← Chapters

အပိုင်း (၇၇)

Vol. 6 Ch. 77

အပိုင်း (၇၇)

Vol. 6 Ch. 77

နောက်ဆုံးမှာတော့ သူ၏ ယောက္ခထီးပေးသော ဖိအားများ၏အောက်မှာတော့ ရှမ့်လန်သည် နာမည်များကို အနည်းငယ် ပြောင်းလဲလိုက်ခဲ့ရ၏။ ဇာတ်ကောင်များ၏နာမည်ကို ပြောင်းလဲလိုက်ခြင်းပင် ဖြစ်လေ၏။ ရှီမန်ချင်းချင်း၏နာမည်တွင် ရှီမန်ဝမ်ဝမ်ဟု ပြောင်းလဲပေးခဲ့၏။ သို့ပေမည့် စာဖတ်သူများသည် ရှစ်ချင်းချင်း၏ မျက်နှာကို မြင်ယောင်ကြမှာ သေချာ၏။

..................

ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် ရထားလုံးပေါ်တွင် အသာထိုင်ပြီးနောက် လန်ရှန်မြို့ဆီသို့ ဦးတည်လိုက်ကြ၏။ ၎င်းတို့ ရွှမ်ဝူမြို့နှင့် မိုင်တစ်ရာအဝေးတွင် လန်ရှန်မြို့က တည်ရှိ၏။ သူတို့ အဘယ်ကြောင့် ဤနေရာသို့ သွားရ သနည်း။ အဘယ်ကြောင့်ဆိုသော် လန်ရှန်မြို့သည် စာပေယဉ်ကျေးမှု ထွန်းကားရာနေရာ ဖြစ်သောကြောင့်ပင်။

လန်ရှန်မြို့သည် နုကျင်းစီရင်စုအောက်တွင် တည်ရှိနေသည့်အရာမဟုတ်ချေ။ ရန်ဝူစီရင်စု၏အောက်တွင် တည်ရှိနေသည့်နယ်မြေလည်း ဖြစ်၏။ ပိုမို၍ အံ့အားသင့်စရာကောင်းသည်မှာ ရန်ဝူစီရင်စု၏ အုပ်ချုပ်သူသည် ကျန်းမိသားစု၏ နိုင်ငံရေးအရရန်သူလည်း ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် ရှမ့်လန်၏ စာအုပ်ကို ပုံနှိပ်ထုတ်ဝေမည်ဆိုပါက ဤနေရာက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ပထဝီမြေပြင်အနေအထားအရ လန်ရှန်မြို့နှင့် ရွှမ်ဝူမြို့တို့သည် အလွန်လည်း နီးစပ်၏။ ကျော်ကြားသည့် ယဉ်ကျေးမှုမြို့တော်တစ်မြို့ ဖြစ်သည့်နှင့်အညီ ပတ်ဝန်းကျင်နိုင်ငံများဆီသို့ ဤနေရာဆီမှ စာအုပ်များ ဖြန့်ဝေနိုင်၏။

လန်ရှန်မြို့၏ အထင်ကရသည် စာအုပ်ရောင်းချခြင်းဖြစ်ပြီး ရွှမ်ဝူမြို့၏အထင်ကရမှာတော့ ပိုးထည်ဖြစ်၏။ ကြီးမားသည့်အရာများကို ပြုလုပ်နိုင်ရန်အတွက်ဆိုလျှင် လန်ရှန်မြို့ဆီသို့ သွားရောက်ကာ စာအုပ် ထုတ်ဝေခြင်းကသာ အကောင်းဆုံး ရွေးချယ်ခြင်း ဖြစ်ပေလိမ့်မည်။

“ငါ့အဖေ မင်းကို မရိုက်ဘူးလား” ကျင်းမူကုန်းက အံ့အားသင့်သွားခဲ့သည်။

ရှမ့်လန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ “အဖေက ငါ့ကိုမရိုက်ဘူး။ ဘာလဲ။ မင်း စိတ်ပျက်သွားပြီလား”

“အင်း”

ကျင်းမူကုန်းသည် အမှတ်မထင်ပြန်လည်ကာ ပြောဆိုလိုက်၏။ ပြီးနောက် ချက်ချင်းပဲ ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါက သစ္စာရှိတဲ့လူတစ်ယောက်ပဲ။ ငါဒီလို တွေးနေမှာ မဟုတ်ပါဘူး”

ပြီးနောက် ကျင်းမူကုန်းက ပြောလိုက်၏။ “အဖေက ဒီစာအုပ်ကို ဆွဲမဖြဲပစ်ခဲ့ဘူးလား”

