← Chapters

ငါ့တပည့်ဖြစ်ချင်လား။ ငါ့ကိုအရင် ဦးညွတ်စမ်းပါ

Vol. 1 Ch. 11

ငါ့တပည့်ဖြစ်ချင်လား။ ငါ့ကိုအရင် ဦးညွတ်စမ်းပါ

Vol. 1 Ch. 11

နောက်တစ်နေ့ မိုးလင်းတဲ့အခါ ချင်းယန် အစောကြီးနိုးလာပြီး အလုပ်အတွက် စာကြည့်တိုက်ကို စိတ်အားထက်သန်စွာ ထွက်လာခဲ့သည်။

ဒီစာကြည့်တိုက်က အခု သူ့အတွက်တော့ ရတနာသိုက်လိုလိုပင်။ သူသည် အလုပ်သွားသည်၊ ငါးဖမ်းသည် သို့မဟုတ် လှဲလျောင်းရုံမျှဖြင့် သူ့စွမ်းရည်များကို တိုးတက်စေနိုင်သည်။ ဘဝကြီးကတော့ အရမ်းကို အဆင်ပြေနေခဲ့၏။

ဒီလိုကောင်းတဲ့ အလုပ်မျိုးကို ဘယ်မှာ သွားရှာရမလဲ။

ချင်းယန် စာကြည့်တိုက်အ၀င်ဝကို ရောက်တာနဲ့ သူ့ဖုန်းထဲက မက်ဆေ့ခ်ျတစ်ခု ဝင်လာတဲ့အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ၎င်းက အလုပ်အဖွဲ့ချုပ်မှ မက်ဆေ့ဂျ်ဖြစ်သည်။

[အားလုံး... အရေးပေါ် အစည်းအဝေးအတွက် အစည်းအဝေးခန်းသို့ အမြန်ဆုံး လာရောက်ပါ... စာကြည့်တိုက်မှူး လူကိုယ်တိုင် ရောက်လာတယ်]

စွဲမက်ဖွယ်ကောင်းသော သတင်းစကားကြောင့် ချင်းယန် လန့်သွားသည်။

စာကြည့်တိုက်မှူးက ဘာလို့ ဒီကို ရောက်လာတာလဲ?

သူ့စိတ်ထဲမှာတော့ စာကြည့်တိုက်မှူးက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တဲ့ ရုပ်သဏ္ဍာန်တစ်ခုသာ။ ယခု သူသည် လူကိုယ်တိုင် ဤနေရာတွင် ရှိနေသောကြောင့် သူတို့ကို ပြောပြရန် အရေးကြီးသော အရာတစ်ခု ရှိနေပေလိမ့်မည်။

ဒါကိုတွေးရင်း ချင်းယန် တွန့်ဆုတ်မနေတော့ချေ။ သူချက်ချင်း ထရပ်ပြီး စာကြည့်တိုက်ကြီးရဲ့ အစည်းအဝေးခန်းဆီ ပြေးသွားလိုက်သည်။

….

လူတစ်ရာဆံ့နိုင်သည့် ညီလာခံ ခန်းမကြီးထဲတွင် ဝန်ထမ်းအားလုံး စုရုံးနေတာကြောင့် လှုပ်ရှားမှုများဖြင့် စည်ကားနေပြီဖြစ်သည်။ ချင်းယန် တိတ်တဆိတ် ခေါင်းငုံ့ကာ ပုံမှန်အတိုင်း အခန်းထဲသို့ ဝင်ထိုင်ရန် မထင်မှတ်သော ထောင့်တစ်ခုကို ရှာလိုက်သည်။

ထိုင်ခုံယူပြီးနောက် စင်ပေါ်ကို မော့ကြည့်လိုက်သည်။

အံဝင်ခွင်ကျဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေ၏။ သူ့ရောငိဝါက အနည်းငယ် အေးခဲပေမယ့် နူးညံ့သိမ်မွေ့ပြီး ပညာရှိလေများ ဖြာထွက်နေကာ လှုပ်ရှားမှုတိုင်းက ချောမောပြေပြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ့ထံမှ ထိန်းမနိုင်သိမ်းမရသော ကြယ်စွမ်းအားများ ထွက်ပေါ်လာသည်။

"ဒါက..."

