← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း၁၂၁- ဘက်ပေါင်းစုံက ဝန်းရံမှု...

~ ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းမှ တပည့်များသည် လုရီ၏ အစွမ်းသတ္တိကို သတိထားနေ၍ ရှေ့မတိုးဘဲ သူ့ကို ခပ်လှမ်းလှမ်းက ဝိုင်းထားသည်။

လုရီသည် ချီသန့်စင်နယ်ပယ်တွင် ကောင်းကင်ဘုံဒုက္ခကို နှိုးဆော်နိုင်သော ဒဏ္ဍာရီဆန်ဆန် ကျင့်ကြံသူ ဖြစ်သည်။

သူသည် လွန်ခဲ့သော တစ်နှစ်ခန့်ကမှ အခြေ ခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သော်လည်း သူ့အား လျှော့တွက်၍ မရပေ။

ယခု ရှိနေသော လူများနှင့်အတူ တိကျသေချာသော အောင်ပွဲတစ်ခုကို ရယူနိုင်မည်ဟု သူတို့ မယုံကြည်ပါ။

အင်အားကြီးဂိုဏ်းဝင်များ မရောက်လာမချင်း အချိန်ကြန့်ကြာအောင် ဆွဲထားရမည်။

လုရီ၏ မကြောက်မရွံ့ စကားကိုကြားတော့ သွေးဝိညာဉ်ဂိုဏ်းမှ တပည့်တစ်ဦးက ကဲ့ရဲ့ရှုံ့ချသည်။

"ဟမ့်..လုရီ၊ မင်းက အရမ်းထက်မြက်တယ်၊ ဒါပေမယ့် မရင့်ကျက်သေးတဲ့ ဉာဏ်ကြီးရှင်ဆိုတာ သာမန်လူပဲ။ သွေးဝိညာဉ်ဂိုဏ်းက ငါတို့ရဲ့ အစ်ကို ထျဲ့ဟန် ရောက်လာရင် မင်းရဲ့ အဆုံးသတ်ကို တွေ့လိမ့်မယ်!"

ထိုအခါ

ကောင်းကင်မြွေဂိုဏ်းမှ တပည့်တစ်ဦးကလည်း အားကျမခံ ဝင်ရောက်ပြောဆိုလာသည်။

"ဟေး ၊ ငါတို့ရဲ့အစ်ကို ချင်လော့ကို မွေးကတည်းက အစွမ်းထက်တဲ့ အကြီးအကဲက ပျိုးထောင်ပေးထားတာ၊ သူ့ရဲ့ ခွန်အားက အရမ်း အစွမ်းထက်တယ်။ သူရောက်လာတဲ့အခါ မင်း ဒီလို မတုန်မလှုပ် အမူအရာ ဆက်ထိန်းထားမယ်လို့ ငါမျှော်လင့်တယ်၊ဟားဟား"

တပည့်နှစ်ယောက်၏ လှောင်ပြောင်သံများက တိမ်ဖြူဂိုဏ်းမှ တပည့်နှစ်ယောက်ကို ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။

လုရီကတော့ သူတို့ကို ဂရုမစိုက်ပါချေ။

သူ့စီနီယာအစ်ကို နှစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတာကိုမြင်တော့ သူက ပြန်လည်ကုစား ဆေးဘူး နှစ်ဘူးကိုထုတ်ပြီး

"စိတ်မပူပါနဲ့ ၊ စီနီယာအစ်ကိုတို့၊ အားလုံးအဆင်ပြေတယ်။ ဒီဆေးတွေက ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ ကျောက်စိမ်းဖြူ ဆေးလုံးတွေပါ။ အမြန်သောက် လိုက်နော်"

လုရီသည် စီနီယာအစ်ကို နှစ်ယောက်ထံ ကျောက်စိမ်းဖြူ ဆေးဘူး နှစ်ဘူးထုတ်ပေးလိုက်သည်။

ကျောက်စိမ်းဖြူ ဆေးဘူးသည် အခြေ ခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ရှိသူများအတွက် ကုသဆေး ဖြစ်သည်။

လုရီသည် စစ်ဆေးရေး မျှော်စင်မှ ဆေးလုံး သန့်စင်နည်းကို ရယူခဲ့ပြီး ထူးကဲ အဆင့်အထိ ကျွမ်းကျင်နေပြီ ဖြစ်သည်။

အကန့်အသတ်မရှိ ဆေးလုံး များစွာအပါအဝင် သူ၏ လက်ရှိ မှော်ဆေးပညာ ကျွမ်းကျင်မှုဖြင့် အခြေ ခံ အုတ်မြစ် တည်ထောင်ခြင်း ဆေးလုံးကို ဖန်တီးရာတွင် အချိန်များစွာ မပေးခဲ့ရပါ။

စင်စစ်တွင် မှော်ဆေးပညာဟူသည်မှာ

နားလည် သဘောပေါက်သွားလျှင် ၎င်း၏ ကျင့်ကြံမှုမှာ မခက်ခဲဘဲ ယေဘူယျအားဖြင့် လိုက်လျောညီထွေသော သင်ယူမှုအတွက် လမ်းပွင့်စေသည်။

လုရီ ပေးအပ်လာသော ဆေးလုံးများကိုမြင်တော့ စီနီယာ အစ်ကိုနှစ်ယောက်သည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း

သူတို့သည် လက်ခံယူလိုက်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။

"ညီလေးလု ၊ မင်းက ထူးထူးခြားခြား သန်မာပေမယ့် သွေးဝိညာဉ်ဂိုဏ်းနဲ့ ကောင်းကင်မြွေဂိုဏ်းမှာလည်း သူတို့ရဲ့ ထိပ်တန်း ပါရမီရှင်တွေ ရှိတယ်။ဒီလူတွေ မင်းကို ပူးပေါင်း တိုက်ခိုက်လိုက်ရင် အရမ်းအန္တရာယ်များလိမ့်မယ်။ မင်း အမြန် ထွက်သွားသင့်တယ်" ဟု ဝမ်ချွမ်းလူက မတတ်နိုင်စွာ စကားပြန်ပြောသည်။

ယွီကျင်းကလည်း အားတက်သရော ခေါင်းညိတ်သည်။

စစ်ဆေးရေး မျှော်စင်တွင် အဆင့် နှစ်ဆယ်သုံး သို့ရောက်ရှိပြီးနောက် လုရီ၏ ကြောက်မက်ဖွယ် အစွမ်းသတ္တိကို သူတို့အားလုံး သိကြပြီး ဖြစ်သော်လည်း သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့ကလည်း ထိပ်တန်းပါရမီရှင်များ ပိုင်ဆိုင်ထားသည်။ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့တက်လှမ်းလာသော

