← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း၁၃၉-လက်နက်ရဲ့ စွမ်းအား...

~ ယွင်ရှီး ဘေးနားရှိ ပန်းတစ်သောင်းဂိုဏ်း၏ တပည့်နှစ်ယောက်၏ မျက်နှာများသည် အနည်းငယ် ပြောင်းလဲသွားကာ ယွင်ရှီး၏ အင်္ကျီလက်စကို အမြန်ဆွဲတားလိုက်ကြသည်။

သူမတို့ထဲက တစ်ယောက်က လုရီကို တောင်းပန်သလို ပြုံးပြပြီး

"တာအိုရောင်းရင်းလု၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ နော်၊ငါတို့အစ်မက သိချင်ရုံလေးပါ၊ တခြား ရည်ရွယ်ချက် မရှိပါဘူး"

တောင်းပန်ရခြင်း၏ အကြောင်းမှာ ကျင့်ကြံသူ တစ်ယောက်အား သူ၏ ကျင့်ကြံမှု ရတနာများအကြောင်း မေးခွန်းထုတ်ခြင်းသည် အနည်းငယ် စိတ်ဆတ်စေမည့် အကြောင်းအရာ ဖြစ်ပါသည်။

လုရီက ခပ်တည်တည်ပင် ပြုံးလိုက်ကာ

"စိတ်မဆိုးပါဘူး၊ ဒီကို ပထမရောက်လာတဲ့ နေရာက ကံကောင်းစွာနဲ့ ရှေးဟောင်း စစ်မြေပြင်ကနေ ကောက်ယူခဲ့တာ ၊အင်း.. ဒါက ရှေးဟောင်းလက်နက် ဖြစ်မယ်"

“အိုး…ကံကောင်းလိုက်တာ”

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူအများအပြား၏ မျက်လုံးများသည်

မနာလိုသည့် ခံစားချက် အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားကြသည်။

"ဒါက ရှေးဟောင်းလက်နက်လား"

"ရှေးဟောင်း လက်နက်တစ်ခု၊ ဒါကို အခြေတည်ဝိဥာဉ် ကျင့်ကြံသူတွေတောင်

မပိုင်ဆိုင်နိုင်ကြဘူးလေပဲ..."

တစ်ယောက် တစ်ပေါက် ပြောဆိုကာ ကျင့်ကြံသူ အများအပြား အံ့ဩသွားကြသည်။

ယွင်ရှီးသည် လုရီးကို မနာလိုစွာ ကြည့်ကာ

"တာအိုရောင်းရင်းလု... နင်က တကယ်ကံကောင်းတာပဲ၊ နင့်ရဲ့ ရှာဖွေ တွေ့ရှိချက်နဲ့ ယှဉ်ရင် ငါက အရမ်း နည်းတယ်၊ ကောင်းကင်နဲ့ မြေကြီး ရတနာတချို့ကိုပဲ ငါ စုဆောင်းခဲ့တယ်"

ပန်းတစ်သောင်းဂိုဏ်းမှ တပည့်များသည် အကြပ်ရိုက်စွာ သူမတို့၏ မျက်နှာများကို လက်ဖြင့် အုပ်ထားလိုက်ကြသည်။

လုရီသည်လည်း ယွင်ရှီးကို ထူးဆန်းသောအကြည့် တစ်ချက် ပေးလိုက်သည်။သူမ၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ယွင်ရှီး၏ ပွင့်လင်းမှုသည် မထင်မှတ်လောက်အောင်ပင်။

သူသည် နက်နဲ နေမင်းဓားကို အသုံးပြုရန်အတွက် ထုတ်ယူခဲ့ခြင်းသာ ဖြစ်ပြီး၊ သူသည် အကြောင်းပြချက် တစ်ခု လိုအပ်ခဲ့၍သာ။မဟုတ်လျှင် ၎င်းကို ပြောပြမည် မဟုတ်ပေ။

ဟန်ယွီက မနေနိုင်ဘဲ ချီးကျူးသည်။

“တာအိုရောင်းရင်းလုဟာ

တကယ့်ကို ကြီးကျယ်တဲ့ ကံကြမ္မာ ရှိတဲ့ လူပဲ”

သူ၏ စကားများကြားတွင် သူသည် ငြူစူခြင်း အပြည့်ရှိသည်။

လုရီက ကျိုးနွံစွာ ပြုံးလိုက်ပြီး

စိတ်ထဲမှ ပြန်‌‌ပြောလိုက်သည်။

...မဟုတ်ဘူး၊ ငါက "ရွှေလက်ချောင်း"ရှိတဲ့ လူပါ...

...ရိုးရိုးသားသား ပြောရရင် အလုပ်မျက်နှာပြင်က ပေးတဲ့ ဆုလာဘ်တွေကို တွေးကြည့်ရင် ကံကြမ္မာ ကြီးကျယ်တဲ့ လူတစ်ယောက်တောင် ယှဉ်လို့ မရနိုင်ဘူး

မလား။အလုပ်က အရမ်း ရက်ရော‌သည်လေ။...

မိစ္ဆာမျိုးနွယ်မှ ရှာဖွေ တွေ့ရှိမည်ကို စိုးရိမ်နေသော သူတို့ အုပ်စုသည် အလွန်လျင်မြန်စွာ ရွေ့လျားပြီး မကြာမီ ဝေးဝေးသို့ လွတ်မြောက်သွားကာ ခေါင်သော တောင်တန်းအနက်ပိုင်းထဲသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။

အချိန်အတော်ကြာပြီးမှ တိုက်ပွဲနယ်မြေမှ အပြီးအပိုင် ထွက်ခွာလာတော့မှ အားလုံး သည် စိတ်သက်သာရာ ရစွာ သက်ပြင်းချကြတော့သည်။

ဂရုတစိုက်ပင်၊ သူတို့သည် လွတ်မြောက် နယ်မြေသို့ ဆက်သွားကြသည်။

များမကြာမီပင် သူတို့သည် တောင်ပေါ်ရှိ လွတ်မြောက် နယ်မြေ တည်နေရာအနီးသို့ ရောက်လာကြသည်။

လွတ်မြောက် နယ်မြေသည် ခေါင်သော တောင်တန်းထဲ၌ တည်ရှိသော တောင်ကြားတစ်ခု ဖြစ်သည်။ အစိမ်းရောင်ကျောက်တုံးများဖြင့် ပြည့်နှက်နေသော ရင်ပြင်

တစ်ခု ဖြစ်သည်။

ရင်ပြင်တစ်ဝိုက်တွင် ရှုပ်ထွေးဆန်းကြယ်သော စာလုံးများဖြင့် ရေးထွင်းထားသော ကျောက်စာတိုင်များစွာ ရှိသည်။

လုရီနှင့် အခြားသူများသည် မိစ္ဆာမျိုးနွယ် ၏ ချုံခိုတိုက်ခိုက်ခံရခြင်းအတွက် စိုးရိမ်ခဲ့ကြပြီး ကမူးရှူးထိုးဖြင့် ရှေ့မတက်ခဲ့ကြပေ။

