← Chapters

အပိုင်း (၇၁)

Vol. 6 Ch. 71

အပိုင်း (၇၁)

Vol. 6 Ch. 71

ညသို့ရောက်ရှိလာခဲ့၏။ ထျန်းဟန်သည် ရှမ့်လန်၏ ရွာဖြစ်သော မေပယ်ရွက်ရွာဆီသို့ ရောက်ရှိလာခဲ့၏။ ရွာထဲတွင်ရှိသည့် လူပေါင်းများစွာတို့သည် နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်မောကျလျက်ရှိ၏။ ထျန်းဟန်သည် သူ့နှင့်အတူ မည်သူ့ကိုမှ ခေါ်ဆောင်မလာခဲ့ချေ။ ရှမ့်လန်၏မိဘနှင့် ၎င်း၏ညီငယ်လေးကို သူသတ်ဖြတ်ချင်၏။ ထိုသို့သတ်ဖြတ်ဖို့ ဆိုသည်မှာ သူ့အတွက် လက်ချောင်း တစ်ချောင်းသာလျှင် လိုအပ်လေ၏။ အဘယ်သို့ တခြားသူ၏ အကူအညီ လိုအပ်နေမည်နည်း။

ထို့အပြင် ရှမ့်လန်၏ မိသားစုများသည် ရွာနှင့်အလွန်ဝေးကွာသည့် ဤနေရာတွင် နေထိုင်ကြသည့်လူများဖြစ်၏။ တောင်ကုန်းပေါ်တွင် သီးသန့်နေထိုင်ကြသောကြောင့် သတ်ဖြတ်ရန် အကောင်းဆုံးနေရာပင် ဖြစ်၏။

သူသည် ရှမ့်လန်၏ တဲအိမ်အပြင်ဘက်ဆီသို့ ရောက်ရှိလာခဲ့၏။ ရှမ့်လန်၏ အိမ်ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို သေသေချာချာကြည့်ရှုပြီးနောက် မည်သူ့မျှ စောင့်ကြပ်မနေကြောင်း သိရှိလိုက်ရသည်။

သေချာအာရုံခံပြီးချိန်မှာတော့ သူသည် အတွင်း၌ရှိနေသည့် လူသုံးယောက်တို့၏ အသက်ရှုသံများကို ကြားလိုက်ရ၏။ ထိုအထဲမှ တစ်ယောက်၏ အသက်ရှုပုံသည် ပုံမှန်မဟုတ်ချေ။ အဆုတ်၌ ပြဿနာ ရှိနေခြင်းသာလျှင် ဖြစ်ပေမည်။ မှန်ပေ၏။ ဤလူသည် ရှမ့်လန်၏ အဖေပင်ဖြစ်၏။

ထျန်းဟန်သည် အရှေ့ဆီသို့ အသာလှမ်းသွားပြီးနောက် တံခါး၏သော့ကို လွယ်လွယ်ကူကူဖြင့် ချိုးဖျက် လိုက်လေ၏။ ၎င်း၏မျက်နှာသည် ဆာဖျူရစ်အက်စစ်များနှင့် ထိတွေ့ထားသောကြောင့် ဆိုးရွားသည့် အနံ့အသက်များ ထွက်ပေါ်လျက်ရှိနေပြီး မျက်ရည်များကလည်း အဆမတန် ကျဆင်းနေခဲ့၏။ သူ့၏ နှာခေါင်းသည် အသက်ရှု၍ မရသလိုပင် ဖြစ်လို့နေသည်။ ထို့ကြောင့် မြန်မြန်ဆန်ဆန် လှုပ်ရှားနေခြင်းပင်။

ထျန်းဟန်သည် ရှမ့်လန်၏အိမ်တွင်းသို့ ဝင်ရောက်ပြီးနောက် အိပ်ရာပေါ်တွင် လှဲနေသော လူသုံးယောက်ကို မြင်လိုက်ရ၏။ သူသည် လက်ကိုင်ပုဝါကို ထုတ်ယူကာဖြင့် ကျဆင်းလျက်ရှိနေသော သူ၏ မျက်ရည်များကို သုတ်လိုက်၏။

