← Chapters

အပိုင်း (၇၉)

Vol. 6 Ch. 79

အပိုင်း (၇၉)

Vol. 6 Ch. 79

ရှမ့်လန်သည် ကျူးဝမ်ဟွာ၏ စာအုပ်အရောင်းမှတ်တမ်းအား နင်းချေဖြတ်ဆီးပစ်မည်ဟု ပြောခဲ့သည်ကို ကြားလိုက်ရ၏။ ထို့ကြောင့် စုတ်ချွန်းချွန်းနှင့် သက်လတ်ပိုင်းလူသည် ခေါင်းကို အသာပုကာဖြင့် ပြောလိုက်၏။ “သခင်လေး… ဒီကိစ္စက အရမ်းခက်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ကျူးဝမ်ဟွာ အရင်တုန်းက စာအုပ်ဘယ်လောက်လောက် ရောင်းခဲ့ရလဲ”

တန်းရှန်က ပြောလိုက်၏။ “၄၆၀၀ လောက်။ ဒါက လန်ရှန်မြို့ထဲမှာ ကွန်ဖြူးရှပ်ရဲ့ လေးအုပ်ငါးကျမ်း စာအုပ်က လွဲရင် အရောင်းရဆုံး စာအုပ်ပဲ”

လန်ရှန်မြို့၏ ဖြန့်ချိရေးကွန်ရက်သည် ကြီးမားလွန်းပြီး မြို့ပေါင်း သုံးဆယ်၊ လေးဆယ်လောက်ကို လွှမ်းခြုံ ထားသည့် အပြင် လူဦးရေသန်းနှင့်ချီသည့် အကွာအဝေးဆီသို့ ရောက်ရှိနိုင်၏။ ထို့ကြောင့် ၄၆၀၀ ဆိုသည်မှာ တကယ့်ပင် များပြားသည့် အရေအတွက်ပင်။

တန်းရှန်က ပြောလိုက်သည်။ “ကျူးဝမ်ဟွာက တော်ဝင်မျိုးနွယ်တစ်ယောက်ရဲ့ သားတစ်ယောက်ဖြစ်သလို ငယ်ရွယ်တဲ့ ကျောင်းတော်သားတစ်ယောက်လေ။ ပြီးတော့ ပါရမီရှင် ကျောင်းတော်သားတစ်ယောက်ပဲ။ သူက စာအုပ် ကောင်းကောင်းရေးနိုင်တာပေါ့။ ဒါကြောင့် သူ့ရဲ့စာအုပ်တွေကို အားလုံးက ကြိုက်နှစ်သက်ကြတယ်။ တော်ဝင်မိသားစုက သမီးတော်တွေ ဒါမှမဟုတ် ကုန်သည်မိသားစုက သမီးတွေ၊ ဘယ်လိုလူတွေကပဲ ဖြစ်ဖြစ် သူ့ရဲ့စာအုပ်ကို စွဲလမ်းကြတယ်။ တချို့လူတွေက ဒီစာအုပ်တွေကို လက်ဆောင်ပေးတဲ့ နေရာတွေမှာ အသုံးပြုကြတယ်။ တချို့မိသားစုတွေရဲ့ ကျေးကျွန်တွေဆိုရင်တောင်မှ စာအုပ်လက်ဆောင် ရရှိကြတယ်။”

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ယခင်ဘဝက ဘာမှမဟုတ်ဘဲ နာမည်ကျော်ကြားနေသည့် စာအုပ်များကိုပင် ပြန်လည်ကာ မြင်ယောင်လာမိ၏။ ထိုစာအုပ်မျိုးသည် အမျိုးသမီးပရိသတ်များ ကြိုက်နှစ်သက်အောင် တမင် ဖန်တီး ရေးသားထားသည့် စာအုပ်များပင် ဖြစ်၏။ အဆင့်အတန်းမှာလည်း နိမ့်ကျလွန်းလှချေ၏။

ရှမ့်လန်၏ စာအုပ်သည် တားဆီးပိတ်ပင်ခြင်းကို ခံခဲ့ရ၏။ လန်ရှန်မြို့ထဲတွင် ရှိနေသည့် မည်သည့်စာအုပ်ဆိုင်ကမှ ရှမ့်လန်၏ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခြင်း မပြုလုပ်ကြရချေ။ ထိုအရာများအားလုံးသည် ကျူးဝမ်ဟွာနှင့် သက်ဆိုင်လို့နေသည်။

ရှမ့်လန်က ပြောလိုက်၏။ “ဆိုင်ရှင်တန်း… ခင်ဗျား စာအုပ်ရောင်းခဲ့တဲ့အချိန်မှာ အရောင်းရဆုံးသော အရေအတွက်က ဘယ်လောက်လဲ”