လုရိီ၊ ဟန်ယွီနှင့် ယွင်ရှီးတို့သည် မိစ္ဆာများမရှိစေရန်အတွက် မတူညီသော လမ်းကြောင်းများကို စူးစမ်းလေ့လာခဲ့ကြပြီးမှ ထိုအဖွဲ့မှ ရှေ့ဆက်ဝံ့လာခဲ့သည်။

လွတ်မြောက် နယ်မြေသို့ ရောက်သောအခါ လုရီသည် ကျောက်စာတိုင်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော စာလုံးများကို ဆန်းစစ်ကြည့်ရာ အနည်းငယ်တုန်လှုပ်သွားမိသည်။

ဤအရာများသည် ခင်းကျင်းမှုပုံစံများဖြစ်ပြီး ရှုပ်ထွေးလွန်းလှသည်။

အခြေခံ အခင်းအကျင်း စိီရင်ပုံကို ကျင့်ကြံထား၍ အခင်းအကျင်း ပုံစံများကို နားလည်နိုင်သော်လည်း လုရီသည်

ထိုလျှို့ဝှက်ဆန်းကြယ်သော စာလုံးများ၏ အလုပ်လုပ်ပုံကိုပင် ပိုင်းခြား၍ မရပါ။ သူတို့သည် အလွန်အမင်းပင် လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။

လုရီသည် နားလည်သဘောပေါက်ဖို့ စူးစူးစိုက်စိုက်ကြည့်‌နေရင်း ရှုပ်ထွေးမှုများကြောင့် အနည်းငယ် မူးနောက်နောက်ဖြစ်သွားသည်ပင်။

နောက်ဆုံးတွင်၊ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်လွန်းပြီး သူ၏လက်ရှိအဆင့်နှင့် တုံ့ပြန်နိုင်သည့်အရာများထက် ကျော်လွန်နေပါသည်။

ဤကျောက်စာတိုင်များ အဘယ်ကြောင့် ဤနေရာတွင် ရှိနေသနည်း။

ဤလွတ်မြောက်နယ်မြေ၏ မူလရည်ရွယ်ချက်မှာ မည်ကဲ့သို့ ဖြစ်သနည်း။

မသေချာ မရေရာသော ခံစားမှုကို လုရီ ခံစားရလေသည်။

သူသည် သံမဏိကဲ့သို့ မာကျောနေသေးသော ကျောက်စာတိုင်ကို လက်ဖြင့် ပုတ်လိုက်၏။

ဤအရာများသည် ရှေးခေတ်လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ကြား ကြီးကျယ်သော စစ်ပွဲများမှ ကြွင်းကျန်ခဲ့သည့် အမွေအနှစ်များ ဖြစ်ကြောင်း သတိချပ်ရပါမည်။ မည်သည့်ပျက်စီးမှုမှ

မခံစားခဲ့ရဘဲ ကျောက်စာတိုင်များ မည်မျှခိုင်မာကြောင်း ပြသခဲ့သည်မှာ အံ့သြစရာပင်။

လုရီသည် ဤလျှို့ဝှက်ဆန်းကြယ်သော စာလုံး အားလုံးကို အလွတ်ကျက်မှတ်လိုက်သည်။ ၎င်းစာလုံးတို့၏ ရည်ရွယ်ချက်ကို နားလည်ရန် သူ့တွင် ပိုမိုမြင့်မားသော ခင်းကျင်းမှု ပညာအား ဖမ်းဆုပ်နိုင်မှသာ ဤဖွဲ့စည်းပုံကို ပြန်လည် ကြည့်ရှုရမည်ဟု ဆုံးဖြတ်လိုက်သည်။

လွတ်မြာက်နယ်မြေသို့ ရောက်ကြပြီးနောက်၊ အဖွဲ့သည် အနည်းငယ် စိတ်အေးသွားသည်။

"ဒီမှာ သုံးရက်လောက်စောင့်ရင် ငါတို့ ထွက်လို့ရပြီ!" တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောသည် ။

"နှမြောဖို့ ကောင်းတယ် အရှေ့ တောအုပ်အပျက်အစီးတွေက အခွင့်အလမ်းတွေ ပြည့်နှက်နေတာကို ဒီလိုအဖြစ်မျိုးတွေ ကြုံခဲ့ရတာ ကံစမ်းဖို့ အချိန်မရှိသလောက်ပဲ" ဟု ယွီကျင်းက ခါးသီးသောမျက်နှာဖြင့် ကြေကွဲစွာ ပြောလာသည်။

သူ့စကားကြောင့် တခြားသူတွေလည်း ငြိမ်ကျသွားကာ သူတို့၏ အမူအရာတွေက စိတ်ပျက်အားငယ်သွားကြသည်။

"ဟူး၊ ဒီအခွင့်အရေးအတွက် သုံးနှစ်ကြာအောင် ထိန်းထားခဲ့ရတဲ့ ငါ့ရဲ့ ကျင့်ကြံမှုအခြေခံကို ဖိနှိပ်ထားခဲ့ရတယ်" ဟု အေးခဲဆောင်းရာသီ တောင်ကြားမှ တပည့်တစ်ဦးက စိတ်ပျက်စွာ ပြောသည်။

" သောက်ကျိုးနည်း ကျိန်စာသင့် နေရာကြီး.. ဒီလိုမျိုး အဓိက ပြောင်းလဲမှု ဖြစ်မယ်လို့သာ ကြိုသိခဲ့ရင် ငါ လိုက်မလာပါဘူးကွာ!" ဟူ၍ ကျင့်ကြံသူတစ်ဦးက

မကျေမနပ် ညည်းညူသည်။

ဒီအခိုက်အတန့်မှာ တစ်စုံတစ်ယောက်၏ မျက်လုံးတွေ တောက်ပလာပြီး

"ငါတို့မှာ သုံးရက်ရှိသေးတယ်ဆိုတော့ အခွင့်အလမ်းတွေ ရှာတွေ့နိုင်မလားဆိုတာ သိဖို့ အနီးနားကို ပတ်ကြည့်ကြမယ်လေ"ဟု ထပြောလာသည်။

ဤအချိန်တွင် လူများစွာတို့သည် သွေးဆောင်ခံခဲ့ရသည်။

ထိုအချိန်တွင် လုရီက "သွေးသတ်ဖြတ်ခြင်း ပုံရိပ်ယောင်ကနေ မင်းတို့လွတ်မြောက်နိုင်မလား" ဟု သတိပေးလိုက်သည်။

"ဒါက…"

ထိုအခါ လူတိုင်း၏ မျက်နှာများသည်

ရှုံ့မဲ့သွားကြသည်။

လုရီသာ သွေးသတ်ဖြတ်ခြင်း ပုံရိပ်ယောင် နယ်မြေတွင် အကြိမ်တိုင်း မိမိတို့ကို နှိုးခြင်းမပြုပါက မိမိတို့သည် အကြာကြီး ပိတ်မိနေပြီး ပျောက်ကွယ်သွားပေလိမ့်မည် မဟုတ်ပါလော။

