← Chapters

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အခန်း၁၀၉- မသေမျိုးဓားမျိုးစေ့ ဖွဲ့တည်ခြင်း...

~ လုရီသည် သူ၏ စွမ်းရည်အဆင့်ကို မြှင့်တင်ရန် အခွင့်အရေးကို ချက်ချင်း အသုံး

မချဘဲ ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုရရှိရန် မျှော်လင့်ကာ မသေမျိုးဓားကျမ်းကို လေ့ကျင့်ရာတွင် အဟန့်အတားကို ရောက်သည်အထိ စောင့်ရန် ဆုံးဖြတ်ခဲ့သည်။

အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကြီးတစ်ခု အဆင့်ချိုးဖျက်သည့် အလုပ်ဆုကြေးအပြင် လုရီ၏ အကြီးမားဆုံး အောင်မြင်မှုကတော့ သူကိုယ်တိုင် ဖန်တီးထားသည့် "ကောင်းကင် မိုးကြိုးကျောက်စိမ်း ခန္ဓာနည်းစနစ်" ပဲ ဖြစ်ပါသည်။

ကောင်းကင် မိုးကြိုးကျောက်စိမ်း ခန္ဓာနည်းစနစ် သည် ကျောက်စိမ်း ခန္ဓာနည်းစနစ်ကို ၎င်း၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကာ ခန္ဓာကိုယ်အား ကောင်းကင်မိုးကြိုး၏ စွမ်းအားဖြင့် ညှိပေးကာ ၎င်းအား ရွှေအူတိုင်နယ်ပယ် ခန္ဓာသန့်စင် နည်းစနစ် အဖြစ် ပြုလုပ်ထားသည်။

သို့သော် ဒါက ကောင်းကင် မိုးကြိုးကျောက်စိမ်းခန္ဓာ နည်းနစ်၏ ကန့်သတ်ချက် အစစ်အမှန် မဟုတ်သေးဟု လုရီ ခံစားခဲ့ရသည်။

ခန္ဓာကိုယ်ကို သန်မာစေဖို့ ကောင်းကင်မိုးကြိုးကို အသုံးပြုသည့် နည်းစနစ်က ဘယ်လိုမျိုး ရိုးရှင်းနိုင်မလဲ။

အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်တွင်သာ ရှိသဖြင့် ယခုအချိန်တွင် သူ၏ အခြေခံအုတ်မြစ်သည် မလုံလောက်သေးသည့်အတွက်ကြောင့် ပိုမိုမြင့်မားသော အဆင့်နည်းပညာများကို နားလည်နိုင်ရန် လုံလောက်သောအတွေ့အကြုံနှင့် ထိုးထွင်းသိမြင်နိုင်စွမ်း

မရှိခဲ့ပါ။

လုရီသည် အလျင်စလို မဖြစ်ပေ။ သူသည် အနာဂတ်တွင် ဆက်လက် အဆင့်ချိုးဖျက်သွားမည်ဖြစ်သည်။ သူသည် ရွှေအူတိုင် နယ်ပယ်ကို ဖြတ်ကျော်သောအခါ ကောင်းကင်ဘုံဒုက္ခကို တစ်ဖန် ဆင့်ခေါ်ပြီး ကောင်းကင် မိုးကြိုးကျောက်စိမ်း ခန္ဓာနည်းစနစ်ကိုလည်း ဆက်လက်အားကောင်းစေနိုင်သည်။

သူ့ခန္ဓာကိုယ်ကို မြှင့်တင်ပေးသည့်အပြင် မိုးကြိုးကျောက်စိမ်း ခန္ဓာနည်းစနစ်မှာပြင်းထန်သော ပေါက်ကွဲစေနိုင်သည့် လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်သည့် 'ရစ်ပတ် မိုးကြိုးပုံစံ'လည်း ပါ၀င်ပြီး သူ့

ကိုယ်ပိုင် ခွန်အားထက် ပိုသည့် အစွမ်းထက် စွမ်းအားများကို လွှတ်ထုတ်နိုင်စွမ်းရှိပါသည်။

ဒါက ကောင်းကင် မိုးကြိုးကျောက်စိမ်း ခန္ဓာနည်းစနစ်ကို အတော်လေး ထူးထူးခြားခြား ဖြစ်စေသည့် အားသာချက်ပါ။

လုရီအတွက်၊ အမှန်တကယ် အဖိုးတန်သောအရာမှာ သူ့ကိုယ်ပိုင်နည်းစနစ်ကို ဖန်တီးခြင်းမှ ရရှိသော ထိုးထွင်းသိမြင်မှုဖြစ်ပြီး၊ ၎င်းသည် သူ့အား ကြီးစွာသော ယုံကြည် စိတ်ချမှုကို ပေးစွမ်းသည်။

လက်ရှိတွင် သူသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်တွင်သာရှိသော်လည်း သူ ကျွမ်းကျင်သော တာအို စွမ်းရည်များသည် သူ့မျက်စိရှေ့မှ တာအို

နှင့်အတူ ရွှေအူတိုင် နယ်ပယ် ခန္ဓာ သန့်စင် နည်းစနစ်ကို ဖန်တီးနိုင်သေးသည်။

လုရီသည် ကောင်းကင်မိုးကြိုးစွမ်းအား ၏အကူအညီဖြင့် ကောင်းကင် မိုးကြိုးကျောက်စိမ်း ခန္ဓာနည်းစနစ်ကို အဆင့် သုံးအထိ ကျင့်ကြံခဲ့သည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် အလွန်အစွမ်းထက်လာပြီး ကျောက်စိမ်း ခန္ဓာနည်းစနစ်ကို ၎င်း၏ ထူးကဲအဆင့်ထက်ပင် အောင်မြင်လာခဲ့သည်။ ၎င်းက သေးငယ်သော အောင်မြင်မှု တစ်ခု မဟုတ်ပေ။

သူ သင်ယူခဲ့သမျှကို အကျဉ်းချုပ်ပြီးသောအခါ လုရီသည် သူ့စိတ်ကို ငြိမ်သက်သွားစေသည်။

ဆရာ ပြောခဲ့သည့်အတိုင်း အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သည် မသေမျိုး လမ်းစဉ်၏ အစသာ ဖြစ်ပြီး ဆက်လက် ကြိုးစား လုပ်ဆောင်ရန် လိုအပ်ပါသည်။

သူက အတွေ့အကြုံ နုနယ်သူကလေးသာ ဖြစ်သေး၏။

လုရီသည် သားရေ စာအုပ်ကို ထုတ်ပြီး

မသေမျိုးဓားကျမ်းကို စတင်လေ့လာလိုက်တော့သည်။

ဤသည်မှာ နောင်ကာလ အတော်ကြာအောင် လေ့ကျင့်ယူရမည့် ကျင့်ကြံနည်းစနစ် တစ်ခု ဖြစ်သည်။

လုရီသည် မသေမျိုး ဓားကျမ်းကို အကြမ်းဖျင်း နားလည် သဘောပေါက်ရမည်ဟု သူ့ကိုယ်သူ အလုပ် တစ်ခု ချမှတ်ခဲ့သည်။

မသေမျိုး ဓားကျမ်း၏ အနှစ်သာရမှာ

ဒန်တျန် အတွင်းရှိ မသေမျိုး ဓားမျိုးစေ့ကို ဖွဲ့စည်းပြီး မသေမျိုးဓားချီကို ဓားမျိုးစေ့ဖြင့်အတူ ပြုစုပျိုးထောင်ရန် ဖြစ်သည်။ ကျင့်ကြံထားသော ဓား ချီ သည် အလွန်မာကျောပြီး အစွမ်းထက်ကာ စိတ်ကူးမယဉ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

