← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း၁၃၆-မိစ္ဆာ မျိုးနွယ်စု ပေါ်လာပြီ...

~ "အဓိက နယ်မြေမှာ ဘယ်လို ဆန်းကြယ်တဲ့အပြောင်းအလဲကြီး ဖြစ်နေတာလဲ..

အရှေ့တောအုပ်အပျက်အစီးမှာ ကြီးကျယ်တဲ့ ပြသနာ တစ်ခုခု ဖြစ်တော့မှာလား "

"ဟုတ်တယ်၊ ဒီတစ်ကြိမ်မှာ ဖြစ်တဲ့ ဖြစ်ရပ်ကြောင့် အရှေ့တောအုပ်အပျက်အစီးနယ်မြေကို အနာဂတ်မှာ ဝင်ရောက်ခွင့် ရှိမလားတောင် မသေချာတော့ဘူး..."

အချို့မှာမူ ဤအရှေ့တောအုပ်အပျက်အစီးမှ မိမိတို့အနေနှင့် ထွက်ခွာခွင့်ပင် ရှိပါ့မလားဟူ၍ စိုးတထိတ်ထိတ် ဖြစ်နေကြလေသည်။

ကြမ်းတမ်းစွာ ခရီးနှင်လာခဲ့ကြရာ အချိန်နှစ်ရက် ကုန်ဆုံးခဲ့ပြီး နောက်..သူတို့သည် နောက်ဆုံး၌ လွတ်မြောက်နယ်မြေသို့ ရောက်ရှိသွားကြသည်။

ထိုအခိုက်အတန့်၌ လူအုပ်ကြီးအား ဦးဆောင်လာသော လုရီသည် အန္တရာယ်ရှိသော အရှိန်အဝါတစ်ခု သူတို့အနားသို့ ချဥ်းကပ်လာသည်ကို အာရုံခံစားမိလိုက်သည်။

အရှိန်အဝါသည် လူသားကျင့်ကြံသူ

တစ်ယောက်၏ တည်ရှိမှုမျိုးနှင့် မဆင်တူဘဲ ထူးဆန်းသော မိစ္ဆာ စွမ်းအားလိုပင်။

ဟန်ယွီ၊ယွင်ရှီးနှင့် အခြားသူများလည်း ၎င်းကို ခံစားမိကြသည်။

သူတို့အားလုံးသည် အမူအရာ အနည်းငယ် ပျက်ယွင်းသွားကြ၏။

" ဟေး..ဒါ... မိစ္ဆာစွမ်းအားနဲ့ မတူဘူးလား"

"ဒီနေရာမှာ ဘယ်လို မိစ္ဆာ တည်ရှိမှု ရှိနေတာလဲ"

လူစုလူဝေးကြားတွင် ထုတ်ဖော်ပြောဆိုမှုများအတွင်း အနီရောင် မြူထုကြားမှ ပုံသဏ္ဍာန် သုံးခု ရုပ်လုံး ပေါ်လာ၏။

အရပ်နှစ်မီတာကျော် မြင့်မားသည့်ထွားကျိုင်းသော နွားခေါင်း လူ၊အခြား သူမှာ ကျောဘက်တွင် မီးခိိုးရောင် အတောင်ပံတစ်စုံနှင့် မျက်နှာတွင် နူးညံ့သည့် ငှက်မွှေးများ ပါသော ခန္ဓာ ကောက်ကြောင်း လှပသော အမျိုးသမီးတစ်ဦး ၊နောက်ဆုံး ပုဂ္ဂိုလ်ကတော့ ကျားခေါင်းလူ ဖြစ်၏။

"မိစ္ဆာတွေ!"

လုရီ၏ မျက်နှာသည် မဆိုစလောက်ပျက်ယွင်းသွားကာ

အနည်းငယ်လည်း မှင်သက်သွားသည်။

သူ ဒီကို မလာခင် အရှေ့ တောအုပ် အပျက်အစီးအကြောင်း ကြားဖူးနားဝ

တီးခေါက်ထားခဲ့ပေမယ့် အပျက်အစီး နယ်မြေထဲမှာ မိစ္ဆာ မျိုးနွယ်ဝင်တွေ ရှိနေသည်ကို သူ တစ်ခါမျှ

မကြားဖူးခဲ့ပါ။

သူတင်မဟုတ်ဘဲ ဟန်ယွီ၊ ယွင်ရှီးနှင့် အခြားသူများ၏ အမူအရာများလည်း ပြောင်းလဲသွားတော့၏။

"ဘယ်လို ဖြစ်နိုင်မှာလဲ၊ မိစ္ဆာမျိုးနွယ်က အရှေ့တောအုပ် အပျက်အစီးထဲမှာ ဘယ်လို ရှိနိုင်မှာလဲ"

သူတို့ အံ့အားသင့်နေချိန်တွင် မိစ္ဆာ

သုံးကောင်သည်လည်း တူညီစွာ အံ့အားသင့်သွားကာ သူတို့နှင့် တွေ့ရန်

မမျှော်လင့်ထားပုံပါပဲ။

ရှေ့ဆုံးက ကျားမိစ္ဆာက မျက်မှောင်ကြုတ်ပြီး သူတို့ချင်း ပြောသည်။

"အစောက သားရဲ လှိုင်းလုံးကြီးက သူတို့ကို မသတ်ခဲ့ဘူးလား၊ လူသားတွေ အများကြီး အသက်ရှင်နေသေးတယ်၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။"

"သူတို့တွေ တစ်နေရာရာမှာ ပုန်းအောင်းပြီး ဘေးဆိုးက လွတ်မြောက်လာတာ နေမှာပေါ့၊ ဟမ့်..,ဒီလူသားမျိုးနွယ်ရဲ့ အဖွဲ့ဝင်တွေက တော်တော် ကံကောင်းတယ်”

နွားမိစ္ဆာက အဖွဲ့ကို အေးစက်စွာ ငေးကြည့်ရင်း လှောင်လိုက်သည်။

ထိုအခါ ငှက်မိစ္ဆာက ပါးစပ်ကို အုပ်လိုက်ရင်း ခိုးခိုးခစ်ခစ် ရယ်မောကာ

"ဒါဆိုလည်း ဘာဖြစ်လဲ၊ အခု သူတို့ကို သတ်လိုက်လည်း သိပ်နောက်မကျသေးဘူး.., အရှင်က အောင်မြင်တော့မှာ၊ ဒါကို

အရှင့်အတွက် ဂုဏ်ပြုပွဲလို့ မှတ်ယူရမှာ ပေါ့ရှင်"

ဒါကို ကြားတော့ ကျားမိစ္ဆာနှင့်

နွားမိစ္ဆာ၏ မျက်နှာထက်ဝယ် ရက်စက်သည့် အပြုံးတို့ သီးဝေလာကာ ငှက်မိစ္ဆာကို ထောက်ခံသည့်အနေဖြင့်ခေါင်းညိတ်ပြလိုက်သည်။

တစ်ဆက်တည်း၌ အနီရောင် မြူထုကြားထဲမှ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာစွမ်းအားများ ကောင်းကင်သို့ မြင့်တက်သွားတော့၏။

“ ရွှေ…ရွှေအူတိုင် နယ်ပယ် မိစ္ဆာ…”

