← Chapters

အပိုင်း (၈၀)

Vol. 6 Ch. 80

အပိုင်း (၈၀)

Vol. 6 Ch. 80

ယနေ့ လန်ရှန်မြို့မှာတော့ တကယ်ပင် စည်ကားလို့နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ကျူးဝမ်ဟွာ၏ စာအုပ်သည် ဈေးကွက်ထဲသို့ ပထမဦးဆုံး ရောင်းချမည့်နေ့ ဖြစ်သောကြောင့်ပင်။ မြို့ထဲတွင် ရှိနေသည့် စာအုပ်ဆိုင်ပေါင်းများစွာတို့သည် ပွဲလမ်းသဘင်များကို ကျင်းပလျက်ရှိနေ၏။ ဤအရာမှာ မလွန်ချေ။ အဘယ့်ကြောင့်ဆိုသော် စာအုပ်၏ ပထမအတွဲသည် တကယ်ပင် အရောင်းမှတ်တမ်းကို ကျော်လွန်အောင် ရောင်းချခဲ့ရသည့် အရာတစ်ခုဖြစ်၏။

ထို့အပြင် ရေတွက်၍မရအောင် များပြားသည့် စာဖတ်သူများကလည်း ဒုတိယအတွဲကို စောင့်မျှော်လျက် ရှိနေသည်မှာ နှစ်ဝက်နီးပါးခန့်ပင် ကြာမြင့်ခဲ့၏။ မြို့ထဲတွင်ရှိနေသည့် အမျိုးသမီးငယ်ပေါင်းများစွာတို့သည် စာအုပ်ဆိုင်များတွင် စာအုပ်များကို ဝယ်ယူရန်အတွက် တန်းစီကာပင် စောင့်လျက် ရှိနေကြသည်။

ဤစာအုပ်သည် ကျောက်စိမ်းနန်းဆောင်မှ ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်သော်လည်း တခြားသော စာအုပ်ဆိုင်များ တွင်လည်း ရောင်းချ၏။ သို့ပေမည့် ကျောက်စိမ်းနန်းတော်ဆီမှာ ဦးစားပေးကာ ဝယ်ယူရပေလိမ့်မည်။ ကျောက်စိမ်းနန်းဆောင်၌သာ အရေအတွက်များများရှိ၏။

မနက်ခင်းစောစော၌ စာအုပ်ဆိုင်ရှေ့တွင် လူပေါင်းများစွာတို့ တန်းစီကာ ရပ်လျက်ရှိနေ၏။ အထူးသဖြင့် ကျောက်စိမ်းနန်းဆောင်ပင်။ ထိုနေရာ၏ရှေ့တွင် လူနှစ်ရာကျော်လောက် တန်းစီကာ ရပ်တန့်လျက် ရှိနေသည်။

ရှေးတရုတ်ပြည်အတွက်ဆိုလျှင် ဤအရာသည် မယုံကြည်နိုင်ဖွယ်ရာကောင်းသည့် အရာပင် ဖြစ်၏။ အထူးသဖြင့် စုန့်နိုင်ငံ ကျရှုံးပြီးနောက်တွင် တော်ဝင်မိသားစု၏ မိန်းကလေးငယ်များသည် အိမ်မှ အပြင်သို့ ထွက်ခြင်း မရှိကြချေ။ အပြင်ကို ခြေတစ်လှမ်းပင် ထွက်ခြင်း မပြုကြပေ။ အလွန်သိုသိပ်စွာ နေထိုင်ကြ၏။

ယခု ဤလောကအတွင်းတွင် ရှိနေသည့် မိန်းကလေးငယ်များမှာတော့ ကိုယ်တိုင်ကိုယ်ကျ တန်းစီမတ်တပ် ရပ်လျက် ရှိနေသည့်အပြင် တစ်ချို့ဆိုလျှင် အိမ်စေများ၊ အစေခံများကိုပင် ခေါ်ဆောင်ကာ စီတန်းစေခဲ့၏။ တချို့သောမိသားစုများဆီမှ မိန်းကလေးငယ်များမှာတော့ အိမ်တွင်အစေခံ မထားနိုင်ကြချေ။ ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ မတ်တပ်ရပ်တန်းစီလျက်ရှိနေ၏။ တချို့သည် ကျူးဝမ်ဟွာကို မြင်ချင်သောကြောင့် ဤကဲ့သို့ လာရောက်ကာ တန်းစီနေခြင်းပင် ဖြစ်သည်။