လုရီ၏အချိန်သည် တိုတောင်းလွန်းလှသည်။

ယွီကျင်း သည် ကျောက်စိမ်းပုလင်းကိုဖွင့်ပြီး ထွက်ပြေးသောအခါတွင် နောက်ကျကျန်မနေစေရန် သူ့ဒဏ်ရာများကို ကုသမည် ပြုသည်။

ထိုအချိန်တွင် ကြွယ်ဝသော မွှေးရနံ့သည် သူ၏ ဝိညာဉ်ကို ပြန်လည် အားဖြည့်လာသည်။

ယွီကျင်း၏ မျက်လုံးများ

ထိတ်လန့်တကြား ပြူးကျယ်သွားကာ

အော်ဟစ်သည်။

"ဒီ.. ဒီဆေးရည်က.. ထိပ်တန်းအဆင့်လား? မဟုတ်သေးဘူး၊ ထိပ်တန်းအဆင့်မှာတောင် ဒီလို အစွမ်းထက်တဲ့ အာနိသင်တွေ မရှိပါဘူး။ ဒါက ပြီးပြည့်စုံခြင်းအဆင့် ကျောက်စိမ်းဖြူ ဆေးလုံးများလား။"

ထိုအချိန်တွင် လုရီကို ထွက်ပြေးဖို့ နားချနေဆဲဖြစ်သော ဝမ်ချွမ်းလူသည်

အံ့သြသွားသည်။

"???"

"ပြီးပြည့်စုံခြင်းအဆင့် ကျောက်စိမ်းဖြူ ဆေးလုံး?!"

သူတို့ နှစ်ယောက်လုံး မှင်သက်သွားသည်။

ပြီးပြည့်စုံခြင်း အဆင့် ဆေးလုံး။

ဒါကို လုရီက သူတို့ကို ပေးလာတာလား။

ထိပ်တန်းအဆင့် ဆေးလုံးသည်ပင် ဝယ်ယူရန် ဘယ်လောက် ရှားပါးလိုက်ပါသလဲ။

သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းမှ တပည့် ခြောက်ယောက်ပင်လျှင် လောဘကြီးသော မျက်လုံးအစုံဖြင့် ‌ငေး ကြည့်နေကြသည်။

လုရီ သာမန်ကာလျှံကာ ထုတ်လိုက်သည့်အရာဟာ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံး ဖြစ်လိမ့်မည်ဟု သူတို့တတွေ နည်းနည်းလေးမှ မမျှော်လင့်ခဲ့ကြပေ။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးအတွက်၊ ပြီးပြည့်စုံခြင်း အဆင့် ကျောက်စိမ်းဆေးလုံးသည် မရှိမဖြစ် လိုအပ်သော

အပို အသက် တစ်ချောင်း ဟု ဆိုနိုင်ပါသည်။

လုရီက ဒီအဖိုးတန် ဆေးကို တကယ်ပဲ ဒီအတိုင်း ထုတ်ပေးခဲ့တာလား။

လုရီက အသာအယာ ပြုံးပြီး

"ဒါကို ကံကောင်းလို့ ရခဲ့တာပါ..ကျွန်တော်ကိုယ်တိုင်က အများကြီး အသုံးမချနိုင်လို့ အစ်ကိုတို့ နှစ်ယောက်က အဲဒါကို ယူလိုက်ပါ"

စီနီယာအစ်ကို နှစ်ယောက် ရင်ထဲ ကျေးဇူးတရားအား လေးလေးနက်နက် ခံစားလိုက်ရသည်။

"ညီလေးလုက ရက်ရောပြီး ဖြောင့်မတ်တယ် ဆိုတာ အမြဲ ကြားနေရပါတယ်။ ဒီနေ့ ဒါကို မြင်တော့ ငါ မင်းကို မချီးကျူးဘဲ

မနေနိုင်အောင်ပါပဲ" ဟု ယွီကျင်းက ထုတ်ဖော်လာသည်။

ဝမ်ချွမ်းလူက လုရီကို လေးလေးနက်နက်ကြည့်ကာ ဆေးလုံးကို မျိုချလိုက်ပြီး

"စိတ်မပူပါနဲ့ ညီလေး။ မင်းရဲ့ စီနီယာအစ်ကိုတွေက မင်းဘေးမှာ သေချာပေါက် ရပ်တည်မယ်။ မင်းဟာ ငါတို့တိမ်ဖြူဂိုဏ်းရဲ့ အနာဂတ်ပဲ..အရည်အချင်းအရှိဆုံး တပည့်ပဲ၊ မင်း ဘာမှ ဆိုးဆိုးရွားရွားမဖြစ်စေရဘူး!"

ယွီကျင်းသည်လည်း ကျောက်စိမ်းဖြူ ဆေးလုံးကို မျိုချလိုက်သည် ။

အတွင်းမှ စီးဆင်းနေသော ပူနွေးသော လျှပ်စီးကြောင်းကို ခံစားလိုက်ရသည်ထက် သူတို့သည် ဆေးလုံး များကို မျိုချမိပြီး ပြင်းထန်သော နာကျင်မှုများ လျင်မြန်စွာ သက်သာသွားကာ ဒဏ်ရာများ သိသိသာသာ ပျောက်ကင်းစပြုလာသည်။

သူတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြပြီး ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးကို တစ်ခါမှ မသုံးဖူးကြသဖြင့် ၎င်း၏ အာနိသင်မှာ ဒီလောက်အထိ အစွမ်းထက်မည်ဟု တစွန်းတစမျှပင် မမျှော်လင့်ထားခဲ့ကြပေ။

သူတို့တင်မကပေ။ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် တပည့်

ခြောက်ယောက်က မနာလိုစိတ်ဖြင့် ရှုံ့မဲ့နေကြတော့သည်။

"အလို... ပြီးပြည့်စုံခြင်း အဆင့်ဆေးလုံးကို ကံဆိုးတဲ့ နှစ်ယောက်အပေါ်မှာ အလဟဿဖြုန်းတီးလိုက်တာပဲ၊ နှမြောစရာကြီး!" ဟု ကောင်းကင်မြွေဂိုဏ်းမှ တပည့်တစ်ယောက်က ငြူစူခဲ့သည်။

ကောင်းကင်မြွေဂိုဏ်းမှ တပည့်နောက်တစ်ယောက်သည်လည်း လောဘကြီးသောမျက်လုံးများဖြင့် လုရီကို ကြည့်ကာ

"ဒီကလေးက ပြီးပြည့်စုံခြင်း အဆင့်ဆေးလုံးကို ချက်ချင်းထုတ်လိုက်တာ၊ သူ့မှာ ရတနာတွေ ဘယ်လောက်များများ ပိုင်ဆိုင်ထားတာလဲ"

