← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း ၁၄၈- မသေမျိုးသွေး…

~ လုရီသည် သူ၏ဝိညာဉ် စွမ်းအားကို ဦးစွာမြှင့်တင်ရန် အစီအစဥ်အားဖြင့် ခုနစ်ရောင်ခြယ် အားဖြည့် ဝိဉာဉ် ပန်းပွင့်ကို ထုတ်ယူလိုက်သည်။

နောက်ဆုံးတွင်၊ သူ၏ဝိညာဉ် စွမ်းအားသည် အသွင်ပြောင်းခြင်း၏ အစွန်းတွင်

အမြဲ ပိတ်မိနေပြီး ၎င်းသည် အချိန်အတော်ကြာအောင် မချိုးဖျက်နိုင်ခဲ့ပေ။

ယခု ခုနစ်ရောင်ခြယ် အားဖြည့် ဝိညာဉ်ပန်းပွင့်ဖြင့် သူသည် နောက်ဆုံးတွင် အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ခုနစ်ရောင်ခြယ် အားဖြည့် ဝိညာဉ်ပန်းပွင့်မှာ သက်တန့်လိုပင် အရောင် ခုနစ်ရောင် ပါရှိသော လက်ဖဝါးအရွယ် ပန်းပွင့် ဖြစ်ပြီး သင်းပျံ့သော မွှေးရနံ့ကို ထုတ်လွှတ်သည်။

ခုနစ်ရောင်ခြယ် အားဖြည့် ဝိညာဉ်ပန်းပွင့်သည် အလွန် မြင့်မားသော အဆင့်မြင့်ကောင်းကင်နှင့် မြေကြီး ရတနာ တစ်ခု ဖြစ်သောကြောင့် ပန်းတစ်ပွင့်လုံးကို တစ်ပြိုင်နက် မစားသုံးဝံ့ဘဲ၊ သူ့ကိုယ်သူ ဖောက်ခွဲရမှာ ကြောက်လေသည်။

ပွင့်ဖတ်တစ်ဖတ်ကို ခြွေယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ချက်ချင်းပင် ပွင့်ဖတ်သည် အေးမြသော လေစီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လုရီ၏ စိတ်ဝိဉာဥ်ထဲသို့ ပေါင်းစပ်သွားသည်။

ဝုန်း!

မြူထုများ တုန်ခါနေပြီး ကောင်းကင်နှင့်မြေကြီး ပွင့်ဟသွားသကဲ့သို့ လုရီ၏နဖူးတွင် ရောင်ရမ်းနေသည့် ခံစားမှု တစ်ခု ပေါ်လာသည်။

သူ၏ ဝိညာဉ် စွမ်းအားသည် အရှိန်အဟုန်ဖြင့် တိုးမြင့်လာကာ ကျောက်ဆောင်များကို ခပ်ကြမ်းကြမ်း ရိုက်ခတ်လာသော ပင်လယ်လှိုင်းလုံးများကဲ့သို့ ကန့်သတ်ချက်တစ်ခုကို အဆက်မပြတ် ဆောင့်တိုးနေပါသည်။

ပွင့်ဖတ် တစ်ခု ကုန်သောအခါ လုရီသည် သူ၏ ဝိညာဉ် စွမ်းအား အထွတ်အထိပ်သို့ရောက်ရှိသွားသည်ကို ခံစားလိုက်ရသည်။ မဆိုင်းမတွပင် သူက အခြားပွင့်ဖတ်ကို

သုံးစွဲလိုက်ပါ၏။

အေးမြသော ခံစားမှုသည် တစ်ဖန်ပေါ်လာပြီး ရွှေအရည်အစက်များ ဖြည်းညှင်းစွာ ထွက်ပေါ်လာစဉ် လုရီသည် သူ့နဖူးကို မိုးကြိုးထိမှန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ယင်းသည် ရှေးဟောင်းဝိဉာဥ်များ၏ အလွန်အစွမ်းထက်သော စွမ်းအားဖြစ်သည့် အရည်အဖြစ် ပေါင်းစည်းကာ ဝိညာဉ်စွမ်းအားကို အသွင်ပြောင်းခြင်း ဖြစ်သည်။

လုရီ၏ စိတ်သည် ပိုမို ကြည်လင်လာပြီး သူ့ခေါင်းနောက်ကို မမြင်နိုင်သော်ငြား သူ့စိတ်ထဲတွင် သူ့နောက်ကွယ်ရှိ ရှုခင်းများကို ကွက်ကွက်ကွင်းကွင်း ပုံဖော်နိုင်သည်။

သူ၏ ဝိညာဉ် စွမ်းအားသည် ပျံ့နှံ့သွားပြီး သူ၏ ဂူအိမ်ကြီး တစ်ခုလုံးကို အလွယ်တကူ ဖြန့်ကျက်ထားသည်။

ဂူအိမ်ကြီးအတွင်းရှိ လှုပ်ရှားမှုတိုင်းသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ သူ့လက်ဖဝါးထဲတွင် ရှိနေသည်။

လုရီသည် သူ၏ဝိညာဉ် စွမ်းအားအား ကန့်သတ်ချက် မရောက်သေးဘဲ ဆက်လက် ဖြန့်ကျက်နိုင်သေးကြောင်း ခံစားမိသော်လည်း လင်းလောင်တောင်ထိပ်တွင် သန်မာသောပုဂ္ဂိုလ်များစွာ တည်ရှိနေရာ သူတို့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ရန်မှာ မသင့်လျော်ပေ။ တစ်ခဏလောက် တွေးပြီး ဤမျှနှင့် ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဝိညာဉ် စွမ်းအားကို အသွင်ပြောင်းပြီးနောက် သူ့ကိုယ်သူ ထိန်းချုပ်မှု ပိုအားကောင်းလာသည်။ အတွင်းပိုင်း စိတ်ကူးပုံဖော်မှု အခြေအနေတွင် အရိုးများနှင့် ကြွက်သားများကိုပင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကာ အလွန်အစွမ်းထက်သော မိမိကိုယ်ကို ကျွမ်းကျင်ပိုင်နိုင်သည့် နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

နတ်ဘုရားအသွင်ပြောင်း နယ်ပယ်မှ ကျင့်ကြံသူများသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်များ ရှိကြသည်မှာ အံ့သြစရာမရှိပါ။ ဤဝိညာဉ်စွမ်းအားအဆင့်ဖြင့် သူတို့သည် ခွန်အားအနည်းငယ်ကိုပင် အစွမ်းကုန် အသုံးချနိုင်ကြသည်။

လုရီသည် အတွင်းစိတ်တွင် မထိန်းချုပ်နိုင်ဘဲ ချီးကျူးမိသည်။

သူ၏ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုမှာ

မတိုးတက်သေးသော်လည်း ဤဝိညာဉ်စွမ်းအား ပြောင်းလဲခြင်းမှ ရရှိလာသော အကျိုးသက်ရောက်မှုများသည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ရန် လုံလောက်ပါသည်။