ချင်းယန်သည် စင်မြင့်ပေါ်မှ စာကြည့်တိုက်မှူးကို စိုက်ကြည့်ရင်း သူ့စိတ်ထဲတွင် အံ့သြမှု အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ တစ်ဖက်သားက သူ့ခွန်အားကို ဘယ်လောက်ကောင်းကောင်း ဖုံးကွယ်ထားပါစေ သူ့စီရင်ချက်အောက်နေ မလွတ်ကင်းပါဘူး။

စာကြည့်တိုက်မှူးက တကယ့် မွေးရာပါနယ်ပယ်က သခင်ပဲ!

ဒါပေမယ့် ဒုတိယအကြိမ် တွေးကြည့်တော့ ဒါက အံ့သြစရာတော့ မဟုတ်နေပေ။ ကျန်းဟိုင်မြို့က စာကြည့်တိုက်ကြီးကဲ့သို့ နေရာမျိုးတွင် မရေမတွက်နိုင်သော လက်စွဲစာအုပ်များ ထားရှိရကာ သဘာဝအတိုင်း ခိုင်မာသော သခင်တစ်ပါး တည်ရှိနေရန် လိုအပ်ပါသည်။

ဝန်ထမ်းတွေအားလုံး ရောက်လာပြီးနောက် စင်မြင့်ပေါ်ရှိ စာကြည့်တိုက်မှူးသည် ညာလက်သီးကို နှုတ်ခမ်းရှေ့ ထားကာ ငြိမ့်ညောင်းစွာ ချောင်းဆိုးလိုက်သည်။

"အားလုံးပဲ ငြိမ်ငြိမ်နေကြပါ..."

ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ အသံက မကျယ်သော်လည်း အားလုံး ထိုအသံကို သေသေချာချာ ကြားလိုက်ရတာကြောင့် အခန်းထဲရှိလူအားလုံး တိတ်ဆိတ်သွားကြသည်။

ငြိမ်သက်နေသော လေထုကို ကြည့်ပြီး စာကြည့်တိုက်မှူးလည်း ကျေနပ်သွားကာ။

"ကောင်းတယ် အားလုံးငြိမ်ငြိမ်နေပါ... ဒီနေ့ မင်းတို့ရဲ့ အချိန်တွေ အများကြီး ယူဖို့ မရည်ရွယ်ပါဘူး... မင်းတို့ကို အကြံလေး နည်းနည်း ပေးချင်တာပါ..."

"အခုလောလောဆယ် စာကြည့်တိုက်ထဲ ဝင်လာတဲ့သူတွေကို လေးလေးစားစား ဆက်ဆံပါ... သူတို့ကို လျစ်လျူမရှုပါနဲ့ အထူးသဖြင့် မင်းတို့ မတွေ့ဖူးသေးတဲ့ သက်ကြီးရွယ်အို သူစိမ်းတွေကို အထူးသတိထားပြီး နည်းနည်းလေးမှ ဝန်ဆောင်မှု မလျှော့ပါစေနဲ့..."

ကျန်တဲ့ သူ့ရဲ့ညွှန်ကြားချက်တွေက ဝန်ထမ်းတွေရဲ့ သဘောထားနဲ့ ပတ်သက်တာတွေ များပါသည်။ အစည်းအဝေးခန်းထဲမှာ လူတိုင်းက ခေါင်းတညိတ်ညိတ်ဖြင့် သူ့ရဲ့ ညွှန်ကြားချက်တွေကို ဂရုတစိုက် နားထောင်နေကြသည်။

အသေးစိတ် အချက်တစ်ချက်မျှပင် လွဲချော်သွားမှာ ကြောက်နေကြ၏။ လူတိုင်း မျက်နှာမှာ တင်းမာပြီး ပြင်းထန်လှသော ရန်သူကို ရင်ဆိုင်ရသကဲ့သို့ လေးနက်နေသည်။

လူတိုင်းကို ဒီလိုမြင်ရတော့ သူ့ထိုင်ခုံတွင် ထိုင်နေသော ချင်းယန် ချက်ချင်းပင် အံ့ဩသွားသည်။

ဘာတွေဖြစ်နေတာလဲ?

