← Chapters

အပိုင်း (၆၉)

Vol. 6 Ch. 69

အပိုင်း (၆၉)

Vol. 6 Ch. 69

ဘန်း

ဒေါသတရားများ ဖြစ်တည်လျက်ရှိနေသည့် ထျန်းဟန်သည် မည်သို့မှ မနေနိုင်တော့ချေ။ ရှေ့တွင်ရှိနေသည့် စားပွဲကြီးကို ရိုက်ချိုးလိုက်၏။ ချက်ချင်းပဲ မာကျောလွန်းသည့် စားပွဲကြီးသည် အပိုင်းပိုင်း ကျိုးပြတ်သွားခဲ့၏။ သူသည် သက်ပြင်းရှည်ကြီးကို ချလိုက်onf။

ထျန်းဟန်က တီးတိုးရေရွတ်လိုက်၏။ “ညီလေး... ငါတောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်”

သူသည် အခန်းထဲသို့ လှမ်းလျှောက်ဝင်ရောက်ခဲ့၏။ ဤနေရာသည် အဝတ်နက်ဂိုဏ်းကြီး၏ တားမြစ် တည်နေရာပင် ဖြစ်၏။ စာအုပ်စင်ကို အသာဆွဲကာ ဖွင့်လိုက်ချိန်မှာတော့ တံခါးတစ်ချပ် ပေါ်ပေါက်လာခဲ့၏။ သူသည် သော့တစ်ချောင်းကို ထုတ်ယူကာဖြင့် သံတံခါးကြီးကို ဖွင့်လိုက်၏။ အထဲတွင် လျှို့ဝှက်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ မြေအောက်ခန်းဆီသို့ သွားသည့်လမ်းပင်။

ထျန်းဟန်သည် လျှို့ဝှက်ခန်း၏ အဆုံးထိသို့ လှမ်းလျှောက်သွားသည့်အချိန်မှာတော့ နောက်ထပ် တံခါးတစ်ချပ် ထပ်ပေါ်လာသည်။ တံခါးအတွင်းဘက်ဆီမှ အသံများကို သူကြားလိုက်ရ၏။ “၂၇၉၉၉ .. ၂၈၀၀၀ ...”

..........

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်သည် ဂဏန်းတစ်ချို့ကို ရေတွက်နေသည့်ပုံပင်။ ထျန်းဟန်သည် နောက်ထပ် သော့တစ်ချောင်းကို ထုတ်ယူကာဖြင့် တံခါးကိုဖွင့်လိုက်သည်။

အံ့အားသင့်သွားသည့်အသံတစ်ခုသည် အတွင်းဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ “အစ်ကိုကြီး ကျုပ် သုံးသောင်းပြည့်အောင် ရောက်အောင် မရေရသေးဘူးလေ။ လာတွေ့ပြီလား”

“ဟုတ်တယ်” ထျန်းဟန်သည် ကြင်နာစွာပြုံးလိုက်၏ ပြီးနောက် အထဲသို့ လျှောက်ဝင်လိုက်၏။ သူသည် စားပွဲပေါ်သို့ အစားအစာသေတ္တာကို တင်လိုက်သည်။

လျှို့ဝှက်ခန်း၏အတွင်းမှာတော့ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ တစ်ရာနီးပါးခန့်သာရှိပြီး အရာအားလုံး သည် ပြည့်ပြည့်စုံစုံတည်ရှိနေ၏။ လေ့ကျင့်ရေးခန်းပင် ပါဝင်လျက်ရှိနေ၏။

အတွင်းထဲတွင်တော့ သန်မာလွန်းသည့် လူတစ်ယောက်က ထိုင်လျက်ရှိ၏။ ထိုသူသည် အစားအစာသေတ္တာကို အသာ ဖွင့်ကာဖြင့် အစားအစာများကို ထုတ်ယူ၍ စားသောက်လျက်ရှိနေသည်။ “အစ်ကိုကြီး ကျုပ်အပေါ် အရမ်းကောင်းတာပဲ”

ထိုသန်မာလွန်းလှသည့်လူသည် ထျန်းဟန်ကို ပြုံးပြလိုက်၏။

ထျန်းဟန်၏မျက်နှာသည် အနည်းငယ်တော့ ပျက်ရွင်းသွားခဲ့၏။ သူ၏လက်ဝါးထက်တွင် သွေးစီးကြောင်းများ တည်ရှိနေ၏။

