← Chapters

တကယ်ကြီး ဒီပင့်ကူလေးက သားရဲဧကရာဇ်လား

Vol. 1 Ch. 6

တကယ်ကြီး ဒီပင့်ကူလေးက သားရဲဧကရာဇ်လား

Vol. 1 Ch. 6

နောက်တစ်နေ့၌။

ချင်းယန် စာကြည့်တိုက်ကို ရောက်ပြီး မကြာခင်မှာပဲ မန်နေဂျာ ကျန်းထောင်သည် ပထမထပ်က ဝန်ထမ်းအားလုံးကို တွေ့ဆုံဖို့ ခေါ်ခဲ့သည်။ တွေ့ဆုံရတဲ့ အကြောင်းရင်းမှာ ထုံးစံအတိုင်း မနေ့ကတည်းက ကံဆိုးခဲ့သော ဦးလေးကြောင့်ပင်။

ချင်းယန်သည်လည်း ကံဆိုးသော ဦးလေး၏ အခြေအနေအကြောင်းကို လေ့လာခဲ့သည်။

သတင်းကောင်းကတော့ ဦးလေးဟာ အသက်ရှင်နေသေးတယ်လို့ ဆိုပါ၏။ သတင်းဆိုးကတော့ သူသည် အပင်ပေါက်နေသည့် အခြေအနေတွင် ရှိနေပြီ။ ဆေးရုံက သူ့ကို ပြင်းထန်တဲ့ အဆိပ်သင့်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့သည်။

ကံဆိုးသောဦးလေးသည် အဆိပ်ရှိသော အင်းဆက်အချို့ အကိုက်ခံရကြောင်း ဆေးရုံမှ အတည်ပြုခဲ့သည်။ ဤပိုးကောင်၏ အဆိပ်သည် အလွန်ပြင်းထန်သဖြင့် ဦးလေးသာ မကျင့်ကြံခဲ့ဖူးရင် သေသွားလောက်၏။

လက်ရှိအခြေအနေအရတော့ ကံဆိုးတဲ့ဦးလေးဟာ စာကြည့်တိုက်မှာ စာဖတ်နေရင်း အင်းဆက် အကိုက်ခံရတာ ဖြစ်နိုင်လေသည်။ ဒီသတင်းကြားတော့ လူတိုင်းက အရမ်းစိတ်မကောင်း ဖြစ်သွားကြသည်။

စာကြည့်တိုက်မှာ အဆိပ်ရှိတဲ့ အင်းဆက်များ ဝှက်ထားတာလား။ မတော်တဆ အကိုက်ခံရရင် အဲဒီကံဆိုးတဲ့ ဦးလေးလိုပဲ အဆုံးသတ်ရမှာ မဟုတ်ဘူးလား။

အတွေးကြောင့် ချင်းယန်၏ မျက်နှာပင် မည်းမှောင်သွားသည်။

စာကြည့်တိုက်မှာ အလုပ်လုပ်ရတာ ဘာကြောင့်ကြိုက်တာလဲ ဆိုရင်တော့ ငြိမ်းချမ်းပြီး ဖိစီးမှုကင်းသောကြောင့်သာ ဖြစ်သည်။ ယခုမူ စာကြည့်တိုက်မှာ အလုပ်လုပ်ရတာက အသက်အန္တရာယ် ရှိတယ်လို့ အမှန်တကယ် ခံစားရကြောင်း ၎င်းတို့က သူ့ကို ပြောပြနေကြသည်။

ဒါက သူ့ကို အသက်ရှင်ဖို့ အခွင့်အလမ်းမရှိအောင် ပိတ်ဆို့ထားသလိုပင်။

အခုခေတ်မှာ တစ်နေရာရာမှာ လှဲအိပ်ပြီး ဘာမှမလုပ်ဘဲ နေဖို့ မဖြစ်နိုင်ဘူးလား။

ခဏအကြာ အစည်းအဝေး ပြီးသွားတော့ မန်နေဂျာက ဒီကိစ္စနဲ့ ပတ်သက်ပြီး အားလုံးကို တာဝန်ပေးလိုက်သည်။ တာဝန်ကတော့ စေ့စေ့စပ်စပ် သန့်ရှင်းရေး လုပ်ရမည်။