လူအုပ်ကြီး၏ မျက်နှာထားများ ပြောင်းလဲသွားပြန်သည်။

မိစ္ဆာသုံးကောင်စလုံးသည် ရွှေအူတိုင် နယ်ပယ်တွင် ရှိနေကြသည်။

သို့သော်လည်း လုရီသည် အေးဆေးတည်ငြိမ်သော အမူအရာ ရှိနေသည်။

သူသည် မိစ္ဆာ သုံးကောင်ကို ကြည့်ပြီး

“မင်းတို့လည်း အပြင်လောကက လာတာလား” ဟု ဟန်မပျက်ဘဲ မေးလိုက်၏။။

ငှက်မိစ္ဆာက သူတို့ကို စေ့စေ့စပ်စပ်ကြည့်ကာ တခစ်ခစ်ရယ်ရင်း

"မှန်တယ်၊ ရုပ်ချောချော မောင်လေး၊

ဒီအစ်မတို့က အပြင်လောကက လာတာ"ဟု ပြန်ဖြေလာသည်။

"မဖြစ်နိုင်ဘူး၊အရှေ့တောအုပ်အပျက်အစီးနယ်‌မြေရဲ့ ဝင်ပေါက်က ငါတို့ ဂိုဏ်းငါးဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ အမြဲရှိနေတာ၊ ​​မင်းတို့ ဘယ်လို ဝင်လာတာလဲ? နောက်ပြီး မင်းတို့ဟာ ရွှေအူတိုင်အဆင့်ကိုရောက်နေပြီ၊ ဘာလို့ ဝင်လို့ရတာလဲ။" အေးခဲ ဆောင်းရာသီတောင်ကြားမှ တပည့်တစ်ဦးက မယုံကြည်နိုင်သော လေသံဖြင့် ပြန်လည် အော်ဟစ်လိုက်၏။

"ဟမ့်၊ လျှို့ဝှက်နည်းလမ်းတွေ ရှိတယ်။ ဝင်ဖို့က ငါတို့သဘောပဲ" ဟု နွားမိစ္ဆာက မောက်မာစွာ ကဲ့ရဲ့သည်။

လုရီက တစ်ခုခုကို တွေးပြီး သူ့အမူအရာက နည်းနည်း ပြောင်းလဲသွားသည်။

"မင်းတို့ရဲ့ အရှင်က ဘယ်သူလဲ၊ အရှေ့တောအုပ် အပျက်အစီးရဲ့ အဓိက နယ်မြေက ဆန်းကြယ်တဲ့အပြောင်းအလဲနဲ့ မင်းတို့က ဆက်စပ်နေတာလား"

ထိုအခါ.. မိစ္ဆာ သုံးကောင်ကြား စောစောက ပြောဆိုခဲ့သော စကားဝိုင်းကို ပြန်တွေးကြည့်လိုက်မိပြီး

မိစ္ဆာသုံးကောင်ကို ကြောက်လန့်တကြား ကြည့်နေသော တခြားသူများ၏ အမူအရာတွေလည်း ပြောင်းလဲသွားသည်။

"ဟဲဟဲ၊ လိမ္မာပါးနပ်တဲ့ လူသား ကောင်လေး။ ဒီနေရာက ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ အမြီး

ကိုးချောင်း မိစ္ဆာဧကရာဇ်ရဲ့ အကြွင်းအကျန်တွေကို မြှုပ်နှံထားတဲ့ နေရာပဲ၊ မိစ္ဆာဧကရာဇ်ရဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ ငါတို့အရှင်က ကိုးမြီး မိစ္ဆာဧကရာဇ်ရဲ့ တန်ခိုးကို အမွေဆက်ခံဖို့ ကြိုးစားနေတယ်။"

ဒါကို ကြားတော့ လူအားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

"မိစ္ဆာဧကရာဇ်ရဲ့ အကြွင်းအကျန်"

"အမြီးကိုးချောင်းရှိတဲ့ နတ်ဆိုး မြေခွေးရဲ့ ကြီးကျယ်ခမ်းနားတဲ့ တည်ရှိမှု ဒီကို ရောက်နေပြီလား။ ငါတို့ ဆုံးခန်းတိုင်သွားပြီ။"

ကျင့်ကြံသူ အများအပြား မျက်နှာများ သွေးဆုတ်သွားကြသည်။

လုရီ၏ မျက်နှာမှာပင် အနည်းငယ်မူပျက်သွားသည်။

မိစ္ဆာမျိုးနွယ်အတွင်းရှိ အမြီးကိုးချောင်း

မိစ္ဆာဧကရာဇ်၏ ရပ်တည်မှုသည် လူသား မျိုးနွယ် အတွင်းရှိ မသေမျိုး ဂိုဏ်း မြင့်မြတ်နယ်မြေ တစ်ခုထက် မနိမ့်ကျပေ။

အလွန် အစွမ်းထက်သည့် မိစ္ဆာ စွမ်းအားကို ပိုင်ဆိုင်သည်။

အရှေ့တောအုပ် အပျက်အစီးရှိ

ပုဂ္ဂိုလ်သည် အမြီးကိုးချောင်း

မြေခွေးမိစ္ဆာဧကရာဇ်၏ အမွေ ဆက်ခံသူဖြစ်ပြီး မိစ္ဆာဧကရာဇ်၏ ပင်ကိုယ်စွမ်းရည်ကြောင့် ၎င်း၏ ပင်ကိုယ်စွမ်းအားသည်လည်း ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။ လုရီတောင်မှ သူတို့ကို ပေါ့ပေါ့တန်တန် သဘောမထားရဲပါချေ။

အစောပိုင်းက အဓိက နယ်မြေမှ ရုန်းရင်းဆန်ခတ်မှုသည် ထိုပုဂ္ဂိုလ်သည် မည်မျှကြောက်စရာကောင်းသည်ကို ပြသခဲ့သည်။

ရှေးခေတ်က လူသားမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော အမြီးကိုးချောင်း

မြေခွေးမိစ္ဆာ ဧကရာဇ်သည် အပျက်အစီးနယ်မြေအတွင်း၌ ရှိနေလိမ့်မည်ဟု လုရီ

မမျှော်လင့်ထားခဲ့ပေ။

လုရီ၏ မှတ်ဉာဏ်အတွင်း ထိုပုံရိပ်ယောင်နယ်မြေထဲမှ တောက်ပသော အလင်းတန်းတစ်ခု လွှမ်းခြုံထားသည့် စွဲမက်ဖွယ်ကောင်းသော ရုပ်သွင်ကို ပြန်လည်မြင်ယောင်လာသည်။ ထိုကြီးကျယ်သော မိစ္ဆာသည် အမြီးကိုးချောင်း မိစ္ဆာဧကရာဇ် ဖြစ်ရမည် မလွဲနိုင်ပေ။

လုရီနှင့် အခြားသူများ၏ မျက်နှာထားများပြောင်းလဲလာသည်ကို မြင်တော့ ရွှေအူတိုင် မိစ္ဆာ သုံးကောင်က နှာခေါင်းရှုံ့ကာ လုရီတို့ကို တစ်ချက်တည်း သုတ်သင်ရန် အနားသို့ ချဉ်းကပ်လာသည်။

လုရီသည် အသက်ဝဝ ရှူလိုက်သည်။

သူ့အမူအရာက ငြိမ်သက်နေပြီး

...ဒီမိစ္ဆာသုံးကောင်ကို ငါ သတ်ရတော့မယ်...ဟု သူ့ကိုယ်သူ တွေးလိုက်၏။

[အလုပ်]

ရွှေအူတိုင်အဆင့် မိစ္ဆာသုံးကောင်ကို သတ်ပါ။

ဆုကြေး- ခုနစ်ရောင်ခြယ် အားဖြည့်ဝိညာဉ်ပန်း-တစ်ပွင့်။

အလုပ်ကို လက်ခံပါ- အလုပ်ကို လက်ခံမည်လား/ငြင်းမည်လား။

ဆုကြေးကို မြင်သောအခါ လုရီ၏ စိတ်နှလုံးသည် ရွှင်လန်းစွာ ခုန်ပေါက်လာခဲ့သည်။

ခုနစ်ရောင်ခြယ် အားဖြည့်ဝိညာဉ်ပန်း...