“အစ်ကိုကြီး ဘာဖြစ်တာလဲ။”

ထိုအားကောင်းလှသည့်လူသည် အံ့အားသင့်သွားသည်။ “ဖေးပြည်နယ်မှာ ပြဿနာရှိနေတာလား။ သူဌေးလီ ကျုပ်တို့နောက်ကို လိုက်လာပြန်ပြီလား”

ထျန်းဟန်က ပြောလိုက်၏။ “စိတ်မပူနဲ့ ဒီမှာပဲပုန်းနေ။ သူတို့မလာသေးပါဘူး”

ထိုစကားကိုကြားသည့်အချိန်မှ အားကောင်းလှသည့်ပုံပေါ်သောလူသည် စိတ်သန့်သန့်ရှင်းရှင်းဖြင့် စားသောက်ခြင်းကို ဆက်လက်ပြုမူ၏။ ပြီးနောက်ပြောလိုက်သည်။ “အစ်ကိုကြီး သူဌေးလီက ကျုပ်တို့နှစ်ယောက်ကို မွေးစားထားခဲ့တာ ငယ်ရွယ်စဉ်တည်းကလေ။ သိုင်းပညာတွေတောင် သင်ပေးခဲ့သေးတယ်။ ကျုပ်တို့ကိုယ်တိုင် ကာကွယ်ပို့ဆောင်ပေးရတဲ့ ရတနာကိုလိုချင်ဇောနဲ့ ကျန်တဲ့ညီအစ်ကိုအားလုံးကို မသတ်ဖြတ်သင့်ခဲ့ဘူး။ ပြီးတော့ အစ်ကိုကြီးက ကျုပ်ကို လူအများကြီးသတ်ဖို့လည်း တွန်းအားပေးခဲ့သေးတယ်။ ဒါကြောင့် ကျုပ်တို့လမ်းတစ်လျှောက် ပြေးလာခဲ့ရတာပေါ့။ သူဌေးလီ ကျုပ်တို့နောက်ကို လိုက်လာမှာ စိုးရိမ်ရတယ်နော်။ ဒါကြောင့် ကျုပ်မြေအောက်ခန်းထဲမှာ နေ့စဉ်နေ့တိုင်း ပုန်းနေရတာပေါ့။”

ထျန်းဟန်သည် နှလုံးသားထဲတွင် နာကျင်မှုများကို ခံစားလျက်ရှိ၏။ ဤရူးကြောင်ကြောင် ညီငယ်သည် ပြဿနာ ဖြစ်ပွားခဲ့သည်မှာ နှစ် နှစ်ဆယ်ကျော်ကြာမြင့်ခဲ့သည်ဖြစ်သော်လည်း ကောင်းကောင်းမွန်မွန် နားမလည် နိုင်ခဲ့သေးချေ။ သူဌေးလီသည် ဘယ်တော့မှ လိုက်လာလိမ့်မည်မဟုတ်ချေ။

“ပြီးတော့ အစ်ကိုကြီး .... ခင်ဗျား ရှစ်ဆန်းမင်နဲ့အိပ်ပြီး သူ့ကိုမသတ်ဖြတ်ခဲ့သင့်ခဲ့ဘူး”

ဗလ ခပ်တောင့်တောင်နှင့်လူက ပြောလိုက်၏။ “ကျုပ် ကျုပ်လည်းသူ့ကို လိုချင်တယ်”

ထျန်းဟန်က ပြောလိုက်သည်။ “ငါတောင်းပန်ပါတယ်။ ငါမှားမှန်းသိပါတယ်”

ဗလခပ်တောင့်တောင့်နှင့်လူသည် ဆက်လက်ကာ စားသောက်လျက်ရှိနေ၏။

ထျန်းဟန်က ပြောလိုက်သည်။ “ညီလေး ခုတလော အစ်ကိုကြီး တစ်စုံတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့ရဲ့နာမည်ကလည်း အရူးလေးလို့ခေါ်တယ်။ ဒါပေမဲ့ အစ်ကိုကြီးရဲ့ ဦးနှောက်က အဲဒီတုန်းက ရေဝင်သွားခဲ့တယ်။ သူ့ကိုမသတ်ဖြတ်ပစ်ခဲ့ဘူးလေ။ အခု အဲဒီအတွက် ကြီးကြီးကျယ်ကျယ် နောင်တရနေတယ်”