အိပ်ရာပေါ်တွင်တော့ အဘွားအိုတစ်ယောက်ကို ခပ်ဝါးဝါး မြင်လိုက်ရ၏။ ၎င်း၏ပုံပန်းသွင်ပြင်သည် ခါးကိုင်းကိုင်း နှင့်ဖြစ်ပြီး ဆံပင်များကလည်း ဖြူရော်လို့နေခဲ့၏။ ရှမ့်လန်၏အမေပင် ဖြစ်ပေလိမ့်မည်။

“ရှမ့်လန်.. မင်း ငါနဲ့ရန်သူဖြစ်ရတဲ့အတွက် ဘဝတစ်သက်သာလုံး နောင်တတွေ ရနေစေရမယ်” ထျန်းဟန်က အံကိုကြိတ်လိုက်၏။ ပြီးသည့်နောက် ဓားတစ်ချောင်းကို ထုတ်ယူကာဖြင့် ရှမ့်လန်အမေ၏ လည်ကို လှီးလိုက်၏။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ သူသည် ဆုံးဖြတ်ချက်ခိုင်မာစွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။ ချက်ချင်းပင် သွေးများ ပျံ့နှံ့သွားခဲ့၏။ ခေါင်းနှင့်ကိုယ်သည် သီးခြားစီဖြစ်သွားခဲ့သည်။

ပြီးနောက် ထျန်းဟန်သည် ရှမ့်လန်၏အဖေကို ထပ်မံကာ ခုတ်လိုက်ပြန်၏။ “ခင်ဗျားဆီမှာ အဆုတ်ပြဿနာ ရှိနေတယ်မဟုတ်လား။ ဒီတော့ ခင်ဗျားကို နှစ်ပိုင်းပိုင်းပေးလိုက်မယ်။ ဒါဆိုရင် ခက်ခက်ခဲခဲနဲ့ အသက်ရှူစရာ မလိုတော့ဘူး။ ချောင်းလည်း အရမ်းဆိုးတော့မှာ မဟုတ်ဘူး”

ဆွစ်

နှစ်ပိုင်းပိုင်းပြတ်သွားခဲ့သည်။

ချက်ချင်းပဲ ချောင်းဆိုးလျက်ရှိနေသည့် အိပ်ရာပေါ်မှ အဘိုးအိုသည် နှစ်ပိုင်း ပိုင်းပြတ်ကာ သေဆုံးသွားခဲ့ပြီဖြစ်၏။ နောက်ဆုံးမှာတော့ ထျန်းဟန်သည် နောက်ထပ်အိပ်ရာ တစ်ခုဆီသို့ ရောက်ရှိသွား၏။ ထိုအိပ်ရာပေါ်တွင်တော့ ခြေထောက်ကို သစ်သားချောင်းဖြင့် စည်းနှောင်ထားခဲ့သည့် လူငယ်တစ်ယောက်က လဲလျောင်းနေခဲ့၏။ ရှမ့်လန်၏ ညီငယ်လေး ရှမ့်ကျန်ပင်ဖြစ်ပေလိမ့်မည်။

ရှမ်းကျန့်၏ ခြေထောက်များသည် အဝက်နက်ဂိုဏ်းမှ သူ့လူများ၏ ရိုက်ချိုးခြင်းကိုခံထားရ၏။ တစ်စုံတစ်ယောက် ၏ ပိုက်ဆံကို ယူရန်အတွက် သူတို့သည် တမင်တကာ ပြုလုပ်ထားခဲ့ခြင်းပင် ဖြစ်၏။

ဟုတ်ပေ၏။ ရှမ့်ကျန်၏ခြေထောက်ကို ရိုက်ချိုးခဲ့ခြင်းဆိုသည်မှာ အလွန်သေးငယ်လွန်းသော ကိစ္စဖြစ်၏။ ထျန်းဟန် အနေနှင့် ယခင်တုန်းက ထိုအရာကို ခေါင်းထဲပင် ထည့်လိမ့်မည်မဟုတ်ချေ။