ခုနစ်ရောင်ခြယ် အားဖြည့်ဝိညာဉ်ပန်းဟူသည်မှာ...

တစ်ကယ်ပင် ရှားပါးလှသော စိတ်ဝိညာဉ်အားဖြည့်ပေးသည့် ကောင်းကင်နှင့် မြေကြီး ရတနာ တစ်ပါး ဖြစ်လေသည်။

သဘာဝအားဖြင့် အားဖြည့်ဝိညာဉ်ပန်း တစ်ပွင့်သည် အနှစ်တစ်ရာအထိ ရှင်သန်နိုင်လျှင် အရောင် သုံးရောင်ခြယ် အဆင့်အထိ ရောက်သည်။ အနှစ်ငါးရာ ကြာပြီးနောက် ငါးရောင်ခြယ် အဆင့်သို့ရောက်ရှိသည်။ ခုနစ်ရောင်ခြယ် အဆင့်သို့ ရောက်ရန်အတွက်မူ ထိုအားဖြည့်ဝိညာဉ်ပန်းသည် အနည်းဆုံး နှစ်တစ်ထောင်အထိ ရှင်သန်ရန် လိုအပ်သည်။

ခုနစ်ရောင်ခြယ် အားဖြည့်ဝိညာဉ်ပန်းအတွင်းပါရှိသော ဆေးဖက်ဝင်ဂုဏ်သတ္တိများသည် လုရီ၏ ဝိညာဉ်စွမ်းအားတွင် ကြီးကျယ်သော ပြောင်းလဲမှုကို လှုံ့ဆော်ရန် လုံလောက်ပါသည်။

ဟဲဟဲ၊ ဆုကြေးက အရမ်းကောင်းလွန်းတယ်။

လုရီ သည် ထိုအလုပ်ကို လျင်မြန်စွာလက်ခံပြီးနောက် မိစ္ဆာ သုံးကောင် ဆီသို့ လှမ်းကြည့်ကာ တစ်ချက်ရယ်ရင်း ပြောလာသည်။

"ဒါလိုဆိုမှတော့ ငါတို့ မင်းတို့ကို မလွှတ် ပေးနိုင်ဘူး၊ ပြန်သွားပြီး နောက်ထပ် မိစ္ဆာတွေ ခေါ်လာမှာကို စိုးရိမ်မိတယ်"

ဤပြောဆိုချက်သည် မိစ္ဆာ သုံးကောင်ကို ခေတ္တ ကြောင်စေပြီးမှ အားလုံး ဟားတိုက်ရယ်ကြသည်။

"ဘာ..ငါတို့ကို သတ်ဖို့စဉ်းစားနေတာလား"

"မင်းလောက်လေးနဲ့ပဲလား။ မင်းဟာ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းအဆင့်သာရှိတဲ့ အမှိုက်ကလေးတွေပဲ"

"သူတို့ကို သတ်စမ်း!"

မိစ္ဆာ သုံးကောင်သည် ၎င်းတို့၏ မိစ္ဆာအရှိန်အဝါများကို တဟုန်ထိုး ထုတ်ဖော်ကာ အသီးသီး ၎င်းတို့၏ အစွမ်းထက် ပညာများကို ထုတ်လွှတ်ကြသည်။

"ဝေါင်း"

ကျားမိစ္ဆာသည် ကျယ်လောင်စွာ ဟိန်းသံပြုလိုက်ပြီး နေရာကို ချိတ်ပိတ်ရန် ခေါင်းလောင်းကြီး တစ်လုံးကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။ နေရာသည် ချိတ်ပိတ်ခံလိုက်ရပြီး အထဲမှာ လူ

အားလုံးကို ပိတ်မိကာ လုရီနှင့် အခြားလူများအတွက် ထွက်လမ်း မရှိတော့ပေ။

နွားမိစ္ဆာသည် နဂါးများကဲ့သို့ ပြင်းထန်သော အရိုင်းသွေးများဖြင့် ကိုယ်ကို

လှည့်ပတ်လိုက်ပြီး လူသားအုပ်စုအား ကိုင်တွယ်ရန် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာခဲ့သည်။

တစ်ချိန်တည်းတွင်၊ ငှက်မိစ္ဆာသည် သတ္တုကဲ့သို့ မာကျောသော အလင်းရောင်ဖျော့ဖျော့ တောက်ပနေသည့် ငှက်မွှေးဖြူများစွာကို ထုတ်ယူလိုက်သည်။

သူမ၏ လက်ဝှေ့ယမ်းမှုနှင့်အတူ ငှက်မွှေးဖြူများသည် လေထုသို့ ထိုးဖောက်ကာ လူသားအုပ်စုဆီသို့ တဟုန်ထိုး တိုးဝင်လာသည်။

မိစ္ဆာ သုံးကောင်လုံးသည် မယုံနိုင်လောက်အောင် အစွမ်းထက်သော ရွှေအူတိုင် စွမ်းအားများ ဖြစ်ကြသည့်အလျောက် ၎င်းတို့၏ ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုက ကျင့်ကြံသူများ၏ မျက်နှာများ ဖြူဖျော့သွားစေကာ တိုက်ခိုက်မှုကို

ခံနိုင်ရည်မရှိသလောက်ပင် ဖြစ်စေခဲ့သည်။

လုရီမှာမူ အံ့သြရလောက်အောင် ပကတိ ငြိမ်သက်နေသည်။ သူသည် တိမ်ဖြူခြေလှမ်းအား ထုတ်ဖော်၍ ရှေ့သို့ တိုးဝင်သွားသည်။ သူ့ကိုယ်သည် ရွှေဓား အလင်းတန်းများ လွှမ်းခြုံနေသည်။

လုရီကိုယ်မှ မသေဆုံးနိုင်သော ဓားစိတ်ဆန္ဒ ခြုံလွှမ်းထားသည့် ရွှေဓား အလင်းတန်းသုံးခုသည် အသက်ဝင်လာသလို လေထုထဲသို့ ပျံသန်းလာသည်။

ရွှေဓား အလင်းတန်း သုံးခုသည် မိစ္ဆာ သုံးကောင်ကို ပစ်မှတ်ထား၍ တည့်တည့်ပျံသန်းလာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒကြောင့် ခွန်အားကြီး မိစ္ဆာ သုံးကောင်၏ မျက်နှာများ ရုတ်တရက် မူပျက်သွားခဲ့သည်။

အခန်း ၁၃၇- လက်နက်ရဲ့ စွမ်းအား...