ဤစကားများအား ကြားလိုက်ရသောအခါကျင့်ကြံသူ ခြောက်ဦးစလုံး၏ အသက်ရှုသံများ ပိုမိုပြင်းထန်လာပြီး လုရီကို ကြည့်ရင်း သူတို့၏ မျက်လုံးများသည် ပြင်းထန်သော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ထိုအခါ လုရီ ပြုံးလိုက်ပြီး "မင်းတို့တွေ

ဂိုဏ်းက စီနီယာတွေ လာဖို့ စောင့်နေတာမလား။ဘာလဲ၊ ငါ့ကို ကိုယ်တိုင် တိုက်ခိုက်ချင်တာလား။ စမ်းကြည့်မလား။"

လုရီ၏ ယုံကြည်မှုအပြည့် ရှိသော အမူအရာကိုမြင်တော့ တပည့်အနည်းငယ်သည် အချင်းချင်း အကြည့်ချင်း ဖလှယ်ရင်း စိတ်မသက်မသာ ခံစားရသည်။

သူတို့ချင်း လျှို့ဝှက်အသံလှိုင်းများမှတစ်ဆင့် ဆက်သွယ်လာကြသည်။

"သူ့မှာ အားကိုးစရာ တစ်ခုခုရှိမယ်၊ ဝှက်ဖဲ တစ်ကတ်ကို ကိုင်ထားတာများလား"

"ဒီကောင်က ငါတို့ကို မကြောက်ဘူး၊ သူ့အစွမ်းက တော်တော်ထူးခြားလောက်တယ်။"

"ဘာပဲဖြစ်ဖြစ် သူက မသေမျိုး မျိုးစေ့ပဲလေ၊ သူ့ရဲ့ အစွမ်းသတ္တိက အံ့မခန်းဖြစ်လိမ့်မယ်၊ ငါ တို့ နောက်ထပ် စောင့်ကြရင် ကောင်းမယ်"

"စောင့်မယ်..။ ငါတို့ ဘာကို စောင့်နေမှာလဲ!သူက ပြီးပြည့်စုံခြင်း အဆင့် ဆေးလုံးတွေကိုတောင် ပေါပေါပဲပဲ ထုတ်သုံးလာတာ မင်း မမြင်ဘူးလား...သူ့မှာ ပိုကောင်းတဲ့ ရတနာတွေ ရှိရမယ်၊မင်း ဒါတွေကို

မလိုချင်ဘူးလားကွ..."

"ဒါပေမယ့်…"

တပည့်များစွာ၏ မျက်လုံးများ အလိုရမ္မက်ဖြင့် တဖျတ်ဖျတ် တောက်နေသည်။ သူတို့၏ လောဘသည် ပို၍ ပြင်းထန်လာသည်။

"စမ်းကြည့်ရအောင်။ ငါတို့ဘက်က လူ

အများကြီးပဲ၊ သူ့ကို ဘာကြောက်စရာရှိလဲကွာ"

"တိုက်ခိုက်ကြစို့။ ဒီလုရီက မသေမျိုး မျိုးစေ့ဆိုရင်တောင်မှ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို ချိုးဖျက်ထားတာ တစ်နှစ်လောက်ပဲ ရှိသေးတဲ့ လူသစ်က‌လေးပဲ၊ကောင်းကင်ကို

ဇောက်ထိုးမလှန်နိုင်ပါဘူး"

"ငါတို့ လုရီကို သတ်ပြီး သူ့ရတနာတွေကို ခွဲယူကြမယ်၊ဒါဆို ဂိုဏ်းက ပေးတဲ့ ဆုကြေးတွေလဲ ရမယ်၊အချီကြီး ပွတာပဲ"

---------------

အခန်း၁၂၂- ဘက်ပေါင်းစုံက ဝန်းရံမှု...

~ "လာ..အတူ တိုက်ခိုက်စို့"

တပည့်တစ်စု၏မျက်လုံးများတွင် စိတ်အားထက်သန်သော အရိပ်တို့ ပြည့်နေသည်။

ကောင်းကင်မြွေဂိုဏ်းမှ တပည့်တစ်ဦးသည် လုရီရှိရာသို့ ပြေးဝင် တိုက်ခိုက်လာပြီး ကြုံးဝါးသည်။

"သေပေတော့"

သူ့လက်ထဲတွင် အစိမ်းရောင်မြူထု ရစ်သိုင်းသော ဓားရှည် တစ်စင်း ကိုင်မြှောက်ထားသည်။ မြူထုသည် အမွှေးရနံ့ သင်းသင်းရပြီး အလွန် အဆိပ်ပြင်းသည်။

သို့သော် လုရီသည် ကျောက်စိမ်းဝါးကြက်ကင်ကို နေ့တိုင်း စားနေသောကြောင့် သူ၏ အဆိပ်ခုခံနိုင်ရည်က အလွန်အားကောင်းခဲ့သည်။ ထိုကဲ့သို့သော အဆိပ်သည် သူ့အတွက် မမှုလောက်ပေ။

ကောင်းကင်မြွေဂိုဏ်း၏ တပည့်က ဦးဆောင်နေသဖြင့် အခြားတပည့်များလည်း အရှေ့တက်လာသည်။

"ညီလေးလု! ငါတို့ မင်းကို ကူညီမယ်!"

ကျင့်ကြံသူ ခြောက်ဦးသည် အတူ ညှပ်ပူး ညှပ်ပိတ် တိုက်ခိုက်လာသည်ကို တွေ့လိုက်ရသဖြင့် တိမ်ဖြူဂိုဏ်းမှ စီနီယာအစ်ကိုနှစ်ဦးသည် သူတို့ကိုယ်ကိုဆက်လက်ကုသရန် အမှုမထားနိုင်ဘဲ တိုက်ပွဲတွင် ပါဝင်ရန် ကြံရွယ်ကာ အမြန်ထရပ်လိုက်သည်။

လုရီကတော့ အမူအရာ တစ်စက်မျှ ပြောင်းလဲခြင်း မရှိဘဲ ငြိမ်သက်နေခဲ့သည်။ တိမ်ဖြူဂိုဏ်းမှ စီနီယာ အစ်ကို

နှစ်ယောက်၏ ပခုံးအား ဆုပ်ကာ ပြန်ထိုင်စေသည်။

" ဘေးဖယ်ပါ၊စီနီယာ အစ်ကိုတို့

နှစ်ယောက် ကောင်းကောင်း အနားယူကြရမှာဗျ"

သူ့လက်ချောင်းများကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ခြင်းဖြင့် ရွှေရောင်

ဓားချီ တစ်ခု ရိပ်ခနဲ ဖြတ်ပြေးကာ အဖွဲ့ထဲမှ ရှေ့ဆုံးသို့ အမြန်ဆုံး ပြေးလာသော ကောင်းကင်မြွေဂိုဏ်းမှ တပည့်၏ နဖူးသို့တည့်တည့် ထိုးဖောက်သည်။