“အမှိုက်ကောင်.. မင်းက ငါ့ရဲ့ရန်သူဖြစ်ဖို့အတွက် အရည်အချင်း ပြည့်မီတာမဟုတ်ဘူး။ ရှမ့်လန်ကြောင့်သာ မင်းကိုငါ အခုလိုလာပြီး တိုက်ရိုက် သတ်ဖြတ်နေရတာ။ ဒီတော့ မင်းဂုဏ်ယူသင့်တယ်။ ငါလို ဆရာကြီး ကိုယ်တိုင် ရောက်လာပြီး မင်းကို သတ်ဖြတ်တယ်ဆိုတာ မင်းအတွက် ဂုဏ်ယူသင့်တဲ့အရာပဲ”

ထျန်းဟန်သည် ဘေးတစ်ဖက်တွင်ရှိနေသည့် တုတ်တစ်ချောင်းကို ကောက်ယူပြီးသည့်နောက် လူငယ်၏ ခြေထောက်ကို အားရပါးရ ရိုက်နှက်၏။ ချက်ချင်းပင် အရိုးကျိုးသည့်အသံ ပေါ်ပေါက်လာခဲ့၏။ အိပ်ရာပေါ်တွင်ရှိနေသည့် လူငယ်၏ခန္ဓာကိုယ်သည် တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေ၏။ သို့ပေမည့် တစ်ချက်ကလေးမှ မအော်ခဲ့ချေ။

ထျန်းဟန်က အေးစက်စက် ပြောလိုက်သည်။ “မိသားစုတွေ ပြန်ပြီးပေါင်းဆုံရမှာပေါ့။ အရင်ဆုံး မင်းတို့ သုံးယောက်ကို ငါသတ်ပြီးရင် ရှမ့်လန်ကို သတ်ပေးမယ်။ ငရဲပြည်ကို သွားပြီးတော့ မိသားစုတွေ အတူတူ ဆုံကြပေါ့”

ပြီးနောက် သူသည် ဓားကိုထုတ်ယူကာဖြင့် လူငယ်၏ ရင်ဘတ်ကို တေ့လိုက်၏။ ဓားသည် လူငယ်၏ နှလုံးသား နေရာသို့ တစ်ခါတည်း ထိုးဖောက်သွားခဲ့၏။

ဇွိ ….။

လူငယ်သည် မသေဆုံးခင် အော်ဟစ်ရန် အခွင့်အရေးရခဲ့သည် ဆိုသော်လည်း တစ်ချက်ကလေးမှ မအော်ဟစ်ခဲ့ချေ။ ရှမ့်လန်၏မိသားစုသုံးယောက်ကို သတ်ဖြတ်ပြီးနောက် ထျန်းဟန်သည် စိတ်ကျေနပ်သွားမိ၏။ သူ့၏ နှလုံးသားထဲတွင်ရှိနေသည့် ဒေါသတရားများသည် အတန်ငယ် ပြေလျော့သွားခဲ့၏။ သူ၏စိတ်ထဲတွင်တော့ ရှမ့်လန်ကို မည်ကဲ့သို့သတ်ဖြတ်ရမည်ဖြစ်ကြောင်းနှင့် ၎င်း၏ မိသားစုအလောင်းများ ကြားထဲတွင် ရှမ့်လန်တစ်ယောက် အားရပါးရအော်ဟစ်ငိုကြွေးနေသည့် ပုံရိပ်ကို မြင်ယောင်ရင်း ပြုံးလိုက်မိ၏။ ရန်ငြိုးအတွက် ပေးဆပ်ရပေလိမ့်မည်။ မည်မျှ စိတ်ကျေနပ်စရာ ကောင်းလှသနည်း။