ကံမကောင်းစွာဖြင့်၊ ဤနည်းစနစ်သည် အခြေတည် ဝိဉာဉ်နယ်ပယ်သို့သာ ရောက်ရှိနိုင်သည်။

လုရီသည် နည်းစနစ်ကို ဆန်းစစ်ကြည့်သောအခါတွင်၊ သူ့ကိုယ်ရှိ တာအို ဝိညာဉ်စွမ်းအား လေပွေငယ်သည် ခုနစ်ရောင် ခြယ် အလင်းတန်းများဖြင့် ဝေ့ဝဲနေပြီး

တာအိုအသံက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေသည်။ လုရီသည် မသေမျိုး ဓားကျမ်း၏ သိမ်မွေ့နက်နဲခြင်းများကို မှုန်ဝါးစွာ ဆုပ်ကိုင်ထားပြီး ဉာဏ်အလင်း တချို့ ရရှိနေပြီ ဖြစ်သည်။

ဒါက လုရီကို အရမ်း အံ့သြသွားစေသည်။

ကောင်းကင်ဘုံ ဒုက္ခကို ဖြတ်ကျော်လာစဉ်အတွင်း သူ၏ ကိုယ်ခန္ဓာအတွင်းရှိ ဝိညာဉ်စွမ်းအားလေပွေက တစ်ခုခု ထူးထူးခြားခြား ဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။ သူ၏ တာအိုစွမ်းရည် နားလည်နိုင်စွမ်းကို တိုးမြင့်လာပုံ ပေါ်သည်။

အစပိုင်းတွင် ကောင်းကင်မိုးကြိုးများကြားတွင် လုရီသည် မိုးကြိုး စိတ်ဆန္ဒနယ်ပယ်သို့ လျင်မြန်စွာ တိုးမြှင့်နိုင်ခဲ့သည်။

ဒါက တာအို စွမ်းအားရဲ့ သက်ရောက်မှုလား။

လုရီသည် တာအိုစွမ်းရည်ကို စတင် ရရှိစဉ်အခါက ၎င်းသည် တာအိုကို လိုက်လျောညီထွေ ဖြစ်စေပြီး တာအို

စွမ်းရည် အကြောင်းကို ထိုးထွင်း သိသွားစေနိုင်သည်ကို သတိရမိသည်။

သူသည် သူ၏ အခြေခံအုတ်မြစ်တည်ထောင်ရန် စုစုပေါင်း တာအိုစွမ်းအား မျှင် ရှစ်မျှင်ကို အသုံးပြုခဲ့ပြီး အကျိုးသက်ရောက်မှုများမှာ အမှန်တကယ်ပင် ထူးခြားပါသည်။

လုရီ အူမြူးသွားသည်။

ထိုသို့သော တာအို အခြေခံ အုတ်မြစ်ဖြင့် သူ၏ နားလည်နိုင်စွမ်းသည် အနည်းငယ်ပို၍ တိုးတက်နိုင်လျှင် မသေမျိုးကျမ်းများကိုပင် ဖမ်းဆုပ်ရန် အလွန် ခက်ခဲမည်မဟုတ်ပေ။

ဤအတွေးဖြင့် လုရီသည် ဉာဏ်အလင်း လက်ဖက်ခြောက်များကို ထုတ်ကာ ရေနွေးအိုး တစ်လုံး၌ ထည့်၍ ကျိုသည်။

ဥာဏ်အလင်း လက်ဖက်ခြောက်ရွက်များသည် ရေလယ်၌ လွင့်ပျံလာကာ

အခိုးအငွေ့များက တာအို အနှစ်သာရ ဖျော့တော့စွာ ထွက်နေသလို ကြွယ်ဝသော ရနံ့ကို သယ်ဆောင်လာလေသည်။

လုရီ တစ်ငုံ သောက်လိုက်သောအခါ သူ့စိတ်တွေ ကြည်လင်လာပြီး လှိုင်းလုံးတွေလို အတွေးတွေ တဟုန်ထိုး နိုးထလာသည် ။

သူသည် မသေမျိုး ဓားကျမ်းကို စေ့စေ့စပ်စပ် ဖတ်ရင်း လက်ဖက်ရည် သောက်လိုက်သည်။

တစ်ပတ်အကြာတွင် လုရီသည် တင်ပျဉ်ခွေလျက် အနေအထားဖြင့် ထိုင်နေသည်။ သူ့နဖူးပေါ်ရှိ ရွှေဓားပုံစံကြိုးမျှင် ကလေး ‌ထွက်ပေါ်နေသည်။ သူ့ခန္ဓာကိုယ်မှာ ထက်ရှသော ဓားစိတ်ဆန္ဒ ဖြာထွက်နေသည်။

လုရီ၏ ခန္ဓာကိုယ်အတွင်း၌ ခုနစ်ရောင်ရောင်စုံ တိမ်တိုက်များ ပါရှိသော ဝိညာဉ်စွမ်းအား လေပွေအထက်တွင် ရွှေဓားငယ်တစ်စင်း ဖြည်းညှင်းစွာ လွင့်ပျံလာသည်။

၎င်းက မသေမျိုး ဓားမျိုးစေ့ ဖြစ်သည်။

လုရီသည် မသေမျိုး ဓားကျမ်းကို နေ့ရောညပါ လေ့လာခဲ့ပြီး နောက်ဆုံးတွင် တိုးတက်မှုအချို့ ရှိလာခဲ့သည်။ ယနေ့တွင်၊ သူသည် မသေမျိုးဓားမျိုးစေ့ကို ဖွဲ့တည်ပြီး မသေမျိုး ဓားကျမ်း၏ တံခါးဝသို့ သေချာစွာ ဝင်ရောက်ခဲ့သည်။

သိထားသင့်သည်မှာ၊ ဤအရာသည် မသေမျိုး ဓားကျမ်းပင် ဖြစ်ချေသည်။ ခုနစ်ရက်အတွင်း ဝင်ခွင့်အဆင့်အထိ ရောက်ရှိအောင် ကျင့်ကြံရန်မှာ ကြားရသူတိုင်းအားထိတ်လန့်သွားစေလောက်အောင်ပင် ဖြစ်သည်။

မသေမျိုး ဓားမျိုးစေ့ကို ပေါင်းစည်းပြီးနောက် လုရီသည် မသေမျိုး ဓားကျမ်းများမှ ခြားနားချက်ကို တွေ့ရှိခဲ့သည်။ ယုတ္တိနည်းအားဖြင့်၊ မသေမျိုး ဓားမျိုးစေ့ကို

ဖွဲ့တည်ခြင်းဖြင့်၊ တစ်ဦးတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို မသေမျိုး ဓားချီအဖြစ်သို့ အပြည့်အဝ ပြောင်းလဲနိုင်သော်လည်း သူ၏ ဒန်တျန်တွင်မူ ထိုသို့ ဖြစ်မလာပါ။

သူ၏ ဒန်တျန်တွင်းမှ ခုနစ်ရောင်ခြယ် အားလှိုင်းလေပွေငယ်သည် တောက်ပစွာ ထွန်းလင်းနေဆဲ ဖြစ်ပြီး၊ မသေမျိုး ဓားမျိုးစေ့သည် အပြင်ဘက်တွင်သာ လွင့်မျောနေပြီး ၎င်းနှင့် ပေါင်းစည်းရန်ပင်

