← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း၁၂၄ - သေမျိုး လောကက ပြိုင်ဘက်ကင်း...

~ကျန့်ဖန်က လုရီကိုယ်မှာ ထိခိုက်မှုမရှိသည့် အခြေအနေကို မြင်လိုက်ရမှ စိတ်သက်သာရာ ရကာ သက်ပြင်းချလိုက်သည်။

“ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းက တပည့်တွေ အတူတူ လှုပ်ရှားနေတာကို တွေ့ခဲ့ရပြီး သူတို့အားလုံး တူညီတဲ့ ဦးတည်ရာကို ဦးတည်နေကြတာကို ငါ တွေ့ခဲ့တယ်။ သူတို့နဲ့ ပတ်သတ်ပြီး မသက်ာလို့ ကောင်းကင်မြွေဂိုဏ်းရဲ့ တပည့်တစ်ဦးကို ဖမ်းပြီး စစ်မေးခဲ့တာပေါ့။ ဂျူနီယာညီလေးလု..သူတို့ မင်းကို ချောင်းမြောင်းဖို့ ကြံစည်နေတာကို တွေ့လိုက်ရတော့ ငါ မင်းအတွက် ကူညီဖို့ အမြန်ပြေးခဲ့တာပဲ.."

ကျန့်ဖန်သည် အမောတကောဖြစ်နေသေးသည်ကို သတိပြုမိတော့ လုရီ

ဖျော့တော့စွာ ပြုံးကာ သူ့နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ကျန့်ဖန်ကို အရင်က သူ ကူညီခဲ့တာ မမှားခဲ့ဘူးဟု ဆိုရပါမည်။

လုရီက ရင်းနှီးစွာ ရယ်လိုက်ပြီး

"အစ်ကိုကျန့်ဖန် စိတ်ပူစရာ မလိုပါဘူး။ လာပါ၊ခင်ဗျား ကျွန်တော်တို့နဲ့ အသားကင် အတူလာစားလေ"

အနီးနားရှိ ယွီကျင်း နှင့် ဝမ်ချွမ်းလူ တို့လည်း ကျန့်ဖန် ရောက်ရှိလာသည်ကို မြင်လိုက်ရ သောအခါ မျက်နှာများ ဝင်းပသွားကြသည်။

ထိုအခါ ယွီကျင်းက မန်းကတန်းပြောသည်။

"ကျန့်ဖန် ဒီမှာ ရောက်နေတာလား၊ဂျူနီယာညီလေးလု နဲ့ ရင်းနှီးတယ်မလား၊၊ သူ့ကို နားချဖို့ ကြိုးစားပါဦးကွာ၊ ငါတို့မှာ ခရီးထွက်ဖို့ အချိန် ရှိသေးတယ်၊ ပြောရရင် ညီလေးလုက ခဏတာပဲ ကျင့်ကြံရသေးတာ၊ ပိုသန်မာဖို့ စောင့်ပြီးမှ သွေးဝိဉာဉ် ဂိုဏ်းနဲ့ ကောင်းကင်မြွေဂိုဏ်းကို သူ ရင်ဆိုင်နိုင်တာပဲ၊ ဒီလို အရဲကိုးစရာ မလိုအပ်ဘူး"

ဝမ်ချွမ်းလူကလည်း ခေါင်းတညိတ်ညိတ်လုပ်ပြီး

"ဟုတ်တယ် ၊ကျန့်ဖန်၊ ညီလေးလုကို နားဝင်အောင် ပြောပါဦးကွာ၊ငါတို

နှစ်ယောက်က သူ့ကို မဖျောင်းဖျနိုင်ဘူး၊

ချင်လော့နဲ့ ရွှယ်ထျန်းဟန်က ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက်တွေပဲ၊ စော်ကားလို့

မရဘူး နော်"

ဒါကိုကြားတော့ ကျန့်ဖန်က လုရီကို အကဲခတ်ရင်း လုရီ၏ တည်ငြိမ်သည့်အမူအရာကို မြင်တော့ စိတ်လိုလက်ရ ရယ်လိုက်သည်။

သူက လုရီ နံဘေးမှာ ထိုင်ချလိုက်ပြီး

"ဂျူနီယာညီလေးလုက ဆက်နေဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ မင်းရဲ့စီနီယာအစ်ကိုက မင်းကို အဆုံးထိ အဖော်ပြုပေးတာပေါ့၊ငါတို့မှာ ဝိုင်ရှိလား၊ အသားကင်က နည်းနည်း အာခြောက်တယ်ကွ"

လုရီက ပြုံးပြီး သမာဓိ ဝိဉာဉ်နှင်းစက် ဝိုင်ကို ထုတ်ပြပြီး ဖိတ်ခေါ်သည်။

"ဒီမှာ ဝိုင်ကောင်းကောင်း ရှိသေးတယ်၊ ခင်ဗျား သဘောကျ သောက်ပါ"

သမာဓိ ဝိဉာဉ်နှင်းစက်ကို မြင်လိုက်ရတော့ ကျန့်ဖန် မျက်လုံးတွေ ပျော်မြူးသည့် အရိပ်တို့ သမ်းသွားပြီး နှုတ်ခမ်းကို သပ်လိုက်ကာ

"သမာဓိ ဝိဉာဉ်နှင်းစက် ၊ အလို၊ ငါနောက်ဆုံးအကြိမ် သောက်ခဲ့ရတာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပဲ ၊ အခု ဒါကို ပြန်မြည်းစမ်းနိုင်ပြီ"

ယွီကျင်း: "..."

ဝမ်ချွမ်းလူ: "..."

သူတို့ နှစ်ယောက်က သမာဓိ ဝိဉာဉ်နှင်းစက်ကိုလည်း မြင်ရော မျက်လုံးများ အရောင်လက်ကာ စိတ်အားထက်သန်နေသည့်

ကျန့်ဖန်ကို ကြည့်ပြီး အနည်းငယ် ထုံသွားသလို ခံစားလိုက်သည်။

သူတို့ချင်း မျက်နှာရိပ်မျက်နှာကဲ ပြလိုက်ပြီးနောက် နှစ်ယောက်စလုံး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။

"ကျန့်ဖန် ၊ မင်း ဘာလုပ်နေတာလဲ"

" ကျန့်ဖန်၊ မင်းက ဒီမဆင်မခြင် လုပ်တဲ့

ညီလေးလုကို မြှောက်ပေးနေတာလား"

ထိုအခါ လုရီက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး တိုက်တွန်းသည်။

"စီနိီယာနှစ်ယောက် စိတ်ပူရင် အရင်ထွက်သွားလိုက်ပါ။ နောက်ဆို ထွက်မသွားနိုင်ဘဲ နေမယ် "

သူ့စကားကိုကြားတော့ ယွီကျင်းနှင့်

ဝမ်ချွမ်းလူ မျက်နှာထားများ လေးနက်လာသည်။

ယွီကျင်းက ပါးစပ်ဟလာသည်။

"ဂျူနီယာညီလေး၊ မင်း ငါတို့ကို ပေါ့ပေါ့တန်တန် တွေးရင် မှားသွားပြီ!"

