← Chapters

ရန်သူအကြောင်း ဘောင်းဘီမဝတ်သူ၏ အစီရင်ခံစာ

Vol. 19 Ch. 273

ရန်သူအကြောင်း ဘောင်းဘီမဝတ်သူ၏ အစီရင်ခံစာ

Vol. 19 Ch. 273

အက်ပဲလ် သူအိပ်မက်,မက်နေသည်ဟု ခံစားလိုက်ရ၏။

အိုဂါများ၏ လျှို့ဝှက်တိုက်ခိုက်မှု နှင့် နှစ်ခြိုက်စွာ အိပ်မောကျနေသော စစ်သည်တော်များသည် အမှောင်ထု ကျရောက်လာသကဲ့သို့ ဖြစ်ပြီး အရာအားလုံးကို မျှော်လင့်ချက် ကင်းမဲ့စေခဲ့သည်။

စစ်သည်တော်များ အမှောင်ထုမှ မနိုးထလာခင် တိုင်အောင်ပေါ့။ ထို့နောက်တွင်မူ အရုဏ်တက်လာသကဲ့သို့ ဖြစ်သွားသည်... မြေအောက်လောကတွင် အရုဏ်တော့ မရှိချေ။

သို့သော် မြင့်မြတ်သော အလင်းတန်း ရှိနေ၏။

မျက်စိကျိန်းလောက်အောင် တောက်ပသော မြင့်မြတ်သော အလင်းတန်းက အိုဂါခေါင်းဆောင်ကို ဝါးမြိုသွားသည်ကို အက်ပဲလ် မြင်တွေ့လိုက်ရသည့်အခါ သူက ခေါင်းဆောင်၏ ဝမ်းဗိုက်ပေါ်တွင် ရပ်နေသော နတ်ဘုရားကဲ့သို့သော ဂိုဘလင်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့သည်။

ထိုဂိုဘလင်သည် မြင့်မြတ်သော အလင်းတန်းထဲတွင် ခန့်ညားထည်ဝါသော ရုပ်သွင်ရှိနေ၏။ သူက သူ၏ အရပ်တစ်ဝက်ခန့် ရှိသော တူကြီးတစ်လက်ကို ကိုင်စွဲထားသည်။ ဤမျှ သေးငယ်သော ရုပ်ခန္ဒာက တူကြီးတစ်လက်ကို မည်သို့ ကိုင်စွဲနိုင်သနည်း။

ဂိုဘလင်က တူကြီးကို သူ၏ ပခုံးပေါ် တင်ထားပြီး သူ၏ လည်ပင်းတွင် ဆီးအိတ်ဗုံးအချို့ ချိတ်ဆွဲထား၏။

အက်ပဲလ် မျက်လုံးများကို မှေးစင်းလိုက်သည်။

"အာ၊ ဒါက မြင့်မြတ်သော အလင်းတန်းရဲ့ စွမ်းအားလား..."

...

ထာဝရတိုင်းပြည်ရှိ ဒန်ဂျင်အရှင် ခန်းမဆောင်တွင်။

ကြည်လင်၍ မြင်သာသော မှော်ဖန်လုံးထဲတွင် ဂိမ်းမာအုပ်စုတစ်စု အိုဂါများနှင့် သူတို့၏ ကျဆုံးသွားသော ရဲဘော်များ၏ ပစ္စည်းကိရိယာများကို သိမ်းယူနေကြသည်။

ဂိမ်းမာအုပ်စုတစ်စုက ကြိုးများ၊ ပင့်ကူမျှင်များနှင့် ကိရိယာအမျိုးမျိုးကို အသုံးပြု၍ လက်နက်ချ အညံ့ခံသော အိုဂါများကို ချည်နှောင်နေကြသည်။

