အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အခန်း၁၄၂- မင်္ဂလာဦးည ...
~ လုရီသည် မှန်းဆချက်အချို့ ပြုလုပ်ပြီးနောက် မေးလိုက်သည်။
"တာအိုရောင်းရင်း ချင်းချုံး၊ မင်းက မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ကို အခုမှ ရရှိခဲ့တာဆိုတော့ မင်းရဲ့ စွမ်းအားကို ဒီလိုသုံးတာ သိပ်မကောင်းဘူး မဟုတ်လား"
ထိုစကားကို ကြားသောအခါ ချင်းချုံးဟွာကိုယ်တစ်ဝိုက်ရှိ အလင်းလွှာသည် မသိမသာ တုန်လှုပ်သွားသည်။
လုရီ၏ နှလုံးသားသည် ရွှင်မြူးစွာ ခုန်နေသည်။ သူ ထင်တာ မှန်လေပြီ။
သို့သော် ချင်းချုံးဟွာ၏ နောက်ထပ်စကားလုံးများသည် လုရီ၏ အမူအရာအား အနည်းငယ် တင်းမာသွားစေသည်။
"ဟဲဟဲ၊ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် မောင်လေးလု။ သက်ရောက်မှုတွေ ရှိပေမယ့် နင့်ကို ရဖို့အတွက် ဒါက ထိုက်တန်ပါတယ်။"
"ဟင့်အင်း၊ ငါနဲ့ မထိုက်တန်ဘူး ထင်တယ်!"
လုရီ စကားမပြောနိုင် ဆွံ့အသွားသည်။
သူသည် လူ့မျိုးနွယ်၏ သာမာန်
ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်။
အမြီးကိုးချောင်း မြေခွေးမျိုးနွယ်၏ ဆက်ခံသူအား မိစ္ဆာ ဧကရာဇ်၏ အမွေဆက်ခံမှု၏ တန်ပြန်အား သက်ရောက်မှုကို စွန့်စား၍ သူ့အား ဖမ်းဆီးရန် အာမခံချက်ပေးသော မည်သည့် အရည်အချင်း သို့မဟုတ် စွမ်းရည်ကို သူသည် ပိုင်ဆိုင်ထားပါသနည်း။
"ဟဲဟဲ... ထိုက်တန်သည် ဖြစ်စေ၊ မတန်သည် ဖြစ်စေ၊ မောင်ငယ်လေး၊ ဒါက မင်း ဆုံးဖြတ်လို့ မရဘူး။ ငါ ဆုံးဖြတ်ရမှာ"
ထိုအချိန်တွင် လုရီသည် အကွာအဝေးကို ခန့်မှန်း၍ ပေါ့ပေါ့ပါးပါး ရယ်မောကာ
ပြောလိုက်သည်။
"တာအိုရောင်းရင်း ချင်းချုံး၊ မင်းကိုယ်မင်း
အပင်ပန်းမခံတော့နဲ့၊ ငါ့ဆရာနဲ့ ဂျူနီယာညီ မလေးကို ပြန်ရှာရမှာဆိုတော့ ငါတို့ နောက်တစ်ခေါက်မှ ပြန်ဆုံရအောင်"
ထိုသို့ ပြောနေစဉ် လုရီသည် အဆောင်လက်ဖွဲ့ကို ထုတ်ကာ ဝိညာဉ်စွမ်းအားများ စီးဆင်းလာသည်နှင့်အမျှ အဆောင်လက်ဖွဲ့သည် အစွမ်းထက် အလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုရီကို ဖုံးအုပ်ကာ နောက်အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။
ဤသည်မှာ စာရင်းသွင်း တပည့် ဖြစ်စဥ်အချိန်က သူ့ဆရာက ပေးခဲ့သော မိုင်တစ်ထောင် အဆောင် လက်ဖွဲ့ ဖြစ်သည်။
၎င်းသည် နေရာလပ် အဆောင်လက်ဖွဲ့တစ်ခုဖြစ်ပြီး၊ အလွန် တန်ဖိုးရှိပြီး လူတစ်ဦး၏အသက်ကို ကယ်တင်ရန် အလွန်ကောင်းမွန်ပါသည်။
လုရီသည် ၎င်းကို အသုံးပြုရန် အခွင့်အလမ်း တစ်ခါမှ မရှိခဲ့ဘဲ ထိုသို့သော အခြေအနေမျိုးတွင် ၎င်းကို အသုံးပြုရန် မမျှော်လင့်ခဲ့ပေ။
လုရီ ပျောက်သွားတာကို မြင်တော့
ချင်းချုံးဟွာ၏ ကိုယ်တဝိုက်မှ အလင်းလွှာက တုန်လှုပ်သွားပြီး ဒေါသတကြီးဖြင့်
အော်ဟစ်သည်။
"ခွေးကောင်!"
သူမသည် လှည့်စားခံရကြောင်း သဘာဝကျကျ နားလည်လိုက်ရသည်။
နောက်အခိုက်အတန့်တွင် တန်ပြန်အား သက်ရောက်များ ရှိနေသော်လည်း
ချင်းချုံးဟွာသည် ပို၍ပင် အားကောင်းသည့် စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး သူမကိုယ်သူမ သက်တန့်အဖြစ် ပြောင်းလဲကာ လွတ်မြောက်နယ်မြေသို့ ပျံသန်းသွားခဲ့သည်။
ထိုအချိန်တွင်၊ လွတ်မြောက်နယ်မြေတွင်၊ ထွက်ပေါက်သည် ပွင့်နေလေပြီ။ ဝင်ပေါက်နှင့် ဆင်တူသော မှောင်မိုက်သည့် ဟင်းလင်းပြင်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ထွက်ပေါက် ပေါ်လာသည်နှင့် ရုပ်ရည်ခန့်ညားသော လူငယ်သည် ၎င်းရှေ့တွင် ပိတ်ရပ်ကာ ယွင်ရှီးနှင့် အခြားသူများကို လှောင်၍ ပြုံးပြသည်။
အခြားမြေခွေး မိစ္ဆာမနှစ်ကောင်သည် အခြားတစ်ဖက်ကို ပိတ်ဆို့ကာ လူသားတို့၏ ထွက်ပြေးလမ်းကြောင်းကို လုံးဝဖြတ်တောက်ခဲ့သည်။
ဖြည်းညှင်းစွာ လည်ပတ်နေသော ထွက်ပေါက်ကို မြင်လိုက်ရသောအခါ
လူတိုင်း နှလုံးသားထဲတွင် အေးခဲသွားကြသည်။
သတ်မှတ်ထားသည့် အချိန်အတွင်းမှာ သူတို့ မထွက်ခွာလျှင် ထွက်ပေါက်က ပိတ်သွားပြီး အပြင်ကို လုံးဝမထွက်နိုင်ဘဲ ထာဝရ ပိတ်မိနေလိမ့်မည် မဟုတ်ပါလော။
"ငါတို့ ဘယ်လိုလုပ်ကြမလဲ?"