ထိုအချိန်မှာပဲ လက်စားချေပြီးနောက် ပျော်ရွှင်လျက်ရှိနေသည့် ထျန်းဟန်၏မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ဆာဖျူရစ်အက်စစ်များသည် အလွန်ပြင်းထန်၏။ မျက်နှာကို ဆက်တိုက်ဆိုသလို တိုက်စားနေသောကြောင့် မျက်ရည်များပင် ကျဆင်းလာခဲ့၏။ အမှောင်ထဲတွင် ဖြစ်နေသလို သူသည် သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိချေ။ သူသည် ရေတစ်ခွက်ကို ကောက်ယူပြီးနောက် မော့သောက်လိုက်၏။ လည်ချောင်းတွင် တောက်လောင်လျက် ရှိနေသည့် ခံစားချက်များကို ရရှိနေ၏။

“ရှမ့်လန်.. ငရဲပြည်ကို ရောက်သွားတယ်ဆိုရင်တောင် ငါ့ကိုရန်ပြုမိတဲ့အတွက် မင်းနောင်တ ရရမယ်။ ငါ ထျန်းဟန်က မျက်နှာနဲ့ ဂုဏ်သိက္ခာတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားခဲ့တယ်ဆိုပေမဲ့ အခုလွတ်လပ်သွားပြီ။ ပျော်ရွှင်မှုအပြည့်နဲ့လူ ဖြစ်သွားပြီ။ ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးကြောင့်ပဲ။ ခွေးကောင်လေး မင်းစောင့်နေ။ ငါမင်းကိုမကြာခင် သတ်ပစ်မယ်။ ဟား ဟား ဟား ဟား ဟား”

ထိုအချိန်မှာပဲ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးက လင်းလင်းသွားခဲ့၏။ မီးတုတ်တစ်ခုသည် အမှောင်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ထျန်းဟန်သည် မတ်တပ် ထရပ်လိုက်၏။ တံခါး၏အပြင်ဘက်တွင် လူတစ်ယောက် ပေါ်ပေါက်လာခဲ့၏။ ထိုလူသည် လေပြင်းများကြားထဲတွင် ရှိနေသည့် ကျောက်ရုပ်တု တစ်ခုကဲ့သို့ပင် မတ်မတ်ရပ်လျက်ရှိနေ၏။

အပြင်ဘက်တွင် မှောင်မဲနေသောကြောင့် ထိုသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့ပေမည့် အသွင်အပြင်၊ အမူအရာနှင့် ဝတ်စားထားသည်ကို ကြည့်ရှုမည်ပါက အလွန်ချောမောလွန်းပြီး လူပေါင်းများစွာတို့ မနာလိုဖြစ်ရမည့် ပုံစံမျိုးပင်။ ထိုလူ ပြာဖြစ်နေမည်ဆိုလျှင်တောင်မှ ထျန်းဟန်သည် ထိုသူ မည်သူဖြစ်ကြောင်း ကောင်းကောင်းသိရှိလို့နေသည်။

“ရှမ့်လန်.. ဟား ဟား ဟား ဟား ဟား”

ထျန်းဟန်သည် အားရပါးရ ရယ်မောကာ ပြောလိုက်၏။ “ရှမ့်လန် ခွေးကောင်။ ငါမင်းကို ကြည့်စေချင်နေတာ။ ဒါပေမဲ့ မင်းက ကိုယ်တိုင်လာပြီး ကြည့်ခဲ့တာပဲ။ ဒါကောင်းကင်ရဲ့မေတ္တာပဲ။ ကောင်းကင်ကြီးက ငါ့ကို မပစ်ပယ်ခဲ့ဘူး။ မင်းအခုကြည့်စမ်း။ ဘာတွေဖြစ်နေပြီလဲ … မင်းကြည့်စမ်း”

နတ်ဘုရားများသည် သူ့အပေါ် ကြင်နာခဲ့ပုံပေါ်၏။ တကယ်ပဲ သူ့ဆီသို့ ဤခွေးသူတောင်းစားလေးကို စေလွှတ်လိုက်၏။ ပြီးနောက် သူသည် ရှမ့်လန်၏ခန္ဓာကိုယ်ကို အစိတ်အပိုင်း တစ်သောင်းလောက် ခုတ်ဖြတ်ရန် စဉ်းစားထား၏။ ရှမ့်လန်သည် မသေဆုံးခင်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် နာကျင်မှုမျိုးကို ခံစားရပေလိမ့်မည်။

