ပင့်ကူကိုက်ခံရရင် Spider-Man ဖြစ်လာမှာလား
Vol. 1 Ch. 5
နောက်ဆုံးအကြိမ်က "မသေနိုင်သောပိုးဟပ်" ကို ချေမှုန်းရင်း ရရှိခဲ့သော ချိုမြိန်မြိန် ဆုလာဘ်လေးကို တွေးကာ ချင်းယန် မကျေမနပ် ဖြစ်နေပြန်သည်။ ခဏကြာတော့ စိတ်ပျက်လက်ပျက်ဖြင့် သူ့ထိုင်ခုံဆီသို့သာ ပြန်သွားခဲ့သည်။
သူသည် စာကြည့်တိုက်၏ ဧရိယာ ၁ နှင့် ၂ ကိုရှာဖွေခဲ့ရာ ထောင့်တစ်နေရာတွင် ကံမကောင်းသည့် ယင်ကောင်နှစ်ကောင်ကိုသာ ရှာတွေ့ခဲ့သည်။ ဒါပေမဲ့ ဒါက စနစ်ရဲ့ ဆုလာဘ်ကို မပေါ်ထွက်လာစေခဲ့။
နောက်ဆုံးတွင်တော့ ချင်းယန်ရဲ့ ရှာဖွေမှုက နိဂုံးချုပ်သွားခဲ့သည်။ ဒီရူးသွပ်တဲ့စနစ်က ရူးကြောင်ကြောင်နဲ့ လျှောက်ပြောနေပြန်တာပဲ ဖြစ်ပေမည်။
သားရဲဧကရာဇ်က စာကြည့်တိုက်မှာ ပေါ်လာမှာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သားရဲဧကရာဇ် ဆိုတာ ဘာလဲ။ သားရဲဘုရင်ထက်တောင် ပိုကြောက်စရာကောင်းတဲ့ အဆင့်ပင်။ ၎င်း၏ ခွန်အားကို အခြေခံလိုက်လျှင် သားရဲဧကရာဇ်သည် လူသား ဂိုဏ်းဆရာနယ်ပယ်ထက်ပင် ပို၍ အစွမ်းထက်သော ကြယ်သားရဲ ဖြစ်သည်။
အကယ်၍ ဤစာကြည့်တိုက်တွင် သားရဲဧကရာဇ် ရှိလျှင် ဒီနေရာမှာ ဘယ်သူမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ဒါကိုတွေးကြည့်ပြီးနောက် ချင်းယန်သည် ရုတ်တရက် အဲဒီမိုက်မဲတဲ့စနစ်ကို အာရုံစိုက်ဖို့ စိတ်မ၀င်စားတော့ချေ။
သားရဲဧကရာဇ် တစ်ကောင် တကယ်ရှိနေသော် ဘယ်လိုပဲဖြစ်ဖြစ် ၎င်း၏အကန့်အသတ်ရှိသည့် အစွမ်းသတ္တိဖြင့် သူ ရှောင်မပြေးနိုင်ပေ။ ချင်းယန် ဒီအကြောင်းကို ပိုတွေးလေ ပိုစိတ်ပျက်လေပင်။ ဒီလိုမျိုး စိတ်မချရတဲ့ စနစ်တစ်ခုကို သူ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ။
"တင်း! သားရဲဧကရာဇ်ရဲ့ တည်ရှိနေတာကို တွေ့ရပါတယ်... host ဘာလို့ အခု မပြေးတာလဲ အသက် မရှင်ချင်တော့ဘူးလား"
"hostရဲ့ လက်ရှိအင်အားနဲ့ သားရဲဧကရာဇ်ကို မပြိုင်နိုင်ဘူး!... host ကိုယ့်ကိုကိုယ် ယုံကြည်မှု မလွန်ကဲပါနဲ့ အလကား သတ်သေသလို ဖြစ်သွားမယ်!"