သူသည် ထိုနေရာတွင် မရပ်ဘဲ ခုနစ်ရောင် ခြယ် အားဖြည့် ဝိညာဉ်ပန်းပွင့်ကို ဆက်လက်အသုံးပြုခဲ့သည်။ သူ့ခန္ဓာကိုယ်က အလွန်သန်မာပြီး သာမာန်လူတွေနှင့်

မတူဘဲ အခြေခံ တည်ထောင်ဖို့အတွက် တာအိုစွမ်းအားမျှင်ကို အသုံးပြုထားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သူသည် ပန်းပွင့်များကို ဖြည်းဖြည်းချင်း စားသုံးပြီး ခုနစ်ရောင် ခြယ် အားဖြည့်ဝိညာဉ်ပန်းပွင့်၏ တစ်ဝက်ကို စုပ်ယူပြီးနောက် ကန့်သတ်ချက်သို့ ရောက်ရှိသွားသည်ဟု ခံစားရလေသည်။

ထိုအချိန်တွင်၊ လုရီ၏ နဖူးမှ ဝိညာဉ်စွမ်းအားသည် အဆများစွာ တိုးလာကာ သူ၏ နဖူးအလယ်ဗဟိုတွင် ရွှေရေကန်

တစ်ခု ဖြစ်ပေါ်လာကာ ကြီးမားပြီး ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသည်။

ဝိညာဉ်စွမ်းအားကို အဆင့်တက်ပြီးနောက်၊ လုရီ သည် သူ၏ အတိအကျ သတ်မှတ်နိုင်သော စွမ်းရည်အဆင့်သို့ +၂ အဆင့်ထပ်တိုးသည့် ဆုကြေးကို အသုံးပြုကာ သူ၏

မသေမျိုး ဓားကျမ်းကို အဆင့်ရှစ်သို့အဆင့်မြှင့်တင်ခဲ့သည်။

မသေမျိုးဓား မျိုးစေ့သည် မသေမျိုး တာအို ပုံစံများဖြင့် သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစည်းထားသည်။ သူ ကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်သော အလွန်လျှို့ဝှက်ဆန်းကြယ်သော ပုံစံတစ်ခုဖြစ်ပြီး ၎င်း၏ လေးနက်သော အနှစ်သာရကို ယောင်ဝါးဝါးဖြင့် ထိမိရုံသာ ဖြစ်သည်။

မွေးရာပါ တာအိုပုံစံများပါရှိသော မသေမျိုး ဓားမျိုးစေ့သည် လုရီ ဖန်တီးခဲ့သည့် တာအိုစွမ်းအားများ ဝေ့ဝဲနေသော ဝိညာဉ်စွမ်းအားလှိုင်းလုံးကဲ့သို့ မကောင်းသေးပါ။

သို့သော်၊ ဝိညာဉ်စွမ်းအား လေပွေငယ်အတွင်းမှ ခုနစ်ရောင်ရှိသော အလင်းသည် မသေမျိုး တာအိုပုံစံကို မပီမသ လင်းထိန်စေပြီး ၎င်း၏မသေမျိုး တာအိုပုံစံများကို ပို၍ပင် ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့စေသည်။

ဤပုံစံကို အပြည့်အဝ နားလည်နိုင်လျှင် သူ၏ ခွန်အားသည် စိတ်ကူးမယဉ်နိုင်သော နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားနိုင်ကြောင်း လုရီ ခံစားခဲ့ရသည်။

ထို့နောက်တွင် သူသည် မသေမျိုး

ဓားကျမ်းကို ကျင့်ကြံရန် ကြိုးစားလိုက်သည်။

အံ့သြစရာကောင်းသည်မှာ နှစ်တစ်ထောင်ဝိညာဉ်နှင်းရည် တစ်စက်သည် လုံးဝ

စုပ်ယူခြင်း မခံရမီ တစ်နာရီခန့်သာ ကြာတော့လေသည်။

လုရီသည် ရင်သပ်ရှုမောစွာ စူးစူးရှရှ အသက်ရှုသွင်းမိသည်။

ဤကဲ့သို့ ထိရောက်မှုသည် အဆင့်ရှစ်

မသေမျိုး ဓားကျမ်းနှင့် အမှန်တကယ် သင့်လျော်ပါသည်။

စစ်မှန်လောက ပြန်လည် ရောက်ရှိခြင်းအဆင့်တွင် သာမာန် မသေမျိုး သိုင်းကျမ်း တစ်စောင်ဆိုလျှင်၊ စွမ်းအား စုပ်ယူမှုတွင် ကြောက်မက်ဖွယ်ကောင်းသော ထိရောက်မှုမျိုး မရရှိပါ။

သို့သော်ငြားလည်း အဆင့်ခြောက်ကိုကျော်သွားသည့်အခါ၊ ၎င်းက စံပြ ပုံစံဖြစ်နေပါပြီ။ အဆင့် ရှစ် သို့ ရောက်ရှိခြင်းဖြင့်၊ ၎င်းသည် သာမန်မသေမျိုး ဓားကျမ်းကဲ့သို့ ရိုးရှင်းတော့မည် မဟုတ်ပါ။

ယခင်ကဆိုလျှင်၊ ဝိညာဉ် စွမ်းအားကို စုပ်ယူရာတွင် ဤသို့ ထိရောက်မှုမှာ ဝိညာဉ်နှင်းစက်ပမာဏအတွက် လုံလောက်နိုင်ခြင်း ရှိမည် မဟုတ်ပါ။

ကံကောင်းထောက်မစွာ၊ လုရီသည် အတော်လေး ပွပေါက်တိုးသော အရှေ့တောအုပ် အပျက်အစီးဆီသို့ ခရီးထွက်ခဲ့လေသည်။

အသေခ်ျေ ဝိညာဉ်နှင်းစက် ပမာဏသည် အစက်တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးစုဆောင်းမိထားသည်။

ဒါက သူ့ကို အချိန်အကြာကြီး ကျင့်ကြံစေဖို့ လုံလောက်ပါသည်။

ကျင့်ကြံရန်အတွက် အသေခ်ျေ ဝိညာဉ်နှင်းစက်ကို အသုံးပြု၍ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ကို ပြန်သိမ်းလိုက်သည်။

ထိုကဲ့သို့ ကြွယ်ဝသော အရင်းအမြစ်များဖြင့် သူသည် စစ်ဆေးရေး မျှော်စင်သို့

လစဉ် သွားရောက် လည်ပတ်ခြင်းမှ လွဲ၍ အပြင်ထွက်တော့မည် မဟုတ်ပါ။

လုရီသည် သူ၏ ကျင့်ကြံမှုကို အာရုံစိုက်ပြီး သူ၏ ဂူအိမ်ကြီး၌ အိမ်တွင်းအောင်းနေတော့သည်။

နေ့ခင်းဘက်တွင် မှော်သိုင်းများကို နေ့တိုင်းလေ့ကျင့်ပြီး ညဘက်တွင် ခန္ဓာကိုယ်ကို သန့်စင်သည်။

