← Chapters

တစ်ချက်နင်းရုံနဲ့ ပေါက်ကွဲသွားတာကို မင်းက သားရဲဘုရင်လို့ ခေါ်တာလား

Vol. 1 Ch. 1

တစ်ချက်နင်းရုံနဲ့ ပေါက်ကွဲသွားတာကို မင်းက သားရဲဘုရင်လို့ ခေါ်တာလား

Vol. 1 Ch. 1

"ချင်းယန် အလုပ်ဆင်းပြီးရင် ညစာအတူတူ စားလို့ရမလား "

ကျန်းမြို့ ကိုယ်ခံပညာစာကြည့်တိုက် အဝင်ဝသို့ ရောက်သောအခါ ချင်းယန်ကို လှပသောမိန်းကလေးက ဖိတ်ခေါ်သည်။

"မစားတော့ဘူး ငါ့မှာ လုပ်စရာတွေရှိတယ်"

ချင်းယန် မိန်းကလေး၏ ဖိတ်ခေါ်မှုကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး လှည့်ထွက်သွားလိုက်သည်။

"ဒီကောင်က ပျင်းစရာကောင်းလိုက်တာ... ဒီလိုချောမောတဲ့ မျက်နှာကတော့ နှမြောစရာပဲ"

ချင်းယန်၏ ထွက်ခွာသွားပုံအား ကြည့်ပြီး ကောင်မလေးသည် ဒေါသတကြီးဖြင့် ခြေထောက်ကို ဆောင့်လိုက်သည်။ ပြီးနောက် မျက်လုံးပြူးကြည့်ရင်း သူမလည်း ထွက်သွားလေသည်။

အလုပ်ဆင်းပြီးနောက် ချင်းယန်သည် လမ်းဘေးအတိုင်း လမ်းလျှောက်ပြန်လာခဲ့သည်။ ကောင်းကင်တွင် ပေါ်လာသည့် တွင်းနက်ကြီးဆယ်ပေါက်ကို လှမ်းကြည့်လိုက်စဥ် သူ့မျက်လုံးများက အနည်းငယ် ရှုပ်ထွေးနေ၏။

သူသည် ကမ္ဘာမြေမှ အချိန်ခရီးသွားတစ်ဦးဖြစ်သည်။ နျူကလီးယား စွန့်ပစ်ရေများ၊ ညစ်ညမ်းသော ပင်လယ်စာများကို စားပြီးနောက် သေဆုံးသွားတဲ့အခါ မူလကမ္ဘာနှင့် အလွန်ဆင်တူသော ဤမျဉ်းပြိုင်ကမ္ဘာသို့ ခရီးဆက်ခဲ့သည်။

ဤကမ္ဘာကြီး၏ ယဉ်ကျေးမှုသည်လည်း မူလကမ္ဘာနှင့် ဆင်တူသည်။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က ကောင်းကင်မှာ အပေါက်ဆယ်ပေါက် ရုတ်တရက် ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားတစ်ခုက ဒီကမ္ဘာကြီးထဲကို တိုးဝင်လာခဲ့သည်။

ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို စုပ်ယူပြီးနောက် သက်ရှိသတ္တဝါ အားလုံး၏ ခန္ဓာကိုယ်များသည်လည်း ထူးကဲသော စွမ်းအားများ ပိုင်ဆိုင်ကာ အားကောင်းလာခဲ့သည်။

လူသားများသည် ဤစွမ်းအားကို ကြယ်တာရာစွမ်းအားဟု ခေါ်ဆိုကြပြီး ၎င်းကို စုပ်ယူနိုင်သူများကို ကြယ်စစ်သည်များဟု ခေါ်ကြသည်။ ကြယ်စစ်သည်များ၏ ကြယ်စွမ်းအင် စုပ်ယူသည့်အမြန်နှုန်းက ၎င်းတို့၏ကိုယ်ပိုင် အရည်အချင်းအပေါ် မူတည်လေသည်။

ချင်းယန်၏ လက်ရှိ ခန္ဓာကိုယ်သည် တန်ဖိုးမရှိသော အလုပ်တစ်ခုဖြစ်ပြီး လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအဆင့်သို့ ထိုးဆင်းသွားခဲ့သည်။ တွေးကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ့အရင်ဘဝကတော့ အလုပ်သမားဖြစ်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။

အချိန်တွေ တရွေ့ရွေ့နဲ့ ခရီးသွားလာပြီးတဲ့နောက်မှာ သူဟာ အလုပ်သမားတစ်ယောက် ဖြစ်လာနေတုန်းပင်။ သူယူလာတဲ့ ရွှေလက်ချောင်းက လုံးဝ အသုံးမဝင်ပေ။

မှန်ပါသည်။

ချင်းယန်တွင် ရွှေလက်ချောင်းရှိသည်။

ပြီးတော့ အဲဒါက စနစ်တစ်ခုပင်။

သို့သော် အချိန်ခရီးသွားပြီးနောက် အစ်ကိုစနစ်က သတိပေးသည့် တစ်ချက်သာ ပေါ်လာခဲ့သည်။

"ဒီကမ္ဘာကို စိတ်ကူးယဉ်ကမ္ဘာတစ်ခုအဖြစ် တွေ့ရှိရပြီး အရမ်းကို အန္တရာယ်များပါတယ်... ကျေးဇူးပြု၍ သတိထားပြီး သင့်အသက်ကို ကာကွယ်ပါ..."

