← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း၁၁၂-ရေစိတ်ဆန္ဒ ...

~ လုရီက ပေါ့ပေါ့ပါးပါး ရယ်မောရင်း

"စီနီယာ အစ်မက အရမ်း အစွမ်းထက်တာပဲ ၊ ကျွန်တော် စီနီယာ အစ်မကို ဂုဏ်ပြုပါရစေ... "

သုန်းကုန်းမင်ယွဲ့ ဆေး၏ အာနိသင်များကို သန့်စင်ပြီးသည်အထိ လုရီနှင့် လျိုနင်ရွှမ်းနှစ်ယောက်သား စကားစမြည် ပြောကြကာ တွေ့ဆုံပွဲလေး အဆုံးသတ်သွားသည်။

ထို့နောက် သုံးယောက်သား လမ်းခွဲသွားကြပြီး လုရီသည် သူ၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

ထို့နောက်တွင်၊ လုရီသည် မှန်မှန် ကျင့်ကြံခဲ့သည်။သူ ပြသခဲ့သော ထူးကဲသည့် စွမ်းရည်များကြောင့် ဂိုဏ်းက ခြွင်းချက်တစ်ခု ပြုလုပ်ခဲ့ပြီး လုရီသည် ဂိုဏ်းတာဝန်များကို ထမ်းဆောင်ရန် မလိုအပ်ဘဲ ကျင့်ကြံခြင်းအပေါ် အာရုံ စူးစိုက်နိုင်စေခဲ့သည်ဟုမှတ်သားရပါမည်။

အမှန်မှာ၊ တိမ်ဖြူဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်တို့သည် လုရီကို အလွန်အကျွံ မစွန့်စားစေဖို့ပင် ဆန္ဒရှိခဲ့ကြသည်။

စင်စစ်တွင် သွေးဝိညာဉ်ဂိုဏ်းနှင့်

တိမ်ဖြူဂိုဏ်းတို့သည် သတ်ဖြတ်နေကြဆဲ ဖြစ်ပြီး နှစ်ဖက်စလုံးမှ တပည့်များသည် တိမ်ဖြူဂိုဏ်း၏ နယ်မြေအတွင်း နေ့စဉ် ဖရိုဖရဲ တိုက်ပွဲများတွင် ပါဝင်နေကြသည်။

လုရီ၏ ထူးခြားလှသော အရည်အချင်းကြောင့် သူ အပြင်ထွက်ရင်း အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက တိမ်ဖြူဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မည်။

၎င်းသည် ဂိုဏ်းတာဝန်များကို ထမ်းဆောင်ရသည့် ဒုက္ခကို ကင်းလွတ် စေသောကြောင့် လုရီ အတွက် သဘာဝအတိုင်း သတင်းကောင်း ဖြစ်သည်။

ချီသန့်စင် နယ်ပယ် ဆယ့်သုံးလွှာမှ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ကာ

တာအိုစွမ်းအားမျှင်ဖြင့် တည်ဆောက်ထားသော သူ၏ အခြေခံအုတ်မြစ်နှင့်အတူ လုရီ ၏ အခြေခံသည် ထူးထူးခြားခြားခိုင်မာလာပြီး အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်အတွင်း သူ၏ ကျင့်ကြံမှုအရှိန်ကို အလွန် မြန်ဆန်စေသည်။

ထို့အပြင်၊ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်များအား သုံးစွဲပြီး သူ၏ ကျင့်ကြံမှုနည်းစနစ်အဖြစ် မသေမျိုး ဓားကျမ်းကို အသုံးပြုခြင်းဖြင့် လုရီသည် တစ်လအတွင်း ဒုတိယအလွှာအခြေခံအုတ်မြစ် တည်ထောင်ခြင်းသို့ ရောက်ရှိခဲ့သည်။

နောက်ထပ် နှစ်လအကြာတွင် သူသည်

အခြေခံ အုတ်မြစ် တည်ထောင်ခြင်းတတိယ အလွှာသို့ ဝင်ရောက်ခဲ့သည်။

တစ်နှစ်အကြာတွင်လုရီ၏ ကျင့်ကြံမှုအခြေခံ အုတ်မြစ်သည် အခြားသော ကျင့်ကြံသူများ စိတ်ကူးမယဉ်နိုင်လောက်သည့် အခြေခံအုတ်မြစ် တည်ထောင်ခြင်း ပဉ္စမ အလွှာသို့ ရောက်ရှိခဲ့သည်။

အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ဟူသည် ဒီလို ဉာဏ်ကြီးရှင် ကျင့်ကြံသူ တစ်ယောက်၏ အကြီးအကျယ် အံ့အားသင့်စရာ ကျင့်ကြံမှု အမြန်နှုန်းအား မဆိုထားပါနှင့်။

သာမန် ကျင့်ကြံသူအတွက်ပင်၊ ဆယ်နှစ်တာ ကာလအတွင်း အသေးစားနယ်ပယ် တစ်ခုကို ဖြတ်ကျော် ဝင်ရောက်ခြင်းသည် ဂုဏ်ပြုရမည့် ကိစ္စ တစ်ခု ဖြစ်နေသည်။

ဤနေ့ထူးနေ့မြတ်တွင်၊ လုရီ၏ ဂူအိမ်ကြီးအတွင်း...

လုရီသည် တင်ပျဉ်ခွေထိုင်ကာ သူ၏ ကိုယ်တွင် အလွန်ထူထပ်သော ဝိညာဉ်စွမ်းအားများ ဝန်းရံထားလျက် ဖောက်ထွင်းမြင်ရသော ဓားချီများလည်း သူ့ကိုယ်တဝိုက်တွင် လှည့်ပတ်နေသည်။

ခဏအကြာတွင် ဓားချီ ပျောက်ကွယ်သွားပြီး ဝိညာဉ်စွမ်းအားများလည်း တဖြည်းဖြည်း လျော့ပါးလာသည်။

လုရီ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

သူသည် လေပူများမှုတ်ထုတ်ရင်း မတ်တပ်ထရပ်ကာ ပျင်းရိစွာ အညောင်းဆန့်ရင်း ပြုံးလိုက်သည်။

"ဟီးဟီး၊နောက်ဆုံးတော့ အချိန် ရောက်ပြီ။"

ယနေ့သည် အရှေ့သစ်တောအပျက်အစီးသို့ ဝင်ရောက်မည့်သူများကို ရွေးချယ်ရန်အတွက် အခြေခံအုတ်မြစ် တည်ထောင်ခြင်းကျင့်စဉ်ရှိ တပည့်တို့အကြား ပြိုင်ပွဲနေ့ဖြစ်သည်။

လုရီကတော့ စိတ်မဖိစီးပါ။ ပြီးခဲ့သောနှစ်အတွင်း သူ၏ အမြတ်အစွန်းသည် ကြီးမားလှသည် မဟုတ်ပါလော။