"ဘယ်လိုမှ မတတ်နိုင်ဘူး၊ ဒီရွှေအူတိုင်မိစ္ဆာတွေက စောစောက ငါတို့ကြုံတွေ့ခဲ့ရတဲ့ မိစ္ဆာကြီးသုံးကောင်ထက် ပိုအားကောင်းနေနိုင်တယ်၊ ဘယ်လိုကျော်ဖြတ်နိုင်မလဲ။"
"လုရီ ဘယ်လိုနေလဲ ငါ သိချင်လိုက်တာ"
"အို... လုရီလည်း အန္တရာယ်ရှိနေမှာ။"
ထိုအချိန်တွင် နေရာလပ်သည် ရွေ့လျားသွားပြီး လူတစ်ယောက် ရုတ်တရက်ပေါ်လာသည်။
လုရီ ဖြစ်သည်။
မိစ္ဆာကြီးသုံးကောင်နှင့် ယွင်ရှီးနှင့် သူမ၏အဖွဲ့တို့မှာ လုရီအား တွေ့လိုက်သောအခါ အားလုံး အံ့အားသင့်သွားကြပြီး လေထုသည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
လုရီက အသံ ခပ်နိမ့်နိမ့် ဟစ်အော်သည်။
"ထွက်ဖို့ အဆင်သင့် ပြင်ထား!"
သူ့လက်ထဲတွင် တောက်လောင်နေသော နေကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအား ထုတ်ဖော်ထားသောနက်နဲနေမင်းဓား ပြန်ပေါ်လာသည်။ ဓားတွင်အလွန်ထက်ရှသော ဓားစိတ်ဆန္ဒနှင့် အလွန်ပြင်းထန်သော မိုးကြိုး စိတ်ဆန္ဒတို့ ပါ၀င်နေသည်။
လုရီသည် သူ၏ လျှို့ဝှက်ကတ်များ အားလုံးနီးပါးကို ထုတ်ဖော် ပြသလိုက်ကာ နက်နဲနေမင်းဓားဖြင့် ထွက်ပေါက်ကို ပိတ်ဆို့နေသော ရုပ်ရည် ခန့်ညားသော လူငယ်လေးဆီသို့ တည့်တည့် ခုတ်ပိုင်းလိုက်သည်။
ရွှေရောင်ဓားအလင်းတန်းသည် လေထဲသို့ ဖြာကျ၍ သူ့ဆီ ပျံသန်းလာသောအခါ လူငယ်သည် မျက်လုံးအစုံ ကျုံ့သွားပြီး သူ့မျက်လုံးများတွင် ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။
လူငယ်သည် လေသံကိုနှိမ့်၍ မာန်သွင်းလိုက်ရာ ကိုယ်ထည်တွင် ရေလွှမ်းမိုးနဂါး ရုပ်ကြီး ရေးထွင်းထားသော တိုက်ပွဲလှံကြီးတစ်လက် သူ့လက်ထဲတွင် အလိုအလျောက် ပေါ်လာသည်။
သူသည် တိုက်ပွဲလှံကြီးကို အရှိန်ပြင်းပြင်းပစ်ပေါက်လိုက်ရာ လှံသည် ကျယ်လောင်စွာ ဟိန်းဟောက်နေသည့် စိမ်းပြာရောင် ရေလွှမ်းနဂါးကြီးတစ်ကောင် အဖြစ် အသက်ဝင်လာပြီး ရွှေဓား အလင်းတန်းအား ခုခံသည်။
အုန်း!!
နားအူသော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး စိမ်းပြာရောင် ရေလွှမ်း နဂါးကြီးသည် နာကျင်စွာ မချိမဆံ့ အော်ဟစ်လိုက်ရသည်။ စိမ်းပြာရောင် ရေလွှမ်း နဂါးကြီးသည် အခင်းဖြစ်ရာ နေရာ၌ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကာ တိုက်ပွဲလှံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားပြီး လှံ၏ အရှိန်အဝါသည် သိသိသာသာ မှေးမှိန်သွားခဲ့သည်။
လူငယ်လေး၏ မျက်နှာသည် ဖြူဖျော့သွားပြီး သွေးများ တဟွတ်ဟွတ် အန်ထုတ်လိုက်ရသည်။
ထိုအချိန်တွင် လုရီသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တိုက်ပွဲလှံကို ချက်ချင်း ဆွဲယူလိုက်သည်။
ခြေလှမ်းတစ်လှမ်းဖြင့် သူသည် မိုးက်ြိုးအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် ခန့်ညားသော လူငယ်လေးဆီသို့ တဟုန်ထိုးပြေးဝင်သွားသည်။
ဒါကို မြင်တော့ ခန့်ညားသော လူငယ်က ဟိန်းဟောက်ပြီး သူ့စွမ်းအားအကုန် ထုတ်လွှတ်လိုက်ကာ အမြန် ရှောင်လိုက်သည်။
"မင်းတို့တွေ အခု အမြန် သွားတော့!"
လုရီသည် အော်ဟစ်ရင်း ချင်းချုံးဟွာ၏ ဦးတည်ရာဆီသို့ ထိတ်လန့်စွာ ကြည့်နေသည်။
အလွန်ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်တစ်ခု လျင်မြန်စွာ ရောက်ရှိလာသည်ကို ခံစားရပြီး လုရီသည် ဇောချွေးများပင် ထွက်လာအောင် လန့်နေခဲ့သည်။
မြေခွေးဝိညာဉ်သည် အမှန်တကယ် ဒေါသထွက်နေပုံ ပေါ်သည်။ အမှန်ပင်၊ သူမ၏ ဒေါသ ထွက်ပုံမှာ အနည်းငယ် ကြောက်စရာကောင်းသည်။
အခု သူတို့ မထွက်သွားရင် တကယ်ပဲ ဆုံးခန်းတိုင်သွားပြီ။
လုရီ၏ စကားကို ကြားတော့ ကျင့်ကြံသူအုပ်စုသည် မှင်သက်ရာမှ ထကြွသွားပြီး သူတို့မျက်နှာများသည် တက်ကြွသည့်အရိပ်များ ထွန်းလင်းလာသည်။
သူတို့သည် ချက်ချင်းပင် ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ထွက်ပေါက်ဆီသို့ အမြန် ပျံသန်းသွားကြသည်။
"ထွက်ရဖို့ မစဉ်းစားနဲ့!"
လျင်မြန်စွာ ရှုံးနိမ့်သွားသော ခန့်ညားသည့့် လူငယ်လေးက ကြိမ်းမောင်းလိုက်သည်။
ထိုအချိန်တွင် မိစ္ဆာ နတ်ဆိုးနှစ်ကောင်သည် လက်တွေ့ဘဝသို့ ပြန်လည် အသိဝင်သွားခဲ့သည်။
ကြောက်မက်ဖွယ် ကောင်းသော မိုးပြာရောင် အလင်းတန်းများ ဖြာကျလာကာ
ရှေ့တိုးရန် ကြိုးစားနေသော လူအုပ်၏ ပတ်ဝန်းကျင်ကို ပိတ်ဆို့လာသည်။
လုရီသည် သူ့လက်ကို နောက်ပြန် ဝှေ့ယမ်းကာ ဓားစိတ်ဆန္ဒ ငါးဆယ် ရာခိုင်နှုန်း ပါ၀င်သော ဓားအလင်းတန်းနှင့် မိုးကြိုးစိတ်ဆန္ဒ ထည့်သွင်းသော နက်နဲနေမင်းဓားအား အကြိမ်ပေါင်းများစွာ ခုတ်ပိုင်း၍ မြေခွေး မိစ္ဆာ နှစ်ကောင်ကို ချက်ချင်း ပြန်တွန်းလှန်ခဲ့သည်။
ကျင့်ကြံသူများသည် သဘာဝအတိုင်း လျင်မြန်ကြပြီး မကြာမီတွင် လူတိုင်းသည် ထွက်ပေါက်သို့ လွတ်ပြေးကုန်ကြသည်။
လုရီသည် အဝေးမှ လျင်မြန်စွာ နီးကပ်လာနေသော အလင်းတန်းကို မျှော်ကြည့်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချ၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား...တာအိုရောင်းရင်း ချင်းချုံး၊ ငါ့ကမ်းလှမ်းချက်က တည်နေဆဲပါပဲ။ မင်းကို လု မိသားစုမှာ လာလက်ထပ်ဖို့ ကြိုဆိုတယ် နော်!"