ဟန်ယွီက လုရီကို ကြည့်လိုက်ပြီး "တာအို ရောင်းရင်းလု၊ အချိန် သုံးရက်ကျန်သေးတယ်၊ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ၊ ဒီမှာနေပြီး "

လုရီက ခဏလောက် တုံ့ဆိုင်းသွားပြီး ထုတ်ပြောလာသည်။

"အနီရောင် မြူခိုးတွေက ရန်လိုတာ မရှိတော့ပေမယ့် မိစ္ဆာတွေက အနီးနားမှာ ရှိနေတုန်းပဲ။ သူတို့က ငါတို့ကို ရှာတွေ့ရင် အန္တရာယ်ဖြစ်လိမ့်မယ်။ ငါတို့ကို လမ်းပြဖို့ အပြင်က သန်မာတဲ့သူတွေကို တိတ်တဆိတ်စောင့်ပြီး ပုန်းဖို့ နေရာရှာထားရင် ပိုကောင်းမယ်"

ဒါကိုကြားတော့ အားလုံးက အကြည့်ချင်းဖလှယ်ကာ 'ဒါက အကြံကောင်း'ဟု အသံတိတ် မဲပေးလိုက်ကြသည်။

နောက်ပိုင်းတွင် လွတ်မြောက် နယ်မြေသည် သိသာထင်ရှားလွန်းသောကြောင့် အုပ်စုသည် ၎င်းမှ ထွက်ခွာခဲ့သည်။ အနီးနားတွင် လှိုဏ်ဂူတစ်ခု တွေ့ရှိပြီး ငြိမ်သက်စွာ အခြေချနေထိုင်၍ သုံးရက် ကုန်ရန် အချိန်ကို စောင့်မျှော်နေပါသည်။

ဒုတိယနေ့ရောက်သောအခါတွင် အပျက်အစီး၏ နက်ရှိုင်းသော နယ်မြေထံမှထကြွမှုများ ဖြစ်ပေါ်လာပြန်သည်။

...ဒုတ်

ဒုတ်...

၎င်းသည် ပြင်းထန်သော နှလုံးခုန်သံကဲ့သို့ တဒုတ်ဒုတ် မြည်လာကာ

အစွမ်းထက် မိစ္ဆာဧကရာဇ်တစ်ပါး ငိုက်မျဉ်းရာမှ နိုးထလာသကဲ့သို့ နတ်ဆိုးစွမ်းအားများ ကောင်းကင်ယံသို့ တဟုန်ထိုးတက်လာသည်။

မိစ္ဆာကြီးသုံးကောင်ထံမှ သိခဲ့ရသည့် သတင်းအရ ဤထကြွမှုသည် ရှေးဟောင်းအမြီးကိုးချောင်း မိစ္ဆာဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံသူ အမြီးကိုးချောင်း မြေခွေး မျိုးနွယ်၏ အရှင်သခင် ဖြစ်ဖွယ်ရှိသည်။

‌ဤသို့ ကြီးမားသော ထကြွမှုအား ကြည့်၍ အမွေအနှစ်အား ဆက်ခံပြီးသောအခါ မိစ္ဆာဧကရာဇ်၏ အမွေဆက်ခံသူ၏ တန်ခိုးသည် အဘယ်မျှ ထိတ်လန့်ဖွယ် ကောင်းမည်ကို စိတ်ကူးကြည့်နိုင်ပါသည်။

လုရီသည် ကောင်းကင်သို့ ခုန်တက်ကာ တိတ်တဆိတ် ချောင်းမြောင်းကြည့်လိုက်သည်။ အနီရောင် မြူခိုးများ ၏ အလယ်ဗဟိုတွင် အမြီးကိုးချောင်း မြေခွေး၏ အမြီးများသဏ္ဍာန် အရိပ်များ တလူလူ လွင့်မျောနေပါသည်။

အပျက်အစီးအတွင်းမှ မှော်သားရဲများ

တဖန် ပြန်၍ လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်သည်။ လုရီနှင့် သူ့အဖွဲ့သည် လှိုဏ်ဂူကို စောင့်ကြပ်နေစဉ်တွင် ယခင်ကကဲ့သို့ အန္တရာယ် မရှိပေ။ လုရီသာလျှင် သူတို့၏ ပုန်းအောင်းရာသို့ လမ်းလွဲလာသော သားရဲအချို့ကိုသာ သတ်ပစ်ခဲ့ရသည်။

‌...

နောက်တစ်နေ့သို့ ရောက်ခဲ့လေပြီ။နက်ရှိုင်းသော အပိုင်းမှ ထကြွမှုက ဆက်လက် ဖြစ်ပေါ်နေဆဲပင်။

လုရီနှင့် အခြားလူများအတွက် အပျက်အစီး နယ်မြေ ထွက်ပေါက်ပွင့်မည့်နေ့ဖြစ်သည့်အတွက် သူတို့ တည်ငြိမ်နေကြသည်။

အချိန်တွေ ကြာလာသည်နှင့်အမျှ လုရီနှင့် သူ့အဖော်များသည် လွတ်မြောက်နယ်မြေကို မျက်တောင်မခတ်ဝံ့ဘဲ စေ့စေ့ကြည့်ကာ ထွက်ပေါက် လွတ်သွားမှာကို ကြောက်ရွံ့နေကြသည်။

ထိုအချိန်တွင် လွတ်မြောက်နယ်မြေ၏ အလယ်ပိုင်း ဧရိယာတွင် နေရာလပ်ဆိုင်ရာ စွမ်းအား အတက်အကျ ဖြစ်ပေါ်လာလေပြီ။

လူတိုင်းမျက်နှာမှာ အပြုံးတွေ ပေါ်လာသည်။

"အချိန်တန်ပြီ!"

" ဟေး..

ကြီးမြတ်တဲ့ အကြီးအကဲတွေက ငါတို့ကို လမ်းပြဖို့ စတင်နေပြီ၊ ငါတို့ အခုထွက်သွားလို့ ရပြီ!"

အဖွဲ့သည် သူတို့၏ ပုန်းအောင်းရာနေရာမှ ထွက်ခွာကာ နေရာလပ်ဆိုင်ရာ အတက်အကျ ဖြစ်ပွားသော ဧရိယာဆီသို့ ပျံသန်းသွားခဲ့သည်။

သို့သော် ထိုအချိန်တွင် ထီမထင်သော

ရယ်သံ တစ်ခု ထွက်ပေါ်လာသည်။

"ဟားဟား..နောက်ဆုံးတော့ ရှာတွေ့ပြီ"

အခန်း၁၄၀- မင်္ဂလာဦးည ...