အားလပ်ချိန်များတွင် သိုင်းကျမ်းဆောင်သို့ အကြိမ်အနည်းငယ်သွားရောက်ကာ ဓားတာအို ‌ပို့ချသည်ကို နားထောင်ကာ လေ့လာရန် သိုင်းအချို့ကိုလည်း ရှာဖွေခဲ့သည်။

ဝိဉာဉ်အစာ ချက်ပြုတ်စွမ်းရည်နှင့် ဝိဉာဉ်ဝိုင်ချက်စွမ်းရည်ကိုလည်း လစ်လျူမရှုထားခဲ့ပေ။

ကျောက်စိမ်းဝိုင်အတွက် လိုအပ်သော ကုန်ကြမ်းများအားလုံးသည် ရွှေအူတိုင် အဆင့်တွင် ရှိပြီး လင်းလောင်တောင်ထိပ် အတွင်းတွင် ၎င်းကုန်ကြမ်းများ

အများအပြားရှိသည်။

ထုံးစံအတိုင်း လုရီက တစ်ချို့ကို

ယူခွင့် ရှိလေသည်။

ကုန်ကြမ်းများကို သွားယူသည့်အခါတိုင်း သူသည် ဝိုင်တစ်အိုး သို့မဟုတ် နှစ်အိုးကို လက်ဆောင် ယူလာကာ အကြီးအကဲအား အလွန် ဝမ်းသာအားရဖြစ်‌စေသည်။

တခါတရံ သူသည် ကုန်ကြမ်းများစုဆောင်းရာတွင် ရက်အနည်းငယ် နောက်ကျတတ်သောအခါ အကြီးအကဲဝမ် သည် ၎င်းတို့ကို သူ၏ ဂူအိမ်ကြီးထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးတတ်သည်။

ရွှေအူတိုင် ဝိဉာဉ်ဝိုင်အနေဖြင့် ကျောက်စိမ်းဝိုင်သည် ချက်ရန် အလွန်ခက်ခဲပါသည်။ တစ်နှစ်အတွင်း လုရီသည် ၎င်းကို အဆင့် ငါးအထိ မြှင့်တင်နိုင်ခဲ့သည်။

သို့သော် သူ အရမ်း ကျေနပ်နေပြီ။

သူသာလျှင် အလုပ်များကို ထုတ်ပေးနိုင်ခွင့် အခွင့်ထူး ရှိသည်.. ၎င်းတို့ကို ပြီးမြောက်စေပြီး ဆုလာဘ်များ ရရှိနိုင်သည်။

ပုံမှန် ကျင့်ကြံသူတစ်ဦးအနေနှင့်မူ ၎င်းက

ရာစုနှစ် တစ်ခု ကြာမြင့်သည့်တိုင် ကျောက်စိမ်းဝိုင်ကို ဤအဆင့်အထိ မမြှင့်တင်နိုင်မည် မဟုတ်ချေ။

အဆင့် ငါး ကျောက်စိမ်းဝိုင်သည် အလွန်တန်ဖိုးရှိပြီး ဝိညာဉ် စွမ်းအားကို မြှင့်တင်ရာတွင် သိသိသာသာ အထောက်အကူဖြစ်စေသည်။ သူ၏ ပြောင်းလဲလာသော ဝိညာဉ်စွမ်းအားဖြင့်ပင် နေ့စဉ် ခွက်အနည်းငယ်သောက်ခြင်းသည် အလွန်ထင်ရှားသော အကျိုးသက်ရောက်မှုကို ပေးစွမ်းစေသည်။

ဝိညာဉ်ဝိုင်ချက်ခြင်းနှင့် ဝိညာဉ်အစာချက်ပြုတ်ခြင်း စွမ်းရည်ကို လေ့ကျင့်ခြင်းအပြင် သူ၏ အားလပ်ချိန်များတွင်

မှော်ဆေးပညာကိုလည်း လေ့ကျင့်ခဲ့ပါသည်။

သွေးအနှစ်သာရဆေးလုံးများ ပြုလုပ်ရန် အဓိက ပါဝင်ပစ္စည်းအဖြစ် အရှေ့ တောအုပ် အပျက်အစီးများမှ အရိုင်းသားရဲ သွေးအနှစ်သာရ အနည်းငယ်ကို ရရှိခဲ့သည်။

နောက်ဆုံးတွင် လုရီသည် သွေးအနှစ်သာရအတွက် ဆေးလုံးသန့်စင်နည်းသည်

အရိုင်း သားရဲ သွေးအနှစ်သာရ၏ အာနိသင်ကို အပြည့်အဝ အသုံးချနိုင်မည်မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။

သူသည် ရုတ်တရက် ဉာဏ်အလင်းရနိုင်သည့် အခွင့်အရေးကို အသုံးပြုခဲ့ပြီး မှော်ဆေးပညာအပေါ် သူ၏ ရေရှည်ထိုးထွင်းသိမြင်မှုနှင့်အတူ ဆေးလုံး သန့်စင်နည်းကို ပြုပြင်ခဲ့သည်။

အရိုင်း သားရဲ သွေးအနှစ်သာရကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး ပြုပြင်ထားသော ချက်ပြုတ်နည်းဖြင့် လုရီသည် အရိုင်း သားရဲ ဆေးလုံးကို ဖန်တီးခဲ့သည်။

ခန္ဓာကိုယ် သန့်စင်မှုအပေါ် အရိုင်း သားရဲ ဆေးလုံး၏ အကျိုးသက်ရောက်မှုသည် အလွန်ထင်ရှားပါသည်။ ၎င်းသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အတွက် ဆေးလုံး ဖော်စပ်နည်းဖြစ်သော်လည်း၊ ၎င်း၏အကျိုးသက်ရောက်မှုသည် ရွှေအူဆိုင် ဆေးလုံး နှင့် တန်းတူနီးပါး ဖြစ်သည်။

သူသည် သူ၏ ဂူအိမ်ကြီးအတွင်းမှာသာ ဆေးလုံးများကို သန့်စင်တတ်သောကြောင့်ဖြစ်သည်။

ဆေးလုံး တောင်ထိပ်မှာသာ သူ ထိုသို့ တေးလုံး သန့်စင်ခဲ့မည်ဆိုလျှင်

မှော်ဆေးပညာရှင်များ အထိတ်တလန့် ဖြစ်သွားကြလိမ့်မည်။

ပုံမှန်အားဖြင့် မှော်ဆေးလုံးတိုင်းသည် မှော်ဆေး ပညာရှင်၏ အပြင်းအထန် ကြိုးပမ်းစိုက်ထုတ်မှု၏ ရလဒ် မဟုတ်ပေ။

သူတို့၏ စိတ်နှင့် စွမ်းအင်ကို အများအပြားသုံးစွဲကာ မှော်ဆေးလမ်းကြောင်းမှာ ဖွံ့ဖြိုးတိုးတက်ရန် ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များပင် အချိန်ယူကြရသည် မဟုတ်လော။

