← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း၁၄၅-ယွင်ရှီးရဲ့ ကြင်နာမှုပြန်ဆပ်ခြင်း...

~ယွင်ရှီး၏ အရှိန်အဝါသည် အနည်းငယ် အားနည်းသွားသည်။လဋ္ဌ

"အဘွားက ယွင်ရှီးကို ပြောထားတယ်..ကြင်နာမှုကို ပြန်ဆပ်ရမယ်တဲ့..."

တုချင်က အသက်ပြင်းပြင်းရှူရင်း နှုတ်ခမ်းထက်ဝယ် ခါးသီးသည့် အပြုံး ရှိနေသည်။

"ဒါပေမယ့် ဒီကိစ္စက သိပ်ကို ကြီးကျယ်လွန်းတယ်..."

တုချင်သည် အတွေးလွန်ခြင်းကို ရပ်လိုက်ပြီး လုရီကို အကာအကွယ်ပြုကာ အကြီးအကဲချူးယွင် အနားတွင် ရပ်ကာ ရှေ့ကို တိုးလာသည်။

ဤမြင်ကွင်းကြောင့် မျဲ့ယွဲ့နှင့် ရှဲ့လော့တို့ မျက်နှာ ပျက်သွားကြသည်။

"တုချင်၊ ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ရန်သူဖြစ်ဖို့ ရည်ရွယ်ထားတာလား"

"ပန်းတစ်သောင်း ဂိုဏ်းက ဒီတိုက်ပွဲမှာ ပါဝင်ချင်တာလား ၊သေချာစဉ်းစားစမ်း။"

တုချင်သည် နောက်ထပ် အသက်ပြင်းပြင်းရှူလိုက်ပြီး နှစ်ယောက်ကို အေးစက်စွာ

တစ်ချက်ကြည့်လိုက်ကာ ငေါက်ငမ်းသည်။

"အဓိပ္ပာယ်မရှိ ပြောတာတွေ ရပ်တော့၊ ဒီနေ့ ၊လုရီကို ပန်းတစ်သောင်း ဂိုဏ်းက

ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ်!"

"တုချင်..မင်း..."

မျဲ့ယွဲ့ နှင့် ရှဲ့လော့တို့သည်

တုချင်၏ ဆုံးဖြတ်ချက်ကိုမြင်ပြီး မျက်နှာများ မည်းပုပ်သွားသည်။

တိမ်ဖြူဂိုဏ်း တစ်ခုတည်းသာ ဖြစ်ပါက ဂိုဏ်းနှစ်ဂိုဏ်း ပေါင်းစည်းရန် အခွင့်အလမ်း ရှိနိုင်သော်လည်း ပန်းတစ်သောင်းဂိုဏ်း ပါဝင်လာသဖြင့် ယခုအခါ

စိုးမိုးရန် ခက်ခဲသည်။

တစ်ချိန်တည်းမှာပင် အေးခဲ ဆောင်းရာသီ တောင်ကြား၏ ဧရာမ ရေခဲတောင်ကြီးပေါ်တွင် ရှိနေသော ဟန်ယွီသည် သူ့ဘေးမှ

တုန်ယွီကို အကဲခတ်လိုက်သည်။

ဟန်ယွီ၏ အကြည့်ကို သတိပြုမိလိုက်ရာ တုန်ယွီ၏ အမူအရာ တင်းမာသွားကာ သူ့မျက်နှာပေါ်တွင် အားအင် ကုန်ခမ်းသည့် အကြည့်နှင့် မေးလိုက်သည်။

"ဟန်ယွီ၊ မင်းလည်း လုရီကိုလည်း ကူညီဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား၊ သူ့ကို ကူညီတာက ငါတို့ရဲ့ အေးခဲ ဆောင်းရာသီ တောင်ကြားကို ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ဘူး"

ဟန်ယွီသည် တုန်ယွီကို တည်ငြိမ်သော အကြည့်တစ်ချက် ပေးကာ

"အကြီးအကဲတုန်ယွီ..ကျွန်တော့်ကို ယွင်ရှီးလို ရေခဲဝိညာဉ် ခန္ဓာရဲ့ အနှစ်သာရကို မသုံးစေချင်ဘူးမလား" ဟု မေးလိုက်သည်။

တုန်ယွီ: "???"

အေးခဲ ဆောင်းရာသီ တောင်ကြားမှ တပည့်များသည်လည်း စကားစပြောကြသည်။

"လုရီကို ကူညီဖို့ အကြီးအကဲ တုန်ယွီကို ​မေတ္တာ ရပ်​ခံပါတယ်​"

"လုရီက ဖြောင့်မတ်ပြီး ကျွန်တော်တို့ကို ဆင်းရဲဒုက္ခတွေကနေ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့တယ်၊ ဒီကြင်နာမှုကို ပြန်မဆပ်ဘဲနဲ့ ကျွန်တော်တို့ စိတ်မဖြောင့်ပါဘူး။အဲ့လိုမှသာ ကျွန်တော်တို့ရဲ့ တာအို နှလုံးသားတွေကို အေးချမ်းစေမှာပါ!"

တုန်ယွီနှင့် သူ့ပတ်ဝန်းကျင်ရှိ အကြီးအကဲများ အားလုံးသည် လုရီကို တွေတွေကြီးကြည့်ကာ အမူအရာ တင်းမာသွားကြသည်။

အကြီးအကဲ တစ်ဦးက ဒေါသတကြီးပြောသည်။

"ဒီကောင်က ဘယ်လိုနတ်ဆိုးမျိုးလဲ၊ ငါ့တပည့်တွေကို ဘာဆေးတွေ ကျွေးလိုက်တာလဲ"

ဟန်ယွီက

"ကျွန်တော်က ကြင်နာမှုကို ပြန်ဆပ်ချင်တာပါပဲ"ဟု ပြန်လည် ‌ဖြေရှင်းသည်။

ဟန်ယွီ၏ မယိမ်းယိုင်သော သန္နိဋ္ဌာန်ကို ကြည့်ပြီး တုန်ယွီ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"အင်း ဒါဆိုလည်း..."

ရုတ်ချည်းပင် တုန်ယွီသည် မူလ နေရာကနေ ပျောက်ကွယ်သွားပြီး အကြီးအကဲချူးယွင်နှင့် အကြီးအကဲ တုချင် ဘေးမှာ ပေါ်လာသည်။

တုန်ယွီရောက်လာတာကို မြင်တော့ အကြီးအကဲချူးယွင် အံ့အားသင့်သွားပြီး သူမ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်တို့ ဖြတ်သန်းသွားသည်။

သူမ ဂိုဏ်း၏ မသေမျိုး မျိုးစေ့သည် ဂိုဏ်း နှစ်ဂိုဏ်းက သူ့အား ကူညီလိုလာအောင် အဘယ်မျှ သိမ်းသွင်းနိုင်စွမ်း ရှိနေသနည်း။

တုန်ယွီ နှင့် တုချင် အကြည့်ချင်း ဖလှယ်ကာ တစ်ယောက်နှင့် တစ်ယောက် မျက်လုံးထဲတွင် ကူကယ်ရာမဲ့မှုကို တွေ့လိုက်ရသည်။

မျဲ့ယွဲ့နှင့် ရှဲ့လော့၏ မျက်နှာပေါ်ရှိ အမူအရာများ ရုပ်ဆိုးသွားခဲ့သည်။

တုန်ယွီသည် လုရီရှေ့တွင် အုပ်မိုး၍ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ဂိုဏ်းနှစ်ခု၏ စွမ်းအားရှင်များ အားလုံး တုန်လှုပ်သွားကာ လေးလေးနက်နက် မျက်မှောင်ကြုတ်သွားကြသည်။

