အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အခန်း၁၃၃-အသခ်ျေ ဝိညာဉ်နှင်းစက် တစ်သောင်းကျော်...
~ "ဝူးး!!"
မကြာသေးမီကပင် ဒေါသကြီးသော အော်မြည်သံက လေထဲတွင် တဟုန်ထိုး ပျံ့လွင့်လာစဉ် တပြိုင်နက် ဧရာမ အနက်ရောင် ဝံပုလွေ မှော်သားရဲကြီးသည် သူတို့ အုပ်စုဆီသို့ ခုန်ဆင်းလာခဲ့သည်။
ရုတ်ချည်းပင် မှော်သားရဲထံ ရွှေဓားအလင်းတန်းတစ်ခု ပစ်ခွင်းလာပြီး ၎င်း၏ ဦးခေါင်းခွံအား ချက်ချင်း ထိုးဖောက်ကာ သားရဲသည် မြေပြင်ပေါ်သို့ ဗိုင်းခနဲ ပြုတ်ကျသွားသည်။
လုရီသည် အဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေပြီး လူတိုင်းအတွက် လမ်းကြောင်းကို ချဲ့ထွင်ပေးသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ သူတို့ကြုံတွေ့ရသော မှော်သားရဲများသည် ရွှေအူတိုင် အဆင့် တည်ရှိမှုကိုပင် ကြုံတွေ့ခဲ့ရသည့် အတိုင်းအတာအထိ အားကောင်းလာခဲ့သည်။
လုရီ၏ အသွင်အပြင်ကို ထိုအဖွဲ့သည်
ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်ကြသည်။
ထိုသူသည် မှော်သားရဲ အများစုကို လက်တစ်ကမ်းတည်းဖြင့် ပိတ်ဆို့ကာ အစွမ်းထက် ခွန်အားရှိသည့် အကောင်များကို ခြိမ်းခြောက်ရန် အခွင့်အရေး မပေးဘဲ ဇီဝိန်ခြွေခဲ့လေသည်။
ဟန်ယွီသည်ပင် ထိမိသွားသည်။
သူက လုရီကို ကြည့်လိုက်ပြီး
"တာအိုရောင်းရင်းလု၊ မင်းရဲ့ ဝိညာဉ်စွမ်းအား အတော် ဖြုန်းတီးနေရပြီ ထင်တယ်။ အနားယူလိုက်ပါလား။ ငါ တလှည့်လမ်းပြလိုက်မယ်လေ!"
ထိုအခါ ယွင်ရှီးကလည်း ခေါင်းညိတ်သဘောတူပြီး
"ဟုတ်တယ်၊ နင် နားလိုက်လေ၊တာအိုရောင်းရင်းလု၊ ငါတို့ရဲ့ အင်အားက
မပျော့ညံ့ဘူး၊ နင်ချည်းပဲ အပင်ပန်းခံဖို့ မလိုပါဘူး။"
ထိုအခါ လုရီက ဖျတ်ခနဲ ပြုံးလိုက်ပြီး
"ငါ့ရဲ့ ကျင့်ကြံနည်းစနစ်က အရမ်း လေးနက်လွန်းတဲ့ စစ်မှန်လောက ပြန်လည်ရောက်ရှိခြင်းအဆင့်မှာပါ၊ ဝိညာဉ်စွမ်းအား ပြန်လည်ရယူနှုန်းဟာ အရမ်းကို မြန်တယ်၊ စိုးရိမ်စရာ မလိုဘူး။"
သူ့စိတ်ထဲ၌မူ ပြန်လည် ရန်တွေ့လိုက်၏။
..လာနောက်နေတာလား။ မှော်သားရဲ သတ်ဖြတ်မှုကနေ ဆုကြေးတွေ ရနေတာ ဘာလို့ နားရမလဲ..
ဤတိုတောင်းသော ကာလတွင် လုရီသည် အရိုင်းသားရဲ အနှစ်သာရ သွေးစက်သုံးရာကျော်နှင့် အသေခ်ျေ ဝိဉာဉ် နှင်းစက် အစက် တစ်ထောင်နီးပါးကို လက်ဝယ် ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ဤသည်မှာ အသေခ်ျေ ဝိဉာဉ် နှင်းစက် တစ်ထောင်နီးပါးတောင်မှ ဖြစ်သည်။
နတ်ဘုရားအသွင်ပြောင်း နယ်ပယ် ကျင့်ကြံသူများတောင်မှ မနာလိုဖြစ်ကာ ရူးသွပ်ကြလိမ့်မည်။
လုရီသည် ကြိတ်၍ အူမြူးနေပြီး
သူ့အပြင်ပန်း အမူအရာမှာမူ တည်ကြည်ဖြောင့်မတ်နေသည်။ အုပ်စု၏ ရှေ့ရှိ သူ့ရာထူးကို ဘယ်သူ့ကိုမှ မပေးရန် လုရီ ဆုံးဖြတ်လိုက်သည်။
ဒါကို မြင်တော့ ဟန်ယွီနှင့် တခြားလူတွေက ပို၍တောင် တုန်လှုပ်သွားသည်။
မကြာခင်မှာပဲ အားလုံးက တောထဲက ထွက်လာပြီး လွင်တီးခေါင်ထဲ ရောက်သွားကြသည်။
လွင်တီးခေါင်၏ အချို့နေရာများသည် ဟောင်းနွမ်းနေသော အတိတ်မှ သွေးများဖြင့် ပြည့်နှက်နေသကဲ့သို့ နီညိုရောင် သမ်းနေပါသည်။
အခြားနေရာများတွင် လက်နက် အပိုင်းအစများ၊ ရှေးခေတ် စစ်မြေပြင်မှ အမွေအနှစ်များ နှင့် အကြွင်းအကျန်များ ရှိနေသေးသည်။ ဤရှေးဟောင်းလက်နက်အချို့သည် ဝိညာဉ်စွမ်းအားကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ရှေးခေတ်စွမ်းအားရှင်များ၏ နောက်တွင်ကျန်ခဲ့သော သိုလှောင် လက်စွပ်များပင် တည်ရှိနေတတ်ကာ ကောင်းကင်သို့ တဟုန်ထိုးတက်မလို အရှိန်အဝါများ ထွက်ပေါ်နေသည်။
ဝမ်းနည်းစရာမှာ၊ သူတို့တွင် ရပ်တန့်၍ ရှာဖွေရန် အချိန်ကောင်း မရှိခဲ့ပါ။
လွင်တီးခေါင်ကို ရောက်သွားပြီး အတားအဆီးကင်းသော မြင်ကွင်းကို ရောက်ခဲ့ပါပြီ။ အဖွဲ့၏ အကြည့်တွေက မြေပြင်ကို ဖြတ်ကျော်သွားကာ အပျက်အစီးတွေထဲကို နက်နဲစွာ ကြည့်နေခဲ့သည်။
ထို့နောက် သူတို့သည် သွေးမြူများထဲတွင် လွင့်ပျံနေသော ထူးဆန်းသည့် အနက်ရောင် အရိပ်တစ်ခုကို တစ်ချက် ကြည့်လိုက်ကြသည်။ ၎င်းအရိပ်က အမည်မသိ နတ်ဆိုး သဘာဝကို ထုတ်လွှတ်ထားသည်။
ထိုအရိပ်ကို မြင်လိုက်ရတော့ လုရီသည်
ရင်ထိတ်သွားပြီး သူ့ဆံပင်တွေတောင် အဆုံးထိ ထောင်လာခဲ့သည်။
သွေးမြူထုကြီး အပြင်ဘက်တွင် ကြမ်းကြုတ်သော သားရဲအများအပြားထွက်ပြေးလာကာ သားရဲ လှိုင်းကြီး လိမ့်လာခဲ့သည်။ထိုအခါ လူတိုင်း၏ မျက်နှာများ ရှုံ့မဲ့သွားခဲ့သည်။
"ငါတို့ကို ဒီလောက် ပြင်းထန်တဲ့ သားရဲ လှိုင်းကြီးက မျိုမချလို့ တော်သေးတယ်၊ မဟုတ်ရင် ငါတို့ရဲ့ အသက်ရှင်ဖို့အရေး
မတွေးရဲဘူး"
ထိုအချိန်မှာပင်၊ လူတိုင်းသည် အဝေးမှ ဝိညာဉ်စွမ်းအား အတက်အကျကို ခံစားလိုက်ရသည်။ သူတို့ ခေါင်းကို လှည့်ကြည့်လိုက်တော့ ကျင့်ကြံသူ တစ်ဒါဇင်လောက် ဝိုင်းရံပြီး အရှေ့တက်နေကြတာကို တွေ့လိုက်ရသည်။
"ဒါက တခြားလူတွေပဲ!"