ပြောပြောဆိုဆိုနှင့် လုရီသည် မရပ်ဆိုင်းဘဲ ထွက်ပေါက်အား အမြန် တိုးဝင်သွားခဲ့သည်။
လုရီ ထွက်ပေါက်ကိုဝင်ပြီးနောက် အသက်ရှူချိန် အနည်းငယ်မျှအကြာတွင် တောက်ပသော အလင်းလွှာတစ်ခု သက်ဆင်းလာပြီး မြေပြင်သည် အက်ကွဲကာ တွင်းကြီးတစ်ခု ဖြစ်လာသည်။
ချင်းချုံးဟွာသည် တွင်းအလယ်ခေါင်တွင် ရပ်နေကာ သူမ၏ခန္ဓာကိုယ်သည် ပြင်းထန်သော အလင်းရောင်များဖြာထွက်နေပြီး သူမ၏ အတွင်းစိတ်က ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ပြသနေသည်။
သူမသည် အနည်းငယ် တုန်လှုပ်နေသော မြေခွေးမိစ္ဆာ နှစ်ကောင်နှင့် ဒဏ်ရာအပြင်းအထန် ရနေသော ရုပ်ရည်ခန့်ညားသည့် လူငယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထွက်ပေါက်ကို စူးစူးရဲရဲ
ကြည့်ကာ သွားကြားထဲမှ ထွက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"လုမိသားစုက ကောင်စုတ်လေး၊ ကောင်းတယ်၊ အရမ်းကောင်းတယ်! ငါ အမွေအနှစ်ကို လုံးလုံးစုပ်ယူပြီးတာနဲ့ နင်ရှိတဲ့
ချင်းကျိုးကို ရောက်လာပြီး နင့်ကို ငါ့ရဲ့ချင်းချုံးမျိုးနွယ် ပိုင်နက်ဆီကို ပြန်ဖမ်းခေါ်မယ်!"
...
အရှေ့ တောအုပ်အပျက်အစီး နယ်မြေ၏
အပြင်ဘက်၌......
အကြီးအကဲ ချူးယွင်နှင့် တိမ်ဖြူဂိုဏ်း၏ နတ်ဘုရား အသွင်ပြောင်းနယ်ပယ်မှ အကြီးအကဲ ငါးဦးတို့သည် မှောင်မိုက်သောထွက်ပေါက် နေရာကို တင်းမာစွာ ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် ပူပန်နေကြသည်။
ရှဲ့လော့က ရယ်မောလိုက်ပြီး အကြီးအကဲ ချူးယွင်ကို လှည့်ကြည့်ကာ
"ဟမ့်..ငါ့အထင် မင်းဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ ထွက်မလာနိုင်ဘူး" ဟု လှောင်လိုက်သည်။
အကြီးအကဲ ချူးယွင်က သူ့ကို ပြန်ကြည့်ကာ ချေပသည်။
"ရှင့်ရဲ့ သခင်လေးလည်း ထွက်မလာနိုင်ဘူးဘူးလို့ ကျွန်မ ထင်တယ် "
"ဟားဟားဟား၊ ချူးယွင်၊ မင်းမသိသေးဘူးထင်တယ်..ငါတို့ရဲ့ ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းတို့ ပူးပေါင်းပြီး ကောင်းကင်မြွေဂိုဏ်းက အဖိုးတန် မိခင်နဲ့ ကလေး အသံထုတ်လွှင့်မှုပန်းကန်
ပိုးကောင်ကို ယူဆောင်လာခဲ့ပြီး အရှေ့တောအုပ် အပျက်အစီးမှာ မင်းရဲ့ မသေမျိုး မျိုးစေ့ကို ဝန်းရံပြီး သတ်ပစ်ကြမှာ၊ ဒီကောင် ဒါကို ခုခံနိုင်မယ်လို့ ငါ မယုံဘူး"
ထိုသို့ မျဲ့ယွဲ့ က ဝင်၍ လှောင်ပြောင်သည်။
ဒါကို ကြားတော့ အကြီးအကဲ ချူးယွင်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး
“..လုရီက ရှင်တို့ရဲ့ အမှိုက်တွေ အနိုင်ယူနိုင်တဲ့ သူမျိုး မဟုတ်ဘူး” ဟု အေးစက်စွာ ပြန်ပက်လိုက်သည်။
"ဟမ့်၊ နောက်လည်း မင်း ဒီလောက် အပြောကြီးနိုင်မယ်လို့ မျှော်လင့်တယ်!"
တုန်ယွီနှင့် တုချင်က စကားမပြောဘဲ အနားမှာ နေပြီး ပွဲကြည့်ဖို့ ရှိနေသလိုပါပဲ။
အကွာအဝေးတွင်၊ တစ်ကိုယ်တော် ကျင့်ကြံသူအုပ်စု တစ်စုသည်လည်း နေရာလပ်ထွက်ပေါက်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။သူတို့သည် တိမ်ဖြူဂိုဏ်း၏ မသေမျိုး မျိုးစေ့ အရှေ့တောအုပ်အပျက်အစီးမှ ပြန်လည်အသက်ဝင်လာနိုင်မလားဟု အလွန်စိတ်ဝင်စားနေကြသည်။
ထိုအချိန်မှာပင် နေရာလပ်ထွက်ပေါက်သည် ရွေ့လျားသွားပြီး ဓားအလင်းတန်းတစ်ခု အပြေးအလွှားထွက်လာသည်။
လူတိုင်း၏ မျက်လုံးများ တောက်ပလာသည်။
"သူ ထွက်လာပြီ!"
အခန်း၁၄၃-ယွင်ရှီးရဲ့ ကြင်နာမှု ပြန်ဆပ်ခြင်း...