မျဲ့ယွဲ့က တုန်ယွီကို ဘုကြည့် ကြည့်ကာ မေးသည်။

"တုန်ယွီ၊ မင်းလည်း ပတ်သက်နေတာလား။"

တုန်ယွီက ကူကယ်ရာမဲ့ ပြုံးပြရင်း

"မတတ်နိုင်ဘူး၊ လုရီက ငါတို့ရဲ့ အေးခဲဆောင်းရာသီ တောင်ကြားရဲ့ မွေးရာပါ ရေခဲဝိညာဉ် ခန္ဓာရှင်ကို ကယ်တင်ခဲ့တာ

ပဲ၊ဒီကြင်နာမှုက သေးသေးလေး မဟုတ်ဘူး၊ ပြန်ဆပ်ရမယ်"

ဒါကို ကြားတော့ မျဲ့ယွဲ့နှင့်ရှဲ့လော့ အမူအရာတွေ ချက်ချင်း မည်းမှောင်သွားခဲ့သည်။

ထိုအခါမှာပဲ တိမ်ဖြူဂိုဏ်းမှ အကြီးအကဲချူးယွင်၏ မျက်နှာသည် အေးစက်သော လှောင်ပြောင်ရိပ်တို့ တောက်ပလာကာ

စိန်ခေါ်သည်။

"မျဲ့ယွဲ့၊ ရှဲ့လော့ ၊အခု ဘယ်လိုလုပ်မလဲ၊ နင်တို့ ဒီနေ့ ငါ့ရဲ့ တိမ်ဖြူဂိုဏ်းကို ဆန့်ကျင်ဖို့ ဆန္ဒ ရှိသေးလား"

သူတို့ရှေ့မှ လူသုံးယောက်ကို အကဲခတ်လိုက်ရင်း မျဲ့ယွဲ့ နှင့် ရှဲ့လော့၏ မျက်လုံးများသည် မသေချာမရေရာစွာ လှုပ်ရှားသွားသည်။ အခြေအနေက မဟန်တော့ပေ။

ထို့နောက် ရှဲ့လော့သည် သူ၏ လူသတ်ရန် ရည်ရွယ်ချက်ဖြင့် လုရီကို အေးစက်စွာ ကြည့်လိုက်ပြီး

"ကောင်စုတ်လေး! ငါတို့ ဒီနေ့ မင်းကို

မသတ်ဘဲ လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့်

မကြာခင်မှာပဲ မင်းရဲ့ လုပ်ရပ်အတွက် နောင်တ ရစေရမယ်!"

လုရီက ရှဲ့လော့ကို ပေါ့ပေါ့ပါးပါး ပြုံးပြပြီး လုံး၀ စိုးရိမ်မှု မရှိ ဖြစ်နေသည်။

မျဲ့ယွဲ့နှင့် ရှဲ့လော့တို့သည် ဒေါသတကြီးဖြင့် တညီတညွတ်တည်း ဟစ်အော်ကြသည်။

"သွားစို့"

သူတို့နှစ်ဦးသည် အကြီးအကဲတစ်စုနှင့်အတူ ကြမ်းတမ်းသော အမူအရာများဖြင့် ထွက်ခွာသွားကြသည်။

အနက်ရောင် ကျောက်စိမ်းမြွေနှင့် သွေးဝိညာဉ်ဂိုဏ်း ရှေးဟောင်းသင်္ဘော ထွက်ခွာသွားသည်ကို မြင်ရသောအခါမှ အကြီးအကဲ ချူးယွင်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

သူမက တုန်ယွီနှင့် တုချင်အား ရွှင်မြူးသော အမူအရာဖြင့် ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုသည်။

"ရှင်တို့ရဲ့အကူအညီအတွက် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်"

တုန်ယွီ က အားကိုးရာမဲ့ ပြုံးပြလိုက်သည်။

"ချူးယွင် မင်းက ယဉ်ကျေးလွန်းနေပြီ"

တုန်ယွီ ဘေးမှ တုချင်ကမူ လုရီကို

မကြည်မလင် စိုက်ကြည့်ကာ

"ကျေးဇူးတင်စရာ မလိုဘူး ၊ လုရီကိုသာ ကျေးဇူးတင်ရမှာ"

လုရီသည် တုချင်၏ မကြည်မလင်ဖြစ်မှုကို အမှုမထားဘဲ ပြုံးရင်း နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးအား လက်သီးများဆုပ်၍ အရိုအသေ ပေးကာ "ကြားဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲတို့။"

"ဟမ့်! ကောင်လေး၊ သတိထားနေ၊ ဒီလိုအန္တရာယ်မျိုး ထပ်တွေ့ရင် ငါ မင်းကို

မကယ်ဘူး!" ဟု တုချင်က မကျေမနပ် မာန်မဲသည်။

လုရီ က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး

"သတိပေးလို့ ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ၊ နောက်တစ်ကြိမ် ကျွန်တော် သေချာပေါက် သတိထားပါ့မယ်"

အကြီးအကဲ ချူးယွင်က

“ကောင်းပြီ၊ အခု ဒီမှာ ပြေလည်သွားပြီ၊ ပြန်ကြရအောင်။”

တုန်ယွီက လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြီး ထုတ်ဖော်သည်။

"အရှေ့တောအုပ်အပျက်အစီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က တကယ့်ကို

မထင်မှတ်စရာပဲ၊ဒီပြသနာက အရမ်းကြီးကျယ်တယ်၊ ကျုပ်တို့ ပြန်သွားရင် အဲဒါကို သေသေချာချာ ဆွေးနွေးရမယ်"

ဒါကို ကြားတော့ တုချင်လည်း ခေါင်းညိတ်ကာ ထောက်ခံသည်။

နှုတ်ဆက်ကြပြီးနောက် တုန်ယွီနှင့် တုချင်သည် သူတို့၏ ပျံသန်းရေးယာဉ်ပျံတွေဆီ ပြန်သွားကြသည်။

ထို့နောက် အကြီးအကဲချူးယွင်က လုရီနှင့် အခြားသူတွေကို "သွားကြရအောင်" ဟု ဆော်ဩလိုက်သည်။

လုရီက ခေါင်းညိတ်ပြပြီး တစ်ခုခုကို သတိရဟန်ဖြင့် ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲ ဆောင်းရာသီ တောင်ကြား၏ ပါရမီရှင်များကို ပြုံးပြကာ

"တာအိုရောင်းရင်း ယွင်ရှီး.. တာအိုရောင်းရင်း ဟန်ယွီနဲ့ ဂိုဏ်းနှစ်ခုက တာအိုရောင်းရင်းအားလုံး၊ မင်းတို့ရဲ့အကူအညီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ မင်းတို့ အချိန်ရရင် တိမ်ဖြူဂိုဏ်းကို လာလည်ပါ၊ ငါတို့ ဝိုင်တစ်အိုးသောက်ပြီး တာအိုအကြောင်း ဆွေးနွေးကြမယ်...!"