ထိုအဖွဲ့၏ မျက်နှာများသည် ရွှင်မြူးနေ၏။
လုရီက ချက်ချင်း ပြောသည်။
"အဲ့ဒီကို သွားကြမယ်"
တစ်ဆက်တည်း၌ သူ့မျက်လုံးများသည် စူးရှသော အလင်းရောင် လက်လာကာ
မသေမျိုးဓားချီအား အရှိန်အဟုန်ဖြင့် ဆက်တိုက် ပစ်ခတ်ရင်း လမ်းတလျှောက် ပိတ်ဆို့ထားသော မှော်သားရဲများကို အသက်ပျောက်စေလိုက်သည်။
ခဏအကြာတွင် လုရီသည် ရွှေအူတိုင်နှင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ခွန်အားရှိ မှော်သားရဲ အုပ်ကြီးကို ဖြတ်ကာ လမ်းကြောင်းတစ်ခုကို ထွင်းဖောက်ပြီး အခြား ကျင့်ကြံသူများထံ ရောက်ရှိသွားခဲ့သည်။
အဆိုပါ ကျင့်ကြံသူများထဲတွင် တိမ်ဖြူဂိုဏ်း၏ တပည့်များ ၊ အေးခဲ ဆောင်းရာသီ တောင်ကြားနှင့် ပန်းတစ်သောင်းဂိုဏ်းမှ တပည့်များ ပါဝင်သည်။
လုရီနှင့် ဟန်ယွီနှင့် ယွင်ရှိီးတို့အား
တွေ့လိုက်သောအခါတွင်
သူတို့သည် ပျော်သွားပြီး မျက်နှာများ ဝင်းပသွားသည်။
"ဂျူနီယာ ညီလေးလု!" လူအုပ်ထဲမှ
လင်းရှောင်ရှောင်က လှမ်းခေါ်လိုက်သည်။
လူအုပ်ထဲမှာ တိမ်ဖြူဂိုဏ်းမှ တပည့်လေးဦးတို့ စုစည်းနေသည်ကို လုရိီတွေ့လိုက်ရသည်။ သူတို့၏ ကိုယ်သည် သွေးများ စိုရွှဲနေသည်ကို တွေ့လိုက်ရသော်လည်း ၎င်းမှာ မှော်သားရဲများ၏ သွေးစက်များလား သို့မဟုတ် သူတို့၏သွေးများလား မသိနိုင်ပေ။
လုရီက ခေါင်းညိတ်ပြီး နှိုးဆော်သည်။
"အားလုံး စုစည်းပြီး ဒီနေရာကနေ ထွက်သွားကြရအောင်!"
လင်းရှောင်ရှောင်နှင့် အခြားသူများ အဖွဲ့တွင် ပါ၀င်လာပြီး လုရီသည် တစ်ဖန် ရှေ့ထွက်လာကာ ရွှေအူတိုင်နှင့် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ခွန်အားရှိ မှော်သားရဲကောင်အုပ်ကြီးကို အပြင်းအထန် သတ်ဖြတ်ကာ လမ်းကြောင်းဖောက်လေသည်။
ဒါကို မြင်တော့အခုမှ ရောက်လာသော ကျင့်ကြံသူတွေက အံ့အားသင့်သွားပြီး မျက်လုံးတွေ ပေါက်ထွက်လုနီးပါး ဖြစ်သွားကြသည်။
လုရီ၏ ခွန်အားသည် အလွန်တရာ အစွမ်းထက်ပေသည်။
သို့ပေမယ့် အခြေအနေက ဆိုးရွားသည့်အတွက် ဘယ်သူမှ အေးအေးဆေးဆေး မတွေးနိုင်ခဲ့ကြပါ။
လူတိုင်းသည် မိမိတို့ကိုယ်ကို အလျင်စလို ကာ၍ လုရီ၏ ခြေရာအတိုင်း လိုက်ကာ သားရဲကောင်များကို တွန်းထုတ်လိုက်ကြသည်။
ထို့နောက် ကျင့်ကြံသူ အနည်းငယ်ကို တွေ့၍ ကယ်တင်ခဲ့ပြီး တောကန္တာရတစ်လျှောက် သားရဲများအား တိုက်ခိုက်ရင်း ခရီးနှင်သည်။ စိမ့်မြေများကို ဖြတ်ကျော်၍ နေ့တစ်ဝက်ခရီး ခရီးဆက်ပြီးနောက် လူသူ ဆိတ်သုဥ်းသော တောင်တန်းတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။
အားလုံး မောပန်း နွမ်းနယ်နေကြပြီး ခွန်အားများစွာကို ထိန်းထားဆဲဖြစ်သော လုရီမှလွဲ၍ ကျန်သူတို့၏ ဝိညာဉ်စွမ်းအား က သိသိသာသာ လျော့နည်းသွားသည်။
မသေမျိုး ဓားကျမ်း၏ စစ်မှန်လောက ပြန်လည် ရောက်ရှိခြင်းအဆင့်သည် တာအိုစွမ်းအားကို အသုံးပြု၍ တည်ဆောက်ထားသော လုရီ၏ ဝိညာဉ် စွမ်းအား လေပွေငယ်နှင့်တွဲဖက်လိုက်သောအခါ ဝိညာဉ်စွမ်းအားများ အဆက်မပြတ် ပေါ်ထွက်လာစေခဲ့သည်။ တိုက်ပွဲက သိပ်မပြင်းထန်သရွေ့တော့ သူက ဝိဉာဉ်စွမ်းအား ပြတ်လပ်မည် မဟုတ်ပါပေ။
ဘုန်း!