တပည့်၏ မျက်လုံးများသည် တုန်လှုပ်ခြောက်ခြားမှု အရိပ်အမြွက်တို့ ကိန်းဝပ်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသည်။

လုရီ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေပြီးသူ့လက်ကို အထပ်ထပ်အခါခါ ညွှန်ပြရင်းရွှေရောင်ဓားချီများ ဆက်တိုက် ပစ်လွှတ်သည်။တခဏချင်းမှာပဲ၊ သူသည် ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းမှ တပည့်များစွာကို သတ်ပစ်ခဲ့ပြီး မိခင်နှင့် ကလေး အသံလွှင့် ပန်းကန်လုံး ပိုးကောင်ကို မျိုချလိုက်သော တပည့်ကိုသာ ချန်ထားခဲ့သည်။

ကောင်းကင်မြွေဂိုဏ်းမှ တပည့် ဖြစ်သူသည် သူ၏ ဂိုဏ်းဝင်များနှင့် သွေးဝိညာဉ်ဂိုဏ်းမှ သူများ မျက်စိတမှိတ်အတွင်း သေကုန်ကြသည်ကို တွေ့ရသောအခါ ကြောက်ရွံ့မှု အပြည့်ဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည်

သွေးရူး‌သွေးတန်း အော်ဟစ်ပြီး လှည့် ထွက်ပြေးသည်။

လုရီက ထိုကျင့်ကြံသူလက်ကို လှမ်းကိုင်လိုက်သည်နှင့် ထိုကျင့်ကြံသူသည် ခံနိုင်ရည်မရှိသော တွန်းအားတစ်ခုအား ခံစားရပြီး ၎င်းအားက သူ့အား လုရီထံ ပြန်ပြေးလာ စေသည်။

မကြာခင်မှာပဲ ကောင်းကင်မြွေဂိုဏ်းက ထိုတပည့်သည် လုရီရှေ့မှာ သူ့ကိုယ်သူ ရောက်လာသည်ကို တွေ့ရှိခဲ့ပါသည်။

လုရီသည် ထိုကျင့်ကြံသူအား ကူကယ်ရာမဲ့သော အမူအရာဖြင့် ကြည့်ကာ ပြောသည်။

"ဟေ့ကောင်၊ မင်း ဒီမှာပဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ စောင့်နေသင့်တာ၊ ခုတော့ မင်းက သေလမ်းရှာခဲ့တာပဲ"

ထိုကျင့်ကြံသူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး လုရီအား ဘီလူးတစ်ကောင်ကို ကြည့်နေရသလိုမျိုး တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရင်း အထစ်ထစ်အအ မေးသည်။

"အစ်...အစ်ကိုကြီး ဘာလိုချင်လို့လဲဗျာ..."

လုရီ၏ မျက်နှာသည် နူးညံ့ သိမ်မွေ့သော အပြုံးတစ်ခု ဖြစ်တည်လာပြီး ခိုင်းစေသည်။

"အခု တည်နေရာကို သတင်းပို့ပြီး မင်းတို့ ကောင်းကင်မြွေဂိုဏ်းရဲ့ ချင်လော့နဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ရွှယ်ထျန်းဟန်ကို ဒီကို လာခိုင်း"

တစ်ဆက်တည်း၌ လုရီသည် ကောင်းကင်မြွေဂိုဏ်းမှ တပည့်ကို သတ်ရန် အလုပ်ကို ထုတ်လိုက်သည်။

သူတို့က သူ့ကို သတ်ဖို့ သတ္တိရှိနေလျှင် သူသည်လည်း ပြန်တိုက်ခိုက်ဖို့ ကြောက်နေမည် မဟုတ်ပါ။

ထိုသူသည် လုရီ၏ ခွန်အားကြောင့် အသေအလဲ လန့်နေကာ ကြိမ်ဖန်များစွာ ခေါင်းညိတ်ပြသည်။

လုရီသည် ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များအား အမှန်တကယ် ရောက်လာရန် စောင့်ဆိုင်းနေသည်ကို လုရီ၏ နောက်ကွယ်ရှိ စီနီယာ အစ်ကို နှစ်ယောက် တွေ့လိုက်ရသောအခါ အချင်းချင်း စိုးရိမ်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"ညီလေးလု၊ သူတို့အားလုံးလာဖို့ မင်းတကယ် စောင့်နေတာလား။" ဟု ယူကျင်းက စိုးရိမ်စိတ်ဖြင့် မေးသည်။

"ညီလေးလု၊ ချင်လော့က နာမည် သိပ်မကြီးမယ့် ကောင်းကင်မြွေဂိုဏ်းက သူ့ကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့အတွက် သူ့မှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိရမယ်။ ရွှယ်ထျန်းဟန်ကကျ နာမည်ဆိုးနဲ့ အလွန်အစွမ်းထက်တယ်၊ သူက ရွှေအူတိုင် ပဉ္စမအလွှာ ကျင့်ကြံသူကိုတောင် သတ်ပစ်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေတောင် ရှိသေးတယ်" ဟု ဝမ်ချွမ်းလူက စိုးရိမ်တကြီး ပြောသည်။

လုရီ အံ့သြသွားပြီး မျက်ခုံးပင့်လိုက်သည်။

ရွှယ်ထျန်းဟန်က ရွှေအူတိုင် ပဉ္စမအလွှာ ကျင့်ကြံသူကို သတ်နိုင်ခဲ့တာလား။

ရွှယ်ထျန်းဟန်လည်းပဲ ကောင်းကင်ဘုံ တာအိုကန့်သတ်ချက်ကို အရမ်းထူးခြားတဲ့ ခွန်အားနဲ့ ဖြတ်ကျော်ခဲ့တဲ့ ပါရမီရှင်

တစ်ယောက် ဖြစ်နေမလား။

သို့သော်လည်း လုရီ အနည်းငယ်သာ

အံ့သြသွားပါသည်။

သူက ပေါ့ပေါ့ပါးပါး ရယ်မောရင်း အာမခံသည်။

" စီနီယာ အစ်ကိုနှစ်ယောက် စိတ်မပူနဲ့၊

ကုသဖို့ပဲ အာရုံစိုက်ပါ"

ဝမ်ချွမ်းလူ နှင့် ယွီကျင်းတို့သည် အကြည့်ချင်းဖလှယ်ကြပြီး ခါးသက်စွာ ပြုံးလိုက်ကြသည်။

ဤအခြေအနေများအောက်တွင် ကုသခြင်းကို မည်သို့ အာရုံစိုက်နိုင်မည်နည်း။

.....