တချို့သော ဈေးသည်များသည် ဤအခွင့်အရေးကို အရယူပြီး စာအုပ်ဆိုင်၏ရှေ့တွင် ဈေးဆိုင်များ ဖွင့်လှစ်ကာ ရောင်းချခြင်းအားဖြင့် စီးပွားရှာနေကြသည်။ လန်ရှန်မြို့တွင် ရှိသည့် တခြားသော ကျောင်းတော်သားများသည် ထိုအရာကို မြင်သည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ မနာလိုစိတ်များပင် ဖြစ်နေကြ၏။

ဘာကို အခြေခံရသနည်း။ သူတို့သည်လည်း ကျောင်းတော်သားများပင် ဖြစ်၏။ သို့ပေမည့် တစ်ဖက်လူသည် အဘယ့်ကြောင့် ပိုမို ထူးချွန်နေရသနည်း။ ဤနေရာတွင် မိန်းကလေးပေါင်း မြောက်များစွာ ရှိနေ၏။ သို့သော်ငြား ဤမိန်းကလေးများသည် သူတို့ကို လုံးလုံး စိတ်ဝင်စားခြင်း မရှိကြချေ။

“ဖွင့်ပြီပဲ”

စာအုပ်ဆိုင်၏ တံခါးက ပွင့်လာ၏။ တပြိုင်နက်တည်း မြို့ထဲတွင်ရှိနေသည့် စာအုပ်ဆိုင်ပေါင်းများစွာတို့၏ တံခါးများကလည်း ပွင့်လာခဲ့ကြပြီး လူပေါင်းတစ်ရာကျော်တို့သည် အရှေ့ဆီသို့ အလျှင်အမြန် တိုးသွားခဲ့ကြ၏။ ၎င်းတို့၏ လက်ထဲတွင် ငွေကြေးများကို ကိုင်ဆောင်ထားခဲ့ကြပြီး စာအုပ်ဝယ်ယူရန် ကြိုးစားခဲ့ကြသည်။

နှစ်နာရီအတွင်းမှာပင် စာအုပ်ဆိုင်တွင်ရှိသည့် စာအုပ်အားလုံး ရောင်းထွက်သွားခဲ့၏။ ရောင်းချမှု၏ အမြန်နှုန်းသည် တကယ်ကို ကြောက်ခမန်းလိလိပင်။

တစ်ချို့သောစာအုပ်ဆိုင်ပိုင်ရှင်များသည် များများစားစား ဝယ်ယူမထားမိခြင်းအတွက် ကြိတ်ကာပင် နောင်တရလျက် ရှိနေ၏။ ၎င်းတို့သည် ၎င်းတို့၏ ဝန်ထမ်းများကို စေလွှတ်ကာဖြင့် ကျောက်စိမ်းနန်းတော်ဆီမှ စာအုပ်များ ဝယ်ယူရန် ခိုင်းစေလိုက်၏။ တချိန်တည်းမှာပဲ ရရှိလာပါက ဈေးတင်ကာ ရောင်းချရပေလိမ့်မည်။

ကျူးဝမ်ဟွာ၏ စာအုပ်သည် စာအုပ်တစ်အုပ် မဟုတ်ချေ။ လမ်းလျှောက်နေသည့် ပိုက်ဆံအိတ်ပင် ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ စာအုပ်ဝယ်ယူသူများကြောင့် စာအုပ်ဆိုင်များက စည်ကားလျက် ရှိနေ၏။ ထို့အပြင် စာအုပ်ဝယ်ယူပြီးသည့် လူများကလည်း ထိုနေရာဆီမှ ထွက်ခွာမသွားခဲ့သေးချေ။

“ကျောင်းတော်သားကျူး.. ခင်ဗျားက တကယ့်ကို ပါရမီရှင်ပဲ။ ကောင်းကောင်းလည်း ရေးထားတာပဲ”