ဒီနေ့ လူတိုင်းက ဘာလို့ ဒီလောက် လေးနက်နေကြတာလဲ?

အထက်မှ တစ်စုံတစ်ယောက် လာရောက်စစ်ဆေးဖို့ ရှိလို့လား။

ချင်းယန်၏ အတွေးများ လွင့်မျောနေသကဲ့သို့ နံနက်ခင်းတွေ့ဆုံမှုက လျှပ်တစ်ပြက်အတွင်း ပြီးဆုံးသွားသည်။

"ကောင်းပြီ... အားလုံးပဲ ပြောစရာရှိတာ အကုန်ပြောပြပြီးပြီ... ဒီလိုခက်ခဲတဲ့ အချိန်တွေမှာ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"

စာကြည့်တိုက်မှူးက တက်ရောက်လာသူ အားလုံးကို တစ်ချက်ကြည့်လိုက်ပြီး။ "ကျေးဇူးပြုပြီး သက်ဆိုင်တဲ့ နေရာတွေကို ပြန်ပြီး ငါ့ရဲ့ ညွှန်ကြားချက်တွေ အတိုင်း လိုက်နာကြဖို့ မျှော်လင့်ပါတယ်"

စာကြည့်တိုက်မှူးရဲ့ အမိန့်ကြောင့် အားလုံး မတ်တပ်ထရပ်ပြီး အစည်းအဝေးခန်းထဲက ထွက်သွားကြသည်။ ချင်းယန်လည်း သူ့ထုံးစံအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ သူတို့နောက်က လိုက်သွားလိုက်သည်။

သို့သော် စင်မြင့်အောက်က ဖြတ်သွားလိုက်ရင်ပဲ စာကြည့်တိုက်မှူးသည် ပလက်ဖောင်းပေါ်၌ ရပ်ကာ မျက်ခုံးပင့်တင်လိုက်သည်။ ချင်းယန်ရဲ့ နောက်ကျောကို စိုက်ကြည့်ရင်း ခဏလောက် ထိတ်လန့်သွားမိသည်။

အကြောင်းတစ်ခုခုကြောင့် ချင်းယန်ထံမှ ထူးခြားသော အသွင်အပြင်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထင်ယောင်ထင်မှားလားပင် မသိ။ အနီးနားရှိ ဘဏ္ဍာစိုးက အခြေအနေကို သတိထားမိသဖြင့် အမြန်ရောက်လာသည်။

"စာကြည့်တိုက်မှူး... ဒီလူငယ်မှာ တစ်ခုခု အဆင်မပြေဘူးလား"

"မဟုတ်ဘူး... ငါ နည်းနည်း ထူးဆန်းနေသလို ခံစားရလို့... သူဘယ်တုန်းက ရောက်နေတာလဲ ဘာလို့ သူ့ကို မမှတ်မိတာလဲ"

"ဘာမှ အထင်ကြီးစရာ မရှိပါဘူး သူက ဒီမှာ အသစ်ပါ... အလုပ်ဝင်တာ လအနည်းငယ်ပဲ ရှိသေးတယ် သူ့ရဲ့ အစမ်းကာလတောင် မပြီးသေးဘူး"

ဘဏ္ဍာစိုးက မျက်မှောင်ကြုတ်ပြီး ခဏလောက်စဉ်းစားနေကာ။

"သူက သိပ်အရည်အချင်း မပြည့်မီဘူး... သူ့အတွက် ထူးထူးခြားခြား ဘာမှမရှိပါဘူး"

"ဟုတ်လား..."

