စာကြည့်တိုက်မှာ သားရဲဧကရာဇ်ကို ဝှက်ထားတာတဲ့၊ စနစ်က ထပ်ပြီး ရူးပြန်ပြီလား
Vol. 1 Ch. 4
"လောင်ချင်း... မင်း ဒီည ပိုင်ကျင်းဟန့်မှာ သီချင်းဆိုမှာလား"
ဆိုင်ထဲရောက်တော့ နှစ်ယောက်သား ကြိုက်တဲ့ဟင်းတွေကို မှာပြီး ထိုင်ခုံနေရာတွေ ယူလိုက်ကြသည်။ ပိုင်ကျင်းဟန့်လို ပြောလိုက်တဲ့အချိန် ရှဟဲရဲ့ မျက်လုံးများ တောက်ပလာသည်။
"အဲဒီမှာ အရမ်းတော်တဲ့ မိန်းကလေးတွေ ရှိတယ်နော်... နောင်တမရမိစေနဲ့!"
"မသွားဘူး"
ချင်းယန် ခေါင်းယမ်းလိုက်ပြီး သူ့ဝက်သားစွပ်ပြုတ်ကိုသာ မျက်လုံးရွဲများဖြင့် စိုက်ကြည့်နေသည်။ ယောက်ျားတစ်ယောက်အနေနဲ့ ပိုင်ကျင်းဟန့်က ဘယ်လိုပုံစံလဲဆိုတာ အတိအကျသိပါ၏။
သို့သော် သူသည် အမျိုးသမီးများကြောင့် မတုန်လှုပ်သွားသည့် အမြဲ သစ္စာစောင့်သိသော အမျိုးသားတစ်ဦး ဖြစ်သည်။ ချင်းယန်မှာ သူ့အနေနဲ့ အဲဒီလိုနေရာကို သွားဖို့ မတတ်နိုင်ဘူးလို့ ဝန်ခံပါ၏။ သူ၏တစ်လ ယွမ်သုံးထောင်မျှသော လစာမှာ ပိုင်ကျင်းဟန့်တွင် တစ်ညအိပ်ရန်ပင် မလုံလောက်ပေ။
ရှဟဲကို ဒကာခံခိုင်းရမလား။ ပေးစရာ မလိုတော့ ကောင်းတာပေါ့။ အဲ့လိုက တစ်ခုခုကို အလကားရတာနဲ့ အတူတူပဲ မဟုတ်ပါလာ။
ဒါပေမယ့် အဲဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ရမှာ။ ချင်းယန်သည် ဒီလိုမျိုးကိစ္စအတွက် တစ်စုံတစ်ယောက်ကို ကျေးဇူးမဆပ်ချင်ပါ။
သူတကယ်လုပ်ချင်ရင် သူ့ဘာသာသူ သွားလုပ်နိုင်သည်လေ။ ပြီးတော့ သူအဲဒါအတွက် ပိုက်ဆံအကုန်ခံမှာ မဟုတ်ချေ။
"မင်းက တကယ့် အဘိုးကြီးအတိုင်းပဲ"
ရှဟဲသည် ချင်းယန် ငြင်းဆန်မယ်ဆိုတာ အစောကတည်းက မျှော်လင့်ထားခဲ့ပြီး ကျင့်သားတောင် ရနေပါပြီ။ ချင်းယန်ကို သူ ဖိတ်ကြားခဲ့တာကလည်း ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ သူ ဖိတ်တိုင်းလည်း ချင်းယန်က အမြဲငြင်းသည်။
စာကြည့်တိုက်ရှိ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်အချို့ကိုလည်း ချင်းယန်က ထိုထုံးစံထဲတွင် ထည့်သွင်း တုံ့ပြန်လေ့ရှိသည်။ ဒါက ချင်းယန်ရဲ့ လိင်စိတ်ခံယူမှုမှာ တစ်ခုခုလွဲမှားနေသလားလို့ပင် ရှဟဲအား အတွေးလွန်ကာ အံ့သြစေခဲ့သည်။