ကျင့်ကြံမှုအခြေခံတွင် အခြေခံအုတ်မြစ် တည်ထောင်ခြင်း ပဉ္စမအလွှာသို့ ရောက်ရှိခြင်းအပြင် အခြားသော ကဏ္ဍများတွင် သိသာထင်ရှားသော တိုးတက်မှုများကိုလည်း ရရှိခဲ့ပါသည်။

သူသည် မသေမျိုး ဓားကျမ်း၏ ချီကျင့်ကြံခြင်း အပိုင်းအား လေ့ကျင့်သင်ကြားခဲ့ပြီး၊ သူ၏ တိမ်ဖြူ ချီသန့်စင်ပညာ၏ အခြေခံအုတ်မြစ်ကို ပြန်လည်ပြုပြင်ကာ အခြေခံအုတ်မြစ် တည်ထောင်ခြင်း အပိုင်းကိုလည်း လေ့လာခဲ့သည်။

လစဉ်လတိုင်း သူ့ဆရာထံမှ ရခဲ့သော ရုတ်ချည်း ဉာဏ်အလင်း ရရှိသည့် အခွင့်အရေး အားလုံးကိုလည်း အသုံးပြုကာ ၎င်းကို စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်သို့ အဆင့် မြှင့်တင်ခဲ့သည်။

မသေမျိုး ဓားကျမ်းသည် မသေမျိုး သိုင်းတစ်ခုဖြစ်ပြီး ၎င်း၏ အခြေခံအုတ်မြစ် တည်ထောင်ခြင်း အပိုင်းကို တစ်နှစ်အတွင်း စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်သို့ ပြန်လည်ရောက်ရှိအောင် လေ့ကျင့်နိုင်သည့် သူက ရှာမှရှားပင်။

မသေမျိုး ဓားကျမ်း၏ အခြေခံအုတ်မြစ် တည်ထောင်ခြင်းအပိုင်းရှိ စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်၏ ကျင့်ကြံမှု ထိရောက်မှုသည် အလွန်မြင့်မားသည်။

၎င်းက လုရီအား နယ်ပယ်လေးများကို ဆက်တိုက် ဖြတ်ကျော်ကာ တစ်နှစ်အတွင်း အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ပဉ္စမအလွှာသို့ ရောက်ရှိနိုင်သည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခု ဖြစ်ပါသည်။

ကျင့်ကြံမှု အမြန်နှုန်းဖြင့်သာမက၊ စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်မှ

မသေမျိုး ဓားကျမ်းမှတဆင့် ပေါင်းစပ်ထားသော မသေမျိုး ဓားကျမ်းသည် အလွန် ကြောက်စရာကောင်းပြီး မူလကန့်သတ်နယ်မြေရှိ တိမ်ဖြူ ချီသန့်စင် ပညာထက် ကျော်လွန်သွားပါသည်။

လုရီသည် ရွှေအူတိုင် နယ်ပယ် စွမ်းရည် ဖြစ်သည့် ဆန်းကြယ် ဓားခုနစ်လက်ကို အဆင့် ရှစ်အထိ လေ့ကျင့်ခဲ့လေသည်။

ဆန်းကြယ် ဓားခုနစ်လက်၏ အစွမ်းမှာ ကြီးမားသော်လည်း ၎င်းကို မစမ်းကြည့်ရသေးပေ။

သို့သော် အားနည်းတာတော့ မဖြစ်နိုင်ပေ။

ရွှေအူတိုင်နယ်ပယ် လျှို့ဝှက်စွမ်းရည်ဖြစ်သော အသွင်ပြောင်းပညာကမူ လုရီ၏ အာရုံစိုက် လေ့ကျင့်မှုထဲ ပါဝင်ခဲ့သော်လည်း ၎င်း၏ ခက်ခဲမှုနှင့် ရုတ်ချည်း ဉာဏ်အလင်း ရရှိခြင်းအတွက် အခွင့်အလမ်းများကို အသုံးမပြုခြင်းကြောင့် အဆင့်ခြောက်သို့သာ ရောက်ရှိသေးသည်။

လုရီသည်လည်း ကောင်းကင်မိုးကြိုး ကျောက်စိမ်းခန္ဓာ နည်းစနစ်ကိုလည်း နေ့တိုင်း လေ့ကျင့်ခဲ့ပါသည်။ သူ၏ ခန္ဓာ သန့်စင် အရင်းအမြစ်များသည် ချီ ကျင့်ကြံ အရင်းအမြစ်များထက် အနည်းငယ် နိမ့်ကျနေသော်လည်း၊ ကံကောင်းထောက်မစွာဖြင့်၊ ကောင်းကင်မိုးကြိုး ကျောက်စိမ်းခန္ဓာ နည်းစနစ်ကို သွေးအနှစ်သာရ ဆေးလုံး များဖြင့် အားဖြည့်ထားသော မိုးကြိုးစိတ်ဆန္ဒမှ

တဆင့် မြှင့်တင်နိုင်ပါသည်။

အမြန်နှုန်းက အရမ်းမမြန်ပေမယ့် လက်ခံနိုင်လောက်သည့် အဆင့်ကို ရောက်နေပါပြီ။ သူသည် ကောင်းကင်မိုးကြိုး ကျောက်စိမ်းခန္ဓာ နည်းစနစ်၏ အဆင့် ငါးကို တက်ရောက်ခဲ့လေသည်။

ထို့အပြင် လုရီက အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံခြင်းစွမ်းရည် အများအပြားကို လေ့ကျင့်ခဲ့သေးသည်။

လုရီ၏ထူးခြားသောစွမ်းရည်ကြောင့် နိမ်ဖြူဂိုဏ်းသည် သူ့အတွက် သိုင်းကျမ်းဆောင်ကို ခြွင်းချက်မရှိ ဖွင့်လှစ်ခဲ့ပြီး ကျင့်ကြံရန်အတွက် လုရီအတွက် လိုအပ်သည့် ကျင့်ကြံမှုစွမ်းရည်ကို အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်စေခဲ့သည်။

ယခုအချိန်တွင် လုရီ၏ အင်အားသည် အတော်အတန် အားကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ စွမ်းအားအား ထုတ်ဖော်လိုက်လျှင် မည်မျှ သန်မာမည်ကို သူ မသိပါ။

လုရီသည် သူ၏ ဂူအိမ်ကြီးမှ လှမ်းကြည့်လိုက်ရာ ဂူအိမ်အပြင်ဘက်သို့ ကောင်းကင်မှ ဆင်းသက်လာသော ဓားအလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ ဒါကတော့ လျိုနင်ရွှမ်းပါ။

အေးစက်သော အလှတရားကို ပိုင်ဆိုင်သော အဖြူရောင် ဂါဝန်ဝတ် မိန်းကလေးလျိုနင်ရွှမ်းသည် လုရီကိုတွေ့သောအခါ နူးညံ့စွာ ပြုံးပြကာ

"ဂျူနီယာ မောင်လေး၊ နင် အဆင်သင့်

ဖြစ်ပြီလား"

လုရိီက အနည်းငယ် ခေါင်းညိတ်ကာ

"ဟုတ်ကဲ့"