ဗလခပ်တောင့်တောင့်နှင့်လူက အသာရယ်မောလိုက်၏။ ပြီးနောက် ဆက်လက်ကာ စားသောက်လျက်ရှိနေ၏။ ထိုဗလခပ်တောင့်တောင့်နှင့်လူသည် မြန်မြန်ဆန်ဆန် စားသောက်လျက်ရှိ၏။

ထျန်းဟန်က ပြောဆိုလိုက်သည်။ “ညီလေး မင်းရဲ့ သိုင်းပညာအရည်အချင်းက ဘယ်လောက်ရှိပြီလဲဆိုတာ ကြည့်ရအောင်”

“ကောင်းပြီ”

ဗလခပ်တောင့်တောင့်နှင့်လူသည် ရုတ်တရက်မတ်တပ်ထရပ်ပြီးသည့်နောက် ဘေးတစ်ဖက်တွင် ရှိနေသည့် နံရံကို လက်သီးနှင့်ထိုးလိုက်၏။ ချက်ချင်းပင် နံရံပေါ်တွင်ရှိနေသည့် မြေမှုန်မြေမွားများသည် အဝေးဆီသို့ လွင့်စင်သွားခဲ့၏။ ပြီးနောက် သူသည် အခန်းထဲတွင် လက်သီးတိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ လေသံများသည် တဝီဝီမြည်လျက်ရှိနေပြီး ထိုအသံကိုကြားရသည်နှင့်တပြိုင်နက် သာမန်လူများဆိုလျှင် ကြက်သီးများပင် ထမှာသေချာ၏။

“တကယ့်ကို အထင်ကြီးစရာပဲ”

“အထင်ကြီးစရာပဲ မဟုတ်လား။” ဗလခပ်တောင့်တောင့် နှင့်လူက ရယ်မောလိုက်လေ၏။

“တကယ့်ကို အထင်ကြီးစရာပဲပေါ့” ထျန်းဟန်က ပြောလိုက်၏။ တကယ့်ကို အထင်ကြီးစရာ ကောင်းလွန်းလှ၏။ သူတို့ အမွှာညီအစ်ကိုနှစ်ယောက်တို့သည် သိုင်းပညာတွင် တကယ့်ကို ကျွမ်းကျင်လွန်း၏။ သူ၏ညီငယ်သည် ဦးနှောက်တွင် ပြဿနာတည်ရှိလို့နေခဲ့၏။ သို့ပေမည့် သိုင်းညာနှင့် ပတ်သက်လျှင်တော့ အဆင့်အတန်း မနိမ့်ချေ။

သို့နောက် ထျန်းဟန်က ပြောလိုက်သည်။ “ညီလေး မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်အုံး။ မင်းရဲ့ပုံပန်း သွင်ပြင်က အစ်ကိုကြီးနဲ့ တူရဲ့လားဆိုတာ ကြည့်ရအောင်”

ဗလခပ်တောင့်တောင့်နှင့်လူသည် ချက်ချင်းပင် သူ၏ဝတ်စုံကို ချွတ်လိုက်၏။ ထျန်းဟန်ကလည်း ဝတ်စုံကို ချွတ်လိုက်၏။ ဤနေရာတွင် မည်သည့်မှန်မှ မရှိချေ။ ထို့ကြောင့် တစ်ယောက်ကိုတစ်ယောက် မှန်ကဲ့သို့ပင် ကြည့်ရှုနေမိ၏။ ၎င်းတို့၏ မျက်နှာများသည် တကယ့်ကို ထပ်တူညီလျက် ရှိနေ၏။ ပုံပန်းသွင်ပြင်ကလည်း တူညီစွာပင်။ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အမာရွတ်များပင်လျှင် တူညီလျက်ရှိ၏။

ထျန်းဟန်က ဉာဏ်ကောင်းလွန်းလှချေ၏။ ထို့ကြောင့် သူ၏ ညီလေး၏ဦးနှောက်တွင် ပြဿနာတစ်ခုခု တည်ရှိ နေသည်ကို ငယ်စဉ်ကတည်းက သိရှိပြီးသားဖြစ်လေ၏။ ထို့ကြောင့်ပင်လျှင် သူနှင့်ထပ်တူညီအောင် ဖန်တီးထားခြင်းပင်။