လုရီသည် ယွင်ရှီးနှင့် ဟန်ယွီ၏ များပြားလှသော လက်တွေ့ လေ့ကျင့်မှု ဆုကြေးများကို မေ့လျော့မသွားဘဲ ဖိတ်ခေါ်မှုကို ကမ်းလှမ်းလိုက်ရသည်။

"ဟုတ်ပြီ၊အချိန်ရရင် ငါ နင့်ဆီကို သေချာပေါက် လာလည်မယ်" ဟု ယွင်ရှီးက ငြီးငွေ့သော အသံဖြင့် ပြောသည်။

"ကောင်းပြီ!" ဟန်ယွီ၏ တုန့်ပြန်မှုကတော့ ဤမျှသာ။

ထို့နောက် လုရီသည် အကြီးအကဲချူးယွင် ၊ စီနီယာအစ်မ လျိုနင်ရွှမ်းနှင့် တိမ်ဖြူဂိုဏ်း၏ တပည့်အုပ်စု တစ်စု ခြံရံကာ

နင်ကောင်း ရှေးဟောင်းသင်္ဘောဆီသို့ ပြန်သွားခဲ့သည်။

အကြီးအကဲချူးယွင်သည် ခရီး စတင်ရန် အမိန့်ပေးခဲ့ပြီး အားလုံး ထွက်ခွာကြ တော့သည်။

ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များကြား ထွက်ခွာကြပြီးနောက် တကိုယ်တော် ကျင့်ကြံသူများသာ ကျန်ရှိတော့ပြီး ယခင် အဖြစ်အပျက်များကို

တအံ့တသြ ဆွေးနွေးနေကြဆဲ ဖြစ်သည်။

ပန်းတစ်ထောင်ဂိုဏ်းနှင့် အေးခဲဆောင်းရာသီ တောင်ကြားမှ အမွေဆက်ခံသူများသည် လုရီ အတွက် ထိုသို့သောစွန့်လွှတ်ရန် ဆန္ဒရှိနေမည်ဟု မည်သူမျှ

မမျှော်လင့်ထားခဲ့ကြပေ။

"လုရီက ဘယ်လို ဆွဲဆောင်မှုမျိုး ရှိနေလဲ"

လူတော်တော်များများက သိချင်နေကြသည်။

ထိုအခါ အရှေ့ တောအုပ် အပျက်အစီးများအတွင်းမှ လုရီအကူအညီဖြင့် လွတ်မြောက်ခဲ့သော တကိုယ်တော် ကျင့်ကြံသူ အနည်းငယ်က အထဲမှ အဖြစ်အပျက်များကို ပြန်ပြောင်း ပြောပြသောအခါမှသာ

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"အလို..တကယ်ပဲ သေမျိုး မျိုးစေ့ဖြစ်ထိုက်တယ်၊အမြီးကိုးချောင်းမြေခွေးမိစ္ဆာရဲ့ ဆက်ခံသူ လိုက်ဖမ်းတာကနေ ထွက်ပြေးလာနိုင်တယ်၊ ဟုတ်လား.. သူ့အစွမ်းက လက်ဖျားခါလောက်ပါရဲ့.."

"သားရဲလှိုင်းလုံးကို တစ်ချက်တည်းဖြတ်ပြီး ရွှေအူတိုင်အဆင့် မှော်သားရဲတွေကို ကြက်သတ်သလိုမျိုး သတ်လိုက်တာလား။ မိုးနတ်မင်းရေ..ဒါ တကယ်ပဲ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ကျင့်ကြံသူမှ ဟုတ်ပါရဲ့လား။"

တကိုယ်တော် ကျင့်ကြံသူတစ်ယောက်က

"အလို..တကယ့်ကို ငါ မယုံနိုင်ဘူး။ လုရီက အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို ချိုးဖျက်ခဲ့တာ တစ်နှစ်ပဲ ရှိသေးတယ် လေ!"

ဟု ရူးသွပ်စွာ အော်ဟစ်သည်။

"အရေးကြီးတာက လုရီဟာ ဖြောင့်မတ်တည်ကြည်တဲ့ ‌ယောက်ျား တစ်ယောက်ပဲ.. အများအတွက် အမြီးကိုးချောင်း မြေခွေး ဧကရာဇ်ရဲ့ သားမြေးရဲ့ အာရုံစိုက်မှုကနေ သူ့ကိုယ်သူ ငါးစာအဖြစ် လိုလိုလားလားဆွဲထုတ်ပေးခဲ့တယ်!"ဟု နောက်တစ်ယောက်က မှတ်ချက်ပြု၏။

တစ်ယောက်က ထောက်ခံ၏။

"မှန်တယ်ဗျာ၊ လုရီလို ယောက်ျား

တစ်ယောက်ကို ကျွန်တော် အရမ်း လေးစားတယ်။ အေးခဲဆောင်းရာသီ တောင်ကြားနဲ့ ပန်းတစ်သောင်းဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်တွေ သူ့ရှေ့မှာ ဦးညွှတ်သွားတာ အံ့သြစရာတော့ မရှိပါဘူး။"

တစ်ယောက်ကလည်း...တအံ့တဩ အော်ဟစ်သည်။

"ဒါပေမယ့်... အမြီး ကိုးချောင်း မြေခွေး မိစ္ဆာဧကရာဇ်က အရမ်း ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ခိုးရှိတဲ့ ဒဏ္ဍာရီဆန်လာ အမြင့်မြတ်ဆုံးသော မိစ္ဆာ ဧကရာဇ်ပဲ၊ သူက၊ ဒုက္ခဆင်းရဲကို ဖြတ်ကျော်ပြီး မသေမျိုးဘုံကို ရောက်နေပြီ.. မိစ္ဆာ ဧကရာဇ်ဟာ အရှေ့တောအုပ်အပျက်အစီးမှာ ဆုံးပါးသွားခဲ့တာလား..တကယ့်ကို မထင်မှတ်ထားဘူး"

သူတို့သည် စိတ်ပျက်လက်ပျက် မြည်တမ်းကြသည်။

"အခု..အမြီး ကိုးချောင်း မြေခွေး မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ် ပြန်ပေါ်လာတာနဲ့အမျှ မြောက်ပိုင်းနယ်မြေဟာ ပရမ်းပတာဖြစ်တော့မယ်။"

.......

နင်ကောင်း ရှေးဟောင်းသင်္ဘောပေါ်ရှိ အကြီးအကဲချူးယွင်သည် သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းက အလွယ်တကူ အလျှော့မပေးဘဲ လမ်းကြောင်းပေါ်တွင် ခြုံခို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် အချို့သော လမ်းကြောင်းများကို ရှောင်တိမ်း၍ သွားရန် ညွှန်ကြားခဲ့သည်။

လုရီသည် စီနီယာအစ်မ လျိုနင်ရွှမ်းကဘေးမှ အဖော်ပြုကာ သူ့အခန်းသို့ ပြန်လာခဲ့သည်။

လျှိုနင်ရွှမ်းသည် လုရီအား အေးစက်သည့်မျက်လုံးများတွင် အံ့အားသင့်သော အရိပ်ကလေး စွက်၍ ကြည့်လာသည်။

"ဂျူနီယာ မောင်လေး၊ မမျှော်လင့်ထားဘူး..မင်းက အရမ်း ဆွဲဆောင်မှုရှိတာပဲ။ ပန်းတစ်သောင်းရဲ့ မသေမျိုး နဲ့ အေးခဲ ဆောင်းရာသီတောင်ကြားရဲ့ ပါရမီရှင်က မင်းအတွက် ဒီလို စွန့်လွှတ်ဖို့ ဆန္ဒရှိနေတယ်လို့ ငါ မထင်ထားဘူး။"