~ပထမဆုံး ပြေးထွက်လာသူမှာ တိမ်ဖြူဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ပြီး၊ ထို့နောက် တပည့်များ တစ်ယောက်ပြီးတစ်ယောက်
ဒလလော တိုးဝင်လာခဲ့သည်။ တိမ်ဖြူဂိုဏ်း၊ အေးခဲ ဆောင်းရာသီတောင်ကြား၊ ပန်းတစ်သောင်းဂိုဏ်းနှင့်
တကိုယ်တော် ကျင့်ကြံသူအချို့လည်း ပါခဲ့သည်။
သို့သော်၊ ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းမှ တပည့်များက သိသိသာသာပင် မပါလာချေ။
ယင်းကြောင့် မျဲ့ယွဲ့နှင့် ရှဲ့လော့တို့သည် မျက်ခုံးများ အလိုလို တွန့်ချိုးခဲ့သည်။
အမြန် ထွက်ပြေးလာသော တပည့်များသည် ကပ်ဆိုးကြီးမှ လွတ်မြောက်ပြီးနောက် စိတ်သက်သာရာ ရသော မျက်နှာထားများ ရှိနေကြသည်။
သူတို့ ထွက်လာပြီးသည်နှင့် ချက်ချင်းပင် ထွက်ပေါက်ဆီသို့ လှမ်းကြည့်ကြသည်။
မကြာခင်မှာပဲ ယွင်ရှီးနှင့် ဟန်ယွီတို့လည်း
ထွက်လာကြသည်။ သူတို့နှစ်ယောက်သား သည် မျက်နှာ ဖြူဖျော့နေပြီး ထွက်ပေါက်ကို စူးစိုက်ကြည့်နေကြသည်။
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် လုရီသည် ထွက်ပေါက်မှ ထွက်လာခဲ့သည်။ ချိန် အနည်းငယ်ကြာပြီးနောက် လုရီသည် ထွက်ပေါက်မှ ထွက်လာခဲ့သည်။
ရှိနေကြသော တပည့်များအားလုံး သက်ပြင်းချကာ ရွှင်မြူးကြသည်။
"လုရီ ထွက်လာပြီ!"
"အရမ်းကောင်းတယ်။ ကျေးဇူးပါ..လုရီရာ"
ထိုသို့ အုတ်အုတ်ကျက်ကျက်ရွှင်မြူးမှုတွေက တခြားလူတွေကို ပဟေဠိ ဖြစ်စေပြီး ဖြစ်ပျက်ခဲ့တာကို နားမလည်ဘဲ တုန်လှုပ်သွား စေခဲ့သည်။
အနီးနားရှိ တကိုယ်တော်ကျင့်ကြံသူ
တစ်ယောက်သည် လုံးဝ ကြောင်သွားရသည်။
"ဘာဖြစ်နေတာလဲ ၊လုရီက တိမ်ဖြူဂိုဏ်းက မသေမျိုး မျိုးစေ့ မဟုတ်ဘူးလား။
သူ ထွက်လာတာကို လူတိုင်းက ဘာလို့ အရမ်းပျော်နေကြတာလဲ"
"ငါလည်း မသိဘူး၊ တိမ်ဖြူဂိုဏ်းက တပည့်တွေကတော့ ပျော်သင့်တယ်၊
ဒါပေမယ့် ပန်းတစ်သောင်းဂိုဏ်း.. အေးခဲ ဆောင်းရာသီ တောင်ကြား..သူတို့တွေကပါ ဘာလို့ အူမြူးနေကြတာလဲ၊ တခြား
တကိုယ်တော်် ကျင့်ကြံသူ တချို့တောင် ပါသေးတယ်"
"ဟုတ်တယ်နော်..ဒါနဲ့ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းက တပည့်တွေကို ဘာလို့ မတွေ့ရပါလိမ့်။"
“…”
ထိုသို့ လူအုပ်ကြီးသည် တီးတိုး..တီးတိုးပြောကြရင်း များပြားလှသော ထင်မြင်ယူဆချက်များ အုံကြွလာသည်။
...
အကြီးအကဲချူးယွင် သည် လုရီ ထွက်လာသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်အေးလက်အေး ပြုံးလိုက်သည်။
သူသည် အေးခဲနေသော မျက်နှာထား ရှိသော မျဲ့ယွဲ့နှင့် ရှဲ့လော့ကို တစ်ချက်ကြည့်လိုက်ပြီး
"ဘယ်လိုလဲ..ရှင်တို့ရဲ့ တပည့်တွေက ကျွန်မ တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ကို မကိုင်တွယ်နိုင်ဘူး ထင်ပါရဲ့"
မျဲ့ယွဲ့ နှင့် ရှဲ့လော့၏ မျက်နှာများ
အုံ့မှိုင်းသွားကာ စကားမချေနိုင်ဘဲ ထွက်ပေါက်ကို ဆက်လက် စောင့်ကြည့်နေခဲ့တော့သည်။
အကြီးအကဲချူးယွင် နောက်တစ်ကြိမ် နှာခေါင်းရှုံ့ပြီး လုရိီကို ပြုံးကာ နှုတ်ဆက်သည်။
"ကောင်လေး၊ မင်း အပြင်ထွက်တာ ကောင်းတယ်။ ဘာမှ မဖြစ်ခဲ့ဘူး မဟုတ်လား"
ထိုအခါ လုရီက ခပ်ဖျော့ဖျော့ ပြုံးပြီး
"မငြိမ်မသက်မှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် အဆုံးမှာ ကျွန်တော် ဖြတ်ကျော်နိုင်ခဲ့ပါတယ်"
ထိုအခိုက်အတန့်တွင် လင်းရှောင်ရှောင်က
ဝင်ရောက်ပြောဆိုသည်။
"အရှေ့တောအုပ်အပျက်အစီးမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။.. အကြီးအကဲ ချူးယွင်...! ဂျူနီယာ
မောင်လေးလုရဲ့ ကျေးဇူးကြောင့် ကျွန်မတို့ အသက်ဘေး လွတ်မြောက်နိုင်ခဲ့တာပါ၊ မဟုတ်ရင် ကျွန်မတို့ အားလုံး အဲ့ဒီနေရာမှာ ကြွေလွင့်သွားနိုင်တယ်"
"ထူးဆန်းတဲ့ အဖြစ်အပျက် တစ်ခုလား..."
အကြီးအကဲချူးယွင်သည် အံ့အားသင့်သွားပြီး
"ဘယ်လို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးလဲ"
အရှေ့တောအုပ်အပျက်အစီးနယ်မြေ...။
ဂိုဏ်းငါးဂိုဏ်း၏ တပည့်များကို ပိုမိုအားကောင်းလာစေရန် ကူညီပေးသည့် ရတနာများစွာပါရှိသော အဖိုးတန်နေရာတစ်ခု ဖြစ်သောကြောင့် အရှေ့တောအုပ်အပျက်အစီးနယ်မြေက ဂိုဏ်းငါးဂိုဏ်းအတွက် အရေးကြီးပါသည်။
အကယ်၍ အရှေ့သစ်တောအုပ်အပျက်အစီးနယ်မြေတွင် တစ်စုံတစ်ရာ အဆင်မပြေ ဖြစ်ခဲ့ပါက၊ ၎င်းသည် ဂိုဏ်းငါးခုအတွက် သိသာထင်ရှားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။
"အရှေ့တောအုပ်အပျက်အစီးတွေမှာ မိစ္ဆာမျိုးနွယ်ဝင်တွေကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်။"
" အပျက်အစီးနယ်မြေ အတွင်း အမြီး ကိုးချောင်းမြေခွေး မိစ္ဆာ ဧကရာဇ်ရဲ့ သားစဉ်မြေးဆက်ဖြစ်တဲ့ အမြီး ကိုးချောင်း မြေခွေးမျိုးနွယ်ရဲ့ ဆက်ခံသူက ရှေးဟောင်း အမြီး ကိုးချောင်း မြေခွေးမိစ္ဆာ ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရယူခဲ့တာပါ ..."