တစ်နှစ်တာအတွင်း လျိုနင်ရွှမ်းသည်

များများစားစား မစွန့်စားခဲ့ဘဲ သူမ၏ တံခါးပိတ်ကျင့်ကြံမှု ကာလသည်လည်း ကြာရှည်မဟုတ်ခဲ့ပေ။ သို့ဖြစ်ရာ

နှစ်ယောက်သား အပြန်အလှန်ဆက်ဆံဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပါသည်။

ထို့အပြင် အခြားသူအား ပျော်မြူးစေတတ်သော သုန်းကုန်းမင်ယွဲ့နှင့်အတူ သူတို့က ထမင်းစားရန် ရံဖန်ရံခါ ဆုံစည်းတတ်ကြပြီး သူတို့၏ ဆက်ဆံရေးသည် ယခင်ကထက် ပိုမို ရင်းနှီးလာခဲ့သည်။

"နင့်ရဲ့ခွန်အားနဲ့ဆို ပူစရာ မလိုပါဘူး"

လျိုနင်ရွှမ်းက ကောက်ချက်ချရင်း အသာအယာ ခေါင်းညိတ်သည်။

သူတို့ပြောနေကြစဉ် သုန်းကုန်းမင်ယွဲ့ လည်း အော်ဟစ်ကာ ပြေးလာသည်။

"စီနီယာ ‌အစ်ကို၊ နင် ဒီနေ့ အကောင်းဆုံးလုပ်ရမယ် နော်!"

အဆုံးတွင် သုန်းကုန်းမင်ယွဲ့သည်

အခြေခံ အုတ်မြစ်တည်ထောင်ခြင်းသို့ အဆင့်မတက်သေးရန် ဆုံးဖြတ်ခဲ့ပြီး သူမ၏အခြေခံအုတ်မြစ်ကို ဆက်လက်ထိန်းသိမ်းကာ ချီသန့်စင်ခြင်း ဆယ့်သုံးလွှာသို့ ဖြတ်ကျော်သွားရန် စီစဉ်ခဲ့သည်။

ဒါဟာ သူမ၏ အနာဂတ်အောင်မြင်မှုတွေအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သည့်အတွက် ပေါ့ပေါ့တန်တန် မဆုံးဖြတ်သင့်ပါ။

အကယ်၍ ယခင်ကလိုသာ ဖြစ်ခဲ့ပါက ချီသန့်စင်ခြင်း ဆယ့်နှစ်လွှာသို့ရောက်ရှိသွားသည်က သုန်းကုန်းမင်ယွဲ့အား ကျေနပ်စေလိမ့်မည်။ သို့သော် ယခု လုရီထံမှ သူမရရှိသော နှစ်တစ်ရာ ဝိညာဉ် နှင်းစက်များစွာ အပြင် သူမ ပုံမှန်စားသုံးသော ဝိညာဉ်အစာအရင်းအမြစ် မျိုးစုံကြောင့် သူမ၏ အခြေအနေများသည် ယခင်ကထက် များစွာ ပိုမိုကောင်းမွန်လာပါသည်။ ထိုကဲ့သို့သော အရင်းအမြစ်များနှင့် သူမ၏ အံ့အားသင့်ဖွယ် ပါရမီ ထပ်ပေါင်းသော်

သူမသည် ချီသန့်စင်ခြင်း ဆယ့်သုံးလွှာအတွက် မရည်ရွယ်လျှင် ဖြုန်းတီးရာ ကျပေလိမ့်မည်။

သူမသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ အဆင့်မချိုးဖျက် သေးသောကြောင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် ကျင့်စဉ်ရှိ တပည့်တို့၏ ပြိုင်ပွဲတွင် ပါဝင်မည် မဟုတ်ပေ။ သူမသည် လျိုနင်ရွှမ်းနှင့်အတူ လုရီနှင့်အတူ ပြိုင်ပွဲအား ပွဲကြည့် ပရိသတ်လုပ်ရန် လိုက်ပါသွားခဲ့သည်။

----------------

အခန်း၁၁၃-ရေစိတ်ဆန္ဒ ...

~ "မင်ယွဲ့လေးလည်း လာပြီဆိုတော့ ထွက်သွားကြရအောင်။"

လျိုနင်ရွှမ်းသည် သူမ၏ ပျံသန်းရေး ရတနာဖြစ်သော ကျောက်စိမ်းလှေဖြူကို ထုတ်ယူလိုက်ပြီး သူတို့ သုံးဦးသည် အလင်းတန်းများအသွင် ပြောင်းလဲကာ မြို့အလယ်သို့ ပျံသန်းသွားကြသည်။

အခြေခံအုတ်မြစ်တည်ထောင်ခြင်းနယ်ပယ် ဂျူနီယာလေးများ၏ ယှဉ်ပြိုင်ပွဲကျင်းပမည့် နေရာသည် စစ်ဆေးရေးမျှော်စင် ဧရိယာရှိ ရင်ပြင်တွင် ဖြစ်သည်။

လုရီနှင့် သူ့အဖော်တွေ ရောက်လာကြသောအခါ များစွာသော တိမ်ဖြူဂိုဏ်းတပည့်များ ရင်ပြင်ပေါ်မှာ ရပ်နေကြသူက ရပ်နေသည်။.. လေထဲမှာ ပျံဝဲနေသူများလည်း ရှိနေကြသည်အား တွေ့လိုက်ရသည်။

ဤတပည့်များသည် နယ်ပယ်အသီးသီးမှဖြစ်ပြီး အချို့မှာ အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်မှ ဖြစ်ပြီး အချို့မှာ ရွှေအူတိုင်နှင့် အခြေတည် ဝိဉာဉ်နယ်ပယ်တွင် ရှိကြသည်။

အမှန်တော့ အရှေ့တောအုပ် အပျက်အစီး နယ်မြေသည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ဖွင့်လှစ်သောကြောင့် အခြေခံအုတ်မြစ်တည်ထောင်ခြင်းနယ်ပယ် ရှိသူများအတွက် ဤဂျူနီယာတို့၏ ပြိုင်ဆိုင်မှုသည် စိတ်လှုပ်ရှားစွာ ပါဝင်လိုသော ကျင့်ကြံသူအများအပြားကို ဆွဲဆောင်နေဆဲ ဖြစ်သည်။

ကောင်းကင်ယံတွင် ပျံဝဲနေသော အကြီးအကဲများစွာပင် ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲကြပုံ ပေါ်သည်။

ယခုအချိန်တွင် စစ်ဆေးရေးမျှော်စင် အနီးတစ်ဝိုက်ရှိ ရင်ပြင်သည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းနယ်ပယ် ဂျူနီယာတို့၏ ပြိုင်ပွဲအတွက် ပြင်ဆင်ထားသည့် စင်မြင့်များဖြင့် ပြည့်ကျပ်နေပါသည်။

လုရီ နှင့် သူ့အဖော်နှစ်ယောက် ရောက်လာသောအခါတွင် အတွင်းစည်းတပည့်များ နှင့် အကြီးအကဲများအပါအဝင် ကျင့်ကြံသူ လူအုပ်ကြီးသည် သူတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