ထိုအခါ လုရီက နှုတ်ခမ်းကို အနည်းငယ်

ကွေးညွှတ်ပြီး

"စီနီယာအစ်မက ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ၊ ဒါက..ကျွန်တော်က သူတို့ကို

အရင်က လက်တစ်ဖက် ငှားထားတယ်၊ အခု သူတို့က ကျွန်တော့်ကို သူငယ်ချင်းလို့ သတ်မှတ်ထားကြလို့ပါ" ဟု ပြန်ဖြေသည်။

လျှိုနင်ရွှမ်းက ခပ်ဖွဖွ ပြုံးကာ ထို အကြောင်းအရာကို ဆက်မပြောတော့ဘဲ

"အရှေ့ တောအုပ် အပျက်အစီးကြောင့် နင် ပင်ပန်းနေပြီ ၊ကောင်းကောင်း နားပါ.. ဒီအစ်မက နင့်ကို မနှောင့်ယှက်တော့ဘူး"

လုရီက အသာအယာ ခေါင်းညိတ်လိုက်သည်။

လျှိုနင်ရွှမ်းသည် ညင်သာစွာ လှည့်ထွက်သွားသည်။

သူမ ထွက်သွားရာ တံခါးကို ပိတ်လိုက်ပြီးနောက် လုရီသည် သူ့မျက်လုံးများမှ အပျော် မီးတောက်များနှင့်အတူ အိပ်ရာပေါ်သို့ ဝုန်းဒိုင်း တက်လိုက်သည်။

စိတ်လှုပ်ရှားစွာ သူ့လက်များ ပွတ်သပ်ကာ သူ့မျက်နှာမှာ မျှော်လင့်ချက်အပြည့်နှင့်။

နောက်ဆုံးတော့ အရှေ့တောအုပ် အပျက်အစီးထဲကနေ ထွက်ခွာသွားတော့ ဆုကြေးတွေ ရိတ်သိမ်းချိန်ရောက်ပါပြီ။

သူ၏ အလုပ် မျက်နှာပြင်ကို အူမြူးစွာ ကြည့်လိုက်တော့သည်။

အခန်း ၁၄၆- မသေမျိုး သွေး...

~ [အလုပ်]

အရှေ့တောအုပ်အပျက်အစီးသို့ ဝင်ရောက်လာသော သွေးဝိညာဉ်ဂိုဏ်းမှ တပည့်များကို သုတ်သင်ရှင်းလင်းပါ။ (ပြီးမြောက်သည်)

ကောင်းကင်မြွေဂိုဏ်း တပည့်များကို သုတ်သင်ရှင်းလင်းပါ။ (ပြီးမြောက်သည်)

ကျင့်ကြံသူများအား ကယ်တင်၍ အရှေ့ တောအုပ်အပျက်အစီးမှ ထွက်ခွာပါ။

(ပြီးမြောက်သည်)

အရှေ့တောအုပ်အပျက်အစီးမှ ထွက်ခွာပါ။ (ပြီးမြောက်သည်)

ရွှေအူတိုင် မိစ္ဆာ သုံးကောင်ကို သတ်ပါ။

(ပြီးမြောက်သည်)

ချင်းချုံးဟွာ၏ လိုက်ဖမ်းမှုမှ လွတ်မြောက်ခြင်း။ (ပြီးမြောက်သည်)

စုစုပေါင်း အလုပ် ခြောက်ခု။

ချင်းချုံးဟွာ သူ့ကို လိုက်ဖမ်းတုန်းက

နောက်ဆုံးအလုပ်ကို ချမှတ်ခဲ့ခြင်းပါ။

ချင်းချုံးဟွာ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့်၊ ဤအလုပ်အတွက် ဆုလာဘ်သည် အလွန်ရက်ရောသည်။

[အလုပ်] ချင်းချုံးဟွာ၏ လိုက်ဖမ်းမှုမှ လွတ်မြောက်ခြင်း (ပြီးမြောက်သည်)

ဆုကြေး- အဆောင်လက်ဖွဲ့ "ယန်သုံးမျိုး အစစ်အမှန်မီး အဆောင်"

ဆု‌ကြေးကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

ဆုကြေးသည် ထုတ်ယူနိုင်ပြီ ဖြစ်ရာ

သူသည် ယန်သုံးမျိုး အစစ်အမှန်မီး အဆောင်၏ အချက်အလက်ကို ယခုအခါ ကြည့်ရှုနိုင်ပါပြီ။

ဤအဆောင်ကို ဖောက်ခွဲလိုက်လျှင် ကြောက်မက်ဖွယ်ကောင်းသော ယန်သုံးမျိုး အစစ်အမှန်မီးကို ထုတ်လွှတ်နိုင်သည်။

ယန်သုံးမျိုး အစစ်အမှန်မီးက နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူများကိုပင် ပြာချပေးနိုင်သည့်

အစွမ်းထက် မီးတောက်ကို လွှတ်ပေးမည်ဖြစ်သည်။ ခဏတာ သတိမထားမိပါက ယန်သုံးမျိုး အစစ်အမှန်မီးသည် ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူပင် အသက်ဆုံးရှုံးနိုင်မည် ဖြစ်သည်။

ဤအဆောင်ကို လက်ထဲတွင် ကိုင်ထားခြင်းက သူ့တွင် နောက်ထပ်အစွမ်းထက်လက်နက်တစ်ခု ရှိနေသကဲ့သို့ ဖြစ်ပြီး ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူများနှင့်ရင်ဆိုင်ရသည့်အခါတွင်ပင် လုရီသည်စွမ်းအားမဲ့ ဖြစ်နေမည် မဟုတ်ပါ။

လုရီသည် ဆုကြေးကို ဝမ်းမြောက်စွာ တောင်းယူပြီး အဆောင်လက်ဖွဲ့ကို ဂရုတစိုက် သိမ်းဆည်းခဲ့သည်။

အဆောင်လက်ဖွဲ့များသည် အမှန်တကယ် အသုံးဝင်ကြောင်း သူ တွေ့ထားသည်။ အကယ်၍ သူ့ဆရာက အရှေ့သစ်တောအပျက်အစီးများတွင် ယခုတစ်ကြိမ်တွင် မိုင်တစ်ထောင် အဆောင်ကို မပေးခဲ့ပါက၊ အခြေအနေမှာ ပို၍ပင် ရှုပ်ထွေးလာနိုင်ပြီး ပြေးပေါက် ပိတ်လိမ့်မည်။

ယခု၊ ဤယန်သုံးမျိုး အစစ်အမှန်မီး အဆောင်သည် သူ့လက်ထဲတွင် မော်ဒန်ခေတ်က နျူကလီးယားဗုံး တစ်လုံး ကိုင်ထားသည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည်။

အကယ်၍ သူသာလျှင် သိုင်းပညာကို ပိုမိုနက်ရှိုင်းသော အဆင့်အထိ ကျင့်ကြံနိုင်ပြီး ထိုကဲ့သို့ အစွမ်းထက်သော အဆောင်လက်ဖွဲ့များကို ကိုယ်တိုင် ဖန်တီးနိုင်လျှင် ဘယ်လောက် နိပ်လိုက်မလဲ။