ဒါကိုကြားတော့ စာကြည့်တိုက်မှူးက ခေါင်းညိတ်ပြကာ စိတ်ထဲမှာ အစွဲအလမ်း မထားနေတော့ပေ။ သူက ရိုးရိုးရှင်းရှင်းပဲ “ဒီလူငယ်က တော်တော်ချောတယ်” လို့ ချီးကျူးလိုက်သည်။

နောက်ဆုံးတွင်တော့ ဤကမ္ဘာကြီးသည် ခွန်အားကို တန်ဖိုးထားကာ အသက်မွေးဝမ်းကျောင်း ပြုရသည်။ ရုပ်ရည်ကို အားကိုး၍မရပေ။

ခွန်အားကိုတော့ အမဲလိုက်နိုင်သော ကြယ်သားရဲအရေအတွက်ဖြင့် တိုင်းတာထားဆဲဖြစ်သည်။

………..

ထို့နောက် အစည်းအဝေးခန်းမှ ထွက်လာခဲ့သည်။

ချင်းယန်လည်း သူ့နောက်က အကြည့်တွေ ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက် ချလိုက်၏။ စာကြည့်တိုက်မှူး သူ့ကို ခုနက စိုက်ကြည့်နေတဲ့ အကြည့်ကို ခံစားမိပါသည်။

သို့သော် မွေးရာပါနယ်ပယ်၏ ကာကွယ်မှုဖြင့် သူသည် သူ့အစွမ်းသတ္တိကို ဖုံးကွယ်ထားနိုင်သောကြောင့် သိပ်စိုးရိမ်မနေပါ။ ချင်းယန် မမျှော်လင့်ထားတဲ့အရာက စာကြည့်တိုက်မှူးရဲ့ ထိုးထွင်းသိမြင်မှုက အံ့သြစရာကောင်းလောက်အောင် ထက်မြက်နေတာပင်။ ချင်းယန်သည် ဖြတ်သန်းလာတဲ့ ဆုံတွေ့မှုကနေ တစ်ခုခုလွဲနေပြီလို့ သဘောပေါက်လိုက်သည်။

"ဒီကမ္ဘာက အရမ်းအန္တရာယ် များနေသေးတယ်... ငါ အခုကစပြီး ပိုနှိမ့်ချပြီး နေရမယ်"

ဒါကိုတွေးပြီး ချင်းယန်က အလုပ်စလုပ်ရန် ပြင်ဆင်ရင်း စာကြည့်တိုက်ဆီသို့ အမြန်သွားခဲ့သည်။

မမျှော်လင့်ဘဲ ဒီအချိန်မှာ သူ့နောက်ကနေ ရင်းနှီးတဲ့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ငါ့ကိုစောင့်ပါဦ ချင်းအိုကြီး!"

ချင်းယန် လှည့်ကြည့်လိုက်တော့ အသိမိတ်ဆွေဟောင်း တစ်ယောက်ကို တွေ့လိုက်ရသည်။

ရှဟဲ: "ဘာတွေတွေးနေတာလဲ ကောင်လေး... မင်းက အရမ်းမြန်မြန်ကြီး ပြေးနေတာများ အစည်းအဝေးခန်းက ထွက်တော့ မင်းကို လှမ်းခေါ်ဖို့ လုပ်တာတောင် လိုက်မမီဘူး..."

ရှဟဲ ချင်းယန်နံဘေးသို့ တဟုန်ထိုး တိုးဝင်လာသည်။

"ငါက အလုပ်သွားဖို့ အလျင်လိုနေပြီလို့ ပြောရင် မင်း ယုံလား"

ချင်းယန် ပြုံးပြီး ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။

"လုပ်စမ်းပါ... မင်းက နေ့တိုင်း ခပ်မိုက်မိုက်ပဲဟာ... ဧကန္တ မင်း အဲဒီဓားဆရာဆီ ပြေးဖို့ မျှော်လင့်နေတာလား"

ရှဟဲက မျက်လုံးပြူးပြီး ပြော၏။

"မင်း တိုးတက်ဖို့ စိတ်အားထက်သန်လွန်းလိုက်တာကွာ!"