ချီသန့်စင် နယ်ပယ်တွင် ကောင်းကင်ဘုံဒုက္ခကို ဖြစ်ပေါ်စေပြီးနောက် လုရီ ၏ကျော်ကြားမှုသည် စီနီယာ အစ်မ

လျိုနင်ရွှမ်းကိုပင် ကျော်လွန်သွားခဲ့သည်။ အတွင်းဂိုဏ်းတွင် မည်သူမျှ သူ့အကြောင်းကို မသိကြပေ။

ကျင့်ကြံသူအများအပြားသည်

အချင်းချင်း တွတ်ထိုးလာကြသည်။

"ဒါ ညီလေးလုပဲ ၊ သူရောက်လာပြီ။"

"သေချာပေါက် သူ လာရမှာပေါ့ ၊ အရှေ့

တောအုပ် အပျက်အစီး နယ်မြေဟာ နှစ်တစ်ရာမှာ တစ်ကြိမ်သာ ဖွင့်ပြီး အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေတာပဲဟာ။ဂျူနီယာမောင်လေး လုရဲ့ ပင်ကိုယ် စွမ်းရည်ကြောင့် သူ အဲ့ကို ဝင်မယ်ဆိုရင် အနာဂတ်မှာ ပိုလို့တောင် အားကောင်းလာမှာ သေချာတယ်။"

"အနှစ်တစ်ရာတိုင်းမှာ တစ်ကြိမ် ဖွင့်လှစ်တဲ့အရှေ့

တောအုပ် အပျက်အစီး နယ်မြေကို

၊ ဂျူနီယာညီလေးလု တိုက်တိုက်ဆိုင်ဆိုင် ကြုံရတာပဲ ၊ဒီကောင်လေးက တကယ့်ကို သောက်ရမ်း ကံကောင်းတယ်”

"အို..ချီသန့်စင် နယ်ပယ်မှာ ကောင်းကင်ဘုံဒုက္ခကို ဖြစ်ပေါ်စေနိုင်တဲ့ ပါရမီရှင်တစ်ယောက်ပဲဟာ၊ သူ့ရဲ့ ကံကြမ္မာက ဘယ်လိုလုပ် မထူးခြားဘဲ နေမလဲကွ"

လုရီသည် အရှေ့တောအုပ်အပျက်အစီး နယ်မြေသို့ ဝင်ရောက်ရန် ရွေးချယ်မှုကို ပါဝင်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။

၎င်းကို အဖြေသိနေပြီးသား ပုစ္ဆာ တစ်ခု

ဖြစ်သည်။

လုရီသည် ယခုအခါ စစ်ဆေးရေး မျှော်စင်ရှိ ၂၃ ထပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအချက်က သူသည် ရွှေအူတိုင် တတိယအလွှာရှိ ကျင့်ကြံသူများကို အလွယ်တကူ သတ်နိုင်ကြောင်း ညွှန်ပြနေသည်။

သူသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်၏ အစမ်းစာရင်းမှာ အမြဲတမ်း ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့ပြီး သူ့နေရာအား ဘယ်သူမှ မလုနိုင်ပေ။

ထိုသို့သော ခွန်အားဖြင့် မည်သူက သူ့ကို ကျရှုံးမည်ဟု သံသယ ရှိနိုင်မည်နည်း။

လျိုနင်ရွှမ်းက လုရီကို ကြည့်လိုက်ပြီး

"မောင်လေး၊ ဆင်းသွားတော့၊ငါတို့ ဒီကနေ အားပေးနေမယ်" ဟု အပြုံးလေးနှင့် ပြောလိုက်သည်။

လုရီက ခေါင်းညိတ်ပြပြီး သူ့ဓားဖြင့် ဆင်းသက်လိုက်ပြီး ရင်ပြင်ကို ရောက်လာသည်။

အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ခွန်အားရှိ တပည့် အများအပြားသည် ဤနေရာတွင် ရှိနေကြပြီး အားလုံးသည် ဤပြိုင်ပွဲတွင် ပါဝင်ကြမည် ဖြစ်မည်။

အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်တွင် အတွင်းဂိုဏ်း တပည့်များစွာရှိသောကြောင့် ဂိုဏ်းသည် အချိန်ကုန်သက်သာစေရန် ဆုံးဖြတ်ခဲ့သည်။ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူများအတွက် စမ်းသပ် စာရင်းတွင် ထိပ်ဆုံးတစ်ထောင် အဆင့် သတ်မှတ်ခံရသူများသာ ပြိုင်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်သည်။

ဤသည်မှာ အဟန့်အတားတစ်ခု ဖြစ်သည်။

လုရီ ရောက်လျှင်ရောက်ချင်း သူ့အား အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူ အများအပြားက လုရီကို အပြုံးများဖြင့် နှုတ်ဆက်လာကြသည်။

"ညီလေးလု လာပြီ"

"ဂျူနီယာ ညီလေးလုရေ.. မင်းနဲ့ ထိပ်တိုက် မတွေ့ရပါစေနဲ့ လို့ ဆုတောင်းတယ်ကွာ၊မဟုတ်ရင် ငါ ဒုက္ခရောက်ပြီပဲ"

"..."

လုရီ က တစ်ယောက်ချင်းစီကို အပြုံးနှင့် တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ညီလေးလု!"

လုရီ တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကျင့်ကြံသူ အများအပြားကြားတွင် ကျန့်ဖန်လည်း ပါဝင်လာသည်ကို တွေ့လိုက်ရသည်။

လုရီက ပြုံးပြီး နှုတ်ဆက်သည်။

"အစ်ကိုကျန့်ဖန်ပါလား၊ ကျွန်တော်တို့

မတွေ့တာ ကြာပြီ"

ကျန့်ဖန်က သူ့အား စေ့စေ့စပ်စပ် စစ်ဆေးရင်း

"ဟုတာ်ကွာ၊ တကယ်တော့ ငါတို့ နောက်ဆုံး တွေ့ခဲ့တာ အချိန် အတော်ကြာခဲ့ပြီ။ ကျင့်ကြံမှု အရင်းအမြစ်တွေ စုဆောင်းဖို့ အပြင်မှာ ငါ အလုပ်များနေခဲ့တာ"

လုရီ ရယ်မောလိုက်ပြီး

"အစ်ကို ကျန့်ဖန် ရဲ့အင်အားစိုက်ထုတ်မှုက မိုက်ပါတယ်၊ ခင်ဗျားက တတိယအလွှာ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို ရောက်နေပြီပဲ"

လုရီသည် လွန်ခဲ့သော တစ်နှစ်ခွဲကျော်ခန့်က ကျန့်ဖန် နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်၏။ သူသည် အဆင့်ချိုးဖျက်ခဲ့စဉ် ကျန့်ဖန်၊ပိုင်ယွီလုံနှင့် ထျဲ့မန်တို့သည် ပြန်လည်အားဖြည့်ရန် ဂိုဏ်းသို့ ပြန်လာပြီး လုရီနှင့် တွေ့ခဲ့ကြသေးသည်။