~ ဒီအသံကို ကြားတော့ အသံလားရာ လမ်းကြောင်းကို ကြည့်လိုက်သည်နှင့်တပြိုင်နက် လူတိုင်း ကွက်ခနဲ မျက်နှာ ပျက်ယွင်းသွားသည်။

ချောက်ကမ်းပါးပေါ်တွင် ပုံသဏ္ဍာန်လေးခုရပ်နေ၏။

ဦးဆောင်သူ၏ ကိုယ်သည် အလင်းလွှာတစ်ခု ခြုံလွှားထားသည်။ အလင်းမှတဆင့် ကျောက်စိမ်းကဲ့သို့ ဖြူစင်သော လက်မောင်းများနှင့် ကျက်သရေရှိ၍ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို ဝိုးတဝါး မြင်နိုင်သော်လည်း သူမ၏ မျက်နှာမှာ မသဲကွဲပေ။

ဒီမိန်းမပျိုဘေးနားက လူသုံးယောက်ကတော့ ရင်သပ်ရှုမောဖွယ်ကောင်းသည့် မိန်းမပျိုနှစ်ယောက်နှင့် ခန့်ညားသည့် ကောင်လေးတစ်ယောက် ဖြစ်သည်။

ဤသုံးယောက်၏ အရှိန်အဝါသည် အလွန်ပြင်းထန်ပြီး လေးနက်သည်။ ယခင်က လုရီသတ်ခဲ့သော မိစ္ဆာကြီးသုံးပါးထက်ပင် ပိုမိုပြင်းထန်သည်။

အလင်းလွှာတွင် ဖုံးအုပ်ထားသော ဗဟိုရှိ ပုဂ္ဂိုလ်သည် ပို၍ ကြောက်စရာကောင်းသည်။ သူမ၏ တည်ရှိမှုသည် နက်နဲပြီး

မမှန်းဆနိုင်သော ချောက်ကြီးတစ်ခုလိုပင်။ လုရီပင်လျှင် အတန်ငယ် နိမ့်ကျသလို ခံစားလိုက်ရသည်။

ရွှေအူတိုင်အဆင့်။

သူတို့အားလုံး၏ ကျင့်စဉ်သည် ရွှေအူတိုင်အဆင့် ဖြစ်သည်။

လုရီအံ့သြသွားသည်။

ဤနယ်မြေက အခြေခံအုတ်မြစ်တည်ထောင်ခြင်း ကျင့်စဉ်အတွက်သာ ဖြစ်သည်။

ရွှေအူတိုင်ကျင့်စဉ်ရှိ မိစ္ဆာ မျိုးနွယ်ဝင်များသည် အဘယ်ကြောင့် ဤရှေးဟောင်းအမွေအနှစ်သို့ ဝင်ရောက်နိုင်သနည်း။

သူတို့မှာ ဘယ်လို လျှို့ဝှက်နည်းပညာတွေ ရှိနေသလဲ။

သို့သော် ယခုအချိန်သည် ဒီအကြောင်း စဉ်းစားရမည့်အချိန်မဟုတ်ပေ။

ဒီ မိစ္ဆာမျိုးနွယ်၏ အဖွဲ့ဝင်လေးယောက်ဟာ သာမန်သတ္တဝါတွေ မဟုတ်ဘူးဆိုတာ ထင်ရှားပါသည်။

အထူးသဖြင့် အလယ်ဗဟိုရှိ ချောမောလှပသော ရုပ်သွင်ကို လုရီ မှတ်မိနေသေးသည်။

သွေးသတ်ဖြတ်ခြင်း ပုံရိပ်ယောင်တွင်

မိစ္ဆာများ၏ခေါင်းဆောင်မှာ အလင်းရောင်ဖြင့် ဖုံးအုပ်ထားသော အမျိုးသမီးဖြစ်သည်။

အမြီးကိုးချောင်း မြေခွေး မိစ္ဆာ ဧကရာဇ်။

ဤမိစ္ဆာမျိုးနွယ်၏အဖွဲ့ဝင်သည် အမြီးကိုးချောင်း မြေခွေး မိစ္ဆာ ဧကရာဇ်၏ သားစဥ်မြေးဆက်ဖြစ်သည့် အမြီးကိုးချောင်း မြေခွေးမိစ္ဆာ မျိုးနွယ်၏ ဆက်ခံသူ ဖြစ်သည်။

မိစ္ဆာမိန်းမပျိုသည် အမြီးကိုးချောင်း မြေခွေး မိစ္ဆာ ဧကရာဇ်၏ အမွေအနှစ်ကို ရယူခဲ့ပြီး သူတို့ကို လာ ရှာဖွေနေသလား။

မိစ္ဆာမိန်းမပျို၏ တောက်ပလွန်းသော အရှိန်အဝါကို မြင်သောအခါတွင် အခြားသော ကျင့်ကြံသူများသည် ထိုသို့ မှန်းဆမိလိုက်ကြကာ မျက်နှာ ထိတ်ပျာသွားကြသည်။

ဟန်ယွီ၏ မျက်နှာက အေးစက်သွားပြီး လျှို့ဝှက်အသံနည်းဖြင့် ပို့ဆောင်လိုက်သည်။

"တာအိုရောင်းရင်းလု၊ အခြေအနေမကောင်းဘူး၊ ဒီမိစ္ဆာမက အမြီးကိုးချောင်း မြေခွေး မျိုးရိုးရဲ့ ဆက်ခံသူ ဖြစ်နိုင်တယ်"

ယွင်ရှီးကလည်း "လုရီ၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ"ဟု လျှို့ဝှက်အသံ ပို့ကာ တိုင်ပင်သည်။

ထို့အတူ ကျန့်ဖန်၊လင်းရှောင်ရှောင် နှင့် အခြားသူများကလည်း လုရီကို အစီအစဉ်တစ်ခုအတွက် တောင်းဆိုပြီး လျှို့ဝှက်အသံများ ပေးပို့ကြသည်။

လုရီသည် မလှမ်းမကမ်းမှ တဖြည်းဖြည်း ထွက်ပေါ်လာသော အနက်ရောင်ထွက်ပေါက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အချိန်ကို တွက်ချက်နေသည်။

ထို့နောက် သူသည် အခြားသူများကို လျှို့ဝှက်အသံ ပေးပို့ကာ သူ့အားစောင့်ဆိုင်းရန် ပြောခဲ့သည်။

အလင်းလွှာ ခြုံလွှားထားသော

မိစ္ဆာမိန်းမပျိုကို လှမ်းကြည့်ရင်း လုရီက တစ်ချက် ရယ်မောကာ မေးသည်။

"မင်းက ဘယ်သူလဲ"

အလင်းလွှာအတွင်းမှ လင်းလက်တောက်ပသော မျက်လုံးတစ်စုံသည် လုရီဆီသို့ လှမ်းကြည့်လိုက်သည်။ မျက်လုံးများသည် အဖြူအမည်းဟု ပြတ်ပြတ်သားသား သတ်မှတ်နိုင်ပြီး သဘာဝအတိုင်း ညှို့ငင်ယစ်မူးသော အရိပ်အမြွက်အား ထိန်းသိမ်းထားသည်။ ဤမျက်လုံး တစ်စုံဖြင့် လူတိုင်းသည် အလင်းလွှာထဲတွင် ဖုံးလွှမ်းနေသော ရုပ်ပုံသဏ္ဍာန်၏ ဆွဲဆောင်မှုကို ပုံဖော်နိုင်ကြသည်။

မိစ္ဆာမိန်းမပျိုသည် နူးညံ့စွာ ပြောလာစဉ် သူမ၏ အသံတွင် မခုခံနိုင်သော ဘဝင်ခိုက်သည့် ကြည်နူးမှုကို ဖြစ်စေသည့်

ထူးထူးဆန်းဆန်း တာအို

စည်းချက် ပါဝင်နေသည်။

“ယူကျွယ်နဲ့ တခြားနှစ်ယောက်ကို သတ်လိုက်တာ နင် မဟုတ်လား? နင့်အတွင်းက ဝှက်ထားတဲ့ စွမ်းအားကို ငါ ခံစားနိုင်တယ်”

မိစ္ဆာမိန်းမပျို၏ စွဲမက်ဖွယ်မျက်လုံးများအတွင်းမှ အံ့သြထိတ်လန့်မှုအရိပ် သမ်းလာ၏။

"လူသားမျိုးနွယ်မှာ နင့်လို ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတယ် ဆိုတာ မယုံနိုင်စရာပါလား..."