“ဟုတ်တယ်၊ ရှင်က တကယ့်ကို တော်တဲ့လူတစ်ယောက်ပဲ။ လူ့လောကရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ ပြည့်နှက်နေတဲ့ ကဗျာတွေကိုတောင် ထည့်သွင်းရေးသားထားသေးတယ်။ လန်ရှန်မြို့ရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်ကြောင်း သံသယရှိစရာ မလိုဘူး”

“အင်း.. ဒီနေ့ စာအုပ်သစ်ရောင်းတယ်။ ဒါပေမဲ့ ကျောင်းတော်သားကျူးက ဘာလို့ ထွက်မလာတာလဲ။ ကျွန်မ သူ့ကို မြင်ချင်လို့ လာစောင့်နေတာလေ”

“သခင်လေးကျူးက သာမန်လူတစ်ယောက် မဟုတ်ဘူးလေ။ သူက ဂုဏ်ကျက်သရေနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ စာပေရေးသားခြင်းလုပ်ငန်းကိုသာ ဂရုစိုက်တတ်တဲ့ လူတစ်ယောက်၊ ဘယ်လောက် ရောင်းရလဲဆိုတာကို တစ်ချက်ကလေးမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီး လူတွေကို လာကြည့်ရမှာလဲ”

“ဒါကတော့ အမှန်ပဲ။ ငါတို့ရဲ့ သခင်လေးကျူးက ဂုဏ်ကျက်သရေနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်လေ။ အဲဒါကို ငါတို့ နှစ်သက်တယ်”

ကျူးဝမ်ဟွာ ဤနေရာကို ရောက်နေသည်လား။ ဟုတ်ပေ၏။ ကျိန်းသေပေါက် လာရပေမည်။ သို့ပေမည့် သူသည် သက်လတ်ပိုင်းလူတစ်ယောက်အဖြစ် ရုပ်ဖျက်ကာဖြင့် လူအုပ်ကြားထဲ တိုးဝင်ကာ အခြေအနေကို ကြည့်ရှုနေသည်။ မိန်းကလေးပေါင်းများစွာတို့သည် သူ့ကို ချီးကျူးသည့် စကားများကို ပြောဆိုလျက်ရှိနေသည်ကို နားထောင်ရသည့်မှာ နှလုံးပီတိ ဂွမ်းဆီထိသဖွယ်ပင်။

တစ်ဖက်ခြမ်းတွင် သူသည် ကြိတ်ကာ သဘောကျလျက် ရှိနေသော်လည်း အခြားသော တစ်ဖက်ခြမ်းတွင်တော့ အထင်မြင်သေးသည့် ခံစားချက်များ ရှိနေ၏။ ၎င်းတို့ကဲ့သို့ သာမန်မိန်းမများသည် သူ့၏ စိတ်ထဲသို့ ဘယ်သို့ ရောက်ရှိမည်နည်း။ ၎င်းတို့သည် သူ၏နာမည်ကို ထွန်းပြောင်ရန်အတွက် ကူညီလျက်ရှိနေသည့် လူများသာလျှင် ဖြစ်၏။ ထိုမိန်းကလေးများသည် သူအပေါ်သို့ တက်လှမ်းရာ၌ ကူညီပေးမည့် လှေကားထစ်များပင် ဖြစ်၏။

ကျန်းချွင်းဟွာကဲ့သို့သော လှပသည့် အမျိုးသမီး၊ ပါရမီရှိသည့် မိန်းကလေးသာလျှင် သူနှင့် ထိုက်တန်သည့် မိန်းကလေး ဖြစ်၏။ ကျူးဝမ်ဟွာသည် ခဏလောက် တွေးတောပြီးနောက် ခဏလောက် စဉ်းစားလိုက်မိ၏။ ချွင်းဟွာ…. ငါ ဘယ်လောက် တောက်ပနေလဲ ကြည့်။ မိန်းကလေးတွေက ငါ့ကို ဘယ်လောက် ရူးသွပ်နေလဲ ကြည့် ..။

ရှမ့်လန်တစ်ယောက် လန်ရှန်မြို့ထဲတွင် စာအုပ်ထုတ်ချင်သည်ဆိုသော အကြောင်းအရာနှင့် ပတ်သက်၍ ကျူးဝမ်ဟွာသည် မေ့လျော့နေသည်မှာ ကြာပြီဖြစ်၏။ သူ့၏စကားတစ်လုံးဖြင့် အနားပတ်ဝန်းကျင်ရှိနေသည့် မြို့များရှိ စာအုပ်ဆိုင်များသည် ရှမ့်လန်၏ စာအုပ်ကို ပုံနှိပ်ထုတ်ဝေရဲလိမ့်မည် မဟုတ်ချေ။