ထိုသို့ လုရီ တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေစဉ်တွင် အရှေ့ တောအုပ် အပျက်အစီးနယ်မြေများအပြင် အရပ်ရပ်တွင် ပြန့်ကျဲနေသော ကျင့်ကြံသူများသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်း၏ လှုပ်ရှားမှုများကို ချက်ချင်း တွေ့ရှိခဲ့သည်။

လူသူကင်းမဲ့သော တော၌ အဖြူရောင် ဆံပင်တိုနှင့် အင်အားပျော့နွဲ့ပုံ ရသော ခပ် ချောချော လူငယ် တစ်ဦးသည် ပြင်းထန်သောကျားကိုယ်၊မြွေခေါင်းရှိ မှော်သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည်။

သားရဲ၏ အရှိန်အဝါသည် ရွှေအူတိုင်နယ်ပယ်ခွန်အားဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

နူးညံ့သိမ်မွေ့သော ရုပ်ရည်ရှိသော လူငယ်သည် အမူအရာ ကင်းမဲ့စွာဖြင့် သူ၏ သွယ်လျလှသော လက်ဖဝါးများဖြင့် လေထုအား ဆုပ်ယူလိုက်သည်။ဧရာမ ရေခဲ လက်ဖဝါးကြီး တစ်ခု ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး ကျားကိုယ်၊မြွေခေါင်း မှော်သားရဲအား ဖမ်းချုပ်ထားသည်။

သားရဲသည် ဒေါသ အရှိန်ဖြင့် အသံအကျယ်ကြီး မာန်ဖီရင်း ၎င်း၏ခန္ဓာတစ်ဝိုက်တွင် သွေးရောင်များ ပျံ့နှံ့သွားကာ တဟုန်ထိုး လှုပ်ရှားခဲ့သည်။ ၎င်းက ရေခဲလက်၏ ချုပ်နှောင်မှုကနေ ရုန်းထွက်ဖို့ အသည်းအသန် ကြိုးစားရင်း ဘေးတစ်ဖက်ကို ခုန်တက်သွားသည်။

သို့သော် ရေခဲလက်သည် ဟင်းလင်းပြင်ကို ပိတ်ဆို့နေပြီး တစ်ဆင့်ပြီး တစ်ဆင့် ပိတ်သွားခဲ့သည်။ အသာစီးရရန် သားရဲ၏ နေရာလွတ် လျော့ပါးသွားပြီး နောက်ဆုံးတွင် ရေခဲ လက်ကြီးထဲတွင် လုံးဝ ဖျစ်ညှစ်ခံရသည်။

ဂျွတ် ...

ဂျွတ်..

ရေခဲလက်သည် အဆက်မပြတ် တင်းကျပ်လာကာ ၎င်း၏ အက်ကွဲကြောင်းများမှ သွေးစီကြောင်းများ စိမ့်ထွက်ကာ နောက်ဆုံးတွင် ကွဲအက်သွားသည်အထိ ဖြစ်ခဲ့သည်။ ရေခဲလက်ကြီးအတွင်းမှ သားရဲသည် ပြင်းထန်သော အေးစက်မှုနှင့်အတူ စိမ်ထားသော သွေးအတုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။

သိမ်မွေ့သော ရုပ်ရည်ရှိသည့် လူငယ်၏ အမူအရာမှာ မပြောင်းလဲပေ။ သူသည် အရှေ့ကို ခြေလှမ်းကျဲကျဲ လျှောက်သွားကာ မှော် သားရဲ စောင့်ကြပ်သည့် နေရာမှ အနက်ရောင် ပန်းတစ်ပွင့်ကို ဆွတ်ခူးလိုက်သည် ။

ထိုအချိန်တွင် လူငယ် တစ်ဦး လျင်မြန်စွာ ချဉ်းကပ်လာပြီး သိမ်မွေ့သော ရုပ်ရည်ရှိသော လူငယ်၏ ရှေ့သို့ ပြေးလာကာ

"အကိုကြီး ဟန်ယွီ၊ပြသနာ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားပြီ"

ဟန်ယွီက မျက်နှာ အမူအရာ ကင်းမဲ့စွာဖြင့် လှည့်ကြည့်ကာ မေးလာ၏။

"ဘာဖြစ်တာလဲ"

"ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းတို့ ပူးပေါင်းပြီး တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုးမျိုးစေ့ ကောင်လေးကို လိုက်ဖမ်းဖို့ ကြံျျိ

ရွယ်ထားတယ်၊ အဲ့ဒီ မသေမျိုး မျိုးစေ့

ကောင်လေးကို ရှာတွေ့ခဲ့ပြီး အခုအချိန်မှာ ဂိုဏ်းနှစ်ခုလုံးရဲ့ တပည့်တွေက အဲ့ဒီနေရာကို အပြေးအလွှား သွားနေကြတယ်" ဟု လူငယ်က အမောတကော ပြောသည်။

ဒါကို ကြားလိုက်သည်နှင့် တပြိုင်နက်

နောက်ဆုံးမှာတော့ ဟန်ယွီ၏ တည်ငြိမ်သော မျက်နှာက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုးမျိုးစေ့…”

တိမ်ဖြူဂိုဏ်းတွင် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ အဆင့် ချိုးဖျက် ဝင်ရောက်သောအခါ ကောင်းကင်ဘုံ ဒုက္ခကို အစပျိုးခဲ့သည့်

မသေမျိုး မျိုးစေ့ တစ်ယောက်ရှိသည်ဟူသည့် သတင်းအား လွန်ခဲ့သည့်

လအနည်းငယ်က သူ ကြားခဲ့ဖူးသည်။

ပြိုင်ဘက်ကင်း မသေမျိုး စွမ်းရည်အား အေးခဲ ဆောင်းရာသီ တောင်ကြားမှ စွမ်းအားကြီးသော အကြီးအကဲများပင်လျှင် အလွန် အထင်ကြီးကာ တိမ်ဖြူဂိုဏ်းအတွက် နှစ်တစ်ထောင် သာယာဝပြော

ဦးမည်ဟု အတပ်ပြောကြသည်။

ဟန်ယွီသည် ဤမသေမျိုး မျိုးစေ့၏ စွမ်းရည်ကို ကိုယ်တိုင်သွား၍ စူးစမ်းချင်စိတ် ပေါက်သွားသည်။

ဟန်ယွီက ခဏလောက် စဉ်းစားပြီး "သူတို့ဘယ်မှာလဲ" ဟု လူငယ်အား မေးလိုက်သည်။

“ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းက တပည့်တွေက လမိုက် တောအုပ်ဆီကို ဦးတည်နေကြပါတယ်၊ အဲ့ဒါကြောင့်

သူတို့က အဲ့ဒီနေရာမှာ ရှိနေနိုင်တယ်” ဟု လူငယ်က ပြန်ဖြေသည်။

"သွားကြည့်ရအောင်"

.....