ထျန်းဟန်သည် ထပ်မံကာပြောလိုက်သည်။ “ညီလေး မင်းက အစ်ကိုကြီးလို အယောင်ဆောင်ရတာကို အရမ်း ကြိုက်တယ် မဟုတ်လား။ ဒီတော့ အခု မင်းအစ်ကိုကြီးလို အယောင်ဆောင်တာကို ကြည့်ချင်တယ်”

ဗလခပ်တောင့်တောင့်နှင့်လူသည် ချက်ချင်းပဲ ပြုံးရွှင်နေရာမှ တည်တန့်သွားခဲ့၏။ ပြီးနောက် သူသည် ကြမ်းတမ်းလွန်းလှသည့် သိုင်းလောကမှ သူရဲကောင်းတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးသို့ ပြောင်းလဲသွားခဲ့၏။ မျက်ခုံးများသည် အသာတွန့်သွား၍ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူက အေးစက်စက် ပြောလိုက်၏။ “မင်းငါ့ကို ပြဿနာရှာချင်နေတာလား ထျန်းဟန်။ သေချင်နေတာပဲ”

တကယ့်ကို တူညီလွန်းလှချေ၏။ အကြည့်များသာသာမက မျက်လုံး၊ ဟန်ပန်အမူအရာ အရာအားလုံးသည် တူညီလျက် ရှိနေ၏။ ထျန်းဟန်ထက်ပင် ထျန်းဟန်နှင့်ပိုကာ တူညီလျက်ရှိနေ၏။ ဤအရူးကြောင်ကြောင် ညီငယ်သည် သူ၏အစ်ကိုကြီး၏ ပြောပုံဆိုပုံ၊ လှုပ်ရှားပြုမူပုံများကို အထင်ကြီးအားကျပြီး လေ့လာ လေ့ကျင့်ခဲ့သူ တစ်ယောက်ဖြစ်သည်။

“ဟား ဟား ဟား ဟား”

ဗလခပ်တောင့်တောင့်နှင့်လူက ရယ်မောလိုက်၏။ “အစ်ကိုကြီး ကျုပ် ခင်ဗျားနဲ့ တူရဲ့လား”

ချက်ချင်းပဲသူသည် သိုင်းလောကသူရဲကောင်းတစ်ယောက်အဖြစ်မှ အရူးတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြန်သည်။

“တူတယ်။ အရမ်းတူလွန်းတယ်”

ထျန်းဟန်က ပြောလိုက်၏။ “ညီလေး ငါမင်းကို စကားလုံးအနည်းငယ် သင်ပေးမယ်။ မင်းကျိန်းသေပေါက် သေသေချာချာ မှတ်ထားရမယ်။ နားလည်လား”

ဗလခပ်တောင့်တောင့်နှင့်လူက ပြောလိုက်သည်။ “ပြဿနာမရှိဘူး”

ထျန်းဟန်သည် နာကျင်စွာနှင့် ရယ်မောလိုက်၏။ “ငါ ထျန်းဟန်က သေဆုံးသွားခဲ့မယ်ဆိုရင်တောင်မှ တစ်ယောက်တည်းသေမှာ မဟုတ်ဘူး။ ဝိညာဉ်အဖြစ်နဲ့ရောက်ရှိလာပြီး မင်းကိုသတ်မယ်။ ခွေးအရာရှိတွေ .... မင်းတို့ငါ့ကို လိုချင်တဲ့အချိန်တုန်းက ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက်လို ဆက်ဆံခဲ့တယ်။ မလိုအပ်တဲ့ အချိန်မှာတော့ အကျဉ်းသားတစ်ယောက်လို ပြုမူခဲ့တယ်။ အခု ရှမ့်လန်ကိုမသတ်နိုင်တာနဲ့ ငါ့ကိုသတ်ဖို့ ကြံစည်နေကြပြီမလား”

ဗလခပ်တောင့်တောင့်နှင့်လူသည် မျက်လုံးပြူးကျယ်သွားခဲ့၏။ သူ၏အစ်ကိုကြီးက အသာပင် ကြည့်ရှုနေမိ၏။ ပြီးနောက်သူသည် ခြောက်ကပ်ကပ်နှင့် ရယ်မောလိုက်သည်။

“ငါ ထျန်းဟန်က သေဆုံးသွားခဲ့မယ်ဆိုရင်တောင် တစ်ယောက်တည်းသေမှာမဟုတ်ဘူး။ ဝိညာဉ်အဖြစ်နဲ့ လာပြီးသတ်အုံးမယ်။ ခွေးအရာရှိတွေ....”