တစ်ချိန်တည်းမှာပင် လုရီသည် အရှေ့ တောအုပ်အပျက်အစီး၏ ထွက်ပြေးရာ လွတ်မြောက် နယ်မြေနေရာရှိ ကျောက်စာတိုင်များပေါ်တွင်မြင်ခဲ့ရသည့် ခင်းကျင်းမှု ပုံစံများကို ပြန်အမှတ်ရကာ ၎င်းတို့သည် အဘယ်အရာဖြစ်သည်ကို သိချင်သွားသည်။

ကံမကောင်းစွာဖြင့်၊ သူသည် အခြေခံ အခင်းအကျင်း အကြောင်း များစွာသင်ယူခဲ့သော်လည်း၊ သူသည် အဆင့်မြင့်ပုံစံများကို မရရှိခဲ့ပါ။

ဂိုဏ်းသို့ ပြန်ရောက်သောအခါ သူလေ့လာနိုင်သည့် အစွမ်းထက်သော အခင်းအကျင်းကျမ်းများ ရှိမရှိကြည့်ရန် သိုင်းကျမ်းဆောင်တွင် ကြည့်ရှုရပါမည်။

ဂိုဏ်းတွင်းရှိ လုရီ၏ လက်ရှိအခြေအနေအရ အခင်းအကျင်း ကျမ်းအချို့ကို လေ့လာခြင်းသည် ပြဿနာ မရှိပါ။

လုရီသည် ထိုသို့ တေးမှတ်ထားပြီး ဂိုဏ်းသို့ ပြန်သွားပြီးနောက် ၎င်းကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။

ဆုကြေးများကို ဆက်လက် စူးစမ်းလိုက်တော့သည်။

[အလုပ်] အရှေ့တောအုပ်အပျက်အစီးထဲသို့ ဝင်ရောက်လာသော သွေးဝိညာဉ်ဂိုဏ်းမှ တပည့်များကို သုတ်သင်ရှင်းလင်းပါ ။

(ပြီးမြောက်သည်)

ဆုကြေး- လျှို့ဝှက်နည်းပညာ 'သွေးလောင်ကျွမ်းခြင်းပညာ'နှင့် နှစ်တစ်ထောင်သက်တမ်း သွေး ဂျင်ဆင်းမြစ် သုံးခု။

ဆု‌ကြေးကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

"သွေးလောင်ကျွမ်းခြင်းပညာ" သည် မိမိ၏ စွမ်းအားအား အကန့်အသတ် မရှိတိုးရန် မိမိ၏ သွေးအနှစ်သာရကို လောင်ကျွမ်းစေသည့် ကိုယ့်ကိုယ်ကို တန်ပြန် ထိခိုက်စေသော လျှို့ဝှက် ပညာတစ်ခု ဖြစ်သည်။

သင်သည် သင်၏ သွေးအနှစ်သာရအား များများ လောင်ကျွမ်းလေလေ၊ သင့်စွမ်းအားက တိုးပွားလာလေလေ ဖြစ်သည်။

စွမ်းအားက ဆတိုးနှင့် ဖြစ်သည်။ ကန့်သတ်ချက် မရှိပေ။

လျှို့ဝှက် ပညာတစ်ခုအနေဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

သို့သော် သွေးအနှစ်သာရသည် ကျင့်ကြံသူများအတွက် အလွန်အဖိုးတန်ပါသည်။ သွေးအနှစ်သာရ ဆုံးရှုံးခြင်းသည် လူတစ်ဦး၏ အသက်ဓာတ်ကို အနည်းငယ် ထိခိုက်စေနိုင်သည်။ သို့မဟုတ် ပိုမို ပြင်းထန်လျှင် ကျင့်ကြံမှုအရှိန်ကို နှေးကွေးစေခြင်း၊ အရည်အချင်းများ အားနည်းသွား‌စေသည်။ သို့မဟုတ် ကျင့်ကြံမှု အခြေခံကိုပင် နောက်ပြန်ဆုတ်သွားစေနိုင်သည်။

လူတစ်ယောက်သည် သွေး အနှစ်သာရများ ကုန်ခမ်းသွားလျှင် သေခြင်းတရားက လက်တစ်ကမ်း အလိုမှာသာ ဖြစ်ချေ၏။

လုံးဝ မလိုအပ်ဘဲ၊ ဒီလိုလျှို့ဝှက်ပညာတွေကို မသုံးတာ ပိုကောင်းပါသည်။

လုရီ မနှစ်သက်သလို ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

သူသည် နည်းပညာကို လေ့ကျင့်နိုင်သော်လည်း..ဝှက်ဖဲ ထပ်ဆောင်းခြင်းသည် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်သော်ငြား.

သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုအခြေခံကို

မထိခိုက်စေဘဲ ဖြစ်ရပါမည်။

သို့သော် လုရီသည် မကြာမီ စိတ်လှုပ်ရှားလာသည်။

နောက်ထပ် ဆုကြေး ..,နှစ်တစ်ထောင်သက်တမ်းရှိ သွေးဂျင်ဆင်းသည် အလွန်အဖိုးတန်သော ကောင်းကင်နှင့် မြေကြီးရတနာ မဟုတ်ပါလော။

၎င်း၏ အကျိုးသက်ရောက်မှုသည် ဆုံးရှုံးသွားသော သွေးအနှစ်သာရကို ပြန်လည်ဖြည့်တင်းရန် အတိအကျ ဖြစ်ပြီး သွေးလောင်ကျွမ်းပညာကို လုပ်ဆောင်ရန် အနှစ်သာရသွေးကိုပင် အစားထိုးနိုင်သည်။

ဤအနှစ်တစ်ထောင်သက်တမ်းရှိ

ဂျင်ဆင်းမြစ် သုံးခုဖြင့် သူ့အတွက် သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်ပညာကို အကြိမ်အနည်းငယ် ထုတ်သုံးနိုင်မည်။

လုရီသည် သူ့ဆုကြေးများကို ပျော်ရွှင်စွာ အိတ်ထဲ ထည့်သိမ်းကာ အခြားအလုပ်ဆုကြေးများကို ဆက်လက်ကြည့်ရှုခဲ့သည်။

[အလုပ်]

အရှေ့ တောအုပ်အပျက်အစီးထဲသို့ ဝင်ရောက်လာသော ကောင်းကင်မြွေဂိုဏ်းတပည့်များကို သတ်ပါ။ (ပြီးမြောက်သည်)

ဆုကြေး- အစစ်အမှန် နဂါးသွေးတစ်စက်။

ဆုကြေးကို လက်ခံပါ-လက်ခံမည်လား/ငြင်းမည်လား။

လုရီသည် အနည်းငယ် အံ့အားသင့်သွားပြီး ဆုကြေးကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ ငေးကြည့်နေမိသည်။

အစစ်အမှန်နဂါးသွေး ...