လုရီသည် သူ၏ အားလပ်ချိန်ကိုသာ ဆေးလုံး များ သန့်စင်ရန် အသုံးပြုပြီး တစ်နှစ်အတွင်းတွင်၊ သူသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းဆေးလုံးကို ရွှေအူတိုင် ဆေးလုံး၏ အာနိသင်အဖြစ် ဆေးလုံး သန့်စင်နည်းကို မြှင့်တင်နိုင်ခဲ့သည်။

အခြားသူများအတွက်မူ ထိုသို့သောအောင်မြင်မှုအား အိပ်မက်ပင် မက်ဖူးကြမည် ပေ။

အရိုင်း သားရဲ ဆေးလုံးဖြင့် လုရီ၏ ခန္ဓာကိုယ် သန့်စင်မှု အရှိန်သည် သိသိသာသာ တိုးလာပြီး နောက်ဆုံးတွင် သူသည် သူ၏ ကောင်းကင်မိုးကြိုး ကျောက်စိမ်း ခန္ဓာ သိုင်းကို 'ထူးကဲ' အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။

သူ၏ ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ကို 'ထူးကဲ' အဆင့်သို့ တွန်းပို့ပြီး သူ့ကျင့်စဥ်မှာအခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားသဖြင့် လုရီသည် ထိုနဂါးသွေး တစ်စက်ကို ထုတ်ယူခဲ့သည်။

နောက်ဆုံးတော့ သူသည် နဂါးသွေးအား စုပ်နိုင်ပြီဟု ခံစားမိသည်။

အခန်း၁၄၉- နဂါးရဲ့ အရှိန်အဝါ...

~သူ့ကိုယ်ပိုင် ဂူအိမ်ကြီး၏ ကျင့်ကြံခန်းထဲတွင် လုရီသည် အစစ်အမှန် နဂါးသွေး

စက်ကို ထုတ်ယူလိုက်သည်။

ရွှေရောင်သွေးစက်မှာ မယုံနိုင်လောက်အောင် ကြွယ်ဝသော အသက်ဓာတ်၏ အနှစ်သာရ ပါ၀င်ပြီး ၎င်း၏ စွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ် ဖြစ်သည်။

လုရီ သည် သွေးကို စုပ်ယူရန် ပါးစပ်ကို ဖွင့်လိုက်သည် ။

ဖောင်း!

ချက်ချင်းပင် ၎င်းက သေနတ်ကျည်ပမာ ပေါက်ကွဲပြီး လုရီ ၏ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားသည်။

လုရီ ညည်းညူလိုက်သည်။

သူ၏ အနက်ရောင်ဆံပင်ရှည်များ ရိုင်းစိုင်းစွာ ကခုန်နေချိန်တွင် သူ့ချွေးပေါက်များမှ သွေးများ စီးကျလာကာ သူ့အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအားသည် ပြင်းထန်စွာ ကခုန်နေပါသည်။

ဝိညာဉ်စွမ်းအား အတက်အကျ မရှိသော်လည်း သူ့သွေးသည် အပူလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားကာ ကျင့်ကြံခန်းအတွင်း အပူချိန်ကို သိသိသာသာ တိုးစေပြီး ကျင့်ကြံခန်းသည် အလုံပိတ် မီးဖိုကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

လုရီသည် သူ့ကိုယ်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းတစ်ခု မွှေနှောက်နေသည်အား ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာသည်။

သူသည် ငြိမ်သက်နေကာ ကောင်းကင်မိုးကြိုး ကျောက်စိမ်းခန္ဓာ နည်းစနစ်ကို အပြည့်အဝ ထုတ်ဖော်ကာ သူ့ကိုယ်အတွင်းမှ နဂါးသွေးကို စုပ်ယူပြီး သန့်စင်နေသည်။

နဂါးသွေးကို စုပ်ယူလိုက်သည်နှင့်အမျှ

လုရီ၏ အရေပြားသည် အသစ် ပြန်လည် သွန်းလောင်းလာသလို အပြစ်အနာအဆာ ကင်းပြီး ဝိညာဉ်အလင်းရောင်နှင့် သန့်စင်သော စွမ်းအားတို့ဖြာထွက်နေသည်။

တစ်ချိန်တည်းမှာပင် နဂါးအစစ်နှင့်တူသော တန်ခိုးကို သယ်ဆောင်လာကာ လုရီထံမှ အရိုင်းဆန်သော အရှိန်အဝါ

တစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်တွင် သူ့ကိုယ်ရှိ ခုနစ်ရောင် ဝိညာဉ်စွမ်းအား လေပွေငယ်သည် အနည်းငယ် တုန်ခါသွားကာ တာအို အသံများ ထွက်ပေါ်လာပြီး သူ့နားတွင် ပေါကက်ကွဲလာသော အစစ်အမှန် နဂါးကြီး၏ ဟောက်သံအား ပီပြင်စွာ ကြားလိုက်ရသည်။

လုရီ၏ ဝိညာဉ်စွမ်းအားများ ဆူပွက်လာသည်။

နဂါးသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဖြစ်တည်မှု ဖြစ်သကဲ့သို့ ပတ်ဝန်းကျင် ဟင်းလင်းပြင်များ ကွဲအက်ကာ ကြယ်များ မှိန်ဖျော့သွားသဖြင့် အဆုံးမဲ့ ဟင်းလင်းပြင်မှာ ဟိန်းဟောက်နေသော ဧရာမ ရွှေရောင် နဂါးကြီးအားသာ သူသည် တွေ့ရှိရသည်။

မွေးရာပါ တာအို ပုံစံများနှင့်ထပ်တူ...

တာအို နှင့် ယုတ္တိဗေဒကို ထူးထူးခြားခြား လေးနက်သောပုံစံဖြင့် ရောယှက်နေသော နဂါး၏ အကြေးခွံများပေါ်တွင် သဘာဝပုံစံများကို ထွင်းထုထားသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် လုရီသည် မူးဝေသွားကာ ခေါင်းကိုက်သွားသည် ။

မသေမျိုးနှင့် တူသော နဂါးသည် တည်ရှိနေရုံမျှဖြင့် သေမျိုးများအား ၎င်း၏ လေးနက်သော လျှို့ဝှက် ဆန်းကြယ်မှုဖြင့် သိသိသာသာ ထိခိုက် ခံစားစေသည်။

ထိုအကြေးခွံများပေါ်ရှိ တာအိုနှင့် ယုတ္တိဗေဒသည် တစ်ချက် ကြည့်ရုံဖြင့် သေမျိုးများကို ဆွဲဆောင်နိုင်ပြီး သူတို့၏ ဘဝ ဆုံးခန်းတိုင်အောင် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်သည်။

ထိုအချိန်တွင် လုရီ၏ နှလုံးသားအတွင်းမှ တာအို အသံသည် ပိုမိုကျယ်လောင်လာသည်။ လုရီ၏ စိတ်သည် လျှို့ဝှက်ဆန်းကြယ်သော တာအို စည်းချက်ကို ထုတ်ဖော် ပြသခဲ့ပြီး အကြေးခွံများပေါ်ရှိ ပုံစံများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို မသိစိတ်ဖြင့် စတင် နားလည်လာခဲ့သည်။

တားဆီးထားသည့် အဆုံး မရှိသော မြူခိုးများကို ဖြတ်ကျော် ကြည့်နေသကဲ့သို့ပင်အနှစ်သာရကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

လုရီသည် သူ့ဆရာက ခိုင်းသော အလုပ် တစ်ခုမှ ပေးအပ်ခဲ့သော ရုတ်ချည်း ဉာဏ်အလင်း ရရှိရန် အခွင့်အရေးကို သုံးရန် ဆုံးဖြတ်လိုက်သည်။

သူ့စိတ်တွေ ကြည်လင်လာပြီး သူ့ဦးနှောက်က လျင်မြန်စွာ တဝီဝီ မြည်နေပြီး

လုရီသည် တာအိုနှင့် ဖော်မပြနိုင်အောင် ရင်းနှီးမှု ရှိသည့် သဘာဝအတိုင်း မွေးလာသော တာအို ကလေး တစ်ယောက်အသွင် တာအို အသံနှင့် ပေါင်းစပ်ထားသည်။

...