ထိုအချိန်တွင် ကျန့်ဖန်သည် ဒုတိယအဆင့် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်တွင်သာ ရှိသေးသည်။ တစ်နှစ်ခွဲအတွင်း သူသည် အခြား အဆင့်တစ်ခုကို မြှင့်တင်နိုင်ခဲ့ရာ အလွန် အထင်ကြီးစရာကောင်းသော ကျင့်ကြံမှုနှုန်းတစ်ခုဖြစ်သည်။

လုရီသည် ကျန့်ဖန်အား အထင်ကြီးမိသည်။

ကျန့်ဖန်သည် စစ်ဆေးမှုရေဝိညာဉ် ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် ဒါက အံ့သြစရာ မဟုတ်ပါ‌ပေ။မွေးရာပါ ဝိဉာဉ်ခန္ဓာလောက် မကောင်းပေမယ့် ပျမ်းမျှ ကျင့်ကြံသူထက် အများကြီး ပိုမြန်နေပါသေးသည်။

ကျန့်ဖန်သည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ရန် နှစ်နှစ်ကျော် အချိန်ယူခဲ့ရကြောင်း လုရီ သတိရမိသည်။ ထိုနှစ်နှစ် ကျော်အတွင်း အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် တတိယအလွှာသို့ ရောက်ရှိခြင်းသည် ပျမ်းမျှအားဖြင့် သတ်မှတ်လျှင် တစ်နှစ်လျှင် အသေးစား နယ်ပယ် တစ်ခုဟု ဆိုရပါမည်။

လုရီ အံ့အားသင့်ရဆုံးအရာမှာ ကျန့်ဖန်သည် သူ၏အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ဒုတိယ အလွှာ ကျင့်ကြံခြင်းအခြေခံဖြင့် စမ်းသပ် စာရင်း.. ထိပ်ဆုံးတစ်ထောင်သို့ အမှန်တကယ် ရောက်ရှိသွားနိုင်ခြင်းပင် ဖြစ်သည်။

ယင်းက ကျန့်ဖန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်အားကောင်းပြီး သူ့ကိုယ်ပိုင်ကျင့်စဉ်ထက် အဆပေါင်းများစွာ သာလွန်ကြောင်း ပြသခဲ့သည်။

ကျန့်ဖန်သည် သူ့လက်ကြားတွင် ပါရမီ တချို့ ရှိနေရမည်မှာ ရှင်းလင်းနေပါသည်။

ရေတံခွန်တောင်ထိပ်က တပည့်တွေက ကျန့်ဖန်၏ စီနီယာအစ်ကိုနှင့် ဂျူနီယာတွေ ဖြစ်ကြသည်။

ယခုအခါ ကျန့်ဖန်သည် မသေမျိုး အရှိန်အဝါ ပိုင်ဆိုင်သည်ဟု ကောလာဟလသတင်းထွက်နေသော လုရီနှင့် အလွန်ရင်းနှီးသည်ကို တွေ့လိုက်ရသည်။ ကျန့်ဖန်ကို နာမည်ကြီး လုရီနှင့် ဤမျှကောင်းမွန်သော ဆက်ဆံရေး ရှိလိမ့်မည်ဟု မမျှော်လင့်ထားကြ၍ သူတို့အားလုံး

အံ့သြ တုန်လှုပ်သွားကြသည်။

ခဏလောက် ကြာတော့ လုရီအား စိုက်ကြည့်နေသည့် ကျင့်ကြံသူ အုပ်စုကြီး၏ ရွှန်းလဲ့နေသည့် မျက်လုံးတွေက ကျန့်ဖန်အပေါ် အကြည့်များ စုပြုံသွားသည်။

လုရိီနှင့် ဆက်ဆံရေးကောင်းဖို့

ကျန့်ဖန်မှာ ​​ထူးခြားသည့် အရည်အချင်းတွေ ရှိရမည်။

သူတို့သည် အနာဂတ်တွင် ကျန့်ဖန်နှင့် ပိုမိုရင်းနှီးအောင် နေရမည်ဟု တေးမှတ်လိုက်ကြသည်။

လုရီနှင့် ကျန့်ဖန်တို့သည် ဂိုဏ်းပြင်ပကိစ္စများအကြောင်း ထွေရာ လေးပါး ပြောကြပြီးနောက် ပိုင်ယွီလုံ နှင့် ထျဲ့မန် အကြောင်း စကားစပ်မိကြသည်။

ပိုင်ယွီလုံ နှင့် ထျဲ့မန်သည် အရည်အချင်းရှိသော်လည်း ကျန့်ဖန် နှင့် မနှိုင်းယှဉ်နိုင်ပေ။

သူတို့သည် နှစ်နှစ်အတွင်း အရင်းအမြစ်များရရှိရန် ကြိုးစား အားထုတ်ကာ စွန့်စားခဲ့သည်။

သို့သော်ငြားလည်း ၎င်းတို့သည် ဒုတိယအလွှာ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့သာ ဖြတ်ကျော်သွားခဲ့သည်။

အတွင်းစည်း တပည့်အသစ်များကြားတွင် သူတို့ အနေအထားက ကောင်းမွန်သော်လည်း အဆင့်ကောင်းများနှင့် ဝေးနေသေးသည်။

တိုက်ခိုက်ရေးစွမ်းရည်အရ နှစ်ယောက်စလုံးသည် ကျန့်ဖန်နှင့် မယှဉ်နိုင်ဘဲ အစမ်းစာရင်းတွင် ထိပ်တန်းတစ်ထောင်စာရင်းဝင်ရန် ပျက်ကွက်သဖြင့် အပျက်အစီးနယ်မြေ သို့ ဝင်ရောက်ရန် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။

လုရီ စဉ်းစားခန်းဝင်နေသည့် အခိုက်အတန့်၌ ကျန့်ဖန်က ဆိုလာသည်။

"ဒီတစ်ခါ ငါ အရှေ့သစ်တော အပျက်စီးထဲ ဝင်တော့မယ်။ ပိုင်ယွီလုံနဲ့ ထျဲ့မန်အတွက် သင့်တော်တဲ့ ရတနာတွေ တွေ့ခဲ့ရင် သူတို့ရဲ့ ခွန်အားကို မြှင့်တင်ပေးရမယ်.."