ထိုအချိန်တွင် ပန်းများ ပွင့်နေသောတောင်ကြားတစ်ခု၌....

ယွင်ရှီးသည် ကြည်နူးသော အပြုံးရိပ်

တစ်ခုနှင့်အတူ အရောင်အသွေး စုံလင်သော ပန်းပင်များအကြားတွင် လှည့်လည်နေသည်။

------------------

အခန်း၁၂၃- ဘက်ပေါင်းစုံက ဝန်းရံမှု...

~ "ဒီမှာလား?" ဟု ယွင်ရှီးက သူမဘေးက ပန်းတွေကို မေးသည်။

ပန်းပွင့်များသည် အသက်ဝင်သလို ယိမ်းနွဲ့ပြသည်။

ယွင်ရှီသည် ပြုံးပြီး ရှေ့ကို လျှောက်သွားလိုက်သည်။ သိပ်မကြာခင်မှာပဲ သူမဟာ နှင်းလို ဖြူဆွတ်သော ကြာပန်းဖြူ ပွင့်နေသည့် ရေကန်တစ်ခု ရှေ့သို့ ရောက်လာသည်။ထိုရေကန်ရှေ့မှ ထူးဆန်းသည့် အသံတွေ ထုတ်လွှတ်ထားသည်။

"အိုး..ကံကောင်းပြီ၊ ဒီလို ကျောက်စိမ်းကြာဖြူပန်းကြီးဟာ အရမ်းဆေးဖက်ဝင်တယ်၊ သက်တမ်း နှစ်ပေါင်းရာနဲ့ချီ ရှိနေနိုင်တာ.."ဟု သူမက ချီးကျူးခဲ့သည်။

ထိုအချိန်တွင် ကြက်သွေးရောင်အမွေးများဖုံးလွှမ်းနေသော မျောက်ကြီးတစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာပြီး

ယွင်ရှီးကို ဒေါသတကြီး မာန်ဖီလိုက်သည်။

ယွင်ရှီးက ပြုံးနေတုန်းပင်။

"မျောက်ကလေး၊ ဒီကျောက်စိမ်းကြာဖြူကို ငါ့အတွက် ခွင့်ပြုပေးမလား" ဟု မေးလိုက်သည်။

ဧရာမမျောက်ကြီးက ဝူးခနဲ ဟိန်းဟောက်ပြီး ယွင်ရှီးကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

ယွင်ရှီး၏အပြုံးသည် မပြောင်းလဲဘဲ၊ ပတ်ဝန်းကျင်ရှိပန်းများ လှုပ်ယမ်းသွားကာ အမွှေးရနံ့များ ပတ်ပတ်လည်တွင် ပျံ့လွင့်လာသည်။ မကြာခင်မှာပင် မျောက်ကြီး၏ ခန္ဓာကိုယ်သည် ပျော့ခွေလာပြီး မြေပြင်ပေါ်တွင် လဲလျောင်းကာ ဖြည်းညှင်းစွာ အိပ်ပျော်သွားလေသည်။

ယွင်ရှီးက တခစ်ခစ်ရယ်ပြီး

"ဒီလောက်ကြီးလာဖို့ မလွယ်ဘူး ၊ဒါကြောင့် မင်းကို ငါမသတ်ဘူး"

သူမသည် ကျောက်စိမ်းကြာဖြူနားသို့

လှပစွာ တိုးလာကာ ပန်းပွင့်ကို ညင်သာစွာ ပွတ်သပ်ရင်း “ကောင်းပြီ၊ အစေ့တွေပဲ ယူလိုက်မယ် ၊မင်းအတွက် မထိခိုက်ပါဘူး” ဟု ရယ်မောကာ ပြောလိုက်သည်။

စကား နားလည်ပုံ ရသော ကျောက်စိမ်းကြာဖြူသည် ၎င်း၏အစေ့များကို

စိတ်လိုလက်ရ ထွေးထုတ်ကာ

ယွင်ရှီး၏လက်ထဲသို့ သွန်းလောင်းပေးသည်။

ယွင်ရှီးသည် မျိုးစေ့များကို ကောက်ယူပြီး ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမ၏ နူးညံ့သော လက်ကို တစ်ချက် ဝှေ့လိုက်တော့အစိမ်းရောင် အလင်းတန်းများက ကျောက်စိမ်းကြာဖြူပန်းကြီးထဲသို့ စိမ့်ဝင်သွားသည်။

"ဒါက ကျေးဇူးတင်တဲ့ လက်ဆောင်ပဲ"

ကျောက်စိမ်းကြာဖြူသည် အစိမ်းရောင်အလင်းကို စုပ်ယူလိုက်ပြီး ချက်ချင်းပင် တောက်ပသော အလင်းတန်း၌ ခြုံလွှမ်း၍ ၎င်း၏ အမြစ်များကို ထပ်ခါတလဲလဲ လှုပ်ယမ်းစေခဲ့သည်။

ယွင်ရှီး ပြုံးနေတုန်းပဲ ကျောက်စိမ်းကြာဖြူကို လက်ဝှေ့ယမ်းပြခဲ့သည်။

"ဒါဆို နှုတ်ဆက်ခဲ့တယ်"

သူမသည် ခြေလှမ်း ပြန်လှည့်ပြီး ထွက်ခွာဖို့ ပြင်သည်။

သူမသည် ပန်းပွင့် တောင်ကြားမှ ထွက်လာစဉ် ပန်းတစ်သောင်း ဂိုဏ်းမှ တပည့်နှစ်ယောက် မြေပေါ် ပျံဝဲ ဆင်းသက်လာခဲ့သည်။

တပည့်များထဲမှ တစ်ယောက်က ပြောသည်။

"အစ်မယွင်ရှီး၊ ကြီးကြီးမားမား ပြသနာ တက်နေပြီ! ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းက တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ကို ပူးပေါင်းပြီး သတ်ကြတော့မလို့တဲ့"

ယွင်ရှီး၏ လှပသော မျက်တောင်များ ပုတ်ခတ်သွားပြီး သိလိုစိတ် ပြင်းပြလာသည်။

"မသေမျိုး မျိုးစေ့၊ အို... သူက အရမ်းအစွမ်းထက်နိုင်တယ်လို့ ငါ့ အဘွားပြောတာ ကြားဖူးတယ်။ သူက အနာဂတ်မှာ အစစ်အမှန် မသေမျိုး တစ်ပါး ဖြစ်လာနိုင်

မလား"

