ကိုယ်တိုင်ဖန်တီးတဲ့ ဓားသိုင်း၊ ဓားတစ်ချက်နဲ့ ကောင်းကင်တံခါးကို ဖွင့်မယ်
Vol. 1 Ch. 9
"လေညှင်းဓားကျင့်စဥ်၊ ကြယ်ခုနစ်ပွင့်ခြေလှမ်း၊ နေကြာအပ်ကိုးချောင်း... ဒါတွေ အားလုံးကို ငါ ပြီးပြည့်စုံမှုကာလအထိ လေ့ကျင့်ထားပြီးပြီ"
စာကြည့်တိုက်တွင် ချင်းယန်သည် မှိန်းနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ မွေးရာပါနယ်ပယ်ကို နောက်ဆုံး အောင်မြင်မှုအပြီး သုံးရက် ကြာခဲ့ပါပြီ။
သုံးရက်အတွင်းမှာပင် ချင်းယန်သည် သူသင်ယူခဲ့သည့် သိုင်းကျင့်စဥ် သုံးမျိုးလုံးကို လေ့ကျင့်ရန် အတွင်းစိတ်လောကကို အသုံးပြုခဲ့သည်။ ကိုယ်ခံပညာ လေ့ကျင့်မှုနယ်ပယ်များကို ဝင်ခွင့်အဆင့်၊ အသေးစားအောင်မြင်မှု၊ အဓိကအောင်မြင်မှုနှင့် ပြီးပြည့်စုံမှုဟူ၍ ခွဲခြားထားသည်။
ချင်းယန်က သိုင်းကျင့်စဥ် သုံးမျိုးစလုံးကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ထားပြီးပြီပဲ ဖြစ်သည်။
"ပထမအထပ်က အခြေခံ ကိုယ်ခံပညာတွေပဲ စုစည်းထားတာ နှမြောစရာပဲ..."
အခြေခံ ကိုယ်ခံပညာကို အားလုံးကို ပထမအထပ်တွင် စုစည်းထားကြောင်း လူသိများသည်။ ၎င်းတို့အထက်တွင်မူ မွေးရာပါနယ်ပယ် ကျင့်စဥ်နှင့် ဂိုဏ်းဆရာနယ်ပယ် အတွက် လျှို့ဝှက်ကျင့်စဥ်များ ဖြစ်သည်။
ချင်းယန်သည် ယခု မွေးရာပါ နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မွေးရာပါနယ်ပယ်အတ်က် ကျင့်စဥ်တစ်ခုမှပင် မကျွမ်းကျင်ခဲ့ပေ။
အကယ်၍ သူသာ တခြား မွေးရာပါနယ်ပယ်က သားရဲတွေကို တိုက်ခိုက်မမည် ဆိုပါက လွဲချော်နေမှာ သေချာပါသည်။ ကျန်းဟိုင်မြို့ရှိ အကြီးဆုံး စာကြည့်တိုက် အနေဖြင့် ကိုယ်ခံပညာ စာကြည့်တိုက်တွင် မွေးရာပါနယ်ပယ်အတွက် ကျင့်စဥ်များစွာ ပါဝင်ရမည်။
ဒါပေမယ့် သူ့ရဲ့ မွေးရာပါနယ်ပယ်ကို မဖော်ပြမချင်း သူ့ရဲ့ လက်ရှိအခြေအနေအရ အလွှာနှစ်ကို တက်ဖို့ အရည်အချင်း မပြည့်မီသေးပါဘူး။
"ခဏနေဦး...ငါ့မှာ ဝိညာဥ်ဉာဏ်အလင်းရတဲ့ အတွင်းစိတ်လောက နေရာရှိတယ်... ငါ့ရဲ့ မွေးရာပါနယ်ပယ် ကျင့်စဥ်ကို ဖန်တီးဖို့ ငါ့ဘာသာ ကြိုးစားကြည့်ရင်ရော?"