အမြီးကိုးချောင်း မြေခွေး မိစ္ဆာ ဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံထားပြီးဖြစ်သော မိစ္ဆာမိန်းမပျိုသည် တာအိုနှင့် ပေါင်းစည်းထားသော နယ်ပယ်တစ်ခုတွင် ရှိနေရာ လုရီ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားသိရှိနိုင်သည်။ သူ၏ ကျင့်စဉ်နှင့် သူ့စွမ်းအားက ပြတ်ပြတ်သားသား ကွဲလွဲနေသည်။

လုရီက မှင်သေသေ ပြုံးလိုက်ပြီး

"အဲ့ဒီမိစ္ဆာကြီးသုံးကောင်လား..ဟုတ်တယ်.. ငါသတ်လိုက်တာ ..မင်း ဘာလုပ်ချင်လဲ"

" ယုတ်ညံ့တဲ့ လူသား..သေချာပေါက် မင်းကို သတ်ရမှာပေါ့ကွ"

ရုပ်ရည်ခန့်ညားသော လူငယ်က လှောင်ပြောင်သည်။

သူ့စကား အဆုံး၌ သူ့ကိုယ်သည် ရွှေရောင်အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပနေပြီး အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်သည်ဟု ထင်ရသည့် အလွန်အမင်း ထက်ရှသော အရှိန်အဝါအား ထုတ်ဖော်လိုက်သည်။

လူငယ်သည် တိုက်ခိုက်ရန်ရန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

အလင်းလွှာဖြင့် ခြုံလွှားထားသော မိစ္ဆာမိန်းမပျိုက လက်ကာပြလိုက်ရာ လူငယ်သည် ချက်ချင်းပင် ခြေလှမ်းကို ရပ်လိုက်ပြီး တလေးတစား ပြန်ဆုတ်သွားသည်။

အလင်းလွှာထဲက မိစ္ဆာမိန်းမပျိုက လုရီကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး ကမ်းလှမ်းလာသည်။

"နင့်လို ဉာဏ်ကြီးရှင်တစ်ယောက် ဒီမှာပဲ သေရင် အရမ်း နှမြောဖို့ ကောင်းမယ်။ ငါ့နောက်ကို လိုက်လာပြီး ငါတို့မိစ္ဆာမျိုးနွယ်စုထဲကို ဝင်ရင်ရော..."

လုရီ၏ ပါးစပ်သည် အနည်းငယ် လှုပ်ယမ်းသွားသည်။

လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ် အကြား ဆက်ဆံရေးသည် နဂိုကပင် တင်းမာနေပြီးသား ဖြစ်ပြီး ပဋိပက္ခများ

အခါအားလျော်စွာ ဖြစ်ပေါ်တတ်သည်။

လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ သူသည် မိစ္ဆာ မျိုးနွယ်ကို မည်သို့ ခိုဝင်နိုင်မည်နည်း။

ဒါက သစ္စာဖောက်တာနှင့် မခြားတော့ပေ ။

လုရီက "မင်းရဲ့ ကမ်းလှမ်းချက်ကို ငါ ဂုဏ်ယူပါတယ်၊ ဒါပေမယ့် လူသားမျိုးနွယ် နဲ့ နေရတာ ပိုကောင်းတယ်လို့ ငါ ခံစားရတယ်"

အလင်းလွှာ ခြုံလွှားထားသော မိစ္ဆာ

မိန်းမပျိုက ပေါ့ပေါ့ပါးပါးရယ်ကာ ..တုံ့ပြန်သည်။

"ကိစ္စ မရှိပါဘူး၊ နင့်ကို ဖမ်းပြီး ငါ့ရဲ့အမြီးကိုးချောင်းမျိုးနွယ်ဆီ ပြန်ပို့လိုက်တာနဲ့ နင် စိတ်ပြောင်းသွားလိမ့်မယ်။"

ထိုစကားကို ကြားလိုက်သည်နှင့် လုရီ ခေါင်းနပမ်းကြီးသွားပြီး သူသည် ချက်ချင်းပင် မိုးကြိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားကာ ကောင်းကင်ယံအမြြင့်၌ ပြန်ပေါ်လာသည်။

သူ စောစောက မတ်တပ်ရပ်ခဲ့သော နေရာ၌၊ အလင်းတန်းများ ထွက်ပေါ်လာပြီး နေရာလပ်ကို ချိတ်ပိတ်ထားသည်။

သူသာ မလှုပ်ရှားခဲ့လျှင် ယခုအခါ အဖမ်းခံရပြီး ဖြစ်နေလိမ့်မည်။

လုရီ၏ ထူးထူးခြားခြား အမြန်နှုန်းကို မြင်လိုက်ရသောအခါ မိစ္ဆာဧကရာဇ်၏ ဆက်ခံသူ ဘေးမှ အမျိုးသမီး နှစ်ယောက်သည် မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။သူမတို့ အံ့သြသွားကြောင်း ထင်ရှားသည်။

"အ..အခြေခံအုတ်မြစ်တည်ထောင်ခြင်း အဆင့်ပဲရှိသေးတယ်... ဒီလို မယုံနိုင်လောက်အောင် မြန်ဆန်တဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားတာလား"

"သခင်မလေးက သူ့ကို ခေါ်ချင်နေတာ

ငါဖြင့် မအံ့သြတော့ပါဘူး..."

ချောမောသော လူငယ်၏ အကြည့်သည် အံ့အားသင့်သွားသော်လည်း နှာခေါင်းရှုံ့လိုက်သည်။သူက လုရီကို အေးခဲသော အကြည့်ဖြင့် ကြည့်နေဆဲပင်။

မိစ္ဆာဧကရာဇ်၏ ဆက်ခံသူသည် လုရီ၏ နှလုံးသားနက်နဲသောနေရာကို

ငှက်မွှေးအတောင်တစ်ချောင်းဖြင့် ကလိထိုးသလို ဆွဲဆောင်မှုရှိသော အသံဖြင့် ရယ်မောလိုက်သည်။

"ခစ်ခစ်.."