ဟင်းလင်းပြင်ထဲ၌ ကျယ်လောင်စွာ ဟိန်းဟောက်နေသော ဧရာမနဂါးကြီးအား သူသည် ကြည့်လိုက်သည်။တာအို နှင့် ယုတ္တိဗေဒ ပုံစံများ၌ သု့နှလုံးသားသည်

ဝေဝါးစွာ နားလည် သဘောပေါက်ကာ

၎င်းတို့၏ နက်ရှိုင်းသော နေရာများအား နှိုးဆွပေးပါသည်။

၎င်းသည် ရှေးအကျဆုံးသော ခန္ဓာ စွမ်းအား၏ ပြယုဂ် ဖြစ်သည်။

သွေးတစ်စက်တိုင်း၊ အကြေးခွံတိုင်း၊ ကြွက်သားအမျှင်တိုင်းသည် ဘဝ၏ ခွန်အားကို အလိုအလျောက် ပြောပြနေပုံ

ရသည်။

လုရီ သည် ဤဇာစ်မြစ်စွမ်းအားကို သူ့ကိုယ်ပိုင်နှင့် စတင် ပေါင်းစပ်ခဲ့ပြီး သူ၏ ကောင်းကင်မိုးကြိုး ကျောက်စိမ်းခန္ဓာနည်းစနစ်ကို ဆက်လက် မြှင့်တင်ခဲ့သည်။

သူ၏ခန္ဓာကိုယ်ကို မိုးကြိုးပုံစံများဖြင့် အလှဆင်ထားပြီး ကျန်သည့် သူ၏ အရေပြားများသည် ကြည်လင်ပြီး အပြစ်ကင်းစင်သော ကျောက်စိမ်းတမျှ ကြည်မြလှသည်။

ထိုအခိုက်အတန့်၌ ဖျော့တော့သော ရွှေအလင်းသည် ကျောက်စိမ်းတမျှ ကြည်မြသော အရေပြားများပေါ်တွင် လင်းလက်လာသည်။ ၎င်းအလင်း၌ ထူးဆန်းသော ပုံစံများ ဝေ့ဝဲနေ၍ အလွန်တရာ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်ပေးသည်။

လုရီ၏ ခေါင်းထက်တွင် ရွှေရောင်နဂါးကြီး

တစ်ကောင် နိုးထလာပြီး ကောင်းကင်ယံသို့ တိုင် ကြီးမြတ်စွာ ဟိန်းဟောက်လိုက်သည်။

"ဟူး!!"

နဂါးကြီး၏ ဟောက်သံသည် လင်းလောင် တောင်ထိပ်တစ်လျှောက်နှင့် အတွင်းဂိုဏ်းတစ်ခုလုံးတွင် အလားတူ ပဲ့တင်ထပ်သွားသည်။

နဂါးစွမ်းအား၏ အရိပ်အမြွက်သည် မူးမေ့လဲနိုင်ပေသည်။

ဂိုဏ်းတွင်းရှိ ကျင့်ကြံသူများအားလုံး မျက်လုံးများ ပြူးကျယ်ကာ ပွဲဆူသွားကြသည်။

ဂူအိမ်များတွင် လေ့ကျင့်နေကြသော

ကျင့်ကြံသူ အများအပြားသည် သူတို့၏ ဂူအိမ်များမှ ထွက်ကာ ကောင်းကင်ယံသို့

ပျံတက်လာကြသည်။

"ဘာဖြစ်နေတာလဲ?!"

"နဂါးဟိန်းသံကို ငါ ကြားလိုက်သလိုပဲ.. ထင်ယောင်ထင်မှား ဖြစ်တာများလား"

"ထူးဆန်းတဲ့ ဖိအားကို ခံစားလိုက်ရတယ်၊ ဒါက ဒဏ္ဍာရီလာ ရှေးနဂါးရဲ့ စွမ်းအားများလား?"

သိုင်းကျမ်းဆောင်တွင် ရှိသော အကြီးအကဲမင်ပင်လျှင် မျက်လုံးအစုံ ပြူးကျယ်ကာ

မထိန်းချုပ်နိုင်ဘဲ အသံ၏ ဦးတည်ရာကို စူးစမ်းမိ၏။အခြားသော နတ်ဘုရား အသွင်ပြောင်းနယ်ပယ် အကြီးအကဲနှင့် တောင်ထိပ်သခင်များသည်လည်း

လင်းလောင် တောင်ထိပ်ကို အံ့အားသင့်စွာဖြင့် လှမ်းမျှော်ကြည့်သည်။

"ဒါဟာ လင်းလောင် တောင်ထိပ်ရဲ့ ဦးတည်ရာကနေ လာတာပါ။"

လူတိုင်းက အံ့သြပြီး သို့လော သို့လောထင်ကြေးများ ပေးနေကြတော့သည်။

"လင်းလောင် တောင်ထိပ် သခင်မက နဂါးသွေးမျိုးဆက် ကိန်းဝပ်နေတဲ့ ရတနာတစ်ခု ပိုင်ဆိုင်ခဲ့တာများလား။"

"အဲ့လို ဖြစ်နိုင်မလား.."

.....