အစစ်အမှန်နဂါးသွေး တဲ့လား။

အစစ်အမှန်နဂါးဆိုတာ ဘယ်လို တည်ရှိမှုလဲ။

အစစ်အမှန်နဂါးကြီးများ အရွယ် ရောက်သောအခါ မသေမျိုး တစ်ပါးနှင့် ညီမျှသည် မဟုတ်ပါလော။

ထိုသို့သော သတ္တဝါကြီးများသည် မယုံနိုင်လောက်အောင် အစွမ်းထက်သည်။

ဆိုလိုသည်မှာ ဤအရာသည် မသေမျိုး သွေးတစ်စက်ပင် ဖြစ်ချေသည်။

ဒီဆုကြေးကြီးက ..အလန်းစား။

လုရီ ဝမ်းသာသွားသည်။

ဤအစစ်အမှန်နဂါးသွေး တစ်စက်ဖြင့်

သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဆန်သော နှုန်းဖြင့် အသွင်ပြောင်းသွားမည် ဖြစ်ပြီး သူ၏ လက်ရှိ အခြေအနေထက် အဆပေါင်းများစွာ ပြောင်းလဲသွားမည် ဖြစ်သည်။

လုရီသည် ဆုကြေးကို ရယူခဲ့ပြီး ၎င်း၏ လက်စွပ်အတွင်းသို့ အစစ်အမှန်နဂါးသွေးအစစ်အမှန်နဂါးသွေးကို ဝင်ရောက်စေခဲ့ သည်။

သူ၏ ဝိညာဉ် အာရုံအား ၎င်းအပေါ်သို့ ဖြန့်ကျက်လိုက်တော့ ကလေး၏ လက်သီးဆုပ် အရွယ်ခန့် သွေးတစ်စက် ပါရှိသော သလင်းကျောက်ပုလင်းကို

တွေ့လိုက်ရသည်။

သွေးသည် ရွှေရောင် ဖြစ်ပြီး အတွင်းတွင် လှိုင်းထနေသော လှိုင်းလုံးများ ပါ၀င်နေပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအား ပိုင်ဆိုင်သည်။

သူ၏ ဝိညာဉ် အာရုံခဏလေး အာရုံခံရုံမျှဖြင့်ပင် လုရီ၏ တစ်ကိုယ်လုံးအား အေးစက်ပြီး တောင့်တင်းလာစေသည်။

အလွန် ကြောက်စရာ ကောင်းသော အရှိန်အဝါကြီးပဲ။

သာမာန်သွေးတစ်စက်ကလေးက

သူ့အား ကြက်သီးထလုနီးပါး ခံစားရနိုင်သည်။

ဤသည် အစစ်အမှန်နဂါး၏ စွမ်းအားဖြစ်ပါသလား။

သာမန်သွေးများပင်လျှင် ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပါရှိသည်။

တာအိုစွမ်းအားကို စုပ်ယူပြီးနောက် လုရီ၏ ဝိညာဉ်အာရုံသည် အလွန်စိတ်အားထက်သန်လာသည် ဖြစ်သည့်အလျောက် သူ၏ လက်ရှိ ကာယကြံ့ခိုင်မှုဖြင့်ပင် ဤနဂါးသွေးတစ်စက်ကို စုပ်ယူရန် ကြိုးစားခြင်းသည် အသက်အန္တရာယ် ရှိနိုင်ကြောင်း ခံစားနိုင်သည်။

လုရီသည် အသက်ဝဝ ရှိုက်လိုက်၍

အစစ်အမှန်နဂါးသွေးအား စုပ်ယူရန် အတွေးကို အတင်းအကျပ် ဖိနှိပ်ကာ သူ၏ ခွန်အားများ ပိုမိုတိုးတက်လာသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ကောင်းကင်မိုးကြိုး ကျောက်စိမ်းကိုယ်ထည် နည်းပညာကို ထူးကဲ အဆင့်အထိ ကျင့်ကြံပြီးသည်အထိ စောင့်ဖို့ လိုလိမ့်မည်။

လုရီသည် ပျော်ရွှင်သော နှလုံးသားဖြင့် ဆုကြေးများကို ဆက်လက် ငေးမောခဲ့သည်။

[အလုပ်]

အရှေ့ တောအုပ်အပျက်အစီးမှ ကျင့်ကြံသူများကို ကယ်တင်ပါ။

(ပြီးမြောက်သည်)

ဆုကြေး- အတိအကျ သတ်မှတ်နိုင်သော စွမ်းရည်အဆင့် ၂ခု တိုးပါသည်။

မိုးကြိုးဝိညာဉ် ဆေးလုံး တစ်ပုလင်း၊ မြေကြီးဝိညာဉ်အရည်တစ်ပုလင်းနှင့် လေစိတ်ဆန္ဒ နယ်ပယ် နှစ်ဆယ် ရာခိုင်နှုန်းကို တိုးမြှင့်ခြင်း။

ဆု‌ကြေးကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီသည် ဆုကြေးကို ရောထွေးသော

ခံစားချက်များဖြင့် ကြည့်လိုက်သည်။

ဟမ်... ဘယ်လိုပြောရမလဲ။

ဒီဆုကြေးက တကယ့်ကို ရက်ရောတယ်။

ပညာရပ်၏ စွမ်းရည်အဆင့်ကို မြှင့်တင်ခြင်းလား။

လက်တွေ့အကျဆုံး ဆုကြေးကြီးပါပဲ။

အဆင့်နှစ်ဆင့်ကို တစ်ကြိမ် တိုးမြှင့်ခြင်းနှင့် မည်သည့် စွမ်းရည် အဆင့်ကို မြှင့်တင်ရန် အတိအကျ သတ်မှတ်နိုင်သည်လား။

အခန်း ၁၄၇- မသေမျိုးသွေး...

~ လုရီသည် မသေမျိုးဓားသိုင်းကို တိုးတက်ရန်သာလိုပြီး သူသည် အဆင့် ခြောက် ကိုဖြတ်ကာ အဆင့် ရှစ်သို့ ရောက်ရှိသွားနိုင်သည်။ ၎င်းသည် သူ၏ ကျင့်ကြံမှုအရှိန်နှင့် မသေမျိုး ဓားချီကို သိသာထင်ရှားစွာ တိုးတက်စေမည် ဖြစ်သည်။

မိုးကြိုးဝိညာဉ် ဆေးလုံး နှင့် မြေကြီးဝိဉာဉ်အရည်တို့သည် အသုံးနည်းသော်လည်း ကောင်းကင်နှင့် မြေကြီးရတနာဖြစ်သည်။ ထိုမိုးကြိုးဝိညာဉ် ဆေးလုံး နှင့် မြေကြီး

ဝိဉာဉ်အရည်သည် အခြေခံအုတ်မြစ် တည်ထောင်ခြင်းအတွက် အသုံးမပြုသော်လည်း ၎င်းတို့သည် ကျင့်ကြံရန်အတွက် အလွန် အစွမ်းထက်သော ရတနာများ ဖြစ်သည်။

လေစိတ်ဆန္ဒ နယ်ပယ်၏ နှစ်ဆယ် ရာခိုင်နှုန်းကိုတော့ အထူးပြောစရာ မလိုတော့ချေ။ ဤဆုကြေးသည် သဘာဝအားဖြင့် အလွန် ရက်ရောသည်။

သို့သော် အစစ်အမှန်နဂါးသွေးကို မျက်ဝါးထင်ထင် မြင်ဖူးပြီးနောက် လုရီသည် ၎င်းက အနည်းငယ် ချို့တဲ့သွားသည်ဟု ခံစားလိုက်ရသည်။

ကျယ်ပြောလှသော ပင်လယ်ကြီးကို ရေစက် ရေပေါက်လေးနှင့် မယှဉ်နိုင်တော့ဘဲ သူ့ရင်တွင်းထဲတွင် သက်ပြင်းချလိုက်မိသည်။

တခြားဆုတွေကို မကြည့်ခင် ‌ဒီဆုတွေကို အရင် စုဆောင်းလိုက်သည်။

[အလုပ်]

အရှေ့ တောအုပ် အပျက်အစီးမှ ထွက်ခွာရန်။ (ပြီးမြောက်သည်။)

ဆုလာဘ်- ရွှေအူတိုင် အဆင့် 'ကျောက်စိမ်းဝိုင်'

ဆုကြေးကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

... ဒါက ဒီနေ့ ရတဲ့ အလုပ်ရဲ့ ဆုကြေးထဲက အဆိုးဆုံး ဖြစ်မလားဟေ။...