နောက်ထပ် နားကွဲမတတ် ကျယ်လောင်သံကြီးတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာများကို ဖြူဖျော့သွားစေသည်။
ဝိညာဉ်စွမ်းအားများ ကုန်ဆုံးလုနီးပါးဖြစ်သော ကျင့်ကြံသူ အများအပြားသည် သွေး တစ်လုတ် အန်ထုတ်လိုက်ရာ မြေပေါ်သို့ ဒယီးဒယိုင် ယိုင်သွားကြသည်။
"ငါ..ငါတို့ ကြာကြာ မထိန်းနိုင်တော့ဘူး!" ထိုအဖွဲ့၏ မျက်နှာများသည်
ဖြူဖျော့သွားကြသည်။
ဟန်ယွီနှင့် ယွင်ရှီးတို့ပင်လျှင် သူတို့၏ ဝိညာဉ်စွမ်းအားများ သိသိသာသာ ကုန်ခမ်းသွားခဲ့သည်။
ထိုအချိန်တွင်ပင် သွေးမြူထုအတွင်းမှ မိစ္ဆာ အသွင်အပြင်သည် ဘယ်သောအခါမှ မရှိခဲ့သကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ မိစ္ဆာနှင့်တူသော ရုပ်သွင် ပျောက်ကွယ်သွားသည်နှင့်အမျှ နက်နဲလှသည့် ပြင်းထန်သော အရှိန်အဝါသည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
၎င်းအရှိန်အဝါ မှိန်ဖျော့လာသည်နှင့်အမျှ မှော်သားရဲများအားလုံး တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူတို့၏ ရူးသွပ်သောအပြုအမူကို ရပ်တန့်လိုက်သည်။
အခွင့်အရေးကို ဆုပ်ကိုင်ရင်း လုရီနှင့် အခြားသူများသည် ကျဉ်းမြောင်းသော လျှိုမြောင်တစ်ခုဆီသို့ လျှောက်သွားခဲ့ကြပြီး နောက်ဆုံးတွင် အသက်ရှူရန် အခွင့်အရေးရသွားခဲ့သည်။
အားလုံးက မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ကာ လေကို
တဝ ရှူရှိုက်ကြသည်။သူတို့၏မျက်လုံးများသည် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသေးသည်။
"ဒီနေ့ ဒီမှာပဲ သေ ပွဲ ဝင်ရတော့မယ်လို့ ထင်ခဲ့တယ်။ ငါတို့ တကယ် အသက်ရှင် လွတ်မြောက်ခဲ့တာ၊ မယုံနိုင်စရာပဲ" ဟု သူတို့ထဲမှ တစ်ဦးက အသံတုန်တုန်ဖြင့် ရေရွတ်သည်။
“သွေးမြူထုထဲမှာ ရှိတဲ့ တည်ရှိမှုက
ဘာကြီးလဲ ၊ ဒီလိုမျိုး ငါ တစ်ခါမှ ကြားတောင် မကြားဖူးဘူး ၊
လူအုပ်ကြီးသည် တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသော်လည်း သွေးမြူထုများအနက်မှ ထူးဆန်းသော ဖြစ်စဉ်များ၏ အကြောင်းရင်းမှန်ကို မည်သူမျှ မသိရှိကြပေ။
ခဏလောက် အနားယူပြီး သူတို့၏ အသက်ရှုသံတွေ တည်ငြိမ်လာပြီးနောက် ဟန်ယွီက လုရီထံ ချဉ်းကပ်လာပြီး စကားဆိုသည်။
"ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းလု၊ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဒီနေ့ ဒီမှာပဲ သေသွားနိုင်တယ်။"
ယွင်ရှီးကလည်း ချစ်စရာကောင်းသော အပြုံးကလေး တစ်ပွင့်ကို ထုတ်ဖော်ကာ
"တာအိုရောင်းရင်းလုကို ကျေးဇူးတင်လိုက်တာ၊ နင်က တကယ်ကို အံ့သြစရာကောင်းတယ်။ မှော်သားရဲ အများကြီးကို သတ်ပေးတယ်"
အခြားသူများကလည်း လုရီအား ကျေးဇူးတင်ကြောင်း ဖော်ပြကြသည်။
"တာအိုရောင်းရင်းလုက မယုံနိုင်လောက်အောင်ပါပဲ၊ သူ့ရဲ့ အစွမ်းသတ္တိက ရွှေအူတိုင်နယ်မြေရဲ့ အထွတ်အထိပ် ခွန်အားရှိတဲ့ ကျင့်ကြံသူတစ်ယောက်တောင်မှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။"
တပည့်များသည် အံ့သြထိတ်လန့်မှုနှင့်အတူ ကျေးဇူးတင်စကားဆိုကြသည်။
"သူဟာ တကယ့်ကို ကြီးကျယ်တဲ့ ဒဏ္ဍာရီလာ မသေမျိုး မျိုးစေ့ပဲ"
ဤနေရာတွင် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်လာသည်မှာ တစ်နှစ်သာ ရှိသေးကြောင်း သတိချပ်ရပါမည်။
တိမ်ဖြူဂိုဏ်းမှ တပည့်များပင်လျှင် ခြွင်းချက်မရှိပေ။ လင်းရှောင်ရှောင်က လုရီကို ကြည့်ပြီး ပြုံးသည်။ သူမ၏ လှပသော မျက်လုံးကလေးများ အရည်ရွှန်းလဲ့လာပြီး
ချိုမြစွာ ဆိုသည်။
"ကျေးဇူးတင်ပါတယ် ဂျုနီယာ မောင်လေးလု..အစ်မအသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်ချင်ပါတယ်၊နင်လိုအပ်တာ ရှိရင် ငါ့ကို ပြောပြနော်"
လုရီက ကူကယ်ရာမဲ့ ရယ်မောရင်း
"ခင်ဗျားက အရမ်း နှိမ့်ချနေပါပြီ.. စီနီယာအစ်မ"
သူသည် လူတိုင်းကို ပြုံးပြုံးရွှင်ရွှင် တုံ့ပြန်သော်လည်း အတွင်းစိတ်မှာ အထူးပင် ပီတိဖြစ်နေသည်။
ခရီးတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော မှော်သားရဲများကို သတ်ဖြတ်ခဲ့ပြီး အသခ်ျေ ဝိညာဉ်နှင်းစက် အစက် တစ်သောင်းကျော်ကို ရရှိခဲ့သည်။
အသခ်ျေ ဝိညာဉ်နှင်းစက်များဖြင့် သူ့ကို အချိန်အကြာကြီး ကျင့်ကြံရန် လုံလောက်သည်ထက်၊ သူ့ကို ရွှေအူတိုင်နယ်ပယ်သို့ တိုက်ရိုက် တက်လှမ်းခွင့် ပေးခြင်းပင် ဖြစ်နိုင်သည်။
ရေတိုအတွက်ကတော့ အရင်းအမြစ်တွေအတွက် စိတ်ပူစရာ မလိုလောက်ပါ။
အဟီးဟီး။အရှေ့ တောအုပ် အပျက်အစီးတွေကို လာရတာ တကယ့်ကို လာရကျိုးနပ်သည်ပင်။
လမ်းတစ်လျှောက်တွင် လှည့်ကွက် အချို့ရှိခဲ့သော်လည်း ၎င်းတို့သည် လက်ခံနိုင်သော အတိုင်းအတာ တစ်ခုအတွင်း ရှိနေသေးသည်။
ထိုအခိုက်တန့်တွင် ကျင့်ကြံသူတစ်ဦးက "အလို.. ကောင်းကင်ကို ကြည့်ပါဦး" ဟု အော်ဟစ်လာသည်။
အားလုံးက ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
သူတို့သည် ကွက်ခနဲ မျက်နှာ ပျက်သွားကြသည်။
ယခင်က အလွန်ကြည်လင်သော လေထုထဲတွင် အနီရောင်မြူခိုးများ ဖြည်းညှင်းစွာ
ရစ်သိုင်းလာသည်ပင်။
----------------
အခန်း၁၃၄-မိစ္ဆာ မျိုးနွယ်စု ပေါ်လာပြီ...