လုရီ ပြုံးလိုက်ပြီး

"အစ်ကို ကျန့်ဖန်ရဲ့ ရည်ရွယ်ချက်ကို သိရင် အစ်ကို ပိုင်ယွီလုံနဲ့ ထျဲ့မန်တော့အရမ်း သဘောကျနေတော့မှာပဲ"

နှစ်ယောက်သား စကားပြောရင်း ရယ်မောနေကြစဉ် ကောင်းကင်မှာ ရုတ်တရက် ပျံဝဲ ထွက်ပေါ်လာသည့် ပုဂ္ဂိုလ်ကတော့ ဂိုဏ်းခေါင်းဆောင် ဝူချင်းဖုန်းပဲ ဖြစ်သည်။

ဝူချင်းဖုန်းသည် လုရီကို ပထမဆုံးစတွေ့စဉ်က သူ ပြသခဲ့သော နူးညံ့သိမ်မွေ့မှုနှင့် လုံးဝ ခြားနားစွာ တင်းမာပြီး ကြီးကျယ်လေးနက်သော အမူအရာ ရှိသည်။

သူသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူသူများကို

တည်တင်းစွာ အကဲခတ်ရင်း

"ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က အားလုံး သိထားကြသလို အရှေ့တောအုပ် အပျက်အစီးနယ်မြေအတွကခပဲ၊ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူတွေ အတွက် ဒါဟာ အခွင့်အလမ်းကောင်း တစ်ခု ဖြစ်ပေမယ့် အခွင့်အလမ်းအတွက် မိမိတို့ ခွန်အားနဲ့ တိုက်ပွဲ ဝင်ရမှာ ဖြစ်တယ်၊ အပျက်အစီးနယ်မြေထဲ ရောက်သွားရင်တောင် ခွန်အားမရှိရင် သေလမ်းသွားနေတာနဲ့ ဘာမှ မထူးဘူး။ အပျက်အစီးနယ်မြေကို ဝင်ခွင့်

ရချင်ရင် မင်းတို့ရဲ့ ခွန်အားကို ပြသပါ!"

------------------

အခန်း၁၁၄-ရေစိတ်ဆန္ဒ ...

~ဝူချင်းဖုန်းက အားတက်စရာ စကားတချို့ပြောခဲ့ပြီး ပြိုင်ပွဲ စတင်တော့မည်ဟု ကြေညာခဲ့သည်။

အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အဆင့် အသေးစားပြိုင်ပွဲသည် ပြင်ပဂိုဏ်းတွင် လုရီ ပါဝင်ခဲ့သည့် အဓိကပြိုင်ပွဲနှင့် အတော်လေးဆင်တူပြီး ထိပ်တန်းတပည့်တစ်ထောင်သည် ကံကိုအခြေခံ၍ မဲနှိုက်မှုသက်သက်ဖြင့် အတွဲလိုက်ယှဉ်ပြိုင်ကြသည်။

လုရီ၏ပထမဆုံးပြိုင်ဘက်မှာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် စီနီယာအစ်ကို လီဖုန်း ဖြစ်သောကြောင့် သူသည် အထူးကံကောင်းခြင်း မရှိပေ။

လီဖုန်းသည် ရုပ်ရည် ချောမောသော လူငယ်ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် နူးညံ့သောအပြုံးဖြင့် စင်မြင့်ထက်သို့ တက်လာသော်လည်း လုရီ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါတွင် သူ့မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း မှိန်သွားခဲ့သည်။

မှိုင်ကျသွားသော လီဖုန်းအား ကြည့်ရင်း လုရီ က ခပ်ဟဟ ရယ်ကာ ဆိုသည်။

"စီနီယာအစ်ကိုလီဖုန်း၊ ကျွန်တော့်ကို သင်ပြပေးပါဦးဗျာ"

ထိုအခါ လီဖုန်းမျက်နှာမှာ ငိုတာထက် ပိုရုပ်ဆိုးနေတော့သည်။

"... ညီလေး၊ မင်းက ယဉ်ကျေးလွန်းနေပြီ။ ငါ မင်းထက် ကျွမ်းကျင်မှု အားနည်းတယ်၊ငါ အရှုံးပေးပြီ"

စင်မြင့် အောက်ခြေက တပည့်တွေရော ကောင်းကင်ကနေ စောင့်ကြည့်နေသည့် ကျင့်ကြံသူတွေရော ဒီအဖြစ်အပျက်ကို မအံ့သြကြပါပေ။

လီဖုန်း စင်မြင့်မှထွက်သွားသည်ကိုကြည့်နေသော ဝူချင်းဖုန်းနှင့် အကြီးအကဲများစွာတို့သည် အချင်းချင်း ဆွေးနွေးကြ တော့သည်။

"လီဖုန်းက တကယ် ကံမကောင်းရှာဘူး"

"တကယ့်ကို နှမြောစရာပါပဲ၊ သူက ငါတို့ရဲ့ ကြက်သွေးနီ တောင်ထ်ိပ်က အခြေခံအုတ်မြစ်တည်ထောင်ခြင်း ခွန်အားရှိတဲ့ တပည့်တွေထဲက ထိပ်တန်းဆယ်ယောက်ထဲမှာ ပါနေပေမယ့် သူ ပထမအချီမှာ လုရီ နဲ့ သွားတိုးတာကိုး"

ထိုအခါ

"ကံတရားဟာ ခွန်အားရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်တယ်..အရှေ့တောအုပ် အပျက်အစီး နယ်မြေက အခွင့်အလမ်းတွေသာ မကဘူး၊ ကံဆိုးစွာနဲ့၊ လူတစ်ယောက် အသက် ဆုံးရှုံးဖို့လည်း သိပ်လွယ်တယ်..." ဟု ဝူချင်းဖုန်းက အမူအရာကင်းမဲ့စွာ ပြောကြားခဲ့သည်။

"ဂိုဏ်းခေါင်းဆောင် ပြောတာ မှန်ပါတယ်" ဟု တစ်စုံတစ်ယောက်က သဘောတူသည်။

“တကယ်တော့ ကံကြမ္မာဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်တာပေါ့ဗျာ"

"..."

ဤပြိုင်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး တိုက်ခိုက်ပွဲ အကြိမ်ရေ အနည်းငယ် ကြာပြီးနောက် ထိပ်တန်း အဆင့် တစ်ရာကို ရွေးချယ်ခဲ့သည်။

လုရိီအား မှတ်မိသည့် ပြိုင်ဘက်များသည် သူ့အား တွေ့တိုင်း မျက်နှာတွေ ပျက်သွားကြသည်။

၎င်းတို့အမြင်၌ စစ်ဆေးရေး မျှော်စင်တွင်ပြသခဲ့သော လုရီ၏ခွန်အားအား သူတို့သည် ရိုးရှင်းစွာပင် တွန်းလှန်နိုင်စွမ်း ရှိမည် မဟုတ်ဟူ၍ပင်။

တစ်ယောက်ပြီး တစ်ယောက် အရှုံးကို တိုက်ရိုက် ဝန်ခံကြသည်။

လုရီ အတွက်၊ ဒါက အံ့သြစရာ မဟုတ်ပါ၊ သူ့အတွက်၊ အသေးစား ပြိုင်ပွဲများတွင် ပါဝင်ခြင်းသည် တရားဝင်မှု တစ်ခုမျှသာဖြစ်သည်။

သူ့အနေနှင့် အံ့အားသင့်ရသည်မှာ ကျန့်ဖန်သည် ထိပ်တန်းတစ်ရာသို့ ဝင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ထိပ်တန်းတစ်ရာရှိ တပည့်များသည် ယေဘူယျအားဖြင့် အခြေခံအုတ်မြစ်တည်ထောင်ခြင်း အဋ္ဌမအလွှာထက် သာလွန်သောကြောင့် တတိယအလွှာရှိ

