယွင်ရှီးသည် ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ယောက် ဖြစ်သော်လည်း လုရီ၏ နှလုံးသားသည် လျစ်လျူရှုနေခဲ့သည်။

စင်စစ်ဆိုရလျှင် သူ့ဘေးနားရှိ အစ်မ

လျိုနင်ရွှမ်း နှင့် ညီမ သုန်းကုန်းမင်ယွဲ့ တို့သည် ပြိုင်ဘက်ကင်းအောင် လှပပြီး သူ၏အဆင့်အတန်းကို မြှင့်တင်ပေးသည်။

ထိုယွင်ရှီးက လှပနေလျှင်တောင် သူ့နှလုံးသားအား လှိုင်းမထစေပါ။

ယွင်ရှီး၏ ခွန်အားသည် အားမနည်းလှကြောင်း သူပင် ခံစားသိရှိနိုင်သေးသည်။

သူမ၏ ခန္ဓာကိုယ်တွင် အလွန်အစွမ်းထက်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်။

ပန်းတစ်သောင်းဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းသို့ ရောက်ရှိလာပြီးနောက်တွင် မှော်မြွေကြီးနှင့် ပန်းသင်္ဘော ပေါ်မှ အကြီးအကဲများသည် လေထဲသို့ ခုန်ဆင်းကာ ချူးယွင် အပါအဝင် အကြီးအကဲ သုံးဦးထံသို့ ပျံသန်းသွားကြသည်။

သူတို့နှစ်ဦးသည် ယခုတစ်ကြိမ်တွင် အဖွဲ့များကို ဦးဆောင်နေသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများဖြစ်ကြရာ

သူတို့၏ ခွန်အားမှာ အလွန်အမင်း ကြောက်စရာကောင်းပါသည်။

"တာအိုရောင်းရင်း၊ တုချင်နဲ့ မျဲ့ယွဲ့တို့ပါလား .."

တုန်ယွီက ရင်းရင်းနှီးနှီး ရယ်မောကာ နှုတ်ဆက်သည်။

တုချင်းသည် ပန်းတစ်သောင်းဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်း အကြီးအကဲ အမျိုးသမီးကြီး ဖြစ်သည်။ တစ်ဖက်တွင် မျဲ့ယွဲ့ က ကောင်းကင်မြွေဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်း အကြီးအကဲ အဘိုးကြီး ဖြစ်သည်။

ယခုအခါ ဂိုဏ်းကြီး ငါးဂိုဏ်းလုံး ရောက်ရှိလာပါပြီ။

သိပ်မကြာခင်မှာပဲ ဤကုန်းမြေပေါ်က လူသတ် အရှိန်အဝါက ပိုထူထပ်လာပြီး သွေးရနံ့တွေ တဟုန်ထိုး မွှန်ထူလာသည်ကို လုရီ ခံစားမိလိုက်

သည်။

၎င်းက လူတိုင်း၏ နှလုံးသားထဲမှ ရက်စက်ကြမ်းကြုတ်သည့် စိတ်ရိုင်းများအား နှိုးဆွလာသည်။

-----------------

အခန်း၁၁၉- ရှေးဟောင်းအပျက်အစီးအတွင်းမှ အင်မတန် ရက်ရောလှသော

အလုပ်ဆုကြေးများ...

~ ဤသည်မှာ သွေးဆာနေသော စွမ်းအား၏ စိတ်ဝိဉာဉ် လွှမ်းမိုးမှု ဖြစ်သည်။

လုရီသည် သူ၏ စိတ်ဝိဉာဉ်ကို ဝိညာဉ်စွမ်းအားများ လည်ပတ်စေလိုက်ပြီး ဤခံစားချက်ကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။ သူသည် အံ့အားသင့်စွာဖြင့် အနီးနားရှိ တောင်ကုန်းဆီသို့ အကဲခတ်ကြည့်လိုက်သည်။

တောင်ကုန်း၌ ပြင်းထန်လှသည့် သွေးဆာနေသော စွမ်းအားများ စုရုံး၍ သွေးမြူများအဖြစ် ဖြစ်တည်လာသည်။

တပည့် တော်တော်များများက အော်ဟစ်ကြသည်။

" ဟော..ဟိုမှာ..အဲ့ဒါက ဘာပါလိမ့်"

သူတို့ ဘေးနားက အကြီးအကဲတစ်ယောက်က ရှင်းပြလာသည်။

“ငါတို့အတွက် အချိန် ရောက်လာပြီ။ လူသတ် စိတ်ဆန္ဒက အပြင်းထန်ဆုံးဖြစ်လာချိန်မှာ အရှေ့ တောအုပ် အပျက်အစီး နယ်မြေရဲ့ နယ်မြေအတားအဆီးက အားအပျော့ဆုံး ဖြစ်ပြီး အဲ့အချိန်မှာ တံခါးဖွင့်လို့ ရပြိီ”

ထိုအကြီးအကဲ၏ ပြောနေသော စကားစပြတ်သည်နှင့် တပြိုင်နက် အလယ်ဗဟိုတွင် ရပ်နေသော နတ်ဘုရား အသွင်ပြောင်းနယ်ပယ် ကျွမ်းကျင်သူ ငါးဦးသည် လေထဲသို့ တပြိုင်နက် ပျံတက်ကာ သွေးမြူထု၏ အရှေ့သို့ ရောက်ရှိလာသည်။

မျဲ့ယွဲ့က နှိုးဆော်သည်။

"ကဲ..အပျက်အစီးနယ်‌မြေ တံခါးကို အတူ ဖွင့်ကြစို့"

"ကောင်းပြီ!"