တန်းရှန်က ဖြေလိုက်သည်။ “၂၇၀၀ ပါ။ ဒါပေမဲ့ စာအုပ်ရဲ့ခုနှစ်ဆယ်ရာခိုင်နှုန်းက ပုံတွေချည်းပဲ။ သုံးဆယ် ရာခိုင်နှုန်းကပဲ စာအုပ်တွေရှိတာ။ ပုံတွေက အရမ်းကို ကြမ်းတယ်။ စာအုပ်ကို ကြည့်ရှုတဲ့အချိန်မှာ အသက်ရှူဖို့တောင်မှ မေ့သွားလိမ့်မယ်။”

ပြီးနောက် တန်းရှန်သည် သုတ်သုတ်၊ သုတ်သုတ်နှင့် ခပ်သွက်သွက် ပြောလိုက်၏။ “အရိုးသားဆုံး ပြောရမယ်ဆိုရင် ခင်ဗျားစာအုပ်ရဲ့ အဆင့်အတန်းက အရမ်းမြင့်လွန်းနေတယ်။ ကျုပ်ရဲ့ ဝယ်သူတွေက ဒါကို အသားမကျမှာ တောင် စိုးရိမ်ရတယ်။ သူတို့က ပုံပဲ ကြည့်ကြတာ။ စာသိပ်ဖတ်ကြတာ မဟုတ်ဘူး။ ခင်ဗျားရဲ့ စာနဲ့ ပုံတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ စာရဲ့ အရည်အသွေးက ပိုပြီး ကောင်းနေတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကျူးဝမ်ဟွာရဲ့ စာအုပ်က ဒီတစ်ကြိမ် ဘယ်လောက်များများ ရောင်းရမယ်လို့ ခင်ဗျား ထင်လဲ”

တန်းရှန်က ပြောလိုက်သည်။ “၅၀၀၀ ပေါ့။ အင်း ... ၆၀၀၀ တောင် ဖြစ်သွားနိုင်တယ်”

အဘယ်ကြောင့်ဆိုသော် စာအုပ်၏ပထမအတွဲသည် လူပေါင်းများစွာတို့ ကြိုက်နှစ်သက်သည့် အရာဖြစ်ခဲ့၏။ ထို့ကြောင့် အားလုံးသောသူတို့သည် ဒုတိယစာအုပ် ထွက်လာမည်ကို စောင့်မျှော်လျက် ရှိနေ၏။ ဒုတိယစာအုပ်၏ အရောင်းစာရင်းသည် ပိုမို ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ပင် တိုးတက်လာမှာ သေချာ၏။

တန်းရှန်က ပြောလိုက်သည်။ “အင်း.. ကျုပ်သာ အားကုန်သုံးပြီးဖြန့်ချိမယ်ဆိုရင် ခင်ဗျားစာအုပ်ကို ၃၀၀၀ လောက် ရောင်းရအောင် လုပ်လို့ရတယ်။ ဒီထက်ပိုပြီးတော့ မြင့်မြင့်မားမား ရောင်းရဖို့ဆိုရင်တော့ ခက်ခဲလိမ့်မယ်။ ပြီးတော့ ကျူးဝမ်ဟွာရဲ့ စာအုပ်ကို ဖိနှိပ်နိုင်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး”

ပြီးနောက် တန်းရှန်သည် လေးလေးနက်နက်ပြောလိုက်၏။ “အရိုးသားဆုံး ပြောရမည်ဆိုလျှင် သခင်လေး ရှမ့်လန်.. ခင်ဗျားရဲ့ စာအုပ်က ကျူးဝမ်ဟွာရဲ့ စာအုပ်ထက် ကောင်းတယ်။ အဆင့်တူတာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ စာအုပ်က ကောင်းရင် ကောင်းလိမ့်မယ်။ လူတော်တော်များများက ကောင်းတယ်ဆိုတာကို နားလည်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားစာအုပ်က အပြာစာအုပ်မဟုတ်ဘူး။ လူ့လောက၊ လူ့သဘာဝ၊ လူသားတွေရဲ့ စိတ်ထဲမှာ ပုန်းအောင်းနေတဲ့ စိတ်ဆန္ဒတွေကို ထုတ်ဖော်ရေးသားထားတာ။”