"ဘယ်က ဓားဆရာလဲ"

ဒါကိုကြားတော့ ချင်းယန် အေးခဲသွားပြီး။

"မင်းဘာတွေ ပြောနေတာလဲ"

"မင်း မင်းရဲ့ဘော်ဒါကို ဘာတွေ လာဟန်ဆောင်နေတာလဲ... ငါ မင်းကို ပိုင်ကျင်းဟန့်ကို သွားခိုင်းတော့ မင်းကငြင်းတယ်... အခု မင်းအရမ်းကြီး လေးလေးနက်နက် ဖြစ်နေတဲ့ တစ်ခုခုကို မသိသေးဘူးလား... ဒီမနက်ရဲ့ ခေတ်စားနေတဲ့ ရှာဖွေမှုတွေက ဒီအကြောင်းပဲကွ!"

စကားပြောနေစဉ် ရှဟဲ သူ့ဖုန်းကို ထုတ်လိုက်ပြီး ချင်းယန်ဆီ လင့်ခ်အနည်းငယ်ကို တိတ်တဆိတ် ပေးပို့လိုက်သည်။ လင့်ခ်ထဲ၌ ထိပ်တန်း ရေပန်းစားသော ရှာဖွေမှု စာမျက်နှာတွင် ကျိုးကြေနေသော တောင်ကြီးတစ်ပုံကို ထင်ရှားစွာ ပြသထားလေ၏။

အကျွမ်းတဝင်ရှိသော မြင်ကွင်းကြောင့် ချင်းယန် တိတ်တဆိတ် အံ့သြသွားသည်။

ဒါ မနေ့ညက ငါဖြတ်ခဲ့တဲ့ တောင်မဟုတ်ဘူးလား။

တကယ်ကြီး ရေပန်းစားနေတာလား။

ချင်းယန်မျက်နှာပေါ်က အံ့အားသင့်စရာကို မြင်လိုက်ရသော အမူအရာကြောင့် ရှဟဲက သူ ထိတ်လန့်သွားသည်ဟု ထင်ကာ စိတ်ချလက်ချ ရှင်းပြလာသည်။

"သားလေး... မနေ့ညက လူတစ်ယောက် ဆင်ခြေဖုံးရပ်ကွက်က တောင်တစ်တောင်ကို ဓားနဲ့ ခုတ်ဖြတ်လိုက်တာ... လူတိုင်းက အဲ့ဓားဆရာ ဘယ်ဓားသွားအဆင့် ရောက်နေပြီလဲလို့ ခန့်မှန်းရင်း အံ့ဩတုန်လှုပ်နေကြတာ... သတင်းက ပြန့်နေပြီ... စာကြည့်တိုက်မှူးက အဲဒီပညာရှင်ကို စော်ကားမှာစိုးလို့ အစည်းအဝေးခေါ်တာကွ!"

သူ စကားပြောနေစဉ်တွင် စိတ်ခံစားမှုနှင့် သက်ပြင်းချလိုက်သေးသည်။

"ငါသာ သူ့တပည့်ဖြစ်လာနိုင်မယ် ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ... ဒီဓားချက်ကြီးက မိုက်လွန်းတယ်ကွာ!"

သူ့လေသံက မနာလိုစိတ်များ မွှန်ထူနေသည်။

ဒါကိုကြားတော့ ချင်းယန်ရဲ့မျက်နှာက တောက်ပလာပြီး ကျီစယ်ဟန် ပြောလိုက်သည်။

"သူ့တပည့်ဖြစ်ချင်လို့လား? ငါ့ကို အရင်ဦးညွှတ်စမ်းပါ..."

All Chapters