ထိုအခါ ပန်းတစ်သောင်းဂိုဏ်းမှ တပည့်တစ်ဦးသည် “ဟွန့်..အရည်အချင်းရှိသူ အများအပြားရှိပေမယ့် အစစ်အမှန်

မသေမျိုးအဖြစ် ဘယ်နှစ်ယောက်များ ဖြစ်လာနိုင်လို့လဲ” ဟု အထင်အမြင်သေးသော လေသံဖြင့် လှောင်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ မသေမျိုး မျိုးစေ့ရဲ့ ပင်ကိုယ်စွမ်းရည်က ထူးကဲရမယ်၊ မဟုတ်ရင် ချီသန့်စင်နယ်ပယ်နဲ့ ကောင်းကင်မိုးကြိုးကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး" ဟု ပန်းတစ်သောင်းဂိုဏ်းမှ အခြားတပည့်

တစ်ဦးက ထပ်လောင်း ပြောသည်။

ယွင်ရှီးက သူမ မျက်လုံးတွေကို မှေးစင်းထားပြီး ပြုံးကာ နှိုးဆော်သည်။

"ဒါဆို သွားကြည့်ရအောင်"

"မသေမျိုး မျိုးစေ့ကို စမ်းသပ်ကြည့်မလို့တာလား၊ အစ်မယွင်ရှီး"

ယွင်ရှီးက ပြုံးပြီး ပြန်ပြောသည်။

"တကယ်တော့ ငါ ရွှယ်ထျန်းဟန်ကို သတ်မှာ၊ သူပြီးခဲ့တဲ့ အကြိမ်က ပန်းတစ်သောင်းဂိုဏ်းက ငါတို့ညီအစ်မတစ်ယောက်ကို သတ်ခဲ့တာ မဟုတ်ဘူးလား"

စကားပြောနေစဉ် ယွင်ရှီးသည် ခြေ

တစ်လှမ်း လှမ်းလိုက်သောအခါ ကြီးမားသော အကွာအဝေးသို့ ချက်ချင်းရောက်သွားသည်။ ခြေလှမ်းအနည်းငယ်ကြာပြီးနောက် သူမ ပျောက်ကွယ်သွားခဲ့သည်။

ပန်းတစ်သောင်းဂိုဏ်း၏ တပည့်နှစ်ယောက်သည် အမူအရာများ ပြောင်းလဲသွားကာ

"အိုး၊ အစ်မယွင်ရှီးကို ငါတို့ တည်နေရာ

မပြောရသေးဘူး"

"အစ်မယွင်ရှီးက အရမ်း စိတ်မြန်နေတုန်းပဲ... မြန်မြန် သူ့နောက်ကို လိုက်ကြစို့။"

"ငါတို့ သူ့ကို မီပါ့မလား?"

"စကား​တွေ ရပ်​ပြီး အခု သွားစို့​!"

...

လမိုက် သစ်တောတွင်၊ လုရီသည် သူ့ရှေ့တွင် မီးပုံကြီးတစ်ခု ဖိုထားသည်။

ထိုမီးပုံအနားတွင် သူက အေးအေးဆေးဆေးထိုင်ကာ ရွှေအသားတစ်ပိုင်းကို ကင်နေသည်။ ရွှေအသားကင်နံ့က အနံ့ မွှေးပျံ့နေသည်။

သူ့ဘေးတွင် ယွီကျင်းနှင့် ဝမ်ချွမ်းလူ တို့သည် တင်ပျဉ်ခွေထိုင်ကာ ကုသနေကြသော်လည်း သူတို့၏ လည်ချောင်းများ အဆက်မပြတ် တံတွေး မြိုချနေရသည်မှာ ထင်ရှားသည်။

တစ်ဖက်တွင်၊ ကောင်းကင်မြွေဂိုဏ်းမှ တပည့်တစ်ဦးသည် လုရီ၏မျက်နှာအား ခပ်ကြောက်ကြောက်ဖြင့် ထုံကျဉ်စွာ ကြည့်နေသည်။

သို့သော် ထိုရွှေအသားကင်များကို မြင်သောအခါ သူသည် တံတွေး မျိုမချမိဖို့

မထိန်းနိုင်ပါ။

ဒါက သူ့အပြစ် မဟုတ်ပေ။ ကင်ထားသည့် အသားက လေထုထဲမှာ အင်မတန်မှ မွှေးပျံ့ နေလေသည်။

ကောင်းကင်မြွေဂိုဏ်းမှ တပည့်များသည် စကားလုံးဝမပြောနိုင်။

ဤမသေမျိုးမျိုးစေ့ ကောင်သည် အဘယ်ကြောင့် အလွန်ကောင်းမွန်သော ဝိညာဉ်အစာ ချက်ပြုတ် စွမ်းရည်ကို ပိုင်ဆိုင်ထားသလဲ ။

ဤအသားကင်သည် သိသိသာသာပင် ဝိညာဉ်အစားအစာ ဖြစ်သည်။ ထိုမျှသာမကလေး၊၎င်းသည် ထိပ်တန်းအဆင့်ဖြစ်သည်။ ထိုသို့မျှ မဟုတ်လျှင် ဒီလိုထူးခြားသော ရနံ့မျိုး ဘယ်လို ရှိနိုင်မလဲ။

လုရီ မီးဖို၌ ကင်နေသော အသားကင်ကို တစ်ဖန် တစ်ဖက်သို့ ပြန်လှန်၍ ဝိညာဉ်စွမ်းအား အမျှင်များ ပေါ့ပေါ့ပါးပါး ပေါင်းစပ်ကာ အသားအတွင်းမှ ငုပ်လျှိုးနေသော ဝိညာဉ်စွမ်းအားကို အသက်သွင်းစေသည်။ သူ့ကိုယ်ပိုင် ဖန်တီးထားသော ဟင်းခတ်အမွှေးအကြိုင်အချို့ကို ဖြန်းလိုက်သည်။

ထို့နောက် ကျေနပ်စွာ ပြုံးပြီး "စားဖို့ အဆင်သင့်ဖြစ်ပြီပဲ" ဟု ရေရွတ်လိုက်သည်။

ယွီကျင်း နှင့် ဝမ်ချွမ်းလူ တို့သည် တစ်ချိန်တည်းတွင် မျက်လုံးများဖွင့်ကာ ကင်ထားသော အသားများကို မျှော်လင့်တကြီး ငေးကြည့်နေကြသည်။

သူတို့၏ ထက်သန်သော အမူအရာတွေကို မြင်တော့ လုရီက သဘောတကျ ရယ်ပြီး

"ခင်ဗျားတို့တွေ ဒဏ်ရာကနေ ဘယ်လိုသက်သာလာလဲ" ဟု မေးလိုက်သည်။

ယွီကျင်းက ကျေးဇူးတင်စွာ ပြောရှာသည်။

"ဂျူနီယာ ညီလေးရဲ့ ပြီးပြည့်စုံခြင်းအဆင့် အဖြူရောင် ကျောက်စိမ်းဆေးလုံး ကျေးဇူးကြောင့်ပါကွာ၊ ငါ အပြည့်အဝ ပြန်ကောင်းလာပါပြီ"

ဝမ်ချွမ်းလူက အလေးအနက် မျက်နှာထားဖြင့်

"နည်းနည်းတော့ အားနည်းနေတယ်လို့ ခံစားရတယ်။ အာဟာရ ဖြည့်ဖို့ လိုသလိုပဲ.."