အဲဒီနောက်မှာတော့ စနစ်က ပျောက်သွားတော့သည်။ ချင်းယန် ဘယ်လိုပဲ အော်ခေါ်နေပါစေ တုံ့ပြန်မှု မရှိလာခဲ့။

ယင်းကြောင့် ချင်းယန် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပြီး လစာရရှိသူအဖြစ်မှ သူ့ကိုယ်သူ နုတ်ထွက်ခဲ့ရသည်။ ကံကောင်းစွာဖြင့် ယခု သူသည် ကျန်းဟိုင် စာကြည့်တိုက်တွင် စီမံခန့်ခွဲသူအဖြစ် လျောက်ပတ်သော အလုပ်တစ်ခုကို ရခဲ့သည်။

ကျန်းဟိုင်စာကြည့်တိုက်သည် ကျန်းဟိုင်မြို့ရှိ အကြီးဆုံး စာကြည့်တိုက်ဖြစ်ပြီး နောင်လာနောက်သား မျိုးဆက်များအတွက် ကိုယ်ခံပညာ ကျွမ်းကျင်သူများကို ချန်ထားခဲ့သော ကိုယ်ခံပညာ လက်စွဲစာအုပ် အများအပြားကို စုစည်းထားသည့် နေရာတစ်ခုပင်။

စာကြည့်တိုက်၏ စီမံခန့်ခွဲသူ အဖြစ်၊ ချင်ယန်သည် ယခု လစဉ်လစာ ယွမ် ၃၀၀၀ ရရှိပြီး အစားအသောက်နှင့် နေရာထိုင်ခင်း၊ လေအေးပေးစက်ရှိသည့် အခန်းမျိုး ရရှိခဲ့သည်။

ထိုသို့သော အခြေအနေများက ချင်ယန်ကို ကျေနပ်စေခဲ့ပါပြီ။ အမှန်တော့ အန္တရာယ်ရှိတဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးမှာ သူ့လို အရည်အချင်း နိမ့်ပါးသူတစ်ယောက်အတွက် ငြိမ်းချမ်းစွာ ရှင်သန်နေရတာက ကောင်းချီးတစ်ခုလို ဖြစ်နေပြီ မဟုတ်ပါလား။

သူ့အတွက်ကတော့ အသက်ရှင်နေဖို့က အရေးကြီးဆုံးပင်။

မိနစ်နှစ်ဆယ်ခန့် အေးအေးဆေးဆေး လမ်းလျှောက်ပြီးနောက် ချင်းယန်သည် နောက်ဆုံးတွင် ငှားထားသော တိုက်ခန်း အစုတ်ကလေးဆီ ပြန်ရောက်လာခဲ့သည်။

စာကြည့်တိုက်သည် ယွမ်ငါးရာဖြင့် ငှားရမ်းခကို ထောက်ပံ့ကြေးပေးရုံသာ ပေးထားတာကြောင့် ချင်းယန်လည်း စျေးပေါပြီး ခေတ်မမီသော အပြင်အဆင်ဖြင့် တိုက်ခန်းဟောင်းကို ငှားရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

သူ့ကိုယ်သူ ရေတစ်ခွက် လောင်းချပြီးနောက် ဗွီဒီယိုအချို့ကြည့်ကာ ခဏလောက် အနားယူကာ အိပ်ရာဝင်ခဲ့သည်။

"ဆွံ့!"

ထိုအချိန်တွင် ကုတင်အောက်မှ ပုံမှန်မဟုတ်သော အသံများစွာကို ကြားလိုက်ရသဖြင့် သူ့မျက်ခုံးတို့ တွန့်သွားသည်။

"ကြွက်လား?"