ချင်းယန် လှုပ်ရှားမှုမရှိတာကို သတိပြုမိပုံရပြီး စနစ်၏ လေသံမှာ စိုးရိမ်စိတ်များ တိုးလာခဲ့သည်။ သူ့အား လှုပ်ရှားလာအောင် အရိပ်အမြွက်ဖြင့်ပင် ဆက်လက် တိုက်တွန်းနေခဲ့သည်။
"Mmdzz..."
ချင်းယန် သူ့မျက်လုံးများကို မှိတ်ထားပြီး အတွင်းကျကျ ကျိန်ဆဲလိုက်သည်။ စနစ် ပေါက်ကွဲလာပြီးနောက်တွင် သူသည် စာဖတ်နေတဲ့အပေါ် စိတ်ဝင်စားမှု မရှိတော့ဘဲ ကြယ်ခုနှစ်ပွင့်ခြေလှမ်း လက်စွဲစာအုပ်ကို ပိတ်ပစ်လိုက်သည်။
ချင်းယန် စာအုပ်ကို ပိတ်လိုက်သောအခါတွင် သူ့အပေါ်တွင် ချိတ်ဆွဲထားသော ခရမ်းရောင်ပင့်ကူငယ်လေးသည် ၎င်း၏မျက်လုံးများတွင် သွေးနီရောင် အလင်းတန်းများ လင်းလက်သွားပြီးနောက် ပိုးသားချည်မျှင်ဖြင့် အိမ်ခေါင်မိုးပေါ်သို့ တိုးဝင် ပျောက်ကွယ်သွားသည်။
"နောက်ဆုံးတော့ ငြိမ်သွားပြီ..."
စီးကရက်သောက်ဖို့ အပြင် ထွက်လာတဲ့အခါ စနစ်ရဲ့ သတိပေးချက်များလည်း နောက်ဆုံးတွင်တော့ ရပ်သွားခဲ့သည်။ ချင်းယန် သက်ပြင်းတစ်ချက် ချလိုက်သည်။
ဒီမိုက်မဲတဲ့စနစ်သာ ဆက်တိုက် မြည်နေရင် သူလည်း ရူးသွားလိမ့်မည်။
အချိန်တွေ ကုန်လွန်လာပြီး နေ့လယ်ပင် ရောက်နေပြီ။
ချင်းယန် စားသောက်ဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။ သူ တက်ကြွစွာ မစားပါက သူ့ဦးနှောက်တွင် တစ်ခုခု မှားယွင်းနေလို့သာ ဖြစ်သည်။
အရည်အချင်း ပြည့်မီသော စားသောက်သူအနေဖြင့် ချင်းယန်သည် များသောအားဖြင့် စားသောက်ဆိုင်သို့ ပထမဆုံး ရောက်လာသူ ဖြစ်သည်။
"ရှဟဲဆိုတဲ့ကောင်တော့ တစ်နေ့လုံး အလုပ်မလာဘူး ကြည့်ရတာ မနေ့ညက အရမ်းပျော်နေပုံပဲ..."
ချင်းယန်သည် နေ့ခင်းဘက် အလုပ်ပြီးဆုံးသည်အထိ ရှဟဲကို မတွေ့ရသေးပေ။
နောက်နေ့ မနက်မှာတော့ ရှဟဲ ပေါ်လာ၏။
"မင်း ဘာဖြစ်သွားတာလဲ တစ်ယောက်ယောက်က မင်းနောက်ကျောကို ဓားနဲ့ ထိုးလို့လား"
ချင်းယန်သည် ရှဟဲကို လှမ်းကြည့်ရင်း မမေးဘဲ မနေနိုင်တော့ပေ။ ဒီကောင် မနေ့ညက ပျားရည်ထောင်ချောက်ကို ထူထောင်ခဲ့တာ ဖြစ်နိုင်လား။
ရှဟဲပုံစံက မျှော်လင့်ချက်မဲ့နေသလိုပင်။
"အဲဒါကို မပြောပါတော့နဲ့ကွာ ငါကံမကောင်းဘူး"
ထို့နောက် ရှဟဲသည် ယခင်နေ့က အလုပ်ပျက်ရသည့် အကြောင်းရင်းကို ရှင်းပြလာ၏။ ရှဟဲ မနေ့ညက ပိုင်ကျင်းဟန့်ကို အမှန်တကယ် သွားရောက်လည်ပတ်ခဲ့ပြီး လှပသော အမျိုးသမီးငယ်တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။