"အတိအကျ ပြောရရင် မင်းရဲ့အကူအညီကြောင့်မဟုတ်ရင်၊ ငါတို့ ခြုံခိုတိုက်ခိုက်ခံရပြီးသားဖြစ်မှာပါ။ မင်းက ငါတို့ဒဏ်ရာတွေကို ကုစားဖို့ ကျောက်စိမ်းဖြူ ဆေးလုံးတွေ ထုတ်ပေးခဲ့တယ် ဆိုတဲ့အချက်ကို

ထည့်မပြောနဲ့ဦး၊ အဲဒါ အသက်ကယ် ကျေးဇူး ကြွေးတစ်ခုပါ။ ဒီလိုအချိန်မျိုးမှာ ဂျူနီယာညီလေးအနားကနေ ငါတို့က ဘယ်လို ထွက်သွားနိုင်မှာလဲ"

သူတို့၏ စကားများကို ကြားရသောအခါ ကျန့်ဖန်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အမူအရာ နူးညံ့သွားသည်။

လုရီ၏ လက်ထဲက ဝိုင်ပုလင်းကို ယူလိုက်ပြီး တစ်ချက်ရယ်ရင်း စကားဆိုလာသည်။

"ကဲ၊ ငါတို့ ဒီမှာ နေဖို့ ဆုံးဖြတ်ပြီးပြီမလို့ သောက်လိုက်ကြရအောင်။ ဒီသမာဓိ ဝိဉာဉ်နှင်းစက်က တကယ်ကို အစ်ကိုတို့နှစ်ယောက် သဘောကျမယ့် ထူးခြားတဲ့

သေရည်ပဲ"

ထို့နောက် ဝိုင်ခွက်လေးခွက်ထဲသို့ ဝိုင်ကို လောင်းထည့်လိုက်ပြီး လက်ဝှေ့ယမ်ကာ ခွက်သုံးခွက်ကို လုရီ၊ ယွီကျင်းနှင့်

ဝမ်ချွမ်းလူဆီသို့ ပစ်လွှတ်လိုက်သည်။

ယွီကျင်း နှင့် ဝမ်ချွမ်းလူ တို့သည် ခွက်များကို လေထဲမှ ဖမ်းဆုပ်ယူကြပြီး ဝမ်ချွမ်းလူက သံသယဖြင့် ပြောလာသည်။

"အိုး..ဒါကို ကြည့်ရတာ ဝိုင်ကောင်းလို့ ယုံတယ်၊ဒါပေမယ့် ငါဟာ ဆယ်စုနှစ်တွေကြာအောင် ကျင့်ကြံခဲ့ပြီး ဝိုင်တွေ အများကြီး သောက်ခဲ့ဖူးတယ်။ဒါကို 'ထူးကဲ

ဝိုင်" လို့ ခေါ်ရင် အရမ်း ချဲ့ကားလွန်းရာ

ကျမယ် ထင်တယ်..."

တစ်ငုံ သောက်လိုက်သောအခါတွင်

သမာဓိ ဝိဉာဉ်နှင်းစက်၏အရသာသည် သူ့နဖူးအလယ်ဗဟိုတွင် ဖြည်းညှင်းစွာ စုစည်းလာကာ အေးမြသောခံစားမှုကို ယူဆောင်လာသည်။ သူ၏ဝိညာဉ် စွမ်းအားသည် အထူးတက်ကြွလာပြီး အနည်းငယ်တိုးလာသည်ဟု ခံစားရသည်။

ဝမ်ချွမ်းလူ၏ မျက်လုံးများ ပြူးသွားကာ နေရာတွင်ပင် အေးခဲသွားပြီး အထိတ်တလန့် အမူအရာ ဖြစ်သွားသည် ။

ဝမ်ချွမ်းလူ၏ ထူးဆန်းသောအမူအရာကိုမြင်တော့ ယွီကျင်းက ထူးခြားသောအမူအရာဖြင့်

"‌ဝမ်ချွမ်းလူ၊ မင်းမျက်နှာက နည်းနည်းတော့ ချဲ့ကားလွန်းတယ်။ မင်းက ပြဇာတ်ထဲမှာ သရုပ်ဆောင်နေသလိုပဲ။"

ပြောပြောဆိုဆိုနှင့် ယွီကျင်းလည်း တစ်ငုံသောက်လိုက်ပြီး အပြောင်းအလဲကို ခံစားလိုက်ရတော့ မျက်လုံးတွေ ပြူးကျယ်လာသည်။

"ဟင်..ဒီဝိုင်က ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်တာလား"

ဤနေရာ၌ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်တွင်ပင်၊ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးနှင့် ကျင့်ကြံခြင်းနည်းပညာများသည် အလွန် အဖိုးတန်သော ရတနာများ ဖြစ်ကြောင်း တစ်ချက် မှတ်သားထိုက်ပါသည်။

ထို့အပြင် ချီသန့်စင် နယ်ပယ်မှ ဝိညာဉ်စွမ်းအား အတက်အကျဟုသာထင်ရသည့်ဤဝိုင်ဟာ ဝိညာဉ်စွမ်းအားကို အမှန်တကယ် မြှင့်တင်ပေးနိုင်တာလား။

ယွီကျင်းနှင့် ဝမ်ချွမ်းလူ နှစ်ယောက်လုံး အိပ်မက်မက်နေသလိုမျိုး ယုံရခက်စွာ ခံစားရပါသည်။

သူတို့၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာတွေကို မြင်တော့ ကျန့်ဖန် ဟာ သမာဓိ ဝိဉာဉ်နှင်းစက်ကို ပထမဆုံး မြည်းစမ်းကြည့်တုန်းက သူ၏ အံ့အားသင့်သွားပုံကို ပြန် သတိရမိသွားသည်။