"အဲ့ဒီအချိန်မှာ အပျက်အစီးနယ်မြေအတွင်းက မှော်သားရဲတွေက ရုန်းရင်းဆန်ခတ် ရူးသွပ်လာကြပါတယ်..ဂျူနီယာ မောင်လေး လုကြောင့်သာ မဟုတ်ရင် ကျွန်မတို့ သေပြီးသား ဖြစ်သွားပါပြီ!"
"ဟုတ်ပါတယ် အကြီးအကဲ.."
တိမ်ဖြူဂိုဏ်းမှ တပည့်များက တစ်ယောက်ပြီး တစ်ယောက် အပျက်အစီးများအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်ပြောင်း ပြောပြကြသည်။
ယင်းကြောင့် အကြီးအကဲ ချူးယွင်၏ မျက်နှာသည် လျင်မြန်စွာ ပြောင်းလဲသွားကာ အတော်လေးကို မသာမယာ ဖြစ်သွားခဲ့သည်။
"မြောက်ပိုင်းနယ်မြေက အမြီးကိုးချောင်း မိစ္ဆာ မြေခွေးမျိုးနွယ်စုရဲ့ သားစဉ်မြေးဆက်က အပျက်အစီးထဲကို ဝင်ခဲ့တာလား... အပျက်အစီးဟာ တစ်ချိန်က ဒဏ္ဍာရီလာ အမြီးကိုးချောင်း မြေခွေးမိစ္ဆာဧကရာဇ်ရဲ့ စစ်မြေပြင် ဖြစ်ခဲ့တာလား..."
ဂိုဏ်းငါးခုမှ နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းထားသော ရှေးဟောင်းနေရာ
တစ်ခုတွင် ထိုသို့သော ဇစ်မြစ် ရှိသည်ဟု အကြီးအကဲ ချူးယွင်က တစ်ခါမျှ စိတ်ကူးမကြည့်ခဲ့ဖူးပါ။
အမြီးကိုးချောင်း မြေခွေးမိစ္ဆာဧကရာဇ်
မျိုးနွယ်၏ ခွန်အားသည် လူသားမျိုးနွယ်စု၏ မသေမျိုး ဂိုဏ်း၏ မြင့်မြတ် နယ်မြေနှင့် ညီမျှသည်။
ဂိုဏ်းငါးခုနှင့် နှိုင်းယှဉ်နိုင်သည်ထက် ကျော်လွန်ပါသည်။ အကယ်၍ ထိုမျိုးနွယ်စုမှ တန်ခိုးကြီးသော နတ်ဆိုးတစ်ကောင်သည် ချင်းကျိုးသို့ ရောက်ရှိလာပါက၊ ၎င်းသည် သိသာထင်ရှားသော ကသောင်းကနင်းအား ဖြစ်စေနိုင်သည်။
ကံကောင်းထောက်မစွာ၊ ဤဒေသသည် လူသားမျိုးနွယ်စု နယ်မြေ ဖြစ်နေ၍သာ။
အမြီးကိုးချောင်း မြေခွေးမိစ္ဆာ မျိုးနွယ်သည် ကြံ့ခိုင်သော်လည်း၊ လူသားမျိုးနွယ်စုနယ်မြေတွင် မငြိမ်မသက်မှုများ ဖန်တီးရန် မဝံ့ရဲကြပေ။
...
အခြားဂိုဏ်းများမှ တပည့်များသည်လည်း သူတို့၏ အဓိပတိအကြီးအကဲများထံ ထိုသို့ သတင်းပို့လာသည်။
တုန်ယွီနှင့် တုချင် တို့သည်လည်း အမူအရာများ အဆက်မပြတ်ပြောင်းလဲနေပြီး အတော်လေးကို မျက်နှာထား တင်းမာသွားကြသည်။
သူတို့အစိုးရိမ်ဆုံးကတော့ ယခုလို ထူးဆန်းသည့် အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက်တွင် အနာဂတ်မှာ အရှေ့တောအုပ် အပျက်အစီးထဲကို ဝင်ဖို့ အခွင့်အလမ်းတွေ ရနိုင်မလား ဆိုသည်ကိုပင်။ မဝင်နိုင်လျှင် ဆုံးရှုံးမှုသည် အလွန်ပြင်းထန်သည်။
ထို့အပြင် လုရီသည် ချင်းကျိုး၏ အံ့မခန်းပါရမိီရှင်များ ဖြစ်သည့် ရွှယ်ထျန်းဟန်နှင့် ချင်လော့တို့အား တစ်ယောက်တည်းအားဖြင့် သတ်ခဲ့သည်။ လုရီသည်
ရွှယ်ထျန်းဟန်နှင့် ချင်လော့တို့အား အားစိုက်ထုတ်စရာ မလိုဘဲ သက်သက်သာသာ ချေမှုန်းခဲ့ခြင်းက
သူတို့ကို ထိတ်လန့်စေခဲ့သည်။
ထိုမျှသာမကသေး.. တပည့်တို့၏ ဖောက်သည်ချမှုအရ၊ လုရီက ဦးဆောင်၍ မျိုးပြောင်းသားရဲ လှိုင်းလုံးကြီးကို ဖြတ်ကျော်ကာ လူတိုင်းကို အသက် ရှင်သန်ခွင့် ပေးခဲ့သည် ဟု သိရသည်။
ထို့ပြင် ဟန်ယွီနှင့် ယွင်ရှီး နှစ်ဦးစလုံးသည် သူတို့ကိုယ်သူတို့ လုရီထက် နိမ့်ကျသည်ဟု ယုံကြည်ကြသည် ဟူ၍။
ဤသတင်းသည် နတ်ဘုရား အသွင်ပြောင်း အဆင့် ကျင့်ကြံသူ နှစ်ဦး၏ နှလုံးသားများအား တုန်လှုပ် ချောက်ချားစေသည်။
မိမိတို့၏ ဂိုဏ်းများ၏ ထိပ်တန်းအကြီးအကဲများအနေနှင့် မိမိတို့သည် နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ ဖြတ်ကျော်သွားမည့် ဂိုဏ်း၏ ပါရမီရှင်နှင့် ခွန်အားကို သေချာပေါက် သိကြသည်။
ထိုပါရမီရှင်တို့အား ဟင်းလင်းပြင် ဥမင် နယ်ပယ်သို့ တက်လှမ်းဖို့ မျှော်လင့်ချက်က ပင် မဖြစ်နိုင်တာမျိုး မဟုတ်ပေ။
..ဒါတောင်မှ ပါရမီရှင်တွေက သူတို့ကိုယ်သူတို့ လုရီထက် နိမ့်ကျတယ်လို့ ထင်နေကြတာလား။..
"မသေမျိုး မျိုးစေ့က သူ့ရဲ့အမည်နဲ့ အမှန်တကယ် ထိုက်တန်ပါပေတယ်"ဟု
အကြီးအကဲ တုချင်သည် လုရီ ရှိရာဆီသို့ လှမ်းကြည့်ကာ ညည်းညူလိုက်သည်။
ထိုအချိန်တွင် ကြောက်စရာ ကောင်းသော တည်ရှိမှု နှစ်ခုသည် လုရီကို ဖိနှိပ်လိုက်သည်။
"အတင့်ရဲလိုက်တာ၊ ကောင်စုတ်လေး..