ဤအတောအတွင်း၊ လင်းလောင် တောင်ထိပ်၌ လင်းလောင် တောင်ထိပ် သခင်မသည် အိပ်စက်နေစဉ် နဂါးဟောက်သံကြောင့် နိုးလာသည်။ သူမ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ သူမ မျက်လုံးများ၌ အံ့အားသင့်နေသည့် အရိပ်အမြွက် ကိန်းအောင်းလာခဲ့ပြီး

"ဒီအရှိန်အဝါက... အစစ်အမှန်နဂါး တစ်ကောင်လား၊ ဟမ်.. မဟုတ်သေးဘူး၊ နည်းနည်းတော့ အားနည်းနေတယ်၊ မှော်သားရဲ အနှစ်သာရက နဂါးသွေး ကြွယ်ဝတဲ့ မှော်သားရဲ သွေးအနှစ်သာရများလား"

သူမ၏ ခန္ဓာကိုယ်သည် နေရာတွင် ပျောက်ကွယ်သွားသည်။ အရှိန်အဝါ၏ နောက်သို့ ခြေရာခံ မကြာမီ ၎င်း၏ အရင်းအမြစ်ကို ရှာဖွေ တွေ့ရှိခဲ့သည်။

လုရီ၏ လှိုဏ်ဂူ အပြင်ဘက်တွင် ငူငူကြီး ရပ်နေသော လင်းလောင် တောင်ထိပ် သခင်မသည် ကသိကအောက် အမူအရာဖြင့် ခေါင်းကုတ်ကာ သူမကိုယ်သူမ တီးတိုး ပြောသည်။

"ဒီကလေးက အရှေ့ တောအုပ် အပျက်အစီးကနေ တော်တော်လေး ရလာပုံပဲ.. သူက ငါ့ရဲ့ ကြီးမားတဲ့ ကံကြမ္မာ စွမ်းရည် အာရုံ ခံစားမှုကို နှိုးဆွနိုင်သူပဲ၊ကောင်းချီးပေးခံရတဲ့ ကံကြမ္မာပဲ။"

ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခု လင်းလက်လာသည်။

လျိုနင်ရွှမ်းသည် ဤနေရာသို့ အရှိန်အဝါအား လိုက်ဖမ်းခဲ့သူဖြစ်သည်။

လင်းလောင် တောင်ထိပ် သခင်မကို မြင်သောအခါ လျိုနင်ရွှမ်းက ဦးညွှတ်ပြီး "ဆရာ"

သူမသည် အေးစက်သော မျက်လုံးများဖြင့် ဂူအိမ်ကြီးဆီသို့ လှမ်းကြည့်ကာ

"ဒါက ဂျူနီယာ မောင်လေး လုပ်လိုက်တာပဲလား"

လင်းလောင် တောင်ထိပ် သခင်မက

နူးညံ့စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီကလေးက အရှေ့ တောအုပ် အပျက်အစီးကနေ အစစ်အမှန် နဂါးသွေး ပါတဲ့ မှော်သားရဲ သွေးအနှစ်သာရကို ရခဲ့တာ ဖြစ်မယ်။"

လျိုနင်ရွှမ်း၏ မျက်လုံးများသည် တောက်ပနေပြီး ဂူအိမ်ကြီးဆီသို့ လှမ်းကြည့်ရင်း ကောက်ချက်ချသည်။

"ဂျူနီယာ မောင်လေးက ယုံကြည်မှု ရှိနေတာပဲ..ဒီလို သွေးအနှစ်သာရကို စုပ်ယူလိုက်တာနဲ့ သူ့ခွန်အားက ပိုလို့တောင် သန်မာလာလိမ့်မယ်"

လင်းလောင် တောင်ထိပ် သခင်မက ခေါင်းညိတ်ပြပြီး လျိုနင်ရွှမ်းကို အသိရခက်သော အပြုံးရိပ်ဖြင့် ကြည့်လာသည်။

"နင်ရွှမ်း..မင်း လုံ့လစိုက်ထုတ်ဖို့ လိုတယ်၊ မဟုတ်ရင် မကြာခင်မှာ မင်းရဲ့ ဂျူနီယာမောင်လေးက မင်းထက် သာသွားတော့မယ်"

ထိုအခါ လျိုနင်ရွှမ်းက ညင်သာစွာ ခေါင်းညိတ်လိုက်ကာ နာခံသည်။

"ဟုတ်ကဲ့ပါ..ဆရာ.."

အခန်း၁၅၀-နဂါးရဲ့ အရှိန်အဝါ ...

~ ကြီးမားလှသော နဂါးအရိပ်သည် ရွှေရောင် အလင်းတန်းအသွင် လျင်မြန်စွာ ပြောင်းလဲ၍ လုရီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

နဂါးကြီး၏စွမ်းအား ပျောက်ကွယ်သွားပြီးနောက် လုရီ သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့မျက်လုံးများသည် ရွှေရောင်အလင်းတန်းများ ကပ်ညှိနေကာ စိတ်ကူးမယဉ်နိုင်သော တန်ခိုးကို ထုတ်လွှတ်သည်။

မကြာမီ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး လုရီ၏ မျက်လုံးများသည် မည်းမှောင်သွားကာ သူသည် ရင်သပ်ရှုမော ဖြစ်ရသည်။

ဒါဟာ တကယ့်ကို နဂါးသွေးအစစ်ပါ။

၎င်းသည် သာမန်သွေးသာ ဖြစ်သော်လည်း ပြန်လည်မွေးဖွားခြင်းကဲ့သို့ လေးနက်သော အသွင်ကူးပြောင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

ယခင်ကနှင့် နှိုင်းယှဉ်ပါက သူ၏ ကာယကြံ့ခိုင်မှု သိသိသာသာ တိုးလာသည်ဟု ခံစားသည်။ သူသည် ကောင်းကင်အားပင် အပေါက်ကြီးတစ်ပေါက် ထိုးဖောက်နိုင်သလို ခံစားရသည်။ ဟုတ်ပါသည်။၎င်းက ရုတ်တရတ် ခွန်အားတိုးလာခြင်း၏ ဘဝင်မြင့်မှုတစ်ခုပါပဲ။

ထို့ထက် ပိုအရေးကြီးသည်မှာ၊ အစစ်အမှန် နဂါး သွေးစက်အတွင်းမှ အပြည့်အစုံ

မဖောက်ဖျက်ရသေးသော နဂါးစည်းကို အားကိုးခြင်းဖြင့်၊ တာအို ရှိ သူ၏

ရုတ်ချည်း ဉာဏ်အလင်းနှင့် အခြေခံအုတ်မြစ်ဖြင့် ပေါင်းစပ်ကာ သူသည် ရွှေအူတိုင် နယ်ပယ်သို့ မကျော်ဖြတ်ရသေးသော်လည်း သူ၏ ကောင်းကင်မိုးကြိုး ကျောက်စိမ်း ခန္ဓာ နည်းစနစ်ကို အသွင်ပြောင်း‌စေပြီး တစ်ဖန် ပြီးပြည့်စုံစေခဲ့သည်။

လက်ရှိ ကောင်းကင်မိုးကြိုး ကျောက်စိမ်း ခန္ဓာ နည်းစနစ်တွင် လုရီ အစစ်အမှန်နဂါး အကြေးခွံမှ နားလည်ထားသော ကောင်းကင်နှင့် မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်မှု ပါ၀င်ပြီး သူ့ခန္ဓာကို အစစ်အမှန် နဂါးကဲ့သို့ သန်မာစေရန် သန့်စင်ပေးနိုင်သည်။

နဂါး အကြေးခွံမှ လုရီ၏ နားလည်မှု

သည် သေးငယ်သော အပိုင်းအစကလေးမျှသာ ဖြစ်သော်လည်း ၎င်းသည် မသေမျိုးအဆင့် ဘဝအတွင်း ပါရှိသော လျှို့ဝှက်ဆန်းကြယ်မှု ဖြလေရာ သေးငယ်သော အပိုင်းအစများပင်လျှင် အလွန် အစွမ်းထက်ပါသည်။