လူများ၏ ချီးကျူးစကားကို နားထောင်ပြီးသည့်နောက် ကျူးဝမ်ဟွာသည် တကယ်ပင် သဘောတကျဖြင့် ပြန်လည်ကာ ထွက်ခွာသွားခဲ့၏။ စာအုပ်၏ ဒုတိယအတွဲသည် မထင်မှတ်ထားလောက်အောင်ပင် ရောင်းရ၏။

မနက်ခင်း ရှစ်နာရီ၊ ကိုးနာရီလောက် ရောက်ရှိလာခဲ့၏။ လန်ရှန်မြို့အဓိကစာအုပ်ဆိုင်များ၏ ရှေ့တွင် စုစုပေါင်း လက်တွန်းဈေးဆိုင် ဆယ့်ခု ရှိ၏။ ဈေးဆိုင်တစ်ခုချင်းစီတိုင်းတွင် စာအုပ်ပေါင်း ရာချီတည်ရှိလို့နေ၏။ စာအုပ်များကို အဝတ်များဖြင့် အုပ်ထားသောကြောင့် မည်သည့်စကားများဖြစ်ကြောင်း မသိနိုင်ချေ။ ထိုစာအုပ်များသည် ရှမ့်လန်နှင့် ကျင်းမူကုန်းတို့ ရေးသားထားခဲ့သည့် မာယာမျဉ်းပြိုင်များပင် ဖြစ်သည်။

ကျူးဝမ်ဟွာသည် အရေအတွက်များများဖြင့် ရောင်းချခဲ့၏။ သို့ပေမည့် ရှမ့်လန်တို့၏စာအုပ်များသည် ဈေးဆိုင်ပေါ်တွင် ရှိနေ၏။ တစ်အုပ်ကလေးမှ မရောင်းရသေးချေ။ ထို့အပြင် စာအုပ်တစ်အုပ်ချင်းစီတိုင်းသည် အကြွေစေ့ ခြောက်ဆယ် ပေးရမှာ ဖြစ်၏။ ထိုအရာသည် ကျူးဝမ်ဟွာ၏ စာအုပ်ထက်ပင် နှစ်ဆယ်ရာခိုင်နှုန်း ပိုမိုကာ ဈေးကြီးနေခဲ့၏။

“ဒီစာရေးသူက ဘယ်သူလဲ။ နာမည်ကိုလည်း တစ်ခါမှ မကြားဖူးဘူး။ သခင်လေး ကျူးဝမ်ဟွာလို ကျော်ကြားတဲ့ လူတစ်ယောက်တောင် စာအုပ်တစ်အုပ်ကို အကြွေစေ့ ငါးဆယ်နဲ့ပဲ ရောင်းတာ။ သူ့ကျမှ ဘယ်လိုဖြစ်ပြီးတော့ ခြောက်ဆယ် ဖြစ်နေရတာလဲ”

လူအတော်များများတို့သည် စာအုပ်ဆိုင်ပေါ်တွင် အဝတ်ဖုံးအုပ်ထားခဲ့သည့် စာအုပ်များကို စိတ်ဝင်တစား ဖြစ်လာခဲ့ကြ၏။ ဤဆိုင်ရှေ့တွင်ရှိနေသည့် လူများသည် လူတစ်ဝက်လောက်မှာ မိန်းမများဖြစ်ပြီး အခြားသော တစ်ဝက်မှာ ယောက်ျားများဖြစ်သည်။

ယောက်ျားအတော်တော်များများသည် ကျူးဝမ်ဟွာ၏စာအုပ်ကို ဝယ်ယူရန် လာကြခြင်း မဟုတ်ချေ။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိနေရသနည်း။ အဘယ့်ကြောင့် ဆိုသော် မိန်းကလေးပေါင်း မြောက်များစွာ ရှိနေသောကြောင့်ပင်။ သာမန်အားဖြင့် လူစုလူဝေးများတွင် တစ်စုံတစ်ယောက်၏ လက်၊ ရင် ဖင်များကို ထိတွေ့ခြင်းသည် သာမန်ပင် ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် ဤနေရာသို့ ရောက်ရှိလာပြီး အသားယူနေခြင်းပင်။ ကြောက်မက်ဖွယ်ရာ သဘာဝပါတကား။