ရှမ့်လန်သည် တွန့်သွားခဲ့၏။ သူ၏ စာအုပ်သည် ဤမျှအဓိပ္ပာယ်ရှိနေသည်လား။ သူပင် မသိချေ။

တန်းရှန်က ဆွံ့အသွားမိခဲ့သည်။ “ကျုပ် .... ကျုပ်လည်း စာပေရေးသားခြင်းကို အရမ်းသဘောကျခဲ့တာပေါ့။ ဒါပေမဲ့ မဖြစ်မြောက်ခဲ့ဘူး။ မဖြစ်မြောက်ခဲ့ဘူး ဆိုရင်တောင်မှ တခြားသောသူတွေရဲ့ စာအုပ်ကို ဖတ်ပြီး သုံးသပ်တဲ့နေရာမှာတော့ အရမ်းတော်ပါသေးတယ်။ အတိုချုပ်ပြောရမယ်ဆိုလျှင် ဒါက တကယ့်ကို နှစ်ရှည်လများ သိမ်းဆည်းထားခဲ့တဲ့ ဝိုင်ကောင်းကောင်းတစ်ခွက်လိုပဲ။ ကျူးဝမ်ဟွာရဲ့ ဒုတိယအတွဲစာအုပ်ထက် ကျိန်းသေပေါက် သာလွန်မယ့်အရာဖြစ်တယ်”

တန်းရှန်သည် အရိုးသားဆုံး ပြောလိုက်ခြင်းပင်။

ရှမ့်လန်သည် ရယ်မောကာဖြင့် ပြောဆိုလိုက်၏။ “အင်း… အဲဒီဝိုင်ကောင်းကောင်းတစ်ခွက်ကိုတောင်မှ ခင်ဗျား မဖြန့်ချိရဲဘူးလား။ လူတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိဖို့ ခက်ခဲနေတယ် ထင်လို့လား။ ကိစ္စမရှိဘူး။ ကျုပ်စာအုပ်က ဈေးကွက်ထဲကို ရောက်သွားပြီဆိုတာနဲ့ တကယ့်ကို ကျိန်းသေပေါက် ကျော်ကြားတဲ့အရာဖြစ်လိမ့်မယ်။ အားလုံးသောသူတွေက လိုချင်တောင့်တတဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်။

ဆိုင်ရှင်တန်း…. ခင်ဗျားကို ကျုပ် ကာကွယ်ပေးမယ်။ ခင်ဗျား ကြိုက်သလောက် ပုံနှိပ်ရိုက်လိုက်။ ခင်ဗျားသာ အုပ်ရေ ၃၀၀၀ မရောင်းရဘူးဆိုရင် ကျုပ်ခင်ဗျားကို အဲဒီကုန်ကျစရိတ်အားလုံး ပြန်ပေးမယ်။ ဒါပေမဲ့ ၃၀၀၀ ကျော်အောင် ရောင်းရတယ်ဆိုရင်တော့”

တန်းရှန်သည် တိုက်ရိုက်ဆိုသလိုပင် ဖြတ်ကာ ပြောလိုက်သည်။ “ဒါဆိုရင် စာအုပ်တစ်အုပ်ချင်းစီတိုင်းရဲ့ နှစ်ဆယ် ရာခိုင်နှုန်းကို ခင်ဗျားယူလိုက်။”

[မြန်မာနိုင်ငံရှိ စာပေရေးသားသူ စာရေးဆရာများသည် ရောင်းချရသည့် စာအုပ်တစ်အုပ်ချင်းစီ၏ ၁၅% မှာ ၂၀% ကြားတွင်သာ ဝင်ငွေအဖြစ် ပြန်လည်ရရှိကြသည်။ ထို့ကြောင့် စာပေချစ်ခင်သူများအနေဖြင့် စာရေးဆရာများ၏ hard copy မူရင်းစာအုပ်များကို ဝယ်ယူခြင်းဖြင့် အထောက်အပံ့ပြုကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

စာပေဆိုင်ရာဖွင့်ဆိုမှုများကွဲပြားစေကာမူ စာပေဟု အများကလက်ခံထားသော စာများသည် အသိဉာဏ်တို့ ပေါက်ဖွားရှင်သန်ရာ ဘူမိနက်သန် ဖြစ်သည်ဆိုသော အယူအဆကမူ ကွဲလွဲကြမည်မထင်ပါ။ စာပေသည် အရေးအသား မပေါ်ခင်တည်းက တည်ရှိနေသောအရာဖြစ်သည်ဟု ဆရာကြီး ဒေါက်တာသန်းထွန်းက ဆို၏။ ထိုအရာက အရေးမကြီးဟု သတ်မှတ်လျှင်တောင်မှ စာပေလောက အဓွန့်ရှည်ရပ်တည်နိုင်ရန် တရားဝင် ရောင်းချသည့် နေရာများမှ ဝယ်ယူခြင်းများကို ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျာ။