ကျန့်ဖန်အား အတော်လေး သိသာထင်ရှားစေသည်။

သူ လုရီကတော့ ခြွင်းချက် ဖြစ်သည်။

သူသည် ကျန့်ဖန်၏ ပွဲစဉ်များကို ကြည့်ရှုခဲ့သည်။ကျန့်ဖန်သည် ပြင်းထန်သော လှိုင်းလုံးလိုပဲ ပြိုင်ဘက်များကို တွန်းလှန်ကာ အစွမ်းထက်သော ရွှေအူတိုင် စွမ်းရည်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားကြောင်း တွေ့ရှိခဲ့ရသည်ပင်။

လုရီသည် ကြိတ်၍ သဘောကျသွားသည်။

"စစ်ဆေးမှု ရေဝိညာဉ် ခန္ဓာပိုင်ရှင်ဟာ မျှော်မှန်းထားတဲ့ အတိုင်း၊ သူ့ရဲ့အစွမ်းသတ္တိကတော့ ချီးကျူးစရာပါပဲ"

ထိုအချိန်တွင် လုရီ ဖျတ်ခနဲ အတွေးပေါက်သွားပြီး

"ငါ စီနီယာအစ်ကို ကျန့်ဖန်ကို အနိုင်ယူရမှာပေါ့" ဟု သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

တပြိုင်နက်တည်းမှာ သူ့အသိစိတ်ပင်လယ်မှ အလုပ် ပေါ်လာတော့သည်။

[အလုပ်]

ကျန့်ဖန်ကို အနိုင်ယူပါ။

ဆုကြေး- ရေ စိတ်ဆန္ဒ တစ်ခု၊ အသခ်ျေ ဝိညာဉ်နှင်းစက် တစ်စက်။

အလုပ်အား လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီ၏ မျက်လုံးများ တောက်ပလာပြီး ကြည်နူးသွားသည် ။

စီနီယာအစ်ကို ကျန့်ဖန်နှင့် နောက်ဆုံး ယှဉ်ပြိုင်ပြီးကတည်းက အချိန်အတော်ကြာခဲ့ပြီး၊ သူနှင့် ပတ်သက်၍ ဘာအလုပ်မှ မလုပ်ရသေးပေ။

စီနီယာအစ်ကို ကျန့်ဖန်ကို အနိုင်ယူခြင်းအတွက် ယခင် ဆုကြေးတွေက နည်းပါးလွန်းသောကြောင့် လုရီသည် မည်သည့်အလုပ်များကိုမဆို လုပ်ဆောင်ရန် ပျင်းလွန်းလှသည်။

စစ်ဆေးမှု ရေဝိညာဉ်ခန္ဓာနိုးထစေပြီးအခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်ပြီးနောက် စီနီယာအစ်ကို ကျန့်ဖန်သည် ယခုထိုက်ထိုက်တန်တန် ဆုကြေး တစ်ခု ရောက်ရှိလာလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ဟီးဟီး၊ အရမ်းကောင်းတယ်!

အသခ်ျေ ဝိဉာဉ်နှင်းစက် တစ်စက်စီသည် သူ၏ ဂျူနီယာ ညီမလေး မှ ဆုများထက် သာလွန်သည်။

ဒါတင် မကသေးဘဲ ရေစိတ်ဆန္ဒကိုလည်း ဆုချီးမြှင့်ခဲ့သေးသည်။

ရေစိတ်ဆန္ဒကို နားလည်ပါက သူ့အနေနှင့်စိတ်ဆန္ဒ သုံးမျိုးကို ကျွမ်းကျင်နိုင်မည်ဖြစ်သည်။

... ကြည့်ရတာ..ငါ စီနီယာအစ်ကို ကျန့်ဖန်နဲ့ ကောင်းကောင်း လေ့ကျင့်ဖို့ အချိန်ရှာသင့်ပုံပဲ။...

စကားမစပ်၊ သူ့တွင် ဝိညာဉ်အရည်တစ်စက် ရှိနေဆဲ ဖြစ်ပြီး သူသည် ၎င်းကို မလိုအပ်တော့သောကြောင့် အရှေ့ တောအုပ်အပျက်အစီးနယ်မြေမှ ပြန်လာပြီးနောက် လက်ဆောင်ကောင်း ပေးနိုင်သည်။

စီနီယာအစ်ကို ကျန့်ဖန်သည် ပိုမိုအားကောင်းလာသည်နှင့်အမျှ ထိုသူ၏ ကိုယ်ပိုင်လုပ်ဆောင်မှုများသည် ပိုမိုကောင်းမွန်သောဆုလာဘ်များကို ပေးစွမ်းနိုင်သည်။

သူ့ပြိုင်ဘက်ကို အနိုင်ယူပြီးနောက်

ကျန့်ဖန်သည် လုရီဘက်သို့ ပြန်သွားခဲ့သည်။ လုရီ သူ့ကို ကြည့်နေတာကို မြင်တော့ သူက အံ့ဩသွားပြီး

"ညီလေးလု ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

လုရီ ပြုံးပြီး "ကျွန်တော်တို့ နောက်ဆုံးတွေ့ပြီးကတည်းက ခင်ဗျား ဘယ်လောက်တောင် သန်မာလာလဲဆိုတာ ကျွန်တော် အံ့ဩမိပါလို့ပါ၊ စီနီယာအစ်ကို ကျန့်ဖန်"

သူ့စကားကြောင့် ကျန့်ဖန်က ရယ်ပြီး "ညီလေးရဲ့ စကားတွေက ငါ့ကို လှောင်ပြောင်သလို ထင်ရလောက်တယ်။ ငါ့တိုးတက်မှုက မင်းနဲ့ ယှဉ်ရင် နည်းနည်းလေးပဲ၊ ပြောစရာတောင် မဟုတ်ဘူး"

လုရီက အသာအယာ ပြုံးပြီး

"ဒါတော့ မဟုတ်သေးဘူး၊ လူတိုင်းမှာ အားသာချက်တွေ ရှိတယ်။ ခင်ဗျားရဲ့ နည်းစနစ်ကို ကျွန်တော် တကယ် အထင်ကြီးတယ်ဗျာ၊ ​​အစ်ကို အားလပ်တဲ့အခါ အတူ လေ့ကျင့်ချင်ပါတယ်"

ဒါကို ကြားတော့ ကျန့်ဖန်မျက်လုံးတွေ တောက်ပလာပြီး "ဒါဆို ဟုတ်ပါပြီ"

ဟု ပြုံးကာ သဘောတူလိုက်သည်။

သူသည် လုရီနှင့် ရန်ဖြစ်လိုသည်မှာ သဘာဝကျသည်။ လုရီ၏ ပင်ကိုယ်စွမ်းရည်နှင့် ခွန်အားတို့သည် သိသာထင်ရှားပြီး သူနှင့် လေ့ကျင့်ခြင်းသည် များစွာ အကျိုးရှိမည်ဖြစ်သည်။

ယခင်က သူသည် လုရီ၏ ခွန်အားထက်

အဆပေါင်းများစွာ အားနည်းသည်ဟု ခံစားခဲ့ရပြီး တိုက်ခိုက်ရန် ထုတ်မပြောနိုင်ခဲ့သော်လည်း ယခု လုရီက သူ့အား ကမ်းလှမ်းလာသောကြောင့် ကျန့်ဖန် ငြင်းစရာအကြောင်း မရှိပေ။

...ညီလေးလုက တကယ်ကို ကြင်နာလွန်းတယ်။ သူက ငါ့ကို တိုးတက်အောင် ကူညီပေးချင်တာလား...