ရှမ့်လန်သည် ဤကလေးဆနှသော မေးခွန်းကို ဖြေဆိုရန် စိတ်ပါဝင်စားမှု မရှိချေ။ အဘယ်ကြောင့် ဆိုသော် သူ၏ ယောက္ခထီးသည် ထိုအရာကို ဆွဲမဖြဲပစ်သည်ဆိုပါက ကျင်းမူကုန်းအနေဖြင့် ထပ်မံရေးသားနေရမည် မဟုတ်ပါလား။ ထို့အပြင် သူ၏ ယောက္ခထီးသည် သူ့ကို ချီးပင် ချီးကျူးခဲ့သေးသည်။

“ယောက်ဖ၊ ကြည့်ရတာ ငါတို့ရဲ့စာအုပ်က နာမည်ကျော်ကြားတော့မယ်နဲ့ တူတယ်”

ကျင်းမူကုန်းက ပြောလိုက်၏။ “ရှေးရိုးစွဲ ငါ့အဖေတောင်မှ ဒီအရာကို ဆွဲမဖြဲမပစ်ဘူးဆိုတော့ ကျိန်းသေပေါက် ကျော်ကြားမယ့်အရာ ဖြစ်လိမ့်မယ်”

စာဖတ်ခြင်းနှင့် ပတ်သက်ပြီး ပြောရမည်ဆိုလျှင် မြို့စားကြီးရွှမ်ဝူသည် ကျိန်းသေပေါက် အတွေ့အကြုံ များပြားသည့် လူတစ်ယောက်ဖြစ်၏။ စာအုပ်တစ်အုပ်ကို ဖတ်ရှုလိုက်ရုံနှင့် ထိုအရာသည် ကောင်းမွန်သည့်အရာ ဖြစ်သည်လား သို့မဟုတ် အဆိပ်စာပေများ ဖြစ်နေသည်လားဆိုသည်ကိုပင် ခွဲခြားနိုင်စွမ်းရှိနေ၏။ သာမန်စာအုပ် တစ်အုပ်သာဆိုပါက အဘိုးကြီးသည် လှည့်ပင်ကြည့်ရှုမည် မဟုတ်ချေ။ ချီးကျူးဖို့ဆိုလျှင်တော့ ဝေးလာဝေးပင်။ ယခု ချီးကျူးသွားခဲ့သောကြောင့် ရှမ့်လန်၏ စာအုပ်သည် ကျိန်းသေပေါက် နာမည်ကျော်ကြားရပေတော့မည်။

...........

လေးနာရီကျော် ကြာမြင့်ပြီးနောက် ရှမ့်လန်နှင့် ကျင်းမူကုန်းတို့၏ ရထားလုံးသည် လန်ရှန်မြို့ဆီသို့ ရောက်ရှိ လာခဲ့၏။ မြို့ထဲတွင်ရှိနေသည့် ယဉ်ကျေးမှု အမွေအနှစ်များသည် ရွှမ်ဝူမြို့လောက် ကောင်းမွန်ခြင်း မရှိချေ။ မြို့သစ် တစ်ခုကဲ့သို့ သတ်မှတ်ရမှာဖြစ်၏။ မြို့ထဲတွင် တော်ဝင်မျိုးနွယ်ဟောင်းများ နေထိုင်လျက်ရှိ၏။ အဓိကအားဖြင့် လန်ရှန်မြို့စားလေးအိမ်တော်ပင်။

သို့ပေမည့် ကျူးမိသားစုသည် ညံ့ဖျင်းလွန်းသည်။ ရန်ဝူစီရင်စုဆီမှ အုပ်ချုပ်သူများ၏ စည်းမျဉ်းဥပဒေသစ်များ မရောက်ခင်မှာပင် ဤမြို့စားလေးသည် အစောကြီးတည်းက ကြိုတင်ကာ အညံ့ခံခဲ့၏။ သူသည် သူ၏လယ်မြေများ၊ စစ်တပ်များကို မင်းကြီးဆီသို့ ပေးပို့ခဲ့ပြီး ဤနေရာတွင် အန္တရာယ်ကင်းစွာ နေထိုင်နိုင်ရန် စီစဉ်ခဲ့သည်။ ပြီးနောက် လက်ကျန်စီးပွားရေးကိုသာ ဆက်လုပ်ပြီး နိုင်ငံရေးလောကမှ နှုတ်ထွက်ခဲ့သည်။