ဆရာကြီးဦးရွှေအောင် ညွှန်းဆိုသော ယထာဘူတဉာဏ်ရှိစေသော စာပေအမျိုးအစားများတွင် ကျွန်ုပ် ရေးသားသော စာများမပါပါ ခင်ဗျာ။ အထက်မှ ညွှန်းဆိုသော စာရေးဆရာနှင့် စာပေဆိုသည့် အရာများ၌ လည်း ကျွန်ုပ်ရေးသားသည့် ဘာသာပြန်စာပေများသည် တန်းမဝင်ပါခင်ဗျာ။ ပညာအရာ၌ ပြည့်စုံသော ဆရာကြီးများကိုသာ ရည်ညွှန်းပါသည်ခင်ဗျာ - ဤကားစကားချပ်]

တကယ်ပင် မက်မောလောက်သည့် ပမာဏကို ပေးအပ်လျက် ရှိ၏။ တန်းရှန်သည် တကယ်ပင် ကျွမ်းကျင်သူ ပီသလွန်း၏။ အမြင့်မားဆုံးသော ရာခိုင်နှုန်းကို ပေးအပ်ခဲ့ခြင်း ဖြစ်၏။ ဟုတ်ပေသည်။ ရှမ့်လန်သည် ပိုက်ဆံ လိုချင်ခြင်း မဟုတ်ပေ။ သို့ပေမည့် များများရမည်ဆိုလျှင်လည်း ငြင်းပယ်လိမ့်မည် မဟုတ်ချေ။

“ကောင်းပြီ။”

တန်းရှန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် ခင်ဗျားကို ဈေးအမြင့်ဆုံးပေးမယ်ဗျာ။ ပြီးတော့ ဒီပန်းချီတွေကို ခင်ဗျား ဒီထက်ပိုပြီး ကောင်းအောင်လို့ ပြန်ပြီးပြင်ဆင်ပေး။ ဒါဆိုရင် လူတွေအားလုံး ကြိုက်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း… စာအုပ်ဆိုင်ထဲမှာ ရောင်းမယ်ဆိုရင် ကျုးဝမ်ဟွာစာအုပ်တွေရဲ့ ရှေ့မှာ ကျုပ်တို့ စာအုပ်တွေကို တင်ရောင်းမယ်”

တန်းရှန်သည် ခေါင်းကို ညိတ်ကာဖြင့် ပြောလိုက်၏။ “ကောင်းပြီ၊ ကောင်းပြီ။ အဲဒီအတိုင်း လုပ်ကြရအောင်”

ရှမ့်လန်က ပြောလိုက်သည်။ “ဆိုင်ရှင်တန်း… ခင်ဗျား ဒီကိစ္စကို လုပ်နိုင်ပါ့မလား”

တစ်ဖက်လူသည် တကယ့်ကို သတ္တိကောင်းကောင်းနှင့် ပြုလုပ်နိုင်မှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက မလွယ်ချေ။

တန်းရှန်သည် အထင်မြင်သေးစွာဖြင့်ပြုံးကာ ပြောလိုက်၏။ “ပြဿနာမရှိဘူး။ ကျုပ် ဘယ်တုန်းက တစ်စုံတစ်ယောက်ကို ကြောက်လန့်ဖူးလို့လဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ခဏစောင့်အုံး။ ဒီစာအုပ်အတွက် ကျုပ် အပိုင်းအနည်းငယ်လောက် ထပ်ထည့်လိုက်အုံးမယ်။ ပြီးတော့ ပုံအနည်းငယ်လောက် ထပ်ဆွဲလိုက်မယ်”

ပြီးနောက် ရှမ့်လန်သည် စုတ်တံတစ်ခုကို ကောက်ယူကာဖြင့် ကောင်းမွန်သည့် စာပေအရေးအသားနှင့် အဓိပ္ပာယ် နက်နဲလွန်းသည့် စာပိုဒ်အချို့ကို ထည့်သွင်းကာ ရေးသားလိုက်၏။