လုရီက ရယ်လိုက်သည်။

"ဟားဟား၊ အစ်ကိုတို့လည်း ဒီအသားကင်တွေကို စားရပါမယ်ဗျ"

"ကျေးဇူးတင်ပါတယ် ညီလေးရာ!"

သူတို့နှစ်ဦးသည် ဤစကားများကို စောင့်မျှော်နေခြင်းသာ။ လုရီအား အသားကင် ဝေလာပေးရန် စိတ်အားထက်သန်စွာ စောင့်နေကြတော့သည်။

လုရီက သူတို့ကို တစ်ပိုင်းစီ ပေးလိုက်သည်။ ယွီကျင်းက အသားကင်ကို ကိုက်မြည်းလိုက်ရာ ရုတ်တရက် မျက်လုံးတွေ ဝင်းလက်လာပြီးနောက် လုရီကို အံ့အားသင့်စွာ စိုက်ကြည့်ကာ ချီးကျူးပါတော့သည်။

"ဂျူနီယာညီလေးလု၊ မင်းရဲ့ အရည်အချင်းတွေက ပြိုင်ဘက်ကင်း ဖြစ်ပြီးတော့ မင်းဒီလို ဝိညာဉ်အစာတွေတောင် ချက်ပြုတ်နိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။"

"အားလပ်ချိန်မှာ လေ့ကျင့်ထားတာပါ"ဟု လုရီက ပြုံးပြီး တုံ့ပြန်သည်။

ထိုအခါ ယွီကျင်းနှင့် ဝမ်ချွမ်းလူတို့

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကြပြီး မျက်နှာတွင် ဝမ်းနည်းနေသည့် အရိပ်တို့ ထပ်တူညီစွာ ထွက်ပေါ်လာသည်။

ကိုယ့်ကိုယ်ကို တခြားသူတွေနှင့် နှိုင်းယှဥ်ကြည့်ရတာ တကယ့်ကို စိတ်ပျက်စရာပါပဲ။

လုရီတွင် ပိုမိုကောင်းမွန်သော ကျင့်ကြံမှု

စွမ်းရည် ရှိရုံသာမက သူ ချက်ချင်း ဖန်တီးလိုက်သော ဝိညာဉ်အစာသည်လည်း အလွန် အစွမ်းထက်သည်။

ဒီအကြောင်းကို ဘယ်သူ့ကိုတောင် တိုင်တန်းနိုင်မလဲ။

နှစ်ယောက်သား တစ်ယောက်ကို

တစ်ယောက် ကြည့်ကာ ပါးစပ်ပိတ်သွားပြီး တိတ်တိတ်လေး စားသောက်နေကြသည် ။

လုရီက သူတို့ကို ကြည့်ပြီး ပြုံးပြကာ

သူ့ညာဘက်က သစ်တောအုပ်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် သေးငယ်သော အားလှိုင်းများ ဖုံးကွယ်ထားခဲ့သည်။ သူ၏ ပြင်းထန်သော ဝိညာဉ်စွမ်းအားကြောင့်သာ မဟုတ်ပါ သတိထားမိဖို့ မပျက်ကွက်ခဲ့ပါ။

သူတို့သည် အဝေးတွင် တဝဲလည်လည်နှင့် မချဉ်းကပ်ဘဲ လုရီကို ရန်ငြိုးအနည်းငယ်သာ ထုတ်လွှတ်ထားကြသည်။

သူတို့သည် သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းမှ ဖြစ်ရမည်၊ ၎င်းတို့သည် ယှဉ်ပြိုင်ရန် မနိုင်ဟု ထင်၍သာ သူတို့ နေရာ၌ စောင့်နေကြခြင်းပင်။

လုရီသည် မြေပြင်ပေါ်တွင် လဲနေသော ထုံထိုင်းသော အမူအရာနှင့် ကောင်းကင်မြွေဂိုဏ်းမှတပည့်ကို ငုံ့ကြည့်ကာ သူ့နှုတ်ခမ်းများက အပြုံးမဟုတ်သော မဲ့ပြုံး ပြုံးလိုက်သည်။

ဒီကောင်က သတင်း ပေါက်ကြားခဲ့တာဖြစ်မယ်။

သို့သော် ချင်လော့နှင့်ရွှယ်ထျန်းဟန်

မကြောက်သရွေ့ လုရီသည်လည်း ဂရုမစိုက်ပါ။

ချင်လော့ နှင့် ရွှယ်ထျန်းဟန် တို့သည် ဉာဏ်ကြီးရှင်များ ဖြစ်ကြပြီး သူတို့ကိုယ်သူတို့ များစွာ ယုံကြည်ချက် ပြင်းထန်ကြသည်မှာ သေချာသည်။ သူ့အနေနှင့် အကြွင်းမဲ့ ခွန်အားမပြသလျှင် ထိုသူတို့ကို ကြောက်လန့်စေဖို့ ခက်လိမ့်မည်။

သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းမှ အခြားတပည့်များအား ကိုင်တွယ်ရာတွင် သူ၏ အကြွင်းမဲ့ခွန်အား မလိုအပ်ပါ။

ထိုစိတ်နှင့် လုရီသည် စိတ်မပူတော့ဘဲ ငါးကြီးက ငါးစာကို ဟပ်မည့် အချိန်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင်ပင် ဤနေရာသို့ လူရိပ်တစ်ခု ရိပ်ခနဲ ဖြတ်ပြေးလာသည်။ လုရီ အံ့သြသွားပြီး မျက်ခုံးပင့်လိုက်သည်။

၎င်းက အတန်ငယ် ရင်းနှီးသော တည်ရှိမှုတစ်ခု ဖြစ်သည်။

မကြာခင်မှာပဲ တင်းမာနေသည့်အမူအရာနှင့် ကျန့်ဖန် တစ်ယောက် အဝေးကနေ

အမြန်ပြေးလာခြင်းပါ။

လုရီ ကြောင်သွားပြီး မေးသည်။

"အစ်ကိုကျန့်ဖန်.. ခင်ဗျားဘာလို့ ပေါ်လာတာလဲ"

-------------

All Chapters