မင်းက ရက်စက်ကြမ်းကြုတ်တဲ့
နည်းလမ်းတွေ သုံးပြီး ငါတို့ သွေးဝိညာဉ်ဂိုဏ်း သခင်လေးကို သတ္တိရှိရှိ သတ်ဖို့ သတ္တိရှိရှိ သတ်လိုက်သတ်လိုက်တယ်ပေါ့..."
"အရမ်း ငယ်သေးပေမယ့် ယုတ်မာတဲ့ ဂိုဏ်းသား နှစ်ယောက်ကို သတ်လိုက်တာ... ဒီနေ့ မင်းအသက်နဲ့ ပေးဆပ်ရလိမ့်မယ်"
မျဲ့ယွဲ့နှင့် ရှဲ့လော့၏ မျက်လုံးများသည်
မဖုံးကွယ်ထားသော လူသတ်ရန် ရည်ရွယ်ချက်ကို ထုတ်လွှတ်လိုက်ပြီး
လုရီကို အေးခဲနေသော ဒေါသအပြည့် မျက်နှာထားဖြင့် စားမတတ် ဝါးမတတ်
စူးရဲစွာ ကြည့်နေသည်။
ဤတွင် ရွှယ်ထျန်းဟန်နှင့် ချင်လော့တို့သည် သူတို့၏ ဂိုဏ်းများတွင် နှစ်ရာနှင့် ချီလျှင် တစ်ကြိမ်သာ ထွက်ပေါ်သော ရှားပါး ပါရမီရှင်များဖြစ်ကြောင်း သတိပြုရပါမည်။
ရွှယ်ထျန်းဟန်နှင့် ချင်လော့တို့တွင် ဂိုဏ်း၏ ရင်းနှီးမြုပ်နှံထားသည့် အချိန်နှင့် ကြိုးစားအားထုတ်မှုမှာ များပြားလှသည်။
ယခု လူနှစ်ဦးစလုံး သေဆုံးသွားခဲ့ပြီး ဂိုဏ်းနှစ်ဂိုဏ်း၏ ရင်းနှီးမြုပ်နှံမှုအားလုံးသည် သဲထဲ ရေသွန် ဖြစ်သွားခဲ့သည်။
ထို့အပြင် အပျက်အစီးနယ်မြေထဲတွင်
ကျဆုံးသွားသော ကျန်တပည့်များသည်လည်း သူတို့ ဂိုဏ်းများ၏ အနာဂတ် ထောက်တိုင်များဖြစ်သော အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်မှ ထူးချွန်သူများ ဖြစ်ကြသေးသည်။
ယနေ့ ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများသည် ဂိုဏ်းများ၏ အရှိုက်ကို ထိုးသွင်းလိုက်သည်ဟု ဆိုရမည် ဖြစ်သည်။
"ဟမ့်! လူမိုက်နှစ်ယောက်၊ နင်တို့တွေ..
ကိုယ့်ထက် အသက် ထောင်ချီပြီး ငယ်တဲ့ ကလေး တစ်ယောက်ကို ပစ်မှတ်ထားနေတယ်.. ငါ ဒီမှာ မရှိသလို ပြုမူနေတာလား။"
အကြီးအကဲ ချူးယွင်သည် လုရီရှေ့သို့ လှမ်းလာရင်း ဖိအားကို ပိတ်ဆို့ကာ
အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
အခန်း၁၄၄-ယွင်ရှီးရဲ့ ကြင်နာမှုပြန်ဆပ်ခြင်း...
~ "ချူးယွင်! ဒီနေ့ မင်း ငါ့ကို တားရဲ ..တားကြည့်စမ်း"
"ဒီနေ့ ..ဒီကောင်စုတ်.. လုရီ သေရမယ်!"
ကြီးကျယ်သော နတ်ဘုရား အသွင်ပြောင်း အဆင့် ကျင့်ကြံသူ နှစ်ဦးသည် ဝိညာဉ်စွမ်းအားများ ထုတ်ဖော်လိုက်ရာ သူတို့၏ ပြင်းထန်သော အရှိန်အဝါသည် အနီးနားရှိ အားနည်းသော ကျင့်ကြံသူများ၏ မျက်နှာများကို သွေးဆုတ်သွားစေကာ
သူတို့အားလုံး ကြောက်ရွံ့မှုအပြည့်ဖြင့် ဆုတ်ခွာလိုက်ရသည်။
နတ်ဘုရား အသွင်ပြောင်း အဆင့်မှ ပညာရှင်တစ်ဦး၏ ခွန်အားသည် ရိုးရှင်းစွာပင် လွှမ်းမိုးလွန်းလှသည်။
အကြီးအကဲ ချူးယွင်က ကာကွယ်ထားသော လုရီသည် မည်သည့် ဖိအားကိုမျှ
မခံစားရပါ။
သူသည် နတ်ဘုရား အသွင်ပြောင်း အဆင့် ကျင့်ကြံသူ နှစ်ဦးကို ကြည့်ကာ ရယ်မောရင်း
"သူတို့ ကျွန်တော့်ကို ဝိုင်းသတ်ဖို့ စဉ်းစားထားမှတော့ တန်ပြန်သတ်ခံရဖို့လည်း ထည့်တွက်ထားရမယ်၊ သူတို့ပဲ သတ်ခွင့်
ရှိပြီး တခြားသူတွေကို သူတို့ကို မသတ်နိုင်ဘူးလို့ စဉ်းစားနေတာလား"
ထိုအခါ သွေးဝိဉာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေ ဂိုဏ်းမှ နတ်ဘုရား အသွင်ပြောင်း အဆင့် ကျင့်ကြံသူနှစ်ဦး၏ မျက်နှာများသည် ခက်ထန်လာသည်။
ရှေ့သို့ တက်လာရင်း တိုက်ပွဲစတင်ရန် ကြံရွယ်နေသည့်အလား သူတို့၏ အရှိန်အဝါ ပေါက်ကွဲလာသည်။
အကြီးအကဲ ချူးယွင်၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွားကာ သူမ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ဝိညာဉ် စွမ်းအားများ အပြည့်အဝ ထုတ်ဖော်လိုက်သည်။
သူမသည် ထိုလူနှစ်ယောက်ကို တင်းမာစောအမူအရာဖြင့် စိုက်ကြည့်ရင်း အန္တရာယ်အချို့ကို ခံစားရသော်လည်း နှစ်ယောက်လုံးကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် အဝေးမှ နင်ကောင်း ရှေးဟောင်းသင်္ဘောမှ အလင်းတန်းများ ပျံဝဲလာပြီး အကြီးအကဲချူးယွင် အနားသို့ ဆင်းသက်ခဲ့သည်။
၎င်းမှာ လျိုနင်ရွှမ်းနှင့် တိမ်ဖြူဂိုဏ်းမှ ကျန် အကြီးအကဲများအဖွဲ့ ဖြစ်သည်။
ဝိညာဉ် စွမ်းအား ထုတ်ဖော်ထားသော
အေးစက်ပြီး လှပသောမျက်နှာ ပိုင်ရှင်
လျိုနင်ရွှမ်းသည် လုရီ၏ ဘေးတွင် ရပ်ကာ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ နှစ်ဦးဆီသို့ လှမ်းကြည့်လိုက်တော့ လေထုသည်နည်းနည်း ပို၍ အေးစက်သွားပုံ ရသည်။
လုရီကို မကြည့်ဘဲ သူမက အေးဆေးစွာ ပြောလိုက်သည်။
"ဒီမှာ နင့်ရဲ့စီနီယာအစ်မရှိနေတာ..နင့်ကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး"
လုရီသည် သူ့နှလုံးသားထဲတွင် လှိုက်ခနဲ နွေးထွေးသွားပြီး နူးညံ့သိမ်မွေ့စွာ ပြုံးကာ
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"
တိမ်ဖြူဂိုဏ်းမှ အခြားသော အကြီးအကဲများသည် လုရီ ရှေ့တွင် တစ်ယောက်ပြီး
တစ်ယောက် ပိတ်ရပ်ကာ မျဲ့ယွဲ့ နှင့် ရှဲ့လော့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
"သရဲအိုကြီးမျဲ့ယွဲ့၊ မင်းရဲ့ ကောင်းကင်မြွေဂိုဏ်းက ပထမဆုံး တိုက်ခိုက်ခဲ့တာ။ တူလေး လုက လက်တုံ့ပြန်ရုံပဲ၊ မင်းက ဒါကို တိုက်ခိုက်ချင်နေတာလား။"
"ရှဲ့လော့.. ငါတို့ ဂိုဏ်းနှစ်ခုကြားက စစ်ပွဲကြီး အစပျိုးဖို့ ကြံစည်နေသလား။ လုရီရဲ့ ဆရာက လင်းလောင် တောင်ထိပ်သခင်မဆိုတာ မမေ့နဲ့.."