ကျန့်ဖန်သည် သူ့ခွက်ကို ကုန်အောင် ဖြိုလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောကာ

မေးသည်။

"ဘယ်လိုလဲ၊ အစ်ကိုတို့ ၊ ဒီဝိုင်ကို

ထူးကဲဝိုင်လို့ ပြောဖို့ မထိုက်တန်ဘူးလား"

ဝမ်ချွမ်းလူ နှင့် ယွီကျင်း တို့သည် မှင်သက်ရာမှ ပြန်လည် သတိဝင်လာပြီး အသက်ပြင်းပြင်းရှူကာ ကျန့်ဖန်ကို ကြည့်ကာ တစ်ဖန်၊ လုရိီဘက်သို့ လှည့်ကြည့်လိုက်သည်။

"ကျန့်ဖန်က လုံးဝချဲ့ကားတာ မဟုတ်ဘူးကိုး"

"အံ့သြစရာကောင်းတဲ့ဝိုင်၊ ဒါကတကယ့်ကို အံ့သြစရာကောင်းတဲ့ဝိုင်ပဲ!"

ယွီကျင်းသည် မျှော်လင့်ချက်အပြည့်ဖြင့် လုရီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ မေးတော့သည်။

"ညီလေးလု၊ ဒီဝိုင်ကို ဘယ်မှာဝယ်ခဲ့တာလဲ၊ ငါ ကိုယ်တိုင်ဝယ်ချင်လို့!"

၎င်းသည် လူတစ်ဦး၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်သော အဖျော်ယမကာ မဟုတ်ပါလား။

ထုံးစံအတိုင်း သူသည် လက်မလွတ်ချင်ပါ။

ထိုအခါ လုရီက ပြန်ဖြေသည်။

"အဲဒါက သိပ်အဖိုးတန်ကြီး မဟုတ်ပါဘူး၊ အားလပ်ချိန်တွေမှာ ချက်ထားတာပဲ၊ ချက်ရတာ အချိန်ကုန် သက်သာပြီး လုပ်အားလည်း သက်သာတယ်။ စီနီယာတို့ လိုအပ်ရင် နောက်မှ ဝိုင် နှစ်အိုး ပေးမယ် လေ"

ဤစီနီယာ အစ်ကိုနှစ်ယောက်က ဤနေရာ၌ ဆက်လက် နေလိုစိတ်ရှိပြီး သူတို့၏ အမြင်အရ အပူတပြင်းတိုက်ပွဲအတွက် ပြင်ဆင်ထားတာကြောင့် သူ လုရီသည်လည်း တွန့်တိုနေမှာ မဟုတ်ချေ။

"အမ်..မင်းကိုယ်တိုင် ဝိုင်ချက်ထားတာလား?!"

"ညီ..ညီလေးလု .. မင်းက စိတ်ဝိညာဉ် ချက်ပြုတ် စွမ်းရည်ရော၊ အဲ့ဒါအပြင်၊ ဒီလို ထူးကဲဝိုင်ကိုတောင် ချက်နိုင်နေတာလား"

နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။

ထိုအခါ လုရီက ပေါ့ပေါ့ပါးပါး ရယ်မောရင်း

ခေါင်းညိတ်လိုက်ပြီး

"ကံကောင်းစွာနဲ့ ဝိုင်ချက်နည်း တစ်ခုရခဲ့လို့လေ၊ အဲဒါကို ချက်ကြည့်တော့ အံ့သြစရာ ပဲ ကောင်းကောင်းထွက်လာတယ်"

ယွီကျင်း နှင့် ဝမ်ချွမ်းလူ တို့သည် စကား

မပြောနိုင်ကြတော့။

တစ်ဖန် သူတို့သည် သူတို့ကိုယ်သူတို့နှင့် အခြားတစ်ယောက်ကြားတွင် ကြီးမားသော တွင်းနက်ကြီး ခြားနေမှုကို ခံစားလိုက်ရသည်။

သို့နှင့် သုံးယောက်သား အရသာရှိစွာပင် အသားကင်ကို စား၊ ဝိုင်ကို သောက်ကြသည်။

အဝေးမှ အခြားသူများ၏ တည်ရှိမှူသည်လည်း နီးကပ်သည်ထက် နီးကပ်လာသည်။

ကျန့်ဖန်နှင့် တခြားသူတွေက သတိမထားမိပေမယ့် လုရီကတော့ ရိပ်မိလိုက်သည်။

----------------

အခန်း၁၂၅ -သေမျိုး လောကက ပြိုင်ဘက်ကင်း...

~သို့သော် လုရီနှလုံးသားက ငြိမ်သက်နေပြီး ရယ်ချင်သလို ခံစားရသည်။

"သူတို့အားလုံး အတူတူစုလာခဲ့ကြမယ်ဆိုရင် အကောင်းဆုံးပဲ၊ အားလုံးကို ငါ ချက်ချင်း ဖြေရှင်းနိုင်မယ်"

သူတို့တွေ ဝိုင်သောက်လိုက် အသားစားလိုက် လုပ်နေချိန်မှာ အဝေးက ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်း၏ တပည့်တွေဟာ သုန်မှုန်သည့် အမူအရာတွေနှင့်ပင်။

"ဟမ့်! သူတို့ ဇိမ်ကျနေပါလား"

" ကျလာတော့မယ့် ဘေးအန္တရာယ်ကို မသိရှာဘူး၊ ချီသန့်စင်နယ်ပယ်မှာ ကောင်းကင်ဘုံဒုက္ခကို နှိုးဆော်ထားတာကြောင့် ကိုယ့်ကိုယ်ကို အနှိုင်းမဲ့လို့ ဘဝင်မြင့်နေပြီပဲ"

"အစ်ကိုထျန်းဟန် ရောက်တဲ့အထိ

စောင့်ရမယ်၊ သူက ဒီကောင်ကို သွေးရုပ်သေးရုပ်အဖြစ် ပြောင်းလဲပြီး ထာဝရငရဲကို ပေးလိမ့်မယ်!"

"ဒါဆို အစ်ကိုထျန်းဟန်နဲ့ ချင်လော့ ရောက်ဖို့ ဘယ်လောက်ကြာမလဲ"

"မလိုတော့ပါဘူး၊အရှေ့တောအုပ်အပျက်အစီးတွေက ကျယ်ပြောပေမယ့် သူတို့နှစ်ယောက်စလုံး သတင်းစကားရပြီးနောက် ဒီနေရာကို အရှိန်အပြည့်နဲ့ ပြေးလာကြတာ။"

"ဒါက ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ၊ လုရီ ကို ဒီမှာ သတ်နိုင်ရင် တိမ်ဖြူဂိုဏ်းက သေချာပေါက် ထိုင်ငိုနေတော့မှာ သေချာတယ် ဟားဟားဟား!"