ထိုသို့ဆိုလျှင်တောင်မှ လန်ရှန်မြို့စားလေးအိမ်တော်သည် ရှေးတော်ဝင်မျိုးနွယ်များ၏ ဂုဏ်သိက္ခာတရားကိုတော့ ပိုင်ဆိုင်နေသေး၏။ ထိုအရာနှင့် ပတ်သက်သည်ဆိုပါက ရွှမ်ဝူမြို့စားကြီးသည် လန်ရှန်မြို့စားလေး၏ အရှက်မဲ့သည့် လုပ်ရပ်များကို ထပ်တလဲလဲဖြင့် ပြစ်တင်ကြိမ်းမောင်းဖူး၏။ ထိုကဲ့သို့သောအမူအရာသည် တော်ဝင်မျိုးနွယ်များ၏ မျက်နှာကို သေးနှင့်ပန်းသကဲ့သို့ပင် ခံစားခဲ့ရ၏။

.......

ငွေကြေးအရပြောရမည်ဆိုလျှင် လန်ရှန်မြို့သည် ရွှမ်ဝူမြို့လောက် ချမ်းသာကြွယ်ဝခြင်းမရှိချေ။ သို့ပေမည့် ဈေးကွက်အရ ပြောရမည်ဆိုလျှင်တော့ တကယ့်ကို ကျယ်ပြန့်လွန်းလှချေ၏။ တကယ့်ယဉ်ကျေးမှုမြို့တော်ဟု ခေါ်ဆိုရန် ထိုက်တန်သည့်နေရာပင် ဖြစ်၏။ စာအုပ်ဆိုင်ပေါင်းများစွာ တည်ရှိနေပြီး စာအုပ်ဆိုင်တန်း များကလည်း နေရာအနှံ့ပင်။ လေထဲတွင် မင်နံ့များပင် သင်းကြိုင်လျက်ရှိနေသည်။

နိုင်ငံပေါင်းမြောက်များစွာနှင့် မြို့ပေါင်းမြောက်များစွာဆီသို့ ဤနေရာဆီမှ စာအုပ်များကို ဖြန့်ချီပေးလျက် ရှိ၏။ လမ်းတစ်လျှောက်ရှိ စာအုပ်ဆိုင်ပေါင်းများစွာကို ကျော်ဖြတ်ပြီးသည့်နောက် ရှမ့်လန်သည် ကြီးမားလွန်းသည့် ဆိုင်းဘုတ်ကြီးတစ်ခုကို မြင်လိုက်ရ၏။

“အချစ်အိမ်မက် ဒုတိယအတွဲ ထွက်ရှိရန် ဆယ့်ခြောက်ရက်သာလျှင် လိုတော့၏”

တကယ်ပင် ဤကဲ့သို့ အချိန်ကာလကိုပင် ထည့်သွင်းကာဖြင့် ကြော်ငြာခြင်း ရှိနေသည်လား။ အချစ်အိမ်မက်ဆိုသည့် စာအုပ်သည် မည်မျှ နာမည်ကျော်ကြားနေသနည်း။ နာမည်ကျော်ကြားသည်ထက်ပင် ပိုမိုကာ ပေါက်ပြီး ဝက်ဝက်ကွဲ အောင်မြင်ခြင်းလည်း ဖြစ်နိုင်သည်။

ပထမစာအုပ်သည် တကယ့်လန်ရှန်မြို့၏ အရောင်းမှတ်တမ်းကိုပင် ချိုးဖျက်သွားခဲ့၏။ နှစ်ဝက်လောက် ကြာမြင့်သွားခဲ့သည်ဆိုလျှင်တောင်မှ လူပေါင်းများစွာတို့သည် ဒုတိယအတွဲကို ဖတ်ရှုရန်အတွက် မျှော်လင့်တောင့်တ နေကြ၏။ ထို့ကြောင့် စာအုပ်ဆိုင်ပေါင်းများစွာတို့သည် ဤစာအုပ်ဒုတိယအတွဲ ထွက်လာမည့် နေ့ရက်ကို ကြိုတင် သတိပေးကြော်ငြာထားခြင်းသာ ဖြစ်လေ၏။