မဖြစ်နိုင်ပေ။

ယင်းကြောင့် လုရီ၏ အမူအရာ အနည်းငယ် ထူးဆန်းသွားသည်။

တာအိုစွမ်းအားဖြင့် ပေါင်းစပ်ထားသည့် ဝိညာဉ်စွမ်းအား လေပွေသည် မသေမျိုးဓားမျိုးစေ့ထက် အများကြီး ပိုအစွမ်းထက်ပုံပါပဲ။

သို့သော် မသေမျိုးဓားမျိုးစေ့မှတစ်ဆင့် သူ၏ဝိညာဉ်စွမ်းအားကို လည်ပတ်လုပ်ဆောင်ပါက၊ သူ၏ဝိညာဉ်စွမ်းအင်ကို မသေမျိုးဓားချီ အဖြစ်သို့ ပြောင်းလဲနိုင်ဆဲဖြစ်သည်ဟု တွေ့ခဲ့သည်။

မသေမျိုး ဓားချီတွင် ပြင်းထန်သော သတ်ဖြတ်နိုင်စွမ်း ရှိပြီး အလွန် လွှမ်းမိုးချုပ်ကိုင်ထားကာ ဓားတာအို စွမ်းရည်နှင့် ပေါင်းစပ်လိုက်လျှင် ၎င်း၏ စွမ်းအားသည် အလွန် တိုးမြင့်လာမည် ဖြစ်သည်။

လုရီက ဒါကို အရမ်းကျေနပ်သွားသည်။

မသေမျိုး ဓားမျိုးစေ့ကို ပေါင်းစည်းပြီးနောက် လုရီသည် သူ၏ နယ်ပယ်ကို အပြည့်အဝ စုစည်းခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင် လေပွေသည် တွင်းနက်ကဲ့သို့ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူနေပါသည်။ လည်ပတ်ပြီးသည်နှင့် နှစ်တစ်ထောင် ဝိဉာဉ်နှင်းစက်ပင်လျှင် ၎င်းကို ကြာရှည်စွာ မထောက်ပံ့နိုင်ပါ။ ကံကောင်းထောက်မစွာ၊ သူ့တွင် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ကို ရယူရန် အလုပ်အသစ်တစ်ခု ရှိခဲဘ၍သာ။ မဟုတ်လျှင် သူသည် ပြတ်တောက်သွားလိမ့်မည်။

သို့သော်၊ ဤသည်မှာ ရေရှည် တည်တံ့သော အဖြေ မဟုတ်ပေ။ အလုပ်အသစ်များနှင့် လမ်းကြောင်းများကို ရှာဖွေရန် လိုအပ်နေသေးသည်။

ထို့အပြင်၊ ဂျူနီယာညီမလေး၏ ခွန်အားမြန်မြန် တိုးမြင့်လာစေရန် ကူညီပေးရဦးမည်။ သို့မှသာ သူ့အလုပ်၏ ဆုကြေးတွေ ပို၍ မြင့်မားလာမည် ဖြစ်သည်။

သူ့ဂျူနီယာ ညီမလေး အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ အဆင့်တက်လျှင် ပေးသည့် ဆုကြေးတွေက

အသခ်ျေ ဝိဉာဉ်နှင်းစက် ဖြစ်နိုင်မလား။

ကံမကောင်းစွာပဲ လုရီသည်

သုန်းကုန်းမင်ယွဲ့အား ယခင်က သူ အသုံးပြုခဲ့သည်ထက် ကျော်လွန်သည့် အရင်းအမြစ်များကို မကြာခဏ ထောက်ပံ့ပေးခဲ့သော်လည်း၊ သူမသည် ချီသန့်စင်နယ်ပယ် ဆယ့်နှစ်လွှာသို့သာ ရောက်ရှိနေပြီး အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်မှ အတော်အတန် အလှမ်းဝေးနေသေးသည်။

---------------

အခန်း၁၁၀- မသေမျိုးဓားမျိုးစေ့ ဖွဲ့တည်ခြင်း...

~ ထိုနေ့တွင်၊ လုရီ ကျင့်ကြံနေတုန်း

သုန်းကုန်းမင်ယွဲ့ ရုတ်တရက် ရောက်လာပြီး သူတို့၏ဆရာသည် သူတို့နှင့် ဆွေးနွေးစရာရှိနေသည်ဟု အသိပေးလာသည်။

လုရီစိတ်ထဲ ဘာဖြစ်နိုင်သည်ကို သိချင်စိတ်ဖြင့် သုန်းကုန်းမင်ယွဲ့သည်

လင်းလောင် တောင်ထိပ်သို့ လိုက်သွားပြီး ဝါးအိမ်တံခါး ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။ လင်းလောင် တောင်ထိပ်သခင်မ သည် ပုံမှန်အတိုင်း နောက်မှီထိုင်ခုံပေါ်တွင် ထိုင်နေပြီး ဘာမှ မထူးခြားသည့်ပုံ ပေါက်နေသည်။ အံ့အားသင့်စရာမှာ လျိုနင်ရွှမ်းလည်း ပြန်ရောက်နေသည်။ သူမက လင်းလောင် တောင်ထိပ်သခင်မ၏ တစ်ဖက်တွင် ထိုင်နေသည်။

လုရီက အံ့အားသင့်စွာဖြင့် နှုတ်ဆက်လိုက်သည်။

"စီနီယာအစ််မ လျိုနင်ရွှမ်း ပြန်လာပြီပေါ့"

လုရီကို မြင်သောအခါ လျိုနင်ရွှမ်း၏ အေးစက်သော မျက်နှာသည် အနည်းငယ် ပြုံးရိပ် သမ်းလာသည်။

"အင်း၊ ငါ အခု ပြန်ရောက်ပါပြီ၊ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်မြေကို အဆင့်ချိုးဖျက် ဝင်ရောက်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်.. ဂျူနီယာ မောင်လေးလုက .. ကောင်းကင်ဘုံ ဒုက္ခကို‌တောင် နှိုးဆော်ခဲ့တယ်လို့ ကြားခဲ့တယ်၊ တကယ့်ကို အထင်ကြီး စရာပဲ နော်"

လျိုနင်ရွှမ်းသည် ဂိုဏ်းသို့ ပြန်ရောက်နေပြီဖြစ်ပြီး အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ လုရီ၏ အဆင့်ချိုးဖျက် ဝင်ရောက်မှုများအကြောင်း ဆွေးနွေးမှုများကို ကြားနေရသည်။ သူမ၏ ဂျူနီယာ မောင်လေးသည် အမှန်တကယ်ပင် ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်ကာ သူ့ကိုယ်ပိုင် ကျင့်ကြံနည်းကိုပင် တီထွင်ခဲ့သည်ဟူ၍...။

ဒါက လျိုနင်ရွှမ်းကို ထိတ်လန့်သွား စေသည်။ ချိီသန့်စင် နယ်ပယ်တွင် သူမ၏ အဆင့်တွင်ပင်၊ သူမသည် ထိုမျှ မသန်မာခဲ့ဘဲ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်လာသောအခါတွင် သူမသည် ကောင်းကင်ဘုံဒုက္ခကို မဖြစ်ပေါ်စေခဲ့ပေ။

လုရီက ရှက်ရွံ့သော အပြုံးဖြင့် ပြန်ပြောသည်။

"ကျွန်တော့်ကို မြှောက်နေပါပြီ၊ စီနီယာ အစ်မ"