"..."

ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များသည် အသံ လှိုင်းထုတ်လွှင့်ခြင်းမှ တဆင့် ဆက်သွယ် ပြောဆိုခဲ့ကြခြင်း ဖြစ်ပါသည်။

မဝေးလှသော အခြားနေရာ တစ်ခုတွင်

ဟန်ယွီနှင့် အေးခဲ ဆောင်းရာသီ တောင်ကြားမှ တပည့် သုံးဦးတို့သည်လည်း ရွှင်မြူးနေသော လုရီနှင့် သူ၏ အပေါင်းအဖော်များကို အဝေးမှ ကြည့်ကာ အမူအရာ ပြောင်းလဲသွားကြသည်။

အေးခဲ ဆောင်းရာသီ တောင်ကြားမှ

မိန်းမလှလေးက အထင်အမြင်သေးစွာ ကဲ့ရဲ့သည်။

" လုရီက ကြားရတဲ့ သူ့ဂုဏ်သတင်းနဲ့မတူ၊ တကယ်ကို အထင်ကြီးစရာမကောင်းပါလား၊ဒီလိုအချိန်မျိုးမှာ သူ ဘာတွေ စားသောက်နေတာလဲ၊ သူ့အိမ်တံခါးဝမှာ ကြောက်စရာ ရန်သူတွေ ဝိုင်းနေတာ၊ သူ့ကိုယ်သူ ယုံကြည်မှု ရှိရင်တောင် သူ့အခြေအနေကို ချိန်ညှိသင့်တယ်"

အနီးနားရှိ လူငယ်တစ်ဦးကလည်း မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ဒီလို လျှော့တွက်တာဟာ မှောက်မှားဖို့ အလွယ်ဆုံးနည်းပါပဲ။ မသေမျိုး မျိုးစေ့ဆိုလည်း လူသားဖြစ်နေတုန်းပဲ။ သူ့အသက် တိုတိုလေး ဖြစ်နေရင် အားလုံးက အချည်းနှီးပဲ လေ"

နောက်တပည့်တစ်ယောက်က အေးဆေးတည်ငြိမ်နေသည့် ဟန်ယွီကို လှည့်ပြီး "အစ်ကိုကြီး၊ ခင်ဗျား ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။

ဟန်ယွီသည် အဝေးမှ လုရီကို လေးလေးနက်နက် စိုက်ကြည့်ကာ ခေါင်းကို အနည်းငယ်ခါယမ်းသည်။

"သူ့ရဲ့ ကျင့်ကြံမှုအခြေခံကို ငါ မမြင်ရပါဘူး။ အရမ်း အစွမ်းထက်တဲ့ ဖုံးကွယ်မှု လျှို့ဝှက်ပညာကို လေ့ကျင့်ထားတာ ဖြစ်မယ်။ ဒါပေမယ့်... သူက ထူးချွန်ထက်မြက်တဲ့ မသေမျိုး မျိုးစေ့တစ်ယောက်မို့ ငတုံးတော့ မဖြစ်နိုင်ဘူး။ သူ့ကိုယ်သူ လုံးဝကို ယုံကြည်မှု ရှိနေလို့ပဲ"

ထိုစကားကို ကြားသောအခါ တပည့်သုံးယောက်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။

"လုရီက ချင်းလော့နဲ့ ရွှယ်ထျန်းဟန် နှစ်ယောက်လုံးကို ရင်ဆိုင်နိုင်မယ်လို့ စီနီယာအစ်ကို ပြောနေတာလား"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..စီနီယာအစ်ကို..ခင်ဗျား ထျန်းဟန်နဲ့ နှစ်ယောက် ယှဉ်ပြိုင်ပြီး သရေကျခဲ့တယ်။ လုရီက ပိုသန်မာတယ်ဆိုရင်တောင် သူက ခင်ဗျားထက် ပိုသန်မာနိုင်မလား ..စီနီယာအစ်ကို"

"အတိအကျပြောရရင် သူ့ရဲ့ အရည်အချင်း ဘယ်လောက်ပဲ ခိုင်မာပါစေ၊ သူ အခြေခံအုတ်မြစ် တည်ထောင်ရခြင်း နယ်ပယ်ကို ရောက်ခဲ့တာ တစ်နှစ်ပဲ ရှိပါသေးတယ်။ မသေမျိုး မျိုးစေ့ တစ်ခုအနေနဲ့တောင် ကြီးထွားဖို့ အချိန် မလိုဘူးလား"

ဟန်ယွီသည် တပည့်သုံးယောက်၏ စကားကို နားထောင်လိုက်ရင်း သူ့မျက်နှာမှာ ငြိမ်သက်နေပြီး ခေါင်းခါသည်။

"ဟင့်အင်း၊ ငါ သူ့ကို မမြင်ရဘူး။ သူ့မှာ ဝှက်ဖဲတစ်ခု ရှိတယ်"

တပည့်သုံးယောက် တိတ်ဆိတ်သွားသည်။

ထိုအတောအတွင်း မနီးမဝေးတွင် ယွမ်ရှီနှင့် ပန်းတစ်ထောင်ဂိုဏ်း၏ တပည့်နှစ်ယောက် လှုပ်ရှားသွားကြသည်။

ထိုအခါ ပန်းတစ်သောင်းဂိုဏ်း၏ တပည့်တစ်ယောက်က

"အစ်မယွင်ရှီး... လမ်းမသိရင် နှေးကွေးအောင် ဖြည်းဖြည်းသွားတာ မဟုတ်ဘူး၊

ကျွန်မတို့ ရှင့်နောက် လိုက်နေရတာ တော်တော်ကြာနေပြီ"

အခြားတပည့်က "မှန်ပါတယ်၊ အတိအကျပဲ" ဟု ထောက်ခံကာ အထပ်ထပ်အခါခါ ခေါင်းညိတ်သည်။

ယွင်ရှီးက အားတုံ့အားနာ ပြုံးလိုက်ပြီး

"ဟီးဟီး၊ အခု ရှာတွေ့ပြီ မဟုတ်ဘူးလား။ စိတ်မဆိုးပါနဲ့ ညီမလေးတို့.. နောက်တစ်ခါ ငါ နင်တို့ကို မချန်တော့ပါဘူး... ဟယ်.. ဘယ်လောက် အရသာရှိလိုက်တဲ့ ရနံ့လဲ"

ယွင်ရှီး အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အဝေးကို ဦးတည်ကာ ရှေ့ကို တိုးသွားသည် ။

"အစ်မ ယွင်ရှီး "

ပန်းတစ်သောင်းဂိုဏ်းမှ တပည့် ကောင်မလေးနှစ်ယောက်သည် စိတ်ညစ်ညစ်ဖြင့် အချင်းချင်း ကြည့်လိုက်ကြ‌တော့သည်။

"အစ်မယွင်ရှီး..ရှင် ကျွန်မတို့ကို ထားခဲ့မှာ မဟုတ်ဘူးလို့ အခုပဲ ပြောနေတာ လေ..