လင်းလောင် တောင်ထိပ်သခင်မ၏ အမည်ကို ကြားလိုက်ရသောအခါ၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၏ မျက်နှာပေါ်ရှိ အမူအရာများသည် ခေတ္တမျှ တင်းမာသွားပြီးနောက် တစ်ဖန် ပြန်လည် အေးစက်သွားခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ဒီနေ့ လုရီကို သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ"
ဤအတောအတွင်း အဝေးမှ ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းမှ အကြီးအကဲများသည် မျဲ့ယွဲ့နှင့် ရှဲ့လော့ အနီးတစ်ဝိုက်တွင် စုရုံးလာကာ သူတို့၏ အရှိန်အဝါများအား အပြည့်အဝ ထုတ်ဖော်ပြီး တိမ်ဖြူဂိုဏ်းဝင်များကို အေးစက်စွာ စိုက်ကြည့်နေကြသည်။
ထိုအခိုက်အတန့်တွင် ပန်းတစ်သောင်း ဂိုဏ်း၏ ဧရိယာမှ ယွင်ရှီးသည် ရုတ်တရက် မွှေးကြိုင် လတ်ဆတ်သော ပန်းပွင့်များဖြင့် သူမ ကိုယ်အား ရစ်ပတ်စေပြီး အလင်းတန်းအသွင် ပြောင်းလဲကာ လုရီ အနားသို့ ရောက်လာပြီး ပြတ်သားစွာ ပြောလာသည်။
"လုရီ၊ နင်က ငါ့ကို အကြိမ်ကြိမ် ကယ်ခဲ့ပြီးပြီ၊ ဒီတစ်ခါ ငါ နင့်ကို ကူညီမယ်။"
လုရီသည် ခဏတာ မှင်သက်သွားသည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် ယွင်ရှီးထံမှ အကူအညီ ရလာလိမ့်မည်ဟု သူ
မမျှော်လင့်ထားမိပါ။
မူလက စောင့်ကြည့်နေပြီး ဂိုဏ်းသုံးဂိုဏ်း အချင်းချင်း တိုက်ခိုက်ကြ၍ အပြန်အလှန် အားနည်းသွားစေရန် ဆန္ဒ ရှိနေသော ပန်းတစ်သောင်းဂိုဏ်း၏ အကြီးအကဲ တုချင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။
တုချင်သည် ယွင်ရှီးကို အဝေးမှ လှမ်းကြည့်ရင်း သူမ၏ စိတ်ထဲတွင် ပဟေဌိများ ပြည့်နှက်နေတော့သည်။
"ယွင်ရှီး..."
တုချင်၏ မျက်နှာ ပျက်ယွင်းပြီး
"ယွင်ရှီး.. ဒီကို ပြန်လာ.."ဟု အမြန်ခေါ်သည်။
ယွင်ရှီးသည် တုချင်ကို တစ်ချက် ကြည့်ကာ ခေါင်းခါသည်။
"ကျွန်မ မပြန်လာဘူး ၊လုရီကို ကူညီချင်တယ်"
သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့မှ ရန်လိုမှုကို ခံစားလိုက်ရသဖြင့် တုချင် မျက်မှောင်ကြုတ်ကာ ယွင်ရှီးအား ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခု ရစ်ပတ်စေကာ ပြန်လည် ဆွဲခေါ်လိုက်သည်။
ယွင်ရှီးသည် မျက်မှောင်ကြုတ်ကာ သူမ၏ ဝိညာဉ်စွမ်းအားများဖြင့် ရုန်းကန်သော်လည်း အခြေခံအုတ်မြစ် တည်ထောင်ခြင်း အဆင့် သူမသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနှင့် ရင်ဆိုင်နေရချိန်တွင် သစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ် တစ်ကောင်ပမာ။
သူမသည် အလျင်အမြန် ချုပ်နှောင်ခံရပြီး
တုချင်၏ အနားသို့ ပြန်ရောက်လာလေသည်။
တုချင်က မျက်မှောင်ကြုတ်ပြီး ယွင်ရှီးအား ဖျောင်းဖျသည်။
"ယွင်ရှီး.. ၊ မိုက်မဲမနေပါနဲ့တော့။ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ မင်းပါဝင်ပတ်သက်ရင် ပန်းတစ်သောင်း ဂိုဏ်းကို ထိခိုက်စေလိမ့်မယ်!"
ယွင်ရှီးသည် သူမ၏ ဝိဉာဉ်စွမ်းအားများ မြင့်တက်လာပြီး တုချင်ကို ကြည့်ရင်းစောဒကတက်သည်။
"ဒါပေမယ့် လုရီက ယွင်ရှီးကို အကြိမ်ကြိမ် ကယ်ခဲ့တာ"
ခေတ္တ တိတ်ဆိတ်သွားပြီးနောက် တုချင်က
"မင်း သူ့ကို နောက်မှ ပြန်ဆပ်လို့ ရတယ်!"ဟု တုံ့ပြန်လိုက်၏။
ယွင်ရှီး မျက်မှောင်ကြုတ်ပြီး ခဏတိတ်ဆိတ်ပြီးနောက် သူမကိုယ်ရှိ ဝိညာဉ်စွမ်းအားများလည်း ငြိမ်သက်သွားသည်။
ဒါကို မြင်တော့ တုချင်က စိတ်သက်သာရရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ယွင်ရှီး၏ စိတ်နေစိတ်ထားကို နားလည်သည်။ ယွင်ရှီးသာ ဆက် ခေါင်းမာနေလျှင် ကိစ္စတွေ ခက်ခဲသွားမှာကို တုချင် ကြောက်မိသည်။
ထိုအချိန်တွင် ယွင်ရှီး၏ ခန္ဓာကိုယ်အတွင်း ထူးခြားသော အရှိန်အဝါများ ထွက်ပေါ်လာသည်ကို တုချင် ရိပ်မိပြီး သူမ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားကာ
"ယွင်ရှီး.. မင်း..ဘာလုပ်နေတာလဲ?!"