အဆိပ်ရှိသော အင်းဆက်များကို ဖယ်ရှားရမည်။

ကံဆိုးသော ဦးလေး၏ အဆိပ်သင့်မှုသည် စာကြည့်တိုက်အပေါ် သိသာထင်ရှားသော အပျက်သဘောဆောင်သည့် သက်ရောက်မှု ရှိခဲ့တာ ထင်ရှားပါသည်။ ဒါကြောင့် အထက်လူကြီးများက တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ခဲ့သည်- ဤပြဿနာကို အမြန်ဖြေရှင်းရပေမည်။

ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်ရချေ။

"ချင်းယန်... ငါ့နဖူးမှာ အမည်းကွက်ကြီး ရှိမရှိ ကြည့်ပေးပါဦး"

အစည်းအဝေးအပြီးတွင် ရှဟဲမှ မေးမြန်းလာခဲ့သည်။

"?"

ချင်းယန် သူ့ကို စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်သည်။ ရှဟဲ သနားခံချင်နေဟန်ဖြင့် ပြောလာသည်။

"မနေ့ညက ထပ်အရိုက်ခံရတယ်ကွာ...."

ကံမကောင်းသော ဦးလေးနှင့် အဖြစ်အပျက်သည် ရှဟဲ၏ ဧရိယာနှစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တာကြောင့် စီမံခန့်ခွဲသူ တစ်ဦးအနေဖြင့် တာဝန်မှ မလွတ်ကင်းနိုင်ပေ။ စာကြည့်တိုက်က ပြဿနာကို ဖြေရှင်းပေးပေမယ့် တာဝန်ရှိတဲ့သူတွေကိုတော့ တာဝန်ခိုင်းမှာပဲ ဖြစ်သည်။

ဒီလိုပြောရရင် ရှဟဲရဲ့အဖေက တကယ်အရည်အချင်း ရှိတယ်ဆိုတာ ငြင်းလို့မရချေ။ ချင်းယန်ရဲ့ ဧရိယာတစ်မှာသာ အဖြစ်အပျက်မျိုးဖြစ်ခဲ့ရင် အဆက်အသွယ်ကင်းမဲ့တဲ့ သူ့နောက်ခံနဲ့ဆို အခုအချိန်မှာ စာကြည့်တိုက်ကနေ ထုတ်ပယ်ခံရတာမျိုးတောင် ဖြစ်သွားနိုင်ပါ၏။

သို့သော် ရှဟဲကတော့ မည်သည့် ပြစ်ဒဏ်မှ မပါဘဲ ဘေးကင်းစွာ အလုပ်ပြန်လုပ်နိုင်ခဲ့သည်။ ဤမြင်ကွင်းနောက်ကွယ်ဟာ ဖခင်၏ သြဇာလွှမ်းမိုးမှုဖြစ်ကြောင်း ထင်ရှားပေသည်။

သို့သော်လည်း ရှဟဲ လုံးဝ အပြစ်အားလုံးကို မယူခဲ့ရပေ။ သူ့ရဲ့ စိတ်ပျက်အားငယ်မှုကို ကြည့်လိုက်ရင် မနေ့က သူ့အဖေရဲ့ ချစ်ခြင်းမေတ္တာရဲ့ နှစ်သိမ့်မှုကိုပဲ မြည်းစမ်းခဲ့ရတယ်ဆိုတာ ထင်ရှားပါ၏။

"အကောင်းဘက်က တွေးရရင် မင်း နည်းနည်းနာသွားလို့ ဝမ်းသာရမှာဘဲ"

ချင်းယန်က သူ့ကို ဖြေသိမ့်ပေးဖို့လည်း မကူညီနိုင်ခဲ့ပါဘူး။

"အိုး..."