နတ်ဘုရား အသွင်ပြောင်းနယ်ပယ် ကျွမ်းကျင်သူ ငါးဦး၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင်များ တဝိီဝီ လည်ပတ်လာသည်။သူတို့၏ ကြီးစိုးသော အရှိန်အဝါသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး ပတ်ဝန်းကျင် နေရာအား အနည်းငယ် တသိမ့်သိမ့် တုန်သွားစေသည်။

လူသတ် စိတ်ဆန္ဒကို နတ်ဘုရား အသွင်ပြောင်းနယ်ပယ် ကျွမ်းကျင်သူများ၏ အရှိန်အဝါဖြင့် နှိုးဆွခဲ့ပြီး မီးလောင်ထားသော မြေပြင်တစ်ခုလုံး နိုးထလာပုံ

ရသည်။ အဆုံးမရှိသော နှစ်များတစ်လျှောက် ရှေးဟောင်း ပုံရိပ်များသည် မီးလောင်ကျွမ်းနေသော ကုန်းမြေပေါ်တွင် အများအပြား ပေါ်ပေါက်လာသည်။

လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုမှ ထိုရှေးဟောင်း ပုံရိပ်များသည် ရှိန်လောက်စရာပင်။ သူတို့၏ စစ်ပွဲ ကြွေးကြော်သံများက ကောင်းကင်ကို ကိုင်လှုပ်သလိုပင် ကြားရသူတို့ နားထဲ၌ အဆက်မပြတ် ဆူပွက်လာသည်။ အဆုံး မရှိသော နှစ်များ တစ်လျှောက်က ထိုပုဂ္ဂိုလ်တို့သည်

မိမိတို့၏ လူသတ် အငွေ့အသက်ကို ယခုလက်ရှိ အချိန်နှင့် နေရာသို့ ပေးပို့ခဲ့သည့် မြင်ကွင်းက ၎င်းကို မျက်မြင် တွေ့ရှိသူများအား ရင်သပ်ရှုမောကာ ပင့်သက်ရှိုက်မိစေသည်။

နေရာတိုင်းတွင် ပေါ်လာသော ရှေးဟောင်း ပုံရိပ်များကို ကြည့်ရင်း လုရီသည် အံ့သြမှုကို မထိန်းနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားသည်။

ဤရုန်းရင်းဆန်ခတ်မှုသည် အမှန်အတိုင်း ထုတ်ဖော်ပြောကြားရလျှင် အနည်းငယ်

ချဲ့ကားရာ ကျပါသည်။

ပြင်းထန်လှသော လူသတ် စိတ်ဆန္ဒသည် မီးလောင်ထားသော မြေကြီးထဲတွင် နှစ်ပေါင်းများစွာ မြုံနေခဲ့သော်လည်း ၎င်းကို အသက်သွင်းနိုင်သေးသည်။

အစပိုင်းတွင် ဤစစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့သော ကြီးကျယ်သော ကျင့်ကြံသူများ မှာ မည်မျှ အစွမ်းထက်ခဲ့ပါသနည်း။

စိတ်ကူး၍ပင် အသိခက်လှပါသည်။

ထိုအခိုက်တွင် နတ်ဘုရား အသွင်ပြောင်းနယ်ပယ် ကျွမ်းကျင်သူ အကြီးအကဲများအဖွဲ့သည် ယင်းကို မျှော်လင့်ထားပြီး ဖြစ်သည်။

သူတို့တစ်ဦးစီသည် ကိုယ်စီ..အစွမ်းထက်သော သိုင်းများ ထုတ်ဖော်၍ ပေါင်းစည်းကာ သွေးမြူထုထဲသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။

ဝုန်း!!

သွေးမြူများ မိုးခြိမ်းသလို ထစ်ချုန်း ပေါက်ကွဲသည်။

လေထုသည် စုတ်ပြဲသွားကာ တဖြည်းဖြည်း မှောင်မိုက် ပိန်းပိတ်နေသည့် လမ်းကြောင်းအကြီးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

လမ်းကြောင်းအကြီးကြီးသည် အနက်ရောင်အတိပင်။အထဲမှ မြင်ကွင်းကို မမြင်ရတော့ ကြောက်စရာကောင်းလှသည်။အကြီးကြီးသည် အနက်ရောင်အတိပင်။အထဲမှ မြင်ကွင်းကို မမြင်ရတော့ ကြောက်စရာကောင်းလှသည်။

အပျက်အစီး နယ်မြေ လမ်းကြောင်း ပွင့်လာတာကို မြင်တော့ တကိုယ်တော် ကျင့်ကြံသူများ၏ မျက်လုံးများ ဝင်းပလာကြသည်။

၎င်းတို့ထဲမှ အချို့သည် မိမိကိုယ်ကို အလင်းတန်းများအသွင် ပြောင်းလဲလိုက်ပြီး နယ်မြေ လမ်းကြောင်းဆီသို့ ပျံသန်းသွားကြသည်။

ထိုအချိန်တွင် အလွန် ပြင်းထန်သော ဖိနှိပ်မှုတစ်ခု ကျဆင်းလာခဲ့သည်။ ဝိညာဉ်စွမ်းအား ဖိအားသည် ထိုအခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ခွန်အားရှိ