ဤစာအုပ်၏ ရေးသားသူသည် တကယ်ပင် ကျော်ကြားသည့် ကျောင်းတော်သားတစ်ယောက်ဖြစ်ပြီး မိန်းကလေးပေါင်းများစွာတို့၏ စိတ်ကူးယဉ်မင်းသားလေး တစ်ယောက်ပင်ဖြစ်၏။ လန်ရှန်မြို့ထဲတွင် ကြီးမားသည့် စာအုပ်ဆိုင်ကြီးငါးဆိုင်တိတိရှိ၏။ ဤစာအုပ်ဆိုင်များသည် စာအုပ်များကို ရောင်းချသည် သာမက ပုံနှိပ်ထုတ်ဝေခြင်းကိုလည်း ပြုလုပ်၏။ ၎င်းတို့သည် အနီးအနားမြို့ပေါင်း တစ်ဒါဇင်ကျော်တို့တွင် စာအုပ်ဆိုင်များကိုလည်း ဖွင့်လှစ်ထားခဲ့သေးသည်။

ဤနေရာတွင် အကြီးမားဆုံး စာအုပ်ဆိုင်ကြီးနှစ်ခုရှိပြီး တစ်ခုသည် မွှေးပျံ့မင်မျှော်စင်ဖြစ်ပြီး အခြား တစ်ခုမှာတော့ ကျောက်စိမ်းနန်းဆောင်ဖြစ်၏။ နာမည်များကို ကြည့်ရှုရမည်ဆိုလျှင် ရှေးရိုးဆန်သော စာအုပ်တိုက် နာမည်မျိုး ဖြစ်သည်ဆိုလျှင်တောင်မှ ထုတ်ဝေသည့်စာအုပ်များမှာတော့ တကယ့်ကို ရောင်စုံ ပုံနှိပ်များဖြင့် ထုတ်ဝေခြင်းဖြစ်၏။

ထို့ကြောင့် ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် ကျောက်စိမ်းနန်းတော်ဆီသို့ တစ်ခါတည်း တန်းဝင်လိုက်ကြ၏။ ရှမ့်လန် ကျောက်စိမ်းနန်းတော်ထဲသို့ ဝင်လိုက်သည့်အချိန်မှာပဲ တန်ဖိုးကြီးမားလွန်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ဆီသို့ အကြည့် ရောက်သွားခဲ့၏။ ချောမောသည့် ယောက်ျားများသည် သူ့အတွက် သဘာဝရန်သူပင် ဖြစ်သည်။

ဆိုင်ရှင်သည် ချက်ချင်းရောက်ရှိလာကာ ပြောလိုက်၏။ “လူကြီးမင်းတို့နှစ်ယောက် ဘယ်လိုစာအုပ်ကို လိုချင်လို့လဲ။ ကျုပ်တို့ဆိုင်မှာ နာမည်ကြီး စာအုပ်တစ်အုပ် ရှိပါတယ်။ ဒါကို အချစ်အိမ်မက်လို့ ခေါ်တယ်။ အရမ်းကောင်းတဲ့ စာအုပ်ပဲ။ သခင်လေးတွေ၊ သခင်မလေးတွေအားလုံးက ဒီစာအုပ်ကို ဖတ်ရှုကြတယ်။ ဖတ်ကြည့်လိုက်ရုံနဲ့ စိတ်မပျက်စေရပါဘူး”

“အချစ်အိမ်မက်၊ လာပြန်ပြီလား”

ရှမ့်လန်၏ မျက်လုံးနှင့် နားများသည့် အလိုလို တွန့်ကနဲဖြစ်သွားမိ၏။ ရှမ့်လန်၏ နှုတ်ခမ်းထောင့်တွင် အထင်မြင်သေးသည့် အပြုံးတစ်ခုက ဖြစ်တည်သွား၏။ စာအုပ်၏ နာမည်ကို ကြည့်ရှုလိုက်ရုံနှင့် သူ့အတွက် အဓိပ္ပာယ်ရှိသည့် စာအုပ်မျိုးမဟုတ်ချေ။ မိန်းကလေးပေါင်းများစွာတို့၏ အသဲနှလုံးကို ဆွဲယူနိုင်ရန်အတွက် စကားလုံးချိုချိုများကို အသုံးပြုကာ ရေးသားထားသည့် ခပ်ပေါပေါ စာအုပ်သာလျှင် ဖြစ်ပေလိမ့်မည်။ သူ့ကဲ့သို့သော လူများအတွက်ဆိုလျှင် ထိုစာအုပ်သည် ချီးကုန်းရန်ပင် ထိုက်တန်သည့်အရာမဟုတ်ချေ။