ချင်းယန်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့သည်။ မွေးရာပါနယ်ပယ် ကျင့်စဥ်လို့ ခေါ်တဲ့ အဘိုးကြီးတွေရဲ့ လျှို့ဝှက်နည်းစနစ်တွေကိုလည်း ကိုယ်ခံပညာ ကျွမ်းကျင်ပညာရှင်တွေက ဖန်တီးခဲ့ကြတာပင်။
သူများတွေ လုပ်နိုင်ရင် သူ့ဝိညာဥ်ဉာဏ်အလင်းနဲ့ မလုပ်နိုင်စရာ အကြောင်းမရှိပါ။ သို့သော် သိုင်းကျင့်စဥ်များသည် ယေဘုယျအားဖြင့် အလွန်ကြွယ်ဝသော ကိုယ်ခံပညာအခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသူများက ဖန်တီးထားကြတာ ဖြစ်သည်။
ချင်းယန်သည် ယခုအချိန်အထိ ကိုယ်ခံပညာသုံးမျိုးသာ ကျွမ်းကျင်ထားသဖြင့် အနည်းငယ် အားနည်းနေသေးပုံရသည်။
"အခြေခံအုတ်မြစ်က မခိုင်မာသေးရင် ငါ ဆက်လေ့လာလိုက်မယ်..."
ချင်းယန်မှာ သူလုပ်နိုင်မယ်လို့ ယုံကြည်နေသည်။ စာကြည့်တိုက်တွင် အခြေခံ ကိုယ်ခံပညာများစွာ ပါ၀င်ပြီး သူ၏ ကိုယ်ခံပညာ အခြေခံ အုတ်မြစ်ကို အလွန်မြင့်မားသော အဆင့်အထိ မြှင့်တင်ရန် လုံလောက်ပါသည်။
"အရင်ဆုံး ပန်းတိုင်လေးတစ်ခု ချမှတ်လိုက်ရအောင်... ငါ့ရဲ့ မွေးရာပါဓားသိုင်းကို ဖန်တီးရမယ်!"
ချင်းယန် သူ့ကိုယ်သူ အာရုံစူးစိုက်မှုရှိတဲ့လူလို့ ယူဆထားပါသည်။ မွေးရာပါ နယ်ပယ်ကို ရောက်ပြီးသည့်တိုင် သူသည် ဓားပညာကို နှစ်သက်နေဆဲ ဖြစ်သည်။ ဒါကြောင့် ချက်ချင်း မတ်တပ်ထရပ်ကာ စာအုပ်စင်ထဲမှ ဓားကျင့်စဥ်ကို စတင်ရွေးချယ်ခဲ့သည်။
"ဝိညာဉ်ထိုးထွင်းဓားသိုင်း!"
ချင်းယန် လက်စွဲစာအုပ်ကို ကောက်ယူပြီး အမြန်လှန်ကြည့်လိုက်သည်။ မွေးရာပါနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် ချင်းယန်၏ ဝိညာဉ်စွမ်းအားသည် အလွန်တိုးမြင့်လာပြီး ဉာဏ်အလင်းပေးသည့် အတွင်းစိတ်လောကနှင့်အတူ မြင်သမျှကို မှတ်သားနိုင်စွမ်း ရှိလာခဲ့သည်။
သူသည် လျှို့ဝှက်လက်စွဲစာအုပ်ကို ရိုးရှင်းစွာ လှန်ကြည့်လိုက်ပြီးတာနဲ့ ၎င်းထဲက အကြောင်းအရာ အားလုံးကို သူ့စိတ်ထဲမှာ နက်နက်နဲနဲ ရေးထွင်းထားပြီးပြီ။
"ဟေး မင်းမအိပ်တော့ဘူးလား... စာဖတ်နေပြန်ပြီလား..."