တချို့ အားနည်းသော တကိုယ်တော် ကျင့်ကြံသူများကို သွေးအငွေ့အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲစေသည်။

လှုပ်ရှားရန် တဇွတ်ထိုးဖြစ်နေသော ကျင့်ကြံသူများသည် သူတို့၏ လှုပ်ရှားနေသော အပြုအမူများတွင် တန့်ခနဲ ရပ်တန့်သွားကြသည်။

မျဲ့ယွဲ့က အေးစက်စွာ ပြောလာသည်။

"ဒီအပျက်အစီး နယ်မြေကို ဂိုဏ်းငါးခုက ရှာဖွေ တွေ့ရှိခဲ့တယ်။ ဂိုဏ်းငါးခုရဲ့ တပည့်တွေက အရင်ဝင်လိမ့်မယ်၊ အဲ့ဒါပြီးမှသာ မင်းတို့ အလှည့်ဖြစ်လိမ့်မယ်။ဟမ့်.. အခုမဟုတ်ရင် ဂိုဏ်းငါးခုရဲ့ တပည့်တွေက ဘယ်အချိန်မှာ ဝင်ရမလဲ"

နင်ကောင်း ရှေးဟောင်း သင်္ဘောပျံပေါ်တွင် ကျန့်ဖန်သည် လုရီဘက်သို့ လှမ်းကြည့်ကာ နှိုးဆော်လိုက်၏။

"ဂျူနီယာ ညီလေး၊ ဝင်ကြရအောင်"

လုရီလည်း ကျန့်ဖန်အား ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

တိမ်ဖြူဂိုဏ်းမှ တပည့်အယောက်

နှစ်ဆယ်သည် မိမိတို့၏ ဓားများကို စီးနင်းလျက် အလင်းတန်းများအသွင် ပြောင်းလဲကာ အမှောင်ထု နယ်မြေ လမ်းကြောင်းသို့ ပျံသန်းသွားကြသည်။

တိမ်ဖြူဂိုဏ်း တစ်ခုတည်းတင် မကပါ။

အေးခဲ ဆောင်းရာသီ တောင်ကြားမှ တပည့်များ၊ ကောင်းကင်မြွေဂိုဏ်း၊ ပန်းတစ်သောင်းဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းမှ တပည့်များသည်လည်း ဓားပျံများ စီးကာ အပျက်အစီး နယ်မြေ၏ နယ်မြေ လမ်းကြောင်းဆီသို့ တန်းတန်းမတ်မတ်

တိုးဝင်ကြသည်။ ခဏကြာတော့ လုရီနှင့် သူ့အဖွဲ့ တွေ နယ်မြေ လမ်းကြောင်းထဲသို့ ပျောက်ကွယ်သွားကြသည်။

ဝင်ပေါက်ထဲရောက်သောအခါ ကောင်းကင်နှင့် မြေကြီးသည် ချာချာလည်နေသလို လုရိီ တစ်ယောက် ခံစားလိုက်ရသည်။ အာကာသသည် ပြောင်းပြန် ဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေပြီး မည်းမှောင်နေသည်။ သူနှင့်အတူ ဝင်ရောက်လာသော ကျင့်ကြံသူများသည် ပျောက်ကွယ်သွားပုံ ရပြီး သူနှင့်အတူ ရှိနေသည်က မှောင်မည်းသော ဟင်းလင်းပြင်ကြီးသာ။

ခဏအကြာတွင် လုရီ၏ အမြင်အာရုံ ပြန်လည်၍ ရရှိလာပြီး သူ့ခြေဖဝါးအောက်ရှိ ခိုင်မာသော မြေပြင်၏ အထိအတွေ့ကို ခံစားလိုက်ရသည်။

လုရီသည် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ သူသည် တောအုပ် အလယ်တွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

သစ်ပင်များအားလုံးသည် ရှေးကျပြီး သစ်ခေါက်များသည် သက်တမ်း ကြာမြင့်နေသည် ဖြစ်သည်။ သစ်ပင်ကြီး အများအပြားသည် ရေညှိများဖြင့် ဖုံးလွှမ်းနေသည်။

ရှေးဟောင်းသစ်ပင်များ၏ ဟနေသော အကိုင်းအခက်များမှ လှမ်းကြည့်လိုက် တော့ နေလည်း မရှိ၊ လလည်း မရှိဘဲ သွေးစက်တွေ ရွှဲနစ်နေသကဲ့သို့ အနီရဲရဲ ကောင်းကင်ကြီးကိုသာ မြင်လိုက်ရသည်။ သူသည် အပျက်အစီး နယ်မြေထဲသို့ ဝင်ခဲ့သည်။

လုရီ၏ နှလုံးသားသည် ငြိမ်သက်သွားသည်။ သူ သိသလောက်တော့ အရှေ့တောအုပ် အပျက်အစီး နယ်မြေ၏ ကောင်းကင်ဟာ အမြဲတစေ ယခုလိုသာ ဖြစ်သည် ဟူ၍ ကြားဖူးနားဝ ရှိခဲ့သည်။ ကြယ်များ.. ကောင်းကင်ဘုံတွေ မပါဘဲ ထာဝရ နီရဲနေသည့် သွေးစွန်းသလို အနီရောင်ပင် ဖြစ်ချေသည်။

ဤကမ္ဘာငယ်လေးသည် အခြေခံအားဖြင့် ကြယ်များ ကင်းမဲ့သော အာကာသအပျက်အစီး အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