ကျင်းမူကုန်းသည် အနားဆီသို့လှမ်းကာ ကြည့်ရှုရင်း ကြောင်သွားမိ၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် တကယ်ပင် စာလုံးအသစ်များကို ထည့်သွင်းရေးသားနေသောကြောင့်ပင်။ ဤစာလုံးသစ်ထဲတွင် ရှိနေသည့် ဇာတ်ကောင်၏ နာမည်သည် ကျူးဝမ်ရှန့် ဖြစ်၏။ ၎င်းသည် တော်ဝင်မိသားစုဆီမှ မွေးဖွားခဲ့သူ တစ်ယောက်ဖြစ်ပြီး ကိုယ်လုပ်တော်တစ်ယောက်၏ သားလည်း ဖြစ်၏။ ချမ်းချမ်းသာသာ ဘဝတွင် နေထိုင်နိုင်ရန်အတွက် သူသည် အဓိကဇာတ်ကောင် မင်းသမီး၏ ထောက်ပံ့မှုကို မျှော်လင့်ခဲ့သည်။

ဇာတ်လမ်းဇာတ်ညွှန်းအရ ပြောရမည်ဆိုလျှင် ဇာတ်ကောင်မင်းသမီးနှင့် ၎င်းသည် နှစ်ကြိမ်တိုင်တိုင် လိင်ဆက်ဆံခဲ့ပြီး တစ်ကြိမ်မှာတော့ အခန်းထဲတွင်ဖြစ်ကာ တစ်ကြိမ်မှာတော့ ခေါင်မိုးထပ်တွင် ဖြစ်၏။ ရှမ့်လန်သည် ခေါင်မိုးပေါ်တွင် ရှိနေသည့် ပုံကို ပန်းချီအဖြစ် ရေးဆွဲခဲ့၏။ ထို့အပြင် ဤပန်းချီသည် နှစ်ဦးသား ဖက်ကာ လိင်ဆက်ဆံလျက်ရှိနေသည့် ပုံစံမျိုးကို ခပ်ဝါးဝါး ရေးဆွဲထားခြင်း ဖြစ်၏။

ကျင်းမူကုန်းနှင့် တန်းရှန်တို့သည် ပန်းချီကို မြင်ရသည့်အချိန်မှာတော့ ရင်းနှီးနေသလို ခံစားမိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုပန်းချီထဲတွင် ပါဝင်သည့်လူသည် ကျူးဝမ်ဟွာနှင့် တစ်ပုံစံတည်း တူညီလုနီးပါး ဖြစ်နေသောကြောင့်ပင်။ ဤစာအုပ်သည် ကျိန်းသေပေါက် နာမည်ကျော်ကြားလာမှာ သေချာ၏။ ထို့အတူ ကျူးဝမ်ဟွာ၏ ဂုဏ်သိက္ခာတရားသည်လည်း အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။

ဟုတ်ပေ၏။ အစစ်အမှန်တရားမှာတော့ ကျူးဝမ်ဟွာသည် ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို ရရရှိရန်အတွက် ခန္ဓာကိုယ်ကို စွန့်လွှတ်စတေးပစ်ရန် အဆင်သင့်ရှိနေသည့် လူမျိုးပင်။ လူများသည် ကောလာဟာလနှင့် အတင်း စကားများကို နှစ်သက်ကြ၏။ ထိုသို့သော အတင်းစကားများသည် အကြိမ်ငါးရာလောက် ကြားမည်ဆိုပါက အမှန်ဟု ထင်မှတ်လာတတ်သည်မှာ သဘာဝပင်။

ရှမ့်လန်သည် တန်းရှန်ကို မေးမြန်းလိုက်၏။ “ဒါအဆင်ပြေတယ် မဟုတ်လား”

တန်းရှန်သည် အထင်အမြင်သေးစွာဖြင့် ပြုံးကာ ပြောလိုက်သည်။ “ပြဿနာမရှိဘူး။ ကျုပ်အတွက် ဘာပြဿနာ ရှိမှာလဲ”

ကြည့်ရှုရမည်ဆိုလျှင် ဤလူသည် နောက်ခံကောင်းကောင်းတစ်ခု တည်ရှိသည့်ပုံရ၏။ ထို့ကြောင့် ၎င်း၏ မျက်လုံးထဲတွင် ကျူးဝမ်ဟွာကို မထည့်ခဲ့ချေ။

“ဒါဆိုရင်လည်း ကျုပ်တို့ ဒီကနေ စောင့်ကြည့်ကြမယ်။ စာအုပ်သစ်တွေ ဈေးကွက်ထဲကို ရောက်တဲ့အချိန်ထိ စောင့်ကြတာပေါ့” ရှမ့်လန်က ပြောလိုက်၏။

တန်းရှန်သည် လေးနက်တည်ကြည်စွာဖြင့် စာမူကြမ်းကို အသာသိမ်းဆည်းလိုက်၏။ ပြီးနောက် ရှမ့်လန်ကို ဦးညွတ်ကာ ပြောလိုက်သည်။ “အင်း ခင်ဗျားတို့နှစ်ယောက်ကို စိတ်မပျက်စေရဘူး”