~ "ဘာတွေ ဖြစ်နေတာလဲ?!"
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်ပြီး ဆွေးနွေးသံတွေ ဆူညံလာသည်။
" ကြည့်..ဒီမြူထုက အပြင်ဘက်ကမီးလောင်ထားတဲ့ မြေကြီးကနေ ထွက်လာတတ်တဲ့ မြူနဲ့မတူဘူးလား""
"အန္တရာယ် ရှိနိုင်လား"
ဟန်ယွီနှင့် ယွင်ရှီးတို့လည်း သတိအနေအထား ဖြစ်နေကြပြီး သူတို့၏အမူအရာမှာ စိုးရိမ်ပူပန်ရိပ်တို့
ကပ်ညှိနေသည်။
ယွင်ရှီးက လုရီထံ အကြည့်များ ရောက်ရှိသွားရင်း
"တာအိုရောင်းရင်းလု၊ အရှေ့တောအုပ် အပျက်အစီးမှာ ဒီဆန်းကြယ်တဲ့ ပုံမမှန်တာ ဖြစ်လာပြီ၊ ငါတို့ ဘာလုပ်သင့်လဲ။"
အခြားသူများကလည်း သူ့ကို အာရုံစိုက်လာကြသည်။
လုရီ၏ ခွန်အားသည် အံ့ဩစရာ ဖြစ်ပြီး၊ ယခုအချိန်တွင် သူသည် လူတိုင်း၏ ထောက်တိုင်ကြီး ဖြစ်လာသည်။
လူတိုင်း၏ အကြည့်တွေကို ကြည့်ပြီး
လုရီသည် စိတ်ထဲ၌ ဆွံ့အသွားသည်။
ဤနေရာ၌ ရောက်လာသည်က သူ၏ ပထမဆုံးအကြိမ်ဖြစ်ပြီး ဤကဲ့သို့သောအခြေအနေမျိုးကိုလည်း ပထမဆုံးအကြိမ် တွေ့ကြုံရခြင်း ဖြစ်သည်။
.. သူက ဘာလုပ်ရမယ်ဆိုတာ ဘယ်လို သိနိုင်မလဲ။..
မည်သို့ပင် ဆိုစေကာမူ သူလည်း ထွက်သွားချင်ပါက လွတ်မြောက်ရာ မြေသို့ ဦးတည်သွားရန် သေချာပေါက် လိုအပ်ပါသည်။
ခဏလောက်စဉ်းစားပြီးမှ လုရီက
သူ့အကြံကို ထုတ်ဖော်လာသည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ထွက်သွားချင်ရင် လွတ်မြောက်နယ်မြေကိုသွားရမယ်။ ဒီသွေးမြူတွေက အန္တရာယ်ရှိမရှိ အရင်စုံစမ်းကြည့်ရအောင်၊ ငါတို့ပြန်လည် အားဖြည့်ပြီးရင် မြောက်ဘက်ကို ဆက်သွားနိုင်တယ်"
လူအုပ်ကြီးက အချင်းချင်း အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်သဘောတူကြသည်။
"ဒါက တစ်ခုတည်းသော နည်းလမ်းဖြစ်မယ်။"
"တာအိုရောင်းရင်းလု ပြောတာမှန်တယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့ထွက်သွားချင်ရင် လွတ်မြောက်နယ်မြေကို သွားရမယ်။"
ဟန်ယွီက ညင်သာစွာ ခေါင်းညိတ်ကာ
"ဒီလိုဖြစ်တာကြောင့်၊ အရင်ဆုံး ပြန်အားဖြည့်လိုက်ကြရအောင်။ အနီရောင် မြူခိုးတွေ ရုတ်တရက် ပေါ်လာမှုမှာ မသိနိုင်တဲ့ အန္တရာယ်တွေ ကိန်းဝပ်နေနိုင်တယ်"
ဟု တိုက်တွန်းလာသည်။
ဒီစကားကို ကြားတော့ လူတိုင်းဟာ စဉ်းစားနေသည်ကို ရပ်တန့်လိုက်ကြပြီး ပြန်လည် အားဖြည့်လိုက်ပါတော့သည်။
လုရီသည် တင်ပျဉ်ခွေ ထိုင်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အသည်းအသန် ပြန်လည်ကောင်းမွန်လာဖို့ အားစိုက်စရာ မလိုနေဘဲ၊ သူ၏ ဝိညာဉ်စွမ်းအားများသည် အလိုအလျောက် ပြန်လည်ဖြည့်တင်းနေပြီး ခွန်အား အပြည့်အဝနီးပါး ပြန်လည်ရရှိနေပြီဖြစ်သည်။
နီရဲသော မြူခိုးများကြားတွင် ခိုအောင်းနေသည့် အမည်မသိ အန္တရာယ်အတွက် အနည်းငယ် စိတ်ထင့်မိသည်။
လုရီသည် လူတိုင်းကို ဝေ့ဝဲကာ ကြည့်လိုက်သည်။ လူအများအပြားကို စဉ်ဆက်မပြတ် ကယ်ဆယ်နိုင်ခဲ့သောကြောင့် ယခုအခါ ကျင့်ကြံသူ အယောက်ငါးဆယ်ခန့်ရှိနေပြီ ဖြစ်သည်။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များအပြင်
တကိုယ်တော် ကျင့်ကြံသူများလည်း ရှိသေးသည်။
ဂိုဏ်းငါးဂိုဏ်းမှ တပည့်များ ဝင်ရောက်ပြီးမှသာ တကိုယ်တော် ကျင့်ကြံသူများကို ဝင်ခွင့်ပေးသည်။ ဤနေရာမှ တကိုယ်တော် ကျင့်ကြံသူ အနည်းငယ်ကိုသာ မြင်တွေ့ရခြင်းအတွက် သူ မအံ့သြမိပါ။
သို့ရာတွင်၊ ၎င်းတို့သည် အရှေ့ တောအုပ်အပျက်အစီးတွင် ကျန်ခဲ့သောကျင့်ကြံသူ အားလုံး ဖြစ်နိုင်သည်။ အစောပိုင်းက သားရဲ အလုံးအရင်းကြီးသည် အလွန် ကြောက်စရာကောင်းပြီး ၎င်းတို့တွင် အခြေတည် ဝိညာဉ်စွမ်းအား၏ အရိပ်အယောင်များပင် ရှိသေးသည်။