ရှဟဲ ခဏမျှ အံ့အားသင့်သွားပြီး ခေါင်းညိတ် သဘောတူလိုက်သည်။

"ချင်းယန် မင်းပြောတာမှန်တယ်... ငါ အကိုက်ခံလိုက်ရတာကမှ ကောင်းဦးမယ် "

ထိုကံဆိုးသော ဦးလေး၏ ကံကြမ္မာကို တွေးတောရင်း ရှဟဲ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။

"ငါသာ အကိုက်ခံရရင် ပိုင်ကျင်းဟန့် နဲ့ တခြားမိန်းကလေးတွေ စီးပွားရေးတွေ အများကြီး ဆုံးရှုံးကုန်မှာ မဟုတ်ဘူးလား... သူတို့က အရမ်းသနားစရာကောင်းတယ်ကွ! ငါ့ခန္ဓာကိုယ်ကို အသုံးတည့်အောင် ကူညီပေးရမယ်"

ချင်းယန် : "..."

မင်းက တော်တော် ကောင်းတဲ့လူပဲ။ မင်း ကျောက်ကပ်မကွဲမချင်း ငါစက်ဝိုင်းဆွဲပြီး ကျိန်ဆဲပေးမယ်!

ချင်းယန် လှည့်ထွက်သွားပြီး ထိုလူမိုက်ကို မနှောက်ယှက်ချင်တော့ပေ။

"ဟေ့ ချင်းယန် မင်း ဘယ်သွားမလို့လဲ"

ချင်းယန် သူ့သွားတွေကို ကြိတ်လိုက်သည်။

"ငါ ဘာလုပ်ရမှာလဲ? သန့်ရှင်းရေးလုပ်မလို့!"

ရှဟဲ သေခြင်းတရားကို ကြောက်သော်လည်း ချင်းယန်ကတော့ သူ့အသက်ကို ပို၍ပင်မြတ်နိုးသည်။ ဤတစ်ကြိမ်တွင် သူသည် စာကြည့်တိုက်ထဲတွင် ပုန်းအောင်းနေသော "အဆိပ်ရှိသော အင်းဆက်" ကို ရှာဖွေရန် ဆုံးဖြတ်ချက် ချခဲ့သည်။

သူသည် မွေးရာပါနယ်ပယ် ခြေလှမ်းတစ်ဝက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဤအဆိပ်ရှိသော အင်းဆက်သည် သူ့အား ခြိမ်းခြောက်မှုများစွာ မပြုလုပ်နိုင်ပေ။ ဒါပေမယ့် ကြောက်နေတာထက် လုံခြုံအောင် လုပ်ထားဖို့က ပိုအရေးကြီးသည်။

ချင်းယန် ဤအမည်မသိ အဆိပ်ရှိသော အင်းဆက်ကို အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် ကြိုးစားဖို့ စဥ်းစားထားသည်။

ခဏအကြာတွင် ချင်းယန်နဲ့ ရှဟဲတို့သည် ဘဏ္ဍာစိုးထံမှ ပိုးသတ်ဆေး၊ ဆေးပုံးနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကို လက်ခံရရှိပြီး သက်ဆိုင်ရာ တာဝန်ရှိနေရာများသို့ ပြန်လာခဲ့ကြသည်။

ဤအဓိက သန့်ရှင်းရေးသည် အဆိပ်ရှိသော အင်းဆက်များ ခိုအောင်းနေသော နေရာကို အထူးပစ်မှတ်ထားရသောကြောင့် ၎င်းသည် သဘာဝအတိုင်း ရိုးရှင်းသော သန့်ရှင်းရေးအလုပ် မဖြစ်နေပေ။ အရေးကြီးဆုံးက ပိုးမွှားတွေနဲ့ ပုရွက်ဆိတ်တွေကို သတ်ပစ်ဖို့ပါပဲ။

များသောအားဖြင့် ရမ်းကားတတ်တဲ့ ရှဟဲတောင် ဒီတစ်ခါတော့ သူ့လုံခြုံရေးအတွက် လက်ထဲမှာ ပိုးသတ်ဆေးဖြင့် ဧရိယာနှစ်ကို သေသေချာချာ အလေးအနက်ထား သန့်ရှင်းနေခဲ့သည်။