"ရောဂါကူးစက်မှာ ကြောက်တယ်"
ချင်းယန်က လူကြီးလူကောင်း တစ်ယောက်လို ပြုမူပြီး :"ငါ့ရဲ့အကြံဥာဏ်ကို ယူသွားပါ ညီအစ်ကို... အဲဒီလိုနေရာမျိုးကို ရှောင်တာ အကောင်းဆုံးပဲ"
ရှဟဲ အားကိုးရာမဲ့သွားသည်။
"လာပြန်ပြီ လာပြန်ပြီ... ငါ့မိဘတွေထက် မင်းက ပိုပြီး တင်းကြပ်နေသေးတယ်... ကောင်းပြီလေ မင်းမသွားရင် ငါတစ်ယောက်တည်း သွားမယ်... မနက်ဖြန် ငါမလာရင် ငါ့အတွက် အခန်းနှစ်ကို သွားကြည့်ပေးဖို့ မမေ့နဲ့နော်"
ချင်းယန် ခေါင်းညိတ်လိုက်သည်။ အခန်း၁နဲ့ ၂က တစ်ခုနှင့်တစ်ခု ဘေးချင်းကပ်လျက် တည်ရှိသည်။ ထို့အပြင် စာကြည့်တိုက်သည် ယခုအချိန်တွင် အတော်အတန် ဗလာဖြစ်နေသောကြောင့် နယ်ပယ်နှစ်ခုကို တစ်ပြိုင်နက် စီမံခန့်ရရင်တောင် ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။
ချင်းယန် သူ့ကို ဒီလိုမျိုး ကူညီပေးခဲ့တာ ဒါပထမဆုံးအကြိမ်လည်း မဟုတ်တော့ပါ။ ညစာစားပြီးနောက် နှစ်ယောက်သား ကော်ဖီဆိုင်နောက်ဘက်သို့ သွားကာ တံခါးဝတွင် ထိုင်လျက် ဆေးလိပ်သောက်ရင်း စကားစမြည်ပြောကြသည်။
"လောင်ချင်း မင်း ကြားဖူးမိလား.. ဧကရာဇ် မြို့တော်ကနေ ဂိုဏ်းဆရာကြီး တစ်ယောက် မကြာခင် ငါတို့ ကျန်းဟိုင်မြို့ကို ရောက်လာတော့မယ်တဲ့ အဲဒီပညာရှင်က ငါတို့ ဒေသကနေ ထွန်းပေါက်ခဲ့တာလို့ ပြောကြတယ်"
"ဂိုဏ်းဆရာကြီး ဟုတ်လား?"
ချင်ယန် အနည်းငယ် အံ့သြသွားသည်။ ဂိုဏ်းဆရာနယ်ပယ်သည် မွေးရာပါနယ်ပယ် အထက်တွင် ရှိသည့်နယ်ပယ် ဖြစ်ကာ ထိုသို့သော ပုဂ္ဂိုလ်များကို များသောအားဖြင့် တွေ့ရခဲ၏။
ဤအချိန်အတွင်း သူလုပ်ဆောင်ခဲ့သော စာဖတ်ခြင်းသည် ချင်းယန်အား ဤကမ္ဘာ၏ ကျင့်ကြံမှုနယ်ပယ်ထဲ နှစ်မြှုပ်နိုင်စေခဲ့သည်။ ဂိုဏ်းဆရာနယ်ပယ်သို့ ရောက်ရှိပြီးနောက် အမြောက်များပင် မထိခိုက်စေနိုင်သော အကာအကွယ် ရောင်ဝါတစ်ခု ဖြာထွက်လာမည်။ ရန်သူရဲ့ ပစ်ချက်က သူ့ကို လေလိုပဲ ဖြတ်ကျော်သွားနိုင်သည်။
ထိုအစွမ်းသတ္တိ ရှိသူကို ကုန်းမြေပေါ်က အမတနတ်ဘုရား ဟုခေါ်ဝေါ်ထိုက်သော သာမန်လူသားတို့ လက်လှမ်းမမီနိုင်သူဟု ဆိုကြသည်။