သူ အသာပြုံးလျက် ရှိနေတုန်းမှာပင် စူးရှသည့် အကြည့်နှင့် ချက်ချင်းဆုံမိ၏။ သပ်ရပ်လွန်းသည့် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သော လူငယ်သည် အသာလှမ်းလာကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ဘာလဲ ဒီညီအစ်ကိုအတွက် ရယ်စရာကောင်းနေလား”

၎င်းသည် ချောမောသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် ရှမ့်လန်နှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ ကွာခြားချက်က တည်ရှိနေသေး၏။ ၎င်းဝတ်ဆင်ထားခဲ့သည့်ပိုးထည်ဝတ်စုံသည် ရှမ့်လန် ဝတ်ဆင် ထားသည်ထက် ပိုမိုကာ ဈေးကြီးခြင်းသာလျှင်ရှိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားက ....”

“လန်ရှန် ... ကျူးဝမ်ဟွာ” လူငယ်က ပြောလိုက်၏။

ကျူးဝမ်ဟွာ ဟုတ်လား။ ဪ ... မင်းကိုး ... တော်ဝင်မျိုးနွယ်တွေရဲ့ အရှက်တရားရအောင် ပြုလုပ်ခဲ့တဲ့ကောင်။

၎င်း၏အဖေသည် ငကြောက်ဖြစ်၏။ မင်းကြီးဆီမှ မည်သည့်အမိန့်မှ မရသေးခင်မှာဘဲ ရှိရှိသမျှ လယ်ယာမြေ အားလုံးနှင့် စစ်တပ်အင်အားကို မင်းကြီးဆီသို့ သွားရောက်ဆက်သခဲ့သည့် ခပ်ကြောင်ကြောင် လူတစ်ယောက်ပင် ဖြစ်၏။ သို့ပေမဲ့ ကျုးမိသားစုသည် ထိုကဲ့သို့သောလုပ်ရပ်မှာ အရှက်တရားဟု မထင်ခဲ့ချေ။ မင်းကြီး၏ အသိအမှတ်ပြုမှုကို ရရှိပြီး ချီးကျူးမှုကိုပင်ရရှိခဲ့သည်ဟု တွေးထင်ခဲ့ကြ၏။ ကျူးဝမ်ဟွာသည် လန်ရှန်မြို့စားလေး အိမ်တော်ဆီမှ ဒုတိယမြောက်သားလည်း ဖြစ်လေသည်။

“အင်း.. အချစ်အိမ်မက်ဆိုတာ ငါ့ရဲ့လက်ရာပဲ။ ညီနောင်တို့ ဘာများ အကြံပြုချင်လို့လဲ” ကျူးဝမ်ဟွာက ထပ်မံကာ မေးမြန်းလိုက်၏။ မြို့ပေါင်းဒါဇင်ချီအနှံ့တွင် နာမည်ကျော်ကြားသော ကျောင်းတော်သားမှာ သူပင် ဖြစ်၏။ တစ်ဖက်လူသည် မိန်းကလေးပေါင်းမြောက်များစွာတို့၏ အသည်းနှလုံးကို သိမ်းပိုက်ကာဖြင့် ပိုက်ဆံများများရန် ကြံစည်နေသည့်လူပင် ဖြစ်၏။

ဤကျူးဝမ်ဟွာသည် ကျော်ကြားလွန်းသူတစ်ယောက်ဖြစ်၏။ ကျောင်းတော်သားပေါင်း မြောက်များစွာတို့၏ စံပြပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည် သာမက မိန်းကလေးပေါင်း မြောက်များစွာတို့၏ စိတ်ကူးယဉ်မင်းသားလည်း ဖြစ်နေ၏။ တော်ဝင်မျိုးနွယ်မှ သားတစ်ယောက်လည်း ဖြစ်သည်နှင့်အညီ သူသည် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်မနေခဲ့ချေ။ ကောင်းမွန်သည့် အရာများကို ဆက်တိုက် ပြုလုပ်လျက် ရှိနေ၏။ သူသည် စာပေပညာနှင့် သိုင်းပညာကို လေ့လာခဲ့ပြီး အသက်ဆယ့်ခြောက်နှစ်နှင့်ပင် နာမည်ကျော်ကြားသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။

တခြားသောသူများသည် သူ့ကို အလွန်အမင်း ချီးကျူးကြ၏။ သို့ပေမည့် ရှမ့်လန်မှာတော့ ထိုသူကို ကြည့်ရှုပြီး ငပေါတစ်ယောက်ဟူ၍ပင် ထင်မှတ်နေမိ၏။ ၎င်းပြောသော စကားလုံးများကို နားထောင်ရချိန်မှာတော့ ပိုမိုကာ ဆိုးရွားသွားခဲ့၏။