လုရီသည် လူတိုင်းကို ဦးဆောင်ကာ ဖြတ်ကျော်ပြီး မှော်သားရဲများ၏ တည်နေရာကို ရှောင်တိမ်းခဲ့ပြီး ထိုအချိန်တွင်ပင် သူသည် ရွှေအူတိုင် မှော်သားရဲအချို့ကို သတ်ပစ်ခဲ့သည်။ အခြားလူများကတော့ လုရီ၏ ခွန်အားမျိုး မပိုင်ဆိုင်ကြရှာပေ။ အားကြီးသော မှော်သားရဲများနှင့် ရင်ဆိုင်ရသောအခါ ထိုသူတို့သည် အားမတန်ဘဲ ကိုက်စားခံရဖွယ် ရှိသည်။
လုရီ သူ့ကိုယ်သူ တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။
အမှန်ပင် ကံမကောင်းပေသော်လည်း အနည်းဆုံးတော့ သူ၏ ခွန်အားဖြင့် လွတ်လမ်း ရှိသေးသည်။
ထိုအချိန်တွင် လုရီသည် ရုတ်တရက် တန့်ခနဲ ရပ်လိုက်ပြီး ဤနေရာတွင် ကျင့်ကြံသူ ငါးဆယ်ကျော်ကို စိုက်ကြည့်ကာ အတင့်ရဲသော အကြံတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။
“ဒီလူတွေကို ငါကယ်ပြီး အရှေ့ တောအုပ်အပျက်အစီးတွေထဲကနေ ဖယ်ထုတ်မယ်” ဟု သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သူ့စနစ် မျက်နှာပြင်၌ စာသားများ ဖြတ်ပြေး၍ လာသည်။
[အလုပ်]
ကယ်တင်သူ အရေအတွက်ပေါ်မူတည်၍ ဆုကြေး ယူကာဖြင့် အရှေ့ တောအုပ် အပျက်အစီးများမှ ကျင့်ကြံသူများကို ကယ်တင်ပါ။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းပယ်မည်လား။
လုရီ၏ စိတ်ဓာတ်တွေ တက်ကြွလာတော့သည်။
..ဟဲဟဲ ဒီလို အလုပ်ပေးနိုင်တာလား။..
... လုံးဝ မဆိုးပါဘူး။...
လုရီ ချက်ချင်းပင် သူ့ရင်ထဲမှ စိတ်အားထက်သန်မှု လှိုင်းထလာသည်ကို ခံစားလိုက်ရသည်။
ရွှယ်ထျန်းဟန်နှင့် ချင်လော့တို့၏ သေဆုံးမှုနှင့်အတူ ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များ အများစုမှာ သေဆုံးနေလောက်ပေပြီ။
သူတို့ လွတ်မြောက်ပြီးသည်နှင့် သူ ယခင်က လုပ်ခဲ့သော အလုပ်နှစ်ခုကို ပြေလည်အောင် ဖြေရှင်းနိုင်မည်။
ဘယ်လို ဆုကြေးမျိုး ရှိလာမည်လဲ။
ရုတ်တရက် လုရီ.. အတွေးတစ်ချက်လက်လာပြန်ပြီး
.. ငါ အရှေ့ တောအုပ် အပျက်အစီးက
ထွက်ခွာချင်တယ်" ဟု ကြိတ်၍ ကြွေးကြော်လိုက်သည်။
[အလုပ်]
အရှေ့ တောအုပ် အပျက်အစီးမှ ထွက်ခွာပါ။
ဆုကြေး- ကျောက်စိမ်းဝိုင်(ရွှေအူတိုင်နယ်ပယ်ဝိဉာဉ် ဝိုင် )
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းပယ်မည်လား။
မျှော်လင့်ထားတဲ့ အတိုင်းပဲ။
လုရီ စိတ်ကျေနပ်သွားသည်။
အပျက်အစီးနယ်မြေကို ကျောခိုင်းလိုက်ရုံဖြင့် အလုပ်နှစ်ခုကို ဖြစ်ပေါ်စေမည်ဟု သူ မထင်ထားခဲ့ပေ။ အံ့သြဖွယ်ပင်။
ထို့အပြင်၊ အလုပ် ဆုသည် ဝိညာဉ်ဝိုင်အတွက် ချက်နည်း ဖြစ်သည်။
ယခုအချိန်အထိ သူ့မှာ သမာဓိ ဝိဉာဉ် နှင်းစက်အား ချက်နည်းသာ ရှိခဲ့ပြီး နောက်ဆုံးတွင် ဒုတိယတစ်ခု ပိုင်ဆိုင်ထားလေပြီ။
၎င်းသည် ရွှေအူတိုင် နယ်ပယ်ဝိညာဉ်ဝိုင်ချက်နည်းဖြစ်ပြီး၊ သူ၏ လက်ရှိအသုံးပြုမှုအတွက် သင့်တော်ပါသည်။
လုရီသည် အလုပ်ကို ကျေကျေနပ်နပ် လက်ခံလိုက်သည် ။
ထိုအချိန်တွင် သူ့ စိတ်ဝိဉာဥ်သည် ပျံ့လွင့်သွားသည်။
အဆက်မပြတ်ဝန်းရံနေသော တောင်တန်းများ ဝန်းရံထားသည့် ရှေးခေတ်ကာလ
တစ်ခုသို့ ရောက်ရှိကာ အဆုံးမရှိသည့် အချိန်ကာလကို ဖြတ်ကျော်သွားသကဲ့သို့ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော လူသား ကျင့်ကြံသူများနှင့် ပြည့်နှက်နေပါသည်။
တစ်ဖက်တွင် မိစ္ဆာကျင့်ကြံသူ မြောက်မြားစွာသည် ကောင်းကင်သို့ ပျံလွှားရောက်ရှိလာသည်။
"သတ်!"
ထိပ်တန်း လူသား ကျင့်ကြံသူ၏ ကိုယ်တွင် နှင်ထုတ်ခံရသော အထက်ဘုံမှ ဆင်းသက်လာသော မသေမျိုး တစ်ပါးအသွင် ထူထပ်သော အလင်းရောင်တစ်ခု ခြံရံထားသည်။
ကျင့်ကြံသူတွေကို ဦးဆောင်ကာ
ထိုသူက နတ်ဆိုးတွေဆီ ဦးတည်နေသည်။
မိစ္ဆာကျင့်ကြံသူများဘက်မှစွဲမက်ဖွယ် ကောင်းသော်လည်း အေးစက်သော အသံ တစ်သံ ထွက်ပေါ်လာပြီး ခေါင်းဆောင်သည် မြူခိုး အလွှာဖြင့် ခြံရံနေကာ အသွင်သဏ္ဍာန်အား ဖုံးကွယ်ထားပြီး မသေမျိုးနှင့် တူသော ကျင့်ကြံသူနှင့် နှိုင်းယှဥ်လျှင် နိမ့်ကျခြင်း မရှိပေ။
"သတ်!"