အဲဒီလိုလူက ကျန်းဟိုင်မြို့ကို ဘယ်လိုလုပ် ရောက်လာတာလဲ။
"တကယ်တော့ အဲဒီဂိုဏ်းဆရာကြီးက တစ်ချိန်က ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီမှာ ကျောင်းသားဖြစ်ခဲ့တယ်လို့ ကြားတယ်... ဒီတစ်ခေါက် သူ့ရဲ့ စာသင်ကျောင်းကို အလည်အပတ်ပြန်လာပြီး ကျေးဇူးတင်ကြောင်း ပြသဖို့အတွက် လူထုဟောပြောပွဲကို ပို့ချပေးမှာ... အဲဒါ ဂိုဏ်းဆရာကြီးရဲ့ ကိုယ်ခံပညာအတန်းနော် မင်း တက်ချင်လား"
ရှဟဲ၏မျက်နှာသည် ကြည်ညိုလေးစားမှုများဖြင့် တောက်ပနေသည်။ သန်မာသူများသာ လေးစားခံရသော ဤကမ္ဘာကြီးတွင် ဂိုဏ်းဆရာများကို လူအားလုံးက အမှန်တကယ် လေးစားကြသည်။
"ငါတို့က ကျန်းဟိုင် ကိုယ်ခံပညာ အကယ်ဒမီကမှ မဟုတ်တာ... ဘယ်လိုလုပ် တက်ရောက်နိုင်မှာလဲ"
ချင်းယန်ရဲ့နှလုံးက ချက်ချင်းပင် လှုပ်ရှားသွားသည်။ သူသည် လက်ရှိတွင် မွေးရာပါနယ်ပယ် ခြေလှမ်းတစ်ဝက်တွင် ပိတ်မိနေဆဲ ဖြစ်သည်။ သူ့အရည်အချင်းနဲ့သူ ဘယ်အချိန်မှာမှ မွေးရာပါနယ်ပယ်ကို ဖြတ်ကျော်နိုင်မယ်ဆိုတာ မသေချာပေ။
အကယ်၍ သူသာ ဂိုဏ်းဆရာကြီးရဲ့ ကိုယ်ခံပညာ အတန်းကို တက်နိုင်လျှင် ဖြတ်ကျော်ရန် အခွင့်အရေးကို ရှာတွေ့နိုင်ပေလိမ့်မည်။
"အဲဒါကို စိတ်မပူပါနဲ့.. ငါ့အဖေက ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီရဲ့ ဒါရိုက်တာနဲ့ ဆက်ဆံရေးကောင်းတယ်... မင်း တက်ချင်တယ်ဆိုရင် ငါ့လက်ထဲသာ အပ်ထားလိုက်..."
ရှဟဲက တာဝန်ယူဖို့ ပြောနေပုံအရတော့ သူ့မိသားစုရဲ့ ဆက်ဆံရေးက တကယ်ကို အားကောင်းပုံရသည်။ ချင်းယန် အလုပ်ဆင်းပြီးနောက် ချက်ချင်းအိမ်သို့ မပြန်ဘဲ ထုံးစံအတိုင်း ဓားသိုင်းလေ့ကျင့်ရန် အဝေးမှာ ဖွင့်ထားသည့်နေရာကို ရောက်လာခဲ့၏။
လေညှင်းဓားကျင့်စဥ်ရဲ့ ဓားကွက် လှုပ်ရှားမှုအားလုံးကို မှတ်သားပြီးနောက် ချင်းယန်သည် ယွမ်ငါးရာကို ဖြုန်းတီးကာ လေ့ကျင့်ရန်အတွက် အွန်လိုင်းမှ သံဓားတစ်လက်ကို ဝယ်ယူခဲ့သည်။
နှစ်ပတ်ကျော် လေ့ကျင့်ပြီးနောက် မွေးရာပါနယ်ပယ် ခြေလှမ်းတစ်ဝက်ကို ပြုစုပျိုးထောင်ထားသဖြင့် သူ ဓားသိုင်းကို ကျွမ်းကျင်နေပြီ ဖြစ်သည်။