လုရီက ကြိတ်၍ မအီမသာ ညည်းညူပြီးနောက် ကျောက်စိမ်းဝိုင်၏ အသုံးဝင်ပုံကို စစ်ဆေးခဲ့သည်။

ထို့နောက် သူ့ မျက်လုံးများ ဝင်းပသွားသည်။

ကျောက်စိမ်းဝိုင်သည် ဝိညာဉ် စွမ်းအားကို မြှင့်တင်ပေးနိုင်သော ဝိညာဉ် ဝိုင် ဖြစ်နေလေသည်။

ဘယ်လောက် အဆင်သင့်လိုက်သလဲ။

သူ့မှာ ခုနစ်ရောင်ခြယ် အားဖြည့် ဝိညာဉ်ပန်း ပိုင်ဆိုင်ထားသည်ဆိုပေမယ့် ဒါက တစ်ပွင့်တည်းသာ ဖြစ်သည်။

တစ်ကြိမ်ပဲ သုံးစွဲနိုင်သည့်အတွက် အနာဂတ်အတွက် ရေရှည် မတည်မြဲပါ။

ဤကျောက်စိမ်းဝိုင်ဖြင့် သူ၏ဝိညာဉ် စွမ်းအားကို ဆက်လက် မြှင့်တင်နိုင်သည်။

ဒီနေ့ရဲ့ အဆိုးရွားဆုံး ဆုကြေးဖြစ်ခဲ့သော်လည်း လုရီသည် ကျေနပ်သော အပြုံးကို ပြသနေဆဲပါပဲ။

နောက်ဆုံးအလုပ်မှာ ရွှေအူတိုင် မိစ္ဆာ

သုံးကောင်ကို သတ်ပစ်ရန် ဖြစ်ပြီး ဆုကြေးမှာ သူ့တွင် တစ်ပွင့် ရှိထားသော ခုနစ်ရောင်ခြယ် အားဖြည့် ဝိညာဉ်ပန်း နောက်တစ်ပွင့် ဖြစ်သည်။

ဤသည်မှာ လုရီ ယနေ့ ကြုံတွေ့ခဲ့ရသော အဆိုးဆုံး ဆုများထဲမှ တစ်ခု ဖြစ်ပြန်ပါသည်။

အစွမ်းထက်သော သွေးလောင်ကျွမ်းခြင်း ပညာ၊ အစစ်အမှန်နဂါးသွေးနှင့် လေစိတ်ဆန္ဒ နှစ်ဆယ် ရာခိုင်နှုန်းတို့နှင့် နှိုင်းယှဉ်ပါက ၎င်းသည် သေချာပေါက် ချို့တဲ့သော်လည်း ဆိုးတော့ မဆိုးသေးပါ။

လုရီသည် ကျေနပ်သော သက်ပြင်းကို မှုတ်ချကာ ပျော်ရွှင်စွာ အိပ်ရာပေါ် ပစ်လှဲမချခင် ပေးလာသမျှ ဆုများကို အသေအချာ

စီမံခန့်ခွဲလိုက်သည်။

အရှေ့ တောအုပ် အပျက်အစီးနယ်မြေတွင် အနည်းငယ် ခက်ခဲခဲ့သည်ဖြစ်လေရာ သူ သည် နည်းနည်းလောက် အနားယူဦးမည်။

ထို့အပြင် ယခုက ဂိုဏ်းသို့ ပြန်မရောက်သေးပါ။

လုရီမှာ အနည်းငယ် စိတ်ပူသွားသည်။

သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းက သူတို့ကို လမ်းမှာ ချုံခိုတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ။

သို့သော် အကြီးအကဲချူးယွင်သည် အလွန်သတိထားနေခဲ့သည်။

နင်ကောင်း ရှေးဟောင်းသင်္ဘောအား ဘေးကင်းအောင် ကွေ့ဝိုက်သွားသည်။

ထို့ပြင် အကြီးအကဲချူးယွင်သည် ဂိုဏ်းအနီးသို့ ရောက်ရှိသောအခါ ဆက်သွယ်ရေး ကျောက်စိမ်းကို အသုံးပြု၍ သူမတို့အား တွေ့ဆုံရန် ဂိုဏ်းအတွင်းပိုင်းမှ သန်မာသော အဖွဲ့ဝင်များကို လာရောက် ကူညီရန်

တောင်းဆိုခဲ့သည်။

ရှေးဟောင်း သင်္ဘောပေါ်တွင် သူ့ဆရာသမား လင်းလောင် တောင်ထိပ် သခင်မ ပေါ်လာသည်ကို မြင်သောအခါ လုရီသည် လုံးလုံးလျားလျား စိတ်သက်သာရာ ရသွားသည်။

သူ့ဆရာသည် အလွန် ယုံကြည်စိတ်ချနိုင်ဖွယ် မရှိသော်လည်း အမျိုးမျိုးသော

ကောလဟာလများအရ သူမ၏ ခွန်အားသည် အမှန်တကယ်ပင် ပြင်းထန်လှသည်ဟူ၍ သတင်းကြီးသည်။

လုရီ ကိုယ်တိုင်တွင် စွမ်းအားကြီးမားသော ဝိညာဉ် အာရုံ ရှိသော်လည်း ယခုအခါတွင် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ၏ အစွမ်းသတ္တိကို ဖျော့တော့စွာ အာရုံခံစားသော်လည်း သူ့ဆရာနှင့် ရင်ဆိုင်ရသည့်အခါ နားမလည်နိုင်သော ချောက်ကြီးထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

တခါတရံ လုရီသည် သူ့ဆရာမှာ ဟင်းလင်းပြင် ဥမင် အဆင့်သို့ ရောက်ရှိနေ လေသလားဟု သံသယ ရှိမိသည်။

"တပည့်.. ဆရာ့ကို ဂါရဝ ပြုပါတယ်"

လုရီ နှင့် လျိုနင်ရွှမ်းတို့သည် လင်းလောင်တောင်ထိပ်သခင်မ အရှေ့သို့ လှမ်းတက်လာပြီး သူမအား လေးစားစွာ နှုတ်ဆက်ကြသည်။

လင်းလောင် တောင်ထိပ်သခင်မ၏ အနက်ရောင် ဆံပင်သည် အနည်းငယ် ကပိုကရို ဖြစ်နေဆဲ ဖြစ်သော်လည်း သူမသည် ဝါးအိမ်တွင် ရှိသကဲ့သို့ အိပ်ချင်ခြင်း မရှိ၊ စိတ်ဓာတ် တက်ကြွနေပုံ ရသည်။

လုရီကို သူမက မြင်သောအခါ ပြုံးပြီး သူ့ပခုံးကို ပုတ်ကာ ချီးမွမ်းသည်။

"မဆိုးပါဘူး၊ ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ မျိုးဆက်သစ်လူငယ်တွေကို မင်း သုတ်သင်လိုက်တယ်လို့ ငါကြားတယ်"

လုရီသည် မခံချိမခံသာဖြစ်သွားပြီး ပြန်လည် ဆင်ခြေပေးသည်။

"ဆရာ၊ ဒါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာပါ၊ သူတို့က ကျွန်တော့်ကို အရင်သတ်ချင်နေတာ!"