ပြီးနောက် သူက ထပ်မံကာ ပြောဆိုလိုက်၏။ “သခင်လေးရှန့်လန်… ဒီ .... ဒီဝိုင်က အရမ်းကောင်းမှာ သေချာတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူနဲ့။ ကျုပ် အခုသွားလိုက်အုံးမယ်။ စာအုပ်တွေ ဈေးကွက်ထဲကို ရောက်တဲ့ အချိန်မှာ လူပေါင်းများစွာတို့က တန်းတန်းစွဲ ဖြစ်နေရမယ်လို့ ကျုပ် အာမခံတယ်”

ရှမ့်လန်အိမ်သို့ ပြန်ရောက်သည့်အချိန်မှာတော့ သူသည် ပန်းချီဆရာတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူသည် တကယ်ပင် ပန်းချီကို ဈာန်အပြည့်ဖင့် ဆွဲလျက် ရှိနေ၏။ ၎င်း၏ ပန်းချီများသည် ကြော်ငြာရန် အသုံးပြုမည့် ပန်းချီဖြစ်၏။ မိန်းမတစ်ယောက်၏ ခန္ဓာကိုယ်ကို ကောက်ကြောင်းအပြည့် ထင်ရှားစွာ ရေးဆွဲထားသည့် ပန်းချီဖြစ်၏။

ပန်းချီတစ်ခုချင်းစီတိုင်းသည် တစ်မီတာခန့်ရှည်လျားပြီး မီတာဝက်နီးပါးခန့် ကျယ်၏။ ထိုအရာများကို များပြားစွာ ရေးဆွဲထား၏။ ဓာတ်ပုံများလောက် တိကျစွာ ရှင်းလင်းမြင်သာခြင်း မရှိသည်ဆိုလျှင်တောင်မှ အစစ်အမှန်တရားအားဖြင့် ရှစ်ဆယ်ရာခိုင်နှုန်းလောက် တူညီ၏။ ဤပန်းချီပုံများသည် အဓိကအားဖြင့် ကျူးဝမ်ရှန့် ပြီးနောက် အလိုရာဂကြီးမားလွန်းလှသော သူဌေးကြီးတစ်ယောက်နှင့် အဓိကဇာတ်ကောင် မင်းသမီးတို့ပင် ဖြစ်၏။

ဤလောကကြီးတွင် စာအုပ်များကို ကြော်ငြာသည့်နေရာတွင် ဓာတ်ပုံများအား ဗီနိုင်းထုတ်၍ ကြော်ငြာခြင်း မရှိကြချေ။ ထို့ကြောင့် ရှမ့်လန်သည် မိမိ၏ စာအုပ်ကို တခြားသူများ စိတ်ပါဝင်စားမှုရှိလာစေရန် ထူးခြားသည့် နည်းလမ်းများနှင့် ကြော်ငြာရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ကြော်ငြာသည့် နေရာတွင်လည်း သူ၏ ထိပ်တန်းကျသည့် ပန်းချီစွမ်းရည်ကို ထုတ်ဖော်အသုံးပြုခဲ့သည်။

ရှမ့်လန်သည် သေသေချာချာနှင့် ပန်းချီများကို အာရုံစိုက်ကာ ဆွဲနေဖြစ်၏။

ကျင်းမူကုန်းသည် အခန်းထဲသို့ ရုတ်တရက်ဝင်လာပြီးနောက် ရှမ့်လန်၏ ပန်းချီကို သေသေချာချာ ကြည့်ရှုလိုက်သည်။ ပန်းချီထဲတွင် ယောက်ျားသားတို့အား ဆွဲဆောင်နိုင်သည့် ကိုယ်ဟန်ဖြင့် ဒူးထောက်ကာ ထိုင်နေသော မိန်းကလေးတစ်ယောက်၏ပုံ ရှိနေသည်။ မူကုန်းသည် အသက်ရှူနှုန်းမှားပင် မြန်ဆန်လာခဲ့၏။ ပြီးနောက် သူသည် သုံးမိနစ်လောက်ကြာအောင် စူးစိုက်ကြည့်ရှုနေသည်။

“ယောက်ဖ… ငါသွားတော့မယ်” ပြီးနောက် သူသည် ခါးကိုအသာ ကုန်းကာဖြင့် ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့၏။ သူ မည်သည့်နေရာကို သွားပြီး ဘာလုပ်မည်ဆိုသည်ကိုတော့ မည်သူမှ မသိရှိနိုင်ချေ။ ခါးကုန်းသွားခြင်းမှာတော့ ထူးဆန်းလှ၏။

……….