သို့သော် သူကိုယ်တိုင်ပင် မပျော်နိုင်မီ ကြယ်ပွင့်ရဲဌာနက ရဲများ၏ ပြည့်တန်ဆာ ဖြိုခွင်းမှုပွဲကြီး ဖြစ်ပျက်သွားခဲ့သည်။ တစ်ညလုံး အချုပ်အနှောင်ခံရပြီးနောက် နောက်တစ်နေ့တွင် အဖေရှက ကြားဝင်ဆောင်ရွက်ပေးပြီး သူ့ကို အာမခံပေးခဲ့သည်။ အိမ်ပြန်ရောက်ပြီးနောက် အဖေရှသည် ဖခင်၏ မေတ္တာနက်နဲမှုကို ခံစားခွင့်ပေးခဲ့ပြန်သည်။
"ငါ့အဖေက အရမ်းရက်စက်တာပဲ... သူငါ့ကို သတ်လုနီးပါးပဲ"
ရှဟဲ ရှုံ့မဲ့ကာ သူ့မျက်နှာကို စိတ်ပျက်လက်ပျက် အမူအရာဖြင့် စိုက်ထူလိုက်သည်။
"အချစ်က ပိုနက်ရှိုင်းလေလေ ပိုတင်းကြပ်လေပဲတဲ့..."
ချင်းယန် သူ့ကို နှစ်သိမ့်ပေးနေပေမယ့် အတွင်းစိတ်က "ငါသာ မင်းအဖေဖြစ်ခဲ့ရင် ငါ မင်းကို ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်မိလိမ့်မယ်!" သု တွေးနေခဲ့သည်။
ရှဟဲနဲ့ အဖြစ်အပျက်ဟာ ချင်းယန်ရဲ့ စာကြည့်တိုက်မှာ ငုတ်တုတ်ထိုင်ခဲ့ရတဲ့ ဘဝရဲ့ အသေးအဖွဲ့ အပိုင်းတစ်ခုသာ ဖြစ်လေသည်။
ထို့နောက်တွင် ချင်းယန်၏ဘဝသည် ပုံမှန်အတိုင်း ငြိမ်းချမ်းသွားခဲ့ပြန်၏။ သူသည် အလုပ်တွင် စာဖတ်ခြင်း၊ အစာစားခြင်း နှင့် အလုပ်ဆင်းပြီးနောက် ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ခြင်းတွေသာ ပါဝင်သည်။
တက်ကြွခြင်းက မိမိကိုယ်ကို ဆုံးမခြင်း၏ ပုံစံတစ်ခုဖြစ်သည်။
…………
ထိုနေ့တွင် ချင်းယန်သည် သူ့ဧရိယာ ၁ တွင် စာဖတ်နေပြန်သည်။
သူ့လက်ထဲတွင် "ကြယ်သားရဲများအကြောင်း အပြည့်အစုံလမ်းညွှန်" စာအုပ်တစ်အုပ်ကို ကိုင်ထား၏။
လူသားများလိုပင် ကြယ်သားရဲများသည်လည်း သာမန်တိရစ္ဆာန်များမှ ပေါက်ဖွားလာကြသည်။ ၎င်းတို့သည် ကြယ်များ၏ စွမ်းအားကို စုပ်ယူကာ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ အချို့သော သွေးလိုင်းများကို အသက်ဝင်စေပြီး အသွင်ကူးပြောင်းမှုကို ခံယူကြသည်။ ထို့နောက် ထူးခြားသော စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ထားသည်။
ဤစွမ်းရည်များသည် ထူးထူးခြားခြား ဖြစ်ပြီး ခွန်အားမှာလည်း ကွဲပြားပါသည်။ အချို့မှာ လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီးကြောင်းကဲ့သို့သော သဘာဝလွန် စွမ်းအားများ ရှိကာ အနှီသားရဲမျိုးကတော့ ထူးချွန်သော ကြောက်မက်ဖွယ်ရာ ကြယ်သားရဲများဖြစ်သည်။