သုန်းကုန်းမင်ယွဲ့က တခစ်ခစ်ရယ်ပြီး လုရီ ၏ ပခုံးကို ပုတ်ကာ

"အစ်ကို၊ နင်က အရမ်း နှိမ့်ချလွန်းနေပြီ။ နင့်မှာ မယုံနိုင်စရာ အရည်အချင်းတွေ ရှိတာပါ နော်"

ဤအခိုက်အတန့်တွင်၊ လင်းလောင်တောင်ထိပ် သခင်မမှ သမ်းဝေပြီးနောက် စကားဆိုလာသည်။

"မင်းတို့ နှစ်ယောက် ပြောစရာ ရှိသေးရင် နောက်မှ ပြော၊ ငါ မင်းတို့နှစ်ယောက်ကို

တစ်ခု ပြောစရာ ရှိတယ်"

ထိုအခါ လုရီနှင့် သုန်းကုန်းမင်ယွဲ့တို့သည်

လင်းလောင် တောင်ထိပ်သခင်မကို သိလိုစိတ်ဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်ကြသည်။

လင်းလောင် တောင်ထိပ်သခင်မက

စတင် ပြောဆိုလာသည်။

"အရှေ့တောအုပ်အပျက်အစီး နယ်မြေရဲ့ နှစ်တစ်ရာပြည့် ဖွင့်ပွဲက တစ်နှစ်ပဲ လိုတော့တယ်။ ငါတို့ရဲ့ တိမ်ဖြူဂိုဏ်းအတွက် နေရာနှစ်ဆယ် ရှိတယ်၊ အပျက်အစီး နယ်မြေ

မဖွင့်ခင်မှာပဲ ဂိုဏ်းက ပြိုင်ပွဲ အသေးစား လေး တစ်ခု ကျင်းပမယ်။ အဲ့ဒီ ပြိုင်ပွဲကို အနိုင်ရတဲ့ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်စဉ်ရှိတဲ့တပည့်တွေပဲ အပျက်အစီး နယ်မြေကို ဝင်ခွင့်ရမယ်။

လုရီ၊ မင်းက မင်းရဲ့အခြေခံ အုတ်မြစ်ကို ထူထောင်ထားပြီးသားပဲ၊ မင်းရဲ့ အရည်အချင်းနဲ့ ခွန်အားနဲ့ဆို အခက်အခဲ ရှိမှာ မဟုတ်ဘူး၊ဒါပေမယ့် ငါက မင်းကို အသိပေးရုံပဲ၊ သွားဖို့၊ မသွားဖို့က မင်းအပေါ်မှာ မူတည်တယ်၊ မင်ယွဲ့လေးအတွက်ကတော့…"

သူမက သုန်းကုန်းမင်ယွဲ့ဘက် လှည့်ပြီး

ဆက်၍ ပြောလိုက်သည်။

"မင်းရဲ့ ကျင့်ကြံမှုအခြေခံက အခုတလော၊ အတော်လေး တိုးတက်လာတယ်..အခု ချီသန့်စင်နယ်ပယ် ဆယ့်နှစ်လွှာကို ရောက်နေပြီ။ ချီသန့်စင် နယ်ပယ် ဆယ့်သုံးလွှာကို ရည်မှန်းမလား ဒါမှမဟုတ် တစ်နှစ်အတွင်း အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို အဆင့်ချိုးဖျက်သွား

မလား..မင်းဘာသာ ဆုံးဖြတ်နိုင်တယ်"

ဒါကိုကြားတော့ သုန်းကုန်းမင်ယွဲ့၏

အမူအရာက လေးနက်သွားပြီး သူမကခေါင်းညိတ်ပြကာ

"တပည့် နားလည်ပါပြီ ဆရာ"

လင်းလောင် တောင်ထိပ်သခင်မ ပြောသည်ကို နားထောင်လိုက်ရသောအခါတွင် လုရီ သူ့စိတ်ထဲတွင် အသိအမြင်တစ်ခု လင်းလက်လာသည်။

အရှေ့သစ်တောအပျက်အစီး နယ်မြေကို ဖွင့်ရန် အချိန်တန်နေပြီလား။

အရှေ့သစ်တော အပျက်အစီး နယ်မြေအကြောင်း တိမ်ဖြူဂိုဏ်း အတွင်း၌ သူ အကြိမ်များစွာ ကြားခဲ့ဖူးသည်။

ဒီနေရာဟာ ချင်းကျိုးမှာ နာမည်ကောင်းရထားသည့် ရှေးဟောင်းနေရာ ဖြစ်ပြီး ဟိုးရှေးရှေးတုန်းက လူသားမျိုးနွယ်နှင့် နတ်ဆိုး မျိုးနွယ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သောစစ်မြေပြင်တစ်ခု ဖြစ်ပါသည်။

ရှေးခေတ် ကာလတွင်၊ စွမ်းအားကြီးမားသော တိုက်ပွဲများသည် ထျန်းမင် ၏ စည်းမျဉ်းများနှင့် မတူဘဲ နေရာလပ်အက်ကြောင်းများ ဖြစ်ပေါ်စေပြီး လွတ်လပ်သော ကမ္ဘာငယ်လေးကို ဖန်တီးပေးကာ ဝိညာဉ် စွမ်းအားကို နှောင့်ယှက်စေသည်။ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ရှိ ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည်။

အပျက်အစီး နယ်မြေအတွင်း အဖိုးတန် ကျင့်ကြံခြင်း ဆေးပင် မြောက်မြားစွာနှင့် ကောင်းကင်နှင့် မြေကြီး ရတနာများ ရှိသည်။ ဥပမာအားဖြင့် လူတစ်ဦး၏ အခြေခံ အုတ်မြစ်ကို ခိုင်မာစေသည့် သို့မဟုတ် ရွှေအူတိုင် နယ်ပယ်၏ ပုံစံများကိုပင် မြှင့်တင်နိုင်သည့် ရတနာများ တည်ရှိသည်။

ထို့အပြင် လူသားနှင့် နတ်‌ဆိုး မျိုးနွယ်စုများကြား စစ်မြေပြင် တစ်ခုဖြစ်သည်နှင့်အညီ အစွမ်းထက် ကျင့်ကြံသူများသည် ကျင့်ကြံခြင်း ရတနာများနှင့် အမွေအနှစ်များကို ချန်ထားခဲ့နိုင်ဖွယ် ရှိသည်။ ၎င်းတို့ကို ရှာတွေ့ရန် ကံကောင်းခြင်း ရှိ၊ မရှိပေါ်တွင်မူတည်သည်။

အစွမ်းထက်လှသော အမွေအနှစ် တစ်ခုကို ရှာတွေ့ခဲ့လျှင် ကောင်းကင်သို့ ပျံတက်ရန်မှာ သေချာပေါက် မဖြစ်နိုင်သော အရာ မဟုတ်ပေ။

အပျက်အစီး နယ်မြေများ ပွင့်လာတိုင်း ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်ခဲ့သည်။

ဟုတ်ပါသည်။ အရှေ့တောအုပ်အပျက်အစီး နယ်မြေများသည် တိမ်ဖြူဂိုဏ်း၊ သွေးဝိညာဉ်ဂိုဏ်း၊ အေးခဲဆောင်းရာသီ တောင်ကြား၊ ပန်းတစ်ထောင်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့ ထိန်းချုပ်ထားသည့် ဒေသတွေမှာ တည်ရှိနေတာတော့ အမှန်ပါပဲ။ အရှေ့တောအုပ်အပျက်အစီး နယ်မြေများအား ဤဂိုဏ်းကြီး ငါးခုတို့က ပူးပေါင်း ထိန်းချုပ်ထားသည်။ အပျက်အစီးနယ်မြေ‌များ ပွင့်လာတိုင်း ဂိုဏ်းတွေက ဧရိယာကို ကြိုတင်ရှင်းလင်းပြီး လုယူဖို့ သူတို့၏ ထူးချွန်သူ တပည့်တွေကို လွှတ်လိုက်ကြသည်။