“မင်းနောက်ကျသွားပြီ ခွေးကောင်လေး”

ထျန်းဟန်က ဒေါသတကြီးပြောလိုက်သည်။ “မင်းအခု လွယ်လွယ်ကူကူနဲ့ လွတ်တော့မှာမဟုတ်ဘူး။ မင်းငါ့သားကို ကန်ပြီး သတ်ခဲ့တယ်။ ငါမင်းကို သေအောင် ပြန်ကန်မယ်။”

ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိနေသည်ဆိုလျှင်တောင်မှ ထျန်းဟန်သည် သူ့မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ရန် မမေ့လျော့ခဲ့ချေ။

“ရှမ့်လန် လာ.. လာကြည့်စမ်း။ မင်းရဲ့မိဘနဲ့ မင်းရဲ့ညီငယ် အကုန်လုံးသေသွားပြီ။ မင်းတစ်ယောက်ပဲ ကျန်တော့တယ်” ထျန်းဟန်သည် ခြောက်ကပ်ကပ်နှင့်ပြောလိုက်၏။ သူ၏အသံတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများက အပြည့်အဝ ပေါ်ပေါက်လို့နေ၏။

ရှမ့်လန်သည် တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။ “ထျန်းဟန် … ဟန်ဆောင်နေတာ ရပ်လိုက်ပါတော့”

ထျန်းဟန်သည် မည်သို့မှမနေနိုင်ဘဲ အံ့အားသင့်သွားမိ၏။ သူ့ဟန်ဆောင်မှုသည် မည်သည့်ပြစ်ချက်မှ မရှိဟု ယုံကြည်မိ၏။ သူ့၏ညီငယ်လေးသည် သူ့နှင့် တစ်ပုံစံတည်း တူညီလို့နေခဲ့ပြီး သူနှင့်လေသံအတိုင်းပင် ပြောဆိုတတ်၏။ ဟန်ပန်အမူအရာနှင့် သိုင်းစွမ်းရည် .. အရာအားလုံးကလည်း တူညီ၏။ ထိုတင်သာ မကသေးချေ။ သူ့ညီ၏ခန္ဓာကိုယ်ကို မီးရှို့ပြီးနောက် စိတ်ချရစေရန် သေးငယ်သည့်အပ်တစ်ချောင်းကိုပါ အထဲ၌ ထည့်ထားခဲ့၏။ ကျိန်းသေပေါက် ထျန်းဟန်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့်အပ်နှင့် တူညီသည့်အရာပင်။

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားလိုအဆင့်နဲ့ ထပ်တူညီတဲ့ အစားထိုးစရာ လူတစ်ယောက်ကို ရှာဖို့ဆိုတာ မလွယ်ဘူး။ ဒီတော့ အခုသေသွားတဲ့လူက ခင်ဗျားရဲ့အမွှာညီ မဟုတ်လား”

ထျန်းဟန်သည် တကိုယ်လုံး တုန်ယင်သွားခဲ့၏။ မည်သည့်စကားမှ မဆိုချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားက တကယ့် ခွေးသူတောင်းစားပဲ။ ကိုယ့်ရဲ့အသက်ရှင်သန်မှုအတွက် ကိုယ့်ရဲ့ တစ်ဦးတည်းသော ညီကိုတောင်မှ မတွန့်ဆုတ်ဘဲ စတေးပစ်ခဲ့တယ်”

ရှမ့်လန်သာဆိုပါက ထိုကဲ့သို့သောအရာမျိုးကို ကျိန်းသေပေါက် ပြုလုပ်မည် မဟုတ်ချေ။ ထို့အပြင် ရှမ့်လန်၌ အမွှာညီ မရှိချေ။