လုရီသည် သူ့ဂိမ်းစနစ်၏ မျက်နှာပြင်ကို တစ်ချက် စစ်ကြည့်လိုက်ရာ သံသယ ဖြစ်စရာ မလိုအောင်ပင် အရှေ့တောအုပ် အပျက်အစီးများထဲသို့ ဝင်ရန် သူ့ အလုပ် က ပြီးမြောက်နေသည်ကို တွေ့လိုက်ရပါသည်။

ကျေနပ်မှုဖြင့် လုရီ၏ နှုတ်ခမ်းများသည် အပေါ်ဘက်သို့ ကွေးညွှတ်သွားသည်။

သူ့အတွက် အသခ်ျေ ဝိညာဉ်နှင်းစက် အစက်သုံးဆယ်ကို အားစိုက်ထုတ်စရာမလိုဘဲ စုဆောင်းမိသွားခဲ့ပြီလေ။

နောက်တစ်ခုကတော့ အရှေ့တက်သွားပြီး သူ့ကံကို စမ်းသပ်ကြည့်ဖို့ အချိန်တန်ပါပြီ။

တကယ်တော့ လုရီသည် ကံကြမ္မာအတွက် သိပ်မျှော်လင့်ချက် မထားပါပေ။

သူသည် အလုပ်အချို့ကို စီမံနိုင်မလား ဆိုရဖို့သာ သူ့ကံကို စမ်းကြည့်ဖို့ တွေးနေရုံသာ ဖြစ်ပါ၏

နောက်ဆုံးတွင်၊ အလုပ်မှ ဆုလာဘ်များထက် အပျက်အစီး နယ်မြေတွင် တွေ့ရသည့် မည်သည့် အမွေအနှစ်များက ပိုကောင်းနိုင်ဦးမည်နည်း။

ဟုတ်ပါသည်။

ယင်းဖြစ်စဉ်မှာ ၎င်းသွေးဝိဥာဉ်ဂိုဏ်း၏ တပည့်တွေကိုလည်း လိုက်ရှာရပါမည်။

သွေးဝိညာဉ် ဂိုဏ်းဝင်များကို သတ်ရန် သူ၏ အလုပ်ကို မမေ့သင့်ပေ။

ထိုသို့ လုရီ တကိုယ်တည်း ကြံစည်တွေးတောနေချိန်မှာ ရုတ်တရက် သူ့နောက်ကနေ ရက်စက်ကြမ်းကြုတ်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။

ခေါင်းလှည့်ကြည့်လိုက်တော့ ဆင်တစ်ကောင် အရွယ်အစား ရှိသော အနက်ရောင် သံချပ်ကာဝတ် မှော်သားရဲ

တစ်ကောင် သူ့ထံ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

၎င်း၏ နီညိုရောင်မျက်လုံးများက သူ့ကို လူသတ်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေသည်။ နှစ်ပေါင်းများစွာ သတ်ဖြတ်ခြင်း၏ အရှိန်အဝါဖြင့် မွမ်းမံခဲ့သော အရှေ့ တောအုပ် အပျက်အစီးနယ်မြေ၏ သားရဲများသည် အလွန် ရန်လိုကြသည်။

လုရီ၏ မျက်နှာကတော့ ငြိမ်သက်နေသည်။

၎င်းသည် သိပ်အားမကြီးသော အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အဋ္ဌမအလွှာ မှော်သားရဲ တစ်ကောင်သာဖြစ်သည်။

သူ့အတွက် အေးဆေးလေးသာ။

"ဒီမှော်သားရဲကို ငါ သတ်ရမယ်"ဟု

စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

[အလုပ်] အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အဋ္ဌမအလွှာ မှော်သားရဲကိုသတ်ပါ။

ဆုကြေး- အရိုင်းသားရဲ အနှစ်သာရ သွေး

၈ စက်၊ အသ‌ခ်ျေ ဝိညာဉ်နှင်းရည် ၈ စက်။

အလုပ်ကို လက်ခံပါ- လက်ခံမည်/ငြင်းမည်။

..

အလုပ်ဆုကြေးက အတော်လေး မိုက်သည်။ လုရီ နည်းနည်း အံ့အားသင့်သွားသည်။

ဒီလို ရက်ရောတဲ့ ဆုလာဘ်က အရမ်းကြီး ခမ်းနားလွန်းတယ် မဟုတ်လား။

ယခင်က သားရဲတစ်သောင်း တောင်တန်းရှိ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် သားရဲများကို သတ်ဖြတ်ခဲ့သည် ဖြစ်သော်လည်း ထိုစဉ်က ဆုကြေးမှာ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်သာ ဖြစ်သည်။

ယခုမူကား?

အသခ်ျေ ဝိညာဉ်နှင်းစက်ဖြင့် ဆုချခြင်း ခံလိုက်ရသည်။

ထို့အပြင် ရှစ်စက် အပြည့် တောင်မှပင်။

ထို့အပြင် အသခ်ျေ ဝိညာဉ်နှင်းစက် အပြင်၊ အရိုင်းသားရဲ အနှစ်သာရသွေး၏ ဆုကြေးလည်း ရှိပါသေးသည်။

အရိုင်းသားရဲများသည် မယုံနိုင်လောက်အောင် အစွမ်းထက်သော မှော်သားရဲများဖြစ်ပြီး ၎င်းတို့၏ အရိုင်းသားရဲအနှစ်သာရသွေး သည် ခန္ဓာ သန့်စင်ရန်အတွက် ပြီးပြည့်စုံသော သဘာဝ ရတနာ တစ်ခုဖြစ်သည်။