အချို့သော သားရဲများသည် ဉာဏ်ရည်မြင့်မားပြီး လူ့လောကတွင် ပုန်းလျှိုးကွယ်လျှိုး နေကာ လူသားအသွင်သို့ တိုက်ရိုက် ပြောင်းလဲနိုင်သည်။ လူသားများ အကြောက်ဆုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများနှင့် ကြမ်းတမ်းသော စိတ်ဓာတ်များ ကိုင်ဆောင်ထားသည့် အားကောင်းမောင်းသန် ကြယ်သားရဲများ ဖြစ်သည်။
ထိုကဲ့သို့ ကြယ်သားရဲများသည် လူ့လောကတွင် ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းတို့သည် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာစေလိမ့်မည်။
သားရဲဘုရင် သို့မဟုတ် သားရဲဧကရာဇ် အဆင့်ရှိ ကြယ်သားရဲများသည် တစ်ချိန်က အစွမ်းထက်သော မွေးရာပါ သို့မဟုတ် ကျွမ်းကျင်ပညာရှင်အဆင့်မှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါက လူသားတို့၏ ပစ်ခတ်နိုင်စွမ်းသည် ဤကြောက်စရာ ကောင်းသော သတ္တဝါများကို မသတ်နိုင်ပေ။
"ဟေး ဦးလေး ဘာဖြစ်တာလဲ?"
"ခင်ဗျား ဘာဖြစ်နေတာလဲ?"
"ပင့်ကူရှိတယ်... ပင့်ကူ..."
ဝုန်း!
"ချင်းယန်... လာကြည့်စမ်း!"
ချင်းယန်သည် သူ့စာအုပ်လောကတွင် နှစ်မြုပ်နေခိုက် ရှဟဲ၏ ထိတ်လန့်တုန်လှုပ်နေသော အသံက ဘေးအခန်းမှ ရုတ်တရက် ထွက်ပေါ်လာ၏။
ဒီကောင် ဘာဖြစ်နေတာလဲ။
ချင်းယန် မျက်မှောင်ကြုတ်ပြီး သူ့စာအုပ်ကိုချကာ ဧရိယာနှစ်သို့ အမြန်သွားလိုက်သည်။
"ဦးလေး အဆင်ပြေရဲ့လား"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မြေပြင်ပေါ်တွင် လဲလျောင်းနေတာ တွေ့လိုက်ရသည်။ ရှဟဲ သူ့ဘေးတွင် ထိုင်ကာ အံ့သြစွာ မေးမြန်းနေ၏။ ချင်းယန် အနီးသို့ ချဉ်းကပ်လာသောအခါ ထိုလူ၏မျက်နှာသည် ခရမ်းရောင်သန်းနေပြီး ပါးစပ်ထဲတွင် အမြှုပ်တွေဖြင့် ပွက်ပွက်ဆူနေပြီ။ ဒါ့အပြင် တစ်ကိုယ်လုံးကလည်း လှုပ်ယမ်းနေသည်ကို တွေ့လိုက်ရသည်။
သူ့မှာ ရောဂါရှိလား။
ဝက်ရူးပြန်ရောဂါလား?
"ပင့်ကူ...ပင့်ကူ..."
လူလတ်ပိုင်းအရွယ်က သတိမလစ်ခင်မှာ ခက်ခက်ခဲခဲနဲ့ စကားတွေ ပြောသွားခဲ့သည်။
ပင့်ကူလား?
ချင်းယန်လည်း အံ့အားသင့်သွားပြီး ထိုလူရဲ့လည်ပင်းကို စိုက်ကြည့်လိုက်သည်။ သူ့လည်ပင်းမှာ ခရမ်းရောင် နက်မှောင်တဲ့ ဧရိယာတစ်ခု ရှိနေကာ တော်တော်လေး ကြောက်ဖို့ကောင်းနေ၏။
အဆိပ်ရှိတဲ့ ပင့်ကူဆီက အကိုက်ခံလိုက်ရတာလား။
ဒီဦးလေး Spider-Man ဖြစ်သွားနိုင်လောက်လား။
"မင်းဘာလို့ အဲဒီမှာရပ်နေတာလဲ... လူနာတင်ကား သွားခေါ်!"