~ ရွှေဓားအလင်းသည် ငှက်မွှေးဖြူများကို ထိမှန်သွားကာ ရုတ်ချည်းပင် ၎င်းတို့ကို

အမှုန့်ချေသည်။ ငှက်မိစ္ဆာသည် အားနည်းသွားကာ သွေး အနှစ်သာရများ အန်ထုတ်လိုက်ရရင်း ၎င်း၏ ခန္ဓာကိုယ်အား အဖြူရောင် အလင်းအသွင် ပြောင်း၍ နောက်သို့ အသည်းအသန် ဆုတ်ခွာလိုက်ရသည်။

နောက်အခိုက်အတန့်တွင် ငှက်မိစ္ဆာ မူလက ရှိခဲ့သော နေရာကို ရွှေဓားအလင်းက ဖြတ်ပိုင်းသွားကာ လေထုကို သူ့အလိုလို တွန့်လိမ်သွားစေခဲ့သည်။

ဒုတိယ ရွှေဓားအလင်းသည် အဝါရောင်အလင်းလွှာ ခြုံလွှမ်းထားသော နွားမိစ္ဆာ၏ ကိုယ်ခန္ဓာသို့ တိုက်ရိုက် ထိမှန်သည်။ နွားမိစ္ဆာသည် ဒေါသတကြီး အော်မြည်ရင်း ၎င်း၏ အရှိန်အဝါသည်

တဟုန်းဟုန်းတောက်သော မီးခိုးငွေ့များကဲ့သို့ မြင့်တက်လာခဲ့ပြီး ရွှေဓားအလင်းဆီသို့ လက်သီးဖြင့် ခုခံလိုက်သည်။

ဂျွတ်!

နွားမိစ္ဆာ၏ လက်သီးနှင့် လက်မောင်းသည် ဓားအလင်းအောက်တွင် ဟောင်းလောင်းပွင့်ထွက်ပြီး ၎င်း၏ နှစ်မီတာကျော် ရှည်လျားသော ကြံ့ခိုင်သည့် ခန္ဓာကိုယ်သည် နောက်ပြန်လွင့်ထွက်သွားကာ သွေးများ မြေပြင်တစ်ခုလုံး ပန်းထွက်လာသည်။

နောက်ဆုံး ရွှေဓားအလင်းသည်မူ ခေါင်းလောင်းကြီးအား ရည်ရွယ်သည်။ ခေါင်းလောင်းကြီးတွင် ဓားအလင်း ဖြတ်သန်းပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာသဖြင့် ခေါင်းလောင်းသည် တုန်ခါကာ အဆက်မပြတ် မြည်ဟည်းလာသည်။ ၎င်းကို ထိန်းချုပ်ထားသည့် ကျားနတ်ဆိုး၏ ကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်ရီသွားကာ ၎င်း၏ ချွေးပေါက်များမှ သွေးများ စိမ့်ထွက်နေသည်။

မိစ္ဆာသုံးကောင်သည် ကောင်းကင်မှ ဆင်းသက်လာသော မသေမျိုး ဓားသမားကဲ့သို့ ရွှေဓားအလင်းတန်းများ ဝန်းရံထားသော လုရီ၏ ကြီးကျယ်ခမ်းနားလှသောအသွင်ကို ကြည့်ရင်း အံ့သြထိတ်လန့်သွားကြသည်။

"ဒီဓားစိတ်ဆန္ဒမှာ မသေမျိုး အရှိန်အဝါ တွေ ပါနေတာလား။"

"အ..အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် လူသား ကျင့်ကြံသူက ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်နိုင်နေတယ် ဒီဓားစိတ်ဆန္ဒက

ဓားစိတ်ဆန္ဒနယ်ပယ်ရဲ့ငါးဆယ် ရာခိုင်နှုန်းတောင် ရောက်နေပြီ"

ကြီးကျယ်သော ရွှေအူတိုင် မိစ္ဆာသုံးကောင်သည် ရင်ထိတ်သွားကြ၏။

မိစ္ဆာ ဧကရာဇ်၏သားစဉ်မြေးဆက်များ၏ နောက်လိုက်များအနေနှင့် ၎င်းတို့သည် တူညီသောအဆင့်ရှိ ကျင့်ကြံသူများကြားတွင် ထူးချွန်သူများ ဖြစ်ကြပြီး ၎င်းတို့၏အစွမ်းသတ္တိကို ၎င်းတို့၏ကိုယ်ပိုင်အဆင့်ဖြင့် အကဲဖြတ်၍ မရဘဲ မြင့်မားသောအဆင့် ရွှေအူတိုင် စွမ်းအားရှင်များကို တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

သို့ပင်ငြားလည်း ဤရွှေအူတိုင်မိစ္ဆာသုံးကောင်၏ လက်ချင်းချိတ်ကာ တိုက်ခိုက်မှုသည် ဤအခြေခံအုတ်မြစ် တည်ထောင်ခြင်းအဆင့်သာ ရှိသေးသော လူသား၏ ဓားချက်တစ်ချက်ကို မမျှော်လင့်ဘဲ ခုခံနိုင်စွမ်း ကင်းမဲ့ခဲ့ရသည်လား။

မိစ္ဆာ သုံးကောင်သည် သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော မျက်လုံးများဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

နွားရိုင်း မိစ္ဆာသည် အသံနှိမ့်၍ မာန်ဖီလိုက်သည်။၎င်း၏ အသက်သွေးကြော အဝါရောင်အလင်းတန်းများ တဟုန်ထိုး လည်ပတ်လာသည်။ မသေမျိုးဓားချီမှဖြတ်တောက်ထားသော ၎င်း၏ လက်သည် ပြန်ဆက်လာခဲ့ပြီး အရေပြားများ ပြန်အစားထိုးလာကာ အရိုးများ တဂျွတ်ဂျွတ်မြည်လာ၏။

၎င်းသည် ပင့်သက်တစ်ချက် ရှိုက်ပြီး

ကြမ်းတမ်းစွာ အော်ဟစ်သည်။

“ဒီလူဟာ လူ့မျိုးနွယ်ရဲ့ ကျက်သရေမရှိတဲ့ကောင်ပဲ၊ သူ့ကို အသက်ရှင်ခွင့် မပြုနိုင်ဘူး!”

ကျားမိစ္ဆာသည် အသက်ပြင်းပြင်းရှူကာ ပြူးကျယ်သော မျက်လုံးများဖြင့် လုရီကို စေ့စေ့ကြည့်ကာ

"အခြေခံအုတ်မြစ် တည်ထောင်ခြင်း အဆင့်မှာတောင် ဒီလို ခွန်အားကို ပိုင်ဆိုင်ထားတယ် သူသာ သန်မာလာရင် အရှင့်ရဲ့ရန်သူကြီး ဖြစ်လာမှာ သေချာတယ်၊ အရှင့်အတွက် လမ်း ရှင်းဖို့ သူ့ကို သတ်ရမယ်"

ယခုအခါ ငှက်မိစ္ဆာ၏ မျက်နှာပေါ်၌ ယခင်က ဆင်မြန်းခဲ့သော အပြုံး မရှိနေတော့ဘဲ လုရီကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ သတ္တုလို ထက်မြက်သော အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အလွန်ကြောက်စရာကောင်း၏။

"သေပေတော့!"