သူ့အကြောင်း ကောင်းကောင်း မသိသည့် သူတိုင်းက သူ့ဆရာ ပြောစကားကြောင့် ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားဟု ထင်မြင်သွားနိုင်သည်လေ။

"ဒါက ဘာကွာလို့လဲ..အတူတူပဲလေ"

"ဝါး..."

လင်းလောင်တောင်ထိပ်သခင်မက လျစ်လျူရှုဟန်ဖြင့် သမ်းဝေသည်။

လုရီ တစ်ယောက် အားကိုးရာမဲ့သွားသည်။

..ဒါက သူ့ဆရာပဲလေ။ သူ့ဆရာကို သိပ်အားကိုးလို့ မရတဲ့အတွက် ဘယ်သူ့ကို သွား အပြစ်တင်နိုင်မလဲ။..

ထိုအတောအတွင်း၊ အကြီးအကဲချူးယွင် သည် အမူအရာ တင်းမာနေသောပုံပေါ်သော ဂိုဏ်းချုပ် ဝူချင်းဖုန်း နှင့်အတူ အရှေ့တောအုပ် အပျက်အစီးများအကြောင်း ဆွေးနွေးနေပါသည်။

ဝူချင်းဖုန်း မေးရိုးများတင်းမာကာ သွားကြားထဲမှ ထွက်သော လေသံဖြင့် ရေရွတ်သည်။

"ဟမ့်၊ သွေးဝိညာဉ်ဂိုဏ်းနဲ့ ကောင်းကင်မြွေဂိုဏ်း၊ ဒီလူယုတ်မာတွေ အရမ်းလွန်သွားပြီ။ လုရီကို သတ်ဖို့ အမှန်တကယ် ကြံစည်ထားကြတာလား၊ ခွေးကောင်‌တွေ...

တိမ်ဖြူဂိုဏ်းရဲ့ လျှို့ဝှက်ချမ်းသာမှု အခွင့်အရေးကို ပိတ်ပင်ချင်နေကြတာ!"

ဝူချင်းဖုန်း၏ အမြင်တွင် လုရီ၏ စွမ်းရည်သည် အံ့သြစရာ ကောင်းလောက်အောင်

မသေမျိုးအဖြစ် အထက်ဘုံသို့ တက်လှမ်းနိုင်သည် ။

လုရီသည် မသေမျိုး ဖြစ်လာပါက

မိမိတို့၏ တိမ်ဖြူဂိုဏ်းသည် မသေမျိုးဂိုဏ်း မြင့်မြတ် နယ်မြေ ဖြစ်လာမည်ဖြစ်သည်။

ဤအရာကို ဂိုဏ်းပေါင်း မည်မျှ အိပ်မက်မက်ခဲ့ရပါသနည်း။

လုရီ အသက်ရှင်နေသရွေ့ တိမ်ဖြူ ဂိုဏ်းသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ အခြေတိုးမြင့်၍ ရပ်တည်နေနိုင်မည် ။

သမိုင်းတွင် မသေမျိုးပုဂ္ဂိုလ်များ မွေးဖွားရာ ခိုင်မြဲစွာ သက်တမ်းအကြာဆုံး တည်ရှိနေသော မသေမျိုး ဂိုဏ်းမြင့်မြတ်နယ်မြေဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ထောင်နှင့် ချီသော ရှေးသမိုင်းမှာသာ ခြေရာခံနိုင်တော့သည်ကို ဤနေရာတွင် သတိချပ်သင့်ပါသည်။

တိမ်ဖြူဂိုဏ်းက ဤမျှ ကြာအောင် ရှင်သန်နိုင်လျှင် ဘယ်လောက် အံ့သြစရာကောင်းသော မြင်ကွင်း ဖြစ်မည်လဲ။

မကြာသေးမီက ဝူချင်းဖုန်းသည် ၎င်းအကြောင်းကို ယစ်မူးစွာ အိပ်မက်မက်နေခဲ့သည်။

သို့သော် သူ့အိပ်မက်ကို ဖြိုခွဲချင်သူတွေ ရှိခဲ့သည်။

ဝူချင်းဖုန်း အကြီးအကျယ် ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ကြုံးဝါးသည်။

"သွေးဝိညာဉ်ဂိုဏ်း... ဒီခွေးကောင်တွေက တိမ်ဖြူဂိုဏ်းရဲ့ နယ်မြေမှာ မကြာသေးမီက ပြဿနာတွေ မီးမွှေးလာခဲ့တယ်၊ အခုကျ ငါတို့ဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ကို ပစ်မှတ် ထားချင်နေတာလား၊ ဒီခွေးကောင်တွေကို မှတ်လောက်အောင် သင်ခန်းစာ ပေးရမယ်! ငါကိုယ်တိုင် အဲ့ဒီကို သွားမယ်။"

စကားပြောနေစဉ် ဝူချင်းဖုန်းသည် နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။

သူ့စကားသံသာ နောက်ဆက်တွဲအဖြစ်ပဲ့တင်ကျန်နေခဲ့သည်။

ဂိုဏ်းချုပ် ဝူချင်းဖုန်း ပျောက်ကွယ်သွားတာကို မြင်တော့ လုရီ အနည်းငယ် စိုးရိမ်သွားသည်။

ဤအစွမ်းထက် ပုဂ္ဂိုလ်သည် သွေးဝိညာဉ်ဂိုဏ်းကို တစ်ယောက်တည်း တိုက်ခိုက်ရန် စီစဉ်နေပါသလား။

လုရီသည် ထပ်မံ၍ အနည်းငယ် အိပ်ငိုက်နေပုံ ရသော သူ့ဆရာကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။

"ဆရာ၊ ဂိုဏ်းချုပ်က တစ်ယောက်တည်း ထွက်သွားတယ်၊ ဘာပြဿနာမှ မရှိ လောက်ဘူး မဟုတ်လားဗျ"

လင်းလောင်တောင်ထိပ်သခင်မ က သူမလက်ကို လက်ဝှေ့ယမ်းလိုက်ပြီး အမှုမထားစွာ ပြောသည်။

"စိတ်မပူနဲ့ သူ သေမှာ မဟုတ်ဘူး"

လုရီ : "?"

ဟမ်..သူ သေမှာ မဟုတ်ဘူးတဲ့လား...။

သူသည် ပြောစရာ စကားများ ဆွံ့အသွားတော့သည်။

ဝူချင်းဖုန်း ထွက်ခွာသွားပြီးနောက်

နင်ကောင်း ရှေးဟောင်းသင်္ဘောသည်

တိမ်ဖြူဂိုဏ်းသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။

ကျန့်ဖန်နှင့် လုရီ အချင်းချင်း နှုတ်ဆက်ခွဲခွာကြပြီး သူ့ဆရာနှင့် စီနီယာ အစ်မနှင့်အတူ လင်းလောင်တောင်ထိပ်သို့ လုရီက ပြန်လာခဲ့သည်။

လုရီသည် သူ့ကိုယ်ပိုင် ဂူစံအိမ်သို့ ပြန်ရောက်ရှိခဲ့လေပြီ။

အချိန်အတော်ကြာအောင် ဝေးကွာသွားပြီးနောက် အိမ်ကြီးသည် ဖုန်မှုန့်များ စုပုံလာသည်။

ကျင့်ကြံခန်းထဲသို့ မ၀င်မီ လုရီက ဂူစံအိမ်ကြီးကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။

All Chapters