…………
နောက်တစ်နေ့။
ချင်းယန် စာကြည့်တိုက်ကို အချိန်မှန်ပဲ ရောက်လာခဲ့သည်။ ရှဟဲ မနေ့ညက အရမ်းပျော်နေခဲ့ပုံပါပဲ။ သူမျှော်လင့်ထားသလို ပေါ်မလာခဲ့ချေ။
အနှေးနဲ့အမြန်ဆိုသလို ဒီကောင်ဟာ မိန်းမဝမ်းထဲမှာ ဆုံးသွားလိမ့်မည်။
ချင်းယန် ပြင်းပြင်းထန်ထန် ကျိန်ဆဲပြီးနောက် သူ့ထုံးစံအတိုင်း စာအုပ်ရှာဖို့ ထွက်သွားခဲ့သည်။ လေညှင်းဓားကျင့်စဥ်ကို ကျွမ်းကျင်ပြီးပြီမလို့ ကာယလေ့ကျင့်ခန်း ပုံစံကို ရှာဖွေရန် အချိန်တန်ပါပြီ။
နောက်ဆုံးတွင်တော့ ဓားသမားဖြစ်ဖို့ဆိုတာ အိပ်မက်တစ်ခု ဖြစ်သော်လည်း ကိုယ်ကာယလေ့ကျင့်မှုသည် အရေးကြီးသော အခိုက်အတန့်တွင် လွတ်မြောက်ဖို့အတွက် သော့ချက်ဖြစ်သည်။ မနိုင်ရင် အနည်းဆုံးတော့ ပြေးနိုင်သေးသည်လေ။
သေချာရွေးချယ်ပြီးနောက် ချင်းယန်သည် စာအုပ်စင်မှ "ကြယ်ခုနစ်ပွင့်ခြေလှမ်း" ဟူသော လျှို့ဝှက်လက်စွဲစာအုပ်ကို ကောက်ယူခဲ့သည်။ နာမည်က အထင်ကြီးလောက်စရာ ဖြစ်ပေမယ့် စာကြည့်တိုက်ရဲ့ ပထမထပ်မှာ နေရာချထားတာက လုံးဝကို အဆင့်တန်းမမီကြောင်း ပြသနေ၏။
အမှိုက်ပုံတွေမှာ ရွှေရှာတာတွေလည်း ရှိတယ် မဟုတ်လား။ သူဖတ်ဖူးတဲ့ ဝတ္ထုတွေထဲက အတိုင်းသာဆို ဒါက ဝတ္ထုထဲက ဇာတ်လိုက်တစ်ယောက်ရဲ့ အခွင့်ထူးဖြစ်ပြီး ချင်းယန်လည်း သူ ဒီလောက်ကံကောင်းလိမ့်မယ်လို့ မထင်ထားခဲ့။
ကြယ်ခုနှစ်ပွင့်ခြေလှမ်း လျှို့ဝှက်လက်စွဲစာအုပ်ကို ကိုင်ဆောင်ကာ ချင်းယန် အခန်း၂ထဲ သို့ ဝင်သွားခဲ့သည်။ ရှဟဲကို ကတိပေးထားပြီးပြီ ဖြစ်တာကြောင့် သဘာဝအတိုင်း သူ့အခန်းကို စောင့်ကြည့်ပေးရမည်။
ချင်းယန်သည် ကြယ်ခုနစ်ပွင့်အဆင့်တွင် နှစ်မြုပ်နေသကဲ့သို့ စာကြည့်တိုက်ခေါင်မိုးမှ ပင့်ကူချည်တစ်စသည် တဖြည်းဖြည်း ဆင်းသက်လာသည်ကို သတိမထားမိပေ။
ကြိုး၏အဆုံး၊ လက်ရှိ ချင်းယန်၏အထက်တွင် ခရမ်းရောင် ပင့်ကူငယ်လေးကို ချိတ်ဆွဲထားသည်။ ခရမ်းရောင်ပင့်ကူ၏ မျက်လုံးသေးသေးလေးထဲတွင် သွေးနီရောင် အလင်းတန်းများ လင်းလက်နေပုံရပြီး၊ ၎င်း၏အကြည့်များက ချင်းယန်ကို စိုက်ကြည့်နေသည်။
မဟုတ်ဘူး!