အကယ်၍ အရိုင်းသားရဲ အနှစ်သာရသွေး အား ပိုင်ဆိုင်ရသူသည် မှော်ဆေးပညာကိုသိပါက ၎င်းကို ကျင့်ကြံခြင်း အားဖြည့်ဆေးလုံး အဖြစ်သို့ ပြောင်းလဲနိုင်သည်။

ထိုအခါ အရိုင်းသားရဲ အနှစ်သာရသွေး၏ အကျိုးသက်ရောက်မှုသည် အခြားအဆင့်သို့ ရောက်ရှိသွားနိုင်သည်။

လုရီသည် သွေးအနှစ်သာရ ဆေးလုံး ဖော်စပ်နိုင်လေရာ အရိုင်းသားရဲ အနှစ်သာရသွေး ပေါင်းထည့်ခြင်းက ဆေးလုံးများကို ကြီးမားသော အတိုင်းအတာ အထိ အစွမ်းထက်စေမည်ကို သိထားပါသည်။

----------------

အခန်း၁၂၀- ရှေးဟောင်းအပျက်အစီးအတွင်းမှ အင်မတန် ရက်ရောလှသော

အလုပ်ဆုကြေးများ...

~ခန္ဓာ သန့်စင် အရင်းအမြစ်များ အနည်းငယ် ချို့တဲ့နေကြောင်း တွေးတောနေစဉ်၊ ယခုအခါ ခန္ဓာ သန့်စင် အရင်းအမြစ်များက သူ့အိမ်တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြုတ်ကျလာမည်ဟု ဘယ်သူက ထင်ထားမည်နည်း။

စိတ်လှုပ်ရှားစွာဖြင့် လုရီသည် အလုပ်ကို အမြန် လက်ခံလိုက်သည်။

အရှေ့ တောအုပ် အပျက်အစီးထဲကို လာလိုက်တာ ဆုံးဖြတ်ချက်ကောင်းပဲ။

ဆုကြေးတွေက ရက်ရောလွန်းတယ်။

လုရီသည် အလုပ်ကို လက်ခံလိုက်သောအခါ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အဋ္ဌမအလွှာ မှော်သားရဲသည် ခပ်တိုးတိုး မာန်ဖီလာသည်။

အနက်ရောင် သံချပ်ကာဝတ် မှော်သားရဲက သွေးဆာနေသော အရှိန်အဝါကို သယ်ဆောင်လာကာ ဝိညာဉ် စွမ်းအားများ လွှမ်းခြုံသွားခဲ့ပြီး ပြင်းထန်သော အရှိန်ဖြင့် လုရီဆီသို့ ခုန်ဆင်းလာသည်။

လုရီ အနည်းငယ် အံ့သြသွားသည်။

မှော်သားရဲ၏ ခွန်အားသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အဋ္ဌမအလွှာ တွင် ရှိသော်လည်း အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူပင်လျှင် ၎င်း၏ တိုက်ခိုက်မှုအား ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

နှစ်များတစ်လျှောက် သွေးဆာခြင်း၏ အရှိန်အဝါဖြင့် သန့်စင်ထားသော အရှေ့သစ်တောအပျက်အယွင်းရှိ မှော်သားရဲ များသည် အလွန်အမင်း သွေးဆာနေပြီး သတိမဲ့သွားပုံ ပေါက်သော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ကြောက်စရာကောင်းလာသည်။

မမှားပါ။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်နိုင်သည့် သားရဲ၏ တိုက်ပွဲစွမ်းရည်က လုရီအတွက် လုံးဝ အရေးမပါလှချေ။

လုရီသည် သူ၏ ဓားရှည်ကိုပင် မဆွဲထုတ်ခဲ့ပေ။ သူ၏လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ပွတ်သပ်လိုက်သည်။

သူ့လက်မှ ရွှေဓားအလင်းတန်းများက

လေဟုန်ခွင်းကာ မှော်သားရဲ၏ နဖူးကို ထိုးဖောက်၍ ၎င်း၏ အသက်ကို တခဏချင်း ဇီဝိန်‌ခြွေလိုက် သည်။

မှော်သားရဲ အသေကောင်ကို လုရိီ

တစ်ချက်ကြည့်လိုက်ပြီး တခဏမျှ တွေးကာ သားရဲ အသေကို ကောက်ယူ သိမ်းဆည်းလိုက်သည်။

ဤသားရဲ၏ အသားက အရည်အသွေး ကောင်း ဖြစ်နိုင်သည်။ မီးသွေး အသားကင် သို့မဟုတ် အခြား အသားကင် လုပ်ရန် သင့်တော်နိုင်သည်လေ။

အရသာမကောင်းလျှင် လွှင့်ပစ်လိုက်ရုံပါပဲ။ လုံးလုံးလျားလျား ဖြုန်းတီးဖို့ အကြောင်းပြချက် မရှိပါချေ။

ထို့နောက် လုရီသည် လေထဲသို့ ခုန်တက်ပြီး သူ၏ လက်ရှိတည်နေရာကို စစ်ဆေးရန် ရည်ရွယ်ချက်ဖြင့် ရှေးဟောင်း တောအုပ်မှ ထွက်ခွာသွားခဲ့သည်။