တပည့်များသည် သဘာဝအလျောက် အရင်းအမြစ်များ ဝင်ရောက်ရယူရန် ဆန္ဒရှိသည် ဖြစ်ရာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်သည်။

ဒါကို တွေးပြီး လုရီ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူ၏ အတွေ့အကြုံအရ၊ ထိုသို့သော အဖြစ်အပျက်များသည် သေချာပေါက် သူ့ကိုယ်သူ အလုပ် ရယူနိုင်ပြီး ဆုလာဘ်များသည် အလွန်များပြားလှပါသည် မဟုတ်ပါလော။

တကယ်တော့ သူ၏ လက်ရှိ အရင်းအမြစ်တွေက နည်းပါးနေပါသေးသည်။ ၎င်းတို့သည် ယခုအချိန်တွင် လုံလောက်နေသော်လည်း၊ သူ၏ ကျင့်ကြံမှု အခြေခံသည် ပိုမိုမြင့်မားလာကာ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်၏ ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်ကို စတင် စိန်ခေါ်မည့်အခါတွင်

၎င်းတို့သည် မလုံလောက်နိုင်ပေ။

မမှားပါ။ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်မှာတောင် ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်သုံးလွှာရှိသည်။ လုရီ ဟာ သုံးခုလုံးကို ချိုးဖျက်ဖို့ ရည်ရွယ်ထားသည်။ ဤအတွက် လိုအပ်သော အရင်းအမြစ်များသည် များပြားလှသည်။

လုရီက သူ့ကိုယ်သူ တိတ်တဆိတ်ကြွေးကြော်လိုက်သည်။

...ငါ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ပြိုင်ပွဲမှာ ပါဝင်ချင်တယ်...

[အလုပ်]

အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး အဆင့်အလိုက် ဆုလက်ဆောင်များရယူပါ။

အလုပ်ကို လက်ခံပါ-လက်ခံမည်လား /ငြင်းမည်လား။

လုရီက

...ငါ အရှေ့သစ်တော အပျက်အစီးတွေထဲ ဝင်ချင်တယ်" ဟု သူ့ကိုယ်သူ ဆက်ပြောသည်။

[အလုပ်]

အရှေ့သစ်တော အပျက်အစီးတွေထဲ ဝင်ပါ။

ဆုကြေး- အ‌သခ်ျေ ဝိဉာဉ် နှင်းစက် ၃၀။

ဆုကြေးကို လက်ခံပါ-လက်ခံမည်လား /ငြင်းမည်လား။

ဆုကြေးကို မြင်သောအခါ လုရီသည် ချက်ချင်းပင် သွေးဆောင်ခံခဲ့ရသည်။

ယခု သူသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်လာသောအခါတွင် သူ၏ ကျင့်ကြံမှု အရင်းအမြစ်များသည် အနည်းငယ် တောင့်တင်းလာသည်။ နောက်ဆုံးတွင် သူ လက်လှမ်းမီသော ဆုကြေး အသစ်များ ရလာလေပြီ။

လုရီသည် အလုပ်ကို ပြတ်ပြတ်သားသား လက်ခံလိုက်သည်။

ဒါက အရှေ့သစ်တော အပျက်အစီးများထဲသို့ ဝင်ရောက်ခြင်းအတွက် ဆုလာဘ်သာ ရှိသေးသည်။

အလုပ်အနည်းငယ်ကို ပြီးမြောက်အောင် လုပ်လျှင် သူ ဘယ်လောက်များများ ဝင်ငွေရနိုင်မလဲ တွေးကြည့်နိုင်သည်။

ဤ အလားအလာသည် လုရီကို မျှော်မှန်းချက်တို့ ပြည့်နှက်စေခဲ့သည်။

သူက ပြုံးပြီး ပြောလိုက်သည်။

"ဆရာ၊ ကျွန်တော် အရှေ့သစ်တော အပျက်အစီးတွေကို သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ"

လင်းလောင်တောင်ထိပ် သခင်မက အနည်းငယ် ခေါင်းညိတ်ပြပြီး

"ဒါဆိုရင် မင်း ကောင်းကောင်း ပြင်ဆင်ထားသင့်တယ်၊ အပျက်အစီးတွေ အန္တရာယ်တွေ ပြည့်နှက်နေတာကြောင့်

မဝင်ခင်မှာ မင်းရဲ့ ခွန်အားကို မြှင့်တင်နိုင်အောင် ကြိုးစားပါ၊ မင်းရဲ့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့တောင် သတိထားရမယ်။"

လုရီက စိတ်အားထက်သန်စွာ ခေါင်းညိတ်ကာ

"နားလည်ပါတယ် ဆရာ"

“အင်း…”

လင်းလောင် တောင်ထိပ်က ဆရာက ခေါင်းညိတ်လိုက်ပြီး

“ဘယ်လိုလဲ၊ မကြာသေးခင်က မသေမျိုး ဓားကျမ်းကို ကျင့်ကြံရာမှာ အခက်အခဲတွေ ကြုံရလား။ မသေမျိုး ဓားကျမ်းကို ငါ ကိုယ်တိုင် မကျင့်ကြံပေမယ့် အကြံဉာဏ် နည်းနည်းပါးပါးတော့ ပေးနိုင်ပါတယ်”

ထိုအခါ လုရီက ခပ်ပြုံးပြုံးဖြင့် ပြန်လည် ဖြေဆိုလာသည်။

"ကျင့်ကြံမှုဟာ ချောချောမွေ့မွေ့ ဖြစ်နေပါပြီ၊ မသေမျိုး ဓားမျိုးစေ့ကို ကျွန်တော် ဖန်တီးပြီးပါပြီ။"

လင်းလောင် တောင်ထိပ်သခင်မ: "..."

သူမ၏ အမူအရာသည် ခဏမျှ အေးခဲသွားပြီး၊ ထို့နောက် သူမ လက်ကို ဝှေ့ယမ်းကာ နှင်ထုတ်လိုက်တော့သည်။

"ထွက်သွား၊ ထွက်သွားတော့"

-----------------

အခန်း ၁၁၁-မသေမျိုးဓားမျိုးစေ့ ဖွဲ့တည်ခြင်း...

~... သောက်ကျိုးနည်း ဉာဏ်ကြီးရှင်..

လင်း‌လောင် တောင်ထိပ်သခင်မက ဗလုံးဗထွေး ရေရွတ်လိုက်သည်။

ဒီလို တပည့် တစ်ယောက်ရဲ့ ဆရာ ဖြစ်ရတာဟာ ပျော်စရာ သိပ်မကောင်းသလိုပါပဲ။

လုရီ ခဏလောက် ရပ်ပြီး စဉ်းစားကာ

"ဆရာ၊ ကျွန်တော် ကူညီပေးစရာ ရှိသေးလား? ဝိုင်ဝယ်ပေးရမလား။ ဒါမှမဟုတ် ဝါးအိမ်ကို သန့်ရှင်းရေး လုပ်စေချင်လား?"