နှစ်ယောက်သား စိတ်ပျက်ပျက်ဖြင့် အော်ကာ ကမန်းကတန်း လိုက်သွားကြသည်။

သို့သော် ဤတစ်ကြိမ်တွင် ယွင်ရှီးကို

မတွေ့မီ အဝေးကြီး လိုက်စရာ မလိုတော့ပေ။

ယွင်ရှီး ရပ်တန့်နေသည်ကို တွေ့လိုက်ရသောအခါတွင် သူမတို့၏ အမူအရာများ ပြောင်းလဲသွားသည်။

ယွင်ရှီးသည် ယခု လုရီ ရှေ့မှာ ရပ်နေပြီး သူ့လက်ထဲက ဝိုင်ကို စိုက်ကြည့်နေသည်။

သူမမျက်နှာက ပြုံးပြုံးရွှင်ရွှင်နှင့် ကမ်းလှမ်းလာသည်။

"ဒီဝိုင်ကို အရမ်းသောက်ချင်ပါတယ်။ ငါ့ကို ရောင်းပေးနိုင်မလား၊ ငါ ပိုက်ဆံနဲ့ ဝယ်မယ် လေ"

ပန်းတစ်သောင်းဂိုဏ်း၏ တပည့်နှစ်ယောက်သည် စိတ်ပျက်လက်ပျက်ဖြင့်

မိမိတို့နဖူးအား ရိုက်လိုက်ကြသည်။

"ဒါက မဟုတ်​​တော့ဘူး...!"

"အစ်မ ယွင်ရှီးက သူမ နှစ်သက်သလို အမြဲလုပ်တတ်ပေမယ့် အခုတခါက အန္တရာယ် ရှိတယ်.. လုရိီက ရွှယ်ထျန်းဟန်နဲ့ ချင်လော့ကို ရင်ဆိုင်တော့မှာ မဟုတ်ဘူးလား။"

"ဒါဆို မကောင်းတော့ဘူး"

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကာ အမြန်ပြေးသွားကြသည်။

......

လုရီ နှင့် သူ၏ အပေါင်းအဖော်များ စားသောက်နေချိန်တွင် သူ့ရှေ့တွင် အံ့သြစရာတစ်ခုခုကို လုရီ ရုတ်တရက် တွေ့လိုက်ပြီးနောက် ယွင်ရှီး၏ အစိမ်းရောင်ရုပ်သွင်သည် ဘွားခနဲ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

လုရီက ငြိမ်သက်နေပေမယ့် တခြားသူတွေကတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ယွင်ရှီး၏ သတိမပေးဘဲ တစ္ဆေသရဲလို ဘွားခနဲ ပေါ်လာသော အသွင်အပြင်သည် သူတို့ အားလုံးအား ထိတ်လန့်သွားစေပြီး သူမကို မြင်တော့ တုန်လှုပ်သွားကာ ထခုန်မိကြသည်။

ယွီကျင်းသည် ယွင်ရှီးကို စေ့စေ့ ကြည့်ကာ

အော်ဟစ်သည်။

"...ပန်းတစ်သောင်းဂိုဏ်းက ယွင်ရှီးပါလား"

ဝမ်ချွမ်းလူက ခပ်တိုးတိုး ရေရွတ်သည်။

"ကောင်းလိုက်တဲ့ ကိုယ်ဖော့ပညာ၊သူ ဘယ်တုန်းက ပေါ်လာတာလဲ။"

ကျန့်ဖန်က ယွင်ရှီးကို အကဲခတ်လိုက်ပြီး

လုရီကို မျက်ခုံးတစ်ချက်ပင့်ကာ လေသံနှိမ့်၍ မေးသည်။

"ညီလေးလု၊ ငါတို့ ဘာလုပ်ကြမလဲ"

လူတိုင်း တင်းမာနေတာကို မြင်တော့

ယွင်ရှီးက ပြုံးပြီး အာမခံသည်။

"ငါက အန္တရာယ်ပေးဖို့ လာတာမဟုတ်ဘူး၊ ဒါကြောင့် အားလုံး စိတ်မပူပါနဲ့"

ထို့နောက် ယွင်ရှီးသည် လုရီ၏ လက်မှ သမာဓိ ဝိညာဉ်နှင်းစက်ကို ကြည့်ကာ အပြုံးချိုချိုဖြင့် တောင်းဆိုသည်။

"ဒီဝိုင်ကို တကယ်သောက်ချင်ပါတယ်၊ နင်ငါ့ကို ရောင်းပေးနိုင်မလား၊ ငါ ဝယ်ပါ့မယ်"

လူတိုင်း၏ မျက်နှာများသည် တင်းမာသွားကာ ကသိကအောက် အမူအရာတို့ ဖြတ်ပြေးသွားကြသည်။

လုရီသည်လည်း ယွင်ရှီးကို ကြည့်ကာ အီလည်လည် ဖြစ်သွားပြီး

"တာအို ရောင်းရင်း ယွင်ရှီး၊ မင်း ငါ့ကို မသိဘူးလား" ဟု ကြောင်အစွာ မေးသည်။

ထိုအခါ ယွင်ရှီးက ပြုံးပြုံးလေးနှင့် ပြန်ဖြေသည်။

"ငါ နင့်ကို သိပါတယ်၊ တိမ်ဖြူဂိုဏ်းရဲ့

မသေမျိုး မျိုးစေ့ လေ၊ အဘွားက ပြောပါတယ်၊နင်က အရမ်း အစွမ်းထက်တယ်တဲ့"