အဆိပ်ရှိသော ပိုးမွှားများကို မထိခိုက်စေတာမျိုး မဖြစ်အောင်ပါ ထောင့်တိုင်းကို သေသေချာချာ သန့်ရှင်းအောင် ကြိုးစားလုပ်နေခဲ့သည်။

ချင်းယန်ကလည်း လျှို့ဝှက်စာအုပ်တိုင်းကို လှန်ကြည့်ကာ စာအုပ်စင်၏ အထင်ရှားဆုံးထောင့်များကို ပိုးသတ်ဆေးဖြင့်ပင် ဖြန်းပစ်လိုက်သည်။

"ဟူး... ပင်ပန်းလို့ သေတော့မယ်!"

ပြီးသည်နှင့် ရှဟဲသည် သက်ပြင်းချကာ ထိုင်ခုံပေါ် ခြေပစ်လက်ပစ် ပြန်လှဲချလိုက်သည်။ ထို့နောက် သူက ချင်းယန်ကို စီးကရက်တစ်လိပ် လှမ်းပေးလိုက်သည်။ ချင်းယန် ယူလိုက်ပြီး နှစ်ယောက်သား ဆေးလိပ်ဖွာကြသည်။

တံမြက်လှည်းနေစဉ် အတွင်း ချင်းယန်သည် အရာအားလုံးကို သေသေချာချာ စစ်ဆေးခဲ့ပြီး နောက်ဆုံးတွင် ကိုးချက်ပါသော ပေါင်းစပ်မှု၏ စွမ်းဆောင်မှုကိုတောင် ရရှိခဲ့သည်။ သို့သော် အံ့ဩစရာမှာ သူနဲ့ ရှဟဲ ဘယ်နေရာမှာမှ ဘာပင့်ကူကိုမှ မတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

မနေ့က ကံဆိုးသူဦးလေး ပြောခဲ့တဲ့ ပင့်ကူတွေအကြောင်း တွေးရင်း ချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။

သူကြားတာများ မှားနေတာလား။

ပင့်ကူက ဘယ်မှာလဲ။

"Ding! သားရဲဧကရာဇ်ရဲ့ တည်ရှိမှုကို ရှာတွေ့ထားပါတယ်.... host ကျေးဇူးပြုပြီး ပြေးပါ..."

"သတိပေးချက် သတိပေးချက်!"

"host ပြေးပါ!"

ချင်းယန် သံသယတွေ များနေချိန်မှာပဲ စနစ်သတိပေးချက်တစ်ခု သူ့စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့လက်က ကြောက်ရွံ့တုန်လှုပ်စွာ တစ်ချက် တုန်သွားပြီးမှ ဖြစ်ပျက်နေသည်ကို သိလိုက်သောအခါတွင် သူ့အမူအရာသည် ရုတ်တရက် ပြန်ငြိမ်သွားလေသည်။

ဒီမှာပဲ ထပ်လာပြန်ပြီ။

ဒီစနစ်ဆိုးကြီးက ရူးသွားပြန်ပြီလား မသိ။

ကြိုတင် သတိပေးထားလို့ မရဘူးလား။ အနှေးနဲ့အမြန်ဆိုသလို မင်းကြောင့်နဲ့ကို သေသွားလိမ့်မည်။

ရှဟဲ ချင်းယန်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

"မင်းဘာဖြစ်နေတာလဲ?"

ချင်းယန် ခေါင်းယမ်းသော်လည်း ရုတ်တရက် သူ့အနောက်ခေါင်မိုးပေါ်ကို စိုက်ကြည့်လိုက်သည်။ ခရမ်းရောင် အရုပ်သေးသေးလေးသည် အိမ်ခေါင်မိုးပေါ်သို့ လျင်မြန်စွာ ပျံတက်သွားသည်။

ပင့်ကူ!

ခရမ်းရောင် ပင့်ကူ!

"သတိပေးချက်! သတိပေးချက်!"