ရုတ်တရက် ထိုအချိန်မှာပဲ လူတစ်ယောက်သည် အံအားတသင့်ဖြင့် ထကာ အော်ဟစ်လိုက်၏။ “အပြင်ကို ကြည့်အုံး”

ချက်ချင်းပဲ ယောက်ျားပေါင်း တစ်ရာကျော်တို့သည် အပြင်ဘက်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။

“ကောင်းကင်ဘုံ..”

စာအုပ်ဆိုင်၏ အရှေ့ဘက်တွင် ရောင်စုံပန်းချီပုံတစ်ခုက တည်ရှိနေ၏။ မထင်မှတ်ထားလောက်အောင်ပင် ရောင်စုံဆေးရေး ပန်းချီကားကြီး ဖြစ်လို့နေခဲ့၏။

“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ ဒါ တကယ့် အမျိုးသမီးအစစ်တစ်ယောက်ထက်တောင် ပိုပြီး ကြည့်ကောင်းတဲ့ ပန်းချီပါလား။ ဒီခါး၊ ဒီကောက်ကြောင်း အရမ်းကိုလှတယ်”

လူအုပ်ထဲတွင် ဖြစ်ပေါ်နေသည့် အပူချိန်သည် ရုတ်တရက် မြှင့်တက်သွားခဲ့သည်။

………

ဤစာအုပ်ဆိုင်လေးတွင် လူပေါင်းသုံးထောင်တို့ ဝန်းရံလျက် ရှိနေလေပြီ ဖြစ်၏။

ကျောင်းတော်သားအားလုံးတို့သည် ဤစာအုပ်ကိုဝယ်ယူရန် စောင့်စားလျက် ရှိနေကြ၏။

“ဟေ့ ဘာတွေ ကြည့်နေတာလဲ။ မင်းမျက်လုံးကို ကြည့်ရတာ အဝတ်တွေကို ထွင်းဖောက်ပြီး ကြည့်နေတဲ့ပုံစံမျိုးပဲ။ ရှက်စရာကြီး”

“ဒါနဲ့ မင်းနှာခေါင်းက ဘာလို့ တရှုံ့ရှုံ့ လုပ်နေရတာလဲ။ ဘာကို ရှူချင်တာလဲ”

စာအုပ်ဆိုင်ပိုင်ရှင်သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဒီစာအုပ်က တကယ့် အနုပညာရှင်တစ်ယောက် ရေးသားထားခဲ့တာပဲ။ ဇာတ်လမ်းကလည်း တကယ့် လူ့သဘော၊ လူ့မနောကို ရေးသားထားခဲ့တာတဲ့။ လွတ်လွတ်လပ်လပ် ဖတ်လို့ရပြီ။ လွတ်လွတ်လပ်လပ် ဖတ်လို့ရပြီ”

ကျောင်းတော်သား၊ စီးပွားရေးသမား မည်သူမဆိုတို့သည် ထိုစာအုပ်ကို ကောက်ယူကာဖြင့် လှန်လောလျက် ရှိနေကြ၏။ အံ့အားသင့်စရာပင်။ စာအုပ်အဖုံးကပင်လျှင် စိတ်လှုပ်ရှားစရာ ဖြစ်၏။ လောကထဲတွင် လှပသည့် အမျိုးသမီးပေါင်းများစွာ ရှိ၏။ သို့ပေမည့် ဤကဲ့သို့ စွဲမက်စရာကောင်းသည့် အသွင်သဏ္ဍာန်မျိုးဖြင့် အမျိုးသမီးပန်းချီကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ကျောင်းတော်သားများသည် လက်ရှိအချိန်တွင်တော့ ဗဟုသုတများ တိုးပွားလာသကဲ့သို့ပင် ခံစားနေမိကြ၏။ သွားရည်တမြားမြားဖြင့် ပထမဦးဆုံးစာရွက်ကို စကာ လှန်လိုက်၏။ သူတို့၏ မျက်လုံးထဲတွင် လိင်နှင့် ပတ်သက်သော စာအုပ်များသည် ပုံမှန်သာ ရှိနေမည်ဟု ထင်မှတ်ခဲ့၏။ သို့သော်လည်း အထဲတွင်ရှိနေသည့် စာသားများကို မြင်ရချိန်မှာတော့ တကယ်ပင် အံ့ချီးနပမ်း ဖြစ်ကုန်ကြ၏။