"မောင်ငယ်လေး၊ ဘာလို့ ပုန်းနေတာလဲ၊ ငါ့ရဲ့ အမြီး ကိုးချောင်း မြေခွေးမျိုးနွယ်က နင့်ကို နှိပ်စက်မယ်လို့ နင် ထင်နေတာလား။"

လုရီက ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး

"အမြီးကိုးချောင်းမြေခွေး မျိုးနွယ်က

ထူးထူးခြားခြား ဖြစ်ပေမယ့် လူသားမျိုးနွယ်ကို ငါ မထားခဲ့ချင်ဘူး"

“ခစ်ခစ်.. အဲ့ဒီဆုံးဖြတ်ချက်က နင့်အပေါ်

မမူတည်ပါဘူး”

သူမသည် လုရီ၏နံဘေးသို့ တယ်လီပို့ လိုက်သလို လှုပ်ရှားကာ ကျောက်စိမ်းလို အသွင်ရှ်ိသော လက်တစ်ဖက်ကို လုရီပုခုံးဆီသို့ ဆန့်ထုတ်လိုက်သည်။

လုရီသည် ခေါင်းကြိမ်းလာပြီး သူ့ကိုယ်သူ မိုးကြိုး အလင်းအဖြစ် ချက်ချင်း ပြောင်းလဲကာ နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားရင်း ယခင်ကထက် ပိုမြန်သော အရှိန်ဖြင့် အဝေးသို့ ထွက်ခွာသွားခဲ့သည်။

မိစ္ဆာဧကရာဇ်၏ ဆက်ခံသူတောင်မှ

အံ့အားသင့်သွားသည်။

"အို..နင့်ကို ငါ နည်းနည်းလျှော့တွက်မိပြီ..."

မိစ္ဆာဧကရာဇ်၏ ဆက်ခံသူ၏အကြည့်များသည် ယွင်ရှီး နှင့် အခြားလူများထံသို့ သက်ဆင်းလာပြီး အမိန့်ပေးသည်။

"ယွဲ့အာ ၊ နင်တို့သုံးယောက်က ထွက်ပေါက်ကို စောင့်ကြပ်နေ..သူတို့ ထွကိမပြေးစေနဲ့၊ ငါက ဟိုလူသားနောက်ကို လိုက်သွားမယ်။"

"ဟုတ်ကဲ့ပါ၊ သခင်မလေး !"

ချောမောလှပသော အမျိုးသမီး

တစ်ယောက်က ပြုံးပြီး ခေါင်းညိတ်ပြသည်။

မိစ္ဆာဧကရာဇ်၏ဆက်ခံသူသည် နေရာမှချက်ချင်းပျောက်ကွယ်သွားသည်။

ကျန်မျစ္ဆာ သုံးကောင်သည် ယွင်ရှီး နှင့် အခြားသူများကို စူးစိုက်ကြည့်ကာ

သူတို့၏အမူအရာ ငြိမ်သက်သွားသည်။

ကျန့်ဖန်လိုမျိုး လူများ၏ အမူအရာက

မငြိမ်သက်နေနိုင်ပါ။

"ညီလေးလု..."

ကျန့်ဖန်သည် လုရီ ပြေးသွားသည့် လမ်းကြောင်းကို စိုးရိမ်စွာ ကြည့်လိုက်သည်။

"ငါတို့ဘာလုပ်ရမလဲ၊အီးဟီး.. ငါတို့

ဘာလုပ်ရမလဲ.."

အေးခဲ ဆောင်းရာသီ တောင်ကြားမှ ကျင့်ကြံသူ တစ်ဦးသည် မိစ္ဆာ သုံးကောင်ကို ထိတ်လန့်တကြား ကြည့်ကာ မျက်နှာ ဖျော့တော့သွားခဲ့သည်။

လုရီ ထွက်သွားသည့် လမ်းကြောင်းကို မျှော်ကြည့်လိုက်ရင်း ဟန်ယွီက

"လုရီက ငါတို့ကို စောင့်ခိုင်းပြီးပြီ၊ ငါတို့က

သူ မှာထားသလို စောင့်ရမယ်။ သူ့မှာ အရန်အစီအစဉ်ရှိရမယ်!"ဟု လူအုပ်အား လျှို့ဝှက်အသံ ပို့လွှတ်လိုက်သည်။

အခန်း၁၄၁- မင်္ဂလာဦးည ...

~ "ဒါပေမယ့် အဲ့ဒါက မိစ္ဆာဧကရာဇ်ရဲ့ ဆက်ခံသူကွ..လုရီက ငါတို့ကို ကယ်ဖို့

နေနေသာသာ သူ့ကိုယ်သူတောင် ကယ်တင်မှာ မဟုတ်ဘူးလေကွာ။"

သူတို့အား စောင့်ကြည့်နေသော အစွမ်းထက် မိစ္ဆာသုံးကောင်နှင့် ရင်ဆိုင်တွေ့သောအခါ ကျင့်ကြံသူများ၏ မျက်နှာများသည် မည်းမှောင်သွားကာ စိတ်ပျက်အားငယ်နေကြသည်။

အနားက ယွင်ရှီးက လျှို့ဝှက်အသံ ပေးပို့လိုက်သည်။

"တိတ်တိတ်ဆိတ်ဆိတ် နေကြစမ်းဟာ! ငါ တော့ လုရီကို ယုံကြည်တယ်။ သူ အဆင်ပြေလိမ့်မယ်"

"အဲဒီမိစ္ဆာဧကရာဇ်ရဲ့ ဆက်ခံသူက လုရီကို မိစ္ဆာမျိုးနွယ်ထဲကိုခေါ်ချင်တယ်လို့ ပြောတယ်၊ သူ့အရည်အချင်းကို ဆက်ခံသူကတန်ဖိုးထားတဲ့အတွက် သေချာတယ်။ လုရီ အဆင်ပြေနေလိမ့်မယ်၊ ဒါပေမယ့် ငါတို့က အဲဒီအကောင်တွေကို မယှဉ်နိုင်ဘူး၊ ငါတို့က ဒုက္ခရောက်နေတဲ့သူတွေပဲ!"

ကျင့်ကြံသူအများအပြားသည် သူတို့၏ မျက်နှာပေါ်တွင် ခါးသီးသော အကြည့်များ ရှိနေကြသည်။

ထိုအတောအတွင်း အဝေးတွင်

လုရီ၏ ခန္ဓာကိုယ်သည် အနီရောင် မြူခိုးများအား ဖောက်ထွင်းဝင်‌ရောက်သော ခရမ်းရောင် အလင်းတန်းများကဲ့သို့ မိုးကြိုးအလင်းတန်းအဖြစ် ပြောင်းလဲကာ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားခဲ့သည်။

လူစုလူဝေးကို ချန်ထားခဲ့ပြီးနောက်

လုရီသည် သူ့ကိုယ်သူ ဖုံးကွယ်မထားတော့ဘဲ အကန့်အသတ်အဆင့် မိုးကြိုးအရိပ်ခြေလှမ်း ကို တိုက်ရိုက် ထုတ်ဖော်ခဲ့သည်။