ထျန်းဟန်သည် အေးစက်စက်နှင့် ပြုံးလျက်ရှိနေ၏။ ရှမ့်လန်တစ်ယောက် သူ့ကို အသာစီးရယူရန်အတွက် အခွင့်အရေး မည်သို့မှ ပေးလိမ့်မည် မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်၏။ “အင်း… ခင်ဗျားက တကယ့်ကို ယုတ္တိတန်အောင် ပြုလုပ်ခဲ့တာပဲ။ မီးရှို့လိုက်တဲ့ အလောင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ငွေရောင်အပ် ပါးပါးလေးတစ်ခုကိုတောင် ထည့်ထားသေးတယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့အရာနဲ့ ထပ်တူညီအောင်ပေါ့။ ဒါပေမဲ့ ခင်ဗျားသိမှာ မဟုတ်ဘူး။ ခင်ဗျားခန္ဓာကိုယ်ထဲမှာ ရှိတဲ့အပ်က ကွေးနေတာ။ မီးရှို့ခံရတဲ့ အလောင်းမှာရှိတဲ့အပ်ကတော့ ဖြောင့်ဖြောင့်ကြီး ဖြစ်နေတယ်”

ထျန်းဟန်သည် မည်သို့မှမနေနိုင်ဘဲ တုန်လှုပ်သွားခဲ့မိ၏။ ဤကဲ့သို့သေးငယ်သည့် ပြစ်ချက်လေးကို ရှမ့်လန်က အဘယ်သို့ သိရသနည်း။ သို့ပေမည့် သူ ဘာမှမဆိုချေ။ ရှမ့်လန်တစ်ယောက် သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားနေသည်ဆိုလျှင်ကော အဘယ်သို့ ဖြစ်မည်နည်း။

“ခင်ဗျား စုန့်ရီလို ဟန်ဆောင်ချင်တယ်ပေါ့။ ပြီးတော့ ကျုပ်မိသားစုတွေကို သတ်မယ်။ ပြီးတော့ ထွက်သွားမယ် မလား”

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်၏။ “ဆာဖျူရစ်အက်စစ်တွေလောင်းပြီး မျက်နှာတစ်ခုလုံး စုတ်ပြတ်သပ်သွားတဲ့ စုန့်ရီရဲ့မျက်နှာပုံစံမျိုး ဟန်ဆောင်ဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး။ ဆာဖျူရစ်အက်စစ်တွေ ဘယ်ကရလဲ။ ဒီကိစ္စကို ဘယ်သူလုပ်ပေးတာလဲ။ ရှစ်ကွမ်းယွမ်လား။ ဒါမှမဟုတ် ရှစ်ချင်းချင်းလား”

သို့နောက် ရှမ့်လန်သည် လက်ကိုအသာဝှေ့ယမ်းလိုက်သည်။

လူတစ်ယောက်က ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် စုန့်ရီပင်ဖြစ်၏။ ၎င်း၏မျက်နှာသည်လည်း ဆာလဖျူရစ်အက်စစ်များနှင့် စုတ်ပြတ်သတ်လျက် ရှိ၏။

“အား အား နာလိုက်တာ။ နာလိုက်တာ။ ကျုပ်ကို ရေပေးပါအုံး” စုန့်ရီသည် ထျန်းဟန်လို မမာကျောချေ၊ ထို့ကြောင့် နာကျင်ကြီးစွာဖြင့် အော်ဟစ်လျက် ရှိနေ၏။ စုန့်ရီတစ်ယောက် အကျဉ်းထောင်မှ ထွက်ပြေးလာပြီးနောက် ရှမ့်လန်၏ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဟု မည်သူကထင်မှတ်မည်နည်း။

ဤချောမောသည့် ကောင်လေးသည် အကြံအစည်ပေါင်းမြောက်များစွာနှင့် ဖြစ်လို့နေ၏။ သူ့အနေနှင့် ကြာကြာ ပုန်းအောင်း၍ ရနိုင်မည်မဟုတ်ကြောင်း ထျန်းဟန်က ကောင်းကောင်းသိရှိ၏။ ရုတ်တရက် မတ်တပ် ထရပ်ပြီးသည့်နောက် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်အဝါကြီးကြီးနှင့် ဖြစ်တည်လာခဲ့သည်။