ချင်းယန် ချက်ချင်းထပြီး ဖုန်းထုတ်ကာ မီးဖွင့်လိုက်သည်။ ထို့နောက် ကုတင်အောက်သို့ လှဲလျောင်းချလိုက်ရာ မြေပြင်ပေါ်တွင် မည်းမှောင်နေသော အရိပ်တစ်ခုကို မြင်လိုက်ရသည်။ ကြွက်တစ်ကောင်လို့ ထင်တာကြောင့် တံမြက်စည်း ပြေးယူကာ လှည်းထုတ်လိုက်သည်။

"ဟင်? ဒါက ပိုးဟပ်လား"

အရိပ်၏ပုံစံအမှန်ကို မြင်ပြီးနောက် ချင်းယန် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။ တကယ်တော့ အရိပ်က ကြွက်အရွယ်လောက်ရှိတဲ့ ဧရာမ ပိုးဟပ်တစ်ကောင် ဖြစ်နေသည်။ ၎င်းက ကြက်သွေးရောင်အခွံနဲ့ ဖုံးအုပ်ထားကာ သာမန်ပိုးဟပ်တွေနဲ့ လုံးဝမတူချေ။

"စိတ်ကူးယဉ်ကမ္ဘာတစ်ခုကတော့ မျှော်လင့်ထားသလိုပဲ ပိုးဟပ်တောင်မှ ထူးခြားတယ်..."

ချင်းယန် အံ့ဩသွားပြီး ဧရာမပိုးဟပ်ကြီးကို ချက်ချင်း သတ်ပစ်ချင်လာသည်။ ပိုးဟပ်က ကြီးပေမယ့် အကောင်သေးသေးလေးမို့ သူ မကြောက်ပါဘူး။

ထိုအချိန်တွင် အချိန်အတော်ကြာ ပျောက်ဆုံးနေသော စနစ်သတိပေးချက်သည် သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"တင်း! ဘုရင်အဆင့် ကြယ်သားရဲကို တွေ့ရှိပါတယ်... မသေမျိုးပိုးဟပ်"

"သတိပေးချက်! အန္တရာယ်ရှိသည်!"

"hostက အခု ဘုရင်အဆင့် ကြယ်သားရဲ ထက် နိမ့်ကျနေပါသေးတယ်.. ကျေးဇူးပြုပြီး ပြေးပါ... ကျေးဇူးပြုပြီး ပြေးပါ!"

စနစ်သတိပေးချက်သည် အန္တရာယ်တစ်မျိုးမျိုးကြုံတွေ့ရသကဲ့သို့ ထိတ်လန့်မှု အရိပ်အမြွက်မျိုး ပြနေသည်။

"မသေမျိုးပိုးဟပ်? ဘုရင်အဆင့် ကြယ်သားရဲ??"

ချင်းယန်မှာ ဖြစ်ပျက်နေတာကို သဘောပေါက်ပြီးနောက် သူ့ရှေ့က ဧရာမပိုးဟပ်ကြီးကို ကြည့်ရင်း သူ့စိတ်ထဲ အနည်းငယ် မှင်တက်သွားခဲ့၏။

ဤကမ္ဘာတွင် ကြယ်စစ်သည်များကို မွေးရာပါနယ်ပယ်နှင့် နောက်ဖွားနယ်ပယ် ဟူ၍ အဆင့်နှစ်ဆင့် ခွဲခြားထားသေးသည်။ နောက်ဖွားနယ်ပယ်ကို အဆင့် ကိုးဆင့် ထပ်မံခွဲခြားထားပြီး မွေးရာပါနယ်ပယ်ကို ဖြတ်ကျော်ချင်ပါက ရှားပါးသော အရည်အချင်းများ လိုအပ်သည်။

လူသားများသည် ကြယ်စစ်သည်များ ဖြစ်လာရန် ကြယ်များ၏ စွမ်းအားကို စုပ်ယူကြသည်။

လူသားမဟုတ်သော သတ္တဝါများသည်လည်း ကြယ်များ၏ စွမ်းအားကို စုပ်ယူနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကြယ်သားရဲများအဖြစ်သို့ ပြောင်းလဲနိုင်သည်။

၎င်းတို့သည် အချို့သော အထူးစွမ်းရည်များကိုလည်း ရရှိနိုင်သည်။

လူသားများမှာ ကျင့်ကြံမှုကို မြှင့်တင်ရန်အတွက် ကြယ်သားရဲများကို ရှာဖွေနိုင်ပြီး ၎င်းတို့၏ ကြယ်အူတိုင်များကို ထုတ်ယူနိုင်သည်။ အလားတူ ကြယ်သားရဲများကလည်း ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် လူသားများကို ဝါးမြိုနိုင်၏။

ထို့ကြောင့် လူသားများနှင့် ကြယ်သားရဲများသည် မွေးရာပါ ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရင်အဆင့် ကြယ်သားရဲ၏ စွမ်းအားသည် သဘာဝအဆင့် စစ်သည်တော်နှင့် ညီမျှလေသည်။

ဒါပေမယ့် အခုစနစ်က သူ့ရှေ့မှာ ဧရာမပိုးဟပ်ကြီးဟာ တကယ်ပဲ အစွမ်းထက်တဲ့ မွေးရာပါနယ်ပယ်က စစ်သည်တော်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ သားရဲတွေကြားက ဘုရင်တစ်ပါးလို့ ပြောနေတာလား။