သူမသည် ပထမဆုံး လှုပ်ရှားသူ ဖြစ်ပြီး မူလ ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားကာ အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ၍ လုရီဆီသို့ ခုန်ဝင်သွားသည်။

ထိုအမြန်နှုန်းသည် ယခင် ရွှယ်ထျန်းဟန် နှင့် ချင်လော့တို့ကို ကျော်လွန်ကာအထွတ်အထိပ် အလျင်ဖြစ်၏။

လုရီ၏ အမူအရာမှာ တစ်စက်မျှ

မတွန့်ဘဲ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်လိုက်သည်။ ရွှေဓားအလင်းသည် အရူးအမူး တောက်ပလာသည်။ ဆန်းကြယ် ဓားခုနစ်လက် စွမ်းရည်ဖြင့် လည်ပတ်နေသောသူ့ကိုယ်ရှိ ခုနစ်ရောင်ခြယ် ဝိညာဉ်စွမ်းအား လေပွေငယ်သည် ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးဓားချီများ အဆက်မပြတ် သွန်းလောင်းနေ၏။

ဓားအလင်းသည် ငှက်မိစ္ဆာ၏ အမြန်နှုန်းနှင့် တူညီစွာ ငှက်မိစ္ဆာဆီသို့ ကောင်းကင်ဓား တစ်လက် ဆင်းသက်လာသလို အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလာသည်။

ငှက်မိစ္ဆာသည် သူမ၏ အသက် စွမ်းအားကို ချိတ်ပိတ်ထားပြီး၊ စူးရှစွာ အော်ဟစ်ရင်း သူမ၏ လက်ထဲတွင် အနက်ရောင်ငှက်မွှေး သုံးချောင်း ‌ပေါ်လာကာ ဓားအလင်းအား အလျင်အမြန် ပစ်လွှတ်လိုက်၏။

ဘုန်း ..

ဘုန်း ..ဘုန်း...

အနက်ရောင်ငှက်မွှေးများ အနောက်သို့ ဒရောသောပါး လွင့်သွားသည်။

ငှက်မိစ္ဆာသည် ကမန်းကတန်း ရှောင်တိမ်းလိုက်ရကာ တိုက်ရိုက် ဓားအလင်းကို ရှောင်နိုင်သော်လည်း ဝန်းရံနေသော ဓားချီသည် သူမ၏ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာခန္ဓာကိုယ်ကို လှီးဖြတ်ထားဆဲ ဖြစ်ပြီး သွေးများ အတားအဆီးမရှိ စီးဆင်းသွားစေ၏။

ငှက်မိစ္ဆာသည် ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရကာ သူမ၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်လာသော

မသေမျိုး ဓားချီကို ခံစားလိုက်ရတော့ အနောက်သို့ တစ်ဆုတ်တည်း ပြန်ဆုတ်သွားချိန်တွင် မျက်လုံးများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်၍ လာတော့သည်။

သို့သော် ရွှေဓားအလင်းသည် မဆုတ်မနစ်ဖြစ်ပြီး သူမဘက်သို့ ဆက်လက်ခုတ်ထစ်သွားခဲ့သည်။

ထိုအချိန်တွင်ပင် ပြင်းထန်သော ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် နွားမိစ္ဆာ ရောက်လာသည်။၏ လက်ထဲ၌ အဝါရောင်လှံတစ်ချောင်း ထွက်ပေါ်လာကာ လှံသည် မြေကြီးကဲ့သို့ ထူထဲခိုင်ခံ့သော အရှိန်အဝါများ ထွက်ပေါ်နေ၏။

သူသည် အထပ်ထပ် အခါခါ မာန်ဖီ ခြိမ်းခြောက်ရင်း လှံကို ဝှေ့ယမ်း၍ မဆုတ်မနစ်သော မသေမျိုး ဓားချီကို ထုရိုက်သည်။

ထန်...ထန်...

သတ္တုထိတိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မသေမျိုး ဓားချီသည် လွင့်စင်သွားသည်။

သို့သော် ထိတိုက်မိသည့် အခါတိုင်း နွားမိစ္ဆာ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်သည် အဝေးသို့ ဆုတ်နေရပြီး သူ့လက်တွေ တုန်ယင်လာကာ ကြွက်သားတွေ စုတ်ပြဲပြီး သွေးတွေ

ဒလဟော စီးကျလာ၏။

သူ၏ ကြောက်စရာကောင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့်တောင် ဤသို့ စွမ်းအားကို ခံနိုင်ရည် မရှိသေးပါ။

ဤအတောအတွင်း ကျားမိစ္ဆာသည် ပြင်းထန်သော ခွန်အားကို ထုတ်ဖော်၍ အသံကို နှိမ့်၍ မြည်တမ်းလိုက်ရာ သူ့လက်မှ ခေါင်းလောင်းကြီးသည် အခြားသူများနှင့် မပတ်သက်တော့ဘဲ လုရီတစ်ယောက်တည်းကိုသာ ချိတ်ပိတ်ထားပြီး တဖြည်းဖြည်းကျုံ့သွားခဲ့သည်။

ကျားမိစ္ဆာ၏ မျက်လုံးများတွင်၊ ဤအခြေခံအုတ်မြစ် တည်ထောင်ခြင်းအဆင့်လူသား ကျင့်ကြံသူနှင့် နှိုင်းယှဉ်လျှင် ကျန်လူတိုင်းသည် အာရုံစိုက်စရာ မလိုပေ။

ကျန်လူများကို လွတ်မြောက်စေခြင်းငှာ ဖြစ်ပျက်နိုင်သော်လည်း၊ ထိုလူသား ကျင့်ကြံအား အသေ သတ်ပစ်ရမည်။

ကြီးမားသော ခေါင်းလောင်းကြီးသည်ကြေးရောင် တောက်ပလာခဲ့ပြီး တွင်းနက်ကြီးလို အားပြင်းသည့် ဝါးမြိုနိုင်သော စွမ်းအားဖြင့် လုရီကို စတင် စုပ်ယူရန် ကြိုးစားလာ၏။

သို့သော် လုရီသည် စိုးစဉ်းမျှ

မတုန်လှုပ်ပေ။

မိုးကြိုးပုံစံများသည် သူ့တစ်ကိုယ်လုံးအနှံ့ ထွက်ပေါ်လာပြီး သူ့ကိုယ်တွင် အဖျက်စွမ်းအား မိုးကြိုးများ ရစ်ပတ်လာစေ၏။

ဝါးမြိုနေသော စွမ်းအားများက မိုးကြိုးကို ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် ပျောက်ကွယ်သွားကာ လုရီသည် လေထဲတွင် တုန်ခါမှု မရှိဘဲ ပြိုင်ဘက်ကင်းသည့် နတ်ဘုရား တစ်ပါးအသွင် လွင့်မျောနေလေသည်။

"ဒါ…မိုးကြိုးစိတ်ဆန္ဒပဲ…”

"ဒါ့အပြင် ငါးဆယ် ရာခိုင်နှုန်းနီးပါး ထုတ်ဖော်ထားတာ”

"ဒီလူသားက ဘယ်လို လူ့ဘီလူးမျိုးလဲ…”

မိစ္ဆာကြီးသုံးကောင်၏ အမူအရာသည် ထပ်မံ၍ သိသိသာသာ ပြောင်းလဲသွားပြန်ကာ လုရီကို မယုံကြည််နိုင်သော မျက်လုံးအစုံဖြင့် ပြူးပြူးပြဲပြဲ ကြည့်နေသည်။