သူမ စကားကြောင့် လုရီ ဟက်ခနဲ ရယ်မောရင်း

"ရွှယ်ထျန်းဟန်နဲ့ ချင်လော့တို့နဲ့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ဖို့ ငါက စောင့်နေတာ လေ။ ဒီအချိန်ကြီးမှာ မင်း ငါ့ဆီကနေ ဝိုင်လာဝယ်နေတာက တကယ်ကို မသင့်တော်ဘူး မဟုတ်လား"

လုရီ၏ စကားကို ကြားသော် ယွင်ရှီးက သူမ၏ ရွှန်းစိုလှပသော မျက်တောင်များအား ပုတ်ခတ်လိုက်ပြီး လုရီကို ကြည့်ရင်း

‌ပြန်လည်ချေပသည်။

"အို...နင့်ရဲ့ အဆုံးအဖြတ် တိုက်ပွဲက ငါဝိုင်ဝယ်တာနဲ့ ဘာဆိုင်လို့လဲ၊ ငါ ဒီဝိုင်နည်းနည်းသောက်ချင်တယ်၊ဒါက အရမ်းအစွမ်းထက်မယ့် ပုံပဲ"

လုရီသည် သူမ၏ ပြင်းထန်သော ဝိညာဉ်အာရုံကို အံ့သြကာ မျက်ခုံးပင့်ချီလိုက်သည်။

ဒါပေမယ့်... ဒါက ဘယ်လို အဓိပ္ပာယ် မရှိတာမျိုးလဲ။

သူ တိုက်ပွဲဝင်တော့မှာကို သူမက ဝိုင်ဝယ်လာပြီး သူ့နေရာကို စားသောက်ဆိုင်လို သဘောထားနေတာလား။

လုရီသည် ပြောစရာ စကားမဲ့သွားသော်လည်း ရယ်ရင်း...

"စိတ်မကောင်းပါဘူး၊ ဒီဝိုင်က မရောင်းပါဘူး၊ မသေမျိုး ယွင်ရှီး၊ ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါ"

----------------

အခန်း၁၂၆-လူ့ကမ္ဘာရှိ အကြွင်းမဲ့လက်ရာ...

~ယွင်ရှီးသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"မရောင်းဘူးလား"

ထို့နောက် သူမသည် ကျန့်ဖန်နှင့် အနီးနားရှိ အခြားလူများကို ကြည့်ကာ စောဒတတက်သည်။

"ဒါဆို သူတို့တွေကျ ဘာလို့ သောက်နေတာလဲ"

လုရိီ ဘေးမှာရပ်နေသည့် ဝမ်ချွမ်းလူက ကူကယ်ရာမဲ့စွာ ရှင်းပြလာသည်။

"ငါတို့က ညီလေးလုရဲ့ ညီအစ်ကိုတွေဖြစ်ပြီး ခဏနေရင် သွေးထွက်သံယို တိုက်ပွဲဝင်တော့မှာလေ"

ပြောနေရင်း ဝမ်ချွမ်းလူ စိတ်ထဲတွင် ငိုချင်သွားသည်။

ဒါက သူတို့၏နောက်ဆုံးအစာ

ဖြစ်နိုင်သည်လေ။ အဘယ်ကြောင့်

မသောက်နိုင်ရမည်လဲ။

ထိုအခါ ယွင်ရှီးက လုရီဘက် မေးခွန်းထုတ်သလို လှည့်ကြည့်လိုက်ရာ လုရီက ပြုံးပြီးဖြေသည်။

"သူတို့က ငါ့ရဲ့ စီနီယာအစ်ကို‌တွေပဲ၊ သူတို့က ငါနဲ့ အတူ ရှိနေဖို့ ဆန္ဒရှိတယ် လေ"

ယွင်ရှီးက ခဏလောက် ငြိမ်သက်သွားပြီး

ပြုံးကာ

"တိမ်ဖြူဂိုဏ်းကို ငါမ၀င်နိုင်ဘူး၊ဒီလိုဆို

ငါ့အဘွားက စိတ်ဆိုးလိမ့်မယ်။ ဒါပေမယ့် နင့်ကို ငါ့ရဲ့ ဂျူနီယာလေးအဖြစ် အသိအမှတ်ပြုနိုင်တယ်၊နင့်ကို ကူညီဖို့ ငါလည်း နေမယ်။ နင် ငါ့ကို ဝိုင် ပေးမလား။"

လုရီ; "???"

ကျန့်ဖန်; "???"

တခြားသူတွေက ယွင်ရှီးကို ထူးဆန်းသည့်အမူအရာတွေနှင့် ကြည့်လာကြပြီး

သူတို့၏ စိတ်ထဲမှာ ထွေ‌ပြားနေတော့သည်။

သူတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာသည်။

ဒီကောင်မလေးက ဘာဖြစ်နေလဲ...

စိတ်မမှန်ဘူးလား။

ထိုအချိန်တွင်ပင် ပန်းတစ်သောင်းဂိုဏ်းမှ တပည့် နှစ်ယောက်သည် ပြေးလာခဲ့ရင်း

ယွင်ရှီး၏ နောက်ဆုံး စကားအား ကြားလိုက်ရသည်။

သူတို့၏ အမူအရာများ တင်းမာလာပြီး ချော်လဲတော့မလို ဖြစ်သွားသည်။

"အစ်မယွင်ရှီး၊ ရှင် ဘာတွေလျှောက်ပြောနေတာလဲ?!"

"ဟုတ်ပါတယ်၊ အစ်မယွင်ရှီး..

ရွှယ်ထျန်းဟန်နဲ့ ချင်လော့တို့ဟာ သွေးဝိညာဉ်ဂိုဏ်းနဲ့ ကောင်းကင်မြွေဂိုဏ်းရဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေပါ။အစ်မယွင်ရှီးက ကျွန်မတို့ရဲ့ ပန်းတစ်သောင်းဂိုဏ်းကို ကိုယ်စားပြုတာပါ၊ ဒီမှာ နေဖို့ မကောင်းပါဘူး။"

"အစ်မယွင်ရှီး၊ မြန်မြန်ထွက်သွားရအောင်!"