"ဒါက တော်တော်လေး လှုပ်ရှားမှု ရှိတဲ့ မြင်ကွင်းပဲ။ ညသန်းခေါင်ကြီးမှာ ဆွေးနွေးချက်ဖိုရမ်က သွေးဆာနေတဲ့ ပိုစ့်တွေနဲ့ ပြည့်နေတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာ အတုခိုးပိုစ့်တွေလည်း အများကြီးပဲ" ဘရုက ရှားလော့ခ် မှော်ဖန်လုံးကို ဂရုတစိုက် ကြည့်နေစဉ် ပြောလိုက်သည်။ ရှားလော့ခ်က တုံ့ပြန်ခြင်း မရှိပေ။ သူက မှော်ဖန်လုံးထဲမှ ပုံရိပ်များကို ချဲ့လိုက်ပြီး ငိုကြွေးနေသော အိုဂါများကို စောင့်ကြည့်နေ၏။

"တစ်ခုခုမှားနေတယ်။"

ရှားလော့ခ် မျက်မှောင်ကြုတ်လိုက်ပြီး မှော်ဖန်လုံးကို လက်ညှိုးထိုးပြကာ "အိုဂါတွေရဲ့ ပစ္စည်းကိရိယာတွေက အိုဂါမျိုးနွယ်စု တစ်စုရဲ့ ပစ္စည်းကိရိယာတွေနဲ့ မတူဘူး။ အရည်အသွေးက အရမ်း ကောင်းလွန်းနေတယ်"ဟု ပြောလိုက်သည်။

"အရည်အသွေးက အရမ်း ကောင်းလွန်းနေတယ် ဟုတ်လား။ ဒါက မကောင်းဘူးလား။ အရှင်ရှားလော့ခ်က အရည်အသွေး ကောင်းတယ်လို့ ထင်ရင် ဒါက အထက်တန်းစားပစ္စည်း ဖြစ်ရမယ်" ဘရုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အိုဂါတွေမှာ တော်တော် အားကောင်းတဲ့ နောက်ခံအင်အားတစ်ခု ရှိနေပုံပဲ။ သူတို့က ဘာလို့ အော့ခ်ရွာကို သိမ်းပိုက်ခဲ့ကြတာလဲ" ရှားလော့ခ် စဉ်းစားတွေးတောပြီး သူ၏ ကွန်ပျူတာကို ပိတ်လိုက်သည်။ သူက သူ၏ အဝတ်အစားများကို ကောက်ယူပြီး အပြင်သို့ ထွက်သွား၏။

"အရှင်ရှားလော့ခ်။ အရှင်က မြင်ကွင်းကို သွားကြည့်ဖို့ ရည်ရွယ်ထားတာလား" ဘရုက စပ်စုစွာ မေးလိုက်သည်။

"အင်း၊ ငါ့ ပင်ကိုယ်အသိစိတ်က ဒါက ရိုးရှင်းတဲ့ကိစ္စတစ်ခု မဟုတ်ဘူးလို့ ပြောနေတယ်" ရှားလော့ခ်က ဝင်ပေါက်ဆီသို့ လျှောက်သွားပြီး "ဒန်ဂျင်ကို သေသေချာချာ ဂရုစိုက်ပါ"ဟု ပြောလိုက်သည်။

...

ဂိမ်းမာများသည် အဓိက မြေအောက်ဥမင်လိုဏ်ခေါင်းတွင် အိုဂါ ၅၀ နှင့် တွေ့ဆုံခဲ့ကြသည်။ လျှော်ကြိုးနည်းပညာရှင်သည် တိုက်ပွဲတွင် သူ၏ မြင့်မြတ်သော အလင်းတန်းစွမ်းအားကို အသုံးပြုခဲ့ပြီး အိုဂါခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည်။ အိုဂါအကျဉ်းသားများ၏ အဆိုအရ ကြီးမားသော အိုဂါစစ်တပ်တစ်ခု ရှိနေသည်။ သူတို့၏ ခေါင်းဆောင်မှာ တပ်စိတ်ငယ်တစ်ခု၏ ခေါင်းဆောင်မျှသာ ဖြစ်သည်။

အစွမ်းထက်သော အိုဂါဘုရင်တစ်ပါးသည် သူ၏ အလံတော်အောက်တွင် အိုဂါများစွာ စုစည်းထား၏။ သူတို့သည် တိကျသော အရေအတွက်ကို မသိကြသော်လည်း အိုဂါများ၏ တဲများသည် မိုးကုပ်စက်ဝိုင်းထက် ကျော်လွန်၍ပင် တည်ရှိနေကြသည်။