"ကြယ်သားရဲ.. သားရဲဧကရာဇ် ခရမ်းရောင် ဝိညာဥ်ပင့်ကူသားရဲ ချဉ်းကပ်လာနေတာ တွေ့လိုက်ရပါတယ်... host ကျေးဇူးပြုပြီး ချက်ချင်း ပြေးပါ... မဟုတ်ရင် သေရလိမ့်မယ်!"

"host ချက်ချင်း ပြေးပါ!"

"ချက်ချင်းပြေး!

"ဒီနေရာက ချက်ချင်းထွက်ပြေး!"

ချင်းယန် ခရမ်းရောင်ပင့်ကူကို တွေ့လိုက်သည့်အခိုက်တွင် စနစ်အသံက ထပ်၍မြည်လာသည်။ သူ့လေသံသည် အလွန်စိုးရိမ်ထိတ်လန့်ကာ ကြောက်လန့်နေပုံရသည်။ ချင်းယန် ချက်ချင်း မထွက်ခွာရင် သူပါ ဆုံးပါးသွားလိမ့်မယ်လို့ ထင်နေသလိုပင်။

"ခရမ်းရောင် ဝိညာဥ်ပင့်ကူသားရဲ?"

"သားရဲဧကရာဇ်?"

စနစ်၏ အတန်ငယ်ရင်းနှီးသော နိဒါန်းကိုကြားသောအခါ ချင်းယန်သည် အရင်တစ်ခါက "မသေနိုင်သော ပိုးဟပ်" ကို ချက်ချင်း ပြန်သတိရသွားသည်။

သို့သော် ချင်းယန် လုံးဝမယုံခဲ့ပါ။

ဒီပင့်ကူလေးက သားရဲဧကရာဇ် ဖြစ်နိုင်ပါ့မလား။

မင်း ငါ့ကို လာနောက်နေတာလား?

အဲဒီခရမ်းရောင် ပင့်ကူလေးက တခြားပင့်ကူတွေနဲ့ အနည်းငယ် ကွဲပြားတာတော့ အမှန်ပဲ ဆိုပေမယ့် ကြောက်စရာကောင်းတဲ့ သားရဲဧကရာဇ်လို့ပြောရင် ချင်းယန် သေတောင် မယုံပါ။

သားရဲဧကရာဇ် ဆိုတာက ဂိုဏ်းဆရာနယ်ပယ်တွေတောင်မှ သူတို့ကို နှိုးဆွဝံ့မှာ မဟုတ်တဲ့ တည်ရှိမှုပင်။ အဲဒီလို သားရဲဧကရာဇ်က ဒီစာကြည့်တိုက် သေးသေးလေးမှာ ပုန်းနေနိုင်တယ်လို့ ပြောနေတာလား။

ရှင်းပါတယ်၊ စနစ်က ထပ်ပြီး ရူးသွပ်သွားပါပြီ။

ရုတ်တရက် ချင်းယန်၏ မျက်လုံးများရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

မျိုးစိတ်- ခရမ်းရောင်ဝိညာဥ် နတ်ဆိုးပင့်ကူ (ရှေးဟောင်းနတ်ဆိုးပင့်ကူ၏ သွေးလိုင်းပါရှိသည်)

အဆင့်- ဧကရာဇ်

မွေးရာပါ စွမ်းရည်များ- သေမင်းပင့်ကူ၊ ခရမ်းရောင်ဝိညာဥ်နယ်ပယ်

အင်္ဂါရပ်များ- ခရမ်းရောင်ဝိညာဉ် နတ်ဆိုးပင့်ကူသည် သဘာဝအတိုင်း ဉာဏ်ရည်ဉာဏ်သွေး ရှိပြီး လူ့ကိုယ်ခံပညာကို လေ့လာရခြင်းကို နှစ်သက်သည်။

ချင်းယန် သူ့ရှေ့မှ အလင်းရောင် ဖန်သားပြင်ကို စိုက်ကြည့်ကာ အံ့အားသင့်သွားသည်။

ဒီပင့်ကူလေးက တကယ်ပဲ သားရဲဧကရာဇ်လား?

All Chapters