အစပိုင်းတွင်တော့ လုရီသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းအဆင့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒ ငါးဆယ် ရာခိုင်နှုန်းထိ ပြသနိုင်ခြင်းက သူ့ဘဝတစ်လျှောက်လုံး ဓားစိတ်ဆန္ဒကို လိုက်စားခဲ့သည့် ထူးခြားသော ဓားသမားပါရမီရှင်တစ်ဦး ဖြစ်နိုင်သည်ဟု

မိစ္ဆာကြီးသုံးကောင် ယူဆခဲ့ကြ၏။

သို့သော်ငြား သူတို့ ယခု မည်သည့်အရာ​ကို​တွေ့​လိုက်ရပါသ​လဲ။

ဓား စိတ်ဆန္ဒ ငါးဆယ် ရာခိုင်နှုန်းအပြင်၊ ဤလူသားကျင့်ကြံသူသည် မိုးကြိုး စိတ်ဆန္ဒ ငါးဆယ် ရာခိုင်နှုန်းအားလည်း ပိုင်ဆိုင်ထားသည်လား။

"သူ့ရဲ့အရည်အချင်းက အရှင့်ထက်

မနိမ့်ဘူး!"

"ဒီလို အရည်အချင်းနဲ့ဆို မသေမျိုး လမ်း

စဥ်ကို လျှောက်လှမ်းဖို့ ကံကြမ္မာပါပြီး..အရှင်က ကြီးကျယ်တဲ့ ဒုက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ်"

"ကျုပ်တို့​ အသက်ကို စတေးရရင်​တောင်​ သူ့ကို အသက်ရှင်​ရက် မထားနိုင်​ဘူး ၊သူ သေကို သေရမယ်​!"

မိစ္ဆာကြီးသုံးကောင်က အော်ဟစ်ပြီး အတူတကွ သေဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရလောက်အောင် သူတို့၏ လူသတ်လိုသည့် ရည်ရွယ်ချက်က စုစည်းသွားသည်။

ဆန့်ကျင်ဘက် ရပ်တည်သော်လည်း လုရီသည်ပင် သခင်အပေါ် ဤမိစ္ဆာကြီး သုံးကောင်၏ သစ္စာ စောင့်သိမှုကို

ကြိတ်၍ ချီးကျူးမိသည်။

ကံမကောင်းစွာပဲ၊ သူတို့သည် သူ ..လုရီကို ရင်ဆိုင်နေရ၏။

လုရီ၏ မျက်လုံးများသည် မိုးကြိုးမျှင်များဖြင့် တောက်ပလာပြီး သူ၏ နဖူးအလယ်ဗဟိုတွင် ရွှေဓား အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။

၎င်းက မသေမျိုး ဓားတံဆိပ် ပေါ်ပေါက်လာသော မသေမျိုး ဓားကျမ်း၏ ကန့်သတ်ချက်အထိ ထုတ်ဖော်နေသည့်

သက်ေတ ဖြစ်သည်။

အခန်း၁၃၈-လက်နက်ရဲ့ စွမ်းအား...

~လုရီသည် မသေမျိုးဓားကျမ်းအား

စစ်မှန်လောက ပြန်လည် ရောက်ရှိခြင်းအဆင့်အထိ လည်ပတ်ရန် အပြည့်အဝ ခွန်အား ထုတ်ဖော်ခဲ့ပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

သူ့ရွှေဓားအလင်းတွင် လျှပ်စီးကြောင်းများ ကိန်းအောင်းလာသည်။

တစ်ချိန်တည်းမှာပင်၊ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မိုးကြိုး ပုံစံများ ထွက်ပေါ်လာပြီး ခရမ်းရောင် အလင်းတန်းများနှင့်အတူ မျက်စိ ကျိန်းလောက်အောင်

လင်းလက် တောက်ပနေပြီး ချင်လော့နှင့် သူ၏ တိုက်ပွဲအတွင်း ပြသခဲ့သည့် ကွဲလွဲချက်များကို ကျော်လွန်သွားခဲ့သည်။

မိုကြိုးပုံစံများဖြင့် လွှမ်းခြုံထားသော လုရီသည် ငှက်မိစ္ဆာကို ပြေးဝင်တိုက်ခိုက်လိုက်သည်။ သူ၏ အရှိန်သည် ငှက်မိစ္ဆာထက်ပင် အနည်းငယ် သာလွန်သွားခဲ့သည်။

ငှက်မိစ္ဆာ၏ မျက်လုံးများသည် ကျုံ့သွားသည်။သူမသည် ဒဏ်ရာ မသက်သာသေး၍ အလျင်အမြန် ဆုတ်ခွာလိုက်သည်။

"ဒီလမ်းက ပိတ်ဆို့သွားပြီ။ အမှိုက်ကောင် ငါ့ကို လာရင်ဆိုင်စမ်း!" နွားမိစ္ဆာသည် ငှက်မိစ္ဆာ၏ ရှေ့တွင် အကာအကွယ် ပေးကာ ဟစ်အော်သည်။

လုရီက အသာအယာ ပြုံးလိုက်ပြီး

"ငါ့ဓားက မင်းကို အဖော်လုပ်ပေးလိမ့်မယ်..."

လုရီ ထိုသို့ ပြောနေစဉ်တွင် သူ့လက်

တစ်ချက် လှုပ်လိုက်ရာ အဖျက်စွမ်းအား မိုးကြိုးများဖြင့် ရစ်ပတ်ထားသော မသေမျိုးဓား စိတ်ဆန္ဒ လှိုင်းလုံးများသည် နွားမိစ္ဆာဆီသို့ ဖြတ်ပိုင်းလာသည်။ အလွန်အမင်း အစွမ်းထက်သော အရှိန်အဝါကို ခံစားလိုက်ရစဉ် ဓားချီအောက်တွင် ချက်ချင်း နစ်မြုပ်သွားသဖြင့် ခက်ခဲသော တိုက်ပွဲအတွက် ပြင်ဆင်ထားသည့် နွားမိစ္ဆာသည် မျက်လုံးများ ကျုံ့သွားသည်။

လုရီသည် နွားမိစ္ဆာကို မကြည့်ဘဲ ငှက်မိစ္ဆာဆီသို့ ဆက်လက် ပြေးသွားခဲ့သည်။

ဤအခိုက်တွင်၊ ကျားမိစ္ဆာသည်

ဒေါသတကြီး မာန်ဖီကာ လုရီအပေါ်သို့ ကြီးမားလေးလံသော တောင်ကြီး ပြိုကျလာသကဲ့သို့ ခေါင်းလောင်းကြီးဖြင့် ပြင်းထန်စွာ ထိုးနှက်သည်။

လုရီက ကိုယ်ကို ချာခနဲ လှည့်ပြီး ခေါင်းလောင်းကို လက်သီး တစ်ချက် ပစ်သွင်းလိုက်ရာ ခေါင်းလောင်း မျက်နှာပြင်သည် ချိုင့်ဝင်သွားသည်။

ဒေါင်!