အိုဂါ အကျဉ်းသားများသည် ဂိမ်းမာများအား သူတို့ကို လွှတ်ပေးရန် တောင်းပန်ခဲ့ကြသည်။ သို့မှသာ သူတို့သည် သူတို့၏ ဘုရင်ထံမှ အသနားခံနိုင်ပြီး ဂိမ်းမာများ၏ အလောင်းများ ပြည့်စုံစွာ ကျန်ရှိစေရန် သေချာစေနိုင်မည် ဖြစ်သည်။

ဂိမ်းမာများသည် အမ်ပီစီများ၏ စကားများကို အမှိုက်ကဲ့သို့ သဘောထားကြ၏။

ဂိမ်းမာများသည် အကျဉ်းသားများကို ညံ့ဖျင်းစွာ မဆက်ဆံခဲ့ကြပေ၊ ပျော်ရွှင်မှုအတွက် သူတို့ကို ညှဉ်းပန်းနှိပ်စက်သော ဂိမ်းမာတစ်ဦးမှ လွဲ၍ပေါ့။

ဂိမ်းမာများသည် ထာဝရတိုင်းပြည်ရှိ ပြန်လည်ရှင်သန်ရေး နေရာနှင့် အလှမ်းဝေးနေသည့်အတွက် သူတို့၏ ထိခိုက်သေဆုံးမှုများကို အစားထိုးရန် အခွင့်အလမ်း မရှိခဲ့ပေ။ သို့သော် ဂိမ်းမာများသည် ထိုအရာကို ဂရုမစိုက်ခဲ့ကြဘဲ သူတို့သည် ပျော်ရွှင်မှု အတွက်သာ လုပ်ဆောင် နေကြသည်။

ပထမတိုက်ပွဲအပြီးတွင် ကျန်ရှိသော ဂိမ်းမာ ၆၀၀ထဲမှ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ဒဏ်ရာ ရရှိခဲ့သည်။ ဂိမ်းမာ ၃၀၀ ထက်နည်းသော အရေအတွက်သာ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ ထို့ကြောင့် ဂိမ်းမာများသည် စိတ်လှုပ်ရှားစ ပြုလာကြ၏။

ဆွေးနွေးမှု အချို့ ပြုလုပ်ပြီးနောက် သူတို့သည် မလိုအပ်သော ထိခိုက်သေဆုံးမှုများကို လျှော့ချရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ "ဒန်ဂျင်" ဂိမ်းသည် သာမန်ဂိမ်းတစ်ခု မဟုတ်ဘဲ ကျိုးကြောင်းဆီလျော်မှု(လက်တွေ့ကျမှု)ကြောင့် ပုံသေ နားလည်နိုင်ခြင်း မရှိပေ။

ထိခိုက်သေဆုံးမှုများကို လျှော့ချခြင်း အပြင် ဘောင်းဘီမဝတ်သူသည် အခြေအနေကို ရှင်းပြရန် ဆွေးနွေးချက် ဖိုရမ်တွင် ပိုစ့်တစ်ခု ဖန်တီးခဲ့သည်။ သူက ဂိမ်းမာများ ပိုမိုများပြားစွာ သူတို့၏ စစ်ပွဲကြိုးပမ်းမှုကို ထောက်ပံ့ရန် ရောက်ရှိလာကြလိမ့်မည်ဟု မျှော်လင့်ထားသည်။ အကြောင်းအရာများမှာ-

"ဝ( ゚Д゚)ဝ အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ဘောင်းဘီမဝတ်သူပါ။

အန္တရာယ်။ ဒါက အကျပ်အတည်း တစ်ခုပါ။

ဂိမ်းအရာရှိတွေက ကြေညာချက် ဘာမှ မထုတ်ပြန်ဘဲ ကြီးမားတဲ့ ဇာတ်လမ်းတွဲ မစ်ရှင်တစ်ခုကို ထုတ်လွှင့်လိုက်တယ်။ မစ်ရှင်ဧရိယာက တံဆိပ်ခတ်ထားတဲ့နေရာ မဟုတ်တဲ့အတွက် ဒါက တိုက်ပွဲလှုပ်ရှားမှု ဇာတ်လမ်းပိုင်းတစ်ခု မဟုတ်ဘူး။ ငါတို့က ဒီနေရာကို တကယ်ခရီးသွားလို့ ရတယ်။