သူ ဒီကို ရောက်လာတဲ့အတွက် အလုပ်အနည်းငယ် လုပ်ပေးသင့်သည်လေ။

သို့သော် လင်း‌လောင်တောင်ထိပ်သခင်မက လုရီသည် ဝါးအိမ်အား သန့်ရှင်းရေးလုပ်ပေးဖို့ စကား စလာသည်ကို ကြားလိုက်သည်နှင့် လုရီအား မကြည်မလင်ကြည့်ကာ လက်ကို ဝှေ့ယမ်းလိုက်ရာ လုရီသည် ဝါးအိမ် အပြင်ဘက်သို့ ချက်ချင်း ပျံဝဲသွားသည်။

"သွားပြီး ကျင့်ကြံတော့"

သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်း

နှစ်ယောက်စလုံးသည် လင်း‌လောင်တောင်ထိပ်သခင်မကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ဘာကြောင့် ရုတ်တရက် ဒေါသ ထွက်သွားရသည်ကို သူမတို့ နားမလည်ကြပေ။

သူမတို့၏ အမူအရာများကို သတိပြုမိသောအခါ၊ လင်း‌လောင်တောင်ထိပ်သခင်မ မှ ဖြည်းညှင်းစွာ ပြောသည်။

"မင်းတို့နှစ်ယောက်လည်း ပြန်သွားပြီး ကောင်းကောင်း ကျင့်ကြံကြ"

ထိုအခါ လျိုနင်ရွှမ်းက ဦးညွှတ်ပြီး

"ဒါဆို တပည့် ထွက်သွားပါတော့မယ်"

သုန်းကုန်းမင်ယွဲ့က တခစ်ခစ်ရယ်ရင်း

“ဆရာ၊ တပည့်လည်း ပြန်သွားပြီ နော်”

သူမတို့နှစ်ဦး ဝါးအိမ်မှ ထွက်သွားပြီးနောက် ဝါးတောထဲမှ ထွက်လာပြီး မျက်နှာတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသော လုရီကို တွေ့လိုက်ရသည်။

လုရီသည် ယခင်တစ်ကြိမ်က သူ့ဆရာအတွက် အခန်းသန့်ရှင်းရေး လုပ်ပေးပြီးသည်ကို မေ့သွားသဖြင့် သူ့ကိုယ်သူ ကြိတ်၍ ဒေါသထွက်သွားသည်။

နောက်တစ်ကြိမ် ဝါးအိမ်သန့်ရှင်းရေးကို

မပြောနိုင်၊ သို့မဟုတ် အလုပ်တောင် မလုပ်နိုင်တော့မည် မဟုတ်ပေ။

သုန်းကုန်းမင်ယွဲ့ က စိတ်ရှုပ်ထွေးစွာ

ရောက်လာပြီး "အစ်ကို၊ ဆရာ့ကို ဒေါသထွက်အောင် ဘာလုပ်လိုက်တာလဲ" ဟု မေးသည်။

သူမမျက်နှာလေးသည် အံ့အားသင့်သွားကာ ရေရွတ်သည်။

"ဆရာ ဒီလို ဒေါသထွက်နေတာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

သူမအနားရှိ လျိုနင်ရွှမ်းပင်လျှင် ညင်သာစွာ ခေါင်းညိတ်ပြပြီး ယခု ပိတ်နေသော ဝါးအိမ်တံခါးကို လှမ်းကြည့်ကာ

"ငါရောပဲ"

လုရီက ဘာမှ ပြန်မပြောရသေးခင်မှာ သူ့ပတ်ဝန်းကျင်မှာ ဖိအားတွေ တဟုန်ထိုး တိုးဝင်လာတာကို ခံစားလိုက်ရပြီး ပါးစပ်က တွန့်ကနဲ ဖြစ်သွားကာ ဆင်ခြေပေးလိုက်သည်။

"ဆရာက ကောင်းကောင်းမအိပ်နိုင်လို့ ဖြစ်နိုင်ပါတယ်။လာ.. မြန်မြန် ဆင်းရအောင်"

သုန်းကုန်းမင်ယွဲ့သည် အရာများသည် ရိုးရှင်းခြင်း မရှိဟု ခံစားမိသည်။ သူမ၏ ရွှန်းစိုသော မျက်လုံးရွဲကြီးများက လှည့်ကြည့်ကာ လုရီကို စိုက်ကြည့်ရင်း ဆက်လက်

မမေးနေတော့ဘဲ

"ဒါဆို သွားကြရအောင်။ စီနီယာအစ်မ

နင်ရွှမ်းက ရှားရှားပါးပါး ပြန်ရောက်လာတဲ့အတွက် စီနီယာအစ်ကို့နေရာမှာ ထမင်းစားဖို့ ဆုံစည်းရရင် ဘယ်လိုလဲ၊ စီနီယာ

အစ်ကို"

သုန်းကုန်းမင်ယွဲ့ကို လုရီ တစ်ချက်ကြည့်လိုက်ပြီး သူမသည် တံတွေးကို အဆက်မပြတ် မျိုချနေသည်ကို လုရီ မြင်သောအခါ

" ကောင်မလေး..မင်း ဝိညာဉ် အစာ စားချင်နေတာမဟုတ်လား?"

ထိုအခါ သုန်းကုန်းမင်ယွဲ့က ချိုမြစွာ

ဟက်ဟက်ပက် ရယ်လိုက်သည်။

လျိုနင်ရွှမ်းက စိတ်ရှုပ်ထွေးစွာဖြင့်

"ဝိညာဉ်အစာ၊ ဝိညာဉ်အစာက ဘာလဲ" ဟု မေးလိုက်သည်။

လုရီက ပြုံးရင်း ရှင်းပြသည်။

"စီနီယာ အစ်မက အပြင်မှာ အလုပ်တွေ လုပ်နေလို့ မသိလိုက်ဘူး ထင်တယ်၊ ဒီအတောအတွင်းမှာ အစ်မရဲ့ ဂျူနီယာ မောင်လေးဖြစ်တဲ့ ကျွန်တော်က အားလပ်ချိန်မှာ ဝိညာဉ်အစာ ချက်နည်းနဲ့ ဝိညာဉ်ဝိုင် ဖော်စပ်နည်း တချို့ကို သင်ယူခဲ့တယ်လေ"

လျိုနင်ရွှမ်း၏ အေးစက်သော မျက်နှာလေးမှာ အံ့အားသင့်မှု အရိပ်အမြွက်များ ဖြတ်ပြေးလာသည်။ လုရီကို တစ်ချက်ကြည့်လိုက်ပြီး တောင်းဆိုလာသည်။

"ဒါဆို အဲ့ဒါကို မင်းရဲ့ စီနီယာ အစ်မ မြည်းကြည့်လို့ ရနိုင်မလား"

“တကယ်လို့ အစ်မ စိတ်ဝင်စားရင် ရတာတာပေါ့”

"ဟေး..ဒါဆို သွားကြရအောင် စီနီူာအစ်ကို။ ငါတို့ ပွဲတော် တည်ကြမယ်၊ ဟီးဟီး!" သုန်းကုန်းမင်ယွဲ့သည် သူတို့အထဲမှာ အပျော်ဆုံး ဖြစ်ပြီး ရွှင်မြူးစွာ ရယ်မောနေလေသည်။