ချင်းယန် အာရုံစူးစိုက်နေတုန်း ရှဟဲ သူ့အနောက်မှာ ပေါ်လာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချင်းယန်သည် စွမ်းအင်များကို စုပ်ယူကာ အတွင်းစိတ်လောကထဲတွင် နှစ်မြှုပ်နေခဲ့၏။
ရှဟဲသည် ယခင်က ချင်းယန် သူ့လိုပဲ လဲလျောင်းနေပြီး နေ့တိုင်း ငိုက်နေသည်ကို တွေ့လိုက်ရလို့ စိတ်သက်သာရာ ရခဲ့သည်။ အခုတော့ တခြားလူတွေအားလုံး ပျင်းရိစွာ လဲလျောင်းနေပေမယ့် ချင်းယန်က အဲဒီမှာ ထိုင်နေတုန်းပင်။
ဒါက တကယ်ကို ဒေါသထွက်စရာ ကောင်းလေ၏။ ဒါပေမယ့် ချင်းယန်က စာပဲပြန်ဖတ်တာကို မြင်တော့ ရှဟဲ ရုတ်တရက် စိတ်မသက်မသာ ဖြစ်လာတော့သည်။
မင်း တိတ်ဆိတ်သွားပြန်လား ?
ဒီစာအုပ်စုတ်တွေက ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ? ငါတို့အားလုံး အသုံးမဝင်ပါဘူး၊ လှဲလျောင်းပြီး ဘာမှမလုပ်တာကမှ ပိုကောင်းသေး!
ချင်းယန်မှာ ရှဟဲရဲ့ အတွေးများကို အာရုံစိုက်ရန် အချိန်မရှိပေ။ ဝိညာဥ်ထိုးထွင်းဓားသိုင်းထဲက အကြောင်းအရာများကို ကျက်မှတ်ပြီးနောက် သူသည် သူ့ထိုင်ခုံသို့ ပြန်သွားကာ မျက်လုံးများကို မှိတ်ရင်း ဉာဏ်အလင်းရနိုင်သော အတွင်းစိတ်ထဲတွင် နှစ်မြှုပ်နေခဲ့သည်။
"အင်း ဒါပဲပေါ့.... အိပ်တော့"
ချင်းယန် သူ့အကြံဉာဏ်ကို လက်ခံသွားတာ မြင်တော့ ရှဟဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဧရိယာနှစ်သို့ ပြန်သွားကာ ကျေနပ်စွာ လှဲအိပ်သွားသည်။
ချင်းယန်၏ အမြင်တွင်မူ ကိုယ်ပိုင်သိုင်းပညာကို ဖန်တီးရန် အလွယ်ကူဆုံး နည်းလမ်းမှာ ဤအခြေခံကိုယ်ခံပညာကို မြှင့်တင်ရန်ဖြစ်ပြီး အညစ်အကြေးများကို ဖယ်ရှားကာ ချီအနှစ်သာရကို ပေါင်းစပ်ခြင်း ဖြစ်သည်။ ပြီးမှသာ သန့်စင်ထားသော မွေးရာပါ ကိုယ်ခံပညာကို ရရှိနိုင်သည်။
ဉာဏ်အလင်း အတွင်းစိတ်လောက၏ လွှမ်းမိုးမှုအောက်တွင် ချင်းယန်၏ နားလည်နိုင်စွမ်းသည် မယုံနိုင်စရာအဆင့်အထိတောင် ရောက်ရှိသွားခဲ့သည်။
ဝိညာဥ်ထိုးထွင်းဓားသိုင်းထဲက သိုင်းကွက် အကြောင်းအရာများ သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်နှင့်အမျှ ဤဓားပညာနှင့် ပတ်သက်သည့် ထိုးထွင်းသိမြင်မှု အမျိုးမျိုးတို့သည် အံ့သြဖွယ်ကောင်းသော အရေးအသားကဲ့သို့ သူ့စိတ်ထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။
သူသည် ဤအသိဥာဏ်များကို လောဘကြီးစွာ စုပ်ယူပစ်လိုက်ပြီး ဝိညာဥ်ထိုးထွင်းဓားသိုင်း ကျွမ်းကျင်မှုကလည်း လျင်မြန်စွာ တိုးတက်လာသည်။
တံခါးဖွင့်အဆင့်!