ကျင့်ကြံသူအုပ်စု နှစ်စုသည် အချင်းချင်း ပြေးဝင်တိုက်ခိုက်ကြသည်။ တိုက်ပွဲသံများ ညံနေတော့သည်။
ကျင့်ကြံမှု ရတနာများသည် ကောင်းကင်ယံ၌ ပြည့်လျှံနေကာ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်လာပြီး ကောင်းကင်ကို သွေးချင်းချင်းနီစေခဲ့သည်။
ပြင်းထန်သော တိုက်ပွဲ ရည်ရွယ်ချက်၊ သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်ပစ်ရန် တွန်းအားကြောင့် လုရီ၏ နှလုံးသား ဆူပွက်သွားသည်။
ထိုအချိန်တွင်ပင် လုရီ၏ ဒန်တျန်အတွင်းတွင်၊ ခုနစ်ရောင် ဝိညာဉ်စွမ်းအား၏ လှိုင်းလုံးကြီးသည် အနည်းငယ် လှည့်လာပြီး တာအို အသံ ထွက်ပေါ်လာသည်။ သူ၏ စိတ်ဝိညာဉ်သည် တုန်ခါသွားကာ ချက်ချင်းပင် ရှင်းရှင်းလင်းလင်း အသိစိတ်ပြန်ရလာသည်။
မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်မှာ စွမ်းအားများ ရုတ်တရက် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အခု ပြန်လည် အားဖြည့်နေရမည့် ကျင့်ကြံသူတွေဟာ ပုံရိပ်ယောင် နယ်မြေ မှာ ပိတ်မိနေသကဲ့သို့ တိုက်ပွဲစိတ်ဓာတ်ဖြင့် သူတို့၏ ဝိညာဉ်စွမ်းအားများ ပျံ့နှံ့နေကာ သွေးရူးသွေးတန်း မျက်လုံးတွေ နီရဲနေတာကို သူ မြင်လိုက်ရသည်။
လုရီ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
သွေးသတ်ဖြတ်ခြင်း ပုံရိပ်ယောင် နယ်မြေ
...။ဒါက သွေးသတ်ဖြတ်ခြင်း ပုံရိပ်ယောင် နယ်မြေပဲ...။
ဤသည်မှာ အပျက်အစီး အပြင်ဘက်ရှိ မီးလောင်ထားသော မြေကြီးပေါ်တွင် သူ ကြုံတွေ့ခဲ့ရသော သွေးသတ်ဖြတ်ခြင်း ပုံရိပ်ယောင် နယ်မြေ ဖြစ်သည်။
ပြီးတော့ ဒီသွေး သတ်ဖြတ်ခြင်း
ပုံရိပ်ယောင်၏ အစွမ်းက အပြင်မှာထက် အများကြီး သာလွန်ပါသည်။
ဤကျင့်ကြံသူများသည် ပုံရိပ်ယောင် နယ်မြေ တွင် လုံးလုံးလျားလျား နှစ်မြုပ်သွားခဲ့သည်။ ဟန်ယွီနှင့် ယွင်ရှီးတို့ကိုပင်
မကင်းလွတ်ခဲ့ပေ။
သို့သော်လည်း ဟန်ယွီ၏ အရေပြားသည် အေးခဲနေသော ကျောက်စိမ်းကဲ့သို့ အေးခဲနေသည့် အအေးဓာတ်ကို ထုတ်လွှတ်ထားကာ ယွင်ရှီး၏ အနီးတစ်ဝိုက်တွင်မူ ပန်းရာပေါင်းများစွာ ပွင့်နေပြီး လန်းဆန်းသော ရနံ့ကို ထုတ်ပေးသည်။
နှစ်ဦးစလုံးသည် ပုံရိပ်ယောင် နယ်မြေကို မသိစိတ်ဖြင့် ခုခံကြပြီး ကျန်သူများထက် သာလွန်သည်။
ခုခံနေသည့် ကျန်သော ကျင့်ကြံသူမှာ
ကျန့်ဖန် ဖြစ်သည်။
ရေမှုန်ရေမွှားတွေက သူ့ပတ်ဝန်းကျင်မှာ လှည့်ပတ်နေပြီး သူ့ခန္ဓာကိုယ်ထဲက
ရှေးကျသော အဖြူရောင် ပုလင်းတစ်လုံး ထွက်ပေါ်လာလေသည်။ မှော်ရေ အလွှာများသည် ကျန့်ဖန်ကိုယ်အား ရစ်သိုင်းထားသည်။
----------------
အခန်း၁၃၅- မိစ္ဆာမျိုးနွယ်စု ပေါ်လာပြီ...
~ လုရီက ကျန့်ဖန်ကို အံ့သြတကြီး ကြည့်လိုက်သည်။
အစ်ကိုကျန့်ဖန်က တကယ်မိုက်သည်။
အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အထွတ်အထိပ်ရှိသော အခြားသော ကျင့်ကြံသူများသည်ပင် ပုံရိပ်ယောင် နယ်မြေများတွင် အပြည့်အ၀နီးပါး အရှုံးပေးခဲ့ကြသော်လည်း အခြေခံ အုတ်မြစ် တည်ထောင်ခြင်း တတိယအလွှာတွင်သာ ရှိနေသူ ကျန့်ဖန်ကမူ ဟန်ယွီနှင့်
ယွင်ရှီးတို့နှင့် တန်းတူနီးပါး ခုခံနိုင်နေသည်။
လုရီ အသက်ပြင်းပြင်းရှူရင်း သူ့နဖူးက ဝိညာဉ်စွမ်းအားမျှင် တောက်ပလာပြီး အော်ဟစ်လိုက်သည်။
"နိုးထပါ!"
သူ၏ အသံသည် ညနေခင်း ဗုံသံများနှင့် နံနက် ခေါင်းလောင်းသံများ ပဲ့တင်ထပ်နေသလို သူ၏ ဝိညာဉ်စွမ်းအားက တပြိုင်နက် တုန်ခါကာ အခြားကျင့်ကြံသူများ၏ အသိစိတ်ကို တုန်လှုပ်စေသည်။
ချက်ချင်းပင် ကျင့်ကြံသူအုပ်စုကြီးသည် လှုပ်ရှားလာကာ ပြန်လည်နိုးကြားလာသည့် လက္ခဏာများ ပြသလာသည်။
ယွင်ရှီးသည် ပထမဆုံး နိုးထလာသူဖြစ်သည်။ သူမ၏ သန့်စင်သော မျက်လုံးများကို ဖွင့်၍ ပတ်ပတ်လည်ကိုသတိထားပြီး ကြည့်သည်။သူမက လုရီကို တွေ့သောအခါ သက်ပြင်းတစ်ချက်ချ၍ ပြုံးရင်း
"လုရီ၊ နင် ငါ့ကို နှိုးလိုက်တာလား၊နင် ငါ့ကိုထပ်ကယ်လိုက်ပြီပဲ"
လုရီက "ဒါဟာ အသေးအမွှားတစ်ခုပဲ၊
တာအို ရောင်းရင်း ယွင်ရှီးအတွက် ဒါကို မမှုပါဘူး။ ပြီးတော့ ငါ မရှိရင်တောင် မင်းအဲ့ဒီမှာ နစ်မြုပ်နေမှာ မဟုတ်ပါဘူး"
ထိုအခါ ယွင်ရှီးက သူမခေါင်းကို လေးလေးနက်နက် ခါလိုက်ပြီး ငြင်းဆိုသည်။
"ဟင့်အင်း၊ အဘွားက ငါ့ကို ကြင်နာမှုကို ပြန်ဆပ်တတ်ဖို့ အမြဲသင်ပေးတယ်"
ယွင်ရှီး၏ လေးနက်သော အမူအရာကို မြင်လိုက်ရတော့ လုရီက အားကိုးရာမဲ့ ပြုံးလိုက်ကာ နှစ်သိမ့်သည်။
"တာအိုရောင်းရင်း ယွင်ရှီး.. အရမ်း ပလေူါနက်ထားစရာ မလိုပါဘူး.."