ကျန့်ဖန် တွေးလိုက်သည်။

ညီလေးလုသည် ကြင်နာမှု ကြီးမားလွန်းသည်ဟု ယူဆကာ ကျန့်ဖန်ရင်ထဲ လေးလေးနက်နက် တုန်လှုပ်သွားသည်။

သို့နှင့် အဓိက ပြိုင်ပွဲတွေ ဆက်လက် ဖြစ်ပွား ခဲ့ပြီး ထိပ်တန်း ရာဂဏန်း တွေ အပြီး မှာတော့ ပွဲစဉ် တွေဟာ ပိုမို ပြင်းထန် လာခဲ့ပါသည် ။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်အထွတ်အထိပ်ရှိ ကျင့်ကြံသူများသည်ပင် ရုန်းကန်နေကြရသည်။

သို့သော်၊ အရှေ့ တောအုပ်အပျက်အစီးနယ်မြေတွင် အခွင့်အရေးတစ်ခုရရန်မှာ

သူတို့သည် အပြင်းအထန် တိုက်ခိုက်ရမည်ကို သိရှိလေသည်။ ဖယ်ထုတ်ခံရမည်ကို ကြောက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

ကျန့်ဖန်သည် သူ၏ ရွှေအူတိုင် စွမ်းရည် ကို နက်နဲခြင်းအဆင့်အထိ သန့်စင်ထားသော်လည်း၊ သူသည် တိုးလာသော အန္တရာယ်များနှင့် ရင်ဆိုင်ရတော့သည်။

လုရီ က သူ့ကို ကူညီရမလား စဉ်းစားနေချိန်မှာ ကျန့်ဖန် ဟာ မယုံနိုင်လောက်အောင် အစွမ်းထက်သည့် မှော်လက်နက်ဖြစ်သော မှော်ရေ ပမာဏ အများအပြားပါရှိသည့် အဖြူရောင် ပုလင်းဟောင်း တစ်လုံးအား ထုတ်ယူလိုက်သည်။၎င်းသည် ကျန့်ဖန်၏ ခုခံရေး လက်နက်အဖြစ်ရော၊ တိုက်ခိုက်ရေး လက်နက် အဖြစ်ပါ သုံးနိုင်သည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်အထွတ်အထိပ် ကျွမ်းကျင်သူတွေတောင်မှ မှော်ရေ၏ အကာအကွယ်ကို

မဖြတ်ကျော်နိုင်ကြပေ။

ဒီအချက်က လူထုအား အတော်လေး အာရုံစိုက်မှု ဖြစ်ပွားစေခဲ့ပါသည်။

လုရီသည် အဖြူရောင် ပုလင်းကို စေ့စေ့စပ်စပ် အကဲခတ်ပြီး သူ၏ ဝိညာဉ်စွမ်းအား အာရုံခံစားမှုဖြင့် စစ်ဆေးကြည့်လိုက်သည်။

ထိုပုလင်းအတွင်းမှ ကြီးမားသော စွမ်းအားကို ခံစားလိုက်ရသည်။၎င်းက အဆင့်နိမ့် ရွှေအူတိုင် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်သော အရိပ်အယောင်တို့ စိမ့်ဝင်နေသည်။

၎င်းသည် အမှန်တကယ်ပင် ထိပ်တန်းအဆင့်ရှိ မှော်လက်နက် တစ်ခုဖြစ်ပြီး အဆင့်နိမ့်ရတနာ တစ်ခု၏ စွမ်းအားနီးပါး ရှိသည်။

ဒါကို အထူးအဆန်းလို့ ထင်ခဲ့တာ။

ဒါက စီနီယာအစ်ကို ကျန့်ဖန်ရဲ့ ကံကြမ္မာပဲ ဖြစ်ရမယ်။

'ဖန်' ပါ၀င်တဲ့ သူ့နာမည်အတိုင်း ပြောရရင် သူက တကယ့်ကို ကံကောင်းတာပဲ။

ရှေးဟောင်း လက်နက်သည် အနည်းငယ်ပျက်စီးနေသော်လည်း ပြန်လည် ပြုပြင်ပါက ပိုမိုခိုင်ခံ့လာမည် ဖြစ်သည်။

ကျန့်ဖန်သည် သူ၏ နိမ့်ပါးသော ကျင့်ကြံမှု ကြောင့် ရှေးဟောင်းလက်နက်ကို အသုံးပြုရန် ရုန်းကန်နေရသော်လည်း သူသည် ထိပ်တန်း နှစ်ဆယ်သို့ ထိုးဖောက်နိုင်သေးသည်။

နောက်ဆုံးတွင်၊ ထိပ်ဆုံး နှစ်ဆယ်ကို ဆုံးဖြတ်ခဲ့သည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ်ရှိသော အခြားကျင့်ကြံသူ ငါးဦးနှင့်အတူ လုရီနှင့် ကျန့်ဖန် တို့လည်း ပါဝင်သည်။ ကျန်သူများမှာ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် နဝမ အလွှာ ခွန်အားရှိသူများဖြစ်သည်။

ပြိုင်ပွဲ အစမှ အဆုံးအထိ လုရီသည်

သူ့လက်အား တစ်ကြိမ်မျှ မမြှောက်ခဲ့ရပေ။

သူသည် အတန်ငယ် ကူကယ်ရာမဲ့သလို ခံစားရပြီး သူ့ကိုယ်သူ ယှဉ်ပြိုင်ရမည့်အစား စောင့်ကြည့်ရန် ထိုနေရာတွင် ရောက်လာသလားဟုပင် သံသယဖြစ်မိသည်။

ပြိုင်ပွဲအသေးစားလေးပြီးဆုံးသွားသောအခါ၊ ဝူချင်းဖုန်းက ဝေဟင်မှ စင်မြင့်ပေါ်သို့ ခန့်ညားစွာ ဆင်းသက်လာသည်။ သူက ပြိုင်ပွဲဝင်အယောက်နှစ်ဆယ်ကို တည်ကြည်စွာ ကြည့်ကာ မှာကြားသည်။

"မင်းတို့အယောက်နှစ်ဆယ်က အရှေ့တောအုပ်အပျက်အစီး နယ်မြေကိုဝင်ရောက်ခွင့် ရရှိသူတွေပဲ... ပြန်သွားပြီး ပြင်ဆင်ကြတော့၊ တစ်ပတ်အတွင်း ငါတို့ ထွက်ခွာကြမယ်"

---------------

All Chapters