နောက်တစ်ရက် ကျင်းမူကုန်းသည် ရှမ့်လန်၏ အခန်းထဲသို့ ထပ်မံကာ ဝင်ရောက်လာခဲ့၏။ ၎င်း၏ မျက်နှာကို ကြည့်ရသည်မှာ မျက်တွင်းများပင် ချိုင့်လျက် ရှိသည်။

ပန်းချီပုံကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြန်၏။

“ကောင်းကင်ဘုံ.. ဒီမြင်ကွင်းက တကယ့်ကို ကြမ်းတာပဲ”

ကျင်းမူကုန်းသည် ရုတ်တရက် ၎င်း၏ နှာခေါင်းကို ပိတ်လိုက်မိ၏။ နှာခေါင်းသွေးများပင် လျှံကျလျက် ရှိသည်။ “ယောက်ဖ… သွားလိုက်အုံးမယ်”

………

တတိယနေ့ ကျင်းမူကုန်းသည် ရောက်ရှိလာပြန်၏။ မျက်ကွင်းများသည် မဲနက်လျက် ရှိနေလေပြီ။ ပန်းချီကို လှမ်းကြည့်လိုက်ပြန်၏။ ကျင်းမူကုန်းသည် မြေပေါ်၌ ဒူးထောက်ကာဖြင့် အော်ဟစ်လိုက်၏။ “ယောက်ဖ.. ငါ မခံနိုင်တော့ဘူး။ လုံးဝမခံနိုင်တော့ဘူး”

ရှမ့်လန်သည် အထင်မြင်သေးစွာဖြင့် ပြောလိုက်သည်။ “ဒါ အနုပညာတစ်ခုလေ။ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက် ခံစားနေရတာလဲ”

“ယောက်ဖ… ဒီမိန်းမကို ကြည့်လိုက်တာ ရှစ်ချင်းချင်းနဲ့ တော်တော်တူတယ်”

ကျင်းမူကုန်းက ပြောလိုက်၏။ “… ကျန်းကျင်းကို ကောင်းကောင်း ဒုက္ခပေးတော့မလို့လား”

“အမှန်ပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “နောက်သုံးနှစ်အတွင်း ရှစ်ချင်းချင်းက စားနိုင်သောက်နိုင်မှာတောင် မဟုတ်တော့ဘူး။ နို့သောက်ရင်တောင် ဗိုက်ပြည့်သလို ခံစားနေရမယ်”

ကျင်းမူကုန်းက ကြောင်သွားမိ၏။ “ယောက်ဖ.. ဘာတွေကို ပြောနေတာလဲ”

ခဏလောက်ကြာပြီးသည့်နောက် ကျင်းမူကုန်း၏ အသက်ရှူသံများသည် တဖြည်းဖြည်းပုံမှန်ကာ မြန်ဆန် လာခဲ့ပြန်သည်။ “မခံနိုင်တော့ဘူး။ ယောက်ဖ… သွားလိုက်အုံးမယ်”

………

စတုတ္ထနေ့ ....

“ယောက်ဖ.. ငါ့ကို ညှာတာပါအုံး။ ငါ့ကို သနားပါအုံး။”

ကျင်းမူကုန်းသည် ၎င်း၏ လက်ကောက်ဝတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာဖြင့် ပြောလိုက်၏။ “ငါသေတောင် သေလိုက်ချင်တယ်”

“ချီးတဲ့မှ… ဒီဝတုတ်ကောင် ဘယ်လိုတွေ ပြောနေတာလဲ။” ရှမ့်လန်က ထဆဲလိုက်မိသည်။

ဤအချိန်မှာပင် ကျင်းမူလန်သည် လျှောက်ကာ ဝင်လာခဲ့၏။ သူမ၏ရှေ့တွင် ရှိနေသည့်မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ သူမသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ သူမသည် စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်မိ၏။ ယောက်ျားသည် တခါတရံတွင် ဆိုးရွားလွန်းလှသည်။ လက်စားချေချင်စိတ်ကလည်း ကြီးမားလွန်းလှ၏။

……

အချိန်များသည် ရေစီးကြောင်းကဲ့သို့ပင် မြန်မြန်ဆန်ဆန်နှင့် ထွက်ခွာသွားခဲ့၏။ ၁၃ ရက် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