ပန်းတစ်သောင်းဂိုဏ်းမှ တပည့်တစ်ဦးသည် ပြင်းထန်သော ကျားတစ်ကောင်နှင့် ရင်ဆိုင်ရသကဲ့သို့ ယွင်ရှီးအား ထွက်သွားရန် ကြံရွယ်ပြီး ဖမ်းဆုပ်လိုက်သည်။

ပန်းတစ်သောင်းဂိုဏ်းမှ တပည့်နောက်တစ်ယောက်က တောင်းပန်သည့်မျက်နှာဖြင့်

လုရီအား ခပ်ဖျော့ဖျော့ ပြုံးပြပြီး

"သခင်လေးလု..အစ်မယွင်ရှီးက ပျော်တတ်လို့ပါ။ ကျေးဇူးပြုပြီး သူ့စကားတွေကို အလေးအနက်မထားပါနဲ့။ ကျွန်မတို့ ပန်းတစ်သောင်းဂိုဏ်းက တိမ်ဖြူဂိုဏ်းနဲ့ ရန်သူမဟုတ်ပေမယ့် ကျွန်မတို့လည်း ဒီပဋိပက္ခမှာ မပါဝင်ချင်ဘူး။"

ပန်းတစ်သောင်းဂိုဏ်း၏ တပည့်က သူမကို ဆွဲခေါ်လိုက်ချိန်မှာတော့ ယွင်ရှီးက ကန့်ကွက်လာသည်။

"ငါ ရွှယ်ထျန်းဟန်ကို ရင်ဆိုင်ဖို့နေခဲ့မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကို သတ်ဖို့ စီစဉ်ထားတာပဲဟာ.."

သူမ စကားကို ကြားသော် ပန်းတစ်သောင်းဂိုဏ်း၏ တပည့်နှစ်ယောက်သည် အလွန်စိတ်ပူပန်သွားကာ သူတို့အနက်မှ တစ်ဦးက

ငြင်းသည်။

"အစ်မယွင်ရှီး၊ ဒီနေရာမှာ စောင့်ကြည့်နေသူတွေ အများကြီးပဲ၊ရွှယ်ထျန်းဟန်က သွေးဝိညာဉ်ဂိုဏ်းရဲ့ သခင်လေးလေ၊ သူ့ကို သတ်ရင် သွေးဝိညာဉ်ဂိုဏ်းနဲ့ ပန်း

တစ်သောင်းဂိုဏ်းအကြား တိုက်ပွဲဟာ ရှောင်လွှဲလို့ ရမှာ မဟုတ်ပါဘူး"

ယွင်ရှီးက မျက်မှောင်ကြုတ်ကာ ပြန်ပြောတော့မည် ဖြစ်သော်လည်း အခြားတပည့်က

"အစ်မယွင်ရှီ၊ ရှင် ဒီလို လုပ်ရင် ဂိုဏ်းခေါင်းဆောင် စိတ်ဆိုးလိမ့်မယ်နော်"

ဒါကိုကြားတော့ ယွင်ရှီး၏အမူအရာက ပျက်ယွင်းသွားပြီး တွန့်ဆုတ်နေပေမယ့် သူမသည် ဆက်မပြောတော့ချေ။

လုရီက ယွင်ရှီး ဆုတ်ခွာသွားသည်ကိုကြည့်ရင်း ခဏမျှ တွေးကာ ပြုံးသည်။

ထို့နောက် သူ အော်လိုက်သည်။

"တာအို ရောင်းရင်း ယွင်ရှီး ခဏစောင့်ပါ"

ဒါကိုကြားတော့ ယွင်ရှီးက လုရီဘက်ကို လှည့်ကြည့်လိုက်ပြီး တခြား ပန်းတစ်သောင်းဂိုဏ်း၏ တပည့်နှစ်ယောက်ကလည်း လုရိီအား စူးစူးရဲရဲ ကြည့်လာသည်။

" သခင်လေးလု၊ ကျွန်မတို့ ပန်းတစ်သောင်းဂိုဏ်းက ဒီကိစ္စမှာ မပါဝင်

၊မပတ်သက်ချင်ပါဘူး။"

"သခင်လေးလု၊ ရှင် ကျွန်မတို့ကို ဆက်နေခိုင်းဖို့တော့ မရည်ရွယ်ဘူးမလား"

ပန်းတစ်သောင်း ဂိုဏ်း၏ တပည့်

နှစ်ယောက်၏ သတိထားနေသော အမူအရာများကို မြင်လိုက်ရတော့ လုရီက

“အာ..မင်းတို့နားလည်မှုလွဲနေပြီ” ဟု ဆိုကာ ရယ်မောလိုက်သည်။

သူက ဝိုင်ပုလင်းကို ထုတ်ပြီး ယွင်ရှီးကို ပေးလိုက်ကာ

"တာအိုရောင်းရင်း ယွင်ရှီးက တကယ်ပဲ ပွင့်လင်းတဲ့ သဘောထား ရှိတယ်၊ ဒီနေ့

ဒီဝိုင်ကို ခင်မင်ရင်းနှီးမှု သဘောအဖြစ် ငါ မင်းကို လက်ဆောင်ပေးလိုက်ပါမယ်"

တစ်ဆက်တည်းတွင်* ငါ ယွင်ရှီးကို အနိုင်ယူရမယ်*ဟု သူ့ကိုယ်သူ ‌အလုပ် ချမှတ်လိုက်သည်။

[အလုပ်]

ယွင်ရှီးကို အနိုင်ယူပါ။

ဆုကြေး- အသေခ်ျေ ဝိညာဉ်နှင်းစက်အစက် ၃၀၊ သဘာဝနယ်မြေ၏ အဖုအထစ်

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းပယ်မည်လား။

အမှန်တကယ်ပင် ယွင်ရှီးသည်

ပန်းတစ်သောင်း ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး မြင့်မားသည့် ကျင့်ကြံမှုအခြေခံရှိသော ထက်မြက်သော ဉာဏ်ကြီးရှင် ဖြစ်သည်။

သူမနှင့် အတူ ယှဉ်တွဲတိုက်ခိုက်ရန်အတွက် ဆုကြေးက များပြားလှသည်။

အသေခ်ျေ ဝိညာဉ်နှင်းစက် အစက်သုံးဆယ် တောင်မှပင်။

ဤတွင် စစ်ဆေးရေး မျှော်စင်မှာ အဆင့် သုံးဆယ် သို့ ကျော်ကာ ရွှေအူတိုင် ဒဿမအလွှာ ကျင့်ကြံသူအား အနိုင်ယူခြင်းကပင်