အသေးစားအောင်မြင်မှု!
အဓိကအောင်မြင်မှု!
ပြီးပြည့်စုံမှု!
တစ်ရက်တည်းမှာပင် ချင်းယန်သည် ဝိညာဥ်ထိုးထွင်းဓားသိုင်းကို ပြီးပြည့်စုံမှုကာလ အထိ ကျွမ်းကျင်သွားခဲ့သည်။ သို့သော် ဤအရာ တစ်ခုတည်းက သူ့ကို ကိုယ်ပိုင်ကျင့်စဥ်ကို ဖန်တီးစေဖို့ မလုံလောက်သေးချေ။
ချင်းယန်၏ တွေးခေါ်မှုမှာ သူသည် ဓားသိုင်းကို ဖန်တီးမည်ဆိုပါက မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော ဓားတစ်ချောင်းကို ဖန်တီးရမည် ဖြစ်သည်။ သူသည် စာကြည့်တိုက် ပထမအလွှာက ဓားသိုင်းများကို အလုံးစုံ ကျွမ်းကျင်စေရန် စီစဉ်ခဲ့ပြီး နောက်ဆုံး ပြင်ဆင်မှုများပါ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် နောက်ပိုင်းကာလများသည် ရှဟဲ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
သူသည် စာကြည့်တိုက်တွင် နေ့တိုင်း မှိန်းနေသော်လည်း တကယ်တမ်းတော့ ဓားသိုင်းပညာနှင့် ကိုယ်ခံပညာ အမျိုးမျိုးကို အတွင်းစိတ်လောကထဲ၌ နားလည် သဘောပေါက်နေခဲ့သည်။
ချင်းယန်သည် ဧရိယာတစ်နဲ့ ဧရိယာနှစ်က ဓားသိုင်း အားလုံးကို ကျွမ်းကျင်ရုံသာမက အခြားနေရာများအထိ သွားရောက် လည်ပတ်ရန်နှင့် ဓားကျင့်စဥ် အားလုံးကို အလွတ်ကျက်ရန် အကြောင်းပြချက်များ ရှာဖွေနေခဲ့သည်။
နှစ်ပတ်အတွင်း ချင်းယန်တစ်ယောက် အခြေခံဓားသိုင်း တစ်ဒါဇင်ကျော်လောက်အထိ ကျွမ်းကျင်ပြီး ၎င်းတို့အားလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည်။
ယခုတွင် သူသည် ဓားဆရာဘွဲ့နှင့် ထိုက်တန်သော အလွန်လေးနက်သည့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားပါပြီ။
ကျန်းဟိုင်မြို့ ဆင်ခြေဖုံးအရပ်၊ ညဉ့်နက်အချိန်၌။
"သိပ်မကွာတော့ဘူး..."
အခြေခံဓားသိုင်းများစွာကို ကျွမ်းကျင်လာပြီးနောက် ချင်းယန် နောက်ဆုံးတွင် ခေတ္တရပ်လိုက်သည်။ ထို့နောက် အတွင်းစိတ်လောကမှ ရရှိနိုင်သော ထူးကဲသော ဉာဏ်အလင်းကို အသုံးချဖို့ လိုအပ်သေးသည်။
သူသည် ဒါဇင် သို့မဟုတ် ထို့ထက်မကသော ဓားသိုင်းများနှင့် သိုင်းပညာများမှ အညစ်အကြေးများကို ဖယ်ရှားကာ ၎င်းတို့၏ အနှစ်သာရကို ထုတ်ယူရဦးမည်။ နောက်ဆုံးမှ ၎င်းတို့အား အစွမ်းထက်သော မွေးရာပါဓားသိုင်းတစ်ခုအဖြစ် ပေါင်းစပ်ရမှာပဲ ဖြစ်သည်။