ကောင်းကင်မိုးကြိုး အစစ်အမှန် နဂါး နည်းစနစ်။

နတ်ဘုရားအသွင်ပြောင်းနယ်ပယ်အား ကျင့်ကြံရန် လုံလောက်သော ခန္ဓာ သန့်စင်နည်းစနစ် ဖြစ်ချေသည်။

အကယ်၍ ကန့်သတ်ချက်အထိ ကျင့်ကြံထားပါက လုရီ၏ ခန္ဓာကိုယ်သည်

အစစ်အမှန် နဂါးတစ်ကောင်၏ အံ့မခန်းခွန်အားနှင့် ကောင်းကင်မိုးကြိုး၏ အဖျက်သဘောဆောင်သော သဘာဝကို ပိုင်ဆိုင်ထားမည် ဖြစ်ပြီး ၎င်းသည် အလွန်

ကြောက်စရာ ကောင်းလေမည်။

ထိုအချိန်တွင် လုရီသည် သူ၏ ရုပ်ခန္ဓာသက်သက်အား အသုံးပြု၍ နတ်ဘုရား အသွင်ပြောင်းနယ်ပယ်ရှိ အစွမ်းထက်သော ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်မည် ဖြစ်သည်။

စစ်မှန်သော နဂါးသွေးကို စုပ်ယူပြီးနောက် လုရီသည် သူ၏နားလည်မှုကို ဆက်လက် အခြေ ခိုင်မာအောင် ကြိုးပမ်းခဲ့သည်။

နှစ်ရက်ကြာပြီးနောက် သူ၏ ဂူအိမ်အပြင်ဘက်မှ ကြည်လင်ချိုမြသော အသံသဲ့သဲ့အား လုရီ ကြားလိုက်ရသည်။

"စီနီယာအစ်ကို၊ ဟေ..စီနီယာအစ်ကို။ နင့်ရဲ့ချစ်စရာကောင်းတဲ့ ညီမလေး.. လာတွေ့တယ်"

လုရီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အလိုလို ပြုံးရယ်ကာ မူလ ရှိနေသည့်နေရာမှ ပျောက်ကွယ်သွားသည်။ ဂူအိမ်ကြီး၏ တံခါးကို ဖွင့်ကာ ဝင်ပေါက်၌ ဘွားခနဲ ပေါ်လာသည်။

ထို့နောက် သုန်းကုန်းမင်ယွဲ့ နှင့် လျိုနင်ရွှမ်းတို့ အပြင်ဘက်တွင် ရပ်နေသည်ကို

တွေ့လိုက်ရသည်။

လုရီက တံခါးဖွင့်ပေးလိုက်သည်ကို

မြင်သောအခါ သုန်းကုန်းမင်ယွဲ့သည် ရှေ့သို့ ပြေးသွားကာ လုရီကို ကြည့်ရင်း အံ့သြတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

လုရီ စိတ်ထဲတွင် သူမ၏ မွှေးရနံ့များ လွှမ်းခြုံကာ သူ့နှလုံးသားထဲတွင် ထူးခြားသော ခံစားချက်များ ထွက်ပေါ်လာသည်။

ယနေ့ သုန်းကုန်းမင်ယွဲ့ သည် ခါတိုင်းထက် ပို၍ ချစ်ဖို့ ကောင်းနေသည်။

အတွေးများသည် သူ့စိတ်ထဲတွင်

မရည်ရွယ်ဘဲ ပျံ့လွင့်သွားသည်ဟု လုရီ ခံစားမိသည်။

လုရီ ခေတ္တရပ်လိုက်ပြီး အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

ဒီတုံ့ပြန်မှု... ငါအရင်က ဒီလိုမဖြစ်ဖူးဘူး။

ရုတ်တရက် တစ်ခုခုကို ပြန်သတိရသွားသည်။

နဂါးတို့၏ ဗီဇအားဖြင့် တဏှာရာဂအား တပ်မက်စိတ်များသည်။

အစစ်အမှန် နဂါးသွေးသည် စုပ်ယူပြီးနောက် သူ့အတွက် အလွန် အစွမ်းထက်နေဆဲ ဖြစ်ပြီး၊ သူသည် သူ့ကိုယ်ပိုင်အခြေအနေကို သေချာစွာ မပေါင်းစည်းနိုင်သေးပါ။

ဒါက အစစ်အမှန်နဂါး ဗီဇရဲ့ လွှမ်းမိုးမှုဖြစ်ပါသလား။

လုရီသည် အံကို ကြိတ်ကာ

သူ၏ အတွေးများကို ဖိနှိပ်သည်။ နဂါးသွေးအစစ်ကို နောက်ပိုင်းတွင် အပြည့်အဝ စုပ်ယူပြီး ချေဖျက်ရန် အာရုံစိုက်ရန် တွေးထားလိုက်သည်။၊ ဤသြဇာလွှမ်းမိုးမှုသည် အလွန်နှစ်လိုဖွယ် မရှိသောကြောင့် ဖြစ်သည်။

သူက အသာအယာ ပြုံးပြီး ပြောလိုက်သည်။

"ဂျူနီယာ ညီမလေး ၊မင်း ဘာလို့ ငါ့ကို ဒီလို ကြည့်နေတာလဲ"

ပြီးခဲ့သောနှစ်တွင် သူ၏ ပံ့ပိုးမှုဖြင့် သုန်းကုန်းမင်ယွဲ့သည် လွန်ခဲ့သည့်လအနည်းငယ်က ချီ သန့်စင် ဆယ့်သုံးလွှာသို့ ဖြတ်ကျော်သွားခဲ့ပြီး အချိန်အနည်းငယ်ကြာပြီးနောက် အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ ရောက်ရှိသွားနိုင်သည်။

သုန်းကုန်းမင်ယွဲ့က အံ့အားသင့်စွာ မေးလိုက်သည်။

"စီနီယာ အစ်ကို၊ လွန်ခဲ့တဲ့နှစ်ရက်က နဂါးတစ်ကောင် ပေါ်လာတယ်။ ဆရာနဲ့

စီနီယာအစ်မ ပြောတာ၊အဲ့ဒါက နင်က နဂါးသွေးကို စုပ်ယူတာကြောင့် ဖြစ်တာတဲ့..ဟုတ်လားဟင်.."

လုရီ အံ့အားသင့်သွားပြီး

"ဟုတ်တယ်၊ ငါပါပဲ"

ထိုအခါ သုန်းကုန်းမင်ယွဲ့က ချက်ချင်းပဲ စူးရှစွာ အော်‌ဟစ်လာသည်။

"ဆရာက နင် နဂါးသွေးကို စုပ်ယူပြီးရင် ခွန်အားတွေ တိုးလာလိမ့်မယ်လို့ ငါ့ကို ပြောပြတယ်၊စီနီယာအစ်ကို ဒါက နင်..အရင်ကထက် အများကြီး ပိုအစွမ်းထက်နေပြီလို့ ဆိုလိုတာလား။"

လုရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

ဝန်ခံသည်။

"ဒါပေါ့၊ ငါ နည်းနည်းတိုးတက်လာပါတယ်"

သုန်းကုန်းမင်ယွဲ့က သူမ ခေါင်းလေးကို အုပ်ပြီး စိတ်ပူပန်နေသည့် ပုံဖြင့်...