တကယ်ပင် ထပ်တူညီလွန်းလှ၏။ လေသံ၊ ဟန်ပန်အမူအရာ၊ စကားလုံးအဖြတ်အတောက် အရာအားလုံးက ထျန်းဟန်နှင့် တူညီနေ၏။

............

ရွှမ်ဝူမြို့ဆီသို့ ပြန်လာပြီးနောက် ကျန်းကျင်းသည် ရှစ်ချင်းချင်းကို သွားရောက်တွေ့ဆုံပြီး အေးစက်စက် ပြောလိုက်သည်။ “ရှမ့်လန်က အရင်တုန်းက အရူးတစ်ယောက် မဟုတ်ဘူးလား။ သူက အသိဉာဏ်ပညာ နိမ့်ပါးလွန်းတဲ့ သောက်တလွဲကောင် တစ်ယောက်လေ။ အခုဘယ်လိုဖြစ်ပြီး ဦးနှောက်က အရမ်းကောင်းနေရတာလဲ။ မင်းတို့မိသားစုက သူ့ကိုဘာလို့ အရင်တုန်းက မသတ်ဖြတ်ပစ်ခဲ့တာလဲ”

ရှစ်ချင်းချင်းသည် မည်သည့်စကားကိုမှမဆိုချေ။ အချက်အလက်အားဖြင့် ရှမ့်လန်တစ်ယောက် ဤကဲ့သို့ ပြောင်းလဲသွားခြင်းနှင့် ပတ်သက်၍ သူမသည် ပိုမိုကာပင် အံ့အားသင့်နေမိ၏။ ယခင်တုန်းက ရှမ့်လန်သည် ဝက်တစ်ကောင်ကဲ့သို့ သုံးစားရသူတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် လက်ရှိ ရှမ့်လန်မှာတော့ အလွန်တရာ ဉာဏ်ကောင်းလွန်းလှချေ၏။ ၎င်းမည်သို့ပြုလုပ်မည် ၊ မည်သည့်ခြေလှမ်းလှမ်းမည် ဆိုသည်ကပင် မှန်းဆရ ခက်ခဲလွန်းလှ၏။

ထို့အပြင် အတောင်ပံပါသော မြွေပွေးတစ်ကောင်ကဲ့သို့ပင် အဆိပ်ပြင်း၏။ ယခုကဲ့သို့ အ ခြေအနေမျိုးသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ကြိုတင်သိရှိပါက ရှစ်မိသားစုသည် မည်မျှဂုဏ်သိက္ခာ ကျသည်မဆို ရှမ့်လန်အား သတ်ဖြတ်ပစ်မှာ သေချာ၏။ ယခုကဲ့သို့ အခြေအနေမျိုးနှင့် သူတို့ ရင်မဆိုင်ချင်ပေ။

“အင်း... ယောက္ခထီးက ဘာပြောလဲ” ရှစ်ချင်းချင်းက မေးလိုက်သည်။

ကျန်းကျင်းက ပြောလိုက်၏။ “သူက ထျန်းဟန်ကို သတ်ခိုင်းလိုက်တယ်”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ထျန်းဟန်က ရွှမ်ဝူမြို့မှာ ကျွန်မတို့ကို ကောင်းကောင်းကူညီ ပေးခဲ့တယ်လေ။ ကျွန်မတို့သာ သူ့ကို ဆုံးရှုံးလိုက်မယ်ဆိုရင် အရာအားလုံးက ဆုံးရှုံးသွားတာနဲ့ အတူတူပဲ။ နှစ်စဉ် ရနေကျ ငွေပမာဏလည်း ကျဆင်းသွားလိမ့်မယ်”

ကျန်းကျင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကျုပ် ဒါကိုမသိဘူးလို့ ထင်လို့လား”

ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ “သခင်လေး.. မြို့တော်ဝန်လျှိုယုဝမ်က တွေ့ခွင့်တောင်းနေတယ်”

ကျန်းကျင်းက မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “အင်း သူ့ကိုဝင်ခိုင်းလိုက်”

လျှိုယုဝမ်သည် အထဲသို့ လျှောက်ဝင်လာခဲ့၏ ပြီးနောက် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်သည်။ “ထျန်းဟန်ကို သတ်လို့မဖြစ်ဘူး”

ကျန်းကျင်းသည် မည်သည့်စကားကိုမှမဆိုချေ။

လျှိုယုဝမ်က ပြောလိုက်၏။ “ပထမဦးဆုံး ကျုပ်တို့ သူ့ကို သတ်လိုက်မယ်ဆိုရင် ကျုပ်တို့မျက်နှာ ဘယ်နေရာမှာ သွားထားရမလဲ။ ဒီတိုက်ပွဲမှာ ရှမ့်လန်ကို ရှုံးနိမ့်သွားခဲ့ပြီဆိုတဲ့ အဓိပ္ပာယ် ပေါက်လိမ့်မယ်။ ဒုတိယအနေနဲ့ ကျုပ်တို့သာ သူ့ကိုသတ်မယ်ဆိုရင် အနာဂတ်မှာ ကျုပ်တို့ အတွက် ညစ်ပတ်တဲ့အလုပ်တွေကို ဘယ်သူ လုပ်ပေးမှာလဲ။ နှစ်စဉ်နှစ်တိုင်း ကျုပ်တို့အတွက် ပိုက်ဆံတွေကို ဘယ်နေရာကနေ ဘယ်သူကရှာပေးမှာလဲ။ အဝတ်နက်ဂိုဏ်းကို ဒုတိယလူတစ်ယောက်ယောက်က ဦးစီးဦးဆောင်အနေနဲ့ လုပ်မယ်ဆိုရင်တောင်မှ လောင်းကစားအိမ် တွေကို ဘယ်သူက ဦးစီးမှာလဲ”

ကျန်းကျင်းသည် အတွေးနက်သွားမိ၏။ သူ့အဖေ၏ ဆိုလိုရင်းမှာ ရိုးရှင်းလွန်း၏။ ထျန်းဟန်ကို ချက်ချင်း ဆိုသလို သတ်ဖြတ်ရန်ပင်။ သို့သော်ငြား သူသည်သာ ထိုကဲ့သို့ပြုလုပ်မည်ဆိုပါက ကျိန်းသေပေါက် ဆုံးရှုံးမှု များပေလိမ့်မည်။ ရှမ့်လန်သည် အဆင့်နိမ့်အမှိုက်တစ်စ ဖြစ်၏။ သို့ပေမည့် ကောင်းကင်ဘုံသို့ တက်လှမ်းရန် ကြံစည်လျက် ရှိနေသည်။

မဖြစ်ချေ။ သူ ကျိန်းသေပေါက် ထျန်းဟန်ကို သတ်၍မဖြစ်ချေ။ ရန်သူ ပျော်ရွှင်နိုင်မည့်အရာ .. မည်သည့်အရာကိုမှ သူပြုလုပ်၍ မဖြစ်နိုင်ချေ။ သို့သော်လည်း ထျန်းဟန်ကို မသတ်ဘူးဆိုပါက ထျန်းဟန်ပြုလုပ်ခဲ့သည့် မှုခင်းများ ပေါ်ပေါက်လာပါက အကျိုးဆက်ကို သူ ခံရပေမည်။ ထိုအရာသည် လျှိုယုဝမ်ရော၊ ကျန်းကျင်းရော ကိုင်တွယ်နိုင်လောက်သည့် အရာမျိုးမဟုတ်ချေ။

ထိုအချိန်မှာပဲ ယုံကြည်အားထားရသည့် နောက်လိုက်တစ်ယောက်၏အသံသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ “ဆရာတို့... ထျန်းဟန်က တွေ့ခွင့်လာတောင်းပါတယ်”

............

နောက်တစ်ရက် ....