ခေါင်းလောင်းသံသည် ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်နေသဖြင့် လုရီနောက်ကွယ်မှ အခြေခံအုတ်မြစ် တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် နာကျင်စွာ သူတို့ နားများအား လက်နှစ်ဖက်ဖြင့် ပိတ်လိုက်ရသည်။

ဤအသံလှိုင်း တစ်ခုတည်းက အခြေခံအုတ်မြစ် တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူ အများစုအတွက် မခံမရပ်နိုင် ဖြစ်စေလှသော်လည်း ယွင်ရှီး၊ ဟန်ယွီနှင့် လူအနည်းငယ်အတွက်မူ အကြီးအကျယ် သက်ရောက်မှု မရှိပါ။

သို့သော်ငြားလည်း သူတို့ မျက်နှာ အမူအရာတွေ သိသိသာသာ မည်းမှောင်သွားသည်။

ဟန်ယွီက နှိုးဆော်သည်။

"နောက်ဆုတ်ကြ၊ ဒီမှာ အန္တရာယ်ရှိတယ်!"

ယွင်ရှီးက လက် တစ်ချက် လှုပ်လိုက်သောအခါ လူတိုင်းရှေ့မှာ ပန်းအစုအဝေးကြီး ပေါ်လာပြီး လူတိုင်းကို ရစ်ပတ် သယ်ဆောင်ကာ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားစေသည်။

လုရီ၏ လက်သီးလှိုင်းကြောင့် ခေါင်းလောင်းကြီးသည် ကောင်းကင်သို့ညံအောင် တသိမ့်သိမ့် တုန်ခါနေဆဲ။ ၎င်းကို ထိန်းချုပ်ထားသော ကျားမိစ္ဆာသည်

သွေးမည်းများ အန်ထုတ်လိုက်ရပြီး သူ့အမူအရာမှာ သွေးပျက်သွားသည်။

"ဘာလို့ ဒီလို ဖြစ်ရတာလဲ...ငါ့ခေါင်းလောင်းက ရွှေအူတိုင် ရှစ်လွှာ အဆင့်ကိုတောင် နှိမ်နင်းနိုင်တယ် လေ!"

ထိုအခိုက်တန့်၌ လုရီသည် ခြေတစ်လှမ်း လှမ်းပြီး မိုးကြိုး အသွင်ပြောင်းကာ ငှက်နတ်ဆိုးအား လိုက်မီလာသည်။

သူ့အမူအရာက ငြိမ်သက်နေပြီး သူ့လက်ထဲတွင် ပြင်းထန်စွာ တောက်လောင်နေသော နေလုံးကြီးလို စွမ်းအား ကြီးမားသောဓားရှည် တစ်လက် ပေါ်လာသည်။

နေလုံးကြီးကို ဆုပ်ကိုင်ထားသလိုမျိုးပင် ဓားမှ ရွှေရောင် အလင်းတန်းများ မျက်စိ

ကျိန်းစပ်ဖွယ် တောက်ပလာသည်။

လုရီသည် ဝိဉာဉ် စွမ်းအားများ ထုတ်ဖော်ပြီး ဓားအား မြှောက်လိုက်သောအခါ မီတာရာပေါင်းများစွာ ရှည်လျားသော ရွှေရောင်နှင့် အနီရောင် ရောယှက်သည့် ဓား အလင်းတန်းများ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ အပူလှိုင်းကပတ်ဝန်းကျင် လေထုကို အငွေ့ပျံလုနီးပါး ဖြစ်စေကာ အနီရောင် မြူထုတို့သည် ထိုကဲ့သို့သော စွမ်းအားအောက်တွင် ဆုတ်ခွာသွားကြသည်။

ဓားအလင်းသည် ငှက်မိစ္ဆာအား ထိုးဖောက်သွားကာ ငှက်မိစ္ဆာကို ဟစ်အော်ရန်ပင် အခွင့်အရေး မပေးဘဲ အငွေ့ပျံါစေသည်။

"ယူကျွယ်"

ဤအခြင်းအရာကို မြင်တွေ့လိုက်ရသောအခါ နွားမိစ္ဆာနှင့် ကျားမိစ္ဆာ

နှစ်ကောင်လုံး ထိတ်လန့်ခြင်းရော အံ့ဩခြင်းပါ ခံစားလိုက်ရသည်။

" အမြန် ပြေး”

သူတို့သည် လုရီကို ကြည့်ပြီးအကြီးအကျယ် အမူအရာ ပျက်ယွင်းကာ ထွက်ပြေးကြတော့သည်။

သူတို့သည် အလျင်အမြန်ပင် အလင်းတန်း အသွင် ပြောင်းကာ ရှေးဟောင်းအပျက်အစီး၏ အနက်ပိုင်းဆီသို့ ဦးတည်သွားကြသည်။

"မင်းတို့ မလွတ်နိုင်ဘူး!"

လုရီက အစွမ်းသတ္တိသာ ရှ်ိပြီး မမြန်ဆန်သော ရွှေအူတိုင် မိစ္ဆာနှစ်ကောင်အား မဆိုထားနှင့်။ ငှက်မိစ္ဆာထက်တောင် သူက ပိုမြန်လေသည်။

လုရီသည် မိုးကြိုးအဖြစ်သို့ ပြောင်းလဲသွားပြီး မိစ္ဆာကြီး နှစ်ကောင်ကို အမြန်လိုက်ဖမ်းသည်။

သူ့လက်ထဲတွင်၊ နက်နဲ နေမင်းဓားသည် တောက်လောင်သော နေကဲ့သို့ အရှိန်အဝါကို ထုတ်လွှတ်ပြီး သူ ခုတ်ပိုင်းလိုက်သော

မသေမျိုးဓား စိတ်ဆန္ဒမှာ ယခင်ထက် ပို၍ စွမ်းအား ကြီးမားလာသည်။

မီတာ ရာပေါင်းများစွာ ရှည်လျားသော ဓားအလင်းသည် မိစ္ဆာကြီးနှစ်ကောင်ကို လွှမ်းခြုံထားသည်။

ကျားမိစ္ဆာသည် ဒေါသတကြီး ဟောက်ပြီး နောက်သို့ လှည့်ကာ ခေါင်းလောင်းဖြင့်

ပစ်လွှတ်ကာ ဓားချီအား ပိတ်ဆို့လိုက်သည်။ ခေါင်းလောင်းကြီးသည်

ဆယ်မီတာကျော် အရွယ်အစားကြီးမားလာပြီး တောင်တန်းကြီးတစ်ခုကဲ့သို့ ဓားချီကို ရင်ဆိုင်သည်။

ဘန်း!