လွန်ခဲ့သည့် နှစ်အနည်းငယ်က လျန်ချန်မြို့စားလေး အိမ်တော်သည် ၎င်းတို့၏ လယ်ယာမြေများ၊ စစ်တပ်များကို လိမ်လိမ်မာမာဖြင့် မင်းကြီးဆီသို့ ဆက်သခဲ့၏။ ၎င်းတို့၏မိသားစုသည် မည်သည့်မြေကိုမှ မပိုင်ဆိုင်တော့ချေ။ စတုရန်းမိုင်အနည်းငယ်သော လယ်ယာမြေများကိုသာ ပိုင်ဆိုင်တော့၏။ ၎င်းတို့၏ ကိုယ်ပိုင်စစ်တပ်ကလည်း လူသုံးရာ အောက်တွင်သာရှိသည်။

ဤကျူးဝမ်ဟွာသည် မြို့စားလေး၏ ဒုတိယမြောက်သားတော်ဖြစ်၏။ ထို့ကြောင့် တစ်ချိန်တွင် မြို့စားလေး ဆိုသည့် ရာထူးကိုပင် လွှဲပြောင်းလက်ခံ ရယူနိုင်မည့်လူမျိုး မဟုတ်ချေ။ ထို့သို့ဆိုလျှင် သူဘာလုပ်ရမည်နည်း။ ဟုတ်ပေ၏။ တခြားသောနည်းလမ်းတစ်ခုကို ရှာဖွေရပေလိမ့်မည်။ ၎င်း၏ ဂုဏ်သိက္ခာကို တည်ဆောက်နိုင်ရန် အတွက် အင်ပါယာစာမေးပွဲကို ဖြေဆိုရပေလိမ့်မည်။

ထို့အပြင် ဤကျူးဝမ်ဟွာသည် သူ၏ဂုဏ်သိက္ခာကို ပိုမိုတိုးတက်ရန်အတွက် တခြားသော နည်းလမ်းတစ်ခုနှင့် ကြိုးစားချင်စိတ်လည်း ရှိနေသေး၏။ ရှမ့်လန် ခန့်မှန်းရမည်ဆိုလျှင် ဤအရာသည် နုကျင်းစီရင်စု၏ အုပ်ချုပ်ရေးမှူး ကျန်းချုံးနှင့် ပတ်သက်နေပေလိမ့်မည်။ ကျန်းချုံး၏သမီး ကျန်းချွင်းဟွာကို ပစ်မှတ်ထားနေခြင်း သာလျှင် ဖြစ်ပေမည်။

ကျန်းချွင်းဟွာသည် လှပလွန်းပြီး ပါရမီရှင်မိန်းကလေးအဖြစ် ရွှမ်ဝူမြို့ထဲ၌ ကျော်ကြား၏။ သူမသည် ဂုဏ်ယူ လောက်စရာ အရည်အချင်းမျိုးကို ပိုင်ဆိုင်သည်သာမက သူမ၏အဖေကလည်း အံ့အားသင့်စရာ အရာရှိကြီး တစ်ယောက်ပင်ဖြစ်၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် ရှမ့်လန်သည် ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင် တွေ့ပြီဟု သတ်မှတ်လိုက်မိ၏။

သူ ... ရှမ့်လန်နှင့် တစ်ဖက်လူတို့သည် မိန်းမထမီနားခိုစားသည့် ရည်မှန်းချက်ချင်း တူညီလျက်ရှိနေ၏။ သို့ပေမည့် ရှမ့်လန်သည် ပွင့်ပွင့်လင်းလင်း ခိုစားခြင်းဖြစ်၏။ ဤကျူးဝမ်ဟွာမှာတော့ လိမ်ညာလှည့်စားကာ စားသောက်ရန် ပြင်ဆင်နေခဲ့၏။ ၎င်းသည် ဒေါင်းတစ်ကောင် ကဲ့သို့ပင်ဖြစ်၏။ လှပသည့် တောင်ပံများကို ဖြန့်ကား ပြသထားသည် ဆိုသော်လည်း အနောက်တွင် ဖင်ဟောင်းလောင်းနှင့်ပင်။