"အား... နောက်ဆုံးတော့ ချီသန့်စင်နယ်ပယ် ဆယ့်သုံးလွှာကို ကျော်ဖြတ်ပြီး ငါကို နင့်အမီလိုက်နိုင်ပြီလို့ ထင်နေတာ၊ နင် က ပြန်တိုးတက်သွားပြန်ပြီ...စီနီယာအစ်ကို.. နင် သူငယ်ချင်းတွေ ဆုံးရှုံးလိမ့်မယ် နော်!"

သူမစကားကြောင့် လျိုနင်ရွှမ်းက ဖျတ်ခနဲ ပြုံးလိုက်ပြီး

"နင့်ရဲ့ တိုးတက်မှုအတွက် ဂုဏ်ယူပါတယ် ဂျုနီယာ မောင်လေး.."

လုရီက ပြုံးပြီး "ကျေးဇူးတင်ပါတယ် ..

စီနီယာ အစ်မ.."

ယခုနှစ်တွင် လုရီ၏ ကျင့်ကြံမှုအခြေခံသည် အဆင့် ရှစ် သို့ ရောက်ရှိခဲ့ပြီး သူ၏ နည်းပညာသည် သိသိသာသာတိုးတက်လာခဲ့သည်။

ထို့အပြင် အသေခ်ျေ ဝိဉာဉ်နှင်းစက်ကို တစ်နှစ်အတွင်း အဆက်မပြတ်အသုံးပြုခဲ့ပြီး တစ်နှစ်အတွင်း သူ၏ ကျင့်ကြံမှုအခြေခံသည် အခြေခံ အုတ်မြစ်တည်ထောင်မှု ကိုးလွှာအထိ မြင့်မားလာကာ သူသည် ဆယ်လွှာသို့ သိပ်မဝေးလှ တော့ပေ။

ကြီးကျယ်သော နယ်ပယ်တစ်ခုမှာ... တစ်စုံတစ်ယောက်သည် တိုးတက်လေလေ၊ ကျင့်ကြံမှု အရှိန်အဟုန် နှေးကွေးလေလေဖြစ်ကြောင်း ဤတွင် သတိချပ်ရပါမည်။

လုရီ၏ တစ်နှစ်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်မှုသည် မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။

သူက ရယ်မောရင်း

"ကျွန်တော် နေ့တိုင်း အပင်ပန်းခံပြီးကျင့်ကြံခဲ့တာ တိုးတက်မှုအချို့ရခဲ့ပြီ၊ အခု စီနီယာအစ်မနဲ့ ဂျူနီယာ ညီမလေး အလည်ရောက်လာတုန်း စားပွဲလေး ဆင်နွှဲကြမယ်လေ၊ ဘယ်လိုလဲ၊ သဘောတူလား"

သုန်းကုန်းမင်ယွဲ့ က ဒါကို ချောင်းနေတာ ဖြစ်ပုံရပြီး လုရီ၏ စကားကြားတော့ ချက်ချင်းပင်..အားကျမခံ..ပြောလာ၏။

"ကောင်းပြီ ၊ဒီမမလေးက အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို မြန်မြန် ဖြတ်ကျော်နိုင်အောင် ဒီနေ့ အသား တွေ ပိုစားပစ်မယ်.."

လျိာနင်ရွှမ်းသည်လည်း သဘာဝအတိုင်း ကန့်ကွက်ခြင်း မရှိပဲ ပေါ့ပေါ့ပါးပါး ရယ်မောကာ ချီးကျူးသည်။

"မင်းရဲ့ ကျောက်စိမ်းဝိုင် သောက်ရတာ အရမ်းကောင်းပါတယ် ၊ဂျူနီယာ

မောင်လေး.."

သုံးယောက်သား ခန်းမထဲမှာ နေရာယူလိုက်ကြသည်။

လုရီသည် ဝိုင်များနှင့် ဟင်းပွဲအချို့ကို ထုတ်ကာ သူတို့ ပွဲတော်တည်လိုက်ကြသည်။

စားသောက်နေစဉ် ထွေရာလေးပါး ပြောဆိုကြသည်။

သူတို့၏စကားဝိုင်းသည် အဓိကအားဖြင့် သူတို့၏ ကျင့်ကြံခြင်း အပေါ် ထိုးထွင်းသိမြင်မှုကို အဓိကအားဖြင့် အမြင်များ ဖလှယ်ကြခြင်းပင်။ လုရီ နှင့် လျိုနင်ရွှမ်းက အဓိက ဆွေးနွေးသူ၊ သုန်းကုန်းမင်ယွဲ့က နားထောင် မှတ်သားသူဖြစ်သည်။

သုန်းကုန်းမင်ယွဲ့၏ ကျင့်ကြံမှုသည်

ကျန်နှစ်ဦးနှင့် တန်းတူ မဟုတ်ပေ။

အရည်အချင်းအရဆိုလျှင် လုရီက တာအို စွမ်းအားကို စုပ်ယူပြီး ရုတ်ချည်း ဉာဏ်အလင်းပေးသည့် အခိုက်အတန့်များကို မကြာခဏ အသုံးပြုပြီးနောက် လျိုနင်ရွှမ်းပင်လျှင် လုရီ၏ နားလည်မှုကို အံ့သြသွားခဲ့သည်။

တာအိုသည် သူတို့၏ ဖလှယ်မှုကို အတော်လေး ဆွဲဆောင်မှုရှိစေခဲ့သည်။ သူတို့ သုံးဦးသည် လတ်တလော ဖြစ်ရပ်များအကြောင်း မပြောမီတွင် တာအိုအား နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြသည်။

လျိုနင်ရွှမ်းသည် ကျောက်စိမ်းဝိုင် တစ်ငုံသောက်ပြီး အသိပေးလာသည်။

"အရှေ့ တောအုပ် အပျက်အစီးကနေ ပြန်လာကြတော့ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က သူ့ဆက်ခံသူ သေဆုံးတာကို ကြားပြီး အကြီးအကျယ် ဒေါသထွက်သွားတယ်။ သွေးဝိညာဉ်ဂိုဏ်းက ငါတို့တိမ်ဖြူဂိုဏ်းကို အပြည့်အဝ စစ်ပွဲ အစပျိုးလိုက်ပြီ ..ငါတို့တိမ်ဖြူဂိုဏ်း နယ်နမိတ်မှာ သူတို့ဂိုဏ်းက အခြေတည် ဝိညာဉ်အကြီးအကဲ တွေကိုတောင် လွှတ်ပြီး တိုက်ခိုက်စေတယ်၊ တိုက်ပွဲမှာ အခြေတည် ဝိညာဉ်အကြီးအကဲ တစ်ယောက် သေသွားတယ်။"

All Chapters