တန်းရှန်သည် သူ့၏ ရှိရှိသမျှသော လူအင်အား၊ ပစ္စည်းအင်အား၊ ငွေကြေးအင်အားများကို အသုံးပြုပြီး သည့်နောက် ၁၃ ရက်အတွင်း စာအုပ်များကို ပုံနှိပ်ထုတ်ဝေကာဖြင့် စာအုပ်ဆိုင်များပေါ်တွင် တင်ရန် ကြိုးစားလျက် ရှိ၏။ ၎င်းသည် ကိုယ်တိုင်ကိုယ်ကျ ဆိုသလိုပင် ထိုစာအုပ်ကို ရောင်းချရန် ပြင်ဆင်နေ၏။

ရှမ့်လန် ရေးဆွဲထားခဲ့သည့် စာအုပ်အဖုံးကို မြင်ရသည့်အချိန်မှာတော့ သူ၏စိတ်တစ်ခုလုံးသည် လှုပ်ရှားလျက် ရှိနေ၏။ စာအုပ်အဖုံးပေါ်တွင် လူသုံးယောက် တည်ရှိနေ၏။ ဇာတ်ကောင်မင်းသမီး၊ ၎င်း၏ အဖေနှင့် ကျူးဝမ်ရှန့် တို့ပင် ဖြစ်၏။ ဇာတ်ကောင်မင်းသမီးနှင့် ကျူးဝမ်ရှန်တို့သည် အခန်းထဲတွင် ထွေးပိုက်လျက်ရှိနေပြီး ဇာတ်ကောင်မင်းသမီး၏အဖေ သူဌေးကြီးမှာတော့ ပြတင်းပေါက်မှ ချောင်းကြည့်လျက် ရှိနေ၏။ သူမသည် စွဲမက်စရာကောင်းသည့် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ခန္ဓာကိုယ်အချိုးအစားကလည်း လှပလွန်းသည်။

“သခင်လေး… ဒါက ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်လဲ” တန်းရှန်က မေးမြန်းလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒါ အရမ်းရောင်းရမယ့်အရာဖြစ်လာလိမ့်မယ်”

တန်းရှန်က ပြောလိုက်၏။ “အင်း ကျိန်းသေပေါက် ရောင်းရလိမ့်မယ်လို့ ကျုပ်လည်း အလုံးစုံ ယုံကြည်မှုရှိတယ်။ သဘက်ခါကျရင် ကျူးဝမ်ဟွာရဲ့ စာအုပ်က အရောင်းတင်တော့မှာ။ ကျုပ်တို့လည်း တစ်ချိန်တည်း ဒီစာအုပ်ကို အရောင်းတင်ကြရအောင်”

ပြီးနောက် တန်းရှန်က ပြောလိုက်သည်။ “ဒါပေမဲ့ သူ့ထက်ကျော်အောင် ရောင်းမရမှာ အနည်းငယ် စိုးရိမ်မိတယ်”

ချီးတဲ့မှ… ခုဏကလေးတင် ယုံကြည်တယ်ပြောပြီး အခုဘယ်လို ဖြစ်သွားရတာလဲ”။

ပြောနေစရာပင် မလိုအပ်ချေ။ ရှမ့်လန်သည် အဝတ်နှင့် ဖုံးအုပ်ထားခဲ့သည့် စာအုပ်ဆိုင်၏ နံရံကြီးကို အသာ ရုတ်တရက် ဆွဲဖွင့်လိုက်၏။ များပြားလွန်းသည့် ရောင်စုံပိုစတာများသည် ထွက်ပေါ်လာခဲ့၏။ တကယ့်ကို အသက်ဝင်လွန်းလှလေ၏။

တန်းရှန်သည် ရုတ်တရက် အထိတ်တလန့်ဖြင့် ထကာ အော်ဟစ်လိုက်မိ၏။ သူသည် တခြားသော လက်တစ်ဖက်ဖြင့် နှာခေါင်းကိုပင် အုပ်ကာလိုက်ရ၏။ နှာခေါင်းသွေးများပင် လျှံကျနေသောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလောက်ဆိုရင် လူတွေ စိတ်ဝင်စားလောက်ပြီ မဟုတ်လား”

တန်းရှန်သည် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “သခင်လေးရှမ့်လန်. တကယ့်ကို ကြမ်းတာပဲ။ ကျူးဝမ်ဟွာကို နိုင်ပြီပဲ”

……..

နှစ်ရက်နီးပါး ကြာမြင့်ပြီးသည့်နောက် ရှမ့်လန်နှင့် ကျင်းမူကုန်း ရေးသားထားသည့် စာအုပ်နှင့် ကျူးဝမ်ဟွာ ရေးသားထားသည့် စာအုပ်တို့သည် တပြိုင်နက်တည်း အရောင်းစတင်လေပြီ ဖြစ်သည်။

All Chapters