အသေခ်ျေ ဝိညာဉ်နှင်းစက် ဆယ်စက်သာ ထုတ်ပေးသည်ကို သတိပြုရပါမည်။

ထို့အပြင်၊ ပို၍ပင် အဖိုးတန်သော သဘာဝနယ်မြေ တစ်ခုလည်း ရှိသေးသည်။

ယွင်ရှီးနှင့် လက်ရှိတွင် သူနှင့် ဆက်ဆံရေး အနည်းငယ်သာ ရှိသော်လည်း သူမနှင့် မိတ် ဖွဲ့ခြင်းဖြင့် အနာဂတ်တွင် သူမအား စိန်ခေါ်ရန် အကြောင်းပြချက် ရစေသည်။

သူ့အတွက်၊ သမာဓိနှင်းစက် ဝိုင် တစ်ပုလင်းသည် ကြီးကြီးမားမား မဟုတ်သော်လည်း မိတ်ဖွဲ့ခြင်းက အကျိုးများစေမည်။

ယွင်ရှီးက လုရီ ကမ်းပေးသော သမာဓိနှင်းစက် ဝိုင် ပုလင်းကို လက်ခံလိုက်ရင်း ဝိုင်ကို ကြည့်သည် ထို့နောက် လုရီကို ပြန်ကြည့်လာရင်း..တောက်ပစွာ ပြုံးသည်။

"ကျေးဇူးပါ ၊ နင့်က လူကောင်းတစ်ယောက်ပဲ ဖြစ်မယ်လို့ ငါထင်တယ်၊ခုက

စပြီး သူငယ်ချင်းဖြစ်ကြစို့"

လုရီ; "..."

...ဒီစကားက ကြားရတာ တစ််မျိုးကြီးပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရည်ရွယ်ချက်ကတော့ ပြီးသွားပြီပဲ။...

လုရီက ပန်းတစ်သောင်းဂိုဏ်း၏ တပည့်နှစ်ယောက်အား တစ်ချက် ပြုံးပြကာ ပြောသည်။

"မင်းတို့ စီနီယာအစ်မကို ပြန်ခေါ်သွားလို့

ရပါပြီ"

လုရီသည် သူတို့အား အကြပ်ရိုက်အောင်

မလုပ်ကြောင်း သိလိုက်ရသဖြင့် ပန်း

တစ်သောင်းဂိုဏ်းမှ တပည့်နှစ်ယောက် ကြိတ်၍ သက်ပြင်းချကြသည်။

သူတို့ထဲက တစ်ယောက်က လုရီအား ပြုံးပြပြီး ကျေးဇူးတင် စကား ဆိုသည်။

" ရှင့်ရဲ့ နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်...သခင်လေးလု "

ထိုကောင်မလေးသည် အခြားတပည့်

တစ်ဦးနှင့် အကြည့်ချင်း ဖလှယ်ကာ နှစ်ယောက်သား ယွင်ရှီးကို ခပ်သုတ်သုတ် ဆွဲခေါ်သွားကြတော့သည်။

လုရီ နှင့် လုံလောက်စွာသော အကွာအဝေးသို့ ရောက်မှသာ သူမတို့ ရပ်နိုင်ကြတော့သည်။

သူမတို့ထဲက တစ်ယောက်က သက်ပြင်းချပြီး ပြောလာသည်။

"ကံကောင်းလို့ သခင်လေးလုက စိတ်သဘောထား ပြည့်ဝပြီး ငါတို့အတွက် ခက်ခဲတဲ့အရာတွေကို မလုပ်ခဲ့ဘူး၊ မဟုတ်ရင် ငါတို့ ဒီတစ်ကြိမ် ဒုက္ခရောက်တော့မလို့၊ဟူး..."

အခြား ပန်းတစ်သောင်း ဂိုဏ်း၏တပည့်ကလည်း ထိုတပည့်၏ စကားအား ခေါင်းညိတ် ထောက်ခံကာ ယွင်ရှီးအား

ကူကယ်ရာမဲ့စွာ ကြည့်ကာ အပြစ်တင်ကြသည်။

"အစ်မယွင်ရှီးရယ်... ရှင် နောက်နောင်ဆို ပိုသတိထားပါ..သခင်လေးလု က ဘယ်သူလဲဆိုတာ စဉ်းစားကြည့်ပါဦး..ပြီတော့လက်ရှိ အခြေအနေအရရော ဒီလောက်ထိ ထိလွယ်ရှလွယ် အချိန်မျိုးမှာ ဖိအားမပေးသင့်ဘူး လေ"

ယွင်ရှီးက သမာဓိ ဝိညာဉ်နှင်းစက်ဝိုင်ကို ထုတ်ရင်း တခစ်ခစ် ရယ်ကာ

"ဒါပေမယ့် ဒီဝိုင်ကို ငါ ခံစားမိတယ်၊

ဒါက တကယ် ကောင်းတာဟဲ့"

ပြောပြောဆိုဆိုနှင့် သူမက ပုလင်းကိုဖွင့်ပြီး ကျောက်စိမ်းဝိုင်ခွက် သုံးခွက် လောင်းချလိုက်သည်။

"မြည်းစမ်းကြည့်ရအောင်!"

ပန်းတစ်ထောင်ဂိုဏ်း၏ တပည့်နှစ်ယောက်သည် အနည်းငယ် အံ့သြသွားကာ၊

ပြန်မေးသည်။

"ကျွန်မတို့ရောလား..."

ယွင်ရှီးက ခေါင်းညိတ်ပြပြီး

"ဒါပေါ့ ၊ ဒိီဝိုင် သောက်တာ နင်တို့အတွက် အကျိုးရှိတယ်"

ယွင်ရှီး၏ စိတ်နေသဘောထားကို သိသဖြင့် တပည့်များသည် တစ်ယောက်နှင့် တစ်ယောက်အကြည့်ချင်း ဖလှယ်ကာ သူမ၏ ကမ်းလှမ်းချက်ကို လက်ခံ၍ ခေါင်းညိတ်ကြသည်။

ဝိုင် သောက်ပြီးနောက် တပည့် နှစ်ယောက် အံ့သြသွားကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဒီဝိုင်ဟာ ဝိညာဉ်စွမ်းအားကို အမှန်တကယ် မြှင့်တင်ပေးနိုင်တယ်"

"ဘုရားရေ..ချီသန့်စင်နယ်ပယ်အဆင့် ဝိညာဉ်ဝိုင်က ဝိညာဉ် စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်..။ဒါ အရမ်း အဖိုးတန်မှာပဲ "

---------------

All Chapters