ယွင်ရှီးက ခေါင်းယမ်းနေစဉ် ခဏလောက်စဉ်းစားပြီး
" အသက်ကယ်တဲ့ ကျေးဇူးကို ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ရမယ်လို့ ဆိုရိုး ရှိတယ်။ ငါ့ကို နင့်ရဲ့ တာအို ကြင်ဖက်အဖြစ် ရွေးချယ်ရင်ရော။ ငါတို့ တစ်ယောက်နဲ့
တစ်ယောက် ခံစားချက်တွေ မရှိပေမယ့် ငါ့အထင်.. နင်က သိပ်မဆိုးပါဘူး"
လုရီ : "???"
လုရီတစ်ယောက် အေးခဲသွားပြီး သူ့အမူအရာက တောင့်တင်းနေသည်။
ဒါက တကယ်ကြီးလား။
"အဟမ်း..အဟမ်း!"
ထိုအချိန်တွင် ချောင်းဆိုးသံ ထွက်ပေါ်လာသည်။ လုရီ ခေါင်းလှည့်ကြည့်လိုက်တော့ ဟန်ယွီလည်း နိုးထလာသည်ကို တွေ့လိုက်ရသည်။
ဟန်ယွီ၏ မျက်နှာက မိန်းကလေး
တစ်ယောက်လို လှပပြီး အမြဲလိုလို ကြည်လင်သန့်စင်နေသည်။
"ငါ နိုးထလာတာ အရမ်းများ စောသွားတာလား"
လုရီက ခေါင်းကို လေးလေးနက်နက် ခါလိုက်ပြီး ခပ်မြန်မြန် ဖြေသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး..မင်း နိုးလာတာ အချိန်မီပါပဲ"
မဟုတ်ရင် ယွင်ရှီး၏ စကားကို ဘယ်လိုတုံ့ပြန်ရမှန်း သူ မသိပါချေ။
ဒီမိန်းကလေး၏ တွေးခေါ်မှုဖြစ်စဉ်ဟာ အတော်လေးကို ဆိုးရွားလွန်းပါသည်။
ဟန်ယွီက လုရီကို ကြည့်ရင်း တိုးတိုးလေး ရယ်လိုက်ပြီး
"ငါက ယောက်ျားမို့လို့ ငါ မင်းကို ခန္ဓာကိုယ်နဲ့ပြန်ပေးဆပ်မယ်လို့ ကတိမပေးဘူး။ ဒါပေမယ့် နောင်မှာ တစ်ခုခုလိုရင် မင်းငါ့ဆီ လာခဲ့ လေ"
လုရီ: "..."
သူတို့ကိုယ်သူတို့ ခန္ဓာကိုယ်နဲ့ပေးဆပ်ဖို့ ဒီလောက် စိတ်ပါနေရလား။
လုရီက အားကိုးရာမဲ့ ရယ်မောရင်း
"တာအိုရောင်းရင်း ဟန်ယွီက အားနာတတ် နေပါပြီ..ဒါက ဘာမဟုတ်တဲ့ အသေးအမွှားလေးပဲဟာ"
ထိုအခါ ဟန်ယွီက ပြိုင်မငြင်းဘဲ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်တော့သည်။
များမကြာမီပင် ကျန့်ဖန်သည် ယွင်ရှီးနှင့် ဟန်ယွီတို့ကို ကြည့်ရင်း အံ့သြသွားခဲ့သည်။
အခြေခံ အုတ်မြစ်တည်ထောင်ခြင်း တတိယအလွှာ ကျင့်ကြံသူတစ်ဦးသည် အလွန် မြန်မြန် သတိ ပြန်လည်လာနိုင်ခဲ့သည်လား။ သူတို့နှစ်ဦး ၎င်းကို အလွန်အံ့အားသင့်ခဲ့သည်။
ထိုစဉ် ကျန့်ဖန်က အဖြူရောင်ပုလင်းကလေးကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းများ မှုတ်ထုတ်လိုက်သည်။ ထို့နောက် လုရီကို ကြည့်လိုက်ပြီး ပြုံးကာ
"ကျေးဇူးတင်ပါတယ် ညီလေးလု"
ထိုအခါ လုရိီက ပြန်၍ တုံ့ပြန်ကာ ပြုံးလိုက်ပြီး
"အစ်ကိုကျန့်ဖန်ကလည်း ယဉ်ကျေးမနေပါနဲ့"
ကျန့်ဖန်က ခေါင်းညိတ်ပြီး စကားအများကြီး မပြောတော့ပါ။ လုရီက သူ့ကို အများကြီး ကူညီထားတာ ဖြစ်သည်။
သည်တစ်ခါတည်း ကူညီခြင်း မဟုတ်ပါချေ။
ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် နိုးထလာသည်နှင့်အမျှ သူတို့အားလုံး၏ မျက်နှာများတွင် ကြောက်ရွံ့သည့် ခံစားချက်တို့ ရှိနေကြသည်။
"အခု ကြုံလိုက်ရတာ သွေးသတ်ဖြတ်ခြင်း ပုံရိပ်ယောင်လား။ ပုံရိပ်ယောင်က အရမ်း လက်တွေ့ဆန်တယ်၊ အဲဒီ ကျင့်ကြံသူတွေထဲက တစ်ယောက်ဖြစ်လာသလိုပဲ ငါ့ကိုယ်ငါ ခံစားနေရတာ "
"တာအိုရောင်းရင်းလု..ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင်၊ ငါတို့က ပုံရိပ်ယောင်ထဲမှာ ပိတ်မိပြီး သေသွားတော့မလို့"
ကျင့်ကြံသူများ တစ်ယောက်ပြီး
တစ်ယောက် လုရီကို ကျေးဇူးတင်ကြောင်း ဖော်ပြကြသည်။
ခဏအကြာတွင် ကျင့်ကြံသူအားလုံး လုံးလုံးလျားလျား နိုးထလာပြီး လုရီလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် လက်ရှိတွင် အလုပ်ကို ထမ်းဆောင်နေခြင်းပါ။
မည်သူမျှ မသေဆုံးပါက၊ သူ၏ဆုကြေးကြီးသည် အကြီးမြတ်ဆုံးဖြစ်မည်။
ဤလူအားလုံးကို အသက်ရှင်လျက် ကယ်ထုတ်ခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်။
များမကြာမီတွင် လူတိုင်း ကိုယ်စီ ဝိညာဉ်စွမ်းအားအများစု ပြန်လည် သုံးစွဲနိုင်လာကြသည်။