ဒါပေမဲ့ အကွာအဝေးက အရမ်း ဝေးတဲ့အတွက် သိပ်ပြီး ကွာခြားမှု မရှိဘူး။

ဒီကိုရောက်ဖို့ နှောင့်နှေးမှု မရှိဘဲ သုံးရက်ကြာ ခရီးသွားခဲ့ရတယ်။ ငါတို့က ဒီကိုရောက်ဖို့ သုံးရက်လုံး အမြန်ချီတက်ခဲ့ကြတယ်။

‌ေ*ာက်သုံးမကျတဲ့ ဂိမ်းထုတ်လုပ်သူက ဒီမစ်ရှင်ကို လျှို့ဝှက်ထုတ်လွှင့်ခဲ့တယ် ဆိုတဲ့အချက်ကို ငါတို့ မပြောတော့ဘူး။ မစ်ရှင်ရဲ့ အသေးစိတ် အချက်အလက်တွေကို ငါ ရှင်းပြမယ်။

ဒီမစ်ရှင်က အရမ်း မသေချာမရေရာနေဘူး၊ စနစ်ကြေညာချက် ဘာမှမရှိဘူး။ တိကျတဲ့ ဆုကြေးငွေ ဘာမှမရှိတဲ့ ကြီးမားတဲ့ ဇာတ်လမ်းပိုင်းအတွက် ထူးဆန်းတဲ့ တွေ့ဆုံမှု မစ်ရှင်တစ်ခုနဲ့ ပိုတူနေတယ်။ ငါတို့မှာ အမ်ပီစီရဲ့ ငါးဆားနယ်၊ ရွှံ့စေးအရသာရှိတဲ့ မြေဆီလွှာနဲ့ လုပ်အားဆိုတဲ့ ကတိစကားပဲ ရှိတယ်။

ငါတို့က အိုဂါတွေဆီက လုယူပစ္စည်းတွေ စုဆောင်းခဲ့ကြတယ်။ မနေ့ညက ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ရန်သူ့အင်အား အရွယ်အစားအရ ဒါက ရက်ရောတဲ့ လျှို့ဝှက်ဆုကြေးငွေတွေနဲ့ မစ်ရှင်တစ်ခု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာတယ်။

ငါတို့ရဲ့ မခွဲဝေရသေးတဲ့ လုယူပစ္စည်းတွေ၊ အိုဂါတွေရဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေကို ကြည့်ကြရအောင် -

(ပုံ) (ပုံ) (ပုံ)

ပစ္စည်းကိရိယာတွေက ငါတို့ ပစ္စည်းကိရိယာ အများစုထက် အများကြီး သာတယ်။

ဒါတွေက အိုဂါတွေရဲ့ ဆင်ဆာမဖြတ်ထားတဲ့ အဆင့်မြင့် ရုပ်ထွက်ပုံတွေပါ -

(ပုံ) (ပုံ) (ပုံ)

မနေ့ညက လျှော်ကြိုးနည်းပညာရှင်က ပထမဆုံး အကြိမ် မြင့်မြတ်သော အလင်းတန်းစွမ်းအားကို အသုံးပြုပြီး တိုက်ပွဲမှာ ပေါ်ထွက်လာခဲ့တယ်။ သင်္ချာနဲ့ ရူပဗေဒ ပုံသေနည်းတွေကို ရွတ်ဆိုရင်း မြင့်မြတ်သော အလင်းတန်းစွမ်းအားနဲ့ ပြည့်နှက်နေတဲ့ လျှော်ကြိုးနည်းပညာရှင်က အကြမ်းဆုံး အိုဂါခေါင်းဆောင်ကို ချေမှုန်းခဲ့တယ်။

(ပုံ)