ပထမ တစ်ရွက်၊ နှစ်ရွက်လောက်ကို ဖတ်ရှုပြီးသည့်နောက် ကျောင်းတော်သားများအားလုံးသည် ဆွံ့အသွားခဲ့ ကြ၏။ ဤစာအုပ်၏ ဇာတ်လမ်းသည် ကောင်းသလား ၊ မကောင်းသလားမှာ မသေချာချေ။ သို့သော်ငြား သုံးနှုန်းထားသည့် စကားလုံးများသည် တကယ့်ကို အဆင့်အတန်း မြင့်မားလွန်းလှ၏။ အထဲတွင် ပါဝင်သည့် စကားလုံးများ၏ ရည်ညွှန်းချက်သည် နက်နဲပြီး အဓိပ္ပာယ်ဖော်ဆောင်ရခက်ခဲလွန်းသည်။

စာပိုဒ်တစ်ခုချင်းစီတိုင်းသည် စာရေးဆရာ၏ ဉာဏ်ပညာကို တိတိကျကျ ထုတ်ဖော်ပြသထားသည့် အရာဖြစ်၏။ ထိုအရာကို ပိုမိုကာဖတ်ရှုလေ အံ့အားသင့်စရာကောင်းသည့်အရာဖြစ်ကြောင်း သိရှိလေပင်။ ဆယ်မျက်နှာလောက် ဖတ်ရှုပြီးနောက် သူတို့သည် ဤစာအုပ်ကို သာမန်ထက်ပိုသည်ဟု သုံးသပ်ခဲ့၏။ နောက်ထပ် ဆယ်မျက်နှာလောက် ထပ်မံ ဖတ်ရှုပြီးနောက် အလွန့်အလွန် ထူးခြားသည့် စာအုပ် ဖြစ်ကြောင်း သတ်မှတ်မိ၏။ နောက်ထပ်ဆယ်မျက်နှာလောက် ထပ်မံဖတ်ရှုပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာဖြစ်ကြောင်း သိရှိနားလည်သွားခဲ့ကြ၏။

သူတို့သည် စာဖတ်နေရင်းမှာ ရုတ်တရက် စားပွဲခုံကို ထကာရိုက်နှက်ကာ အော်ဟစ်နေမိ၏။ ဤကဲ့သို့ စာအုပ်ကောင်းကိုမှ အိမ်ဆီသို့ မယူသွားပါက မည်သို့ ဖြစ်မည်နည်း။ အံ့အားသင့်စရာပင်။ အထဲတွင် ရှိနေသည့် စာသားများသည် ကြောက်ခမန်းလိလိ ဂန္တာဝင် စာသားများပင် ဖြစ်လို့နေသည်။

လက်တွန်းလှည်းဖြင့်‌ ရောင်းချသော စာအုပ်ဆိုင်များ၌ တကယ့်ကို အုတ်အော်သောင်းနင်း ဖြစ်လျက်ရှိနေ၏။ လူပေါင်းများစွာတို့သည် ထိုစာအုပ်ဆိုင်လေးများတွင် ဝိုင်းရံကာဖြင့် အလုအယက် ဝယ်ယူလျက် ရှိနေ၏။

ရှမ့်လန်၏ စာအုပ်သည် ကြောက်ခမန်းလိလိ ရောင်းချနေရ၏။ ကျိန်းသေပေါက် ကျူးဝမ်ဟွာ၏ စာအုပ်ထက်ပင် ပိုမိုကာ သာလွန်သွားခဲ့၏။ ၎င်းတို့၏ စာအုပ်မည်မျှရောင်းချခဲ့ရသည်ဆိုခြင်းမှာတော့ နတ်ဘုရားများသာလျှင် သိရှိပေလိမ့်မည်။

All Chapters