ရှမ့်လန်၏ စိတ်ထဲတွင် အတွေးပေါင်းမြောက်များစွာ တည်ရှိနေကြောင်း ကျူးဝမ်ဟွာ မသိရှိခဲ့ချေ။ ရှမ့်လန် မည်သူ ဖြစ်မှန်းကိုပင် မသိရှိချေ။ တစ်ချက် ကြည့်ရှုလိုက်သည်နှင့် သူသည် တစ်ဖက်လူကို ကြည့်မရခဲ့ချေ။ မတတ်နိုင်ချေ။ ရှမ့်လန်သည် ချောမောလွန်းသောကြောင့်ပင်။ ထို့အပြင် ဒါဇင်နှင့်ချီသည့် မြို့များတွင် သူသည် ကျော်ကြားလွန်းသည့် ကျောင်းတော်သားတစ်ယောက်ဖြစ်၏။ ထိုတင်မက တော်ဝင်မိသားစု၏ သားတစ်ယောက်လည်း ဖြစ်နေ၏။ ထို့ကြောင့် အလုံးစုံ မောက်မာလျက် ရှိနေသည်။

ဤတစ်ကြိမ်မှာတော့ သူ၏ရှေ့တွင် ရှိနေသည့် လူသည် သူ့ထက်ပိုမိုကာ မောက်မာသည့် လူတစ်ယောက်၏ အသွင်အပြင် အမူအရာမျိုးနှင့် သူ၏စာအုပ်နာမည်ကို ကြားလိုက်ရုံဖြင့် ရယ်မောလျက် ရှိနေသည်။ သူ့ကို လှောင်ပြောင်ချင်နေသည်လား။ သူ့ကို မည်ကဲ့သို့သောလူမျိုးဟု ထင်မှတ်နေလေသနည်း။

ကျူးဝမ်ဟွာ၏ အမြင်အရဆိုလျှင် လောကကြီးထဲတွင် သူ့ထက်ပိုကာ ပါရမီရှိသည့်လူဟူ၍ အနည်းငယ်သာလျှင် ရှိ၏။ သူ့ထက် ချောမောသည်မှာ ရှားမှာရှားပင် ဖြစ်ပေလိမ့်မည်။

“ညီအစ်ကို.. ကျုပ်စာအုပ်ရဲ့ နာမည်ကို ကြားလိုက်တာနဲ့ ခင်ဗျားက ဘာလို့ ရယ်ချင်စိတ်ပေါက်နေရတာလဲ” ကျူးဝမ်ဟွာက အေးစက်စက် မေးမြန်းလိုက်၏။

ရှမ့်လန်သည် ပြုံးကာဖြင့်ပြောလိုက်သည်။ “ဘာလို့လဲမသိပါဘူး။ ဒါပေမဲ့ စာအုပ်နာမည်ကို ကြားလိုက်ရုံနဲ့ ကျုပ် ရယ်ချင်လို့ပါ”

တကယ့်ကို ရန်စခြင်းပင်ဖြစ်၏။ ထိုအရာကို ပြောပြီးသည့်နောက်မှာတော့ အနီးအနားတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် သူတို့အား လှည့်ကြည့်လာကြ၏။

ထင်မှတ်ထားသည့်အတိုင်းပင် ချောမောသည့်လူများသည် သဘာဝရန်သူပင် ဖြစ်၏။ ဆုံတွေ့လိုက်သည် နှင့်တပြိုင်နက် ရန်ဖြစ်ရန် ပြင်ဆင်လျက်ရှိနေသည်။

ကျူးဝမ်ဟွာ၏ မျက်နှာက အေးစက်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ခင်ဗျား ဘယ်သူလဲ”

ဆိုလိုရင်းမှာ သာမန်မိသားစု၊ မည်သည့်အာဏာမှ မရှိသည့်လူတစ်ယောက်ဖြစ်သည်ဆိုပါက တစ်စစီပြုလုပ်ချင် သောကြောင့်ပင်။ လန်ရှန်မြို့စားလေးအိမ်တော်သည် စစ်တပ်နှင့် ၎င်းတို့၏လယ်ယာမြေများကို ဆုံးရှုံးခဲ့သည် ဆိုလျှင်တောင်မှ ဘုရင်မင်းမြတ်မှ အသိအမှတ်ပြုထားသည့် အခွင့်အာဏာတချို့ကိုတော့ ပိုင်ဆိုင်သေး၏။ ထို့ကြောင့် သာမန်ကျောင်းတော်သားတစ်ယောက်ကို ရင်ဆိုင်ရန်အတွက် လိုတာထက်ပင် ပိုနေသည်။