သူ့နာမည်ကို ငါတို့ မသိဘူး။

ငါတို့က ပထမတိုက်ပွဲကို အနိုင်ရခဲ့ပေမယ့် ငါတို့ အကျဉ်းသားတွေရဲ့ အဆိုအရ ငါတို့ကို စောင့်ဆိုင်းနေတဲ့ ရန်သူတွေ မရေမတွက်နိုင်အောင် ရှိနေသေးတယ်။ ဒါပေမဲ့ ငါတို့မှာ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတဲ့ ဂိမ်းမာ ၃၀၀ လောက်ပဲ ကျန်တော့တယ်။ ဂိမ်းက ဘယ်လောက် ပြင်းထန်တယ်ဆိုတာ ထည့်စဉ်းစားရင် ငါတို့ အားလုံး ဒီမှာ သေဆုံးသွားရင် အော့ခ်တွေရဲ့ သေဆုံးမှုကို ဖြစ်စေပြီး ငါတို့ မစ်ရှင်က ကျရှုံးသွားလိမ့်မယ်။ ဒီလို ဖြစ်တဲ့အတွက် ငါတို့ကို အားဖြည့်ဖို့ မြန်မြန် လာကြပါ။ ငါတို့က ရှေ့ဆက်မတိုးတော့ဘူး။ အဲဒီအစား ငါတို့ရဲ့ တပ်စခန်းတွေကို ခိုင်ခံ့အောင် လုပ်ပြီး ကင်းထောက်လုပ်ငန်းတွေ လုပ်ဆောင်မယ်။ အောက်မှာ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို အကျဉ်းချုပ် ဖော်ပြထားတယ် -

ရန်သူ ရှေ့တိုးရင် ငါတို့ ဆုတ်ခွာမယ်။ ရန်သူ ခိုင်ခံ့အောင်လုပ်ရင် ငါတို့ ဆုတ်ခွာမယ်။ ရန်သူ ပင်ပန်းနွမ်းနယ်ရင် ငါတို့ ဆုတ်ခွာမယ်။ ရန်သူ ဆုတ်ခွာရင် ငါတို့ ဆုတ်ခွာမယ်။

ရန်သူ့အခြေအနေကို မသိခင်အထိ ငါတို့ ဆုတ်ခွာမယ်။

သုံးရက်ကြာ ချီတက်ရတာ ခက်ခဲပင်ပန်းတယ်ဆိုတာ ငါ သိတယ်။ ငါတို့က ဂိမ်းကစားဖို့ ဒီကိုလာတာလေ၊ ဒါကြောင့် မင်းတို့က ငါ့ တောင်းဆိုချက်ကို နားထောင်စရာ မလိုဘူး၊ ဒါပေမဲ့ ဒီမစ်ရှင်ကို တွေ့ကြုံခံစားချင်တဲ့ သူတွေအတွက်တော့ မြန်မြန်လုပ်ကြပါ။ ကျန်တဲ့သူတွေ အမီလိုက်နိုင်ဖို့ ငါတို့ ငါးရက်စောင့်ဆိုင်းပေးမယ်။ ငါတို့နေရာကို လမ်းညွှန်ဖို့ လျှို့ဝှက်အမှတ်အသားတွေ ထားခဲ့ပြီးပြီ။ ဝါရင့်ဂိမ်းမာတွေကလည်း ခရီးစဉ်အတွက် မြေပုံတစ်ခု တင်ထားပြီးပြီ။ မြေပုံကို လမ်းညွှန်အဖြစ် ဒေါင်းလုဒ်လုပ်လို့ ရတယ်။

လမ်းမမှားစေကြနဲ့၊ ငါတို့ထဲက အများကြီး ပျောက်ဆုံးသွားကြတယ်။ ငါတို့မှာ ဂိမ်းမာ ၁,၀၀၀ ရှိခဲ့ပေမယ့် သနားစရာ ကောင်းတဲ့ ဂိမ်းမာ ၆၀၀ အထိ လျော့နည်းသွားတယ်။

လူတိုင်းကို ဒီမှာတွေ့မြင်ချင်ပါတယ်။

ခင်ဗျားတို့ ပျော်ရွှင်မှုအတွက် အဆင့်မြင့်ရုပ်ထွက်၊ ဆင်ဆာမဖြတ်ထားတဲ့ ပုံတချို့ ဒီမှာပါ -

(ပုံ) (ပုံ) (ပုံ) (ပုံ)"

All Chapters