“ဟား ဟား ဟား ဟား”

ကျယ်လောင်စွာ ရယ်မောပြီးနောက် ထျန်းဟန်က ပြောဆိုလိုက်၏။ “အဲ့တော့ ဘာဖြစ်လဲ။ မင်းနောက်ကျသွားပြီ ရှမ့်လန်။ ငါ မင်းရဲ့မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့ပြီ။ ဟား ဟား ဟား ဟား ဟား။ ရှမ့်လန် အော်ငိုလိုက်စမ်း။ အားရပါးရ အော်ငိုလိုက်စမ်း။ မင်းက မင်းမိသားစုကို အချစ်ဆုံးမလား။ အခု မင်းရဲ့ရှေ့မှာ သူတို့အားလုံး သေသွားခဲ့ပြီ။ မင်းဘာမှ မလုပ်နိုင်ဘူး။ ဒီတော့ သေချင်လောက်တဲ့အထိ နာကျင်မှုကို မခံစားရဘူးလား”

ထျန်းဟန် ပြောဆိုသည့် စကားလုံးများသည် သွေးတစ်စက်စက် ယိုကျစေခဲ့သည်။

သို့သော်ငြား ရှမ့်လန်သည် ၎င်းကို အရူးတစ်ယောက်ကဲ့သို့ပင် လှမ်းကာ ကြည့်ရှုနေ၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ထျန်းဟန်… ခင်ဗျားရဲ့အမြင်အာရုံက တော်တော်ဆိုးတာပဲ။ ခင်ဗျား အခုသတ်ခဲ့တဲ့လူတွေက ဘယ်သူတွေလဲ ကြည့်လိုက်အုံး”

ပြီးနောက် သူသည် အခန်းထဲသို့ မီးတုတ်တစ်ခုနှင့် လှမ်းညွှန်လိုက်၏။ ထျန်းဟန်သည် မီးတုတ်ကို အသာ လှမ်းယူပြီးနောက် အလောင်းသုံးလောင်းဆီသို့ သွားကာကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလိုပဲ သူ၏ခေါင်းတစ်ခုလုံးရှိ လေများအေးခဲသွားခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အမွေးပေါင်း များစွာတို့သည် ထောင်ထသွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် တည်နေရာထဲတွင် အေးခဲသွားခဲ့၏။

အချိန်ခဏကြာပြီးသည့်နောက်

“အား.” ထျန်းဟန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။

သူသတ်ဖြတ်ခဲ့သည့် ရှမ့်လန်၏အမေသည် ရှမ့်လန်အမေ မဟုတ်ချေ။ သူမသည် ထျန်းဟန်၏ မိန်းမဖြစ်ပြီး ပြစ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့သည့် ဆိုးသွမ်းလွန်းသော မိန်းမတစ်ယောက်လည်း ဖြစ်၏။ မိန်းကလေးပေါင်း မြောက်များစွာတို့ကို ပြည့်တန်ဆာခန်းဆီသို့ ပို့ဆောင်ခဲ့သည့်သူမျိုးပင်။ သို့ပေမည့် သူမသည် ရှမ့်လန်အမေ၏ အဝတ်များကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများဖြစ်အောင် ပြုလုပ်ထားခဲ့သေး၏။

ထျန်းဟန် သတ်ဖြတ်ခဲ့သည့် အဘိုးအိုမှာတော့ ထျန်းဟန်၏ အယုံကြည်ရဆုံး အိမ်စေကြီးပင် ဖြစ်၏။ ထျန်းဟန် သတ်ဖြတ်ခဲ့သည့် လူငယ်ရှန့်ကျန်သည် ထျန်းဟန်၏သား ထျန်းရှန်ပင်ဖြစ်သည်။ မည်မျှဆိုးရွားလိုက်သနည်း။ သူ့ထက် ဆိုးရွားသည့်လူဟူ၍ မည်သူရှိတော့မည်နည်း။

“မဟုတ်ဘူး။ မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး”

All Chapters