တကယ်တော့ လုရီဟာ သူ့လှုပ်ရှားမှုတွေကို ဖုံးကွယ်ထား၍ မရပါချေ။

မိစ္ဆာဧကရာဇ်၏ဆက်ခံသူသည် အလွန်လျင်မြန်လွန်းသဖြင့် ယခုပင် သူမသည် သူ၏ အရှိန်အဟုန်ကို လိုက်မီခဲ့သည်။

သူ့နောက်တွင် မိစ္ဆာဧကရာဇ်၏ ဆက်ခံသူ၏ ချိုမြသော အသံ ထွက်ပေါ်လာသည်။ သူမ၏ လေသံမှာ အနည်းငယ် အံ့ဩမှု စွက်နေသည်။

"နင့်ကို ငါ လျှော့တွက်ခဲ့တာကိုး... နင့်ရဲ့

အမြန်နှုန်းက ဒီလိုနယ်ပယ်ကိုရောက်ဖို့ ငါမမျှော်လင့်ထားဘူး။သာမန် ရွှေအူတိုင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ

တစ်ယောက်တောင် နင့်ကို အမီလိုက်နိုင်မှာ မဟုတ်ဘူး။"

လုရီက သူ့အား လိုက်ဖမ်းနေသည့် အလင်းလွှာ ခြုံလွှားထားသူ မိစ္ဆာဧကရာဇ်၏ ဆက်ခံသူကို ပြန်ကြည့်ရင်း

" ဟေး..ရောင်းရင်း၊ မင်းလည်း ရွှေအူတိုင်အဆင့် ကျင့်ကြံသူပဲလေ.. မင်းက ဘာလို့ နောက်မဆုတ်တာလဲ၊ ငါ့ကို လိုက်ဖမ်းနေတာကို ရပ်တော့.."

" ခစ်ခစ်ခစ်..စိတ်မကောင်းပါဘူး၊ ငါက သာမန်ရွှေအူတိုင် ကျင့်ကြံသူ မဟုတ်ဘူး။"

ပြောပြောဆိုဆိုပင် ထိုအလင်းလွှာသည် စူးရှထက်မြက်စွာဖြင့် အရှေ့သို့ ရုတ်တရက် ထွက်ပေါ်လာသည်။

မိစ္ဆာမိန်းမပျိုသည် သူမ၏ သွယ်လျသောလက်ဖြင့် လုရီ ရှိနေသည့် ဟင်းလင်းပြင်အား ဖမ်းဆွဲလိုက်သည်။

နောက်အခိုက်အတန့်တွင် လုရီအနီးရှိ နေရာလွတ်သည် ချုပ်နှောင်ထားသလို ခံစားလိုက်ရကာ သူ၏အရှိန်သည် သိသိသာသာ လျော့ကျသွားသည်။

လုရီ၏ မျက်လုံးများထဲ၌ ကြမ်းတမ်းသော အကြည့်တစ်ချက် ထွက်ပေါ်လာပြီး သူ့လက်ထဲတွင် နက်နဲ နေမင်းဓားအား ထုတ်ဖော်လိုက်သည်။ သူသည် မိုးကြိုး စိတ်ဆန္ဒနှင့် မသေမျိုးဓား စိတ်ဆန္ဒ ပါဝင်သည့် ဓားချီတစ်ခု ထုတ်ဖော်ကာ နက်နဲ နေမင်းဓားကို ဝှေ့ယမ်း၍ နေလုံးကြီးကဲ့သို့ လေကို ဖြတ်ပိုင်းလိုက်သည်။

ဘုန်း!!!

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး လေထုသည် ကွဲအက်ကာ နေရာလပ်သည် တွန့်လိမ်သွားသည်။

မီးဖိုကြီးတစ်ဖိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားများက ခြေရာ လက်ရာ မကျန်စေဘဲ အောက်ဘက်ရှိ တောင်တန်းများအား အငွေ့ပျံသွားစေသည်။

နေရာလပ် ကန့်သတ်ချက်များမှလွတ်မြောက်ပြီးနောက် လုရီ၏ခြေဖဝါးအောက်တွင် အုံ့ဆိုင်းနေသောရေခဲငွေ့များပေါ်လာပြီး သူ၏အရှိန်သည် တဟုန်ထိုး

တိုးတက်လာသည်။

အဆင့်နိမ့် ရတနာတစ်ခု ဖြစ်သည့် ရေခဲပိုးဖိနပ်များသည် ၎င်း၏စွမ်းရည် အပြည့်အဝထုတ်ဖော်လိုက်တော့ သူ၏ အမြန်နှုန်းကို သိသိသာသာ မြှင့်တင်နိုင်စွမ်းရှိသည်။

"ဓားစိတ်ဆန္ဒရော မိုးကြိုးစိတ်ဆန္ဒရော ငါးဆယ်ရာခိုင်နှုန်းမှာ ရှိနေပါလား..

မောင်ငယ်လေး၊ နင့်ရဲ့ အရည်အချင်းက ငါထင်ထားတာထက်တောင် ပိုကြီးကျယ်နေတယ်။ ငါ နင့်ကို ခေါ်ကို ခေါ်သွားရမယ်" အံ့အားသင့်နေသော မိစ္ဆာဧကရာဇ်၏ ဆက်ခံသူ၏ အသံက သူ့အနောက်ကနေ ထွက်လာပြန်သည်။

လုရီသည် ပုပ်သိုးသော မျက်နှာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏အရှိန်အဟုန်အား များစွာ တိုးမြင့်လာသော်လည်း မိစ္ဆာဧကရာဇ်၏ ဆက်ခံသူသည် သူ့နောက်တွင် လိုက်မီလာဆဲသာ။

"ဗျို့..ရောင်းရင်း၊ လူသားနဲ့ မိစ္ဆာတွေကြား အနာဂတ်ဆိုတာ မရှိဘူး၊ စွန့်လွှတ်လိုက်ပါကွာ။ မင်း ငါ့ကို ရရင်တောင် ငါ့နှလုံးသားကို မရနိုင်ဘူး။ ငါက လူသားတွေကိုပဲ ပိုနှစ်သက်တာကွ"

နောက်ကွယ်မှ တခဏမျှ တိတ်ဆိတ်သွားကာ

"အဟင်းဟင်း..နင့်ရဲ့ အရည်အချင်းနဲ့၊

ထျန်းမင်မှာ ပြိုင်စံရှား ဖြစ်မယ်၊နင်က ငါနဲ့တူတယ်၊ ထိပ်ဆုံးမှာပဲ..

ငါ့ရဲ့ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်ထဲ ပူးပေါင်းလာရင် ငါ နင့်ကို လက်ထပ်ရမလားပဲ။"

"တကယ်လား၊ ဒါပေမယ့် ငါက လု မိသားစုရဲ့ နောက်ဆုံး မျိုးဆက်ပဲ၊ ငါက တခြားမိသားစုနဲ့ ပေါင်းလို့ မရဘူး။ ဒီအစား ငါ့မိသားစုထဲကို မင်း လက်ထပ်ပြီး ဝင်လိုက်ရင်ရော။"

"ခစ်ခစ်ခစ်..ဒါလည်း မဖြစ်နိုင်တာ မဟုတ်ပါဘူးလေ.. ဟေး.. နင် ဘာလို့ မရပ်သေးလဲ ၊ ငါတို့မဂ်လာပွဲ အကြောင်း ဆွေးနွေး

ကြမယ် လေ.."