ရွှမ်ဝူမြို့၏ မြို့တော်ဝန်အိမ်ရာ အတွင်းမှာတော့ ထျန်းဟန်သည် စုန့်ချောင်ကို သတ်ဖြတ်ခဲ့ပြီးသည့်နောက် အပြစ်မှန်သမျှကို စုန့်ရီဆီသို့ ပုံချခဲ့၏။ ထို့ကြောင့် ပြစ်ဒဏ်ကျခံရမည့် အချိန်တွင် လူပေါင်းများစွာတို့က လာရောက်ကာ ကြည့်ရှုနေခဲ့၏။ ရှမ့်လန်သည် အချိန်ကိုက် ရောက်ရှိမလာခဲ့ချေ။ သို့ပေမည့် ကျင်းဟွေ့မှာတော့ မြို့တော်ဝန်အိမ်ရာသို့ လာရောက်ကာ စနည်းနာလေသည်။

မောက်မာလွန်းသည့် ထျန်းဟန်သည် ရှမ့်လန်ကို ပြဿနာရှာခဲ့ပြီးနောက် ကျိန်းသေပေါက် ဒုက္ခရောက်နေပြီ ဖြစ်၏။ ယခုအကျဉ်းသားအဖြစ်ပင် ရောက်ရှိလို့နေ၏။ ခန်းမထဲတွင် ဒူးထောက်လျက် ရှိနေသည့် ထျန်းဟန်သည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိထား၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။ ၎င်းသည် နှိပ်စက်ရိုက်နှက်ခြင်းကို ခံထားရသည့်ပုံပင်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကောင်းမွန်သည့်အရာဟူ၍ မရှိသလောက်နီးပါးပင်။ သွေးများနှင့် ပေပွနေ၏။

တရားရုံးတွင်းမှာတော့ .....

ထျန်းဟန်သည် စုန့်ချောင်ကို သတ်ဖြတ်ခဲ့ပြီး စုန်ရီပေါ်သို့ အပြစ်ပုံချခဲ့ကြောင်း ရာဇဝတ်မှုးနှစ်ခုကို ဝန်ခံခဲ့၏။ မြို့တော်ဝန် လျှိုယုဝမ်သည် လျော့ပေါ့ကာ မေးမြန်းခဲ့သည်ဆိုလျှင်တောင်မှ ထျန်းဟန်က ဝန်ခံခဲ့၏။

အဆုံးသတ်မှာတော့ ထျန်းဟန်သည် ကြီးမားသည့်ပြစ်မှုများကို ပြုလုပ်ထားသောကြောင့် ခေါင်းဖြတ်သတ်ရန် ရွှမ်ဝူမြို့၏ မြို့တော်ဝန်လျှိုယုဝမ်က အမိန့်ချမှတ်လိုက်၏။ သို့သော်ငြား ထျန်းဟန်သည် ရုတ်တရက် သုံးကြိမ်တိုင်တိုင် ရယ်မောခဲ့သည်။

“ကျုပ် ... ထျန်းဟန်က သေဆုံးသွားမယ်ဆိုရင်တောင်မှ ဝိညာဉ်အဖြစ်နဲ့လာပြီး သတ်အုံးမှာပဲ။ ခွေးအရာရှိတွေ .... ခင်ဗျားတို့ ရှမ့်လန်ကို မနိုင်တော့ ကျုပ်ကို သေစေချင်နေတာပဲ”

ပြီးနောက် ကြည့်ရှုနေသူ လူပေါင်းများစွာတို့၏ အရှေ့မှာပဲ ထျန်းဟန်သည် ဘေးတစ်ဖက်တွင်ရှိနေသည့် သံတိုင်ကြီးကို ခေါင်းနှင့်ဝင်တိုက်ကာဖြင့် သေဆုံးသွားခဲ့လေ၏။

အားလုံးသောသူတို့သည် တုန်လှုပ်သွားခဲ့ကြ၏။ သူတို့ မြင်နေရသည့်အရာကိုပင် သူတို့ မယုံကြည်နိုင်ခဲ့ချေ။ ရွှမ်ဝူမြို့၏ လူဆိုးဂိုဏ်းခေါင်းဆောင်သည် ဤကဲ့သို့ပုံပန်းသွင်ပြင်မျိုးနှင့် သေဆုံးသွားခဲ့ပြီဖြစ်၏။ ထို့အပြင် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့သည်ဟုလည်း သတ်မှတ်ရပေမည်။

All Chapters