သူတို့ သုံးယောက်သည် လုရီ ၏ ဂူစံအိမ်သို့ ရောက်သောအခါ လုရီ သည် ကျားရိုး

ဝိဉာဉ် ဂျင်ဆင်း စွပ်ပြုတ်နှင့် မီးသွေး အသားကင်အပါအဝင် ဝိညာဉ်အစာအချို့ကို ထုတ်ယူသည်။ ထို့နောက် စစ်ဆေးရေး မျှော်စင်တုန်းက သူ ချီးမြှင့်ခံရသော ဝိဉာဉ် အစာ အမျိုးအစား နှစ်မျိုး ဖြစ်သည့် သလင်းဖက်ထုပ်နှင့် ကျောက်စိမ်းဝါး ကြက်ကင်ကိုပါ ယူဆောင်လာခဲ့သည်။

သလင်း ဖက်ထုပ်ကို စားပြီးနောက်၊ လူတို့သည် မိမိတို့၏ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုကို အချိန်တိုအတွင်း တိုးမြှင့်နိုင်သော်လည်း ဝိညာဉ်အစာ၌ ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားသောအခါ ကျင့်ကြံမှုသည် ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိသွားမည်ဖြစ်သည်။

သဘာဝအားဖြင့် ဤအကျိုး သက်ရောက်မှုသည် ထိရောက်မြန်ဆန်သော ကျင့်ကြံခြင်း ဆေးလုံး များကဲ့သို့ သိသိသာသာကြီးမဟုတ်သော်လည်း အားသာချက် ရှိသည်။ ဝိညာဉ်အစာ၏ အာနိသင်သည် နူးညံ့သိမ်မွေ့ပြီး ဘေးထွက်ဆိုးကျိုး မရှိပေ။

ကျောက်စိမ်းဝါးကြက်ကင်သည် ရှားပါးသော အဆိပ်ဖြေ ဝိညာဉ်အစာ ဖြစ်သည်။ ပုံမှန် စားပေးခြင်းဖြင့် အဆိပ်အတောက်များအား ခုခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး အလွန် အဖိုးတန်လှပါသည်။

ဝိညာဉ်အစာ နှစ်မျိုးလုံးသည် အခြေတည် ဝိဉာဉ် နယ်ပယ်မှ ဖြစ်ပြီး၊ ဆိုလိုသည်မှာ သုန်းကုန်းမင်ယွဲ့ပင် ၎င်းတို့ကို စားနိုင်သည်။

ဝိညာဉ်ဝိုင်ကမူ သမာဓိ ဝိဉာဉ် နှင်းရည်သာ ဖြစ်ပါသည်။သူသည် အခြားဝိညာဉ်ဝိုင်များအတွက် ချက်နည်းများ မရရှိသေးပါ။

ထိုသို့ဖြစ်ရာ ဝိညာဉ် စွမ်းအားကို မြှင့်တင်ခြင်းအပေါ် သမာဓိ ဝိဉာဉ် နှင်းရည်၏ အကျိုးသက်ရောက်မှုသည် သူ့အတွက် အတော်လေး အားနည်းလာသည်။

သူ၏ဝိညာဉ် စွမ်းအားသည် အသွင်ပြောင်းခြင်း၏အစွန်းတစ်ဖက်တွင် စဉ်ဆက်မပြတ်ရှိနေခဲ့ပြီး နောက်တဆင့်တက်ရန် ခြေတစ်လှမ်းသာ ကွာဝေးသော်လည်း

ကံမကောင်းစွာဖြင့် ဤအသွင်ပြောင်းမှုတွင် သူ့ကိုကူညီရန် အခြား ရတနာများ မရှိနေပါ။

အနည်းငယ် ဝမ်းနည်းသွားသလို ခံစားမိသော်လည်း သူ့တွင် အချိန်များစွာ ရှိသောကြောင့် လုရီသည် အလျင်လိုနေတာတော့ မဟုတ်ပါ။

ဝိညာဉ်အစာနှင့် ဝိညာဉ်ဝိုင် အမျိုးအစားများစွာကို တည်ခင်းလိုက်ရာ ၎င်းတို့၏ ကြွယ်ဝသော ရနံ့များ လေထုအတွင်ူ ပျံ့နှံ့သွားခဲ့သည်။

လျိုနင်ရွှမ်း၏ လှပ ဝင်းမွတ်သော မျက်နှာကလေးသည် အံ့အားသင့်သွားကာ လုရီကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေရင်း မေးလာသည်။

"ဒါတွေ အားလုံး နင် ချက်ပြုတ်ထားတာလား ဂျူနီယာ မောင်လေး"

ထိုအခါ သုန်းကုန်းမင်ယွဲ့သည် သူမ၏ ‌သေးသွယ် လှ‌ပသော ခါးလေးကို လက်ဖြင့် ထောက်ကာ ဂုဏ်ယူစွာ ဝင်ရောက် ပြောပြသည်။

"ဟုတ်ပါတယ်၊ အဲဒါတွေကို ချက်ခဲ့တာ

စီနိီယာအစ်ကိုပါ။ သူ့ရဲ့ အချက်အပြုတ် စွမ်းရည်က တကယ်ကောင်းတယ်နော်၊ အစ်မနင်ရွှမ်း.."

သုန်းကုန်းမင်ယွဲ့၏ ဂုဏ်ယူဝင့်ကြွားသော အမူအရာတွေကို ကြည့်လိုက်လျှင် ပိုကောင်းမှန်း မသိသည့် သူတွေက သူမကို ဖန်တီးထားသည်ဟုပင် ထင်ကောင်းထင်နိုင်ပါသည်။

လုရီက ခေါင်းညိတ်ပြီး ပြုံးပြသည်။

"ဟဲဟဲ၊ အားလပ်ချိန်တွေမှာ ဟင်းချက်လေ့ကျင့်ထားတာပါ။ စီနိီယာအစ်မ၊ မြည်းစမ်းကြည့်ပါဦး"

လျိုနင်ရွှမ်းသည် နို့စိမ်းရောင်အဆင်းရှိသော ကျားရိုး ဂျင်ဆင်းစွပ်ပြုတ်ကို ဇွန်းတစ်ချောင်းဖြင့် ခပ်၍ သောက်လိုက်တော့ ပူနွေးသည့် အားလှိုင်း တစ်ခုသည် သူမ၏ ခန္ဓာကိုယ်အနှံ့သို့ နူးညံ့စွာ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။

"အရမ်း အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှုပဲ.." ဟု လျိုနင်ရွှမ်း နှုတ်ဖျားမှ တိုးတိုးလေး ချီးကျူးလိုက်သည်။

ဤတွင် သတိပြုရမည့် အချက်မှာ သူမ၏ ခွန်အားသည် အခြေတည်ဝိဉာဉ် နယ်ပယ်တွင် ရှိနေပြီ ဖြစ်ပြိီး၊ သူမသည် ကျားရိုးဂျင်ဆင်းစွပ်ပြုတ်မှ ဝိညာဉ်စွမ်းအား၏ သက်ရောက်မှုများကို အရိပ်အမြွက် ခံစားနိုင်သည်။

ကျားရိုးဂျင်ဆင်းစွပ်ပြုတ်သည် ချီသန့်စင် နယ်ပယ်အတွက်သာ ဖြစ်သည်။

ဤအချက်ကို ထောက်ရှုလျှင် ဤဝိဉာဉ်အစာ၏ အကျိုးသက်ရောက်မှုမှာ

မည်မျှ ပြင်းထန်သလဲ.. တွေးကြည့်နိုင်ပါသည်။

"ဂျူနီယာမောင်လေးရဲ့ အရည်အချင်းတွေက တကယ်ကို အံ့မခန်းပါပဲ။ မင်းရဲ့ ကျင့်ကြံမှု စွမ်းရည်က အားကောင်းလာရုံတင်မကဘူး၊ ဝိဉာဉ်အစာတွေ ချက်ပြုတ်နိုင်တဲ့ ပါရမီ ရှိနေလိမ့်မယ်လို့ ဒီအစ်မက