သူသည် လက်ရှိတွင် သာမန်လူတစ်ဦးမျှသာဖြစ်ပြီး ကြယ်စွမ်းအားကို စုပ်ယူနိုင်စွမ်း မရှိပေ။ ဘုရင်အဆင့် ကြယ်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသည်မှာ လုံးဝ စွမ်းအားမရှိဘဲ သေလမ်း ရောက်သူသာ ဖြစ်သီားပေမည်။

"တင်း! host ကျေးဇူးပြုပြီး အမြန်ဆုံး ပြေးပါ...မဟုတ်ရင် သင့်အသက်အန္တရာယ် ကျရောက်လာပါလိမ့်မယ်!"

စနစ်၏ အကြောင်းကြားချက်များက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ ဒါပေမယ့် ချင်းယန်ကတော့ သူ့ခြေထောက်အောက်က ပိုးဟပ်ကြီးကို စိုက်ကြည့်ရင်း လုံးဝကို အံ့သြသွားခဲ့သည်။

အစ်ကိုစနစ် မှားနေတာလား။

ဧရာမပိုးဟပ်တစ်ကောင်မျှသာ ဖြစ်သည်။

ဒါတောင် နည်းနည်း ကြီးနေရုံသာ။

ဒီကောင်ကို သားရဲဘုရင်လို့ ပြောနေတာက နည်းနည်း ချဲ့ကားရာ မကျဘူးလား။

ချင်းယန် ကြီးမားသော ပိုးဟပ်ကို စိုက်ကြည့်နေစဉ်မှာပဲ အလင်းတန်းတစ်ခု သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

မျိုးစိတ်- မသေမျိုးပိုးဟပ် (ရှေးဟောင်းနတ်ဆိုး အင်းဆက်ပိုးမွှား၏ သွေးလိုင်းပါရှိသည်)

အဆင့်- ဘုရင်

မွေးရာပါစွမ်းရည်- မသေနိုင်မျိုး

လက္ခဏာများ- ကြမ်းတမ်းသည်

တကယ် မသေမျိုး ပိုးဟပ်တစ်ကောင်လား။

သူ့ရှေ့က အချက်အလက်တွေကို ကြည့်လိုက်မိတဲ့အခိုက် ချင်ယန် ရုတ်တရက် အံ့သြသွားတော့သည်။

လျှို့ဝှက် အချက်အလက်တွေကိုတောင် မြင်နေရတာလား။

ဒီပိုးဟပ်အကြီးကြီးက တကယ်ပဲ သားရဲဘုရင်ဖြစ်နိုင်ပါ့မလား။

"သတိထားပါ မသေမျိုး ပိုးဟပ်မှာ ကြမ်းတမ်းတဲ့ သဘာဝရှိပြီး အရမ်း အန္တရာယ်များပါတယ်... host ကျေးဇူးပြုပြီး ထွက်ပြေးပါ"

ချင်းယန်ရဲ့နှလုံးတွေလည်း တင်းကြပ်လာပြီး မသိစိတ်က နောက်ပြန်ဆုတ်သွားလိုက်သည်။

သို့သော် ပိုးဟပ်ကြီးသည် မြေပြင်ပေါ်က စက်ဝိုင်းလို လည်နေကာ အိမ်အပြန်လမ်းကို ရှာမတွေ့သေးပုံပင်။

ဒီကောင်က သားရဲဘုရင် ဖြစ်နိုင်ပါ့မလား

အန္တရာယ်မရှိသော ပိုးဟပ်ကိုကြည့်ရင်း ချင်ယန်သည် ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။

ဒီစနစ်မှာ တစ်ခုခု မှားနေတာ ဖြစ်ရမယ်!

တစ်ဖက်သား၏ မွေးရာပါ စွမ်းရည်ကို ချက်ချင်း တွေးတောလိုက်ရင်း အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထို့နောက် ချင်းယန် ပိုးဟပ်ကို နင်းမိသွားတော့သည်။

ခရက်!

၎င်း၏အခွံ ကွဲအက်သံနှင့်အတူ ဧရာမပိုးဟပ် ပေါက်ကွဲသွားသည်။ ချင်းယန်လည်း မြေပြင်ပေါ်ရှိ ပိုးဟပ်သေကို ကြည့်ပြီး ရယ်မောလိုက်သည်။

ဒါကို သားရဲဘုရင်လို့ ခေါ်တာလား။

ဒါတောင် မသေမျိုးလို့ ပြောနိုင်သေးတာလား? တစ်ချက်တည်းနဲ့ ပေါက်ကွဲသွားတယ်?

ဒီစနစ်က ရောဂါရှိနေတာပဲ ဖြစ်ရမယ်!

All Chapters