အစောပိုင်းက ရရှိခဲ့သော အချက်အလက်များအရ၊ အရှေ့ တောအုပ် အပျက်အစီးများထဲသို့ ဝင်ရောက်သောအခါ ကျင့်ကြံသူတိုင်းပေါ်လာသည့် နေရာလပ်အတက်အကျများသည် ကျပမ်း ဖြစ်နေသော်လည်း အားလုံးသည် အပျက်အစီးများ၏ အစွန်အဖျားတွင် ရှိနေမည်ဖြစ်သည်။

အရှေ့ တောအုပ် အပျက်အစီး၏ အတွင်းပိုင်း ဧရိယာများသည် နေရာအားဖြင့် အလွန်ရှုပ်ထွေးနေပြီး ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ထွက်ခွာဖို့အတွက် ဆယ်ရက်အကြာတွင် မြောက်ဘက်အစွန်အဖျားရှိ အထူးနေရာတစ်ခု၌ နေရာလပ် လမ်းကြောင်း ပွင့်မည့် အချိန်အထိ စောင့်ရမည် ဖြစ်သည်။

ထို့နောက်၊ နတ်ဘုရား အသွင်ပြောင်း နယ်ပယ် ကျွမ်းကျင်သူ ငါးဦးသည် သူတို့အား လမ်းညွှန်ပေးမည် ဖြစ်သည်။

ထွက်ခွာမသွားမီ အချိန်အတော်ကြာအောင် လုရီသည် လှည့်ပတ်ကြည့်ရှု ခဲ့သေးသည်။

လုရီ ကောင်းကင်ယံသို့ ရောက်သောအခါ အလွန်ဝေးကွာသော နေရာသို့ ဖြန့်ကျက်ထားသော တောအုပ်ကျယ်ကြီးထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

၎င်းက ပို၍ပင် လွင်တီးခေါင် ဖြစ်နေသည်။

၎င်းတို့သည် ပတ်၀န်းကျင်ဒေသများဖြစ်သည်။ အရှေ့ တောအုပ် အပျက်အစီး၏ နက်ရှိုင်းသည့် အပိုင်းတွေကို အကဲခတ်လိုက်လျှင် သွေးမြူတွေ ပို၍ သိပ်သည်းသထက် သိပ်သည်းလာတာကို တွေ့ရပါလိမ့်မည်။

သွေးမြူ၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများသည် အတွင်းပိုင်း မြင်ကွင်းများကို

မမြင်နိုင်သည့်အထိ ခိုင်ခံ့သည်။

ဤကဲ့သို့ စုစည်းထားသည့် သွေးဆာနေသော အရှိန်အဝါက မည်မျှ ထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပါသည်။

ထိုနေရာသည် လွန်ခဲ့သောနှစ်များက လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ကြား စစ်ပွဲကြီး၏ အဓိကနေရာဖြစ်ပြီး ထိုမဟာတန်ခိုးရှင်များအတွက် သင်္ချိုင်းမြေဖြစ်ဖွယ် ရှိသည်။

နှစ်များစွာ ကြာပြီးနောက်တွင်ပင် သွေးဆာနေသော အရှိန်အဝါသည် မပျောက်ကွယ်ခဲ့ပေ။အတွင်းထဲ၌ မထင်မှတ်နိုင်သော အန္တရာယ်များ တည်ရှိနေသည်။

ဤနှစ်များအတွင်း ဂိုဏ်းငါးခုမှအခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူများ၏ ရှာဖွေ တွေ့ရှိချက်အရ ပတ်၀န်းကျင် ဧရိယာများသည် အလုံခြုံဆုံးဖြစ်ပြီး အတွင်းပိုင်းအဓိက နယ်မြေသည် ပို၍ အန္တရာယ်များလာသည် ဟူ၍ သိရသည်။

အရှေ့တောအုပ် အပျက်အစီး၏ အဓိက နယ်မြေသို့ နက်ရှိုင်းစွာ စွန့်စားခဲ့သူများသည် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ခြင်း မရှိပေ။ သူတို့အထဲတွင် တစ်ချိန်က ထက်မြက်သော ဉာဏ်ကြီးရှင်များဟု သတ်မှတ်ခံရသော ပါရမီရှင်များပင် ပါသေးသည်။

ယင်းကြောင့် တပည့်များစွာက အဓိက နယ်မြေအား လန့်ကြပြီး အဓိက နယ်မြေနှင့် ဝေးဝေး ရှောင်ကြသည်။

ထိုနည်းတူစွာပင် လုရီသည်လည်း သေလမ်း ရှာဖွေလိုသည့် သူ တစ်ယောက် မဟုတ်ပါ။

သူသည် သန်မာပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေပေမယ့် သူ့ကိုယ်သူ ပြိုင်ဘက်ကင်း စွမ်းအားရှင်ဟု မသတ်မှတ်ထားပါ။

အထဲမှာ အန္တရာယ်တစ်ခုခု ကြုံလာရလျှင်

ကံဆိုးလိမ့်မည်။

အရင်းအမြစ်များ မလုံလောက်သောကြောင့် ထိုသို့သော အန္တရာယ်များကို တိုးဝင်ရန် မလိုအပ်ပါ။ အစွန်အဖျား

တဝိုက်မှာ ငြိမ်သက်စွာ လှည့်လည်သွားလာဖို့က လုံလောက်ပါပြီ။

လုရီးသည် ကြိတ်၍ ဆုံးဖြတ်ချက် ချပြီး လွင်တီးခေါင်ဆီ လျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။ ယေဘူယျအားဖြင့်၊ ထိုဒေသများသည် စစ်ပွဲကြီး၏ အကြွင်းအကျန်များဖြစ်သည်နှင့်အညီ လွန်ခဲ့သော နှစ်ပေါင်း

မရေတွက်နိုင်သော ကာလက ကျင့်ကြံသူများ ကျန်ရစ်ခဲ့သော ရတနာများကို ရှာတွေ့နိုင်သည်။

....ကျွီ ကျွီ....