ကျယ်လောင်သော သတ္တုမြည်သံအောက်တွင် ခေါင်းလောင်းကြီးသည် ဓားချီဖြင့် အက်ကွဲကြောင်းများစွာ ကွဲအက်သွားပြီး ချာချာလည်ထွက်နေသည်။

ကျားမိစ္ဆာသည် သွေးများ အဆက်မပြတ် အန်ထုတ်နေရသော်လည်း ရပ်တန့်ရန် မဝံ့မရဲဖြစ်ကာ ခြေကုန်သုတ်၍ ထွက်ပြေးသွားခဲ့သည်။

လုရီ၏ ဟန်ပန်မှာ အလွန် တည်ငြိမ်နေခဲ့သည်။ တစ်ဆက်တည်း၌ ဓားရိပ် နှစ်ခု ‌ပျံဝဲလာကာ ပြေးလွှားနေကြသော ကျားမိစ္ဆာနှင့် နွားမိစ္ဆာတို့အား ဝါးမြိုလိုက်သောအခါ မိစ္ဆာကြီး နှစ်ကောင်စလုံး ချက်ချင်း အငွေ့ပျံသွား၏။

မိစ္ဆာကြီးနှစ်ကောင်စလုံး တမလွန်မြန်းသွားသည်ကို မြင်သောအခါ လုရီသည် သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း နက်နဲနေမင်းဓားကို ကြည့်ကာ သူ့ အတွင်းစိတ်က မနေနိုင်ဘဲ ချီးကျူးလိုက်၏။

နက်နဲနေမင်းဓားသည် အလယ်အလတ်တန်းစား တိုက်ပွဲ ရတနာ ဖြစ်ထိုက်ပေသည်။ ၎င်း၏ စွမ်းအားသည် အမှန်တကယ်ပင် ကြီးမားလှပေသည်။ ရွှေအူတိုင် အဆင့်မြင့်မိစ္ဆာများပင် ထိတွေ့လိုက်သောအခါ အငွေ့ပျံသွားရသည်။

သို့ရာတွင် စွမ်းအား သုံးစွဲမှုမှာလည်း အလွန် ကြီးမားပါသည်။ လုရီပင်လျှင် ဤလက်နက်ကို အသုံးပြုလိုက်ရ၍ အနည်းငယ် အားကုန်သွားသည်ဟု ခံစားမိသည်။

ထို့အပြင်၊ ဓားအလင်း ဖြတ်သွားရာ နေရာတိုင်း၌ အရာအားလုံးသည် အငွေ့ပျံသွားကာ သိုလှောင်လက်စွပ်ပင် တစ်ခုမျှ

မကျန်တော့ဘဲ ကုန်ကုန် ပြောရလျှင် သူသည် ဘာမျှ မရခဲ့ပေ။

လုရီ မထိန်းချုပ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။ ဤနေရာမှ ရုန်းရင်းဆန်ခတ် ပြင်းထန်သော တိုက်ပွဲကို အချိန်အကြာကြီး ဆွဲထားခြင်းသည် အခြားမိစ္ဆာကြီးများ၏ အာရုံကို ဆွဲဆောင်မည်ကို စိုးရိမ်သောကြောင့်သာ..မဟုတ်ပါက၊ သူသည် ဤလက်နက်ကို ထုတ်သုံးလိမ့်မည် မဟုတ်ပါချေ။

လုရီသည် နက်နဲနေမင်းဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ကျားမိစ္ဆာ၏ ကျန်ခဲ့သော ခေါင်းလောင်းကြီးကို ကောက်ယူလိုက်သည်။

ဤခေါင်းလောင်းသည် ထိပ်တန်းအဆင့်ရှိ မှော်လက်နက်တစ်ခု ဖြစ်နိုင်သည်။

ခေါင်းလောင်း၏ သတ္တုပစ္စည်းသည် အလွန် မာကျောသည်။ သူ၏ ဓားချီဖြင့် ရင်ဆိုင်ရသောအခါတွင်ပင် ၎င်းက အစိတ်စိတ်အမွှာမွှာ ပြိုကွဲမသွားချေ။ ပျက်ဝကျ၊ဝဝဝဝစီးနေသော်လည်းဝတစ်ဝဝဝဝဝဝဝဝဝဝဝဝဝတစ်ကျောင်းဝဝဝတစ်ကျောင်းတစ်နှစ် ၎င်းကို ပြန်လည် သန့်စင်၍ ရနိုင်သေးသည်။

၎င်းက ဒီတိုက်ပွဲက ရလာသည့် ျစ်ခုတည်းသော အကျိုးအမြတ်ပါပဲ။

မှန်ပါသည်။ သူ့အလုပ်မှ ရရှိသည့် ဆုကြေးများတော့ မပါဝင်ပါချေ။

...

လုရီက နောက်သို့ လှည့်၍ ဟန်ယွီနှင့် အခြားသူများကို ကြည့်လိုက်သည်။

ဤအချိန်တွင် လူတိုင်းသည် လုရီအား အံ့ဩထိတ်လန့်စွာ ကြည့်ကာ မှင်သက်နေကြသည်။

ဤတွင် သတိချပ်ရမည်မှာ မိစ္ဆာကြီးများက ရွှေအူတိုင်အဆင့်များ ဖြစ်သည်။

သုံးကောင်စလုံး လုရီ၏ ဓားချက်တစ်ချက်စီအောက်တွင် အသက်ပျောက်သွားကြသည်ပင်။

လုရီက သူတို့ဆီ ပျံသန်းလာရင်း တစ်ချက်ရယ်ကာ ပြောလိုက်သည်။

"ပြီးသွားပြီ၊ ဒီနေရာကနေ မြန်မြန်သွားရအောင်၊ တခြားအင်အားကြီးမိစ္ဆာတွေကို လှုံ့ဆော်မိသွားရင် မလွယ်ဘူး..."

ထိုအခိုက်အတန့်မှသာ...

လူတိုင်းက ပြန်လည်၍ သတိဝင်လာကြပြီး လုရီ၏ အနောက်သို့ လိုက်ကာ အဝေးသို့ ပြေးထွက်သွားကြသည်။

သူတို့အထဲမှာ လူတိုင်းက လုရီကို ထိတ်လန့်တကြား ကြည့်နေကြတုန်းပဲ။

ဟန်ယွီ၏ အေးစက်သော မျက်နှာသည် ခါးသက်သော အပြုံးတစ်ခု ဖြစ်တည်လာကာ ပြောလိုက်သည်။

"တာအို ရောင်းရင်းလု၊ မင်းရဲ့အစွမ်းသတ္တိက သာမန်လူတွေထက် တကယ် သာလွန်နေတယ်။ မင်းရဲ့စွမ်းအားအမြင့်ဆုံးအထိ မြင်ဖူးတယ်လို့ အစက ထင်ခဲ့ပေမယ့် မင်းက ငါ့ကို အံ့သြစရာကြီး တစ်ခုပေးလိုက်တာပဲ.."

လုရီကို ကြည့်ရင်း ယွင်ရှီး၏ လှပသောမျက်လုံးများ တောက်ပလာပြီး

"ဟုတ်တယ်၊ အဲ့ဒီမိစ္ဆာကြီးသုံးကောင်က တာအို ရောင်းရင်းလုနဲ့ ရင်ဆိုင်ရတဲ့

ချင်လော့နဲ့ ရွှယ်ထျန်းဟန်ထက် အဆပေါင်းများစွာ ပိုပြင်းထန်တယ်၊ တာအို ရောင်းရင်းလုက တကယ်ကို အစွမ်းထက်ပါတယ်"

ထိုအခါ လုရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

ချေပသည်။

"ဒီမိစ္ဆာတွေကို ကိုင်တွယ်ဖို့ ငါ အများကြီး အားထုတ်ရသေးတယ်။ မင်းတို့ နှစ်ယောက် ငါ့ကို တအား မမြှောက်ကြနဲ့။"

ယွင်ရှီးက သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးသည်။

"တာအို ရောင်းရင်းလု ၊ နင် ခုနက ထုတ်သုံးလိုက်တဲ့ တောက်ပနေတဲ့ နေမင်းကြီးလို ကျင့်ကြံခြင်း ရတနာကလေ...၊ သာမန် မှော်လက်နက် မဟုတ်ဘူး ...ဟုတ်တယ်

မလား"

All Chapters