မိမိကိုယ်တိုင် မွေးရာပါ ကိုယ်ခံပညာကို ဖန်တီးခြင်းသည် ပုံမှန်မဟုတ်သော ဖြစ်ရပ်များအား မလွဲမသွေ ဖြစ်စေမိလိမ့်မည်။ ထို့ကြောင့် သူသည် အနှောက်အယှက် မဖြစ်ရအောင် လူသူကင်းသော ရပ်ကွက်ကို ရွေးချယ်ခဲ့သည်။
သူ့ပတ်ဝန်းကျင်က တိတ်ဆိတ်တဲ့ ညမြင်ကွင်းကို ငေးကြည့်ရင်း ချင်းယန် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ ဒါဇင်နဲ့ချီတဲ့ ဓားသိုင်းပညာနဲ့ ကျင့်စဥ်တွေက သူ့စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ခဏအတွင်း တောက်ပလာ၏။
သူ့စိတ်သည် အလွန်အဆင့်မြင့်သော စက်တစ်လုံးကဲ့သို့ ခုန်ပေါ်နေသည်။ ဆက်လက် နားလည်လာသောအခါ သူ့ဆီမှ အလင်းရောင် ဖျော့ဖျော့တစ်ခု ထွက်လာပြီး ခြင်များစွာကို ဆွဲဆောင်မိသွားသည်။
သို့သော် ထိုခြင်အုပ်စုကြီး ချင်းယန်၏ ဆယ်မီတာအကွာအဝေးသို့ ရောက်လာသောအခါ ရုတ်တရက် လေပြင်းတစ်ချက်ကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲကာ လေထဲမှာပဲ ပျောက်ကွယ်သွားကုန်၏။
ဓားဆရာကြီးတစ်ပါးသာ ရှိလျှင် ချင်းယန် ဝန်းကျင်ရှိ မမြင်နိုင်သော ဓားအလင်းကို ဓားစွမ်းအင် နယ်ပယ်တစ်ခု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်လိမ့်မည်။
စူးရှရှ ဓားသွားသံကို လေထဲတွင် ကြားနေရသည်။
အရုဏ်တက်ချိန် သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်နှင့် သူ့အမြင်အာရုံထဲတွင် ဓားအလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။
"နောက်ဆုံးတော့ အောင်မြင်သွားပြီ!"
အတွေးတစ်ခုဖြင့်ပင် အတွင်းစိတ် ချီအနှစ်သာရများက လျင်မြန်စွာ မြင့်တက်လာသည်။ ထိုအနှစ်သာရမှ ပေါင်းစပ်ထားသော ဓားစွမ်းအင်တစ်ခု သူ့လက်ဖဝါးပေါ်မှာ ပေါ်ထွက်လာသည်။ ချီကို ဆက်လက် ဖြည့်သွင်းနေတာကြောင့် ဓားစွမ်းအင်ကလည်း ပိုရှည်လျားလာပြီး ဆယ်မီတာရှည်တဲ့ အလင်းဓားတစ်ချောင်း အဖြစ် ပြောင်းလဲသွားပါတော့သည်။
ဓားအလင်းမှ ဖြာထွက်နေသော စူးရှထက်မြက်သည့် စွမ်းအင်ကို ခံစားလိုက်ရသောအခါ ချင်းယန် သူ့ရှေ့မှ တောင်ဆီသို့ စူးစူးစိုက်စိုက် ကြည့်ရင်း စိတ်လှုပ်ရှားစွာ တောက်ပလာသည်။
"ဒီလှုပ်ရှားမှုကို ဓားတစ်ချောင်းက ကောင်းကင်တံခါးကို ဖွင့်လို့ နာမည်ပေးလိုက်မယ်!"
စကားဆုံးတာနဲ့ သူ့လက်ထဲက ဓားစွမ်းအင်ဟာ ရုတ်တရက် လွင့်ထွက်သွားပြီး မီတာတစ်ရာရှည်တဲ့ ဓားစွမ်းအင် ဓားသွားအဖြစ် ပြောင်းလဲကာ သူ့ရှေ့ရှိ တောင်ကို တိုက်ရိုက် ဖောက်ခွဲပစ်လိုက်တော့သည်။