ထိုသို့ လုရီ ဆုံးဖြတ်ချက်ချနေစဉ် စူးစူးဝါးဝါး မြည်သံကြီး ပဲ့တင်ထပ်သွားသည်။

ဆတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်ရာ ရွှေအမွေးများဖုံးလွှမ်းနေသော ဧရာမငှက်ကြီးတစ်ကောင်သည် ကောင်းကင်ကိုဖြတ်၍ အရှေ့သစ်တောအပျက်အစီးများ၏ အနက်ပိုင်းဆီသို့ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။

ဝေးကွာနေသော်လည်း လုရီသည် ငှက်၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်အား ခံစားမိသည်။

ငှက်ကြီး၏ ခွန်အားက ရွှေအူတိုင် အထွတ်အထိပ်ပင်။

ပူနွေးသော လေပူတချို့ မှုတ်ထုက်လိုက်ပြီး လုရီ ကောင်းကင်မှာ မပျံတော့ဘဲ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူများသာ ပြင်ပမှဝင်ရောက်နိုင်သော်လည်း အရှေ့တောအုပ် အပျက်အစီးများ၏ မူလသတ္တဝါများအတွက်မူ ၎င်းအချက်က မသက်ဆိုင်ပါ။

အရှေ့တောအုပ် အပျက်အစီးနယ်မြေ၏ အဓိကဒေသမှာ အလွန်အစွမ်းထက်သော ထူးခြားဆန်းပြားသည့် သားရဲတွေရှိနေ ကြောင်း ကျွမ်းကျင်သူ များစွာက အတပ်ပြောခဲ့ကြသည်။

လုရီ က ခေါင်းခါလိုက်ပြီး ဒီကိစ္စကို ဆက်မတွေးတော့ပေ။ ဘာပဲဖြစ်ဖြစ် အစွန်အဖျားက အတော်လေး လုံခြုံနေသေးသည်။

သူ့ကိုယ်တွင် တိမ်ဖြူများ ရစ်သိုင်း စေလျက် လွင်တီးခေါင်ဆီသို့ ပြေးလိုက်သည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ တက်ရောက်ပြီးနောက်တွင် သူ၏ အမြန်နှုန်းသည် ပို၍ပင် တိုးလာခဲ့သည်။ ခဏလေးအတွင်းမှာပဲ ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးပါပြီ။

ဤအချိန်တွင် အဝေးမှ ပဲ့တင်လာသော ကျယ်လောင်လှသည့် ထစ်ချုန်းသံကြီးကို ကြားလိုက်ရပြီး ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား အတက်အကျများကို ခံစားလိုက်ရသည်။

ဒါ ကျင့်ကြံသူတွေ ရန်ဖြစ်နေတာပဲ။

လုရီ ၏ မျက်ခုံးအစုံ မြောက်တက်သွားကာ တိုက်ပွဲ၏ ဦးတည်ရာဆီသို့ ဦးတည်သွားသည်။

မကြာမီတွင် ပဋိပက္ခဖြစ်ပွားရာနေရာသို့ ချဉ်းကပ်လာခဲ့သည်။

ကျင့်ကြံသူ ခြောက်ဦးက အခြား ကျင့်ကြံသူ နှစ်ဦးကို လိုက်ဖမ်းပြီး သတ်ဖြတ်ဖို့ ကြိုးစားနေသည်ကို မြင်လိုက်ရသည်။

ထိုကျင့်ကြံသူနှစ်ဦးအား လုရီ သိသည်။

သူနှင့်အတူရှိသော တိမ်ဖြူဂိုဏ်းမှ တပည့်များပင်။ တစ်ဦးက ယွီကျင်းအမည်ရှိသော တပည့် ၊ ကျန်တစ်ဦးမှာ ဝမ်ချွမ်းလူအမည်ရှိ တပည့် ဖြစ်သည်။

လောလောဆယ်မှာတော့ နှစ်ယောက်စလုံး သွေးတွေ ဖုံးလွှမ်းနေပြီး သူတို့သည် ခွန်အား နည်းနေကာ အခြေအနေ သိပ်မဟန်ချေ။

သူတို့ကို လိုက်ဖမ်းနေသော ကျင့်ကြံသူခြောက်ယောက်ကို ကြည့်လိုက်ရာ လုရီ

အံ့သြသွားသည်။ သူ၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအားဖြင့်၊ သူ၏ မှတ်ဉာဏ်သည်

သဘာဝအတိုင်း မနိမ့်လှပါ။

အရှေ့ တောအုပ် အပျက်အစီးထဲသို့ ဝင်ရောက်ခဲ့သည့် အခြားဂိုဏ်းလေးခုမှ ကျင့်ကြံသူတိုင်းကို သူသည် မှတ်သားထားပြီးဖြစ်သည်။

ဒီလူ ခြောက်ဦးအနက် လေးဦးသည် ကောင်းကင်မြွေဂိုဏ်း၏ တပည့်များ ဖြစ်ပြီး နှစ်ဦးမှာ သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များ ဖြစ်သည်။