ယွင်ရှီး၏ ပတ်ပတ်လည်တွင် အသက် စွမ်းအင်များနှင့် ပြည့်နေသော စိမ်းလန်းသည့် အလင်းလွှာတစ်ခု ဝန်းရံထားပြီး မွှေးပျံ့ လတ်ဆတ်သော ပန်းပွင့်များကြားတွင် သူမက မသေမျိုး ပန်းလေးလို ဝေ့ဝဲနေသည်။
ယွင်ရှီးက တုချင်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်ရင်း ဆိုသည်။
"လုရီက ယွင်ရှီးအသက်ကို အကြိမ်ကြိမ် ကယ်ခဲ့တယ်၊ ဒီနေ့က သူ့ကို ကျေးဇူး ပြန်ဆပ်ရမယ့် အချိန်ပဲ။ အကြီးအကဲက သဘောမတူရင် ယွင်ရှီးက သူ့အပေါ် ပြန်ဆပ်ဖို့ ပန်းတစ်ထောင် ဝိညာဉ်ခန္ဓာရဲ့ အနှစ်သာရကို ပေးအပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး။"
ဒါကို ကြားတာနှင့် တုချင် ချက်ချင်း ပျာယာခတ်သွားသည်။
"မင်းဘာတွေ ပြောနေတာလဲ?"
ယွင်ရှီး၏ပတ်ဝန်းကျင်ရှိ သဘာဝတရား၏ စွမ်းအားများ ကြီးထွားလာကာ ပို၍ကြောက်စရာကောင်းလာကာ မွှေးရနံ့များ ပျံ့လွင့်နေသော အရိပ်အမြွက်ဖြင့် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။
ယွင်ရှီးသည် တုချင်အား အေးအေးဆေးဆေး ကြည့်နေသည်။
ပတ်ဝန်းကျင်ရှိ တကိုယ်တော် ကျင့်ကြံသူများသည် အံ့ဩသွားပြီး အတော်လေး
မယုံကြည်နိုင် ဖြစ်နေကြသည်။
"ဒါ..ဒါက ပန်းတစ်သောင်းဂိုဏ်းရဲ့ ဝိညာဉ်ခန္ဓာပါလား... မသေမျိုးယွင်ရှီးက ပန်းတစ်သောင်းဂိုဏ်းရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အရည်အချင်း အရှိဆုံး ပါရမီရှင်ပဲ၊
ယွင်ရှီးက သူ့ရဲ့ ဝိညာဉ်ခန္ဓာရဲ့ အနှစ်သာရကို လုရီကို ပေးဖို့ ရည်ရွယ်ထားတာလား။ ဒီလိုလုပ်ခြင်းအားဖြင့် ယွင်ရှီး သေတော့မှာ မဟုတ်လား"
"မသေမျိုး ယွင်ရှီးဆီက ဒီလို စွန့်လွှတ်အနစ်နာခံမှုကို ရနိုင်ဖို့ လုရီမှာ ဘယ်လို အရည်အချင်းနဲ့ အမူအကျင့်တွေ ပိုင်ဆိုင်နေတာလဲ"
လုရီ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ယွင်ရှီး၏ ကမ်းလှမ်းမှုကို အံ့အားသင့်သွားရသည်။
အရင်တုန်းကတော့ ယွင်ရှီး၏ တွေးခေါ်ပုံက သမားရိုးကျမဟုတ်.. အများကြီး
မတွေးတောဘဲ ပြောသည်ဟု ထင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူမက သူ့အတွက် ဒီလိုမျိုး စွန့်လွှတ်အနစ်နာခံဖို့ ဆန္ဒရှိနေပြီလား။
ဝိညာဉ်ခန္ဓာ၏ အနှစ်သာရ ဆုံးရှုံးခြင်းသည် ယွင်ရှီး ၏ သွေးနှင့် အရိုးများအားလုံးကို စွန့်လွှတ်လိုက်ရခြင်း ဖြစ်သည်။ ၎င်းတို့ မရှိရင် သူမသေနိုင်ဖွယ်ရှိသည်။
ယွင်ရှီး၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ ပန်းတစ်သောင်းဂိုဏ်းမှ တပည့်အနည်းငယ်သည် အကြည့်ချင်းဖလှယ်ကာ တုချင်ထံ လှည့်ကာ အသီးသီး တောင်းပန်ကြသည်။
"အကြီးအကဲ...ကျေးဇူးပြုပြီး ၊ လုရီကိုကူညီပါရှင်!"
"လုရီက ကျွန်မတို့ကို အရှေ့တောအုပ် အပျက်အစီးမှာ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ပြီးပြီ၊ ကျွန်မတို့က သူ့ကို
မကူညီရင် စိတ်ထဲမှာ စိတ်မသက်မသာနဲ့
တာဝန်မကျေသလို ဖြစ်ရပါတယ်!အဲ့ဒီ ခံစားချက်က ကျွန်မတို့ရဲ့ ကျင့်ကြံမှု တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်၊ "
သူမ တပည့်တွေတောင် ဒီလိုတုံ့ပြန်တာကို မြင်တော့ တုချင်၏ အမူအရာက ဆက်တိုက် ပြောင်းလဲသွားသည်။
စင်စင်ပင် သူမအတွက် အရေးကြီးဆုံးလူမှာ ယွင်ရှီး ဖြစ်သည်။
ယွင်ရှီး၏ တစ်ဝိုက်ရှိ သိပ်သည်းလာသော အစိမ်းရောင်အလင်းလွှာကို ကြည့်ရင်း
တုချင် မချင့်မရဲ အော်ဟစ်လိုက်သည်။
"လုံလောက်ပြီ၊ ငါ သူ့ကို ကူညီမယ်!"
ထိုစကားကြောင့် ယွင်ရှီး၏ ပတ်ဝန်းကျင်ရှိ အစိမ်းရောင် အလင်းလွှာများ တဖြည်းဖြည်း လျော့ပါးသွားသည်။
မည်သို့ပင်ဆိုစေကာမူ ယွင်ရှီး၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသေးပြီး အူတိုင် အနှစ်သာရ ထိခိုက်သွားသည်မှာ ထင်ရှားသည်။
ယွင်ရှီး၏ ဖြူဖတ်ဖြူရော် အခြေအနေကို မြင်လိုက်ရသည်နှင့် တုချင် သက်ပြင်းချကာ ရေရွတ်သည်။
"ယွင်ရှီး၊ မင်း ဘာလို့ ကိုယ့်ကိုယ်ကို
ဒီလောက် ဒုက္ခပေးရတာလဲ"