မမျှော်လင့်ထားဘူး။"

ထိုအခါ လုရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"စီနိီယာအစ်မရဲ့ ကျင့်ကြံမှုအခြေခံရှိတဲ့ သူ အတွက်၊ ဒီဝိညာဉ်အစားအစာတွေက သိပ်ပြီး အသုံးမဝင်ပါဘူး၊ သူတို့က ပါးစပ်ကို ကျေနပ်စေရုံပါပဲ။ ခင်ဗျား ကြိုက်ရင် များများစားပါ..စီနိီယာအစ်မ"

"အင်း"

လျိုနင်ရွှမ်းက ညင်သာစွာ ခေါင်းညိတ်ပြီး

တုံ့ပြန်သည်။

သူတို့ သုံးဦးစလုံးသည် လင်းလောင်တောင်ထိပ်သခင်၏ တိုက်ရိုက်တပည့်များဖြစ်ကြခြင်းက သူတို့တတွေအား စီနီယာနှင့် ဂျူနီယာညီအကို မောင်နှမများအားလုံးတွင် အရင်းနှီးဆုံး ဖြစ်စေခဲ့သည်။

သူတို့သည် ဟင်းလျာများ အတူ စားကြရင်း စကားစမြည် ပြောကြသည်။

သူတို့ထဲမှ ခွန်အားအနည်းဆုံး ဖြစ်သော သုန်းကုန်းမင်ယွဲ့သည် ဝိညာဉ်အစာအတွင်း၌ ဝိညာဉ်စွမ်းအား အလွန်တရာ အာဟာရ ဖြည့်ပေးသည်ကို တွေ့ရှိခဲ့သည်။

သူမသည် များများစားစား မစားနိုင်ဘဲ နီမြန်းနေပြီး မျက်နှာတစ်ခုလုံး ချွေးတွေထွက်ကာ အာဟာရလွန်ကဲနေသလို ခံစားရသည်။

ထို့ကြောင့်၊ သုန်းကုန်းမင်ယွဲ့သည် လုရီ၏ ကျင့်ကြံခန်းထဲသို့ အာဟာရများကို ချေဖျက်ရန် အပြေးကလေး ထွက်သွားတော့သည်။

ထိုအချိန်တွင် လုရီနှင့် လျိုနင်ရွှမ်းတို့ ဆက်လက် စားသောက်ကြသည်။

လုရီ သည် သူ၏ လက် တစ်ချက် ဝှေ့ယမ်းကာ စားပွဲပေါ်တွင် ဝိုင်အိုး တစ်အိုး အလိုအလျောက် နေရာယူစေသည်။

လျိုနင်ရွှမ်း၏ခွက်ကို သမာဓိ နှင်းရည်ဝိုင်ဖြင့် ဖြည့်ပေးလိုက်သည်။

သမာဓိ နှင်းရည်ဝိုင်ကို သောက်ပြီးနောက် လျိုနင်ရွှမ်းက ထုတ်ဖော် ချီးကျူးသည်။

"ဂျူနီယာ မောင်လေးရဲ့ သမာဓိ နှင်းရည်ဝိုင်က တကယ်ကောင်းပါလား။ စီနီယာအစ်မက ချီသန့်စင် နယ်မြေမှာ ရှိစဉ်တုန်းက ဒါကိုသာ သောက်ခဲ့ရရင် ဒီအခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်ခဲ့မှာ။ အခုမင်ယွဲ့က အရမ်း ကံကောင်းတယ် နော်"

သူမစကားအား လုရိီက ခပ်ပေါ့ပေါ့ ရယ်မောရင်း

"ဟီးဟီး၊ စီနီယာအစ်မက ကျွန်တော့်ကို မြှောက်ပင့်နေပါပြီဗျာ၊ နောင်မှာ ပိုအဆင့်မြင့်တဲ့ ဝိဉာဉ်အစာ ချက်နည်းတွေကို ကံကောင်းလို့ တွေ့ရရင်.. အစ်မအတွက် သင့်တော်တဲ့ ဝိဉာဉ်အစာ တစ်ခုခုကို ကျွန်တော် ပြင်ဆင်ပေးပါမယ်။"

လျိုနင်ရွှမ်းက လုရီကို ကြည့်ပြီး ချိုမြသော အပြုံးတစ်ပွင့် ပေးသည်။

"ဒါဆို အစ်မက ဂျူနီယာ မောင်လေးကို ကြိုပြီး ကျေးဇူးတင်ထားတော့မယ် နော်"

ထို့နောက် လုရီက လျိုနင်ရွှမ်းအတွက် နောက်ထပ် ဝိုင်အပြည့် တစ်ခွက်ကို လောင်းချပြီး စပ်စုလိုက်သည်။

"စကားမစပ် ..စီနီယာအစ်မ၊ အပြင်မှာ

ဒီလောက် ကြာကြာ ဘာတွေ လုပ်နေခဲ့လဲဗျ"

သူ့မေးခွန်းအား လျိုနင်ရွှမ်းက ခပ်အေးအေးပင် ..

" တိမ်ဖြူဂိုဏ်း နယ်မြေမှာ အခြေတည်

ဝိဥာဉ်ခွန်အားရှိတဲ့ မြွေနတ်ဆိုး သောင်းကျန်းနေတယ်၊အဲ့ဒီမြွေနတ်ဆိုးက အရမ်းပါးနပ်တယ်၊ ငါ အချိန်အတော်ကြာအောင် လိုက်ရှာခဲ့ရပြီး အဲ့ဒီမြွေနတ်ဆိုးက အရှေ့ပိုင်း ဒေသက ထွက်ပြေးတော့မလို့ပဲ၊ မနည်း သတ်ခဲ့ရတယ်"

လုရီ: "..."

ကံဆိုးတဲ့ မြွေနတ်ဆိုး ..

အရှေ့ပိုင်း ဒေသက ဘယ်လောက် ကျယ်ဝန်းလိုက်လဲ။

တိမ်ဖြူဂိုဏ်း နယ်မြေကနေ နယ်စပ်အထိဆိုရင် မိုင်ပေါင်း သန်းပေါင်းများစွာ အထိ ကွာဝေးသည်‌လေ။

ဤမျှအထိ ဝေးကွာလှသည် အထိ မြွေနတ်ဆိုးသည် လိုက်လံ ဖမ်းဆီးခံခဲ့ရသည်လား။

မည်သို့ပင် ဆိုစေကာမူ နတ်ဆိုး မျိုးနွယ်နှင့် လူသား မျိုးနွယ် အကြား ဆက်ဆံရေးသည် သမိုင်းတွင် ကြီးမားသောစစ်ပွဲများစွာ ဆင်နွှဲခဲ့ပြီး ဘယ်သောအခါမှ ကောင်းမွန်ခဲ့ခြင်း မရှိပေ။

ထိုမြွေနတ်ဆိုးသည် လူသား မျိုးနွယ်စု၏ နယ်မြေအတွင်းတွင် ရှိသော်လည်း နှိမ့်ချရမည့်အစား ၎င်းသည် သေခြင်းတရားကို

မကြောက်ဘဲ ပြသနာ ရှာရဲနေသည်လား။

----------------

All Chapters