လုရီက မတ်တပ်ထရပ်ပြီး
"ငါတို့ နားတာ လုံလောက်ပြီ၊ ဆက်သွားကြရအောင်" ဟု တိုက်တွန်းလိုက်သည်။
ဟန်ယွီနှင့် ယွင်ရှီးလည်း မတ်တပ်ထရပ်ကာ အခြားလူများက လိုက်၍ ရပ်လိုက်ကြသည်။
သူတို့သည် လျှိုမြောင်မှ ထွက်ခွာပြီး မြောက်ဘက်သို့ ခရီးဆက်ခဲ့ကြသည်။
လျှိုမြောင်မှ ထွက်ခွာသွားချိန်အထိ ပတ်ဝန်းကျင်ကို အနီရောင်ဖျော့ဖျော့ မြူခိုးများဖြင့် ဖုံးအုပ်ထားသည်ကို လုရီ သတိပြုမိသည်။ အရှေ့သို့ မြင်နိုင်စွမ်းမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။
အနီရောင်ဖျော့ဖျော့ မြူခိုးများသည် ရှေးခေတ်မှ တည်မြဲခဲ့သော လူသတ်
ရည်ရွယ်ချက် ပါ၀င်ပြီး ရံဖန်ရံခါ လူများကို သွေးသတ်ဖြတ်ခြင်းပုံရိပ်ယောင်နယ်မြေ အတွင်းသို့ ဆွဲငင်ခေါ်ဆောင်ကာ အလွန်အန္တရာယ်များလှသည်။
ကံကောင်းထောက်မစွာ လုရီကိုယ်ထဲရှိ
တာအို ဝိဉာဉ် စွမ်းအင် လေပွေငယ်သည် အလွန်အစွမ်းထက်သည်။
ထင်ယောင်ထင်မှားဖြစ်အောင် ဆွဲငင်ခံရတော့မည့်အချိန်တိုင်း၊ သူသည် ချက်ချင်းဆိုသလို နိုးထလာပြီး အခြားသူများကို နှိုးကာ လှည့်စားခြင်းသို့ သားကောင်အဖြစ်
မကျရောက်စေရန် တားဆီးပေးသည်။
သို့တိုင် လူတိုင်းသည် စိတ် ဝိညာဉ်
ပင်ပန်းနွမ်းနယ်ရသော အခြေအနေကို ရင်ဆိုင်ကြရဆဲ ဖြစ်သည်။
သို့သော် ကံကောင်းထောက်မစွာ အဓိကဧရိယာရှိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ မှိန်ဖျော့သွားသဖြင့် မှော်သားရဲ များသည် အရှိန်မပြင်းတော့ဘဲ ပတ်ဝန်းကျင်ရှိ မှော်သားရဲ အရေအတွက်သည် ယခင်ကထက် များစွာ လျော့နည်းသွားသည်။ ခရီးတစ်လျှောက်တွင် ထိုကဲ့သို့သော သားရဲများနှင့် မကြာခဏထိတွေ့မှု နည်းပါးသွားပါသည်။
၎င်းသည် အဖွဲ့အတွက် လုံခြုံရေးအတော်လေး တိုးလာသည်ဟု ဆိုနိုင်ပါသည်။
သို့သော် လုရိီအတွက်ကတော့ ဒါဟာ သတင်းကောင်း မဟုတ်ပါ။ မှော်သားရဲများ နည်းပါးလာသည်နှင့်အမျှ သူ၏ အလုပ်များ လျော့နည်းသွားသည်ပင်။
ကံကောင်းထောက်မစွာ၊ သူစုဆောင်းထားသော အသခ်ျေဝိဉာဉ် နှင်းစက် ပမာဏသည် သူ့အတွက် အချိန်အတော်ကြာအောင် ကျင့်ကြံနိုင်လောက်အောင် များပြားလှသည်။
အနီရောင် မြူခိုးတွေကို ဖြတ်ကျော်ရင်း
လုရီသည်ပင် စိတ် ဝိညာဉ် အားအင် ကုန်ခမ်းလာရသည်။ သူတို့ဟာ တစ်နေ့တာ အကွာအဝေးကို အများကြီး မသွားနိုင်ဘဲစိတ် ဝိညာဉ် အားအင် ကုန်ခမ်းသော
ကြောင့် အနားယူဖို့ နေရာရှာရသည်။
သုံးရက် တိတိ ပြည့်သည့်အခါ အရှေ့ တောအုပ် အပျက်အစီး၏ မြောက်ဘက်သို့ ရောက်လေပြီ။
ပျက်သုဥ်းသော မီးလောင်ပြင် ဒေသသို့ ရောက်ရှိခဲ့ကြသည်။
ဤဒေသရှိ သွေးနှင့် လူသတ် စွမ်းအားသည် အခြားဒေသများထက်ပင် ပိုမိုအားကောင်းနေသည်။ အဓိက ဧရိယာလောက် မပြင်းထန်သော်လည်း ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
ဤဒေသသို့ဝင်ရောက်လာသောအခါတွင် အစွမ်းထက်သော ရွှေအူတိုင် မှော်သားရဲများစွာ တည်ရှိနေသည်။ အခြေတည်
ဝိဉာဉ် မှော်သားရဲများ၏ တည်ရှိမှုကို သတိပြုမိသောကြောင့် လုရီပင်လျှင် အတတ်နိုင်ဆုံးသတိထားနေရပါသည်။
အားလုံးသည် တိတ်ဆိတ်စွာ ရှေ့သို့ တိုးသွားကြသည်။
"ဒါက ငါတို့ ကံဆိုးတာပဲ၊ ပုံမှန်ဆိုရင် အစွန်အဖျားတွေမှာ အားနည်းတဲ့ ရွှေအူတိုင် ဝိဉာဉ် သားရဲအများစုသာ ကြုံတွေ့ရမှာလေကွာ.."
"အတိအကျပြောရရင် အခုအချိန်မှာ အခြေတည်ဝိဉာဉ် မှော်သားရဲတွေတောင် အပြင်ဘက်ဒေသတွေမှာ ပေါ်လာတာပေါ့"
လူအုပ်ကြီးက ခပ်တိုးတိုး ညည်းညူလ်ုက်ကြသည်။သူတို့၏ အမူအရာများသည် အလွန် ပင်ပန်းနွမ်းနယ်မှုကို ပြသနေသည်။
စဉ်ဆက်မပြတ် ခရီးသွားရသည့် နေ့ရက်များနှင့်အတူ ကြိုကြား ကြိုကြားပုံရိပ်ယောင် နယ်မြေများထဲတွင် သက်ဆင်းရင်း ရှေးခေတ် တိုက်ပွဲများကို တွေ့ကြုံခဲ့ရသဖြင့် သူတို့သည် စိတ် ဝိညာဉ် အားအင် ကုန်ခမ်းခဲ့ကြသည်။
----------------