ဤဂိုဏ်းနှစ်ခုမှ တပည့်များသည် အဘယ်ကြောင့် အတူတကွ ပူးပေါင်း လုက်ဆောင် နေကြသနည်း။

လုရီ မျက်မှောင်ကြုတ်ကာ တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။

သို့သော် ယခုအချိန်သည် ဤကိစ္စများကို စဉ်းစားရမည့်အချိန်မဟုတ်ပေ။

လုရီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မူလနေရာမှ ပျောက်ကွယ်သွားသည်။လူတိုင်းရှေ့တွင် တစ္ဆေသရဲလို ပေါ်လာသည်။

ထွက်ပြေးလာသော တိမ်ဖြူဂိုဏ်း တပည့်များသည် လုရီကို တွေ့တော့ ထိတ်လန့်သွားပြီး ဘယ်ဘက်ရှိ ဆံပင်တို လူငယ်

ယွီကျင်းသည် ညှိုးနွမ်းသော မျက်နှာဖြင့်တိုက်တွန်းသည်။

"ညီငယ် လု၊ အမြန်ပြေး။ ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းက မင်းကို သတ်ဖို့ မဟာမိတ်ဖွဲ့ထားတာ၊ အရှေ့တောအုပ် အပျက်အစီးးမှာ မင်းကို သတ်ပစ်ဖို့ သူတို့တွေ ပိုက်စိပ်တိုက် လိုက်ရှာနေကြတယ်!"

ဒါကို ကြားတော့လုရီက မျက်ခုံးပင့်လိုက်သည်။

သူ့ကို မြင်တော့ သူတို့နောက်ကွယ်က ကျင့်ကြံသူ ခြောက်ယောက်က ပထမတော့ ထိတ်လန့်သွားပြီး နောက်ပိုင်း သူတို့၏ အမူအရာတွေက ယစ်မူးသွားသည်။

"လုရီ! ငါတို့ မင်းကို ဒီလောက်မြန်မြန်ရှာတွေ့ဖို့ မမျှော်လင့်ထားဘူး!"

"အားစိုက်ထုတ်စရာမလိုဘဲ ဒီလိုကံကောင်းမှုတွေနဲ့ ကြုံရတာက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုပဲကွ ၊

အဟီးဟီး"

"အဟီးဟီး၊တခြားသူတွေကို မြန်မြန် အကြောင်းကြားလိုက်တော့"

ထိုအခါ ကောင်းကင်မြွေဂိုဏ်းမှ တပည့်များထဲမှ တစ်ယောက်က သူ့လက်ထဲမှ အနက်ရောင် ပိုးကောင်တစ်ကောင်ကို ထုတ်ယူလိုက်သည်။

သူက ပါးစပ်ကိုဖွင့်ပြီး ပိုးကောင်ကို မျိုချလိုက်တော့ သူ့မျက်နှာက ဖြူဖျော့သွားသည်။ ခဏကြာတော့ ထိုသူက ပြုံးပြီး

"ငါ သူတို့ကို အကြောင်းကြားပြီးပြီ၊ ငါတို့ စီနီယာတချို့ လာနေပြီ၊ ​​ သူ့ကို မလွတ်အောင် ထိန်းထားကြမယ်။"

လုရီ ပတ်ပတ်လည်တွင် ကျင့်ကြံသူ အုပ်စုကြီး ဝန်းရံထားသည်ကို မြင်လိုက်ရတော့ အနီးနားရှိ စီနီယာအစ်ကို နှစ်ယောက်မှာ စိတ်ပူသွားကြသည်။

"ညီလေး၊ မင်းဘာလို့မပြေးတာလဲ။"

"မြန်မြန်သွား၊ ညီလေးလု..,၊ မင်း အခုမထွက်သွားရင် သူတို့အားလုံး ဒီမှာပဲ ရှိတော့မယ်။ ကောင်းကင်မြွေဂိုဏ်းက လူယုတ်မာတွေက မင်းကို ထောင်ချောက်ဆင်ဖို့ အထူးတလည် အကြံနဲ့ 'မိခင်နဲ့ကလေး အသံလွှင့် ပန်းကန်လုံး'ကိုတောင် ယူလာခဲ့ကြတယ်!"

စီနီယာအစ်ကိုတို့သည် သူတို့ကိုယ်မှာ ဒဏ်ရာ အပြင်းအထန် ရရှိနေသည်ကိုပင် မိမိအတွက် စိတ်ပူပေးနေကြသည်။

ဂိုဏ်းမှ ညီအစ်ကိုများ သည် အမှန်ပင် လူကောင်းများ ဖြစ်ကြလေသည်။

လုရီ၏ နှလုံးသားထဲတွင် တစ်ချက်

နွေးထွေးသွားသည်။

“စိတ်မပူပါနဲ့ အစ်ကိုတို့၊ ဘာမှ စိုးရိမ်စရာ

မရှိပါဘူး” ဟု သူက တိုးတိုးလေး ရယ်မောရင်း နှစ်သိမ့်လိုက်သည်။

သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များကို ရှာဖွေရာတွင် အခက်အခဲဖြစ်မည်ဟု အစပိုင်းတွင် သူ ထင်ခဲ့သော်လည်း ယခုအခါတွင်

မပင်ပန်းရတော့ပေ။

ဤနေရာတွင် မျှား၍ ဖမ်းခြင်းသည် ပို၍ လွယ်ကူမည် မဟုတ်ပါလော။

----------------

All Chapters