ပိုမိုတိကျစွာ ဖော်ပြပါက ၎င်း၏အကြည့်များသည် ချင်းယန် လက်ရှိဖတ်နေသော ကြယ်ခုနစ်ပွင့်ခြေလှမ်းဆီ ဦးတည်သွားနေခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤအခိုက်အတန့်ကို အနီးကပ် သတိပြုမိပါက ယင်းကို တွေ့ရှိပြီး အလွန်အမင်း တုန်လှုပ်သွားလိမ့်မည်။
ခရမ်းရောင် ပင့်ကူ၏ သွေးနီရောင် မျက်လုံးများအတွင်း လူသားမျိုးနွယ်လို အရိပ်အမြွက်မျိုး ထွက်ပေါ်လာသည်။ ၎င်းက ချင်းယန်၏ လျှို့ဝှက်စာအုပ်ကို စူးစိုက်ကြည့်ရင်း အမှန်တကယ် နားလည်သဘောပေါက်သွားသလို မျက်လုံးတွေက အရောင်တောက်နေသည်။
"တင်း! သားရဲဧကရာဇ် တည်ရှိနေတာကို တွေ့ရှိရပါတယ်... အလွန်အန္တရာယ်ကြီးပါတယ်... host ကျေးဇူးပြုပြီး ချက်ချင်း ပြေးပါ... မဟုတ်ရင် အသက်အန္တရာယ်ထဲ ကျရောက်ပါလိမ့်မယ်!"
"host ချက်ချင်း ပြေးပါ!"
ချင်းယန်သည် အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသောအခါတွင် စာဖတ်ခြင်းထဲ၌ နစ်မြုပ်နေသဖြင့် သူ့စာအုပ်ကို ပစ်ထုတ်လုနီးနီး ဖြစ်သွားသည်။
"သေတာပဲ!"
ချင်းယန်၏ မျက်နှာသည် ယားယံခြင်းနှင့်အတူ ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားသည်။
လူတွေကိုကြောက်တဲ့ လူတွေက သူတို့ကို လူတွေကပဲ တကယ်သတ်နိုင်တယ် မဟုတ်ပါလား။
စနစ်က လူသားမဟုတ်ပေမယ့် တကယ့်ခွေးပဲ။
ခွေးစနစ်!
မကျေနပ်သော်လည်း အကြာကြီး တိတ်ဆိတ်နေသော စနစ်၏ ရုတ်တရက် အသံသည် နောက်ဆုံးတွင်တော့ ချင်းယန်ကို သတိကပ်လာစေသည်။
"တင်း! သားရဲဧကရာဇ် တည်ရှိနေတာကို တွေ့လိုက်ရတယ်... hostအကြံဉာဏ်ကို လိုက်နာပြီး ချက်ချင်း ပြေးပါ...မဟုတ်ရင် အပိုင်းပိုင်း ကွဲသွားလိမ့်မယ်!"
စနစ်အသစ်၏ တွန်းအားပေးသံကို ကြားတော့ ချင်းယန်သည် လျှို့ဝှက်စာအုပ်ကို အမြန်ပိတ်ကာ မတ်တပ်ရပ်ရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်က စာအုပ်စင်တန်းများနှင့် ဤနေရာတွင် စာဖတ်နေသူ အနည်းငယ်ကိုသာ တွေ့လိုက်ရသည်။
သူတို့အားလုံးကလည်း တိတ်တိတ်ဆိတ်ဆိတ် စာဖတ်နေကြသည်။
ပေါက်ကွဲသွားသော ပိုးဟပ်ကို သတိရသွားခိုက် ချင်းယန်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ကြမ်းပြင်ကို ရှာဖွေရန် ခေါင်းကို အမြန်ငုံ့လိုက်သည်။
စနစ်ပြောတဲ့ သားရဲဧကရာဇ် ဆိုတာ တိရစ္ဆာန်ငယ်လေးတွေကို ထပ်ပြီး ရည်ညွှန်းနေတာလား။
သူသာ ထပ်နင်းခဲ့ရင် စနစ်က သူ့ကို ရက်ရက်ရောရော ဆုပေးမှာလား။
ဤအတွေးဖြင့် ချင်းယန်သည် ချက်ချင်းပင် စိတ်အားထက်သန်လာပြီး စာကြည့်တိုက်ကို စတင်ရှာဖွေခဲ့သည်။ သို့သော် စာကြည့်တိုက် ကြမ်းပြင်မှာ အညစ်အကြေးမရှိ သလို ပုရွက်ဆိတ်တောင် ရှာမတွေ့ပေ။
"သားရဲဧကရာဇ်ရော?"
"ဒီစာကြည့်တိုက်မှာ သားရဲဧကရာဇ် ဘယ်လိုလုပ်ရှိနိုင်မှာလဲ"
ဒီခွေးစနစ်ကတော့ ရူးသွားပြန်ပြီ!