မိစ္ဆာ မိန်းမပျို၏ ဖမ်းစားနိုင်သော အသံက လုရီ၏ အနောက်ကနေ ထွက်လာသည်။

လုရီသည် ပန်းသီးပုပ် မျက်နှာ ဖြစ်သွားသည်။

မြေခွေးဝိဉာဉ်ကတော့ ..လာလိမ်နေပြန်ပြီ

သူသာ ရပ်လိုက်လျှင်

မြေခွေးဝိဉာဉ်၏ ဖမ်းမိခြင်းခံရမည်မှာ သေချာသည်။

လုရီ ခပ်ကျယ်ကျယ် ရယ်လိုက်ပြီး

“ဆွေးနွေးစရာ မလိုပါဘူး၊ ငါတို့ ဒီနေ့ပဲ မင်္ဂလာဦးည ဖြတ်သန်းကြရင် ဘယ်လိုလဲ” "ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

သူ့နောက်ကွယ်က အလင်းတန်း လွှမ်းခြုံသော မြေခွေးဝိဉာဉ်က ခေတ္တ ရပ်ပြီး

"ဟီးဟီး...ရပါတယ်၊ ဘာဖြစ်လို့ မရပ်သေးလဲ၊ ငါတို့ မဂ်လာပွဲကို အခုပဲ ပြီးအောင် လုပ်မယ် လေ" ဟု ပြန်ဖြေသည်။

အလင်းလွှာထဲမှ ပုံရိပ်သည် ထူးခြားသော နတ်စွမ်းရည်ကို အသုံးပြုထားပုံ ရသည်။ သူမ၏အသံသည် လုရီကိုပင် ညှို့ငင်ဖမ်းစားနိုင်သော ဆွဲဆောင်မှုတစ်ခုအဖြစ် သယ်ဆောင်လာပြီး ပုံရိပ်ယောင်

နယ်မြေထဲသို့ ပို့ဆောင်စေသည်။

ပုံရိပ်ယောင် နယ်မြေတွင်၊ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သည့် အသွင်အပြင်များ ပေါင်းစပ်ထားသော ဆံပင်အနက်ရောင်မိန်းမလှလေးသည် သူ့အား မခို့တရို့ ပြုံးပြနေသည်။ သူမ၏ သွယ်လျသော အသွင်အပြင်သည် မဂ်လာ ၀တ်ရုံနီဖြင့် ဆွဲဆောင်မှု ရှိလှသည်။ သူ့အား အနားသို့ ချဉ်းကပ်လာရန် စောင့်ဆိုင်းနေစဉ် သူမ မျက်လုံးများကမူ ရှက်ရွံ့နေသည်။

ထိုအချိန်တွင် လုရီ၏ ဒန်တျန် အတွင်းရှိ ခုနစ်ရောင်ခြယ် ဝိညာဉ်စွမ်းအား

လေပွေငယ်သည် တုန်လှုပ်သွားပြီး သူ့ကို ပုံရိပ်ယောင် နယ်မြေမှ အမြန် ဆွဲထုတ်လိုက်သည်။

သူ့နောက်မှ တည်ရှိမှုဂာ အများကြီး

ပိုနီးကပ်လာတာကို သိလိုက်တာကြောင့်

လုရီ ကျောချမ်းသွားသည်။

သောက်ကျိုးနည်း၊ ဒီမြေခွေးဝိဉာဉ်က။

လုရီသည် သူ၏ ဝိညာဉ်စွမ်းအားများအား အရူးအမူး လည်ပတ်စေကာ သူ၏ အရှိန်သည် ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ ပွတ်ကာသီကာ မဖမ်းမိဘဲ လွတ်သွားသည်။

"ရောင်းရင်း၊ ဒီလို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုမျိုးဟာ ရိုးသားတဲ့ လူ

တစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး နော်"

"အဟင်းဟင်း.. ငါက ရိုးသားတဲ့ လူမှ မဟုတ်တာ..ငါက မိစ္ဆာလေ.. ..ငါက 'ရောင်းရင်း' မဟုတ်ဘူး၊ နင် ငါ့ကို ချင်းချုံးဟွာလို့ ခေါ်နိုင်တယ်။

မောင်ငယ်လေး.. နင့်နာမည်ကရော ဘယ်လိုခေါ်လဲ"

"ဒါဆို တာအိုရောင်းရင်း ချင်းချုံးပေါ့.. ငါ့နာမည်က ပိုင်ယွီလုံပါ!" ဟု လုရီက ပြန်ဖြေသည်။

ချင်းချုံးဟွာသည် ခဏမျှ ငြိမ်သက်သွားကာ

"အခုလေးတင် နင့်ကိုယ်နင် လုမိသားစုကလို့ ပြောနေတယ်လေ.."

ထိုအခါ လုရီသည် စောစောက ပြောသည်ကို သတိမထားမိဘဲ လန့်သွားပြီး

"ဟုတ်သားပဲ၊ တကယ်တော့ ငါ့နာမည်က လုယွီလုံပါ!"

ချင်းချုံးဟွာသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြီး "လုမိသားစုရဲ့မောင်ငယ်လေး၊နင် အခု မရပ်ရင် ငါ ဒေါသထွက်သွားနိုင်တယ် နော်။ နင်လည်း ငါ ဒေါသဖြစ်တာကို မလိုလားဘူးမလား'

လုရီသည် ချင်းချုံးဟွာနောက်တွင် မြင့်တက်နေသော အလင်းလွှာအား ခံစားလိုက်ရသည်။ အရိုင်းဆန်သော အရှိန်အဝါ တစ်ခုထွက်ပေါ်နေသော်လည်း ၎င်းကအနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။

လုရီ လန့်ဖျတ်သွားပြီး မျက်ခုံးပင့်ကာ အနည်းငယ်လည်း အံ့သြသွားသည်။

ချင်းချုံးဟွာလို ဉာဏ်ကြီးရှင်တစ်ဦးအတွက်၊ သူမ၏ စွမ်းအားကို ထိန်းချုပ်မှုဆုံးရှုံးဖို့က မဖြစ်နိုင်ပေ။

ဖြစ်နိုင်တာက မြေခွေးဝိညာဉ်တွင် လွဲမှားမှု အချို့ ရှိရမည်။

မြေခွေးဝိညာဉ်၏ ခန္ဓာကိုယ်အတွင်း ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားကို သူ ခံစားသိရှိနိုင်သော်လည်း ယခုအချိန်တွင် ချင်းချုံးဟွာသည် ၎င်းကို တစ်စုံတစ်ရာမျှ

မထုတ်ဖော်နိုင်ပါ။

ချင်းချုံးဟွာ ရရှိသော အမွေအနှစ်သည် အတန်ငယ် မတည်မငြိမ် ဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပါသလား။

All Chapters