ရှမ့်လန်သည် ပါးစပ်ကိုဟာကာ တစ်စုံတစ်ခု ပြောဆိုရန် ပြင်နေသည့်အချိန်မှာပင် ဘေးတစ်ဖက်တွင် ရှိနေသော ကျင်းမူကုန်းက အေးစက်စက်ပြောလိုက်၏။ “ငါ့နာမည်က ကျင်းမူကုန်းပဲ။ ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ဆက်ခံသူပဲ။ ဒါက ငါ့ရဲ့ယောက်ဖ ရှမ့်လန်ပဲ”

ဂုဏ်သိက္ခာချင်းနှိုင်းယှဉ်ရမည်ဆိုလျှင် ကျူးဝမ်ဟွာသည် အရည်အချင်း မပြည့်မီချေ။ မထင်မှတ်ထား လောက်အောင်ဘဲ နာမည်နှစ်ခုကို ကြားရသည့်အချိန်မှာတော့ ကျူးဝမ်ဟွာ၏မျက်နှာတွင် ပထမဦးဆုံး ပြောင်းလဲ သွားခဲ့၏။ ပြီးနောက် ပြုံးရွှင်သွားခဲ့သည်။

တကယ့်ကို ကောင်းတာပဲ။ ငါ မိန်းကလေး ကျန်းချွင်းဟွာကို ဘယ်လိုသဘောကျအောင် လုပ်ရမလဲဆိုပြီး စိတ်ပူနေတာ။ မင်းတို့နှစ်ယောက်က အချိန်မီ ရောက်ရှိလာတာကိုး။

ကျူးဝမ်ဟွာက ပြောလိုက်၏။ “ဒီတော့ တကယ့်ကို ချမ်းသာပြီး အာဏာရှိတဲ့ နှစ်ယောက်ကိုး။ ကျင်းမူကုန်း မင်းက တော်ဝင်ဆန်ဆန် မွေးဖွားလာတဲ့ လူတစ်ယောက်လေ။ ဒါပေမဲ့ ဝက်လိုပဲ အသုံးမကျဘူး။ ပြီးတော့ မင်း ... ရှမ့်လန် ... မိန်းကလေး ကျင်းမူလန်ကို လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ မင်းက အိမ်ပါသမက်သာသာပဲ။ အိမ်ပါ သမက်ဆိုတာက ကျွန်တစ်ယောက်ထက် အဆင့်နည်းနည်းပဲသာတယ် မဟုတ်လား။ ပြီးတော့ မင်းက အသုံးမကျတဲ့လူတစ်ယောက်ပဲလေ”

ရှမ့်လန်သည် မျက်လုံးကိုမှိတ်ကာဖြင့် နှစ်လိုဖွယ်ရာ ရယ်မောလိုက်၏။ နတ်ဘုရားများသည် သူ့ကို တကယ်ပင် မျက်နှာသာပေးလျက် ရှိနေ၏။ သူ တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်စိတ်ပေါက်သည့်အချိန်တွင် တကယ်ပင် တစ်စုံတစ်ယောက်သည် သူ့၏ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ သူ့အနေနှင့် တစ်ဖက်လူနှင့် ရန်ဖြစ်မှဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် သူ၏ မာယာမျဉ်းပြိုင်စာအုပ်သည် နာမည်ကျော်ကြားလာပေလိမ့်မည်။

ဤကဲ့သို့ ကျော်ကြားသည့် ကျောင်းတော်သားတစ်ယောက်၏ ခေါင်းပေါ်သို့နင်းတက်ကာဖြင့် စာအုပ်ကို ပုံနှိပ်ဖြန့်ဝေလိုက်သည် ဆိုပါက ကျိန်းသေပေါက် ပိုမို၍ နာမည်ကြီးမားပေလိမ့်မည်။ ရှမ့်လန်သည် မျက်လုံးကို ဖွင့်ကာဖြင့် ကျူးဝမ်ဟွာကို ကြည့်ရှုလိုက်၏။ သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်လျက် ရှိနေ၏။

“အင်း အသက်ရှင်နေရတာက မကောင်းတာတော့ မဟုတ်ဘူးမလား။ မင်း ကျူးဝမ်ဟွာက ငယ်ငယ်ရွယ်ရွယ်နဲ့ ထွန်းတောက်ခဲ့တယ်။ ပြီးတော့ ပရိသတ်ပေါင်းမြောက်များစွာကို ရခဲ့တယ်။ ဘယ်လိုဖြစ်ပြီးတော့ လျင်လျင်မြန်မြန်နဲ့ သေချင်နေရတာလဲ”

All Chapters