လူ့ဘဝသည် ကျိုးကြောင်းဆီလျော်သောကြောင့် အတွေးလွန်ရန် အချိန်မရှိပေ။ ချင်းယန်သည် အံ့အားသင့်နေသော ရှဟဲကို ကန်ထုတ်ပြီးနောက် စာကြည့်တိုက် လုံခြုံရေးကို အကြောင်းကြားခဲ့သည်။
ခဏအကြာတွင် လူနာတင်ယာဉ် ရောက်လာပြီး ကံဆိုးသော ဦးလေးအား ဆေးရုံသို့ ပို့ဆောင်လိုက်ကြသည်။ ယင်းနောက် လုံခြုံရေးအစောင့် အများအပြားသည် ဧရိယာ ၂ သို့ အသေးစိတ် မေးမြန်းရန် ရောက်လာခဲ့ကြသည်။
"မသိဘူး... သူက စာအုပ်တစ်အုပ် ဖတ်နေတယ် ဖတ်နေတုန်းတော့ အကောင်းပဲ.. ဒါပေမယ့် ရုတ်တရက် ပါးစပ်ထဲကနေ အမြှုပ်တွေ ထွက်လာတာပဲ.... ကျနော်တောင် လန့်ပြီး သေတော့မလို့..."
ရှဟဲသည် လုံခြုံရေးအစောင့်ကို သူ့မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်နေသော အကြည့်ဖြင့် ရှင်းပြနေသည်။
"စောင့်ကြည့်ကင်မရာတွေ မရှိဘူးလား"
ချင်းယန် ကြားဖြတ် ဝင်မေးလိုက်သည်။
လုံခြုံရေးတပ်မှူး၏ မျက်နှာသည်လည်း ညှိုးငယ်သွားသည်- "သူထိုင်နေတဲ့ နေရာက စောင့်ကြည့်ကင်မရာ မဖမ်းမိတဲ့ နေရာမှာ"
ဒီအဖြစ်အပျက်က စာကြည့်တိုက်နဲ့ ဘာမှ မဆိုင်ဘူးလို့ပဲ ဆုတောင်းနေရတော့မည်။ မဟုတ်ရင် စာကြည့်တိုက်ခေါင်းဆောင်က သူ့ကို အပြစ်တင်ပြီး လုံခြုံရေးမှူးအဖြစ် ရာထူးအချခံရလိမ့်မည်။
"ချင်းယန်... အဲဒီဦးလေး သေတော့မှာလား"
ရှဟဲမှာ ထိုဦးလေး၏ ရုတ်တရတ် အဖြစ်အပျက်ကြောင့် အတော်လေး ထိတ်လန့်သွားခဲ့သည်။ ဒီအဖြစ်အပျက်ဟာ သူ့ရဲ့ဧရိယာထဲမှာ ဖြစ်ခဲ့တာ။ တစ်ခုခုမှားသွားရင် သူတာဝန်ယူခံရပြီး စာကြည့်တိုက်ကနေ ထုတ်ပစ်ခံရတာတောင် ဖြစ်နိုင်သည်။
ချင်းယန်: "မင်းကငါ့ကို မေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ သူက မင်းဧရိယာထဲမှာ ဒုက္ခရောက်သွားတာ..."
ချင်းယန် သူ့မျက်လုံးများကို ခေတ္တ မှိတ်ထားလိုက်ပြီး စာကြည့်တိုက်ခေါင်မိုးကို ဖြတ်ကာ သူ့အကြည့်တွေကို ရွှေ့လိုက်သည်။
ပင့်ကူလား?
ဦးလေးများ အမြင်တွေဘာတွေ မှားခဲ့တာလား ဒါမှမဟုတ် တကယ် ပင့်ကူ အကိုက်ခံခဲ့ရတာလား။